ဓါးတရား The end
အချိန်ကား..ည ရ နာရီ ကျော်ခန် ့ ။
နေရာကား….မန်းတလေး မိန်းပေါက်ရှိ နာမည်ကြီး လဘက်ရည်ဆိုင်ရှေ ့ ။
ချာတိတ် နှစ်ယောက် ၊ လျှို လျှို တိတ်တိတ် ဖြင့် ၊ ဆိုင်တွင်း သို ့ကျီးကန်းတောင်မှောက် ကြည့်နေကြသည် ။
တစ်ယောက် က သူတို ့စီးလာသည့် စူပါကပ် ဆိုင်ကယ်ပေါ်တက်ကာ စက်နှိုးလိုက်သည် ။
တစ်ယောက် က လဘက်ရည်ဆိုင် အတွင်းသို ့ကြည့်နေဆဲ ။
သူတို ့ဘေးနားတွင် ရပ်ထားသည်မှာ ယာမဟာ အာစတပ် 97 အလန်းလေး ။
ဆိုင်ကယ်ပေါ်မှ တစ်ယောက် က ၊ လက်မထောင်ပြလိုက်သည် ။ အိုကေပြီ ဆိုတဲ့သဘော ။
အာစတပ် ဆိုင်ကယ်ဘေးတွင် ရပ်နေသော ချာတိတ် သည် ၊ ရုတ်ကနဲ…
လက်ထဲကိုင်ထားသော ဘလိတ်ဓါးလေးဖြင့် အာစတပ် ဆိုင်ကယ် ၏ ရှေ ့ကာဗာ ( ရေတိုင်ကီ ကာဗာ )စတစ်ကာ ကို ကောက်လှီးလိုက်သည် ။
သွားရော…..ငွေ တစ်သိန်း နီးပါး …။
ခပ်တည်တည်နှင့် စူပါကပ် ဆိုင်ကယ်ပေါ် တက်ခွကာ ၊ နှစ်ယောက်သား အမြန်မောင်းထွက်သွားကြသည် ။
သူတို ့မသိလိုက်သည် မှာ ၊ လဘက်ရည်ဆိုင်မှ စားပွဲထိုးလေး က သူတို ့နှစ်ယောက်ကို သေချာစွာ ကြည့်နေခြင်း ပင် ။
စားပွဲထိုးကောင်လေး သည် ဆိုင်တာဝန်ခံ ကို သွားပြီး ဖြစ်ပုံ ကို ပြောလိုက်တော့ ၊ တာဝန်ခံ က ဆိုင်ကယ် နံပါတ် ကို အော်ကာ ပိုင်ရှင် ကို သတိပေးလိုက်သည် ။
အာစတပ် ပိုင်ရှင် မှာ လည်း ချာတိတ်တစ်ယောက်ပင် ဖြစ်သည် ။ တက္ကသိုလ်ကျောင်းသား တစ်ဦး ။
သူ ့နာမည် က မင်းမင်း ။
ဆိုင်ကယ် ၏ ရှေ ့စတစ်ကာ မှာ ပြဲနေချေပြီ ။
သည်ဆိုင်ကယ်တွေ က အော်ရီဂျင်နယ် စတစ်ကာ လိုချင် လျှင် ၊ ဝမ်းဆက် လိုက် ဝယ်ရသည် ။
ဒါတောင် စင်ကာပူ က မှာရသည့် စတစ်ကာ သာ ရနိုင်သည် ။ တန်ဘိုးကား သုံးသိန်းကျပ် ကျော် ခန် ့ရှိသည် ။
အာစတပ် ပိုင်ရှင် မှာ တော်တော်လေး ကြေကွဲသွားသည် ။ မခံမရပ်နိုင်လောက်အောင် လည်း ဒေါသထွက်နေပြီး တဆတ်ဆတ် တုန်နေသည် ။
စားပွဲထိုးလေး ကတော့ ၊ ဘလိတ်ဓါး ဖြင့် လှီးသွားသော ချာတိတ် ကို မှတ်မိလိုက်ကြောင်း ၊ ဆိုင်ကယ် နံပါတ်တော့ မမှတ်လိုက်ရကြောင်း ပြောပြနေသည် ။
ထိုစဉ်…ယာမဟာ ဒီတီ (ဒို) ၃ စီး သည် လဘက်ရည် ဆိုင် ရှေ ့သို ့ ရပ်လာသည် ။
သုံးစီးလုံး နံပါတ်တစ်ခု မှ တပ်မထား ၊ ပါဝါ အိတ်ဇော တွေ တပ်ထားကြသည် ။
ဆိုင်ကယ် ကို ဂျန်ပင်း ( jumping ) ကစားသည့် ပုံစံ များ ။ လူပုံများ က ခပ်မိုက်မိုက် ၊ လက်ရဲ ဇက်ရဲ ပုံများဖြင့် ။
ဆိုင်ကယ်ပေါ် မှာ လူငယ် သုံးယောက် ဆင်းလာပြီး ၊ မင်းမင်း ၏ အဖြစ် ကို တွေ ့ရှိသွားကြသည် ။
မင်းမင်း နှင့် အတူ လဘက်ရည် ဆိုင်ထဲ တွင် စကားထိုင်ပြောဖြစ်သွားကြသည် ။
“ ဟယ်…သားလေး ၊ ကျော်ကျော် ၊ အမေ မင်းဘောင်းဘီ လျှော်တော့ ၊ ဒီဘလိတ်ဓါး လေး ကို တွေ ့တယ် ၊ ဒါဘာလုပ်မလို ့ထည့်ထားတာလဲ ဟင် ”
“ ဟာဗျာ…အမေကလည်း ၊ သားကျောင်းမှာ ခဲတံတွေ ဘာတွေ ချွန်တဲ့ အခါကြ သုံးတာပေါ့ ၊ ရစ်တယ်ဗျာ ”
“ ဟဲ့..မင့်အရွယ်က ခဲတံ ကိုင်ရသေးလို ့လား ဟဲ့ ”
“ ပရက်တီကယ် လုပ်ရင် လိုတယ်လေ…အမေကလဲ…ဘာမှလဲ မသိဘဲနဲ ့ ၊ ပေးပေး..သားဟာ ”
“ အော်..အေးပါကွယ် ၊ ငါ့မလဲ ဘလိတ်ဓါးကိုင်တဲ့ ၊ တက္ကသိုလ်ကျောင်းသားကြီးရှိမှန်း အခုမှ သိရတော့တယ် ဟေ့ ”
ကျော်ကျော် တစ်ယောက် အိမ်ထဲ မှ ထွက်လာခဲ့သည် ။ မိခင်ကို လည်း ..စကားရှည်ရန်ကော ဟု ဘုတောခဲ့ကာ ၊ သူ ့သူငယ်ချင်း မောင်လတ် အဆောင် သို ့ထွက်လာခဲ့သည် ။
အဆောင် မှာ လူစုံနေသည် ။ မောင်လတ် ၊ ကျော်ကျော် ၊ ထွန်းထွန်း ။
သူတို ့သုံးယောက် က မေဂျာတူ သူငယ်ချင်းများ ။ မောင်လတ်နှင့် ထွန်းထွန်း တို ့က နယ်မှ လာ ကျောင်းတက်သူ များ ။
ဆိုင်ကယ် မရှိကြ ၊ မိဘများက မဝယ်ပေးနိုင် ၊ ကျော်ကျော် က စိမ်းပုပ်ရောင် ဟွန်ဒါစူပါကပ်လေး နှင့် ။
ကျော်ကျော့်မိဘ တွေ က အရောင်းအဝယ် သမားတွေ ဖြစ်ပြီး ၊ တက္ကသိုလ် ကျောင်းသား ကျော်ကျော့် ကို ဆိုင်ကယ် ဝယ်ပေးထားသည် ။
ကျော်ကျော် တစ်ကယ် စီးချင်သည် က ယာမဟာ ဒီတီ (ဒို) ယောက်ျားစီးဘီး ဟု ခေါ်သည်။ အိမ်က မဝယ်ပေးသဖြင့် ၊ စိတ်ထဲတွင် မခံရပ်နိုင်ဖြစ်နေသူ ။ မကျေမနပ်ဖြစ်နေသူ ။
ဒို၊ အာစတပ် ဆိုင်ကယ်များ စီးသော လူငယ်များကို မြင်လျှင် ၊ မနာလို ဖြစ်နေသူ ။
မောင်လတ် နှင့် ထွန်းထွန်း တို ့ကား ပိုဆိုးသည် ။ ဆိုင်ကယ် မရှိကြရှာတော့ ၊ ဆိုင်ကယ်စီးတဲ့ လူငယ်မှန်သမျှ ၊ သူ တို ့ရန်သူလို သဘောထားသည် ။
သူတို ့ကို ကြောနေသလို ခံစားကြသည် ။
စိတ်တူ သူငယ်ချင်း သုံးယောက်ပေါင်းမိသွားတော့ ၊ မကောင်းမှု ကို ပူးပေါင်း ကျူးလွန်ကြတော့သည် ။
အာစတပ် ၊ ဒိုများ ကို လိုက်လံ ဘလိတ်ဓါးဖြင့်လှီးသည် ။ ဆိုင်ကယ် ဆီတိုင်ကီ အဖုံး ၊ ရေတိုင်ကီ အဖုံး ၊ 2T ဘူးအဖုံး များကို လိုက်လံ ဖြုတ်ယူကာ လွှင့်ပစ်ကြသည် ။
ဘာမှ လည်း မဟုတ် ၊ အရည်မရ အဖတ်မရ သည့် အပြင် ၊ ပြဿနာ အလွန်များနိုင်ကြောင်း ၊ သူတို ့မသိကြသေး ။
ဆယ်ကျော်သက် အရွယ်လေးတွေ ရှိသေးတော့ ၊ ဒီလို လုပ်ရတာ ကို စွန် ့စားမှုကြီး တစ်ခု လို သဘောထားနေကြသည် ။
ယခု လည်း ၊ ပြီးခဲ့သော တစ်ပတ် က ကျော်ကျော် နှင့် မောင်လတ် နှင့် လုပ်ခဲ့ကြသော ၊ ဓါးလှီးခြင်း ကို ထွန်းထွန်းအား ပြန်ဖောက်သည် ချနေကြသည် ။
ထွန်းထွန်း လည်း ၊ သူတို ့စကားအဆုံး ၊ “ ကောင်းတယ်ကွာ ” ဟုဆိုကာ ထအားပေးသည် ။
သူတို ့ကျူးလွန်ခဲ့သော လဘက်ရည် ဆိုင် ကို သဘောကျမိသွားသည် ။ သူတို ့လုပ်တာ ကို ဘယ်သူ မှ မမြင်ဟု ထင်သွားကြကာ ။
သုံးယောက်ပေါင်း ထပ် ကျူးလွန်ကြဖို ့၊ မတိုင်ပင် ပဲ နှင့် ချီတက်ခဲ့ကြပြန်သည် ။
ပြီးခဲ့သည့် တစ်ပတ် က ထိုင်ခဲ့သော လဘက်ရည် ဆိုင် ရှေ ့တွင်ပင် ဆိုင်ကယ် ထိုးလိုက်သည် ။ မိန်း ( တက္ကသိုလ် ) ပေါက်နား က လဘက်ရည်ဆိုင်ကြီး ။
ထွန်းထွန်း ၊ မောင်လတ် ၊ ကျော်ကျော် သုံးယောက်သား ၊ လဘက်ရည် ဆိုင်အပေါက်ဝ နားရှိ စားပွဲတွင် ဝင်ထိုင်ရင်း ရပ်ထားသော ဆိုင်ကယ် များ ကို ကြည့်နေကြသည် ။
သူတို ့သတိမထားမိသည် မှာ ၊ လဘက်ရည်ဆိုင်အတွင်းဘက်သို ့ပြေးဝင်သွားသော စားပွဲထိုးလေး ။
“ အကို…သူတို ့ပြန်ရောက်လာပြီ ၊ ဆိုင်ပေါက်ဝ ညာဘက်နား က ဝိုင်းမှာ အခု ထိုင်နေကြတယ် ၊ ဒီတစ်ခါ သုံးယောက်ဗျ ”
“ အေး..ကောင်းပြီ ၊ မင်းတော်တယ်ကွာ ၊ ရော ့မုန် ့ဖိုး ၁၀၀ဝ ယူလိုက် ”
“ အကိုတို ့..ဆိုင်ထဲ မှာတော့ ရန်မဖြစ်ကြပါနဲ ့နော် ၊ ကျွန်တော် တို ့ဆိုင် အပိတ်ခံရမှာ စိုးလို ့ပါ ”
စားပွဲထိုးလေး က စိုးရိမ်တကြီးတောင်းပန်လာသည် ။ သူတောင်းပန်လိုက်သော သူမှာ ….
“ဂုရု” သည် ၁ဝတန်းကျောင်းသား ကတည်း က ကျားစီးဆိုင်ကယ် များ ဖြင့် လမ်းပေါ်တွင် ပျော်မြူးခဲ့သူ ။
ယာမဟာ ဒီတီ ဆိုင်ကယ်များ ဆိုလျှင် သူ အရမ်းနှစ်သက် သဘောကျသည် ။ ကျွမ်းကျွမ်းကျင်ကျင် ပိုင်ပိုင်နိုင်နိုင်လည်း စီးတတ်သည် ။
သူစီးသည့် ဆိုင်ကယ်မှာ ယာမဟာ ဒီတီ ၁၂၅ (ဒို) ။
သူ တက္ကသိုလ် တက်တော့ ၊ သူ ့လို ဒို ၊ အာစတပ် စီးသော ကျောင်းသား များ နှင့် ခင်မင်သွားသည် ။
သူတို ့သည် အဖွဲ ့ဖွဲ ့ထားကြသည် ။ ညနေတိုင်း မန်းတလေး တောင်ခြေ တွင် ဆိုင်ကယ်ရှေ ့ဘီးထောင် ကျင့်ကြသည် ။
အသိ မင်္ဂလာဆောင် ပွဲ များ တွင် ၊ သတို ့သား၊သတို ့သမီး ကားရှေ ့မှ ၊ ဆိုင်ကယ် စတန် ့ပြကြသည် ။
ယခု တစ်လော ၊ ဂျန်ပင်း ( jumping ) ကျားစီး ဆိုင်ကယ်များ ၊ ဒီတီ များ ၊ အာစတပ် များ ၊ ဖျက်လို ့ဖျက်စီး လုပ်ခံ နေရသည့် သတင်းပျံ ့နှံ ့နေသည် ။
ဂုရု အဖွဲ ့ထဲ မှ ၊ အာစတပ် ၂ စီး ဓါးဖြင့် လှီးခံလိုက်ရသည် ။ ဒို တစ်စီး 2T ဘူး အဖုံး အခိုးခံလိုက်ရသည် ။
ထို ့အတွက် ၊ ဂုရု နှင့် ကျန်အပေါင်းအသင်း များ မှာ လွန်စွာ ခံပြင်း ဒေါသ ဖြစ်ကြရသည် ။
တရားခံ မှာ..တက္ကသိုလ် နယ်မြေ တစ်ဝိုက်တွင် လိုက်လံ လှုပ်ရှားနေခြင်း ဖြစ်ကြောင်း ၊ သူတို ့ခန် ့မှန်းမိကြသည် ။
ပြီးခဲ့သည့် တစ်ပါတ် တုန်းက ၊ သည်လဘက်ရည် ဆိုင်မှာ ၊ အာစတပ် တစ်စီး ဓါးဖြင့် အလှီးခံ လိုက်ရသည် ။
စားပွဲထိုးလေး က မှတ်မိလိုက်သည် ဟု ဆိုထားသဖြင့် ၊ သူတို ့အဖွဲ ့တွေ လူခွဲကာ နေ ့စဉ် လာစောင့်နေကြခြင်း ဖြစ်သည် ။
ယခု မူ ..ထိပ်တိုက် တိုးချေပြီ ၊ ဂုရု တို ့က ၅ ယောက် ထိုင်နေခြင်း ဖြစ်သည် ။ တစ်ယောက် ကို အပြင်သို ့ချက်ချင်း လွှတ်လိုက်သည် ။
ကျန်အဖွဲ ့သားများ ကို ဆိုင်ကယ် အနောက်အိတ်ဇောများထဲ တွင် ထည့်ထားသော ဓါးများ အသင့် ဖြစ်မဖြစ် မေးလိုက်သည် ။
ကျော်ကျော် ၊ မောင်လတ် နှင့် ထွန်းထွန်း တို ့သုံးယောက် ၊ ကျော်ကျော် က လဘက်ရည် ဆိုင်ထဲ သို ့ သေချာ ကြည့်နေသည် ။
ထွန်းထွန်းက ဆိုင်အပြင်ဘက်ရှိ ရပ်ထားသော ဆိုင်ကယ်များ ထဲ မှ ၊ ဒို ၃ စီး ကို လှမ်းကြည့်နေသည် ။
သည်နေ ့ည က သူလက်စွမ်းပြရမည့် အလှည့် ။ သူ လုပ်အပြီး ၊ အလွယ်တကူ ထွက်လို ့လွယ်မလွယ် သေချာထိုင် ကြည့်နေသည် ။
လမ်းကြောင်း က သင့်နေသည် ။ ရပ်ထားသော ဒို၃ စီးကား ၊ သူတို ့စီးလာသော ဆိုင်ကယ် ၏ ဘယ်ဘက် ၃ စီးကျော်တွင် ရှိသည် ။
သူ ဘလိတ်ဓါး အစွမ်းပြပြီး ၊ ကျုံးဘက်သို ့မောင်းထွက်ကြရန် ကျော်ကျော် က စီစဉ်ထားသည် ။
ထွန်းထွန်း တစ်ယောက် အခြေအနေ ကို ကြည့်အပြီး ၊ ကျော်ကျော့် ဘက်သို ့လှည့်ကာ ခေါင်းညိတ် အချက်ပြလိုက်တော့သည် ။
ကျော်ကျော်တို ့၃ ယောက် ပိုက်ဆံရှင်းပြီး ၊ ဆိုင်ပြင်ဘက် သို ့ထွက်လာကြသည် ။ ဂုရု တို ့က လည်း ဆိုင်ပေါက်နား သို ့ထွက်လာသည် ။
ကျော်ကျော်က ဆိုင်ကယ် စက်နှိုးထားပြီး ၊ မောင်လတ် က အလယ်မှာ ထိုင်နေသည် ။ ထွန်းထွန်းက ဒိုတစ်စီးနားသို ့ကပ်လိုက်သည် ။
ဂုရု တို ့အဖွဲ ့ထဲ က တစ်ယောက် က
“ ဟိုမှာ…ဒီခွေးကောင်တွေ မင်း ဆိုင်ကယ် ကို လုပ်တော့မယ် ၊ လုပ်ဦးဂုရု…”
“ လုပ်စမ်းပါစေ ၊ နေဦး ၊ အဲ့ကောင် လုပ်ပြီးလို ့ဆိုင်ကယ် ထွက်တာ နဲ ့ ၊ ငါတို ့တန်းလိုက်မယ် ၊ အသင့်ပြင်ထား ”
ထွန်းထွန်းသည် ဂုရု ၏ ဒိုနားသို ့ကပ်ကာ ၊ ဘလိတ်ဓါးလေးဖြင့် ဆိုင်ကယ် ဖင်ထိုင်ခုံ အရေ ကို အရှည်ကြီး လှီးလိုက်လေတော့သည် ။
ယာမဟာ ဒီတီ(ဒို) ၏ ဖင်ထိုင်ခုံ အော်ရီဂျင်နယ် သားရေ လေး ပြဲသွားပြီ ။ တန်ဘိုး ငါးသောင်းကျပ် ခန် ့ရှိသည် ။
ပြီးပြီးချင်း ၊ စူပါကပ် ဆိုင်ကယ်လေး ၏ နောက်ဆုံးမှာ ထွန်းထွန်း ခွတက်လိုက်ပြီး ၊ ကျော်ကျော်က အမြန်မောင်းထွက်လာခဲ့သည် ။
ဂုရု တို ့၅ ယောက် လည်း ဒို ၃ စီးပေါ် အမြန် တက် ၊ စက်နှိုးကာ ချက်ချင်း ကျော်ကျော်သို ့နောက်သို ့လိုက်လေတော့သည် ။
ထွန်းထွန်း က စိတ်မချစွာဖြင့် ၊ အနောက်ဘက် သို ့တစ်ချက် လှည့် အကြည့် ၊ ဂုရု တို ့ဆိုင်ကယ် ၃ စီးလုံး ၊ တရကြမ်း မောင်းလိုက်လာသည် ကို တွေ ့မြင်လိုက်ရတော့လေသည် ။
“ ဟာ…ကျော်ကျော် ၊ လိုက်လာကြပြီ ၊ မောင်း….မောင်းတော့..မြန်မြန် ”
ကျော်ကျော် လည်း ကြောက်လန် ့သွားပြီး မိန်းလမ်း တစ်လျှောက် မှ ၊ ကျုံးဘက်သို ့အမြန်မောင်းပြေး လာခဲ့သည် ။
၃၅ လမ်း ထောင့် တွင် ဂုရုတို ့အဖွဲ ့ထဲ ၊ နောက်ထပ် အာစတပ်များ နှင့် ဒိုများ ထပ်မံ ပေါင်းလာခဲ့သည် ။ အားလုံးပေါင်း ၈ စီး ။
မောင်းကြ ရင်း အရှေ ့ဘက်ကျုံး ၊ နန်းရှေ ့တံတား အကျော်တွင် ၊ ကျော်ကျော် တို ့ကို မှီသွားသည် ။
“ ဟေ့ကောင်တွေ ရပ်စမ်း ….”
ကျော်ကျော်တို ့က မရပ် ၊ တရပ်ကြမ်း ဆက်မောင်းပြေးသည် ။
ကျော်ကျော်တို ့ဆိုင်ကယ်လေး က ဟွန်ဒါစူပါကပ် အင်ဂျင်ပါဝါ 90 သာ ရှိသည် ။ ၃ ယောက်စီးထားသည် ။
ဂုရုတို ့ယောက်ျားစီး ယာမဟာ များက အင်ဂျင်ပါဝါ 125 ၊ ဘယ်လို လုပ် လွတ်မည်နည်း ။ နောက်ပြီး သူတို ့က တစ်စီး ၂ယောက် ။
ဆိုင်ကယ် အနောက်မှ ပါသော ချာတိတ်များသည် ၊ အနောက်အိတ်ဇောကြားထဲ မှ ၊ ကင်တို ဓါးတို များ ကို အသီးသီး ဆွဲထုတ်လိုက်ကြသည် ။
“ ဟေ့ကောင်တွေ ရပ်နော် ”
ကျော်ကျော်တို ့က မရပ် ။ ဂုရု က ပထမ ဆုံး ကျော်ကျော် ့ဆိုင်ကယ် ဘယ်ဘက် သို ့ကပ်လိုက်ပြီး ၊ အနောက်ဆုံး တွင် ထိုင်နေသော ထွန်းထွန်း ပုခုံးကို လှမ်းခုတ်လိုက်သည် ။
မထိ ၊ ထွန်းထွန်း က ကြောက်လန် ့တကြားဖြင့် ၊ အော်လိုက်သဖြင့် ၊ ကျော်ကျော် က ညာဘက်သို ့ဆွဲချလိုက်သောကြောင့် ။
ဂုရုက “ ကောင်းပြီလေ..မင်းတို ့ဘယ်အထိ ရှောင်နိုင်မလဲ..ကြည့်သေးတာပေါ့ ”
ဒီတစ်ခါ ၊ ဂုရုတို ့အဖွဲ ့ထဲ မှ တစ်စီးက ကျော်ကျော် တို ့ဆိုင်ကယ် ရှေ ့မှ ပိတ်မောင်းလိုက်သည် ။
ဂုရု က ထပ်မံ ခုတ်သည် ။ ဒီတစ်ခါတော့ ထွန်းထွန်း ပုခုံးသားပေါ် ထိထိမိမိ ခုတ်မိသွားသည် ။
“ အားးးး….ကျော်ကျော်ရေ လုပ်ပါဦး ၊ ငါ့ပခုံး ထိသွားပြီ ”
“ ဟာ…ခဏတောင့်ကွာ ၊ ငါလွတ်အောင် မောင်းပြမယ် ”
အရှေ ့မှာ ပိတ်မောင်းသော ဆိုင်ကယ် က ၂ စီး ဖြစ်လာသဖြင့် ၊ ကျော်ကျော် လွတ်လပ်စွာ မောင်းမရတော့ ။
ဒီတစ်ခါ ဓါးချက် က ကျော်ကျော့် ဘယ်လက်ဖျံပေါ်သို ့ကျလာသည် ။
ဂုရု သည် ဓါးချက် ကို အားမလွန်စေရန် ၊ သတိထားခုတ်သည် ။
ထိသွားပြီ ၊ ကျော်ကျော့်ဘက်လက် ပေါ် သို ့ ။ ကျော်ကျော် ကြောင်သွားပြီး ၊ ဆိုင်ကယ် လက်ကိုင် ကို လက်နှစ်ဘက်လုံး လွှတ်မိသွားသည် ။
ကျော်ကျော် တို ့စူပါကပ်လေး ၊ ညာဘက်သို ့လက်ကိုင် ခေါက်ပြီး မှောက်သွားသည် ။
ဂုရုတို ့လည်း ဆိုင်ကယ်များ ကို ရပ်လိုက်ပြီး ၊ ကျော်ကျော် တို ့ကို ဝိုင်းထားလိုက်သည် ။
ကျော်ကျော် ၊ မောင်လတ် နှင့် ထွန်းထွန်း တို ့လဲရာ မှ လူးလှိမ့် ထလိုက်ကြပြီး ၊ ကျော်ကျော် က နာကျင်စွာဖြင့်
“ မင်းတို ့တွေ…မတရားမလုပ်နဲ ့နော် ၊ ဒါ..မင်းမဲ့ တိုင်းပြည် မဟုတ်ဘူး ကွ ”
ဂုရု က ကျော်ကျော် ့ခေါင်းကို ဝင်ခုတ်သည် ။ ညာလက်ဖြင့် ကာလိုက်သဖြင့် ၊ ညာဘက်လက် ပေါ်သို ့ဓါးချက် က ကျသွားပြီး ညာလက် ထိသွားသည် ။
ယခင် တစ်ပါတ် က ကာဗာသားနှင့် စတစ်ကာ သား အလှီးခံလိုက်ရသူ မင်းမင်း က ၊ လှီးသွားသူ မောင်လတ် ကို အနောက် မှ ဝင်ခုတ် လိုက်သည် ။
မောင်လတ် ဇက် ပေါ်သို ့တစ်စောင်းကျ ကာ ၊ ဇက်ပြဲသွားသည် ။
“ အားးးးး….မလုပ်ကြပါနဲ ့တော့ ၊ တောင်းပန်ပါတယ် ၊ ကျွန်တော် တို ့တောင်းပန်ပါတယ် ”
“ ဟားဟားဟားဟား…အခု မှ တောင်းပန်တယ် ဟုတ်လား ၊ မင်းတို ့တွေ ၊ ငါတို ့ဆိုင်ကယ်တွေ ကို ဖျက်လို ့ဖျက်စီး လုပ်တုန်းက ဒီသောက်ခွက်တွေ မဟုတ်ပါဘူး ”
“ တစ်ကယ်တောင်းပန်ပါတယ် ဗျာ ၊ ကျွန်တော် တို ့လုပ်ခဲ့သမျှ ကို ပြန်အလျော်ပေးပါ့မယ် ”
“ အလျော်လို ချင်လို ့များ မင်းတို ့နောက် လိုက်လာတယ် ထင်နေလား ကွ ၊ မင်းတို ့ကောင်တွေ ဓါးနဲ ့လှီးသွားသလို ၊ ငါတို ့က ပြန်လှီးချင်လို ့ လိုက်လာတာ…သိပြီလား ”
ကျော်ကျော် တို ့ သုံးယောက် သွေးတရဲရဲ ဖြင့် ဖြစ်သွားကြသည် ။ တစ်ယောက် ကို နှစ်ချက်စီ အခုတ်ခံ လိုက်ရ အပြီး ၊
“ မင်းတို ့ တွေ မကျေနပ်ရင် ၊ ရဲတိုင်ချင် သွားတိုင် ၊ အေး…ငါတို ့အဖွဲ ့အပြင် ၊ မင်းတို ့လုပ်ခဲ့တဲ့ ဆိုင်ကယ်ပိုင်ရှင်တွေ ကို ၊ မင်းတို ့တွေ ပါဆိုတာ အမည်ဖော်ရဲ ရင် တိုင်ပေါ့ကွာ ….. ဟားဟားဟားဟား ”
ဂုရုတို ့အဖွဲ ့ပြန်ထွက် သွားကြသည် ။
ကျော်ကျော်တို ့လည်း ၊ ဓါးဒဏ်ရာ များ ကို အင်းကျီများ ဖြင့် စည်းလိုက်ကြပြီး ၊ ဆိုင်ကယ်ကို ပြန်ထောင်ကာ ၊ အဆောင် သို ့ပြန်လာခဲ့ကြသည် ။
အဆောင်ရောက်မှ ၊ အဆောင် ပိုင်ရှင့် ဆီ မှ ပိုက်ဆံချေးကာ ၊ နီးရာ ဆေးခန်း သို ့ သွားပြကြရသည် ။
တစ်ယောက် လျှင် အချက် ၂ဝ ခန် ့စီ ချုပ်လိုက်ကြရသည် ။
နောက်တစ်ရက် ကြ ကျော်ကျော် အိမ်တွင် အနာရှိန်ကြောင့် အဖျားတက်တော့သည် ။
ကျော်ကျော့် အမေ က သိသွားပြီး ၊ ဘယ်လို ဖြစ်လာလဲ မေးသောအခါ ၊ ကျော်ကျော့် ခဗျာ မဖြေရဲ ပါ ။
“ မသိချင်စမ်းပါနဲ ့၊ အမေရာ ၊ သားကို ချစ်ရင် ထပ်မမေးပါနဲ ့တော့နော် ” ဟုသာ ။
သူ တို ့လိုက် ဖျက်လို ့ဖျက်စီး လုပ်ခဲ့သည် မှာ ၊ ဆိုင်ကယ်ပေါင်း မနည်းတော့ ၊ ဂုရုတို ့အဖွဲ ့အပြင် တစ်ခြား အဖွဲ ့များကပါ သိသွားလျှင် ၊
ကျော်ကျော် ထပ်မတွေးရဲ ၊ မခံစားရဲတော့ ။
သူ တို ့၃ ယောက် ၏ မိုက်ပြစ် ၊ ဘလိတ်ဓါး အစွမ်း အကျိုးကျေးဇူးကို ကင်တို ဓါးစွမ်း ဖြင့် ၊ ကောင်းကောင်းကြီး ခံစားလိုက်ရပြီ မဟုတ်ပါလော ။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
၂၀၀ဝ ခုနှစ် ခန် ့က ၊ မန်းတလေးမြို ့တက္ကသိုလ် (မိန်း) နားတစ်ဝိုက် ဖြစ်ခဲ့သည် ၊ ဖြစ်ရပ်မှန် ကို အခြေခံရေးထားခြင်း ဖြစ်ပါသည် ။
—————————–အားလုံးကို ကျေးဇူးတင်ပါသည်—————————–
8 comments
ပေါက်ဖော်
September 24, 2011 at 3:32 pm
ငနာလေးတွေ..
သောက်ကျင့်မကောင်းဘူး….
လက်ပါလှီးပစ်လိုက်..သင့်တယ်…(စိတ်ထဲက ပြောတာပါ.)
လုပ်တော့ လုပ်ကြနော့်..
စိတ်လိုက်မာန်ပါတော့ မဖြစ်စေနဲ ့..
ဒီခေတ်ကြီးမှာ လုပ်ရလဲ မကောင်းဘူး..ခံရလဲ မကောင်းဘူး..
အိမ်က..လူကြီး..တွေမျက်နှာ ငဲ့ကြဦးကွဲ ့..
ညှင်းညှင်း..ညှင်း.
yetazar
September 24, 2011 at 7:36 pm
ခုလဲရှိသေးတယ်ဗျ အဲဒီလိုမျိုးနည်းနည်းဆင်တဲ့လူယုတ်မာတွေ ။ မိန်းကလေးတွေစီးလာတဲ့ဆိုင်ကယ်တွေရပ်ထားရင် မောင်သူထိုင်ခုံအလယ်တည့်တည့်မှာ သွားကြားထိုးတံကို အဖျားလေးပေါ်ယုံစိုက်ထားခဲ့တယ် ။ ဆိုင်ကယ်ပိုင်ရှင်မိန်းကလေးပြန်လာလို့ တက်စီးရင် စဉ်းစားသာကြည့်တော့ ။ မိန်းကလေးဆိုတော့ လူကြားထဲမှာလဲ အဲဒီဆူးကြီးကိုရှာပြီးနုတ်မနေချင်တော့ဘူးလေ ။ အရမ်းရှက်တာပေါ့ ။ အဲဒါနဲ့ပဲ ကြိတ်မှိတ်ပြီးစီးကြရတယ် ။ တစ်ကယ်ပါဗျာ ရက်စက်လွန်းတဲ့သူတွေ ။
ဆူး
September 24, 2011 at 7:56 pm
မန်းမှာတော့ မသိဘူး ရန်ကုန်မှာတော့ လူတယောက် ကားထဲမှာ ကချင်ဓါး အရှည် တချောင်းတွေ့ဖူးတယ်။ ဘာကြီးလဲလို့ ဆွဲထုတ်လိုက်တာ ဓါးကြီး.. မေးလိုက်တော့ ညရေးညတာ အရေးပေါ် လိုရင် သုံးဖို့တဲ့.. ဘာမှလည်း မဆိုင်ဘူး အဲလို လိုက်ခုပ်ဖို့ထင်တယ်။
ကြောင်ကြီး
September 24, 2011 at 8:25 pm
ဆိုင်ကယ်ပစ္စည်းရောင်းတဲ့ ဆိုင်တွေက လုပ်ခိုင်းတာရော မဖြစ်နိုင်ဘူးလား။ ရန်ကုန်မှာ ကားပစ္စည်း အခိုးခံရသူတွေက ဆိုင်တွေမှာ သွားမှာထားရတယ်။ အဲဒီဆိုင်တွေကလည်း သူခိုးလက်ခံပစ္စည်းနဲ့ လုပ်စားကြတယ်။ ဒီလိုနဲ့ သံသရာ လည်နေရော။
ကိုပေါက်(မန္တလေး)
September 24, 2011 at 8:40 pm
အဲတာက တကယ်တမ်းပြောရရင် အငုံ့စိတ်ကြောင့် သူများပစ္စည်းကိုဖျက်ဆီးချင်စတ်ပေါ်လာတာလေ။
အဲတော့ခံပေါ့။
mandalarthu
September 24, 2011 at 8:50 pm
အိုး ….ရင်တဖိုဖို သည်းတထိပ်ထိပ်နဲ. အဆုံးထိအောင် ဖတ်လိုက်ရတာ ဖြစ်ရပ်မှန် သည်းထိပ်ရင်ဖို ဝတ္ထ ု
ရေးဖို.ကောင်းတယ်။
မိုက်ရူးရဲ လူငယ်လေး တွေရဲ. ရမ်းကားမှူ အဆုံးသတ်က” ကိုယ်တွေ.သင်ခန်းစာ”
ရသွားကြတယ်ပေါ.။ကောင်းပါတယ် ”ကိုယ်တိုယ်ထိမှ သိတော ့တယ်” ပေါ.။
လူငယ်တွေ အသိဉာဏ်ရှိရှိ နဲ.ကိုယ် ့ကို ကိုထိန်းထိန်း သိမ်းသိမ်း နေထိုင်တတ်ဖို ့ လူ ကြီးတွေမှာ
လည်း ဆုံးမဖို. တာဝန်ရှိပါတယ်။
alinsett
September 25, 2011 at 1:58 pm
ကောင်းပါတယ် ။ ဖြစ်ရပ် တစ်ခုကို ဒီလို စိတ်ဝင်စားအောင်ရေးနိုင်တာကို ပဲချီးကျူးသွားပါတယ်နော့ ။
kai
September 25, 2011 at 2:08 pm
တိုင်းပြည်က.. ဒီမိုကရေစီစံနစ်နဲ့သွားနေပြီဆိုပါတော့…
အကြီးအကျယ်.. ရှင်သန်လာမှာက… ဂိုဏ်းတွေပဲ..။
မြန်မာပြည်လို.. လက်နက်ကိုင်တွေ..လက်ကျင့်သားရနေသူတွေပေါတဲ့ တိုင်းပြည်မျိုးဆို.. တော်တော်ကို.. ကြမ်းကြမ်းတွေဖြစ်မှာပဲ..။
ဂိုဏ်းတွေအချင်းချင်း.. အားပြိုင်ရင်း.. အခြေကျတဲ့..ဒီမိုကရေစီဖြစ်သွားလိမ့်မယ်..။
လူထုကတော့.. ဒုက္ခတွေတော်တော်များများနဲ့..ဖြတ်ရမှာပဲ..။ 🙁