မဟာသင်္ကြန်အတက်နေ့မြင်ကွင်းများ

ဦးကောက်April 17, 20112min1142

ရန်ကုန်သင်္ကြန်သည်အ

တက်နေ့တွင် ယခင်နေ့များထက် ပိုမိုစည်ကားခဲ့သည်။ မဏ္ဍပ်ကြီးများရှိသော ကန်တော်ကြီး ကန်ပတ်လမ်း၊ ပြည်လမ်းနှင့် ကမ္ဘာအေးစေတီလမ်းတို့တွင်သာမက အခြားနေရာများ၌လည်း စည်ကားခဲ့သည်။
“ဒီနေ့ သင်္ကြန်နောက်ဆုံးနေ့မို့ထင်တယ် မနက်ပိုင်းကတည်းကစည်နေတာ။ ညနေပိုင်းမှာရေပက်ခံထွက်တဲ့သူတွေ ပိုများလာပြီးစည်လာတယ်။ ဆင်ခြေဖုံးရပ်ကွက်တွေမှာဆိုရင် မဏ္ဍပ်မရှိပဲနဲ့စည်တယ်။ နောက်ဆုံးနေ့လည်း ဖြစ်တယ်။ လုံခြုံရေးတွေလည်း အပြည့်ချထားတော့ လူတွေစိတ်ချလက်ချနဲ့ ရေကစားခဲ့ကြတယ်ထင်ပါတယ်။ မြန်မာ့ရိုးရာ အတာသင်္ကြန်ကို အေးအေးချမ်းချမ်းပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းခဲ့ရတဲ့အတွက် အားလုံးကိုကျေးဇူးတင်ပါတယ်”ဟု ကားဖြင့် ရေပက်ခံထွက်သူတစ်ဦးက ပြောပါသည်။
ရပ်ကွက်အချို့တွင်လည်းအုန်းလက်မဏ္ဍပ်များထိုး၍လည်းကောင်း၊ ပါဆယ်ထုတ်၍လည်း မုန့်လုံးရေပေါ်၊ သာကူ၊ ကြာဆံဟင်းများဖြင့် စတုဒိသာကျွေးခဲ့သည်ကို တွေ့ခဲ့ရသည်။

TG1
ကန်တော်ကြီးကန်ပတ်လမ်းရှိ မဏ္ဍပ်တစ်ခုတွင် CCTV တပ်ဆင်ထားသည်ကို တွေ့ရစဉ်

TG2
သင်္ကြန်အတက်နေ့က ဒဂုံမြို့သစ်(မြောက်ပိုင်း)တွင် စတုဒိသာမဏ္ဍပ်တစ်ခုကို တွေ့ရစဉ်

TG3
သင်္ကြန်အတက်နေ့ ကန်တော်ကြီး ကန်ပတ်လမ်း မြင်ကွင်း

TG4
ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်မဏ္ဍပ်ကို သင်္ကြန်အတက်နေ့က တွေ့ရစဉ်

TG5
သင်္ကြန်အတက်နေ့၌ ဒဂုံမြို့သစ်(တောင်ပိုင်း)တွင် ရေကစားနေကြသူများ

TG6
သင်္ကြန်အတက်နေ့ ပြည်လမ်းမြင်ကွင်း

TG7
သင်္ကြန်အတက်နေ့ ကမ္ဘာအေးစေတီလမ်းမြင်ကွင်း

TG8
မြို့မငွေငန်းအလှပြယာဉ် မဟာမုနိဘုရားကြီးသို့ ဦးတိုက်ကန်တော့စဉ်

TG9
မန္တလေးတိုင်းဒေသကြီး Iron Cross မဏ္ဍပ် သင်္ကြန်အတက်နေ့မြင်ကွင်း

TG10
လားရှိုးမြို့ သင်္ကြန်အတက်နေ့မြင်ကွင်း

TG11
ပုဂံ ညောင်ဦး သင်္ကြန်အတက်နေ့မြင်ကွင်း

Eleven Media Group မှ ကူးယူဖော်ပြသည်။

2 comments

  • ဦးကောက်ခင်ဗျား…

    ယခုလို ပင်ပင်ပန်းပန်း၊ တကူးတက ဓါတ်ပုံတွေလိုက်ရိုက် သတင်းတွေလိုက်ယူရေးသားပေးတဲ့အတွက် အလဲဗင်းကို ကျေးဇူးတင် (ဟယ်… မဟုတ်သေးပါဘူး)၊ စာကူးသူ (ဟင်.. ဒီလိုလဲ မဟုတ်ပြန်ပေဘူး)၊ စာတင်သူ (ဒီလိုမှ ဟုတ်သွားတယ်)ကို ကျေးဇူးတင်ရှိပါကြောင်း။

  • bigbird

    April 18, 2011 at 2:40 pm

    ဘာပဲပြောပြော အဝေးရောက်နေတဲ့ကျွန်တော်ကတော့ ကျေးဇူးတင်ပါတယ်။

Leave a Reply