Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ကြက်ဆူဒုက္ခ ကူညီကြပါ

ကျွန်တော်တို့ လမ်းထဲမှာ လမ်းနံလေး မြောင်းဘောင်တစ်လျှောက် ကြက်ဆူပင်တွေ စိပ်နေအောင်စိုက်ထားပါတယ်။ နွေနွေမိုးဆောင်း ဘယ်လိုပင်ပြောင်းပြောင်း အပင်တွေကတော့ သုံးရာသီစလုံး သန်မာလှတယ်။ ကျွန်တော်တို့ရပ်ကွက်လေးဟာ တိုက်တာသိပ်မရှိတဲ့ ဆင်းရဲသားရပ်ကွက်လေးပါ။ ကြက်ဆူပင်တွေကြားထဲမှာ မြက်တွေတောထနေတယ်။ ရေမြောင်းက ရေမပြတ်စီးဆင်းနေတော့ အပင်တွေသန်တယ်။ ခြင်တွေတရုန်းရုန်း၊ ခြင်ဘယ်လောက်ပေါသလဲဆိုရင် ခြင်ကိုမရိုက်နိုင်ဘူး။ သပ်ချနေရတယ်။ ကျွန်တော်သိထားသလောက် လူကိုကိုက်တာ ခြင်အမပါ။ ခြင်အထီးက လူသွေးမစုပ်၊ သစ်ရည်ပဲစုပ်တယ်လို့သိထားပါတယ်။ ဒါပေမယ့် ခြင်အထီးရှိတဲ့နေရာမှာ ခြင်အမလည်း ရှိပြီပေါ့။ ကျွန်တော် သေသေချာချာသိတာကတော့ အဲဒီခြုံတွေ မြက်တွေကြောင့် ခြင်တွေဒီလောက်အောင်းနေတာပါပဲ။ ရပ်ကွက်ထဲက ကလေးတွေ ညနေခင်း ဆော့ကစားလည်း ခြင်ကိုက်၊ နားနားနေနေလည်း နေမရအောင်ခြင်ကနှိပ်စက်၊ နေ့လည်ဘက် ကလေးတွေ အိုးပုပ်တမ်းဆော့ကြရင် ကျွန်တော်က ဘေးနားမှာခြင်ခတ်ပေးနေရတယ်။ သမီးကိုခြင်ကိုက်မှာ စိတ်အရမ်းပူလို့ပါ။ တစ်လတစ်ခါလောက် အလုပ်သမားခေါ်ပြီး တစ်လမ်းလုံးကို မြက်ရှင်းရတာလည်း ကျွန်တော်ပါပဲ။

ပြဿနာအစစ်က အဲဒီကြက်ဆူပင်တွေ။ ကြက်ဆူရွက်ဆိုတာ ဆိတ်တောင်မစားဘူး။ ဆိတ်က တခြားစိမ်းစိမ်းလန်းလန်း ဘာအရွက်မဆိုဝါးတယ်။ ကြက်ဆူရွက်နဲ့ ပိန်းရွက်ကိုတော့ လုံးဝမစားပါ။ ဘာတစ်ခုမှ သုံးလို့မရတဲ့ အဲဒီကြက်ဆူပင်တွေကို နှုတ်ခွင့်မရှိဘူးတဲ့။ ကြက်ဆူတစ်ပင်ခုတ်ရင် ထောင်သုံးလတဲ့။ ဘာကြောင့်များလဲ။ ဒါကြောင့် ကျွန်တော့်မှာ ကြက်ဆူတွေကြားထဲက မြက်ကို ခက်ခက်ခဲခဲ ရှင်းထုတ်ရတယ်။ တစ်ခါက ကျွန်တော် အဲဒီကြက်ဆူပင်တွေသေအောင်ဆိုပြီး မြက်သတ်သလိုနဲ့ ပေါင်းသတ်ဆေးကို ခပ်တည်တည်ဖြန်းဖူးတယ်။ ကြက်ဆူပင် လုံးဝမသေဘူး။ မြက်တွေကတော့ အရွက်တွေဝါပြီး ပြောင်သွားတယ်။ မိုးရွာတော့ ပြန်ပေါက်လာတယ်။

အခုလည်း စိတ်ညစ်လှပါပြီ။ ကြက်ဆူပင်တွေ ဘယ်လိုရှင်းရမလဲစဉ်းစားရုံရှိသေး၊ အခုလာမယ့်မိုးတွင်းမှာ စက္ကူပန်းပင်ထပ်စိုက်ကြဦးမှာတဲ့။ ဒါဆို လူတွေကကော၊ လူတွေက ဘယ်နားသွားနေရမလဲ။ ခြုံတွေရယ် ခြင်တွေရယ်။ စားမရသောက်မရတဲ့ ခြုံပင်တွေက အရေးကြီးလား။ လူ့ကျန်းမာရေးက အရေးကြီးလား။ မြို့ပေါ်မှာ ကလေးတွေ သွေးလွန်တုပ်ကွေး ဒီလောက်ဖြစ်နေတာ။ တန်ဖိုးကြီးတဲ့ သစ်ပင်ကြီးတွေကျတော့ ခုတ်ချပစ်ပြီး ဘာမှ တန်ကြေးမရှိတဲ့ ခြုံပင်ကျတော့ စိုက်တယ်။ အင်း … ကျွန်တော်လည်း တိုင်းပြည်အတွက် လုပ်မဟဲ့ဆိုပြီး မောင်းတင်နေတယ်။ တကယ်တမ်းမှာ သောက်သုံးကမကျတော့ အဲဒီခြုံပုတ်ကလေးကိုတောင် မရှင်းနိုင်သေးဘူး။

ကျွန်တော်က အဲဒီကြက်ဆူပင်တွေကို သူ့ဟာသူသေတဲ့အနေနဲ့ ခြောက်သွေ့ညှိုးနွမ်းသွားအောင် လုပ်ချင်တယ်။ ဘယ်လိုလုပ်ရမလဲ။ ဘာဆေးဝါးတွေ သုံးရမလဲ။ ပေါင်းသတ်ဆေးကတော့ သုံးမရတာ သေချာသွားပြီ။ အပင်သေတဲ့ ဆေးနည်းလေးများ သိရင်ကူညီကြပါလို့ တောင်းခံပါတယ်။

11 comments

  • nigimi77

    April 4, 2011 at 7:16 pm

    ကြက်ဆူဆီက DNA ဖျောက်ဖျက်တဲ့ နေရာမှာ သုံးတယ်လို ့ထင်တယ်။ ဟုတ်မဟုတ်တော့ ဆရာ ဆရာမကြီးများ
    ကပြောပါလိမ့်မယ်။ အဲဒီ အပင်တွေကို ဂွေးသင်းလိုက် (ဝါ) အက်ဆစ် တစ်ပုလင်းလောက် ဝယ်ပြီး ပက်ကြည့်ဗျာ။

  • မိုက်ကယ်ဂျော်နီအောင်ပု

    April 4, 2011 at 7:52 pm

    ဘယ်ကောင်ကပြောသလဲ
    ကြက်ဆူပင်ကိုမခုတ်ရဘူးလို ့
    အဲ့သည်ကောင်ကို ဝူးတူးဝါးတားသွားမလုပ်နဲ ့ လူကောင်မသိစေနဲ ့
    လစ်တာနဲ ့လေးဂွနဲ ့ချ
    ကိုယ့်ရပ်ကွက်ထဲက ဝူးတူးဝါးတားလုပ်တဲ့ကောင်ကို
    လေးဂွနဲ ့ချဘို ့လောက်တောင် အဖြစ်မရှိရင်
    ဒီမှာလာအော်နေလို ့ထူးမည်းမထင်
    မယုံလျှင်စမ်းကြည့်ပါ
    အောင်မြင်မည်
    ( လူကိုကိုက်တာ ခြင်အမများလို ့ဆိုပါသည်( စာအုပ်သဘော)
    ထိုခြင်အမများသည် ခြင်ထီးများကို ရှောင်ရှားသည်ဟု စာအုပ်များကဆိုပါသည်
    ထို ့ကြောင့် ချင်ထီးတို ့၏ အော်သံဖြစ်သော
    ဖရီကွမ်စီသံများကို ထုပ်လွှတ်ပေးသော
    တရုပ်ပြည်လုပ် ခြင်ထီးဖရီကွမ်စီအသံထုပ်လုပ်သည့် စက်ကရိယာများကို
    တင်သွင်း အသုံးပြုသင့်သည်ဟု အကြံပေးအပ်ပါသည်
    မှတ်ချက်။ ။ ထို ဖရီကွမ်စီ ခြင်ထီးအသံလွှင့်ကိရိယာများသည် လျှပ်စစ်မီးဖြင့်သာ
    …….တိန်..တိန်…တိန်….

  • လင်းဝေကျော်

    April 5, 2011 at 3:09 am

    ရှုပ်နေရင်တော့ ခုတ်ပစ်လိုက်ပေါ့။ လူလစ်တုန်းလေး။
    နောက်….. သွားပြောပါ။ ခင်ဗျားတို့မဲဆန္ဒနယ်က အမတ်ကို။
    ဒါတွေ ဒီလိုဖြစ်နေတယ်။ လုပ်ပေးပါလို့။ ( ဒီအကျင့်ကို မွေးမြူပေးရမယ်။ သွားပြောလို့ ဘာမှ မကုန်ဘူးလေ )
    ရပ်ကွက်ကော မြို့နယ်ကော ဒီအတိုင်းဆက်သွားပြောပေး။
    ငြိမ်ခံနေ ငုံ့ခံနေရင် တရားမျှတမှုကို မရှာဖွေတဲ့သဘောပဲ။

  • moegyothwar

    April 5, 2011 at 4:07 am

    ကြက်ဆူကြောင့်စိတ်ညစ်ရတာတော်တော်များနေပြီ။ မစားရမသောက်ရဒီအပင်တွေကို ခုတ်ချင်နေတာ လက်ယားနေတာကြာပြီ။ အရင်အပတ်ကတော့ အနားမှာရှိတဲ့အုန်းပင်က အလက်တွေခုတ်ချခိုင်းလိုက်တာ… အောက်မှာရှိတဲ့ကြက်ဆူတောပေါ်ကြကုန်ရော…. အုန်းလက်တွေပိပြီးအပင်တွေ ပျက်ကုန်တယ်လေ….. အခုအထိအုန်းလက်တွေဒီအတိုင်းထားထားတယ်…. မသိမ်းသေးဘူး

  • ogre

    April 5, 2011 at 11:09 am

    အက်စစ်/ငရဲမီး/ကြွေကြေးချွတ်ဆေးတစ်ခုခုကိုဆေးထိုးအပ်နဲ့စုတ်ပြီး
    ပင်စီခြေရင်းနာမှာထိုးထည့်ပေးလိုက်ပါ

  • ဆူး

    April 5, 2011 at 2:10 pm

    အပင် အရင်းနားကို မသိမသာ အပေါက် ဖောက်ပြီး ဆားသိပ်ထားလိုက်.. ဆားရဲ့ သဘာဝက အရည်ထွက်တဲ့ သဘောရှိတယ်.. အပင်ငယ်လေးတွေ ဆားရည် စိမ်မိရင် အပင်ထဲက အရည်တွေ ထွက်ပြီး သေတယ်တဲ့.. အပင်အလုံးကို မသိမသာ ဖောက်ပြီး ဆားသိပ်လိုက်ရင် အပင်ထဲက အရည်တွေ ထွက်ပြီး ပုတ်ရိပြီး သေလိမ့်မည်ဟု ယူဆပါသည်။

  • shweminthar

    April 5, 2011 at 2:22 pm

    သူငယ်ချင်း အခု ကြက်ဆူတွေ ဈေးတက်နေတယ်နော်

  • အပင်တွေရေကြည့်တော့ ၁၀ဝကျော်နေတယ်။ ဒါကြောင့် ဆူးပြောတဲ့နည်းနဲ့လုပ်ဖို့ သိပ်မလွယ်ဘူး။ ဘီလူးကြီးပြောသလို ဆေးထိုးအပ်နဲ့ ကြွေချေးချွတ်ဆေး သုံးကြည့်မယ်ဗျာ။ သေချာစောင့်ကြည့်ြ့ပီး အကြောင်းပြန်ပါမယ်။ နောက်လူတွေလည်း လုပ်နိုင်အောင်။

  • etone

    April 6, 2011 at 5:30 am

    ရေနွေးလောင်းကြည့်ပါလား … ။ ညောင်ပင်တောင် ရေနွေးလောင်းရင် သေတယ်တဲ့ … ။ ကြက်ဆူပင်က ဒုက္ခပေးတယ် … စားရင် အဆိပ်ရှိတယ်ကြားဖူးတယ် … ။

  • rocky

    April 6, 2011 at 5:57 am

    ကြက်ဆူသီးအမှည့်ရဲ့ အထဲကအစေ့ကလေး၁ဝ စေ့လောက်စားဖူးတယ်။အထက်လန်အောက်လျှောဖြစ်ပြီးဆေးရုံတင်လိုက်ရတယ်။(ကိုယ်တွေ့နော် ကိုယ်တွေ့)

  • naywoonni

    April 6, 2011 at 1:39 pm

    ကြက်ဆူဆီက ဝမ်းနှုတ်ဆေးမှာသုံးတယ်ဆိုလား

Leave a Reply