ကိုယ့်ရဲ့ဝတ်စားဆင်ယင်ပုံတွေက ကိုယ့်ရဲ ့စိတ်ကိုပြောင်းလဲစေပါသလား

moonpoemApril 8, 20111min1558

တကယ်လို့ သာ သင့်ကို လူတစ်ယောက်က အဲဒီမေးခွန်းမေးခဲ့မယ်ဆိုရင် သင်ဘယ်လိုဖြေမှာလဲ။
ကျွန်မကိုသာ ဖြေခိုင်းခဲ့မယ်ဆိုရင်တော့ ဟုတ်တယ်လို့ပဲ ဖြေမိမယ်ထင်ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ကျွန်မတို့တွေဟာ နေ့တစ်ဓူဝ ဝတ်စားဆင်ယင်ကြတဲ့အခါ ပွဲလမ်းသဘင်၊
အချိန်အခါကိုမူတည်ပြီး သင့်တော်ရာ ဝတ်ဆင်ကြရပါတယ်။ သင်ဟာ မြန်မာ့ရိုးရာတိုက်ပုံ၊ပုဆိုး
မိန်းကလေးဆိုရင် ချိတ်ထဘီရင်ဖုံး ဝတ်ဆင်ထားတဲ့အချိ်န်ဆိုရင် သင့်စိတ်ဟာ ယဉ်ကျေးနေပြီးတော့
သေချာတာတစ်ခုကတော့ သိမ်သိမ်မွေ ့မွေ ့လမ်းလျှောက်မိနေပါလိမ့်မယ်။ ဂျင်းဘောင်းဘီရှည်စပို့ရှပ်
ကိုဝတ်ဆင်ပြီးနေတဲ့လူတစ်ယောက်ရဲ ့စိတ်ဆိုရင်လည်း နူးညံ့သိမ်မွေ ့တယ်မှုမျိုးထက်လွတ်လပ်
ပေါ့ပါးမှုက ပိုများပါလိမ်မယ်။ တကယ်လို့များ ညဝတ်အင်္ကျ ီဝတ်ထားခဲ့မယ်ဆိုရင် ပီဘိကလေးတစ်ယောက်သဖွယ်
ခံစားမှုတွေ ရှိနေပါလိမ့်မယ်။

ကျွန်မတစ်နေ ့လိုင်းကားစီးတော့ ကောင်မလေးတစ်ယောက်တက်လာပါတယ်။
စကတ်တိုဝတ်ထားပြီး ခြေထောက်တင်တဲ့ခုံမှာ ခြေထောက်လေးတင်ထားတဲ့အချိန် သူ့စကတ်လေးက
အင်း ပြောရမယ်ဆိုရင်တော့ ကျွန်မမျက်လုံးထဲမှာတော့ ခိုးလိုးခုလုပါပဲ။ သူ့ကိုကြည့်ရတဲ့အခါ
စိတ်မလုံခြုံမှုကိုခံစားနေရတယ်လို့ ထင်ပါတယ်။ တကယ်တော့ ဘယ်လောက်ပဲ ခေတ်မီပါတယ်ပြောပြော
လှချင်ပါတယ်ပဲ ဆိုဆို ကိုယ့်စိတ်ကို ကသိကအောက်ဖြစ်စေတယ်ဆိုရင့် ရင်ဟိုက်အကျင်္ ီ စကတ်တို ဝတ်တာတွေကို
ရှောင်ကျဉ်သင့်တယ်လို့ ထင်ပါတယ်။

အထက်ပါ အကြောင်းအရာ တွေက ကျွန်မကိုယ်တိုင်ရဲ ့ခံစားမှုတွေနဲ ့နှိုင်းယှဉ်ပြီး ပြောပြတာပါ။
သူငယ်ချင်းတို ့အတွက်ရော ဘယ်လိုအဝတ်အစားတွေက သူငယ်ချင်းတို ့စိတ်ကို တင်းကျပ်စေပါသလဲ။
အဝတ်အစားပေါ် မူတည်ပြီး စိတ်ခံစားမှုတွေ ပြောင်းလဲတတ်ကြပါသလား။

8 comments

  • လင်းဝေကျော်

    April 8, 2011 at 9:33 am

    လူရဲ့စိတ်ရင့်ကျက်မှု အတိုင်းအတာပေါ်မူတည်လို့
    အဝတ်အစားကို စိတ်ကို လွှမ်းမိုးနိုင်မှု ပြောင်းလဲစေမှုက ရှိပါတယ်။

    ကလက်သော အဝတ်အစားကတော့ မရင့်ကျက်သူ များ ဝတ်ကြတာများတော့…

  • intro

    April 8, 2011 at 9:41 am

    ကိုယ့်ရဲ့ဝတ်စားဆင်ယင်ပုံတွေက ကိုယ့်ရဲ ့စိတ်ကိုပြောင်းလဲစေပါသလား ဆိုတဲ့ မေးခွန်းအတွက် ကျွန်တော့်ရဲ့ အဖြေကတော့ ‘Yes’ လို့ပဲ ဖြေရမှာပါ။ အဝတ်အစားက လူ့ရဲ့စိတ်ကို ပြောင်းလဲစေနိုင်ပါတယ်… ကျွန်တော်ဆိုရင် အိမ်မှာနေရင်ရော၊ အပြင်ထွက်ရင်ပါ ကိုယ့်ရဲ့ Appearance ကို အရမ်း ဂရုစိုက်ပါတယ်… အဲလိုမှ မဟုတ်ပဲ အချိန်မရလို့ ရေမချိုးလိုက်ရတာတို့၊ ကိုယ်ဝတ်တဲ့ ဘောင်းဘီက စတိုင်မကျဘူးလို့ ထင်မိတဲ့ အခါမျိုးတွေမှာ ဆိုရင် ကျွန်တော်ထင်ပါတယ်… confidence က နည်းနည်း လျော့သွားသလိုပါပဲ… ကိစ္စရှိလို့အပြင်သွားတာတို့၊ ချစ်သူ မိန်းကလေးနဲ့ သွားတွေ့တဲ့အခါ မျိုးတွေမှာဆိုရင် ပိုပြီး ဂရုစိုက်ဖြစ်ပါတယ်… အဝတ်အစားက အဓိကလား၊ လူက အဓိကလား ဆိုပြီး မေးလာရင်တော့ ကျွန်တော့်အတွက် နှစ်ခုလုံးက အဓိက ကျပါတယ်… ကျွန်တော် အမြင်ကတော့ အဝတ်အစားဝတ်တာဟာ သူ့ရဲ့လူမှုဘဝ Lifestyle ရဲ့ တစ်စိတ်တစ်ဒေသ ဖြစ်တယ်လို့ ခံယူထားလို့ပါပဲ… ဒါကြောင့် တစ်ချို့ လူမှုအဖွဲ့အစည်းတွေမှာဆိုရင် တူညီဝတ်စုံတွေကို ဝတ်ဆင်စေခြင်းဖြစ်ပါတယ်… ဒီလိုတူညီဝတ်စုံကို ဝတ်ဆင်စေခြင်းအားဖြင့် အဲ့သည့်အဖွဲ့အစည်းရဲ့ အဆင့်အတန်းကို ပိုပြီးတောက်ပစေသလို ဝန်ထမ်းအချင်းချင်းလဲ ညီညွတ်တဲ့စိတ်ထားရှိအောင်၊ အလှအပပြိုင်ဆိုင်လိုစိတ်နည်းအောင်၊ တစ်သွေးတည်းတစ်သားတည်း စိတ်ထားရှိလာအောင် တဖက်တလမ်းက ကူညီပေးတယ်လို့ ခံစားမိပါတယ်… လူငယ်တွေကိုတော့ အထူးအထွေ ညွှန်းနေစရာ မလိုပါဘူး၊ ဘာလို့လဲ ဆိုတော့ အများစုက သူတို့နဲ့ လိုက်ဖက်တဲ့ အဝတ်အစားတွေကို ရွေးချယ် တတ်ကြလို့ပဲ ဖြစ်ပါတယ်…

  • pisikway

    April 8, 2011 at 10:18 am

    အဝတ်အစားက စိတ်ကို တော်တော်လေးတော့လွှမ်းမိုးပါတယ်။ ကျမက တခါတလေတော့ Hot Shot (သရုပ်ပျက်မဟုတ်) ဝတ်တတ်ပါတယ်။ အများအားဖြင့်တော့ မြန်မာဆန်ဆန်ဝတ်တာပါ။ Hot Shot ဝတ်တဲ့အချိန်နဲ့ မြန်မာဆန်ဆန် ဝတ်တဲ့အချိန် လူတွေရဲ့အကြည့်ကတော်တော်ကွာခြားပါတယ်။ မြန်မာဆန်ဆန်ဝတ်ထားရင်တော့ကိုယ့်ဟာကိုယ်ပိုပြီးလုံခြုံသလိုခံစားရပါတယ်။

  • shweminthar

    April 8, 2011 at 2:07 pm

    ကျနော်သဘောကတော့
    စိတ်ခံစားမှုအပေါ်မှာဘဲ အဝတ်အစားက ပြောင်းမှာပါ။
    အဝတ်အစားအပေါ်မူတည်ပြီး စိတ်ခံစားချက်မပြောင်းနိုင်ပါဘူး။
    ဘာလို့လဲဆိုတော့ အဝတ်အစားကို မိမိစိတ်ကြိုက်ရွေးထားလို့ပါ။

  • sayargyi

    April 8, 2011 at 3:50 pm

    အသက်အရွှယ်ကြောင့် မဝတ်သင့်မှန်းသိပေမယ့် တခါတလေတော့လဲ ရာသီဥတုကပူလွန်းလို့ ဘောင်းဘီတိုဒူးကျ ဝတ်ရတယ်ဗျာ…မတတ်နှိင်ဘူး…

  • nigimi77

    April 8, 2011 at 6:32 pm

    အင်း…..မြန်မာဆန်ဆန်။

    အဲလို ဝတ်ကျရရင်ဖြင့် …ဘယ်ခေတ်ကာလရဲ ့ မြန်မာ ဆန်ဆန်ကိုဝတ်ရင် ကောင်းမလဲ…။

    ဟိုခေတ် ဟိုအခါက မြန်မာ ယောကျာင်္းများ ပေါင် မှာ ထိုးကွင်း မှင်ကြောင်(မင်ကြောင် ??) နဲ ့ နားတောင်းနဲ ့။

    မြန်မာ ယောကျာင်္းဆိုရင် ဒီလိုမှ …လို ့ ဆိုခဲ့ သလားပဲ…။

    ဝတ်တော့ အပေါ်ဗလာ…..။ နန်းတွင်းသား မဟုတ်တာကြောင့်ပဲလား နန်းတွင်း ကျေးကျွန်တွေက ဒီလို ဝတ်

    သလားပဲ….။ ပေါင် နှစ်လုံးကြား ခါးတောင်းမြှောင်အောင် ကျိုက်ပေါ့…။

    ဒီနေရာမှာ Royal Family နဲ ့ သက်ဆိုင်တာတွေကို ဘေးမဲ့ ပေးထားကြရအောင်….။

    အရပ်သား ကိစ္စဆိုတော့ မြန်မာ အရပ်သားရဲ ့ ဝတ်စား ဆင်ယင်မှု ကိုပေါ့…..။

    အဲဒီခေတ်က အဲဒီလိုမှ မြန်မာဆန်ပေမဲ့ အဲဒီခေတ်က အဲဒီမြန်မာဆန်မှုကို တမ်းတတဲ့ အဲဒီ မြန်မာ တချို ့က…။

    ကျုပ်ရဲ ့ နား နှစ်ဖက်မှာ အရွယ်ညီမျှတဲ့ အပေါက် ထောင့်ဖြတ် အကျယ်အဝန်း ၁၅ မီလီမီတာ တိတိရှိတဲ့

    နားပေါက်မှာ ဆင်ယင်ထားတဲ့ ၂ဝ မီလီမီတာ နားတောင်းကြီးတွေရယ်….တကိုယ်လုံးမှာ မျက်နှာပဲ လွတ်တဲ့

    ထိုးကွင်းမှင်ကြောင် တွေရယ်…….။

    သူတို ့ ဘာပြောကြမယ် ထင်လဲ ???

    မြန်မာဆန်ပါ…….တဲ့……။

    အတော့်ကို အသက်ကြီးကြီး အဖွားကြီး တစ်ယောက်နဲ ့တော့ တွေ ့ဖူးပါရဲ ့။

    မင်း က အရင် ခေတ်က မြန်မာယောကျာင်္းတွေကို အားကျလို ့လားတဲ့…..။

    ဒါက မြန်မာ ယောကျာင်္းတွေ အတွက် Version……။

  • Shwe Tike Soe

    April 9, 2011 at 2:45 am

    အဝတ်အစားက စိတ်ကို တင်းကျပ်၊လွတ်လပ်စေတယ်ဆိုတာတော့မှန်ပါတယ်..
    ကျွန်တော်ကတော့ ဂျင်းဘောင်းဘီနဲ.တီရှပ် ကိုအရမ်းကြိုက်တယ် မိန်းကလေးရော ယောင်္ကျားလေးရော ဝတ်လို.ရတယ်ဗျ. မိန်းကလေးတွေလဲ ခေတ်နဲ.အညီ ဝတ်စားဆင်ယဉ်တာ အပြစ်တော့မဆိုချင်ပါဘူး. ဒါပေမယ့် ကိုယ်.ကိုယ်ကို ယုံကြည့်မှုရှိစေတဲ့အဝတ်အစားလေးတွေ ဝတ်မယ် နေရာဒေသ လိုက်ပြီး အဝတ်အစားကို ပြောင်းဝတ်သင့်ပါတယ်..
    မိန်းကလေး ဖြစ်ဖြစ်ယောင်္ကျားလေးဖြစ်ဖြစ် သူအလှနဲ.သူရှိကြတော့ ကိုယ်နဲ.လိုက်ဖက်တဲ့ အဝတ်အစားကို ရွေးဝတ်ရင် ဆွဲဆောင်မှုရှိပါတယ်..

  • manawphyulay

    April 9, 2011 at 5:59 am

    အဝတ်အစားကြောင့် စိတ်ကို ပြောင်းလဲစေတယ်ဆိုတာ လက်မခံပါဘူး။ ကျွန်မကတော့ ခေတ်လည်းမီအောင်ဝတ်စေချင်သလို လုံခြုံမှုရှိပြီး မျက်စိအမြင်အေးတာလည်း ဖြစ်မယ်ဆိုရင် ဝတ်လေ့ရှိပါတယ်။ သူ့နေရာနဲ့သူပေါ့နော်။ အရမ်းဟော့လွန်းရင်လည်း ဘေးလူအမြင် တစ်မျိုးစောင်းသွား မသွားတော့မသိဘူး။ စိတ်ကို သိနေရင်တော့ သိပ်ပြီး မပြောင်းလဲဘူးထင်မိတာပါပဲ။

Leave a Reply