လမ်းပျောက်သူ

ဆူးApril 30, 20111min36820


ငါ ဒါတွေ မစားချင်ပါဘူး ဆိုမှ… ဆိုတဲ့ အဘိုး ဦးမြရဲ့ အသံလေး ကြားလိုက်တော့ နားစွင့်မိတယ် ဘာများ ဖြစ်သလဲလို့။
ဘေးအိမ်က အဘိုးကြီး သူငယ်ပြန်တယ်ပြောတယ်။ ကလေးယောက်လို ဂျစ်ကန်ကန်နဲ့ တခါတလေ လုပ်မိပြီးတာလည်း မေ့မေ့နေပြီး ထမင်းစားမယ် ဆိုပြီး ထပ်ခါ ထပ်ခါ တောင်းတက်သလို.. ပြောထားတဲ့ စကားတွေ လည်း မေ့ပြီး ထပ်ခါ ထပ်ခါ ပြောသံတွေ ကြားနေရတော့ အထာလည်း သိနေပါပြီ။ သနားဖို့လည်း ကောင်းတယ်။ တခါတလေများ ငါ ဗိုက်ဆာတယ် ဆိုပြီး ထမင်းစားပြီးလည်း ထပ်တောင်းတယ်။ ပေးလိုက်တော့ မဟုတ်ဘူးဆိုပြီး ဖြစ်ပြန်ကော.. အသိ သတိ ရှိတဲ့ အချိန်ဆို လူကြီးဆန်ဆန် နေတတ်ပြီး မြေးတွေကို လိုက်အော်ပြီး ကလေးတွေ သိပ်မဆော့နဲ့ လာကြအထဲဝင် ကားတွေ ရှိတယ် စသဖြင့် ကြားနေရပါတယ်။
တနေ့မှာတော့.. အဘိုးကြီး ပြသနာ ရှာနေပြီ.. ဗိုက်ဆာတယ် ပလာတာလေး ဝယ်ကျွှေးပါဆိုပြီး မြေးမတွေ အလုပ်က ပြန်လာတော့ အတင်းဝယ်ကျွှေးခိုင်းတယ်။ အလုပ်က ပင်ပင်ပန်းပန်း ပြန်လာချိန် အဘိုးရဲ့ ပူဆာ တာကို မလွန်ဆန်ချင်တော့ ထွက်သွားပြီး ပလာတာ သွားဝယ်တယ်။ တယောက် ထွက်သွားချိန်မှာ နောက်တယောက် အလုပ်က ပြန်လာတာ မြင်တော့ ကြေးအိုးစားချင်လို့ပါ ကွယ် ဝယ်ကျွှေးစမ်းပါ။ ဗိုက် သိပ်ဆာ နေတယ် ဆိုတာနဲ့ တယောက် ထွက်သွားပြန်တယ်။ ပလာတာ သမား ပြန်လာတော့ ပလာတာ စားတာ တဖဲ့ နှစ်ဖဲ့လောက် စားပြီး အိပ်သွားတယ်။ ကြေးအိုး စားချင်တယ် ပြောတာ ဝယ်လာပေမဲ့ မစောင့်နိုင်ဘူး အိပ်ပျော်သွားတယ်။ ဒီလိုနဲ့ အိမ်သူ အိမ်သားများ စားလိုက်ကြပြီး အိမ်တံခါး ပိတ် ပြီး အိပ်လိုက်ကြသည်။
မနက်မိုး မလင်း တလင်းမှာ အနီးအနား ရပ်ကွက်ထဲက လူတယောက် အိပ်ပေါက်ဝ မှာ လာအော်တယ်။ နင်တို့ အဘိုး ဟိုဘက်လမ်းမှာ လာခေါ်ကြအုန်း ဆိုတဲ့ အသံကြားတော့ လန့်ပြီး တအိမ်လုံး နိးလာကြတယ်။ အဘိုးက သူဟာသူ အိပ်နေမှာပါ ဆိုပြီး မယုံတဝက် ယုံတဝက်နဲ့ အဘိုးကို ထ ရှာတော့ မတွေ့တော့ပါဘူး။ ညတုန်းက စားချင်တာတွေကို တဂျီဂျီနဲ့ ကလေးလို တောင်းပြီး အိပ်ပျော်သွားတာ ဘယ်လိုဖြစ်ပြီး ပျောက်သွားတာလဲ တွေးပြီး အိမ်သော့ကြီးကလည်း ပွင့်နေတယ် တံခါးကလည်း ပွင့်နေပြီ ဆိုတော့ သေချာပြီ ဆိုပြီး လာအော်တဲ့ လူ ညွန်တဲ့ နေရာကို အပြေးအလွား လိုက်သွားခဲ့တယ်။ ဟိုဘက်လမ်း မှာတော့ ဟုတ်တယ်။

ထိုလမ်းက ယခင်က ဦးမြ ငယ်ရွယ်စဉ်က နေထိုင်ခဲ့တဲ့ လမ်းဖြစ်ပါတယ်။အဲဒီလမ်းက ဦးမြ ငယ်ငယ်တုံးက အတော်ကြာကြာနေခဲ့တဲ့လမ်းဖြစ်ပါတယ်။ငယ်စဉ်က နေခဲ့တဲ့ နေရာဖြစ်ပေမဲ့ နောက်ပိုင်း သားတွေ မြေးတွေ ရလာတော့ ထိုအိမ်ကို ရောင်းပြီး နောက်ဘက်က တလမ်းကျော်မှာ အိမ်ပြန်ဝယ်နေခဲ့ကြပါတယ်။

ဦးမြ တယောက် အိမ်ကနေ စိတ်ပေါက်ပေါက် နဲ့ ထွက်သွားပြီး အသက်အရွယ် ငယ်စဉ်က ကြာရှည်စွာ နေတဲ့ နေရပ်ကို စိတ်က စွဲပြီး သူနေတဲ့ အိမ်ကို လိုက်ရှာနေတာဖြစ်ပါတယ်။ ဘယ်အချိန်ကတည်းက ထွက်သွားတယ်ဆိုတာ မသိရပေမယ့် မျက်စေ့လည်ပြီး အိမ်ရှာမတွေ့လို့ တစ်ညလုံးယောင်ချာချာ နဲ့လျှောက်သွားနေတာဖြစ်နိုင်ပါတယ်။

အဘိုးကို မြေးတွေ ပြန်ခေါ်လာတဲ့ အချိန်မှာတော့ တကိုယ်လုံး စုပ်ပြတ်သတ်ပြီး အကျီတွေ ပေပွလို့ ညစ်ထေးနေပါပြီ။ ခန့်မှန်းခြေအရကတော့ မြောင်းထဲများ ပြုတ်ကျထားတယ် ထင်ပါတယ် ဒူးတွေ တတောင်တွေ ပွန်းပဲ့ စုပ်ပြတ်ပြီး ခေါင်းကလည်း ဘာနဲ့ တိုက်လို့ ကွဲမှန်း မသိ သွေးတွေ ပေကျန်ပြီး ဖြစ်နေပါတယ်။
ရပ်ကွက်က လူတွေ ရဲ့ အကူအညီနဲ့ အဘိုးကို ဆေးရုံ တင်လိုက်ပါတယ်။ ဆေးရုံမှာ ဆေးထိုးပေးပြီး ကျန်းမာအောင် ဂရုစိုက်ပေးပေမဲ့ အဘိုးမြကတော့ တခြား လူကြီး ရောဂါနဲ့ အသက်ဆုံးသွားပါတယ်။

သတင်းစာထဲမှာလည်း အခု တလော အသက်ကြီးတဲ့ အဘိုးကြီး အဘွားကြီးတွေ ပုံနဲ့ လူပျောက်ကြေညာများ မြင်မိရင် အဘိုးမြရဲ့ ဖြစ်ရပ်ကို သတိရမိတယ်။
ငယ်စဉ်တုန်းကတော့ စီးပွားရေးနဲ့ သားသမီးတွေ အရေးကြိုးစားရုန်းကန်နေရပေမဲ့ အသက်ကြီးလာတော့ သူငယ်ပြန်ရောဂါ ဖြစ်တဲ့ အချိန် မိသားစုက ဂရုတစိုက် စောင့်ရှောက်မှု လွတ်ကင်းခဲ့ရင် လမ်းပျောက်တဲ့ လူတွေ ဖြစ်မလားလို့ တွေးမိပါတော့တယ်။

လူသား အားလုံး အချင်းချင်း စာနာမှုနဲ့ ဖေးကူ နိုင်ကြပါစေ။

20 comments

  • MaMa

    April 30, 2011 at 2:47 pm

    ဆူးရေ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဆိုတာကို ပြောသွားတာလား။ သူလည်း ငယ်ငယ်က သူ့ကိုယ်သူ ဒီလို ဖြစ်လိမ့်မယ်လို့ ထင်မှာ မဟုတ်ဘူး။ ကိုယ်လည်း တစ်ချိန်ကျရင် ဒါမျိုးတွေ မဖြစ်ဖူးလို့ မပြောနိုင်ဘူး။ တစ်ခါက လည်ပင်း သိုင်းရွိုက်ခွဲတုန်းက ဆေးရုံမှာ လက်တွန်းလှည်းနဲ့ သွားနေတာတွေ၊ ကုတင်ပေါ်မှာ ပိုက်တန်းလန်းနဲ့ ပက်လက်လန်နေသူတွေကို ကြည့်ပြီး ကိုယ့်အလှည့်ကျရင် ဘယ်လိုများ နေမလဲလို့ စဉ်းစားမိတယ်။

  • Oo Oo

    April 30, 2011 at 3:00 pm

    ဟုတ်ပါတယ်..ဘိုဘိုး..ဘွားဘွားတွေကိုလူပိုအနေနဲ့သဘောမထားသင့်ပါဘူး
    အဲ့လိုသတိချွတ်ယွင်းပြီးသွားလာတတ်တဲ့..ဘိုးဘိုး..ဘွားဘွားတွေကိုလည်း ရင်ဘတ်မှာ သူ့နာမည်..အိမ်လိပ်စာနဲ့ဖုန်းနံပတ်တို့ကိုချိတ်ပေးထားသင့်တယ်ထင်ပါတယ်
    အသက်ကြီးလာရင်…ဦးနှောက်ကိုစဉ်းစားတွက်ချက်ရတဲ့ပုံမှန်အလုပ်ပေးနိုင်တဲ့
    မာကျောက်တို့ပိုကာတို့အမြဲကစားတတ်တဲ့လူတွေမှာအဖြစ်နည်းတယ်ဆိုပဲ

  • bigbird

    April 30, 2011 at 3:01 pm

    ” ဖွားဖွားဆူး..အဖွားအိမ်ကဟိုဖက်လမ်းမှာပါ..ဒီလမ်းမှာမဟုတ်ဘူး..လာခဲ့ မြေးတို့လိုက်ပို့ပေးမယ်နော်”

    • ဆူး

      April 30, 2011 at 3:07 pm

      ဒီ အဘိုးကြီး သူငယ်ပြန်တာနဲ့ တွေ့ကရာလူ အဖွား အဘိုး လိုက်ခေါ်နေပါကောလား။
      အဘိုး အိမ်လိုက်ပို့ဖို့ အိမ်မသိလို့ ရဲစခန်း အရင်ပို့ထားပေးမယ်နော်။ နောက်မှ စခန်းမှုးနဲ့ ကြည့်ရှင်း.. အဲ.. အိမ်က လူတွေ လာခေါ်မှ လိုက်သွား။

  • shweminthar

    April 30, 2011 at 3:14 pm

    အန်တီဆူးလဲ တခါတခါ သူငယ်ပြန်ပြီး ရွာထဲ ပတ်မွေ နေတာဖြစ်မယ်။

  • bigbird

    April 30, 2011 at 3:20 pm

    တစ်နေ့ကျရင် အားလုံးဟာ အဖိုးအဖွားနေရာ ရောက်ကျရမဲ့သူတွေချည်းပဲလေ… အဖိုးအဖွားအရွယ်မရောက်ခင်ခွဲခွာမသွားခင်ပေါ့။ ဒီတော့ အဖွားလို့စတာကို စိတ်မဆိုးသင့်ပါဘူး။
    အသက်အတော်ကြီးပေမယ့် သတိကောင်းသေးတဲ့ အဖိုးအဖွားတွေတွေ့ဖူးပါတယ်။ နိုင်တုန်းအချိန်က တရားထိုင်ကြတဲ့အတွက်လားတော့မသိဘူး။

    • ဆူး

      April 30, 2011 at 3:35 pm

      စိတ်ဆိုးပါဘူး ဦးငှက်ရဲ့.. စိတ်ဆိုးလို့ မဟုတ်ဘူး.. ကိုယ့်ကို စ လို့ ပြန်ပြီး လှည့်နောက်တာ.. ရဘူးလား။

  • တညင်သား

    April 30, 2011 at 3:45 pm

    ဒီပို့စ် က ယူတက်ရင် တစ်ဆယ်ရတယ် ရွာသားတို့………

  • kopauk mandalay

    April 30, 2011 at 4:23 pm

    ဒီစာကိုဖတ်တော့ ကျနော့်အဘိုးကိုသတိရပါတယ်။
    သူက သွက်ချာပါဒဖြစ်တော့ ခြေတစ်ဖက်မသန်တော့ပါဘူး။
    တစ်ခါတစ်လေ အိမ်ကပျောက်သွားပြီး ရောက်ချင်ရာရောက်။
    သူ့ရဲ့တပည့်လေးတွေက တွေ့ရင်အိမ်လိုက်ပို့ပေးပါတယ်။
    သူ့တို့စိတ်ထဲမှာ ရှိနေ ထင်ကျန်နေတဲ့ နေရာတွေကိုဘဲ ထပ်ခါထပ်ခါသွားနေတော့တာ။

  • PinkCandy

    May 1, 2011 at 5:40 am

    တခါက သူငယ်ပြန်သွားတဲ့ အဖွားတစ်ယောက်က ထုပ်တန်းပေါ်တက်နေပြီး
    သူ့အိမ်သူအိမ်သားတွေကို အိမ်ပေါ်ထပ်တက်ခဲ့လေလို့ ခေါ်တာတွေ့ဖူးတယ်။

  • meelay

    May 1, 2011 at 9:25 am

    အဲဒါကြောင့် အပျိုကြီး၊ လူပျိုးကြီးတွေ မလုပ်ကြနဲ့နော် … အသက်ကြီးလို့ အဲလိုဖြစ်လာရင် ကိုယ့်ကို စောင့်ရှောက်မဲ့သူ မရှိပဲ နေအုံးမယ် …. 🙂

    • ဆူး

      May 1, 2011 at 12:44 pm

      တရားအားထုတ် ညီမ ရေ.. သူငယ်မပြန်ဘူး။

  • nature

    May 1, 2011 at 12:21 pm

    အသက်ရှည်ပါစေဆိုတဲ့ဆုတောင် အရမ်းမတောင်းရဲတော့ဘူး၊

  • hmee

    May 1, 2011 at 12:42 pm

    ကိုယ့်အရိုးကို ကိုယ်မသယ်နိုင်တဲ့ အချိန်ထိ မနေချင်ဘူးလို့ တချို့ လူကြီးတွေ ပြောတာ ဒါကြောင့်ပဲ ဖြစ်မယ်။

  • weiwei

    May 1, 2011 at 5:10 pm

    အခုတလော အိမ်နားက အသက် ၈၅ နှစ်အဘွားကြီး အိုခြင်း၊ နာခြင်းတွေနဲ့အတူ သေခြင်းကိုစောင့်နေရတာ တွေ့နေလို့ အိုရ နာရ သေရမှာ ကြောက်တဲ့စိတ်ဖြစ်နေမိတယ် … တော်သေးတာက အဲဒီအဘွားကြီးက သူငယ်တော့ မပြန်ဘူး … သတိရှိနေသေးတယ် ….

  • ဆူး

    May 2, 2011 at 5:31 am

    ကြားဖူးတာကတော့ အသက်ကြီးရင် လက်တုန်ရင် တုန် မတုန်ရင် သူငယ်ပြန်တယ် ပြောတာ ကြာဖူးတယ်။

  • kai

    May 2, 2011 at 8:51 am

    မြန်မာတွေထဲ..အယ်လ်ဇိုင်းမားဖြစ်သူရာခိုင်နှုန်းဘယ်လောက်များ မြင့်သလဲမသိ..။
    ပြည်တွင်းမှာ.. ဆရာဝန်တွေ ပညာပေးစာတွေ ရေးကြသလား..သိချင်သား…

    http://www.alz.org/alzheimers_disease_10_signs_of_alzheimers.asp

    10 warning signs of Alzheimer’s
    By Angela Lunde

    With November upon us, the holiday season is apparent. This time of year I experience an increase in calls and e-mails from concerned family members. Since the holidays are often a time when families who are miles apart gather with one another, memory problems get noticed. A son or daughter visiting mom or dad for a few days may begin to see changes in memory that may not have been so apparent during their phone call visits.

    Sometimes it can be difficult to differentiate between the normal changes that occur with aging and the signs of something more serious like Alzheimer’s disease. The Alzheimer’s Association has an updated list of 10 warning signs of Alzheimer’s that I find helpful. Each warning sign includes a description with some examples. In addition, there is a brief statement of normal or typical age related changes that may not be a cause to worry.

    Alzheimer’s Association 10 warning signs of Alzheimer’s:

    * Memory loss that disrupts daily life
    One of the most common signs of Alzheimer’s is memory loss, especially forgetting recently learned information. Others include forgetting important dates or events; asking for the same information over and over; relying on memory aides (e.g., reminder notes or electronic devices) or family members for things they used to handle on their own.
    What’s typical? Sometimes forgetting names or appointments, but remembering them later.
    * Challenges in planning or solving problems
    Some people may experience changes in their ability to develop and follow a plan or work with numbers. They may have trouble following a familiar recipe or keeping track of monthly bills. They may have difficulty concentrating and take much longer to do things than they did before.
    What’s typical? Making occasional errors when balancing a checkbook.
    * Difficulty completing familiar tasks at home, at work or at leisure
    People with Alzheimer’s often find it hard to complete daily tasks. Sometimes, people may have trouble driving to a familiar location, managing a budget at work or remembering the rules of a favorite game.
    What’s typical? Occasionally needing help to use the settings on a microwave or to record a television show.
    * Confusion with time or place
    People with Alzheimer’s can lose track of dates, seasons and the passage of time. They may have trouble understanding something if it is not happening immediately. Sometimes they may forget where they are or how they got there.
    What’s typical? Getting confused about the day of the week but figuring it out later.
    * Trouble understanding visual images and spatial relationships
    For some people, having vision problems is a sign of Alzheimer’s. They may have difficulty reading, judging distance and determining color or contrast. In terms of perception, they may pass a mirror and think someone else is in the room. They may not realize they are the person in the mirror.
    What’s typical? Vision changes related to cataracts
    * New problems with words in speaking or writing
    People with Alzheimer’s may have trouble following or joining a conversation. They may stop in the middle of a conversation and have no idea how to continue or they may repeat themselves. They may struggle with vocabulary, have problems finding the right word or call things by the wrong name (e.g., calling a “watch” a “hand-clock”).
    What’s typical? Sometimes having trouble finding the right word
    * Misplacing things and losing the ability to retrace steps
    A person with Alzheimer’s disease may put things in unusual places. They may lose things and be unable to go back over their steps to find them again. Sometimes, they may accuse others of stealing. This may occur more frequently over time.
    What’s typical? Misplacing things from time to time, such as a pair of glasses or the remote control
    * Decreased or poor judgment
    People with Alzheimer’s may experience changes in judgment or decision-making. For example, they may use poor judgment when dealing with money, giving large amounts to telemarketers. They may pay less attention to grooming or keeping themselves clean.
    What’s typical? Making a bad decision once in a while.
    * Withdrawal from work or social activities
    A person with Alzheimer’s may start to remove themselves from hobbies, social activities, work projects or sports. They may have trouble keeping up with a favorite sports team or remembering how to complete a favorite hobby. They may also avoid being social because of the changes they have experienced.
    What’s typical? Sometimes feeling weary of work, family and social obligations
    * Changes in mood and personality
    The mood and personalities of people with Alzheimer’s can change. They can become confused, suspicious, depressed, fearful or anxious. They may be easily upset at home, at work, with friends or in places where they are out of their comfort zone.
    What’s typical? Developing very specific ways of doing things and becoming irritable when a routine is disrupted

  • ကြေးမလောင်

    November 28, 2011 at 5:00 pm

    အဘိုးမြ သနားပါတယ်။ အသက်ကြီးရင် အဲလို သူငယ်ပြန်ရင် ဒုက်ခပဲနော်။ မပြန်အောင် ဘာလုပ်ရမလဲ။ လူတိုင်းပြန်တာလား မသိဘူး။

  • aye.kk

    November 28, 2011 at 5:53 pm

    သတိမေ့တတ်လွန်းပါက သက်ကြီးမြင့်လာလျှင်စောစွာပင် သူငယ်ပြန်နိုင်ပါသည် စိတ်အလေ့အကျင့်ရအောင်
    မိမိလုပ်ကိုင်သည့်အရာမှန်သမျှ စိတ်မှလိုက်ဆိုပေးပြီး သတိအကျင့်ဖြစ်အောင်လုပ်ရမည်ဟုငယ်ငယ်
    ကတည်းကဘကြီး ပြောပြထားဘူးပါသည်..စာဖတ်သူတို ့အားစေတနာထားကာပြန်လည်မျှဝေပေးပါသည် ယုံကြည်ကပြုလုပ်ကြပါကုန်..။

  • ဆူး

    November 29, 2011 at 9:26 am

    အာနာပါန တရားအားထုတ်ခြင်း သို့မဟုတ် စိတ်စုစည်းတဲ့ အလုပ်ကို လုပ်ပေးလျှင်လည်း အသက်ကြီးလျှင် သူငယ်ပြန်တတ်တဲ့ ရောဂါ မဖြစ်ဘူးလို့ ဖတ်ဖူး မှတ်ဖူးပါတယ်။
    ဘာဝနာ အားထုတ်ခြင်းသည် သတိမေ့လျှော့တဲ့ ရောဂါကို ဟန့်တားပေးပါသည်။
    ယောဂ ကျင့်စဉ် ကျင့်ခြင်း ထိုက်ကျိ သိုင်းကစားခြင်း မာကျောက် ကစားခြင်းသည်လည်း သူငယ်ပြန် ရောဂါကို ကာကွယ်ပေးသည်။

Leave a Reply