Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အဖော်စောင်ထားစို့(၁)

cobraSeptember 1, 20111min58725

ခေါင်းစဉ်ကြီးကိုဖတ်ပြီးတော့ကြေညာလို့တော့မထင်နဲ့နော်….။

ဒီခေတ်လူငယ်တွေနဲ့အဖော်(ကွန်ဒုံး)ကိစ္စလေးနည်းနည်းလောက်ပြောပြချင်လို့ပါ။ကျွန်တော်လည်းလူငယ်တစ်ယောက်ပါပဲ။အပေါင်းအသင်းများတဲ့လူငယ်ပေါ့။

သူတို့အကြောင်းလေးတွေဖောက်သည်ချရင်းနဲ ့ဆောင်ရန်၊ရှောင်ရန်လေးတွေပါမှတ်ထားကြပေါ့။

ရောဂါတွေများပါတယ်ဆိုတဲ့ခေတ်ထဲမှာတာင်လူငယ်တော်တော်များများကအကြောက်အလန့်မရှိကြသလိုပါပဲ။

လူငယ်တွေအတွက်အပျော်အပါးနေရာတွေကလည်းအများကြီးရယ်..။

နိုက်ကလပ်တွေ၊မာဆတ်တွေ၊မာဆွတ်(အပြီးပေါက်)တွေ၊KTV တွေပေါ့။

ဒီထဲမှာမှနိုက်ကလပ်ကအဆိုးဆုံးပါပဲ……….

မြို့နယ်ပေါင်းစုံကလူငယ်တွေကိုတွေ ့နိုင်တာလည်းဒီနေရာမှာပါပဲ။

ကလပ်လာကြတယ်ပြီးရင်အတွဲလေးတွေနဲ ့သွားအိပ်ကြတယ်။

ပြည့်တန်ဆာမလေးတွေကလည်းချောသကိုးဗျ…။

အသက်အငယ်ဆုံးက၁၅၊၁၆လေးတွေသနားဖို့တော့ကောင်းပါတယ်။

ကဲထားပါ။ကျွန်တော့်သူငယ်ချင်းတစ်ယောက်ဖြစ်ပုံကိုပြောပြမယ်။

ကလပ်မှာကောင်မလေးတစ်ယောက်နဲ့တွေ ့တယ်သူကကလပ်ကပြည့်တန်ဆာတော့မဟုတ်ပါဘူး။

အပြင်ကလာတာ ကျွန်တော်သူ့ငယ်ချင်းနဲ့ချိတ်မိကြပါလေရော….။

ပြန်တော့သူတို့သွားအိပ်ကြတယ်လေ။

အခန်းထဲရောက်တော့နှစ်ယောက်တည်းရယ်……..။

ဒီလိုပဲပေါ့ချစ်ခန်းဝင်ဖို့အစပျိုးနေကြတဲ့အချိန်မှာဟိုကောင်ကအဖော်(ကွန်ဒုံး)ကိုဖောက်လိုက်ရော…

ကောင်မလေးကဖောက်တာကိုသိသွားတော့ဘာပြောတယ်မှတ်လဲ………။

အဲဒါသုံးရင်သူနဲ့မနေနဲ့တဲ့ကြည့်ပါဦးဗျာ…..ဘယ်လိုမိန်ကလေးပါလိမ့်။ဒီနေ ့မှတွေ ့တဲ့ယောက်ျားတစ်ယောက်ကိုသန့်လားမသိ

မသန့်လားမသိနဲ့အကာအကွယ်မသုံးခိုင်းဘူး။ဒါကိုဟိုကောင်ကလည်းရယ်တော့ရယ်ရတယ်ဗျ။

ဟိုကပြောတာတစ်မျိုး

သူကတွေးတာတစ်မျိုးကွန်ဒုံးကိုအဖော်တံဆိပ်သုံးလို့သူနဲ့မနေနဲ့ပြောတာထင်လို့တဲ့။နိုင်ငံခြားဖြစ်သွားဝယ်လေရဲ ့။

အဖော်ကဈေးပေါတယ်လေ။

ပြန်လည်းရောက်ရောတန်းမေးပါလေရော…..

“နင့်ကငါ့ကိုမယုံလို့လားတဲ့”

ဘုရားရေ…..ဟိုကောင်ကယုံရရဲ ့လား၊မယုံရဘူးလားတော့သူ မစဉ်းစားပဲနဲ ့

သူကတောင်ပြန်မေးလိုက်သေးတယ်။

ကျွန်တော့်သူငယ်ချင်းလည်းဘာလုပ်ရမှန်းမသိဖြစ်သွားတာပေါ့……။

ဘာဆက်ဖြစ်မယ်ထင်လဲ…..

ဟိုကောင်ကမူးနေတယ်၊ကောင်မလေးကဖြူတယ်၊လှတယ်။

တဏှာရာဂမီးကခေါင်းထဲကဖောက်ထွက်တော့မယ်အချိန်ဆိုတော့ကွန်ဒုံးမသုံးဘဲနေလိုက်ပါလေရော။

သူအခုအရမ်းလန့်နေပီပေါ့…………………..။

(ကိုရီးယားကားကိုကြိုက်တဲ့သူတွေအတွက်ကျွန်တော်လည်းကိုရီးယားကားလို

အပိုင်းလေးတွေခွဲပြီးဆက်လက်တင်ပြပါမည်။)ကျွန်တော်တင်ပြသည်ကိုမြင်ကဆွဲမစိတ်ရ…. 😛

စာအရေးအသားကြမ်းရင်ခွင့်လွှတ်ပါ။

 

25 comments

  • alinsett

    September 1, 2011 at 2:52 pm

    အင်း…. ဝင်ရောက် ဖတ်ရှု သွားပါကြောင်း…

  • yetazar

    September 1, 2011 at 3:17 pm

    ကောင်းပါတယ် ။ တင်ထားတာလေး ။ ဗဟုသုတပေါ့ ။ ဒါမျိုးတွေက တစ်ကယ်လဲ ဖြစ်တတ်ပါတယ် ။ ဖြစ်ခဲ့တဲ့သူတွေကိုလဲ မြင်ဖူးပါတယ် ကြားဖူးပါတယ် ။ ရှောင်နိုင်ရန် အကောင်းဆုံးဆိုပေမယ့် မရှောင်နိုင်တော့တဲ့အခါတွေမှာ အဖေါ်ဆောင်တာအကောင်းဆုံးပါပဲ ။ အဖေါ်ဆောင်ထားတယ်ဆိုတာ ရှက်စရာမဟုတ်ပါဘူး ။ ကျန်းမာရေးအတွက် အိပ်ကပ်ထဲမှာအမြဲရှိနေသင့်ပါတယ် ။ ဒုတိယပိုင်းကိုစောင့်မျှော်နေပါ့မယ် ။

  • lusoegyikoko

    September 1, 2011 at 3:32 pm

    စိတ်ဝင်စားဖို့ကောင်းတယ်။ကွန်းဒုံးကို မြန်မာ့ လူမှုဝန်းကျင် မှာလက်ခံဖို့ လိုတယ်ထင်ပါတယ်။ ဘယ်လိုသဘောရကြပါလဲ။

  • myanpyithar

    September 1, 2011 at 4:14 pm

    လူတွေလဲသိသိကြီးနဲ့မိုက်နေကြတာဗျ..
    ဒီပို့စ်ပါအတိုင်းဆိုပညာပေးလဲမလိုက်နာရင်အလကားဘဲပေါ့.ဗျာ.
    ဒါကြောင့်သိရက်နဲ့စိတ်အလိုကို.ဦးစားပေးခဲ့ရင်တော့ ခံပေါ့..သူ့ထိုက်နဲ့သူ့ကုံ

  • R Ga

    September 1, 2011 at 4:20 pm

    ယုံကြည်စိတ်ချ၊ အဖော်နဲ့မှ…သာယာလှပ စိုပြေသွား…။
    ဆက်ရေးပါ စောင့်ဖတ်နေပါတယ်။

  • မီးမီး သော်

    September 1, 2011 at 4:22 pm

    ခုလိုမျိုးတွေ ့ရကြားရတာစိတ်မချမ်းသာလိုက်တာ။သားဆက်ခြားပညာပေးရေးမှာလဲ ကွန်ဒုံးက အသုံးဝင်တယ်လေ။သတိဆိုတာပိုတယ်ကိုမရှိပါဘူး။

  • etone

    September 1, 2011 at 4:43 pm

    တဏှာရာဂစိတ် ပြင်းပြနေချိန် အသိဉာဏ် မဲ့တတ်ပါတယ် .. အထူးသဖြင့် ဆယ်ကျော်သက်လူငယ်တွေ သောက်စား မူးယစ်နေချိန်မှာပေါ့ …။ မဖြစ်သင့်တာ မဖြစ်ရအောင် အသိနဲ့ ယှဉ်ပြီး ကာကွယ်သင့်တာပါ … ။ ပိုးဆိုတာ မျက်စိနဲ့ မမြင်နိုင်တာမို့ … ဘယ်လောက် အပြင်ပန်းလှလှ ပိုးရှိမရှိမသိနိုင်မပါဘူး .. တဒင်္ဂမှားတာနဲ့ တသက်လုံး ဆုံးရှုံးရနိုင်ပါတယ် … လူငယ်တွေ ဆင်ခြင်ကြပါ … ။

    • etone

      September 1, 2011 at 4:47 pm

      နောက်တစ်ခုရှိသေးတယ် … lip kiss ကနေ ကူးနိုင်ပါသတဲ့လေ …။
      လေးလုံးရောဂါ အဓိကက သွေးနဲ့ လိင်အင်္ဂါက ထွက်တဲ့ အရည်တွေမှာ ပါတဲ့ ပိုးက ကူးတာမို့လို့ .. သွားပွတ်တံတွေကြောင့် … သွားဖုုံးတွေ စုတ်ပြဲနေမယ် ၊ နှုတ်ခမ်းတွေ ဆုတ်ပြဲနေမယ်ဆိုလျှင်လည်း … kiss တစ်ခုကနေ ကူးပါသတဲ့လေ … ရှောင်ရှားကြပါ … 🙄

      (ဒါတွေ ရေးပြလို့ ညစ်တီး ညစ်ပတ်တွေ ရေးနေတယ်လို့ .. ကြားအောင် တမျိုး မကြားအောင် တမျိုးရွာထဲ ဝေဖန်နေတဲ့ လူတွေ ရှိပါတယ်…သို့သော်လည်း …. လူတိုင်း သိသင့်သည့် ကျန်းမာရေး ကိစ္စများဖြစ်လို့ … ရှောင်ရှားနိုင်အောင် အသိဖလှယ်တဲ့ သဘောနဲ့ … ရေးလိုက်ပါတယ် … နားနဲ့မနာပဲ ဖဝါးနဲ့ နာကြပါလို့ ………။ )

      • Foreign Resident

        September 1, 2011 at 5:22 pm

        I think,
        HIV virus cannot survives in Human saliva &
        the possibility of infected through saliva is only 1 %.
        ( I am not so sure, but, I am not dare to ask my wife about it, Hee Hee )

        • etone

          September 2, 2011 at 10:01 am

          ကိုနိုင်ငံခြားသားကြီးရေ .. ကျွန်မရေးတာ ပြန်ဖတ်ပါဦး တံတွေးက ကူးတယ်လို့ မပြောပါဘူး … အဓိက ထောက်ပြချင်တာ သွေးကပါ … ။ တချို့သောသူများ သွားတိုက်လျှင် သွားပွတ်တံကြောင့် သွားဖုံးတွေ ပွန်းပဲ့ယောင်ရမ်းနေတာမျိုး .. သွားကြားထိုးတံကြောင့် ၊ သွားပဲ့ ခြင်းကြောင့် သွားဖုံး ပေါက်ပြဲ သွေးထွက်နေတာမျိုး … အချင်းချင်းဆုံသွားလျှင် မခက်ပေဘူးလား … ။ တစ်ယောက်ကလည်း သွားဖုံးက သွေးယိုတာမျိုးဖြစ်နေမယ် ..တယောက်ကလည်း ပွန်းပဲ့ဒဏ်ရာရှိမယ်ဆိုလျှင် … ကူးစက်နိုင်ချေ အများကြီးရှိတယ်နော် …. 😛

        • moethidasoe

          September 2, 2011 at 1:09 pm

          lip kiss ဆိုတဲ့အထဲမှာ french kiss လို့ ခေါ်တဲ့ သွေးထွက်အောင် နမ်းတာကို အဓိက ထား ပြောကြပါတယ် (ထန်တယ်လို့ ပြောရင် နည်းနည်း ရိုင်းပေမယ့် နားလည်လွယ်မယ် ထင်တယ်) တယောက်နှုတ်ခမ်း တယောက် ပေါက်ပြဲအောင် ကိုက်ကြတာကို ဆိုပါတယ်

          နှုတ်ခမ်းအနာ၊ သွားဖုံး အနာတွေက တကယ် နာနေရင် သိပ် မနမ်းကြပါဘူး

  • ရွှေဘိုသား

    September 1, 2011 at 6:46 pm

    ဗဟုသုတပေါ.ဗျာ ဆက်ရေး ကျနော် ရွှေဘိုက တောသားလေးက ဘာမှသိဘူးဗျ

  • မှော်ဆရာ

    September 1, 2011 at 6:51 pm

    ခင်ဗျားသူငယ်ချင်းက ပြန်မမေးဘူးလားဗျ
    နင်ကော င့ါကို ယုံလို့လား…
    ငါ့ဟာ ငါတောင် ပိုး ရှိမရှိမသေချာဘူးလို့လေ..
    ဒါလောက်ပြောလို့ သဘောပေါက်ပြီး အဖော်သုံးခိုင်းရင်တော့ တော်ရဲ့…
    ယုံတယ် ဒီအတိုင်းသာလာ ဆိုရင်တော့ သေပြီဆရာပဲ…
    ဒါဆို ကျွန်မကြောက်တယ် အနားမကပ်နဲ့ဆိုရင်လဲ သေပြီ ……
    အော် ဒီမိန်းကလေး ဘယ်လို မိန်းကလေးလဲ …..
    ဟိုးခေတ်က ရုပ်ရှင်ကားထဲကလို ကလေးလေးတစ်ယောက် သူ့ကြောင့်သေသွားလို့ ပြန်လျှော်ချင်လို့ ..မျိုးတောင်းတာလားမသိ…

  • ရဲအောင်

    September 1, 2011 at 9:06 pm

    သူ့မှာ ရှိနေမယ် ကောင်လေးတွေကိုလက်စားချေမယ် အပါခေါ်သွားမယ် ဆိုတဲ့ အခြေအနေမျိုးလဲဖြစ်
    နိုင်တယ် နော်၊
    ( တွေးကြည့်တာနော်၊ အထင်သေးစိတ်မထားပါဘူး) :mrgreen:

    • cobra

      September 1, 2011 at 10:14 pm

      ကိုရဲအောင်ရဲ ့အတွေးလည်းမှန်နိုင်တယ်။
      ဒါပေမယ့်သူတို့ကတခါမှမတွေ ့ဖူး ဘူး။
      အဲဒီနေ ့ကမှတွေ ့တာ။

  • noob

    September 2, 2011 at 4:08 am

    အဲဒီလိုကောင်မလေးမျိုး နဘန် 6 ချက် လောက်ရိုက်ပြီးပြန်လာရမှာ ဂျီကျစရာရှာလို ့ ဘာနဲ ့တူလဲဆိုတော့
    အီးကုံးတဲ့ လက်ကိုဆပ်ပြာနဲ ့ရေမဆေးပဲ ထမင်းစားသလိုကြီးဖြစ်နေမှာပေါ့ (ရောဂါပိုးဝင်ဖိုခွင့်ပြုပေးလိုက်သလိုပဲ) ကာမမှာ မွှန်းနေတော့ဉာဏ်တိမ်တာ ရှိစေတော့ရှိစေတော့

  • akswe

    September 2, 2011 at 9:37 am

    ဖတ်လို့ကောင်းတယ် ..
    အဓိက ခေါင်းစဉ်ကြီးမှာ စာလုံးပေါင်းမှားနေတာ အတော်ရုပ်ဆိုးတယ်..
    သတ်ပုံကျတာမဟုတ်ဘူး…စာလုံးပေါင်းကိုမှားနေတာ…(စ)လုံးနဲ့ (ဆ)လိမ် စာရိုက်ရင် နေရာအဝေး ကြီးပဲ
    (စောင်) က ခြုံတာ… (ဆောင် )က သယ်တာ ယူတာ ကိုယ်နဲ့မကွာ ထားတာ…မမှားသင့် ဘုူးလို့ ထင်တာပဲ
    မြင်ရတာ အတော် ကသိကအောက် နိုင်တယ် ..တစ်ယောက် ယောက် ပြင်ပေးကြပါလား ဟင်..

    • etone

      September 2, 2011 at 10:04 am

      အော် … အဘဆွေကလည်း … စာရေးသူက အဓိပ္ပါယ် နှစ်မျိုးဖြစ်အောင် ရေးတာပါတဲ့ အဟီး 😛 အဲ့ဒီပစ္စည်းလည်း စောင်လို လုံခြုံအောင် သုံးလို့ ရသလို ..သွားလေရာ သယ်ဆောင်သွားလို့လည်း ရပါသတဲ့လေ .. 😛 😛

    • cobra

      September 2, 2011 at 2:52 pm

      akswe ရေ…
      ခုလိုရှည်ရှည်ဝေးဝေးရှင်းပြတာကျေးဇူးတင်ပါတယ်။
      ဆက်လက်ဝေဖန်အကြံပြုပါဦး ခင်ဗျာ့….။
      ကျွန်တော်ပြောချင်တဲ့အဓိပ္ပာယ်ကိုရှင်းပြပေးတဲ့
      မetone ကိုလည်းကျေးဇူးတင်ပါတယ်။

      • akswe

        September 2, 2011 at 10:19 pm

        ဒါဆို လည်း မသိသေးတဲ့ အရာအတွက် ဗဟု သုတ ပေးတဲ့ ကိုမြွေဟောက်ကြီးကို ကျေးဇူး။

  • စုံ စုံ

    September 2, 2011 at 10:26 am

    etone ပြောမှဘဲအဖော်ရဲ့အသုံးဝင်မှုကိုသေချာသိသွားတော့တယ်
    ၂မျိုးတောင်သုံးလို့ရတာဘဲနော် 😛 😛 😛

  • sirhtut

    September 2, 2011 at 12:25 pm

    လူငယ်ပိုင်းက..ိုပညာပေးရမယ်…လူလတ်ပိုင်းတချို.တောင..်”မိုးရေချိုးပါတယ်..ဆိုမှ..မိုးကာမဝတ်ခိုင်းပါနဲ.” “သကြားလုံး..စားပါတယ်..ဆိုမှ..အခွံမနွှာပဲ..စားခိုင်းနေပြန်ပြီ”..ဆိုတာတွေ..စိတ်ပျက်ဖွယ်..ကြားနေရတုန်း

  • windtalker

    September 2, 2011 at 12:26 pm

    အားပေးတယ် ကိုကော်
    ဒီလို ပညာပေး ပို ့စ်မျိုးလေးတွေ
    ထပ်ဖတ်ရမယ် လို ့
    မျှော်လင့်နေပါတယ် နော်

  • cobra

    September 2, 2011 at 2:00 pm

    ခုလိုအားပေးကြတာကျေးဇူးတင်ပါတယ်။

  • yetazar

    September 3, 2011 at 2:53 pm

    ခုလိုတင်ပေးတာကိုလဲ ကျေးဇူးပါပဲ ခင်ည ။ 🙂

Leave a Reply