Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

လုံးပါးပါးသွားသော ပရုပ်လုံးကလေး(သို့)မီးခိုးတိတ်လုလုစက်ရုံ နှင့် ဝေးလွင့်သူတစ်ယောက်အပိုင်း(၁)

padonmarSeptember 7, 20111min61618

ကိုမောင်မောင်နဲ့ ဆွေဆွေဟာ ငယ်ကျွမ်းဆွေဇနီးမောင်နှံတွေ ဖြစ်ကြပါတယ်။ ဆွေဆွေက B.Sc အောင်ပြီး ရုံးတစ်ရုံးမှာ အလုပ်ဝင်လုပ်ခဲ့ပါတယ်။ ကိုမောင်မောင်ကတော့ သင်္ဘောသားတွေ ခေတ်ကောင်းတဲ့အချိန်မှာ B.E(Mech) နဲ့ ဘွဲ့ရပြီး သင်္ဘောသား ဖြစ်ခဲ့ပါတယ်။ သင်္ဘောသားဘဝနဲ့ အတော်လေး စုမိဆောင်းမိချိန်မှာ နှစ်ဦးသားလက်ထပ်ပြီး အမိမြေပေါ်မှာ မိသားစုဘဝ တည်ဆောက်ဖို့ အခြေချဖို့ ကြိုးစားခဲ့ကြပါတယ်။ ၁၉၉ဝ ခုနှစ်ပတ်ဝန်းကျင်မှာ သူတို့ဟာ အိမ်တွင်းစက်မှုလက်မှု လုပ်ငန်းလေးတစ်ခုကို စတင်တည်ထောင်နိုင်ခဲ့ပါတယ်။ အဲ့ဒီလုပ်ငန်းကတော့ “ဆွေမွန်” ဆိုတဲ့ ရှောက်သီးဆေးပြား ထုတ်လုပ်တဲ့ လုပ်ငန်းပါဘဲ။ မိသားစု အိမ်တွင်းအသေးစား စက်မှုလုပ်ငန်းလေးကို ထူထောင်ဖို့ ဆွေဆွေကလည်း ရုံးအလုပ်က ထွက်၊ ကိုမောင်မောင်လည်း သင်္ဘောမလိုက်တော့ဘဲ ဒီလုပ်ငန်းကိုပဲ ဖိဖိစီးစီးလုပ်ကိုင် ကြပါတယ်။ ရှောက်သီးစစ်စစ်၊ ငရုပ်သီးမှုန့်ကောင်းကောင်း(မှိုမတက်)၊ သကြားစစ်စစ်၊ နွယ်ချို ကောင်းကောင်း စတဲ့ ပစ္စည်းကောင်းတွေကို စေတနာနဲ့ သုံးထားတော့ စားသုံးသူတွေကလည်း သဘောကျကြပါတယ်။ နိုင်ငံခြားက ဆွေမျိုးသားချင်းတွေကို လက်ဆောင်ပေးဖို့တောင် အော်ဒါတွေ မှာကြပါတယ်။ မြန်မာပြည်အနှံ့အပြားလည်း ဖြန့်ဖြူးနိုင်ခဲ့ပါတယ်။ ပစ္စည်းကို Quality ညီညီရဘို့ Roller နဲ့ ရောစပ်နယ်တဲ့ စက်ကြီးတွေ၊ Packing လှလှထုပ်ဘို့ Auto packing machine တွေလည်း သုံးနိုင်ခဲ့ပါတယ်။ ဝန်ထမ်းအလုပ်သမလေးတွေ ၃ဝ လောက်ကို သုံးပြီး လက်မလည်အောင် လုပ်ခဲ့ရပါတယ်။ ၁ဝနှစ်လောက်အတွင်းမှာ ဒီလုပ်ငန်းက ရတဲ့ဝင်ငွေနဲ့ တိုက်ကလေးတစ်လုံးကိုလည်း ဆောက်နိုင်ခဲ့ပါ တယ်။ကားလေးတစ်စီးလည်း ဝယ်နိုင်ခဲ့ပါတယ်။

အဲဒီအချိန်မှာ ငွေဈေးက ၁ ဒေါ်လာကို ၃၀ဝ – ၄၀ဝ ကျပ် ပတ်ဝန်းကျင်မှာ ရှိပါတယ်။ အလုပ်သမလေးတွေရဲ့ လစာက ၂၅၀၀ဝ – ၃၀၀၀ဝ လောက်ပေးရင် ကလေးမလေးတွေ ပျော်ရွှင်နိုင်ကြပါတယ်။ သူတို့အိမ်တွေကိုလည်း ပြန်ထောက်ပံ့ပေးနိုင်ကြပါတယ်။ ရှောက်သီးဆေးပြား ၁ ထုပ်ကို ၅ဝ နဲ့ သွက်သွက်ကြီး ဖြန့်ဖြူးနိုင်ခဲ့ကြပါတယ်။

၂၀၀ဝ ခုနှစ်မှာ ငွေဈေးအပြောင်းအလဲတွေ စ ဖြစ်လာပါတယ်။ ၁ ဒေါ်လာကို ကျပ် ၄၀ဝ ကနေ တရိပ်ရိပ် တက်လာလိုက်တာ ၂၀၀၃-ခုနှစ် ပတ်ဝန်းကျင်မှာ ၈၀ဝ ကျပ် လောက်ထိ ရောက်လာပါတယ်။

ကုန်ကြမ်းဈေးတွေက တက်လာသလို အလုပ်သမလေးတွေရဲ့ လုပ်အားခကိုလည်း ၄၅၀၀ဝ – ၅၀၀၀ဝ လောက် ရအောင် တဖြည်းဖြည်း တိုးတိုးပေးလာရပါတယ်။ ရှောက်သီးဆေးပြား တစ်ထုပ်ရဲ့ ဈေးကိုလည်း ၅ဝ ကျပ် ကနေ ၁၀ဝ ကျပ် အထိ ရောက်အောင် တဖြည်းဖြည်း တင်ယူလာလို့ ရတော့ တွက်ခြေ ကိုက်နေသေးတယ် ဆိုပါတော့။

၂၀၀၆-၂၀၀ရ ပတ်ဝန်းကျင်မှာတော့ ငွေဈေးက ၁ ဒေါ်လာ ၁၀၀ဝ လောက်ဖြစ်လာပါ တယ်။

လုပ်ငန်းသုံးပစ္စည်းဖြစ်တဲ့ Plastic အိတ်တွေကို ဒေါ်လာနဲ့ ငွေချေရပါတယ်။ စားဝတ်နေရေး စားရိတ်တွေ တက်လာတော့ အလုပ်သမလေးတွေလည်း ညည်းလာပါတယ်။ ဒီကြားထဲမှာ နယ်စပ်ကစက်ရုံ တွေမှာ သွားလုပ်ရင် တစ်သိန်းအထက် ဝင်ငွေရမယ်။ ၁ဝ တန်းလောက် စာတတ်ရင် သူနာပြု အကူလျှောက်(သို့) စက်ချုပ်သင်၊ ငွေကို ချေးငှားပြီး (သို့) အိမ်ပေါင်ပြီး စင်္ကာပူ၊ မလေးရှား နိုင်ငံတွေကို ထွက်ပြီး အလုပ်လုပ်ရင် တစ်လတစ်လကို ၂ သိန်း ၃ သိန်း ရတယ်ဆိုပြီး အလုပ်သမားတွေ တစ်ဖြုတ်ဖြုတ်နဲ့ ထွက်ကုန်ကြပါတော့တယ်။ မီတာခ၊ ဖုန်းခ ကလဲ နှစ်ဆတက်လာတယ်။ မီးမလာလို့ မီးစက်မောင်းရပြန်တော့လည်း ဒီဇယ်ဈေးက ကြီး၊ စည်ပင်လိုင်စင်ကြေးကလည်း တက်၊ အစားအသောက် အန ္တရာယ်ကင်းကြောင်း F.D.A လက်မှတ်ရဖို့ကလည်း လိုင်းဝင်ရ၊ မြတ်မြတ် မမြတ်မြတ် ပေးရတဲ့ အမြတ်ခွန် ကလည်း တနှစ်ထက် တနှစ် အလျှော့မပေးစတမ်း တက်၊ ကုန်လိုက်ဖြန့်ဖို့ခေါ်ထားတဲ့ ဒရိုင်ဘာလခကလည်း တက်ပေးရ၊ အလုပ်သမလေးတွေအတွက် နေမကောင်းလို့ သွားပြရင် တနေကုန်စောင့်ရတဲ့ လူမှုဖူလုံရေးကြေးကလည်း ဆောင်ရ၊ ရပ်ကွက်ထဲမှာလည်း လုပ်ငန်းရှင်ဆိုတော့ မြို့နယ်က ခွဲသမျှ သာရေးနာရေးအလှူငွေတွေ အချိုးကျဝင်ပါရနဲ့ အထွေထွေ စရိတ်တွေကတော့ တက်သထက် တက်လာပါတယ်။ ဒါပေမယ့် ရောင်းကုန်ဖြစ်တဲ့ ရှောက်သီးဆေးပြားဈေးကတော့ ၁ထုပ်ကို ၁၀ဝ ထက် ပိုတက်လို့ မရပါဘူး။ အပြိုင်အဆိုင် ရောင်းရတဲ့ တရုတ်နဲ့ ယိုးဒယားကဝင်တဲ့ ယိုစုံတွေ၊ ရှောက်သီးဆေးပြားတွေ၊ မန်ကျည်းတော်ဖီတွေက အရသာလည်းကောင်း၊ ဈေးကလည်းချို ၊ Packing လည်း လှတဲ့အပြင် ဖန်ခွက်လိုမျိုး လက်ဆောင်က ပါသေးတယ်။ အဲဒီတော့ ရောင်းအားကလည်း တစ်စထက်တစ်စ ကျလာပါတယ်။

မွေးထားတဲ့ သားသမီးလေးတွေကလည်း ၉ တန်း ၁ဝ တန်းရောက်လာတော့ အမှတ်ကောင်းဖို့ ဝိုင်းကျူရှင်ဘိုး၊ သူတို့ခေတ်နဲ့အညီ နေနိုင်ဘို့ ကွန်ပျူတာ၊ အင်္ဂလိပ်စာ Speaking စတဲ့ သင်တန်းကြေးတွေကလည်း ပိုပိုပြီး ကုန်ကျလာပါတယ်။ အတူနေတဲ့ ဆွေဆွေ့အမေကလည်း ကျန်းမာရေးမကောင်းတော့ ဆေးဘိုးဝါးခကထောင်းတော့ ရတဲ့ဝင်ငွေဟာ အိမ်ရဲ့ စားစရိတ်ကိုတောင် မကာမိတော့ပါဘူး။

ဒီအချိန်မှာ ကိုမောင်မောင်နဲ့ ဆွေဆွေတို့ ခေါင်းချင်းရိုက်ရပါပြီ။ ကိုင်း ဒို့ဘာဆက်လုပ်ကြမလဲလို့ပေါ့ ။

18 comments

  • MaMa

    September 8, 2011 at 6:51 am

    (ကိုင်း ဘာဆက်လုပ်ကြမလဲ။)
    စိတ်ဝင်စားစရာပါ။ ဖတ်ပြီး အတွေးတွေ များသွားရတယ်။ ကိုယ်သာကြုံတွေ့လာရရင် ပြဿနာကို ဘယ်လိုဖြေရှင်းရမလဲလို့ စဉ်းစားမိတယ်။ ကုန်ကျစရိတ်ကို လျှော့ချရမလား။ လုပ်ငန်းအသစ်ပြောင်းရမလား။
    တကယ့်လက်တွေ့မှာ လုပ်ငန်းတခုအောင်မြင်အောင် ထူထောင်ဖို့ မလွယ်သလို လက်ရှိလုပ်နေတဲ့ လုပ်ငန်းကို ဖြုတ်ဖို့ ဆိုတာလည်း မလွယ်လောက်ဘူး။
    စာရေးသူရဲ့ ဇာတ်လမ်းဆက်ကို မျှော်လင့်နေမိတယ်။ 🙁

  • weiwei

    September 8, 2011 at 8:13 am

    စိတ်ဝင်စားစရာပါပဲ …
    ကျွန်မတို့ မိသားစုတွေလဲ အဲဒီလိုအခြေအနေမျိုး ခဏခဏဖြစ်ခဲ့ကြဖူးပါတယ် …
    ခေါင်းချင်းဆိုင်ပြီး ဘာဆက်လုပ်ကြမလဲဆိုတာမျိုး ပေါ့ ….
    အခုနောက်ဆုံးအနေအခြေမှာတော့ ဘာမှမလုပ်ပဲ ထိုင်စားတာကမှ မရှုံးဘူးဆိုတဲ့ အခြေအနေမဟုတ်လား ….

  • kai

    September 8, 2011 at 8:19 am

    အလုပ်သမားရှားပါးမှုပြသနာဟာ.. မြန်မာပြည်.. မကြာခင်နှစ်တွေမှာ.. အကြီးအကျယ်ရင်ဆိုင်ရဖို့ရှိပါတယ်..။
    ကျွမ်းကျင်အလုပ်သမား… ပိုလို့တောင်ရှားပါးနိုင်ပါတယ်..။

    ဒါကြောင့်.. တခါကပြောဖူးတယ်..။
    မြန်မာပြည်ပြသနာဟာ.. လူဦးရေပြသနာပါလို့..။
    အခုလောက်ရှိတဲ့..တိုင်းပြည်အကျယ်နဲ့… သန်း၆ဝ လူဦးရေနည်းရတဲ့အထဲ.. လုပ်အားနဲ့..အရင်းအမြစ်ဖြုန်းတီးတာတွေကတမှောင့်မို့… ဒုက္ခတွေဝေနေဦးမယ်ထင်မိတာပါပဲ..။

    အင်္ဂလိပ်ခေတ်ကလည်း.. မြန်မာ့မြေပေါ်မှာ.. အလုပ်တွေလုပ်ကြဖို့.. အိနိ္ဒယတိုက်ငယ်ကလူတွေအများကြီးသွင်းလာခဲ့ရဖူးတယ်..။
    တရုတ်တွေလှိမ့်ဝင်လာခဲ့ဖူးတယ်..။ အရှေ့တောင်အာရှရဲ့.. နိုင်ငံသားတွေ.. လာရောက်အလုပ်လုပ်နိုင်ရာ.. နိုင်ငံဖြစ်သွားခဲ့ဖူးတယ်..။

    ရှေ့ရေးမြင်တဲ့.. အစိုးရဟာ.. မွေးလာမဲ့ကလေးတွေ..မွေးပြီးကလေးငယ်တွေအတွက်.. ထောက်ပံ့ကြေးတခုပေးမယ် မက်လုံးပေးပြီး.. မြန်မာ့လူဦးရေတက်လာအောင် ..အားစိုက်လုပ်သင့်တယ်..။
    သာသနာဘောင်ကို ..လူတိုင်းလွယ်လွယ်နဲ့.. မဝင်နိုင်အောင်.. အတားအဆီးတွေ..စည်းကမ်းတွေ.. တင်းတင်းကြပ်ကြပ်…ချသင့်တယ်..။
    စစ်သားတွေကို.. ကုလသမဂ္ဂငြိမ်းချမ်းရေးတပ်ထဲပို့ပစ်ပြီး.. နိုင်ငံခြားငွေရှာသူတွေဖြစ်အောင် လုပ်သင့်တယ်..။
    နိုင်ငံသားပြုနိုင်တဲ့ဥပဒေတွေကို.. လျှော့ချပြိး.. ဒေါ်လာ၁သိန်းယူလာရင်..အမြဲတန်းနေထိုင်ခွင့်( PR)..အဲဒီကနေ.. ၅နှစ်ကြာရင်.. နိုင်ငံသားပေးမယ်ဆိုတဲ့.. ဥပဒေအသစ်ပြဌာန်းသင့်တယ်..။

    ==
    အပေါ်က.. ပဒုမ္မာရဲ့ စာနဲ့တော့ သိပ်မဆိုင်ပါဘူး..။
    ဒါပေမဲ့.. အသက်ကယ်ထွက်ပေါက်က..နိုင်ငံခြားထွက်ဖို့ဖြစ်လာနိုင်တာမို့.. နိုင်ငံခြားကလူတွေ ပြည်တော်ဝင်တာနဲ့.. ဆက်စပ်လိုက်ပြီး .. အတွေးလေးတွေချရေးထားလိုက်တာပါ…။ 🙂

    • Harumoto

      September 8, 2011 at 1:10 pm

      “စစ်သားတွေကို.. ကုလသမဂ္ဂငြိမ်းချမ်းရေးတပ်ထဲပို့ပစ်ပြီး.. နိုင်ငံခြားငွေရှာသူတွေဖြစ်အောင် လုပ်သင့်တယ်..။
      နိုင်ငံသားပြုနိုင်တဲ့ဥပဒေတွေကို.. လျှော့ချပြိး.. ဒေါ်လာ၁သိန်းယူလာရင်..အမြဲတန်းနေထိုင်ခွင့်( PR)..အဲဒီကနေ.. ၅နှစ်ကြာရင်.. နိုင်ငံသားပေးမယ်ဆိုတဲ့.. ဥပဒေအသစ်ပြဌာန်းသင့်တယ်..။”
      ဒီလို တွေးနိုင်တဲ့ သူတွေ ကို အကြံ ပေး ပုဂ္ဂိုလ် များအဖြစ် သတ်မှတ်ပြီး နိုင်ငံတော်က အကြံတောင်းသင့်ပါတယ်။

    • nature

      September 9, 2011 at 12:12 am

      တောတွေမှာတော့ ပဲခူးဖို့လူတွေရှားနေတယ်ပြောတယ်။ လူဦးရေပြဿာနာလို့ပြောနေပေမဲ့လည်း ခက်နေတာက လ္ဘက်ရည်ဆိုင်တော်တော်များများမှာ လူပြည့်နေတာပဲ။

  • weiwei

    September 8, 2011 at 9:20 am

    အခု အစိုးရသစ်လက်ထက်မှာ စီးပွားရေး ပေါ်လစီတွေကို သိသိသာသာပြောင်းလဲလာတာတွေ့ရပါတယ် …
    လူတွေကတော့ ခေါက်ရိုးကျိုးနေလို့ ပြောင်းလဲမှုတော့ သိပ်မြန်မှာ မဟုတ်ဘူးပေါ့ … နောင်နှစ်အနဲငယ်အတွင်း တိုးတက်လာတာ တွေ့ရမယ်လို့ မျှောင်လင့်မိပါတယ် …

  • parlayar46

    September 8, 2011 at 10:27 am

    ဒီအဖြစ်မျိုးဆန်ဆန်ကို ပတ်ဝန်းကျင်မှာလဲ အများအပြားတွေ့ခဲ့ဘူးပြီး –
    ကိုယ်တိုင်လဲ သေသေချာချာကို အီစိမ့်နေအောင် ကြုံခဲ့ဘူးပါတယ်။
    ပြောရရင် အခုလဲ ကြုံနေဆဲပါပဲ ….
    လူလတ်တန်းစားအောက်လွှာ သို့မဟုတ် အငယ်စားအလတ်စား ရိုးရိုးကုန်ထုတ်လုပ်ငန်းငယ်တွေရဲ့ ဝေဒနာပါပဲ…။

    ကျုပ်အမြင်တော့ –
    လက်ရှိစီးပွားရေးပုံစံပြောင်းသွားတယ်ဆိုရင်တောင်မှ
    အဲဒီ အငယ်စားအလတ်စား ရိုးရိုးကုန်ထုတ်လုပ်ငန်းငယ်တွေရဲ့ အနာဂတ်က တော့ ကောင်းတဲ့ပုံနဲ့ပြောင်းသွားမယ်မထင်ဘူး …
    ပြုတ်သွား / တခြားကြီးတဲ့ဟာနဲ့ ပေါင်းသွား တဲ့နည်းနဲ့ ပြောင်းသွားကြရမှာ စိုးမိတယ်။

    နောက်ပိုစ့်ကို ဆက်ဖတ် ဆက်မန်း ပါဦးမယ်။

  • မီးမီး သော်

    September 8, 2011 at 1:16 pm

    အိမ်မှုကိစ္စတွေနဲ ့စီးပွားရေးနဲ ့ရောထွေးသွားတော့ အားလုံးစိတ်ညစ်စရာကြီးနော်။

  • padonmar

    September 9, 2011 at 7:25 am

    သူတို့ ဘယ်လိုထွက်ပေါက်ရှာသွားကြလဲ ဆိုတာ ဆက်ရေးနေပါတယ်၊
    အပိုင်း(၂) မတင်ခင် ရွာသူရွာသားများသာ သူတို့နေရာမှာဆိုရင် ဘာဆက်လုပ်မလဲ ဆိုတာလဲ သိချင်ပါတယ်၊
    lateral thinking ပေါ့။

  • ကြောင်ကြီး

    September 9, 2011 at 9:46 am

    မောင်မောင်နဲ့ ဆွေဆွေတို့အတွက် ဦးကြောင်လာပြီ၊ မပူကြနဲ့။ ဒေါ်ပဒုမ္မာစာအရ
    ပစ္စည်းကုန်ကြမ်း – ပြည်တွင်း
    ပက်ကင်ကုန်ကြမ်း – ပြည်ပ
    ငွေလှဲနှုန်း – ကျပ်ငွေဈေးကျ
    လုပ်ငန်း – ပြည်တွင်းအသေးစား – အလတ်စား
    နည်းပညာ – အလုပ်သမားအားပြု၊ အဆင့်မမြင့်
    ကျွမ်းကျင်အလုပ်သမား – ပြည်ပထွက်ကုန်သဖြင့်ရှားပါးလာ
    ဈေးကွက် – အင်ပို့ပြိုင်ဆိုင်မှုကြီးမား၊ ဝယ်သူဈေးကွက်
    အခွန်၊လိုင်စင်နှင့် အခြားစရိတ်စက – မြင့်တက်လာ
    အထက်ပါအချက်များမှာ ရှောက်သီးဆေးပြားကုန်ကြမ်းတခုသာ လုပ်ငန်းရှင် ထိန်းချုပ်နိုင်ပြီးနဲ့ ကျန်တာတွေက ထိန်းချုပ်လို့မရတာ နှစ်ပိုင်းခွဲမြင်နိုင်ပါတယ်။
    SWAT Analysis အရ မိမိမှာရှိတဲ့ အားသာချက် Strength သည် ပြည်တွင်းဈေးကွက် အတွေ့အကြုံ၊ ကျွမ်းကျင်မှုနဲ့ ပြည်တွင်းမှတ်ပုံတင် လုပ်ငန်းဖြစ်ပါတယ်။ အားနည်းချက် Weakness တွေကတော့ အထက်မှာပြောခဲ့တဲ့ အချက်တွေကို ပြန်မတွန်းလှန်နိုင်တာဖြစ်ပြီး၊ အခွင့်အလမ်း Opportunities က ကုန်ပစ္စည်းအမျိုးအစားအသစ်၊ ဈေးကွက်အသစ် နဲ့ ခြိမ်းချောက်မှု Threat ကတော့ ပြောထားတဲ့ အားနည်းချက်တွေပါ။
    ဒါကြောင့် ထိန်းချုပ်နိုင်မယ်လို့ ယူဆတဲ့၊ အားသာချက်ဖြစ်တဲ့၊ အခွင့်အလမ်းရှိတာကို အားပြု စဉ်းစားပါမယ်။ ရှောက်သီးဆေးပြားတခုထဲသာမက အခြားနီးနီးကပ်ကပ် ဆက်နွယ်ရာ ဥပမာ- ရှောက်ယို၊ ရှောက်ပေါင်း၊ အချဉ်ထုပ်၊ တိုင်းရင်းဆေးတို့ကို တိုးချဲ့ထုတ်လုပ်ပါ။ ဆိုက်ကြီးကြီးနဲ့ ပိုရောင်းနိုင်ဖို့ကြိုးစားပါ။ ဖြန့်ဖြူးရေး လမ်းကြောင်းများမှ အရောင်းနေရာ အသစ်များရှာပါ။ ကုန်ပစ္စည်း အတွဲလိုက် ထုတ်ရောင်းခြင်းဖြင့် ဈေးကွက်မြင့်တင်နိုင်ပါတယ်။ ဥပမာ – တိုင်းရင်းဆေးနဲ့ ရှောက်ပေါင်း၊ အချဉ်ထုပ်နဲ့ ရှောက်သီးဆေးပြား။
    ပက်ကင်ပိုင်းမှာ ပလပ်စတစ်အစား အခြားအစားထိုး ဥပမာ – စက္ကူအိတ်၊ ကတ်ထူစက္ကူဗူးနဲ့ ပြောင်းထုတ်နိုင်မလား ကြံဆကြည့်ပါ။ မဖြစ်နိုင်ဖို့တော့ များပါတယ်။
    များများထုတ်၊ မြန်မြန်ရောင်းနိုင်ရင် (mass production) ကုန်ပစ္စည်း တခုခြင်းအရင်းတန်ဖိုး ကျသွားမယ့်အပြင် အရင်ကထက် ပိုဝယ်ရလို့ ကုန်ကြမ်းစရိတ် သက်သာနိုင်ပါတယ်။ ဒီနေရာမှာ တွက်ရမှာက discount များများရအောင် ကုန်ကြမ်း ထုလိုက်ထည်လိုက် bulky shipment ဝယ်မလား၊ သိုလှောင်စရိတ် သက်သာအောင် ကွက်တိ just in time လုပ်မလား၊ ကိုယ့်ဖာသာကိုယ် ဆုံးဖြတ်ပါ။ အရောင်းကို မထိခိုက်စေဖို့တော့ အရေးကြီးပါတယ်။

    ဝန်ခံချက်။။။။ ကျနော် ရှောက်သီးဈေးပြားလုပ်ငန်းအကြောင်း မသိပါဘူး။ ပုပုကိုမေးကြည့်တော့ သူကျွမ်းကျင်တဲ့ နယ်ပယ်ဖြစ်လို ့နေပါတယ်။ ဒါကြောင့် သူ့ကို ဆက်သွယ်ရင် ပိုကောင်းမွန်တဲ့ အကြံပေးချက် ရနိုင်စရာရှိပါတယ်။

  • Shwe Ei

    September 9, 2011 at 9:52 am

    ကျွန်မတော့ စီးပွါးရေးနဲ့ ပတ်သတ်ရင် အကြံကောင်းသိပ်မထွက်လို့ နောက်ပို့စ်ပဲမျှော်တော့မယ်။

  • etone

    September 9, 2011 at 10:01 am

    1.ကျွန်မသာဆို … ကိုယ်ခက်ခက်ခဲခဲ တည်ထောင်ထားတဲ့ လုပ်ငန်းကို ရပ်ပစ်ဖို့ အတွေးထက် … ဘယ်နေရာကနေ အသုံးစရိတ် (လုပ်ငန်းသုံး ၊အိမ်သုံး) လျှော့ချနိုင်မလဲ စဉ်းစားမှာပါ … ။ 2.အပြိုင်ဆိုင်ဝင်လာတဲ့ တရုတ်ဈေးကွက်ကို အလဲထိုးဖို့ … ပါကင်ပုံစံကအစ ပြောင်းမယ်(ဈေးအမျိုးစားသိပ်မကွာပဲ အမြင်ကွာတာမျိုး) … ကွာလတီနည်းနည်းထပ်မြင့်မယ် … အရင်းထက် နည်းနည်းပဲ ပိုတင်ပြီး (ကိုယ်လည်းမရှုံးတဲ့ အနေထား) .. ဈေးချ ဖြန့်မယ် … ။ အလုပ်သမားတွေကို ကျွမ်းကျင်အလုပ်သမားနဲ့ သာမန်အလုပ်သမား ခွဲလိုက်ပါ .. ကျွမ်းကျင်အလုပ်သမားရှိနေလျှင် .. သာမန်လုပ်နိုင်သူထဲက တယောက်ကို လျှော့ချရပါမယ် … အလုပ်နှစ်ဆလုပ်နိုင်တဲ့ ကျွမ်းကျင်အလုပ်သမားကို ထွက်သွားတဲ့ အလုပ်သမားရဲ့ တဝက်လောက်ပိုပေးလိုက်ပါ … အလုပ်လည်း ပြီးတဲ့ အပြင် ဟိုသာမန်တယောက်ကိုပေးမဲ့ ပိုက်ဆံ တဝက်သာတယ် … ပိုလုပ်ရတဲ့လူကလည်း ပိုရတယ်ဆိုတော့ .. ငါးကြင်းဆီနဲ့ ငါးကြင်းပြန်ကြော်သလိုပါပဲ .. ။
    3. ရှိသမျှလေး ကုတ်ခြစ်ပြီး ကြောငြာအား ကောင်းကောင်းသုံးမယ် … နောက်တဆက်တည်း ပရိုမိုတာတွေကို အကျိုးခံစားခွင့် ပေးပြီး ဈေးကွက်ထဲ ဖြန့်ဖြူးခိုင်းမယ် … လက်လှမ်းမှီလျှင် မှီသလောက် နယ်ဈေးကွက်ထဲ ဆင်းမယ် … ။ Export အဆက်သွယ်ရှိလျှင်လည်း … တင်ပို့နို်င်အောင် ဈေးကွက်ချဲ့ထွင်မယ် … ။ လုပ်ငန်းလည်ပတ်မှု ့စရိတ်စကနဲ့ အလေလွင့် ဆုံးရှုံးမှူကို အတတ်နိုင်ဆုံးလျှော့ချမယ် … ။
    4.ထို့အတူ … အိမ်သုံးစရိတ် ကိုလည်း ဝင်ငွေနဲ့ ထွက်ငွေ ညှိအောင် နည်းနည်းထိန်းမယ် … ။ ကိုယ်တိုင်ကလည်း လုပ်ငန်းကို မန်နေဂျာဆိုတာမျိုး ၊ ဆွေမျိုးဆိုတာမျိုးနဲ့ လွှဲမထားပဲ .. အလျဉ်းသင့်လျှင် သင့်သလို … ကုန်ကြမ်းဝယ်တဲ့ စာရင်းကအစ ၊ မီတာခအဆုံး အောက်ခြေထိ အပ်ကျတာက အစ သိအောင် စစ်ဆေးသင့်ပါတယ် .. ။
    ဒါဆိုလျှင် လုပ်ငန်းလည်ပတ်မှူ ပိုသွက်လာမယ်လို့ ထင်ပါတယ်… ။ Q’ty များများထုတ်နို်င်လျှင် .. အမြတ်နည်းတယ်ဆိုပေမဲ့ .. လုပ်ပျော်တဲ့ အလုပ်ဖြစ်လာမှာပဲ လေ … တရုတ်ဈေးကွက်က အဲ့ဒီလို mass production များများလုပ်ပြီး … စားနေတာ .. ။

  • zawmaung

    September 9, 2011 at 10:51 am

    There are many work force in Myanmar .
    There are many people looking for Jobs. There are many Jobs available for works. The problem is no skill.

  • padonmar

    September 9, 2011 at 7:32 pm

    စိတ်ဝင်တစားနဲ့ comment ပေးကြတဲ့သူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။
    အထူးသဖြင့် Business Management နဲ့ ပတ်သက်ပြီး လေးလေးနက်နက် အကြံပေးထားတဲ့ ဦးကြောင်နဲ့ Etone ကို ကျေးဇူးကမ္ဘာပါ၊
    အခက်အခဲကြုံလာရင် ပညာတတ်တဲ့သူက လွယ်လွယ်ကူကူ ဖြေရှင်းနိုင်တယ်ဆိုတာ ပြသလိုပါဘဲ၊
    နောင်ကြုံလာရင် ဒီနည်းလမ်းတွေ သုံးကြည့်ပါမယ်။
    ကိုမောင်မောင်နဲ့ ဆွေဆွေကတော့ ဒီ Theory တွေ မသိတော့ သူတို့ရဲ့ထွက်ပေါက်က တစ်မျိုးဖြစ်သွားပါတယ်။
    မနက်ဖန် connection ကောင်းရင် အပိုင်း(၂)တင်ပါမယ်။

  • ဆူး

    September 9, 2011 at 10:07 pm

    အချိန်မှီသေးလားလို့.. ဝင်ပါမလို့..
    ရှောက်သီးဆေးပြား လုပ်တဲ့ လုပ်ငန်း ထွက်ပေါက် ပိတ်နေတယ်ဆိုတဲ့ ကိစ္စလေးမှာ တခု ပြောစရာ ရှိပါတယ်။ ပြည်ပကနေ ဒေါ်လာနဲ့ ဝယ်ရတဲ့ ပါကင် ပစ္စည်းတွေကို ပြန်လည် သုံးသပ်သင့်တယ် ထင်တယ်။
    ပစ္စည်းတော်တော် များများ ဒီမှာ ထုတ်နိုင်နေပါပြီ။

    ရှောက်သီးဆေးပြား လုပ်ငန်းမှ မဟုတ်ပါဘူး ဘယ်လုပ်ငန်းမှာ မဆို အပြိုင်အဆိုင်နဲ့ ခေတ်နဲ့ အညီ ပြောင်းလဲနိုင်ဖို့ လိုပါလိမ့်မယ်။ အပြောင်းအလဲ နောက်ကျရင် ကိုယ်က ကျန်နေတတ်ပါတယ်။

    ရှောက်သီး ဆေးပြား ကို ၁၀ဝ ထက် ပိုတိုးပြီး ရောင်းလို့ မရပေမဲ့.. ဆေးဆိုင်တွေမှာ ရှောက်သီးဆေးပြား အတောင့် ရှည်ရှည်ကြီးတွေ ပုလင်းနဲ့ ထည့်ရောင်းတဲ့ အစာကြေဆေး လေနိုင်ဆေး ဆိုတဲ့ ဟာတွေကလည်း တပုလင်းကို ၅၀ဝ နဲ့ ရောင်းပါတယ်။အတုံး အတစ်တွေ ဆိုရင်တော့ အများကြီး ဆန့်လောက်တယ်။ အတောင့်ရှည်ရှည်တွေက သိပ်မဆန့်တဲ့ သဘောမျိုးနဲ့ ပစ္စည်းခိုထားတယ်။
    တိုင်းရင်းဆေးဆိုပြီး ထုတ်တဲ့ ရှောက်သီးဆေးတောင့်တွေ ရောင်းတဲ့ ဗူးတွေက မြန်မာပြည်မှာ လုပ်ပါတယ်။ ဗူးတဗူး တန်ကြေး ၁၀ဝ ဝန်းကျင်သာ ရှိပါလိမ့်မယ်။ ၁၀ဝ ထက်တောင် နိမ့်ပါလိမ့်မည်။ ပစ္စည်းကလည်း သန့်ရှင်းမှု အပိုင်းတော့ မသိဘူး သေချာတာကတော့ ထို အတောင့်တွေမှာ ရှောက်သီးအစေ့ခွံတွေပါတတ်တယ်။ စပါးခွံတွေ ဝါးမိသလိုပါပဲ။ ဒါတောင် မက်မက်မောမော စားနေကြပါသေးတယ်။

    တိုင်းရင်းဆေးနည်း အနေနဲ့ ထုတ်မယ် ဆိုရင် ပိုပြီး အဆင်ပြေလိမ့်မယ်လို့ ယူဆပါတယ်။ ဒါပေမဲ့ တိုင်းရင်းဆေး ဆိုပြီး ထုတ်ရင်တော့ စာရွက်စာတမ်း ကိစ္စတွေကတော့ အများကြီး ရှိပါတယ်။
    ဒီကိစ္စကတော့ ကိုယ်ဟာကို စုံစမ်းပေါ့။

    ဒီလိုမှ မရဘူး ဆိုရင်တော့ ရှောက်သီးဆေးပြား လုပ်ငန်း အပြင် ရှောက်ယို နဲ့ ရှောက်ပေါင်း တွေကို သေချာ လုပ်ပြီးတော့ နိုင်ငံခြား ဈေးကွက်ကို ချဲ့ထွင်နို်င်အောင် စုံစမ်းသင့်တယ်။ ဈေးကွက်ချဲ့ထွင် ချင်တိုင်း အဆက်အသွယ်က ရှိမှ ဖြစ်တာဆိုတော့ စိတ်မှန်းသလောက်တော့ မလွယ်လှဘူးဆိုတာ သိပါတယ်။ အကြံပေးယုံသက်သက်ပါ။

    တိုင်းရင်းဆေး အဆိုကတော့ ရှောက်သီးရဲ့ သဘောသဘာဝ သွေးလေလျှောက်တဲ့ သဘောရှိတယ်။ လေဖြတ်တဲ့ လူတွေ အတွက် ရှောက်သီးကို ဓါတ်ဆာ အဖြစ်နဲ့ စားကြရပါသေးတယ်။

  • padonmar

    September 10, 2011 at 10:27 pm

    ဆူးရေးပေးတဲ့ အကြံလေးလည်းကောင်းပါတယ်၊
    ဆင်တုန်းမနွယ်ဆိုပြီး တိုင်းရင်းဆေး အနေနဲ့ ရောင်းတော့ ဈေး တင်လို့ရသွားတာပေါ့၊
    သူတို့ကတော့ လက်မြှောက်အရှုံးပေးသွားတယ်ဘဲပြောရမှာပါ။
    ကျွန်မလည်းသူတို့ရှာသွားတဲ့ ထွက်ပေါက်ကို မကြိုက်လို့ကိုယ့်ရွာသားတွေရဲ့ သဘောထားခံယူကြည့်တာပါ။

  • ဆူး

    September 10, 2011 at 10:54 pm

    ဒီနေ့ပဲ အလုပ်စားပွဲပေါ်က အစာကြေဆေး ဆိုတဲ့ ပုလင်းလေးကို ကြည့်ပြီး ဖတ်လိုက်သေးတယ်။
    ဆင်တုံးမနွယ် ရှောက်သီး နွယ်ချို ပျားရည် နောက်တော့ ဘာညာကွိကွ…(မေ့သွားလို့) ရေးထားပါတယ်။
    ဒီလိုပုံစံ အရသာ ဖြစ်အောင် စပ်ဖို့ ဆိုတာကတော့ နည်းပညာ သိတဲ့ လူတယောက်အနေနဲ့ မခက်ခဲလှဘူး ထင်ပါတယ်။ ထုတ်ပိုးထားတဲ့ အနေအထားကလည်း ပြည်တွင်းဖြစ် ဘူး နဲ့ သုံးထားတဲ့ အတွက် စရိတ်တော်တော် သက်သာလိမ့်မယ် ဆိုတာ ခန့်မှန်းလို့ ရပါတယ်။ ဒီလိုနဲ့ အဲလို အကြံမျိုး ပေးဖြစ်သွားတာပါ။

  • ရွှေအိမ်စည်

    September 10, 2011 at 11:41 pm

    အလုပ်ကနားရင်…..
    မူကြိုဖွင့်မှာဆိုတော့…..
    ကလေးတွေနဲ ့နေဖို ့အတွေးဘဲရှိတယ်…..

    မပေးတတ်ဘူး…
    ဆက်စောင်ပြီးဘဲဖတ်မယ်

Leave a Reply