စပွန်ဆာ
တက္ကသိုလ်နယ်မြေထိ ရောက်လာတဲ့ စပွန်ဆာ
မြန်မာနိုင်ငံရဲ့ မြို့ကြီးပြကြီး တော်တော်များများ နဲ့ ပြည်နယ် မြို့တော် အများအပြားမှာ ဝိဇ္ဇာသိပ္ပံ တက္ကသိုလ်တွေကို တည်ဆောက်ထားသလို ကွန်ပျူတာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ ဆေးတက္ကသိုလ်၊ ဆေးဝါးကျွမ်းကျင်တက္ကသိုလ် စတဲ့ အသက်မွေးဝမ်းကျောင်း ပညာသင် တက္ကသိုလ်တွေ တည်ဆောက်ထားတာက မရေမတွက်နိုင်အောင်လောက်ကို များပြားလှပါတယ်။ အဲဒီလို တက္ကသိုလ်တွေကို ဒေသအများအပြားမှာ တည်ဆောက်တယ်ဆိုတာက ပတ်ဝန်းကျင်မြို့ရွာမှာ နေတဲ့ကျောင်းသူကျောင်းသားတွေ လွယ်လင့်တကူ ပညာသင်နိုင်ရေးနဲ့ အဲဒီဒေသတွေ ဖွံ့ဖြိုးရေးအတွက် ဖြစ်တဲ့အကြောင်း အာဏာပိုင်တွေက ပြောကြပါတယ်။
တကယ်ဘဲ အဲဒီတက္ကသိုလ်တွေရဲ့ ပတ်ဝန်းကျင်မြို့ရွာတွေ ကနေ ကျောင်းလာတက်တဲ့ ကျောင်းသူကျောင်းသားတွေ အဆင်ပြေပြေနဲ့ ပညာသင်ကြားနိုင်ကြပီလားလို့ မေးလာရင်…။ အဲဒီတက္ကသိုလ်ရဲ့ ဘေးပတ်ဝန်းကျင် အရပ်ဒေသက လာတက်တဲ့ ကျောင်းသူကျောင်းသားတွေ နေနိုင်တဲ့ လူနေဆောင်တွေ မဆောက်ပေးတော့ ကျောင်းသူကျောင်းသားတွေရဲ့ နေရေးထိုင်ရေးမှာ အတော့်ကို ကသိကအောင့် ဖြစ်ကြရပါတယ်ဆိုတဲ့ အဖြေကို ကြားရမှာ မလွဲပါဘူး။ အစိုးရကျောင်းဆောင်တွေ မရှိတာကြောင့် တက္ကသိုလ်တွေရဲ့ နီးစပ်ရာ ပတ်ဝန်းကျင်မှာရှိတဲ့ ပုဂ္ဂလိက အဆောင်တွေမှာ သွားရောက် နေထိုင်ကြရပါတယ်။ အစိုးရက စီစဉ်ပေးထားတဲ့ အဆောင်တွေ မဟုတ်တဲ့အတွက်ကြောင့် အဆောင်လခတွေက အတော့်ကို ဈေးကြီးပါတယ်။
ဥပမာပြောရရင် မန္တလေးတက္ကသိုလ်နားမှာရှိတဲ့ ဗောဓိကုန်းရပ်ကွက် တဝိုက်က ပုဂ္ဂလိကအဆောင်တွေမှာ အဆောင်ခက တဦးကို တလ ကျပ် ၁ သောင်းခွဲကနေ ၂ သောင်းခွဲ ၃ သောင်းအထိရှိပါတယ်။ ထမင်းချိုင့်ဆွဲစားမယ်ဆိုရင်လည်း တလကို ကျပ် ၃ သောင်းကနေ ၅သောင်း ၆ သောင်းအထိ ရှိပါတယ်။ အဲဒီတော့ ကျောင်းသားတဦးရဲ့ နေစရိတ်နဲ့ စားစရိတ်က အချွေတာဆုံး သုံးမယ်ဆိုရင်တောင် တလကို ကျပ် ၅ သောင်းလောက် ရှိနေပါတယ်။ ကျန်တဲ့ အသုံးဆောင်စရိတ်နဲ့ စာအုပ်စာတမ်းကြေး ဘာကြေးညာကြေးတွေပါ ထည့်ပေါင်းမယ်ဆိုရင် ကျောင်းသူ၊ ကျောင်းသားတဦးဟာ တလကို အကြမ်းဖျဉ်း ကျပ်၁သိန်း နီးပါး သုံးရတယ်လို့ ရတနာပုံတက္တသို်လ်မှာ သချင်္ာဘာသာအဓိကနဲ့ ပညာသင်ကြားနေတဲ့ ကျောင်းသားတဦးက ပြောပြပါတယ်။
ဒီလို ကျောင်းစရိတ်စကတွေ အပြင် ငယ်ရွယ်သူ မိန်းခလေးတွေအများစုဟာ ခေတ်ပေါ်အဝတ်အစား ဝတ်ချင်စားချင်တာတွေကလည်း နောက်ဆက်တွဲ ငွေကုန်ကြေးကျများမယ့် အကြောင်းအချက်တွေ ဖြစ်နေပါတယ်။ ကျောင်းသားဘဝ၊ လူငယ်ဘဝမှာ ဒီလို ခေတ်နဲ့အညီ ဝတ်ချင်စားချင်၊ နေချင်ထိုင်ချင်တာက တကယ်တမ်း အပြစ်တော့လည်း မဟုတ်ပါဘူး။
ဒီစရိတ်တွေအားလုံးကို ထောက်ပံ့နိုင်တဲ့ မိဘတွေရှိတဲ့ ကျောင်းသူကျောင်းသားတွေ အတွက်တော့ တကယ့်ကို ပျော်ရွှင်စရာကောင်းတဲ့ ကျောင်းသားဘဝကို ပိုင်ဆိုင်ကြရမှာ မလွဲပါဘူး။ ဒါပေမဲ့ အဲဒီကျောင်းစရိတ်နဲ့ အထွေထွေကုန်ကျစရိတ်တွေကို အလုံအလောက် မထောက်ပံ့နိုင်တဲ့ ကျောင်းသူတွေကတော့ ကုန်ကျစရိတ်ကို ကိုယ်တိုင်ရှာကြရပါတယ်။
အဲဒီလိုရှာရာမှာ တချို့က ကိုယ်ခန္ဓာ နဲ့ရင်းပီး ရှာသလိုမျိုး ဖြစ်နေတာကို တွေ့နေရပါတယ်။ မြို့က စီးပွားရေး လုပ်ငန်းရှင်တွေကနေ ကျောင်းစရိတ် နဲ့ အထွေထွေ အသုံးစရိတ်တွေကို ပေးပါတယ်။ ဒီအထောက်အပံ့တွေယူတဲ့ ကျောင်းသူတွေက အဲဒီ စီးပွားရေးလုပ်ငန်းရှင်တွေ အလိုရှိတဲ့ အရာကို ပြန်ပေးကြရပါတယ်။ ခေတ်စကားနဲ့ ပြောရင်တော့ ကျောင်းသူတွေက စပွန်ဆာ ယူကြတာဖြစ်ပါတယ်။
တချို့ကျောင်းသူတွေကတော့ ကျောင်းသူကျောင်းသားချင်း စပွန်ဆာယူကြပါတယ်။
ဟိုးအရင်းကတည်းက တက္ကသိုလ် ကျောင်းသူတချို့ဟာ စပွန်ဆာ ယူပီး ကျောင်းတက်ခဲ့တဲ့သူတွေ ရှိခဲ့တာပါ၊ အခုမှ မဟုတ်ပါဘူးလို့ ပြောတော့….. အရင်ခေတ်က အခြေအနေကို သူ မသိ၊မမီလိုက်ရလို့ မမြင်လိုက်ရပေမယ့် ဒီနေ့ခေတ် စပွန်ဆာယူထားတဲ့ ကောင်မလေးတွေက ညနေစောင်းတာနဲ့ အရှက်လုံအောင်ဘဲ ဖုံးထားတဲ့ ဘောင်းဘီတိုတွေနဲ့ ချိုင်းပြတ်အင်္ကျီတွေ ဝတ်ပီး ဆိုင်ကယ်နောက်ကနေ ပါသွားတာမျိုးနဲ့ လူမြင်ကွင်းမှာ နမ်းရှုံနေကြတာ မမြင်ချင်မှအဆုံးလို့ ရတနာပုံတက္တသိုလ်မှာ သချင်္ာအဓိကနဲ့ လက်ရှိ သင်ကြားနေတဲ့ ကျောင်းသားက ဆိုပါတယ်။
မန္တလေး တက္ကသိုလ်တွေမှာ ကျောင်းတက်နေကြတဲ့ ကျောင်းသူကျောင်းသားတွေတင် ဒီလို စပွန်ဆာကိစ္စဖြစ်ကြတာမဟုတ်ပါဘူး။ ရန်ကုန် ၊ မကွေး ၊ မုံရွာ နဲ့ တခြားမြို့တွေက တက္ကသိုလ်တွေမှာ ပညာသင်နေတဲ့ ကျောင်းသူတွေကြားမှာလည်း ဒီလို အဖြစ်အပျက်တွေ ကြားနေမြင်နေပါတယ်လို့ မြို့ခံတွေက ဆိုပါတယ်။
နောက်တချက်က လက်ရှိ အစိုးရ ပြောပြောနေတဲ့ တမျိုးသားလုံး ကျန်းမာရေးလို့ ဆိုတဲ့ ဆောင်ပုဒ်ကြီးကလည်း တက္ကသိုလ် ကျောင်းသူကျောင်းသားတွေ ကြားမှာတောင် အရာမထင်ဘူးဖြစ်နေတယ်လို့ ဆိုနိုင်ပါတယ်။ လိင်ပညာပေးတွေက ကျောင်းသူကျောင်းသားတွေအတွင်းမှာ တရားဝင် ပညာပေးမှုမရှိတာကြောင့် မန္တလေးတက္ကသိုလ်အနီးက ရေနီမြောင်းဘေးမှာ ဖျက်ချထားတဲ့ ကလေးအသေလေးတွေလည်း မကြာမကြာ တွေ့လာရပါတယ်။
ဒီလို စာရိတ္တယိမ်းယိုင်တဲ့ အလုပ်တွေကို ကျောင်းသူလေးတွေ လုပ်လာတယ်ဆိုတာ သူတို့ကိုယ်တိုင် လျှောက်ချင်တဲ့လမ်းတော့ ဟုတ်ဟန်မတူပါဘူး။ နိုင်ငံခြားတိုင်းပြည်တွေမှာလို တက္ကသိုလ်ကျောင်းသူကျောင်းသားတွေကို ပညာသင်စရိတ် ချေးငှားပေးမျိုး၊ ထောက်ပံ့ပေးတာမျိုး ၊ အစိုးရက စီစဉ်ပေးတဲ့ ကျောင်းသားအဆောင်တွေ မရှိတာမျိုး၊ နောက် ကျောင်းသားတွေအတွက် အထူးသင့်လျော်တဲ့ အချိန်ပိုင်းအလုပ်တွေ မရှိတာကြောင့် အခုလို ထင်ရာမြင်ရာတွေကို အလွယ်နည်းနဲ့ လုပ်လာကြတာဖြစ်ပါတယ်။
အေးနှင်းညို
Dear villagers,
This article is from Bo Bo Lan Sin Blog.
It’s a touching article.
Actually, it’s possible & understandable that
“ကျောင်းသူတွေက စီးပွားရေးလုပ်ငန်းရှင်တွေ ထံက စပွန်ဆာ ယူကြတာ”. 😛
But, The strange problem is
“တချို့ကျောင်းသူတွေကတော့ ကျောင်းသူကျောင်းသားချင်း စပွန်ဆာယူကြပါတယ်။”
Is it true ?
How come, “ကျောင်းသူတွေက ကျောင်းသူကျောင်းသားအချင်းချင်း စပွန်ဆာယူ”
I am definitely sure,
those စပွန်ဆာပေး တဲ့ ကျောင်းသား will say/boast about this situation
to his friends (another ကျောင်းသား)
How can she show her face to others (ကျောင်းသူကျောင်းသား).
How do you think, villagers ?
Do you have any experience or evidence ?
Too bad, I am quite old to enjoy life ! 🙁
38 comments
pan pan
August 10, 2011 at 4:55 pm
ဒါမျိုးတွေ ကြားနေရတာပါပဲ
မကွေးဆေးတက္ကသိုလ်မှာ ပိုဆိုးတယ်ဆိုလားပဲ
ရန်ကုန်မှာကတော့ နယ်ကလာတက်တဲ့ကျောင်းသူတွေထဲက ပိုများတယ်
သူတို့က ကျောင်းပြီးလို့ ဘွဲ့ရရင် ဆက်မလုပ်ကြတော့ဘူး
Foreign Resident
August 10, 2011 at 5:05 pm
Hmmmm ??? Really ???
ဆေးတက္ကသိုလ်ကျောင်းသူက စပွန်ဆာယူတယ် ???
How much ( per month ) ???
I want to go back to Myanmar. 😛
Shwe Ei
August 10, 2011 at 5:27 pm
”ဆေးတက္ကသိုလ်ကျောင်းသူက စပွန်ဆာယူတယ် ???” အဲဒါလည်းအမှန်ပါဘဲ။ ကျောင်းကဆရာတွေ သတင်းကြားလို့ လိုက်စုံစမ်းတော့
ဝါသနာအလျောက် အုပ်စုဖွဲ့လှုပ်ရှားနေကြတာတောင်ရှိပါသတဲ့။
Shwe Ei
August 10, 2011 at 5:24 pm
အင်း နယ်ကကျောင်းသူတွေထဲကပိုများတယ်လို့ပြောရအောင်ကလည်း မြန်မာနိူင်ငံမှာက
ရန်ကုန်ကလွဲရင် တနိူင်ငံလုံးကအခြားမြို့တွေကို ”နယ်”လို့ခေါ်နေကြတော့၊ ပြောမယ်ဆို ကိုယ့်မှာရှိတာထက်
ပိုတဲ့အနေအထားကိုလိုချင်တဲ့ မိန်းကလေးတွေ၊ အိမ်ကပေးတဲ့ပိုက်ဆံကို ချွေတာသုံးရင်လောက်ငနိူင်ပါရက်နဲ့
မဆင်မခြင်သုံးရင်း အတုယူမှားကြတဲ့မိန်းကလေးတွေ၊ ပိုက်ဆံပေါ ရုပ်ချော သူဌေးသမီးများကြားမှာ ကိုယ့်အနေအထားမှန်ကို ဖေါ်ပြရမှာ သိမ်ငယ်တတ်ကြတဲ့ မိန်းကလေးတွေ……ဒီလိုစပွန်ဆာခေတ်စားတဲ့အခါသမယမှာ မိဘအုပ်ထိန်းမှုရှိသူရော၊ မရှိသူပါ အလွယ်လမ်း လိုက်ကြတော့တာပါဘဲ။ ပြောချင်တာက ရန်ကုန်မှ နယ်မှ မဟုတ် အထက်ဖေါ်ပြပါ အတွေးအခေါ်မျိုးရှိကြသော မည်သူမဆို စပွန်ဆာနောက်ပါ သွားနိူင်ပါကြောင်း။
zawthulay
August 10, 2011 at 5:51 pm
အင်း.. အခုခေတ်မိန်းခလေး တော်တော်အများစုက အလွယ်လိုက်ကြတာ မကောင်းဘူးနော်. ဒီလိုသာ ဆက်သွားနေရင် ကြာလာရင် .. မိန်းခလေးတိုင်း အတုခိုးမှာစိုးတယ်ဗျာ
manawphyulay
August 10, 2011 at 5:53 pm
စပွန်ဆာ ခေတ်ကြီးကို အလိုလို ရောက်ရှိနေပါကောလား။ ဘယ်လိုတွေဖြစ်ကုန်ကြပါလိမ့်။ စပွန်ဆာလည်း သတ်မှတ်ချက်တွေရှိတော့ရှိမှာပါ။
naywoonni
August 10, 2011 at 6:43 pm
နမ်းမှာလား မောင်ရဲ့ မွှေးတယ်ရှင့် ခေတ်ကတည်းက ရှိခဲ့တာ စပွန်ဆာ ဆိုတာ…။ ခုမှမဟုတ်ခဲ့တာ…။ ကိုယ့်တန်ဘိုး ကိုယ် နေရာ အတပ်မှားသူတွေအတွက် ……. စပွန်ဆာပေးတာ ယူတာ ရှိနေမှာပါပဲ..။ တစ်ဦးချင်းနဲ့ ဆိုင်မယ်ထင်ပါတယ်..။ တစ်ကိုယ်ရည် အသိလေးတွေ မပြည့်ဝရင်တော့ ပျောက်မှာ မဟုတ်ပါဘူး…။ နှစ်ဦးနှစ်ဖက် အပေးအယူ မျှတဲ့ အမှားပါ..။ ပေးချင်သူပဲရှိပြီး ယူမဲ့သူမရှိရင် …။ ယူချင်သူပဲရှိပြီး ပေးမဲ့သူမရှိရင် ဒီကိစ္စမျိုးဖြစ်မလာနိုင်ပါဘူး…။
moethidasoe
August 10, 2011 at 9:46 pm
အဲဒီပြဿနာတွေ များလာလို့လားမသိ
အခု ပုသိမ် နဲ့ မကွေး တက္ကသိုလ်ကျောင်းသားကျောင်းသူတွေအတွက်
မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ နှစ်သိမ့်ဆွေးနွေးမယ့် လုပ်ငန်းတွေ လုပ်တော့မယ် တဲ့
ကလေးငယ်တွေအတွက်တော့ ကျောင်းသင်ခန်းစာတွေမှာ စတင် ထည့်သွင်းနေပြီ
လူလတ်တွေအတွက် တရားဝင် လုပ်ဖို့ ခက်နေသေးလို့ အခုလို ပြင်ပမှာပဲ ဆွေးနွေးပေးတာ လုပ်မယ် တဲ့
maungmoenyo
August 12, 2011 at 7:38 am
ပညာပေးနှစ်သိမ့်ဆွေးနွေးပွဲတွေရှိလာနိုင်တာကောင်းပေမဲ့၊ မြန်မာလိုနိုင်ငံမျိုးမှာ၊ ဒီလိုကိစ္စမျိုးတွေကို မိဘအသိုင်းအဝိုင်းကတရားဝင်အသိအမှတ်ပြုတယ်ဆိုတဲ့ အဓိပ္ပါယ်မျိုးမရောက်အောင်အထူးသတိထားကြရပါလိမ့်မယ်။ ခုချိန်က မြေစမ်းခရမ်းပျိုးတဲ့ ကိစ္စပါ။
မြန်မာ နိုင်ငံအနှံ့ တောရောမြို့ပါမကျန် ဆောင်ကြာမြိုင်တွေ မှိုလိုပေါက်လာနေတာ၊ ထိမ်းမရဆုံးပါဘဲ။
အသိရှိကြတိုင်းလဲ သတိလက်လွတ်ဖြစ်တတ်တဲ့၊ လူ့သဘာဝရဲ့ စိတ်စရိုက်နဲ့၊ တနေ့တခြားတိုးတက်ထွန်းကားခေတ်စားလာတဲ့ ခေတ်ရေစီးကြောင်းပြောင်းလဲမှု ဟာ၊ ငယ်ရွယ်သူအားလုံးရဲ့ အရှိုက်ကို တိုက်ရိုက်ကြီးထိုးနေပါပြီ။ အထူးသဖြင့်မြန်မာနိုင်ငံလို ယဉ်ကျေးသယောင်ယောင်နဲ့ ဖြစ်ချင်တိုင်းဖြစ်နေကြတဲ့ လူ့အဖွဲ့အစည်းမှာဆိုတော့ ပိုဆိုးတာပေါ့။
etone
August 12, 2011 at 1:09 pm
maungmoenyo ရေ .. အရင်ကလည်း ကျွန်မ အဲ့ဒီအကြောင်းတွေ … အနေထိုင်မတတ်တာတွေကို နာအောင် စာရေးပြီးပါပြီ … ဒါကို နှစ်ဦးနှစ်ဖက် ကျေနပ်လို့ပါဆိုတော့လည်း … ဘေးကလူက ငပွကြီးဖြစ်တာပဲလေ … ။ အရွယ်ရောက်ပြီးသူတိုင်း … ဒီကိစ္စမျိုး ရှိသင့်တယ်ဆိုတာတွေ … အားပေးအားမြောက်လုပ်ကြလို့… နည်းနည်း ပွဲဆူဖူးတယ် .. ။
Foreign Resident
August 13, 2011 at 2:30 am
… ဘေးကလူက ငပွကြီးဖြစ်တာပဲလေ …
😛
unclegyi1974
August 10, 2011 at 9:56 pm
တဦးတယောက်ချင်းစီရဲ့ကိုယ်ပိုင်ခံယူချက်ကအဓိကပါ
စပွန်ဆာယူသူရှိသလိုမယူသူလည်းအများကြီးပါ
ကိုယ့်ဝမ်းနာကိုယ်သာသ်ိဆိုတော့
ဘာမှမပြောချင်ပါဖူး
အားလုံးပြေလည်းကြစေချင်တာပါပဲ
windtalker
August 10, 2011 at 10:03 pm
ရှေးခေတ် က စပွန်ဆာ ဆိုတဲ့ နာမည် ဆိုတာ မရှိခဲ့ပေမယ့်
အပေးအယူ တော့ ရှိခဲ့မယ် ထင်ပါတယ်
ဖောရိန်း ရက်စီဒန် ့ရေးတာ အမှန်တွေ ပါ
ကျွန်တော် တက္ကသိုလ်ကျောင်းသား ပထနှစ် တုန်းက
ကြားဖူးခဲ့ပါတယ်
သို ့သော် သူ တို ့ရဲ ့သတ်မှတ်ဈေးနှုန်း က အရမ်းမြင့်သောကြောင့်
လက်တွေ ့ကျကျ မချည်းကပ်နိုင်ခဲ့ပါ ။ ( ဒါကလည်း ဖြစ်သင့်တယ် လို ့ထင်ပါတယ် )
98 နောက်ပိုင်း မန်းတလေးတက္ကသိုလ် မှာ တက်ခဲ့တဲ့ မန်းတလေး က အကိုများက တော့
38 လမ်း 70 လမ်း က မြောင်းအကျော် က အဆောင်လေး ကို ကြားဖူးကြမယ် ထင်ပါတယ်
အဲဒီမှာဆို ဒေးတက် ၊ အဝေးသင် တက်နေတဲ့ ကျောင်းသူလေး တွေ ရှိပါတယ်
2008 လောက်မှာတော့ မရှိတော့ပါဘူး
ဒါမှ မဟုတ် ကျွန်တော် က မလိုက်စားသဖြင့် မသိတော့ တာလား တော့ မသိ
Foreign Resident
August 11, 2011 at 1:44 am
Dear Wind Talker,
“သူ တို ့ရဲ ့သတ်မှတ်ဈေးနှုန်း က အရမ်းမြင့်သောကြောင့်”
How Much ( just rough estimate ) ?
shwe ni
August 11, 2011 at 3:23 am
ထိုင်းမှာ ၂၀၀၈ တုန်းက တက္ကသိုလ် ကျောင်းသူတွေ အဲလိို လိုက်ကျလို့ ပညာရေးဝန်ကြီးဌာန က ကိုဆင်းကိုင်ရဖူးတယ် . social network -Hi5 and phone တွေကနေ ကြော်ငြာကြတာလို့ပြောတယ် phone card တွေကလဲ အရမ်းဓျေးချိုတော့ နောက် ဆင်းကဒ်တခုလဲ လိုက်ကြတော့ အရမ်းလွယ်နေတော့တာပေါ့ ။
ခေတ်ပေါ်ပစ်စည်းတွေကလဲ ဆန်းပြားတော့ လိုအပ်တာထက်လွန်ကဲပြီး လိုချင်လာရင် လုပ်ကြတော့တာပဲ .
Foreign Resident
August 11, 2011 at 5:05 am
In fact, I really want to discuss is, not ordinary စပွန်ဆာ,
“တချို့ကျောင်းသူတွေကတော့ ကျောင်းသူကျောင်းသားချင်း စပွန်ဆာယူကြပါတယ်။
ပေစုတ်စုတ်
August 11, 2011 at 9:55 am
“တချို့ကျောင်းသူတွေကတော့ ကျောင်းသူကျောင်းသားချင်း စပွန်ဆာယူကြပါတယ်” ဆိုတဲ့နေရာမှာ ကျောင်းသူတစ်ယောက်က စီးပွားရေလုပ်ငန်းရှင်တစ်ယောက်ဆီက စပွန်ဆာယူတဲ့ပုံစံနဲ ့တော့နဲနဲကွဲမယ်ထင်ပါတယ်… ကျွန်တော်မြင်နေရသလောက်ပါ.. living together ပုံစံနေကြပြီး ကောင်မလေးရဲ့ကျောင်းစရိတ်နဲ ့..အထွေထွေလိုတာတွေကိုထောက်ပံ့ပေးတဲ့သဘောပါ… အရင်တစ်လောက ကြားမိတာတော့ မန်းန္တလေးဆေးကျောင်းကကျောင်းသူတစ်ယောက်နာမည်ထွက်လာတာဟုတ်မဟုတ်တော့ သေချာမသိပါ ဆယ်သိန်း လို ့ရော ငါးသိန်းလို ့ရောကြားပါတယ်.. ဟုတ်ခဲ့ရင် အဲဒိဝန်းကျင်ပဲဖြစ်မှာပါ…
etone
August 11, 2011 at 10:53 am
ဒီခေတ်မှာ အတုယူမှားနေတော့ .. စပွန်ဆာ ကိစ္စတွေ တိုးလာတာတော့ အမှန်ပါပဲ .. ။
မိဘတွေက သေချာ မထိန်းနိုင်တဲ့ အဝေးမှာဆို ပိုဆိုးတယ် … ။ ကျွန်မတို့ကျောင်းတတ်တဲ့ခေတ်ကတော့ … စပွန်ဆာတွေရှိပေမဲ့… ခေတ်မစားသေးတော့ … သိပ်မဆိုးသေးဘူး .. ။ 🙂
chitlay
August 11, 2011 at 11:24 am
ကျောင်းသူတွေတင်မကပါဘူး နယ်ကနေ ရန်ကုန်ကိုအလုပ်လာလုပ်တဲ့သူတွေပါ စပွန်ဆာယူနေကြတာ တွေ့နေမြင်နေကြားနေရတာ စိတ်ပျက်စရာ တကယ်ကောင်းပါတယ်။ မိန်းကလေးတိုင်းလှချင်ပေမယ့် လိုတာထက်ပိုလာရင်မကောင်းပါဘူး …. အသစ်အဆန်းပေါ်တိုင်း လိုချင်နေတော့လဲ စပွန်ဆာရှာကြတာပေါ့။
မိဝေးဖဝေးဆိုတော့လည်း ကိုယ့်စိတ်ကြိုက်လုပ်ချင်သလို လုပ်နေကြတာပေါ့ …… ပတ်ဝန်းကျင်က နှာခေါင်းရှုံ့ကြပေမယ့် သူတို့ကတော့ မျက်နှာပြောင်တိုက်နိုင်တာ အံ့ဩလွန်းတယ်။
chitlay
August 11, 2011 at 11:30 am
ကျောင်းသူတွေတင်မကပါဘူး နယ်ကနေ ရန်ကုန်ကိုအလုပ်လာလုပ်တဲ့သူတွေပါ စပွန်ဆာယူနေကြတာ တွေ့နေမြင်နေကြားနေရတာ စိတ်ပျက်စရာ တကယ်ကောင်းပါတယ်။ မိန်းကလေးတိုင်းလှချင်ပေမယ့် လိုတာထက်ပိုလာရင်မကောင်းပါဘူး …. အသစ်အဆန်းပေါ်တိုင်း လိုချင်နေတော့လဲ ခက်သားလား …. အိမ်ကိုလဲ ပြန်ထောက်ရ အသစ်အဆန်းတွေပေါ်တိုင်း ကိုယ်ပေါ်ကလဲ တင်ချင်ရဆိုတော့ စပွန်ဆာရှာကြတာပေါ့။ မိဝေးဖဝေးဆိုတော့လည်း ကိုယ့်စိတ်ကြိုက်လုပ်ချင်သလို လုပ်နေကြတာပေါ့ …… ပတ်ဝန်းကျင်က နှာခေါင်းရှုံ့ကြပေမယ့် သူတို့ကတော့ မျက်နှာပြောင်တိုက်နိုင်တာ အံ့ဩလွန်းတယ်။
Shwe Ei
August 12, 2011 at 10:05 am
အဲလိုမိန်းကလေးတွေ ရှိနေလို့လည်းနယ်က လာနေတာဆိုရင် ကိုယ့်တိုက်ခန်းနဲ့ကို တံခါးပိတ်နေတာတောင် စဉ်ဆက်မပြတ်ကြည့်ရှု အတင်းပြောသူများ ဒုနဲ့ဒေး။
ရန်ကုန်မှာနေပြီး မိဘနဲ့အတူမနေဘဲ စပွန်ဆာကပေးတဲ့တိုက်ခန်းမှာပေါ်ပေါ်တင်တင်သွားနေကြသူများကိုတော့ ဂုဏ်သရေရှိလူကြီးမင်းများလို့ထင်နေသလားမပြောတတ်။
intro
August 11, 2011 at 12:29 pm
မယုံမရှိပါနဲ့ အဲ့သည့်အဖြစ်တွေက အပြင်မှာ တကယ်လဲ ရှိပါတယ်…
ကြုံလဲ ကြုံခဲ့ဖူးပါတယ်…
Foreign Resident
August 11, 2011 at 12:51 pm
Dear Intro,
What do you mean ?
Did you ( yourself ) give sponsor to a cute girl or girls ?
What a marvelous guy !!!
Thar Du, Thar Du, —- ( only 2 times ) 😛
You really donate to the real needed people. 😛
intro
August 12, 2011 at 10:27 am
ကျွန်တော် ဟုတ်ဘူးဗျ… မိန်းကလေးတစ်ယောက်ကို sponsor ပေးနိုင်လောက်အောင်လဲ မချမ်းသာသေးပါဘူး၊ ချမ်းသာရင်လဲ sponsor ပေးဖို့အကြံ မရှိသေးပါဘူး…
ကျွန်တော်က ဒဂုံတက္ကသိုလ်က ကျောင်းသားတစ်ယောက်ပါ။ ဓါတုဗေဒ မေဂျာကပါ။ နှစ်ကိုတော့ မပြောတော့ဘူးနော်။ ကျောင်းမှာ အမြဲတမ်းတွဲဖြစ်တဲ့သူငယ်ချင်းတွေအဖွဲ့မှာ မိန်းကလေးတွေလဲ ပါပါတယ်။ အဲ့တုန်းက ကျွန်တော့် အဖွဲ့က ကျွန်တော်နဲ့ အရမ်းရင်းနှီးတဲ့ မိန်းကလေး တစ်ယောက်က ပြန်ပြောပြတာပါ… သူက နယ်က ကျောင်းလာတတ်တာဖြစ်ပြီး လှည်းတန်းက အဆောင်တစ်ခုမှာနေပါတယ်… အပေါ်က ပြောသလိုပဲ သူ့မိဘတွေကလဲ သိတ်မချမ်းသာကြပါဘူး… အဲ့သည့်တုန်းက (အခုလဲ ရှိချင်ရှိနေနိုင်ပါတယ်) ဖုန်းကိုင်ချင်တဲ့ရောဂါက တော်တော် ခေတ်စားပါတယ်… အဲ့သည့်တုန်းက ဖုန်းဈေးကလဲ ၁၆ သိန်း ဝန်းကျင်လောက်ရှိပါတယ်… အငှားဈေးကွက်မှာတောင် တစ်လကို ၃သောင်းခွဲ လောက် ရှိမယ်ထင်တယ် (အတိအကျတော့ မမှတ်မိပါ)။ တိုတိုပြောရရင် sponsor ရသွားတယ်ပေါ့.. သူ့ဘဲကြီးက အသက် ၄ဝ ကျော်လောက်ပါပဲ။ သူလိုချင်တဲ့ handset လဲ ဝယ်ပေးတယ်… ဖုန်းလဲ ၆လစာ ငှားပေးတယ်… အဆောင်လခလဲ ၆လစာ ရှင်းပေးတယ် ပြောပါတယ်… ကြားထဲလဲ မုန့်ဖိုးပေးတယ်ပေါ့… နောက်ပိုင်းကိစ္စတော့ သေချာ မမေးကြည့်ပါဘူး။ နောက်ထပ် ကြုံဖူးတာတွေလဲ ရှိပါတယ်…
pooch
August 11, 2011 at 3:46 pm
အင်း…..ကိုယ်တွေ့မြင်ရ ကြားရတာ ပြောရရင်ဖြင့် ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသလိုတော့ ဖြစ်တော့မယ်
အနော့် အမ တဝမ်းကွဲရဲ့ အမျိုးသားကလည်း အဲ့ဒီ လို ကျောင်းသူမျိုးကို စပွန်ဆာအပေးကောင်းလို့ ကျော်မကောင်းကြားမကောင်းအောင် အိမ်တွင်းရေးမှာ အမနဲ့ ပြသာနာ တတ်ပါလေရောလား အိမ်ကို အလုံးလိုက်ငှားပေးတယ်၊ ဆိုင်ကယ်ပေးထားတယ်၊ ဖုန်းလည်းပေးထားတယ်၊တလဘယ်လောက်ပေးတယ်ဆိုတာကတော့ သူကိုယ်တိုင်မှသိမှာပဲ။ အဲ့ဒီခဲအို တရက် ဂေါက်သွားရိုက်ရင် အနည်းဆုံး ၃ သောင်းလောက်တော့ ကုန်တယ် ၊ ဒါတောင် အဲ့ဒီနေ့က အပေါင်းအသင်းနဲ့ ပွဲမကောင်းလို့ ပွဲကောင်းရင် သိန်းချီတယ်ပြောတယ်၊ သူတို့ လင်မယားပြသာနာတက်တာ တမျိုးလုံး ဟိုဘက်အမျိုးရော ဒီဘက်အမျိုးရော အကျယ်အကျယ်တွေ ဖြစ်ကုန်လို့ အမက လက်သံပြောင်ပြီး ညှစ်လိုက်တာ တက်သွားလို့ ( နားနဲ့ မနာ ဖဝါးနဲ့ နာပါ ကန်တော့ပါ) ဆေးခန်းအရောက်မြန်သွားတယ် မဟုတ်ရင်အသက်ပါ ပါတော့မလို့ ညသန်းခေါင်ကြီး အိမ်က လူကြီးတွေ ဆေးခန်းကို လိုက်ရတာ ..အဲ့ဒီတလောကတော့ တော်တော်လေးငြိမ်သွားတယ် … ဒါပေမဲ့ အခု နောက်တယောက်နဲ့ ကျောင်းသူပါပဲ .. ဘယ်လိုပြောရမလဲ ဆိုတော့ အမလည်း ဝဋ်ရှိသရွေ့ပေါ့လေ……….ကိုယ်ချစ်လို့ကိုယ်ယူတာဆိုတော့ ကောင်းရင်လည်းစံ မကောင်းရင်လည်း ခံပေါ့….. ဘယ်သူမပြုမိမိအမှုပါပဲ…
နွယ်ပင်
August 11, 2011 at 4:21 pm
အခုက စပွန်ဆာ မရှိရင်ပဲ ခေတ်မမှီဘူးလို့ပြောရမလိုလိုပါပဲ
တော်တော်များများ ကောင်မလေး ချောချောလေးတွေမှာ
စပွန်ဆာကောင်းကောင်း ရှိနေတက်ကြတာကို တွေ့ရပါတယ်
သူငယ်ချင်းတစ်ယောက်ရဲ့ ညီမလေးဆို မိဘက တပ်နိုင်ရဲ့သားနဲ့
သူတို့ သူငယ်ချင်းအဖွဲ့မှာ စပွန်ဆာမရှိရင် ဒိတ်အောက်လို့
ကိုယ်ကဆွဲဆောင်မူမရှိလို့ ဆိုပြီး စပွန်ဆာ တစ်ယောက်အမြန်ရှာပါတယ်တဲ့
ကဲ အဲတော့ ဘာပြောရမလဲ 🙁
windtalker
August 11, 2011 at 11:09 pm
ဒီးယားစ်
ဖောရိန်း ရက်စိဒန် ့
အိုင်အမ် နော့တ် မိန်းမ လိုက်စား
ဘတ်
အိုင် အင်ထရပ်စ် သယ်ယာ နယူးစ်
ဆိုး
အိုင် အောလ်ဝေး မေးမြန်း ဖရွန် ကျောင်းသားများ
ဘီကော့
ဖိုးသူတော်စာ ဖိုးသူတော်ဖတ်တတ် ( ဖရွန် လူထုဦးလှ )
အိုင် နယူး အေ ဂဲလ် ဖရွန် ဆေးကျောင်း
အိုင် ဒုန်းဝန်နာ ရှိုး ဟာ နိမ်း
ဘတ်
ဒီဈေးနှုန်း ယူ ဝန် ့တူနိုး အစ်စ်
ဝမ်းနိုက် = ၃ သိန်း
ok ?
မိုက်ကယ်ဂျော်နီအောင်ပု
August 11, 2011 at 11:51 pm
အိုးးးးးးးးးရက်စ်
သစ်စ်စ်ပရိုက်အစ်စ်စ်
ဘဲရီး ဘဲရီး တန်ဒယ်
ခေါ့စ်
ဝှိုင်းအိုင်was အေစတူးဒန့်လိုက်ဖ် .. အက်ထ် အောက်စဖုတ်
အိုင်was ဘဲရီးဘဲရီး လုံးနလီ အန်
အိုင်ထရိုင်းရင်းဂက် အေစတူးဒန့်ဂဲလ် အန်
အိုင်ဂတ်တူ စပန်း ဆဲဗရဲမန်းနီး
အဘောက် နမခြောက်ကောင်ဘိုးလောက်
စုန်းထီး
August 12, 2011 at 1:12 pm
ဝမ်းနိုက် ၃ သိန်း ဆိုတော့
ဈေးများသလိုပဲ
ပါကင် ဆိုရင်တော့ တန်တယ် ….
ဝယ်လည်းမစားနိုင် ကိုယ်ပိုင်လည်းမရှိ အင်တာနက်မှာပဲ သရေယိုတော့မယ် … 😛
etone
August 12, 2011 at 2:44 pm
အံမယ် .. တယ်ဟုတ်ပါလားဟ… တည သုံးသိန်းဆိုတော့… တပတ်လောက် အလုပ်ဆင်းလိုက်လျှင် … သုံးလလောက် ထိုင်စားလို့လောက်တယ် … လေးစားပါတယ် မယ်မင်းကြီးမတို ့ရယ် … 🙄
Mee2
August 12, 2011 at 12:28 am
မန္တလေး တက္ကသိုလ်တွေမှာ ကျောင်းတက်နေကြတဲ့ ကျောင်းသူကျောင်းသားတွေတင် ဒီလို စပွန်ဆာကိစ္စဖြစ်ကြတာမဟုတ်ပါဘူး။ ရန်ကုန် ၊ မကွေး ၊ မုံရွာ နဲ့ တခြားမြို့တွေက တက္ကသိုလ်တွေမှာ ပညာသင်နေတဲ့ ကျောင်းသူတွေကြားမှာလည်း ဒီလို အဖြစ်အပျက်တွေ ကြားနေမြင်နေပါတယ်လို့ မြို့ခံတွေက ဆိုပါတယ်။
ဟိုတလောကကြားလိုက်ပါတယ်။ပထမနှစ်ဆေးကျောင်းသူတွေအချင်းချင်းပြောနေကြတာတဲ့ ငါက 72 hours ဆေးသောက်ထားတာ။အေးဆေးဘဲ ဆိုပါလားကွယ်ရို့။ဘယ်နယ်လုပ်ကြမလဲ အမျိ ုးကောင်းသမီးတွေရေ
Gipsy
August 12, 2011 at 8:50 am
အား ဟုတ်ကဲ့ဗျ….
အစိုးရ အနေနဲ့ ကျောင်းသူကျောင်းသားတွေအတွက် ကျောင်းဆောင်ဆောက်ပေးသင့်ပါတယ်…
အဆောင်ရဲ့စည်းကမ်း တွေနဲ့နေထိုင်ကြမယ်ဆိုရင် အနည်းငယ်လောက် ပပျောက်သွားနိုင်ပါတယ်…
ကျောင်းသူကျောင်းသား ဆိုတာ စာသင်တာမျိုးတစ်ခုထဲပဲရှိရမယ် မဟုတ်လားဗျာ..
စပွန်ဆာ ကိစ္စတွေ ကို ဘယ်မိဘ ဘယ်ညီအကိုမောင်နှမ မျိုးမဆို လက်သင့်ခံကြမယ်မထင်ပါဘူး…
. စိတ်မကောင်းစွာ နဲ့ပြောရရင်တော့ စုံစမ်း အရေးယူတာမျိုးဆောင်ရွက်သင့်တယ် လို့ ယူဆမိတာပါပဲ…
သိတော့သိတယ် ကြားလဲကြားမိပါတယ်… နိုင်ငံရဲ့ စီးပါွးရေး ကြပ်တည်းမှုတွေ အလိုရမက်တွေ များစွာနဲ့
မို့ လွယ်တော့လွယ်မယ် မထင်မိပါဘူးဗျာ…
Mee2
August 12, 2011 at 1:10 pm
ဘယ်လို ဘဲဖြစ်ဖြစ်ပါ လယ်တီပဏီ္ဋတ ဦးမောင်ကြီးပြောသလို ပညာချင်းပြိ ုင်သင်လျှင်တတ်မြောက်လွယ်ပါတယ်။အဝတ်အစားအသုံးအဆောင် ပစ္စည်းတွေ ကို မရှိလို ့မသုံးနိုင်တာအားငယ်စရာမဟုတ်ပပဘူး။ကိုယ်ကရှိလို ့တတ်နိုင်လို ့ဝတ်နိုင်စားနိုင်ပေမယ့်။သူများကို စိတ်ဒုက္ခပေးသလိုဖြစ်နေရောပေါ့။ဒါပေမယ့် ခေတ်ရဲ ့ပညာရေးစနစ်မှာ ကျောင်းဆောင်နေ ပြန်လုပ်သင့်နေပါပီ။ရပ်ကွက်တွင်းမှာနေပြီး အရပ်သားတွေနဲ ့ရောထားတော့ ဇာတ်ကိုပျက်ပါရော
parlayar46
August 13, 2011 at 12:59 am
ကျောင်းသူတွေ စပွန်ဆာယူတဲ့ ကိစ္စ မကြိုက်သူ မရှိစေချင်သူ အနေနဲ့ နဲနဲတော့ ဝင်ဆွေးနွေးပါမယ်။
အဲဒါရဲ့ အဓိကတရားခံက အဆောင်မပေးတာ။
အတုံးစားအစိုးရကြီးက(လွန်လေပြီးသော နအဖ) အဆောင်မှာ ကျောင်းသားတွေစုမိပြီး တော်လှန်မှာကြောက်လို့ …။
ကျောင်းတော့ဖွင့်တယ် … တက်ချင်တဲ့သူတွေ ဘယ်မြောင်းထဲမှာနေပြီး လာတက်တက် ဆိုတဲ့ပုံစံမျိုး လုပ်ထားတာကိုး။
ကျောင်းသားဘဝဆိုတာ တနည်းပြောရရင် ပညာသင်ဘို့ camping လုပ်နေတဲ့ သဘောမျိုးရှိသင့်တာ။ အရပ်ထဲလွှတ်လိုက်တော့ အရပ်သားလို ဖြစ်သွားရော။
အဆောင်ပေးဘို့က ဘာမှမခဲယဉ်းဘူး။ လိုအပ်တာလေးပံ့ပိုးပြီး (ဥပမာ အဆောင်ဆောက်ဘို့မြေနေရာပေးပြီး) ကန်ထရိုက်ပေးလိုက်လို့ကိုရတယ်။ အုပ်ချုုပ်ဘို့လဲ ဘာမှမခဲယဉ်းဘူး။ အရင်ကတည်းက ကျောင်းသားကို ကျောင်းဆရာကပြန်ကြီးကြပ်တဲ့ ဟောကျူတာစံနစ်ရှိပြီးသား။
ကျောင်းသားတွေအပေါ် စေတနာမထားတာရယ် ၊ ဘာလုပ်ပေးရမှန်းသိနိုင်လောက်တဲ့ ပညာမျိုးမရှိတာရယ်၊ ကျောင်းသားစုမိမှာကို သေးထွက်အောင်လန့်တာရယ်ကြောင့် ဖြစ်သလိုပစ်ထားတာရဲ့ အကျိုးဆက် ဖြစ်ပါတယ်။
တကယ်တော့ အထက်တန်းပညာ(တက္ကသိုလ်ပညာ) ဆည်းပူးရမယ့်အရွယ်ဆိုတာ စာသင်ခန်းထဲက ပညာတွေသာမက စာသင်ခန်းအပြင်က ပညာတွေကိုပါ ဆည်းပူးရမယ့်အရွယ်ပါ။ အဲဒီအရွယ်တူတွေ ကျောင်းဆောင်မှာ စုဝေးမိကြ ပေါင်းသင်းမိကြ တူရာတူရာစုဖွဲ့မိကြ ဘဝကို လောကကို လှမ်းမျှော်လေ့လာမိကြ နိုင်ဘို့ဟာ အလွန်အဖိုးတန်တဲ့ အခွင့်အရေးဖြစ်ပါတယ်။ အဲဒီအခွင့်အရေးမျိုးကို ပညာရေးဌာနက ညီညွတ်မျှတတဲ့စည်းကမ်းတွေထားရှိတဲ့ ကျောင်းဆောင်တွေက ပေးနိုင်ပါတယ်။
ကျုပ်ကိုယ်တွေ့အရ – တက္ကသိုလ်ကျောင်းသားဘဝက ဆည်းပူးခဲ့ရသမျှတွေမှာ စာသင်ခန်းထဲက ပညာနဲ့အကျိုးကျေးဇူးက ငါးရာခိုင်နှုံးလောက်ရှိပြီး အဆောင်နေ ကျောင်းသားဘဝကြောင့် ရလာတဲ့ ပညာနဲ့ အကျိုးကျေးဇူးက ကိုးဆယ့်ငါးရာနှုံးလောက် ရှိပါတယ်။
စုံ စုံ
August 13, 2011 at 9:20 am
အစကတော့အနုပညာအသိုင်းအဝိုင်းမှာတင်စပွန်ဆာရှိတယ်ထင်တာ
အခုတော့အပြင်လောကမှာပါဒီလိုဖြစ်နေကြပါပေါ့လား
အင်း…..တကယ်ကိုမလွယ်ဘူးဘဲ
thihayarzar
August 20, 2011 at 9:57 pm
ကျွန်တော်လည်း ကြားဖူးတယ် … တစ်ချို့ဆိုတော်တော်လှတယ်ဗျာ …. မိဘမျက်ကွယ်ရာလည်းဖြစ် ပေါ်ပြူလာကလည်း ဖြစ်ချင်နေတာလေ …အချောအလှ ရုပ်မရွေး အားလုံးလာထား အာဘွား … နောက်တော့ ကက၊ နောက်တော့ အော်အီးအီးအွက်တွေ တောင်ဖြစ်ကုန်ကြတယ် …. ဝဠ်ကြွေး တွေထင်ပါတယ် …
ကိုပေါက်(မန္တလေး)
August 20, 2011 at 11:21 pm
စပွန်စာယူတဲ့သူကလေးတွေကို ဘဲ သနားလိုက် ဖဲ့လိုက် ပေးတဲ့သူကို ရော ယူတဲ့သူကိုပါ အပြစ်တင်လိုက်
ခေတ်မကောင်းတာကိုအကြောင်းပြလိုက်လုပ်နေကြတာထက်စာရင်
စပွန်ဆာမယူဘဲ အပင်ပန်းအဆင်းရဲခံ ရတဲ့အလုပ်ဝင်လုပ် ရင်း ရှိတာလေးနဲ့
ဘဝကို ရိုးရိုးသားသား ရပ်တည်နေတဲ့
အတုယူလေးစားစရာ မိကောင်းဖခင်သားသမီးလေးများအကြောင်းကိုလည်း
သိတဲ့သူများ တင်ပေးမယ်ဆိုရင် ပိုကောင်းမယ်လို့ ထင်ပါတယ်ဗျာ။
မီးမီး သော်
August 21, 2011 at 8:41 am
ကိုပေါက်ရေ ကြိ ုးစားပြီးတင်ပေးပါမယ်။