Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မှားတဲ့ အခါလဲ မှားပေမပေါ့ ……….

နွယ်ပင်June 30, 20111min49716

မနက်မိုးလင်းလို့ မျက်စိနှလုံးပွင့်တာနဲ့ ငါဒီနေ့ ဘာတွေအမှားထပ်ပြီး အလွဲတွေလုပ်မိမှာပါလိမ့်ဆိုပြီး စိုးရိမ်မူနဲ့ အရင်စရတာပဲ .အဟုတ်ကိုပဲ နွယ်ပင်တို့ တစ်နေ့တစ်နေ့ အမှားလေးမှ မလုပ်ရင်
မလွဲရရင်ကို မကျေမနပ်ဖြစ်နေတာ တနင်္ဂနွေကလဲ ကြည့်ဦး အလုပ်ပိတ်လို့ အိမ်မှာလက်စွမ်းပြပြီး ဟင်းချက်ကျွေးမယ်ဆိုပြီး လုပ်ပါတယ် အမေနဲ့ကလည်း တစ်ပတ်လုံးနေမှ ဒီတစ်ရက်လေး အေးအေးဆေးတွေ့ရတော့ ဟင်းချက်ရင်းနဲ့ အမေန့ ဲ့ စကားပေါနေတာပေါ့ အဲတာနဲ့ ဟင်းလဲ ချက်ပြီးရော ငါ့ဟင်းက တစ်မျိုးပါပဲ ဘာလိုနေပါလိ်မ့်ဆိုပြီးကြည့်လိုက်တော့ အဲ ဝက်သားဟင်းချက်တာ ဆီတည့်ဖို့မေ့နေတာလေ အဲတော့ မျက်နှာ မရ ခြေထောက်ရဆိုတာပေါ့ တစ်အိမ်လုံးက ကောင်းချည်းပေးကြတာလေ ။ တစ်ခါကလည်း အလုပ်သွားခါနီး အလုပ်ချိန်က နီးနေလို့ ဖိနပ်ကို ကမန်းကတန်းစိးပြီး ကားဂိတ်ကိုထွက်တော့ အိမ်ပေါ်က အစ်မကနေ လှမ်းခေါ်တော့ ကိုယ်ကလဲ အလုပ်နောက်ကျပါတယ်ဆို မှ ဘာလဲပေါ့ အစ်မကို ဒေါကြီးမောကြီးမော့ကြည့်တော…..့ အဟဲ ….ဖိနပ်ကို ဘယ်ဖက်က အပြာရောင်စီး ညာဖက်က အမည်းရောင်စီးနဲ့ ဖက်ရှင်ထွင်ပြီး ထွက်သွားလို့ အိမ်က လမ်းခေါ်တာတဲ့ ။
ပြောရဦး နောက်ထပ်မှားတာလေး လွဲတာလေးတွေ တစ်နေ့ ညနေက သူငယ်ချင်းတွေက မုန့်ဟင်းခါးသွားစားမယ်ဆိုပြီးလာခေါ်တယ် အဲတာနဲ့ လိုက်သွားပြီး မုန့်ဟင်းခါးဆိုင်ရောက်တော့ မိုးက နည်းနည်းချုပ်နေပြီဆိုတော့ မုန့်က လေး နေတာပေါ့် အဲတာနဲ့ စားပွဲထိုးပေးနေတဲ့ ဦးလေးကြီးကို အချဉ်ညှပ်ခိုင်းချင်လို့ ခေါ်ပြီးနွယ်ပင်ပြောလိုက်တာက ” ဦးလေးအချစ်နည်းနည်းညှစ်ပေးပါတဲ့” သူငယ်ချင်းတွေဆိုရီလိုက်တာ မုန့်တောင် ဆက်မစားနိုင်ဘူး ။ နောက်တစ်ခါကတော့ အကျီ်ဆိုင်မှာ အကျီင်္လေးကြိုက်တော့ ဈေးမေးတော့ 9000 တဲ့ အဲ့တာနဲ့ လူတက်ကြီးလုပ်ပြီးဈေးဆစ်တာပေါ့ အစ်မလျော့ပါဦးဆိုတော့ အဲ့ အစ်မကြီးက တစ်ခုလှမ်းပြောလိုက်တယ် ကိုယ်ကလဲ ကိုယ့်အာရုံနဲ့ကိုယ် သူငယ်ချင်းနဲ့ စကားလှည့်ပြောနေတာလေ ပြီးမှ အစ်မ 8000 ပဲထားဆိုတော့ ရောင်းတဲ့ အစ်မကြီးရဲ့ မျက်နှာက တစ်မျိုးဖြစ်သွားတယ် ပြီးတော့ အင်းအင်း ယူလေ ညီမတဲ့ အဲတာနဲ့ တယ်တော်တဲ့ငါပါလားဆိုပြိး ဆိုင်ကခပ်တည်တည်ထွက်လာပြီး သူငယ်ချင်းကို စကားလှည့်ပြောတော့ သူငယ်ချင်းရဲ့ မျက်လုံးတွေကလည်း မဏီစန္ဒာမျက်လုံးနဲ့ အဲတာနဲ့ “ဟဲ့ ဘာလဲ အူကြောင်ကြောင်နဲ့ နင်ကလည်းဆိုတော့မှ” သူကပြန်ပြောတဲ့ စကားကြောင့် ကိုယ့်ကိုတောင်သတ်တောင် သတ်သေချင်စိတ်ဖြစ်သွားတယ ်အဲ့လောက်နမော်နမဲ့နိုင်ရလားဆိုပြီး “ဟဲ့ နင်က 7500 နဲ့ပေးတဲ့ ဟာကို ဘာလို့ 8000 နဲ့ဆစ်ပြီးဝယ်လာတာလဲတဲ့ ” ကဲ ..တော်တယ်မဟုတ်လား နွယ်ပင်တို့က
ဒီတစ်ခုကတော့ လောလောလတ်ဖြစ်ထားတာ မနေ့ကမှပေါ့ အလုပ်ကသူငယ်ချင်းတွေနဲ့ ကျောက်မြောင်းက ပုဇွန်ဂွတ်ကြော်သုတ်ဆိုင်ကကောင်းတယ်ဆိုပြီးတော့ သွားစာကြတာ အလုပ်ကပြန်ချိန်လဲ ဖြစ်တော့ လူက ဗိုက်အရမ်းဆာနေတာနဲ့ ဆိုင်မှာအရင်ဆုံးလာချတဲ့ပွဲကို ငါစားလိုက်မယ်နော်ဆိုပြီး တူကိုယူပြီးစားနေတာပေါ့ ပြီးတော့ မုန့်လဲ အားလုံးစားပြီးရော ပိုက်ဆံရှင်းမယ်ဆိုတဲ့အခါမှ ကိုယ်ကစားနေတာ တူပြောင်းပြန်ကြီးနဲ့ တူကိုလက်ကကိုင်မယ့်ဘက်ကနေစားနေတာလေ ဟဲဟဲ… သူငယ်ချင်းတွေကလဲ ကိုယ့်အလုပ်နဲ့ ကိုယ်ရှုပ်နေတာမို့ မသိလိုက်ကြဘူး အဲတာနဲ့ သူတို့သိမှာ ဆိုးလို့ ဆိုင်က မြန်မြန်ထွက်ခဲ့ရတယ် မဟုတ်ရင် ကိုယ့်ကို အဲလောက်တောင်အစားငမ်းပြီး မှားရလို့ပြောနေမှာဆိုးတာလဲပါတာပေါ့ ။

ပြောရရင်တော့ မကုန်နိုင်ဘူး လွဲတာတွေကတော့ အများကြီးကျန်သေးတယ် နောက်အားမှပဲ ကိုယ်အကြောင်းကိုယ်ဖော် မသူတော်လုပ်လိုက်ဦးမယ် အခုတော့ အလုပ်ပြန်လုပ်လိုက်ဦးမယ် ဒီနေ့က လစာထုတ်ရက်လေ ဟိဟိ 😀 😀 😀

16 comments

  • weiwei

    June 30, 2011 at 6:52 am

    မဝေတို့အလုပ်က ၂၃ ရက်နေ့ လစာထုတ်ရတာဆိုတော့ ဒီနေ့ ကုန်သလောက်ဖြစ်နေပြီ 🙁

  • weRone

    June 30, 2011 at 6:52 am

    မှားသော ဆရာဝန် . မသေသောရှေ့နေ ဆိုတာ မရှိဘူးတဲ့ မနွယ်ရယ်.. 😀

  • နွယ်ပင်

    June 30, 2011 at 7:03 am

    weRoneရေ နွယ်ပင်က ဆရာဝန်လဲ မဟုတ် ရှေ့နေလဲ မဟုတ်တော့ စကားပုံအသစ်ထပ်ထွင်ရမယ်ထင်တယ်နော် ..
    ဟုတ်လား မဝေ .. အဲတာလဲကောင်းတာပဲ စောစောရ စောစောသုံး မြန်မြန်ကုန်ပေါ့ 🙂

    • weRone

      June 30, 2011 at 7:12 am

      အဲဒါ ဆို ဒီလို ရေးလိုက်မယ် မနွယ် ..မှားသော ဆရာဝန် . မသေသောရှေ့နေ မလွဲသော မနွယ် ဆို ပြီးတော့ လေ.. 😀

  • ဆူး

    June 30, 2011 at 7:34 am

    လစာ ထုတ်ပြီ ဆိုတော့ နောက်နေ့ မုန့်ကျွှေးနော်။ 🙂 😉

  • စုံ စုံ

    June 30, 2011 at 7:34 am

    တူပြောင်းပြန်ကြီးစားလိုက်တာလား
    နွယ်ပင်ကခုမှအဲ့လိုစားလိုက်တာကိုလူသိမှာစိုးနေတာလား
    စုံစုံ့ရဲ့ကျေးဇူးရှင်ဆိုရင်တူနဲ့ဘာစားစား
    အမြဲတမ်းအဲ့လိုပြောင်းပြန်စားနေကြလေ
    ဘယ်နှခါပြောပြောမရဘူး
    သူ့အကျင့်ကိုကအဲ့လိုစားရမှတူကိုင်တတ်သလိုဖြစ်နေတာ
    အဲ့ဒါကြောင့်နွယ်ပင်တို့အဖော်ရသွားပြီလို့သာမှတ်လိုက်တော့ 🙂
    ဒီနေ့လစာထုတ်ရက်ဆိုတော့မုန့်ဝယ်ကျွေးတော့
    အဖော်ရှိကြောင်းပြောပြလိုက်လို့လေ

  • etone

    June 30, 2011 at 8:00 am

    နွယ်ပင့်အဖြစ်က အတော် ရယ်ရတယ် … ။ တခါတလေ အလွဲလေးတွေကို ပြန်ပြောရင်း ရယ်စရာအတော်ကောင်းတယ်… ။ ခဏတာ စိတ်ထဲပေါ့ပါးသွားတဲ့ အတွက် ကျေးဇူးပါနွယ်ပင်ရေ.. ။

    • R Ga

      June 30, 2011 at 12:16 pm

      အီးတုံးရေ ဒေါ်နွယ်ပင်အလွဲတွေပြောရင် ပြောလို့ဆုံးမှာတောင်မဟုတ်ဘူး။ သူလွဲလေ ကျွန်တော် ရယ်ရလေပဲ..။ တွေ့မှပဲသူအလွဲလေးတွေပြောပြတော့မယ်ဗျာ.။

  • pan pan

    June 30, 2011 at 8:35 am

    နည်းနည်းလေးတော့လွဲနေမယ်
    လွဲလွဲလေးပဲကောင်းပါတယ်
    စိတ်ကျေနပ်ရင် ပြီးတာပဲပေ့ါ မနွယ်ပင်ရယ်…….. 😀

  • eros

    June 30, 2011 at 11:02 am

    အင်း တို့ကတော့ တလစာကားခပဲကျန်တော့တယ်။ လစာက ၂၄ရက်ထုတ်ဆိုတော့…

  • မိုက်ကယ်ဂျော်နီအောင်ပု

    June 30, 2011 at 11:17 am

    ကျုပ်ငယ်ငယ်တုန်းက
    လူကြီးတစ်ယောက်ကိုတွေ့ဘူးတယ်
    အမည်က ဦးစံတင်………….ဒဲ့
    ခုလောက်ဆိုမရှိလောက်တော့ဘာဘူး လျှောသွားလောက်ပြီပေါ့
    မိန်းမသွားခိုးတာ……….
    သူ့ကောင်မလေးမှာ ..အမေတစ်ခု သမီးတစ်ခု
    နှစ်ယောက်ပေါင်းတော့ နှစ်ခုပေါ့ဗျာ
    ည ခုနစ်နာရီလောက်တော့ရှိလိမ့်မယ်
    မိုးကဖွဲဖွဲလေး
    ခပ်မှောင်မှောင်လေးပေါ့
    အိမ်ကမသိအောင် ခိုးလာရတယ်ဆိုတော့
    သူ့ဘကြီးကောက်ရိုးပုံမှာဘဲ အိုက်ဒီညတော့ စခန်းချတာပေါ့
    ဒီလိုနဲ့မိုးလင်းမှသိတယ်
    သမီးကိုခိုးလာတာ သမီးမဟုတ်ဘဲ အမေကြီးဖြစ်နေတယ်
    တစ်ကယ့်အဖြစ်အပျက်နော်
    ပုဂ္ဂိုလ်ရေးကြောင့် ဒေသကိုအတိကျမပြောတာ

    • R Ga

      June 30, 2011 at 12:09 pm

      ဆရာပုပြောတဲ့ တကယ့်အဖြစ်အပျက်ကို အကြည်တော် ကသိသွားပြီး ဝတ္တုထဲမှာတောင် ထည့်ရေးလိုက်သလေး…။

  • unclegyi1974

    June 30, 2011 at 3:46 pm

    အင်းမလွဲဖူးတဲ့သူတော့ရှိမထင်ပါဗျာ

  • mzm

    July 1, 2011 at 11:03 am

    မှားတဲ့အခါလဲ တောက်လျှောက်ပေါ့ဗျာ…….ဟဲ.ဟဲ

  • နွယ်ပင်

    July 2, 2011 at 4:22 am

    အခုတစ်လော ဘယ်လိုဖြစ်သလဲ မသိပါဘူး မန်းတဲ့ ကွန်မန့်တွေ နှစ်ခြမ်းကွဲနေပါတယ်
    အခုလဲ မေးလ်ထဲကို weRone နဲ့ chitpyae တို့ မန်းထားတယ်ဆိုပြီး စာဝင်လာပင်မယ့်
    ဒီမှာတော့ မပေါ်ဘူးဖြစ်နေပါတယ် .. သဂျီးရေ ဘယ်လိုဖြစ်တာလဲ ဒီလိုဖြစ်တာ (2/3) ရက်
    လောက်ရှိနေပါပြီ .

  • ဆူး

    July 2, 2011 at 12:19 pm

    ဟုတ်ပါတယ် ဗျို့.. ကွန်မန်းတွေ ဟိုရောက် ဒီရောက် ဖြစ်နေတယ်။

Leave a Reply