ခလေးဖတ်စာ…
လူကြီးများရန်ဖြစ်နေကြသည်…ခလေများမပါကြေး |
စပ်စုတတ်လျှင်ချောင်းကြည့်နိုင်ပါသည်….တက်နင်းမိလို့အိုုပုတ်ကွဲမည်သတိထားပါ |
တုတ်ဆွဲဒါးဆွဲဖြစ်လျှင်ဝေးဝေးနေပါ…..ပစ်ကြခတ်ကြဖြစ်လျှင်မျက်လုံးမှန်နိုင်သည် |
နဖူးကွဲမြည်သတိထားပါ…..။။။။ |
သူကြီးရောက်လာပြီ….နှစ်လုံးပြူးလည်းပါသည် |
ကျည်ဆန်ကတော့အိမ်မှာမေ့ကျန်နေခဲ့သည်….သူကြီးမဒံလိုက်လာပေးမှာသေချာသည် |
ရဲဆေးတင်တာအော်ငေါက်ထုတ်ရသည်…..အရေးမလုပ်သူထိတ်တုံးခတ်မည် |
ရပ်ကြည်သူများသက်သေပါနိုင်သည်……။။။။။ |
သူကြီးအိမ်မှာအကုန်စုကြပြီ…..ခြံစည်းတန်းကစောင့်လို့ကြည့်ကြသည် |
တိုင်တဲ့သူလည်းပါသည်ဖွတဲ့သူလည်းပါသည်….သက်သေများကိုသေချာစစ်မေးသည် |
သူကြီးခေါင်းကုတ်နေတာပဲတွေ့ရသည်….အလွန်ကြီးတဲ့ပြသနာပဲဖြစ်ရမည် |
ခလေးများမို့သိပ်မတွေးတတ်ပါ…. |
ရွာပြင်ထွက်လို့ငှက်ပစ်နေတာပဲကောင်းပါ၏… |
6 comments
manawphyulay
April 27, 2011 at 1:07 pm
ငှက်ပစ်ရင် ကြီးတဲ့ငှက်ကို သေချာပစ်နော်…………………. 😛
bigbird
April 28, 2011 at 2:28 pm
ငှက်ဖာသာ ငှက်နေတာ သူညားကိုလာစနေပြန်ပြီး..ဟွန်း
MaMa
April 27, 2011 at 2:39 pm
ရွာထဲမှာ စက်ကွင်းလွတ်အောင် ခလေးဖတ်စာကိုပဲ အလွတ်ကျက်နေမှ ထင်တယ်။ ခုတစ်လော ရွာထဲမှာ အခြေအနေ မအေးဘူး။
naywoonni
April 27, 2011 at 3:03 pm
တို့မပါ ဝါကျွတ်………..
padonmar
April 27, 2011 at 3:34 pm
ogre နဲ့Ma Ma နှာစေးမနေနဲ့လေ၊ဒေါ်စုကပြောဖူးတယ်၊မတရားတာကို ငါနဲ့မဆိုင်ပါဖူးဆိုပြီး ကြည့်နေရင် ကိုယ့်ဆီထိ မတရားမှုရောက်လာတတ်တယ်တဲ့၊
nature
April 27, 2011 at 3:52 pm
ဒီမှာကဒီမိုကရေစီအပြည့်အဝရှိတယ်၊ လျှို့ဝှက် comment လွတ်လပ်စွာပေးလို့ရတယ်၊ ကိုယ်ထင်တာကိုယ်ကြိုက်တာစိတ်ကြိုက်ရေးလို့ရတယ်၊ သဘောထားမတူတဲ့သူတွေချဲကြ၊ သဘောထားတူတဲ့သူတွေတွဲကြ၊ ပျော်ဖို့ကောင်ပါတယ်။