လုံးပါးပါးသွားသော ပရုပ်လုံးကလေး (သို့) မီးခိုးတိတ်လုလုစက်ရုံနှင့် ဝေးလွင့်သူ တစ်ယောက်အပိုင်း(၂)

padonmarSeptember 10, 20111min63024

ဒီအချိန်မှာ ကိုမောင်မောင်နဲ့ ဆွေဆွေတို့ ခေါင်းချင်းရိုက်ရပါပြီ။ ကိုင်း ဒို့ဘာဆက်လုပ်ကြမလဲလို့ပေါ့ ။

ကိုမောင်မောင် မိတ်ဆွေ ကိုမြင့်သိန်းကတော့ သူလုပ်နေတဲ့ အသင့်စားဟင်းလျာတွေ ဖြန့်တဲ့အလုပ်ကို နာမည်ပါ သူများကို ရောင်းလိုက်ပြီး ရတဲ့ငွေနဲ့ ရွှေဝယ်ရောင်း(ရွှေကစားတဲ့ အလုပ်) သွားလုပ်နေပါတယ်။ သူ့အပြောကတော့ အပင်မှန်ရင် အေးဆေးဘဲ။ အရင်လို မီးခိုး မမွှန်ဘူး၊ လူမထိန်းရဘူး၊ ချွေးမထွက်ဘူးတဲ့။

ဆွေဆွေ့မောင်လေး ကိုမိုးကလည်း US sanction ပြီးကတည်းက အဆင်မပြေတော့တဲ့ အထည်ချုပ်စက်ရုံကိုပိတ် စက်ချုပ်သမလေးတွေ လျော်ကြေးပေး၊စက်တွေရရာဈေးနဲ့ရောင်းပြီး သူ့မိတ်ဆွေတွေနဲ့ ပဲကုန်စည်ဒိုင်မှာ အသင်းဝင်ပြီး ပဲဝယ်ရောင်း လုပ်ပါတယ်။ သူတို့အခေါ်တော့ ပလာတာရိုက်တယ်တဲ့။ ဈေးတက်မယ်ထင်ရင် ကြိုရောင်းထားပြီး ဈေးကျတော့မှ ပြန်ဝယ်ပေးတာလဲရှိ။ ကိုယ်ဝယ်ထားတုန်း ဈေးထက် နည်းနည်းသာရင် ပြန်ရောင်း၊ ပြန်ကျအောင် နောက်တစ်ပင်ထပ်စောင့် ဝယ်တာမျိုးလည်းရှိ။ ဈေးက အတက်အကျ အမြဲရှိနေတော့ ဉာဏ်ရှိရင် ရှိသလိ၊ု ရဲရင် ရဲသလို စားရတယ်လို့လဲ ဆွယ်ပြန်ပါတယ်။ ဒီအလုပ်ကို လိုက်လုပ်ဖို့ခေါ်တဲ့ ကိုမိုးကိုယ်တိုင် သူဝယ်ရောင်းလုပ်နေတဲ့ ပဲကို ဘာအရောင်ရှိမှန်းတောင်မသိဘဲ DO ခေါ်တဲ့ (ကုန်ထုတ်လွှာ) စာရွက်လေးကိုင်ပြီး လုပ်နေတာဆိုတော့ လူသေချာကြီး ကိုမောင်မောင် မလုပ်ရဲပါဘူး။

ကိုမောင်မောင့် ညီဝမ်းကွဲ သက်အောင်ကတော့ သူ့မိသားစုပိုင် ပလပ်စတစ်ဟောင်းတွေဝယ်သန့်စင် ကော်စေ့ပြန်လုပ်ပြီးတော့ recycle plastic တွေ ရေခွက်တို့ ရေပုံးတို့ ထုတ်လုပ်တဲ့စက်ရုံကို ပတ်စာခွာဖျာသိမ်းပြီး ကားပွဲစား၊ ဖုန်းပွဲစား အလုပ်ကို လုပ်ပါတယ်။ ဝယ်ရောင်းလည်း လုပ်တယ်။ ကိုမောင်မောင်က စက်ကိရိယာ နားလည်ပေမယ့် စကားတိုတို စိတ်တိုတို လူစားမျိုးမို့ ဒီအလုပ်က ငါနဲ့တော့ ဖြစ်မယ်မထင်ပါဘူးကွာ လို့ ပြောမိပါတယ်။

နောက်ဆုံးမှာတော့ စရိတ်စကကြီးတဲ့ Roller စက်တွေ၊ Packing machine တွေကို ရောင်းပြီး လုပ်ငန်းကို ချုံ့လိုက်ကြဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ Quality Product ဖြစ်တဲ့ သုံးလက်စ “ဆွေမွန်” နာမည်လေးကို သိမ်းထားတော့မယ်။ ရှောက်သီးစစ်စစ်တွေ နေရာမှာ ဈေးသက်သာတဲ့ ဇီးမှုန့်တို့၊ မန်ကျည်းသီးတို့နဲ့ အစားထိုးပြီး အရသာ သိပ်အညံ့ကြီးလည်း မဟုတ်၊ အကောင်းထဲတော့ မပါမှန်း သိပါရဲ့။ ဒါပေမယ့် တွက်ခြေကိုက်ဘို့ အရေးဘဲ တွက်ပြီး တံဆိပ်သစ်နဲ့ ထုတ်လုပ်လိုက်ရပါတော့တယ်။ စက်တွေမသုံးရတော့ လူအင်အားလည်း လျှော့ချပြီး တစ်နိုင်တစ်ပိုင်ပဲ ထုတ်လုပ်ပါတော့တယ်။

F.D.A တို့၊ လူမှုဖူလုံရေးတို့ကိုလည်း ရှောင်လိုက်ပြီး အလုပ်သမ ၄-၅ ယောက်ထဲသုံး၊ လက်နဲ့ မီးပိတ်ရတဲ့ စံနစ်ဘဲ လုပ်လိုက်ပါတယ်။ ဈေးကိုလည်း ကျောင်းသားပေါက်စလေး တွေတောင် ဝယ်စားနိုင်တဲ့ တစ်ထုပ် အစိတ်တန်လေးတွေဘဲ လုပ်လိုက်ပါတော့တယ်။ အဲဒီတော့မှ တွက်ခြေကိုက်ပြီး အိမ်စားစရိတ်လေး ကာမိလာပါတယ်။

၂၀၁ဝ မှာ လုပ်ငန်းက သေးသွားတော့ ဆွေဆွေတစ်ယောက်တည်း ဦးစီးလို့ ရသွားတဲ့အခါမှာ တစ်ဖက်တစ်လမ်းက ဝင်ငွေပိုရအောင် ကိုမောင်မောင်က သင်္ဘောပြန်တက်ဘို့ စိတ်ကူးရလာပါတယ်။ အရင်သင်္ဘောလိုက် တုန်းကမိတ်ဆွေတွေကလည်း ခေါ်ကြပါတယ်။ တစ်လကို ဒေါ်လာ ၄၀၀ဝ ရမယ်တဲ့။ မြန်မာငွေနဲ့ တွက်ရင်(အဲဒီအချိန်က ၁ ဒေါ်လာ ၁၀၀ဝ ပါ) သိန်း၄ဝ ၊ ဒီမြန်မာပြည်ထဲမှာ လင်မယား နှစ်ယောက် လူရောငွေရော ရင်းလို့တောင် မရနိုင်တဲ့ ဝင်ငွေဆိုတော့ ကိုမောင်မောင် သင်္ဘော ပြန်တက်ဘို့ ဆုံးဖြတ်လိုက်ပါတော့တယ်။

ဆွေဆွေကတော့ ကန့်ကွက်ပါသေးတယ်။ “ကိုမောင်ရယ် လောဘမကြီးပါနဲ့၊ မိသားစုလေး အိုးမကွာ၊ အိမ်မကွာ နေရတာကောင်းပါတယ်။ ကိုမောင်မောင်က သွေးတိုးလည်းရှိတယ်၊ သွေးကလည်း ချိုချင်သလိုလို။ အမေကလည်း ကျန်းမာရေးသိပ်မကောင်းဘူး” လို့ အမျိုးမျိုး တားပေမယ့် တက္ကသိုလ် ရောက်နေပြီဖြစ်တဲ့ သားသမီးရှေ့ရေးအတွက် ကိုမောင်မောင်ဟာ ဆုံးဖြတ်ချက်ကို နောက်မဆုတ်တော့ပါဘူး။

ကိုမောင်မောင်လိုက်တဲ့ သင်္ဘောလိုင်းက တစ်နှစ် တစ်ခါနှစ်ခါလောက် ရန်ကုန်ပြန်ရောက်လို့ တော်ပါသေးတယ်။ တစ်လလောက်နားပြီးရင် ပြန်ထွက်ရပါတယ်။ သင်္ဘောက သေးတော့ ဆရာဝန်လည်း မပါပါ။ အဲဒီတော့ ဆွေဆွေက သွေးပေါင်ချိန်တိုင်းတဲ့ စက်ကလေးထည့်ပေး၊ ဆေးတွေကိုလည်း မှန်မှန်သောက်ဖြစ်အောင် ဘူးကလေးတွေမှာ စာရေး၊ အရေးပေါ်နှာစေးရင်၊ ချောင်းဆိုးရင်၊ ဝမ်းသွားရင် ဘာတွေဘာတွေသောက် ဆိုပြီး စာကလေးထိုး။ အင်္ဂလိပ်ဆေး၊ ဗမာ ဆေး၊ တရုတ်ဆေး စသဖြင့် ထည့်ပေးရတာ စုံလို့ပေါ့။ ဆေးမှန်မှန်သောက်ဖို့ မမေ့ပါနဲ့လို့လည်း အတန်တန် မှာရတာပေါ့။ ကိုမောင်မောင်က အခု အသက် ၅ဝ နား နီးပြီလေ။ ၃ နှစ်လောက် သင်္ဘောလိုက်ပြီး ငွေကလေး စုမိရင်တော့ ဆက်မလုပ်တော့ဘူးလို့ စိတ်ကူးထားကြတယ်။ ဒီကြားထဲမှာတော့ ဆွေဆွေက လက်ငုတ်လုပ်ငန်းလေးကို ထိန်းလုပ်နေမယ်ပေ့ါ။

ဒီလုပ်ငန်း ကလည်း အခု ၂၀၁၁ ရောက်တဲ့ အခါမှာ ပိုပြီး ဆိုးဝါးလာတယ်။ ခါတိုင်းနှစ်တွေလို ကုန်ကြမ်းပေါချိန်မှာ သကြား တစ်နှစ်စာ၊ ငရုတ်သီးတစ်နှစ်စာ၊ မန်ကျည်းသီးတစ်နှစ်စာ ဝယ်လိုက်မိတာ ငါးပါးတင်မကဘဲ သံဃာစင်ပါ မှောက်ပါလေရော။ အစစအရာရာ ဈေးတွေကကျ၊ အရောင်းအဝယ်က ပိုပိုပါးလာ။ ဖောက်သည်သွင်းရတဲ့ ဆိုင်တွေကလည်း လူတွေ ငွေရှားလာတယ်လို့ ညည်း၊ စားဝတ်နေရေးစရိတ်တွေက မကျတော့ ရှိစုမဲ့စု အလုပ်သမလေးတွေကလည်း ထွက်ပြေးချင်လာကြပါတော့တယ်။ ဒါကြောင့် ကုန်ကြမ်းကုန်ရင်တော့ ဒီအလုပ်ကိုရပ်ပြီး ရှိတဲ့ငွေလေးကို ဘဏ်အပ်ပြီး ဘဏ်တိုးနဲ့ ထိုင်စားတာကမှ သက်သာဦးမယ်လို့ ဆွေဆွေက တွေးလာပါတော့တယ်။ ဒေါ်လာဈေးကျပေမယ့် ကိုမောင်မောင့် လခက ဒီမှာရှာတာထက် သာနေလို့ တော်ပါသေးတယ်။

အရင်“ဆွေမွန်” တံဆိပ်ရဲ့ Customer တွေကလည်း အခုအသစ်ထုတ်တဲ့ တံဆိပ်က စားရတာ အရင်တံဆိပ်လောက် မကောင်းဘူးလို့ ပြောလာကြတော့ ဖြစ်ပျက်သမျှ အခြေအနေတွေကို ရှင်းပြရပါသေးတယ်။ နိုင်ငံခြားက “ဆွေမွန်” စားဖူးတဲ့သူတွေက “ဆွေမွန်” လေး လုပ်ပါအုံးဆိုရင် မျက်နှာပူပူနဲ့ “ခပ်ညံ့ညံ့ပဲ ကောင်းပါတယ်” ဇာတ်လမ်းကို ခင်းပြရပါတော့တယ်။

ဒီလိုအချိန်မှာ သင်္ဘောတွေ ပြန်ပေးဆွဲခံရတဲ့သတင်း၊ သင်္ဘောသား တစ်ယောက်ယောက် နာမကျန်းဖြစ်ပြီး ပြန်မလာနိုင်တော့တဲ့ သတင်းတွေ ကြားရရင် ဆွေဆွေမှာ မြတ်စွာဘုရားကို နားပူရတော့တာပါဘဲ။ အခုတလော သင်္ဘောသားတစ်ယောက် နေမကောင်းလို့ အိမ်ပြန်လာရင်း ဘန်ကောက်လေဆိပ်မှာ ဆုံးသွားတဲ့အကြောင်း ကိုကျော်သူရဲ့ နာရေးကူညီမှုအသင်းက ကုန်းတစ်တန် လေတစ်တန် ရေတစ်တန် သင်္ဂြိုလ်ဘို့ ကူညီလိုက်ရတဲ့ အကြောင်းလေး ကြားမိတော့ ဆွေဆွေမှာ ထူထောင်ပြီးသား လုပ်ငန်းကို စိတ်ရှည်ဇွဲသန် သည်းညည်းခံပြီး မလုပ်မိတာပဲ မှားလေရော့သလား၊ သူများလို ဝယ်ရောင်းပိန်ဖောင်း မလုပ်တတ်တဲ့ ကိုမောင်မောင်ကိုပဲ အပြစ်တင်ရမလား။ ကံကြမ္မာကိုပဲ ယိုးမယ်ဖွဲ့ရမလား၊ နောက် ၃နှစ်လောက် ကိန္နရာချောင်းခြားရမယ့် ကာလကို မြန်မြန်ကုန်ပါစေဘဲ ဆုတောင်းရမလား၊ ဘယ်သူ့အပေါ် အပြစ်တင်လို့ ဘာဆုတောင်းရမလဲတောင် မသိတော့ပါဘူးရှင်။

(ဒီစာကို ကိုမောင်မောင်၊ဆွေဆွေ၊ကိုမြင့်သိန်း၊ကိုမိုး နဲ့ သက်အောင်တို့ဖတ်မိရင် ဒါမှမဟုတ် သူတို့နဲ့ သက်ဆိုင်သူတွေကများ လက်တို့ပြီးတော့ ပဒုမ္မာတော့ မင်းတို့အကြောင်းတွေ ဖွင့်ချနေတယ်လို့ဆိုရင် အပြစ်မမြင်ကြဘို့လည်း တောင်းပန်ပါတယ်။
မိုးခါးနေရတဲ့ ဘဝတွေကို စာနာတတ်ကြစေဘို့ဆိုတဲ့ ပဒုမ္မာ့စေတနာလေးကို နားလည်ရင် ခွင့်လွှတ်ကြမယ်လို့လည်းမျှော်လင့်ပါတယ်)

24 comments

  • weiwei

    September 10, 2011 at 10:02 pm

    လက်ရှိ စီးပွားရေးအခြေအနေတွေကို ထင်ဟပ်ပြထားတာ ပီပြင်ပါတယ် မပဒုမ္မာ …
    ကျွန်မတို့မိသားစုလဲ လုပ်ငန်းအမျိုးမျိုးပြောင်းခဲ့ဖူးလို့ … ကိုင်း .. လာဆက်လုပ်ကြမလဲဆိုတာကို မတွေးချင်တော့တာ ကြာပြီ … 🙁

  • ဆူး

    September 10, 2011 at 10:07 pm

    ရွက်ကျပင်ပေါက် ကလေးတွေလိုပဲ.. ဘယ်နေရာ ရောက်ရောက် အပင်ပေါက်ပြီး ရှင်သန်နိုင်အောင် ရုန်းကန်နိုင်တဲ့ လူတွေမှ တော်ကာကျမယ် ထင်တယ်။
    ဘဝ မှာ အခက်အခဲ ဆိုတဲ့ လှိုင်းလုံးကြီးတွေ တလုံးတက် တလုံးဆင်းနဲ့ ကြံ့ကြံ့ခံရင်း ပြုတ်ကျအောင်တော့ ရုန်းကြရမှာပဲလေ။

  • padonmar

    September 10, 2011 at 10:16 pm

    “အပေါ်က.. ပဒုမ္မာရဲ့ စာနဲ့တော့ သိပ်မဆိုင်ပါဘူး..။
    ဒါပေမဲ့.. အသက်ကယ်ထွက်ပေါက်က..နိုင်ငံခြားထွက်ဖို့ဖြစ်လာနိုင်တာမို့.. နိုင်ငံခြားကလူတွေ ပြည်တော်ဝင်တာနဲ့.. ဆက်စပ်လိုက်ပြီး .. အတွေးလေးတွေချရေးထားလိုက်တာပါ…”
    အပိုင်း(၁)မှာ မန့်ထားတဲ့ သဂျီးရဲ့စာပါ၊
    ွှဲဒီလို လာဘ်မြင်လို့လည်း သဂျီးဖြစ်နေတာဘဲ၊
    ဒါမှမဟုတ် draft ကိုများ သူကြိုဖတ်လို့ရသလား၊မသင်္ကာဘူးနော်။
    😀

    • ဆူး

      September 10, 2011 at 10:51 pm

      သဂျီးက ရွာထဲက ရေးထားတဲ့ သိမ်းထားတဲ့ မည်သူ့ စာတွေကို မဆို အချိန်မရွေး ဝင်ရောက် ဖတ်နိုင်ပါတယ်။

      • ဆူး

        September 11, 2011 at 7:45 pm

        ဒို့ရွာက သဂျီးတော့ ပဲကြီးလှော် ခိုးစားတာ လူမမိပဲ… လေမလည်နိုင်လို့ ဗိုက်ထဲက ကွိကွိ အော်လို့ ကြက်သူခိုးပေါ်ပြီ ဆိုသလို ဖြစ်နေပြီ။

    • kai

      September 11, 2011 at 2:43 am

      မမပဒုမ် ကတော့ လုပ်ပြီ..။
      သူပဲ ခေါင်းစဉ် ” ဝေးလွင့်သူ တစ်ယောက် “ဆိုပြီး တပ်ထားမင့်ဟာပဲ..ဟာကို…။

    • Foreign Resident

      September 18, 2011 at 9:06 pm

      Dear Padonmar,

      During reading your အပိုင်း(၁),
      I already knew, the result will be like this.
      But, I could not comment this result as I was away ( in China ).

      If his salary is 4000 $/month,
      then his rank cannot be more than Second Engineer,
      as Chief Engineer’s salary is between 6000 to 10000 $/month.

      That’s why, I would like to encourage the intelligent & young people to
      enter/join into our marine industry.
      Even though, our profession is difficult & hard,
      but, it can assure you a prosperous future.

  • parlayar46

    September 10, 2011 at 10:27 pm

    ဒီဖတ်လမ်းကလေးမှာတော့ ဇတ်သိမ်းက (လစာမြင့်မြင့်နဲ့သင်္ဘောပြန်လိုက်ရလို့) သိပ်မဆိုးသေးတာတော်သေးရဲ့။
    အခြား တကယ့်ဇတ်လမ်းများစွာမှာ ဒါ့ထက်ဇတ်သိမ်းဆိုးတာတွေ တပုံတပင်ရှိသေးတယ်။
    ကျွန်တော့်မိတ်ဆွေ အလတ်စား ကုန်ထုတ်လုပ်ငန်းပိုင်ရှင်ကို သူများက ဘောစိ လို့ခေါ်တာကြားရရင် – စိတ်ထဲမှာ ကြိတ်ပြုံးမိတယ်။
    အပြင်မှာသာ ဟန်မပျက် ဘောစိ ဖြစ်နေတာ – တကယ်က ဘောခြမ်းကနေ ဘောစိတ် တောင်ဖြစ်လုဆဲဆဲ ………..။ ။

  • padonmar

    September 10, 2011 at 10:34 pm

    ဦးပါလေရာရဲ့ အတွေ့အကြုံလေးတွေလည်း ကြားချင်ပါတယ်။
    ဝင်ငွေအရမဆိုးပေမယ့် လုပ်ငန်းအရတော့ ဇာတ်သိမ်းမလှပါဘူး၊
    Business Failure ပါ၊

  • hmee

    September 11, 2011 at 2:17 am

    စိတ်မကောင်းစရာပဲ။ လုပ်စားတော့မိုးခေါင် ခိုးစားတော့ ခွေးဟောင်တဲ့ ဘဝတွေ ဖြစ်နေပြီနဲ့ တူပါတယ်။ မှီ့ မားသားကြီးကလည်း ပြောတယ် အလုပ်သမားက မရှိကြတော့ဘူး ရှိတဲ့လူလေးကိုပဲ လျှော့ခိုင်းနေရတယ်တဲ့။

  • မီးမီး သော်

    September 11, 2011 at 12:45 pm

    padonmar ရေ ဘဝအခက်အခဲအမောတွေက မိသားစုတာဝန်တွေထမ်းဆောင်နေရသူတိုင်းကြံ ုနေရတာမို ့တခါတလေတော့လဲ စိတ်ထဲမွန်းကြပ်လာရင်ထွက်ပေါက်တခုရှာချင်မိပါတယ်။

  • ကြောင်ကြီး

    September 11, 2011 at 12:54 pm

    ကျနော်လည်း ပြောမဲ့သာလျောက်ပြောတာ၊ ကိုယ်ပိုင်စီးပွားရေးဆို သူတို့လမ်းစဉ် လိုက်ချင်လိုက်မိမှာပဲ။ လုပ်ပြီးမှမဖြစ်ရင် ကိုယ့်ပိုက်ဆံ ဆုံးမှာကိုး…။ ကိုယ်ပိုင်လုပ်ငန်းတခု (ဘာဖြစ်ဖြစ်ပါ) အောင်မြင်နေသူများကို အထင်ကြီးပါတယ်။ သီအိုရီနဲ့ လက်တွေ့ပေါင်းစပ်နိုင်သူများကို သာ၍လေးစာပါတယ်။ စာအုပ်ထဲပါတာ ပြောနေသူများ (ကျနော်မန်းသလိုပေါ့) ကိုတော့ ပြုံးပြီးကြည့်ပါတယ်။ 🙂

  • MaMa

    September 11, 2011 at 2:27 pm

    အခုလက်တွေ့မှာ လုပ်ငန်းကြီးလည်း လုပ်ငန်းကြီးအလိုက်၊ လုပ်ငန်းငယ်လည်း လုပ်ငန်းငယ်လို အခက်အခဲတွေ အများကြီးပါပဲ။ ဒါပေမယ့် ကျမတို့ မိဘများလက်ထက် ပြည်သူပိုင်သိမ်းတုန်းက သားသမီးတွေအများကြီးနဲ့ ဘယ်လောက်များ ရုန်းကန်ခဲ့ရမလဲဆိုတာကို စဉ်းစားကြည့်လိုက်ရင် ကိုယ်ကြုံတွေ့နေရတာတွေက အသေးအမွှားလောက်ပဲ ရှိသေးတယ်။ တွေ့ကြုံနေရတဲ့ အခက်အခဲကိုသာ အောင်မြင်မှုအတွက် အခြေခံအုတ်မြစ်တစ်ခု ဖြစ်လာအောင် ကြိုးစားရမှာပေါ့။ ဆရာတစ်ယောက်က ပြောဖူးတယ်။ အလုပ်တခုကို လုပ်တဲ့အခါမှာ ဉာဏ်ကိုလွှာပြီး သုံးပါ။ ဝီရိယကို အစွမ်းကုန်စိုက်ထုတ်ပါ။ ဖြစ်မလာတော့လဲ ကံကိုသာ ပုံချလိုက်ပေ့ါတဲ့။ ကြိုးစားတိုင်း ဖြစ်မလာတတ်တာလေးကိုလည်း နှလုံးသွင်းထားဦးမှ။

  • padonmar

    September 11, 2011 at 9:19 pm

    ဒို့သဂျီး အလျှောက်ကောင်းလို့လွတ်စေ၊

  • ကျနော်ကတော့အဲလိုဖြစ်မှာကြောက်လို့ သူများလခစားဘဲလုပ်တယ်ဗျာ။
    ပိုက်ဆံမချမ်းသာချင်ရင်လဲနေတေ့ာ။
    အုံးအစားမခံနိုင်ဘူး။

  • padonmar

    September 11, 2011 at 9:31 pm

    ကျွန်မပေးချင်တဲ့ message ကို ကျွန်မ အရေးအသားက မလိုက်နိုင်သေးဘူး၊
    ပြောချင်တာက ကျွန်မတို့တိုင်းပြည်မှာ production,manufacturing,industry ဆိုတဲ့ နာမည်တွေ ၊အလုပ်တွေ က မှေးမှိန်ပျောက်ကွယ်ပြီး
    ံHit and Run အလုပ် တွေ ခေတ်စားနေတာ၊လူအများကလည်းဒါကို အဟုတ်ထင် paradigm ပြောင်းနေတာကို အားမရဘူး၊တိုင်းပြည်အတွက် အနှုတ်လက္ခဏာလို့ကျွန်မမြင်တယ်၊
    အခုကျွန်မရေးပြတာ တကယ့် အဖြစ်တွေပါ၊စိတ်ကူးယဉ်မဟုတ်၊ဒါသဘောလောက်ရှိသေးတယ်။
    အပြင်လောကမှာဒီထက်ဆိုးတဲ့အဖြစ်တွေ ရှိသေးတယ်လို့ palayar46 ပြောသလိုပါဘဲ၊
    ကျွန်မ စာရေးခြင်းပညာနုတော့ ပြောချင်သလောက်မထိရောက်ဘူး၊
    ဒါကိုနားလည်တဲ့ ပညာရှင်တွေ ဘယ်လိုသုံးသပ်မလဲသိချင်တယ်၊ခေတ်ရေစီးပါလို့ဘဲပြောမလား၊
    နိုင်ငံတကာမှာကောဒီလိုဘဲလား၊??????????????????????????

  • ဗမာပြည်သား

    September 11, 2011 at 9:47 pm

    သဋ္ဌေးကွ ..သူဋ္ဌေး..ဟဲ..ဟဲ
    စက်ရုံရှိတယ ်စက်တွေရှိတယ်
    နောက်ပြီးအကျွေးတွေလည်းရှိတယ်ကွ ဟဲ..ဟဲ
    လုပ်ငန်းတွေမကောင်းတာ၃နှစ်လောက်ရှိပြီ …ဟူး …
    ကိုယ်ချင်းစာမိပါတယ် ..

  • ကိုပေါက်(မန္တလေး)

    September 11, 2011 at 10:09 pm

    မပဒုမ္မာရေ
    ဘာကြောင့်ဒီလိုအ မှန်တကယ်လုပ်သူတွေလုံးပါးပါးရသလဲဆိုတာကိုသာ ခရေစေ့တွင်းကျပြောရမယ်ဆိုရင်ပြောမဆုံးပေါင်တောသုံးတောင်ဖြစ်ကုန်ပါမယ်။
    လုပ်ငန်းလေးတစ်ခုကို ကိုယ်ပိုင်ငွေနဲ့ထူထောင်လို့ ကြိုးစားပမ်းစားလုပ်နေသူတွေခဗျာမှာ
    ဒီလုပ်လုပ်ငန်းမျုးိကို ရုူံးလဲဘာမှ မဖြစ်ဘူးဆိုပြီး ဟန်ပြလောက် အဖြစ်လုပ်ပြနေသူတွေနဲ့
    ယှဉ်ပြိုင်လို့ လုပ်ရတဲ့အခါမှာ ပရုပ်လုံးလို လုံးပါးပါး ပါးကုန်ရတာပါဘဲ။
    သူကြီးတစ်ခါပြောသလို ငါးအကြီးက ငါးအသေးကိုစားတာမဟုတ်ပါဘူး။
    အပျော်တမ်းလုပ်စားတဲ့သူနဲ့ တကယ်ကို့ အလုပ်တစ်ခုလို လုပ်ရတဲ့သူ ရေရှည်ကြတော့
    တကယ်လုပ်စားတဲ့သူက လက်ပန်းကျသွားတာပါဘဲ။
    သူမှာ အရင်းအနှီးနည်းတာကိုးဗျ။
    မြန်မာပြည်က အဖြစ်တကယ့်အဖြစ်အပျက်ကို နိုင်ငံတကာက စံချိန်နဲ့ကိုက်ပြီးစဉ်းစားရင်တော့
    တလွဲအဖြေတွေဘဲရမယ်ဆိုတာကိုတော့ ကြိုပြောထားချင်ပါတယ်။
    ကဲ အခုတော့ ဒီလောက်ပါးပါးလေးဘဲပြောလိုက်ပါအုံးမယ်နော်။

  • padonmar

    September 14, 2011 at 7:20 pm

    ဒီညနေ citymart ကို ဝယ်စရာလေး ရှိလို့ သွားပါတယ်။
    ထိုင်းကဝင်တဲ့ GUSSEN WAFER တွေ အရင်က12ခုပါ တစ်ဘူးကို 2000 လောက်ကနေ အခု 1350 တဲ့၊
    တရုတ်ကဝင်တဲ့ cheese cake cracker လေးတွေ အရင် 1200 တန်က 900 တဲ့၊
    တန်လှချည်လို့ ဝမ်းသာအားရဝယ်မယ်လုပ်ပြီး
    စားနေကျ ဗမာဖြစ် ပူးမင်း၊လင်းရောင်ခြည်စတဲ့ ရှောက်သီးဆေးပြားတွေ ဆွေမျိုးမေ့၊မေ့မေ့သမီးစတဲ့ ဇီးထုပ်သစ်သီးယိုတွေလည်း ဝယ်ဖို့သွားတော့ ပစ္စည်းစုံအောင် မရှိတော့ဘူး၊ဈေးကလည်း အရင်ဈေး တစ်ထုပ် 470-500 တွေဘဲ၊
    ချမရောင်းနိုင်ဘူး။
    ၊ဘေးမှာ ပြထားတဲ့ တရုတ်က ဝင်တဲ့ အရင် 250 တန် ရှောက်သီးဆေးပြားဘူးတွေက 170 တဲ့၊
    ကိုင်းဘာဆက်လုပ်ကြမလဲ။

  • pooch

    September 14, 2011 at 7:52 pm

    ဒေါ်ဒေါ်ရေ အနော်တို့ မိသားစု ပိုင် အနှစ် ၄ဝ လောက် ရုန်းကန်ခဲ့ရတဲ့ စက်မှုလုပ်ငန်း အသေးစားလေး အကြောင်းကိုလည်း ပြောပြချင်ပါတယ်။ အခုဘယ်လို တွေဖြစ်နေတယ်ဆိုတာမျိုးပါ။ ကိုယ်လို လုပ်ငန်းတူတွေလည်း အများအပြား ဒီလောက ကို ကျောခိုင်းတာတွေတောင်ရှိနေပါပြီ။ ရှေ့ဆက် ဘယ်လို ရုန်းကန်ရမှန်းကို မသိတော့အောင်ပါ။ အခုလောလောဆယ်တော့ အလုပ်သမားစရိတ်ကို ကာမိအောင် မနည်းထိန်းနေရတာပါ။ စာရေးကလည်း မကျွမ်းကျင်လေတော့ ပေးချင်တဲ့ ဆိုလိုရင်းကို မရောက်မှာလည်းစိုးပါတယ်။ ပြည်သူတွေရဲ့ စစ်မှန်တဲ့ ရင်တွင်းက အသံတွေကို တကယ်နားထောင်ပေးပြီး တကယ် ထိရောက်အောင် ကူညီပေးမဲ့ အုပ်ချုပ်သူလူတန်းစားကို ဘယ်မှာ ဘယ်လို ရှာရမလဲတောင်မသိတော့ပါဘူး။

  • padonmar

    September 15, 2011 at 6:21 am

    ချရေးကြည့်လိုက်ပါ Pooch ခံစားရတာ နည်းနည်းတော့ သက်သာသွားပါလိမ့်မယ်၊
    ဒီလို ပြည်သူ့ အသံတွေများများထွက်မှ အပေါ်ကလူတွေသိပါလိမ့်မယ်၊
    နိုင်ငံခြားကလူတွေက ဒါတွေ ခံစားရမှာမဟုတ်ဘူး၊
    ဒို့ပြည်တွင်းကလူတွေမှာဘဲ ဒီကိစ္စကိုခံစားနိုင်တဲ့ ရင်ဘတ်ရှိမယ်၊

  • padonmar

    September 18, 2011 at 9:55 pm

    FR
    ပြန်တွေ့ရတာ ဝမ်းသာလိုက်တာ၊
    ထင်တော့ထငိသား၊ဇာတ်လိုက်က သင်္ဘောသားပါဆိုထားတာ ဒို့သင်္ဘောသားကြီး FR ရဲ့ comment လည်း မတွေ့ရပါလားလို့၊လက်စသပ်တော့ I was away ( in China ) ကိုး၊
    FR ကလည်း During reading your အပိုင်း(၁),
    I already knew, the result will be like this. ဆိုတော့ သဂျီးကို ကျွန်မတို့ draft ကြည့်တယ်လို့ ခေါင်းခေါက်မိတာ sorry ပါနော၊ 😀 😀 😀

    ကျွန်မကရေးသာရေးရတယ် ကျွန်မရေးတဲ့ လစာ မှန်ပါ့မလားလို့၊ပြည်တွင်းက ဝင်ငွေတွေနဲ့ဆိုရင် အများကြီးများနေတယ်လေ၊ဒါတောင် If his salary is 4000 $/month,
    then his rank cannot be more than Second Engineer,
    as Chief Engineer’s salary is between 6000 to 10000 $/month.
    CE ဆို အေးဆေးပေါ့နော်၊

    အဲဒီတော့ FR ပြောသလို ဘဲ တိုက်တွန်းရတော့မှာဘဲ၊
    I would like to encourage the intelligent & young people to
    enter/join into our marine industry.

    သဂျီးကလည်း လူတွေများများမွေးထုတ်ပြီး နိုင်ငံခြားလွှတ် ပိုက်ပိုက်ရှာခိုင်းတဲ့၊
    ပရုပ်လုံး လုံးပါးမပါးအောင်ဘယ်လိုလုပ်ရမလဲတော့မပြောကြဘူး၊
    သဂျီးသေရင်ဘာလုပ်မလဲဆို အမွေတောင်းဘို့ ဝိုင်းကြံနေကြသလိုဘဲ၊:D 😀

    ဒါကြောင့်ရှေ့မှာကိုယ့်ဖာသာ မန့်ထားသလိုဘဲ
    ”နိုင်ငံခြားကလူတွေက ဒါတွေ ခံစားရမှာမဟုတ်ဘူး၊
    ဒို့ပြည်တွင်းကလူတွေမှာဘဲ ဒီကိစ္စကိုခံစားနိုင်တဲ့ ရင်ဘတ်ရှိမယ်၊”

    • Foreign Resident

      September 18, 2011 at 10:18 pm

      Dear Padonmar,
      from 6th to 17th, I was in China Group Tour.

      This tour really changed my view a lot.

      Now, I wish, our country ( Burma ) to become a province ( colony ) of China.
      It is at least 2 times better than recent our country ( Burma ) condition.

      I really felt like, tiny Sydney villagers visited to mega Shanghai city.
      Not only me, also Aussies / Caucasians in our group also felt like it.

      China is really No.2 Super power of the world.
      It is undeniably truth now.
      It will change the world geopolitics condition very soon.
      Be vigilant & watchful.

  • padonmar

    September 18, 2011 at 10:26 pm

    ဟုတ်ပါတယ်။ငြင်းမရတဲ့ အမှန်တရားပါ၊ချိုသလိုနဲ့လည်းခါးသည်းပါတယ်၊
    တွန်းလှန်ဘို့လည်း အားမရှိ။အလိုက်သင့်ဘဲ စီးမျှောသွားရမလား၊
    ဒီမိုးရေသောက်ပြီးဘဲ ပျော်ပျော်ကြီးရူးရမလား၊
    မသောက်ဘဲ အရူးတွေက အရူးအခေါ်ခံမလား၊

Leave a Reply