Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ကျွန်ုပ် အသိဉာဏ်တိုးပွားရသော နေ ့တစ်နေ ့

မောင် ပေOctober 7, 20111min3586

ကျွန်ုပ် မောင်ပေ နေထိုင်သော မန်းတလေးမြို  ့ကြီးမှာ ဆိုင်ကယ်မြို  ့တော် ဟု တင်စားခေါ်ဆိုကြသည် ကို အခြားမြို  ့သူမြို  ့သားများ ကြားဖူးကြပါလိမ့်မည် ။

မကြားဖူးသော အခြားမြို  ့သူား များ နှင့် နိုင်ငံခြားတွင် ငယ်စဉ်ကတဲက ကြီးပြင်းရှင်သန်လာသူများ အနေဖြင့် ကိုပေါက် (မန်းတလေး) ၏ ပို ့စ်တွင် ဓါတ်ပုံများ သွားကြည့်နိုင်ပါသည် ။

https://myanmargazette.net/71325/creative-writing/drama-essays-humor-memoirs-novel-excerpts-short-stories

ကျွန်ုပ် ငယ်စဉ်ကမူ ဆိုင်ကယ် ဆိုသည်မှာ ယနေ ့လောက်မများပြားခဲ့ပေ ။ ထို ့အပြင် ကျွန်ုပ် တို ့ငယ်စဉ်က စက်ဘီးမြို  ့တော် ဟု လည်း ခေါ်ခဲ့သေးသည် ကို မှတ်မိနေသည် ။

ဟိုးတုန်းကတော့ ဂျပန်ဆိုင်ကယ် များနှင့် အင်္ဂလန်ထုတ် ဘီအက်စ်အေ အနည်းငယ် သာ ရှိခဲ့သည် ။ နောက်ပိုင်း ယိုးဒယား ဆိုင်ကယ်များ ဝင်လာသည် ။

၂၀၀ဝ ခုနှစ်လောက်တွင် တရုတ်ဆိုင်ကယ်များ အနည်းငယ်ရှိလာပြီး အဲဒီနောက် တစ်မြို  ့လုံး တရုတ်ဆိုင်ကယ်များသာ ။

ယခင်က သွားရေးလာရေး ဆိုလျှင် စက်ဘီးကို အလွယ်တကူ အသုံးပြုခဲ့ကြသည် ။

ယနေ ့ခေတ်တွင်မူ ဆိုင်ကယ်ပေါ့ ။

66 ခုနှစ်ထုတ် ဘီအက်စ်အေ
66 ခုနှစ်ထုတ် ဘီအက်စ်အေ

 

ဟွန်ဒါ စူပါကပ်
ဟွန်ဒါ စူပါကပ်
ဒါကတော့ မောင်ပေ့ဆိုင်ကယ်ပုံ
ဒါကတော့ မောင်ပေ့ဆိုင်ကယ်ပုံ

( မှတ်ချက် ။  ။  ဘီအက်စ်အေ ဆိုင်ကယ် နှင့် ဟွန်ဒါ စူပါကပ် ဆိုင်ကယ်ပုံ မှာ google မှာ ရှာကူးပြီး တင်ထားခြင်း ဖြစ်ပါသည် ။)

ယနေ ့လက်ရှိ အချိန်တွင်  မန်းတလေး မြို  ့သူ ၊ မြို  ့သား များသည် ဆိုင်ကယ် ကို အသက်ကြီးငယ်မရွေး ကိုယ်တိုင် မောင်းကာစီးနေကြသည် ။

ကိုယ်တတ်နိုင်လျှင် တတ်နိုင်သလို သုံးလေးငါး သိန်းတန်မှသည် သိန်းရာကျော် အထိ ဝယ်စီးကြသည် ။

သိန်းရာကျော် ဆိုသည် မှာ YAMAHA အမျိုးအစား 2011 မော်ဒယ် WR တစ်စီး ဆိုလျှင် ၊ လိုင်စင်အပါအဝင် အသစ်တစ်စီးကို ၁၀၅ သိန်းကျပ် တန်ဘိုးရှိသည် ။

Harley davidson အမျိုးအစား များဆိုလျှင် သိန်းတစ်ရာကျော် အထက်တွေ ချည်း ၊ ဒါတောင် ဝယ်ချင်လျှင် ရှာဖို ့မလွယ် ။ ပိုင်ရှင်များက မရောင်းသောကြောင့် ဖြစ်သည် ။

ထား…

တစ်ရက်တွင် ကျွန်ုပ် မောင်ပေ တစ်ယောက် ညနေခင်း အလုပ်ပြီးချိန် ၊ ညစာစားရန်အလို ့ငှာ လဘက်ရည်ဆိုင်တစ်ဆိုင်သို ့ရောက်ဖြစ်ခဲ့သည် ။

လမ်းဘေး ပလက်ဖောင်းပေါ်တွင် စားပွဲခုံများ ခင်းပြီး ညပိုင်းမှ ဖွင့်သော ဆိုင်လေးဖြစ်သည် ။

ထိုဆိုင်မှ ထမင်းကြော် နှင့် စမူဆာ ကောင်းသဖြင့် မောင်ပေ တစ်ယောက် အမြဲလို ထိုင်ဖြစ်သည် ။

နောက်ပြီး အဲဒီဆိုင်လေး မှာ အခြေခံလူတန်းစား ၊ အလုပ်ကြမ်းသမား ၊ ဆိုက်ကားနင်းသူ ၊ ဆိုင်ကယ်တက္ကစီသမား စသဖြင့် စုံသည် ။

သူတို ့ဆီမှ ပြောစကားများ ကို ကြားလို သဖြင့် ထိုင်ခြင်းလည်း ဖြစ်သည် ။

မောင်ပေ တစ်ယောက် အလုပ်ပြီးခဲ့ပြီ ဖြစ်၍ လူလည်း တစ်ကျော့ကျော့ ၊ ဆိုင်ကယ်လေး ကလည်း ရေဆေးထားသဖြင့် တမော့မော့ ပေါ့ ။

ဆိုင်ထဲ ဝင်ထိုင်ပြီး စားစရာမျာ မှာ အပြီး သကာလ ၊ မောင်ပေ့ မျက်နှာချင်းဆိုင် စကားဝိုင်းမှ စကားသံများ ကို ကြားလာရသည် ။

သူတို ့ဘာတွေများ ပြောနေကြပါလိမ့် ဟု နားစွင့်နေလိုက်သည် ။

ထိုဝိုင်းတွင် အသက်၆ဝကျော် ယောက်ျားကြီး တစ်ဦး ၊ အသက် ၅ဝ ကျော်ခန် ့တစ်ဦး နှင့် အသက်၄ဝကျော် ယောက်ျားတစ်ဦးနှင့် သူ ့သမီး ၅တန်းကျောင်းသူလေး ။

အသက်၄ဝကျော် သားအဖ က မောင်ပေ့ ကို ကျောပေးထားသည် ။ ယောက်ျား၃ ဦး၏ ပုံစံ မှာ အပြင် ဈေးဆိုင်များ ၊ လုပ်ငန်းများမှ ဝန်ထမ်းများ ဖြစ်ဟန်တူသည် ။

တစ်ယောက် က မောင်ပေ့ ဆိုင်ကယ် ကို သေချာကြည့်နေစဉ် အသက်၅ဝကျော်လူ က စပြောလာသည် ။ ထိုသူမှာ မောင်ပေ နှင့် မျက်နှာချင်းဆိုင် ဖြစ်သည် ။

၅၀= “ အခုနောက်ပိုင်း သွင်းလာတဲ့ ဆိုင်ကယ်တွေ အင်ဂျင် ခဏခဏ ကိုင် ရတယ် ဗျာ ” ( အင်ဂျင်ကိုင် = အင်ဂျင်ကျ/အင်ဂျင် မဆွဲတော့ သည်ကို ပြင်သည် )

အသက်၆ဝကျော် လူက ဘာမှ ဝင်မပြော ။

၄၀= “ ဟုတ်ပ ၊ ၂၀၀၈ တုန်းက ဝင်တဲ့ 125ဆိုင်ကယ်တွေများ ကောင်းလိုက်တာကိုး ”

၅၀+၆၀= “ ဘယ်လို ကောင်းတာလဲ ဗျ ”

၄၀= “ ဒီလိုဗျ ၊ ကျုပ်တို ့အလုပ်မှာ မတ္တရာကနေ အလုပ်လာလုပ်တဲ့သူ တစ်ယောက်ရှိတယ် ၊ သူ ့ဆိုင်ကယ် က 125 ရုပ်ဆိုး ၊ မနက်ဆို မတ္တရာ ကနေ မန်းတလေး ကို မောင်းလာတယ် ၊ ညနေ ဆို မတ္တရာ ကို မောင်းပြန်တယ် ၊ ၂၀၀၈ မော်ဒယ်ဗျ ၊ သူစီးလာတာဖြင့် ဘာမှ ကို မဖြစ်ဘူး ၊ အကောင်းကြီးပဲ ၊ ဒီ ၂၀၁၁ ဟိုတလော က မှ အင်ဂျင်ကျ လို ့ဝေ့ါရှော့ ထိုးလိုက်ရတယ် ၊ အခုတော့ ကောင်းသွားပါပြီ ဗျာ ” ( 125 ရုပ်ဆိုး ဆိုသည်မှာ 125 က အင်ဂျင်ပါဝါ ၊ ရုပ်ဆိုး က ဆိုင်ကယ်နာမည် )

သူတို ့စကားသံကြားရတော့ ၊ မောင်ပေ မျက်လုံးပြူးသွားသည် ။ “ ဟိုက်ရော..လွှတ်ကောင်းတဲ့ တရုတ်ဆိုင်ကယ်ပါကလား ၊ ငါဘာလို ့မသိခဲ့ပါလိမ့် ၊ ဒီလိုမှန်းသိ ယာမဟာ ဆိုင်ကယ် ကို ဈေးကြီးပေး မစီးပါဘူး ၊ တရုတ်ဘီး ဝယ်စီးပါတယ်  ” ဟု တွေးမိသည် ။

အမှန်မှာ ဆိုင်ကယ် ဆိုလျှင် ၊ နေ ့စဉ်ပုံမှန်သာ စီးပါက ၊ အသုံးပြုပါက ၊ ဂျပန် ဖြစ်ဖြစ် ယိုးဒယားထုတ်ဖြစ်ဖြစ် အချိန်ကာလ နှစ်နှစ်သာ ကောင်းကောင်းခံသည် ။

နှစ်နှစ်ကျော်သည် နှင့် အနည်းနဲ ့အများဆိုသလို ပြင်ကြရသည် ။ တရုတ်မှ တင်သွင်းသော ဆိုင်ကယ် ဆိုလျှင် တော့ ပြောမနေနဲ ့တော့ ။ တစ်နှစ် ခံ လျှင် ကံကောင်း ပဲ ။

ဒါကလည်း ဖြစ်သင့်ပါသည် ။ တရုတ်ဆိုင်ကယ် တစ်စီး မှ ရ သိန်းကျော် ဆိုလျှင် အကောင်းစား ရပြီ ။

ယိုးဒယား ဆိုင်ကယ် တစ်စီး ၁၄ သိန်းခန် ့ရှိသည် ။

ယာမဟာ တွေ က တော့ သူ ့မော်ဒယ် အလိုက် ဈေးနှုန်းအသီးသီး ။

ဆိုင်ကယ်တစ်စီး ဆိုတာကလည်း   အင်ဂျင်ဝိုင်ကောင်းကောင်း ကို တစ်လတစ်ခါ လဲလှယ်ပေးမှ ၊ တစ်လတစ်ခါလောက် ချိန်းလျော့သည်ကို ပြန်တင်း ၊ ဘက်ထရီ စစ် ၊ အခြားလိုအပ်သည့် အပရိက လေးများ ကို ပုံမှန် စစ်ဆေးပေးမှ နှစ်နှစ်လောက် ကောင်းကောင်းခံသည် ။ တစ်ခုတော့ ရှိသည် ယိုးဒယား နှင့် ဂျပန် ဆိုင်ကယ် ကို လုံးဝ ဖြေးဖြေးကလေး စီး ၊ ချိုင့်မှန်သမျှ လုံးဝ ရှောင်မောင်းမည် ဆိုလျှင် တော့ ၃ နှစ်ကျော် ခန် ့ခံသည်ကို တွေ ့ ရှိရသည် ။  သို ့သော် မည်သူမှ တော့ အမြဲတမ်း ဖြေးဖြေးလေး မစီးဖြစ်ကြ ။ ချိုင့်လုံးဝ ရှောင်မစီးနိုင်ကြသည် သာ များသည် ။

မန်းတလေး မြို  ့ရှိ လမ်းများမှာ ၊ မိန်းလမ်းမကြီး များ သာ ချိုင့်ကင်းစင်သလောက်ရှိသည် ။ ကျန်လမ်းများ မှာ ချိုင့် အနည်းနှင့် အများဆိုသလို ရှိသည် ။

မတ္တရာ-မန်းတလေး လမ်းဆိုလျှင် လမ်းမှာ သက်သောင့်သက်သာ မဟုတ်သည် ကို  သိရှိထားသော မောင်ပေ သည် ထို အသက်၄ဝကျော်လူ ပြောစကား ကို ကြားရသော အခါ ရယ်ချင်မိသွားသည် ။ သို ့သော်လည်း မရယ်ဖြစ်ခဲ့ပေ ။

အသက်၅ဝလူက မောင်ပေ့ ဆိုင်ကယ် ကို တစ်ချက် ငေးကြည့်ရင်း စကားစလာသည် ။

“ ဟိုနေ ့ကဗျာ ၊ ကျွန်တော့် တူတော်မောင် လေ ၊ ဆိုင်ကယ်စီးတာများ ပြောပြချင်သေးတယ် ”

၄၀+၆၀= “ ဘယ်လို စီးတာလဲ ဗျ ၊ ပြောပါဦး ”

“ မန်းတလေး နန်းတွင်းအနောက်တံတားထိပ် ကနေ မင်းကွန်း ကို ဆိုင်ကယ် မောင်းသွားတာ ၊ 125 ရုပ်ဆိုး နဲ ့၊ ၂၅ မိနစ် ပဲ ကြာတယ် ဗျ ”

အသက်၄ဝလူနှင့်၆ဝလူ တို ့မှာ နှုတ်ဆိတ်သွားကြသည် ။

မောင်ပေ တစ်ယောက်လည်း သောက်နေသော ရေနွေးသီးသွားသဖြင့် ၊ ဟန်မပျက်အောင် ပြန်ထိန်းရင်း အကြီးအကျယ် စဉ်းစားမိသွားသည် ။

အဘယ်ကြောင့်ဆိုသော် ၊ ပြီးခဲ့သော ၂ ရက် က မှ ၊ အင်ဂျင်ပါဝါ၂၅ဝ ရှိသော မောင်ပေ့ ဆိုင်ကယ်ဖြင့် စစ်ကိုင်းသို ့သွားခဲ့သည် ။ မောင်ပေ့ ဆိုင်ကယ် မှာ Jumping အမျိုးအစား ဖြစ်သည် ။ တော်ရုံ ချိုင့်များသော လမ်းလောက်ကတော့  ကီလို၅ဝ ကျော်အထိ တင်မောင်းလို ့ရသည် ။ ရှေ  ့ဖောက် ကစားသည် မှ လွဲပြီး ဘာမှ မဖြစ် ။ ဆိုင်ကယ် က ငြိမ်သက်စွာ ပြေးသည် ။ မန်းတလေးမြို  ့အနောက်ဘက်ရှိ မြစ်နံဘေး မြို  ့ပတ်လမ်း အတိုင်း အမြန်မောင်းချသွားသည် မှာ မန်းတလေး မှ စစ်ကိုင်းဧရာဝတီ တံတား အဆင်း မိနစ်၂ဝ ကျော် ကြာသည် ကို သတိထားမိခဲ့သောကြောင့် ဖြစ်သည် ။ ယခု မန်းတလေး-မင်းကွန်း ၂၅ မိနစ် ဖြင့် ရောက်အောင် မောင်းနိုင်သော အင်ဂျင်ပါဝါ 125 တရုတ်ဆိုင်ကယ် အကြောင်း ကြားလိုက်ရသောအခါ ၊ ယခု ပဲ ထိုဆိုင်ကယ်ကို ပြေးဝယ်ချင်စိတ် ပေါက်သွားမိသည် ။

သူတို ့စကားဝိုင်းသည် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက်  အသက်၆ဝကျော်လူက စကားစလာပြန်သည် ။

“ ခင်ဗျားတို ့ကျွန်တော် ပြောရင် ယုံမလားတော့ မသိဘူး ”

၄၀+၅ဝ = “ ဘာများလဲ ဗျ ၊ ကြားရတာပေါ့…လုပ်ပါဦး ”

“ ကျွန်တော့် အသိတစ်ယောက် ဆိုရင် ၊ ၂၀၀၂ လောက်တုန်းက တရုတ်ဆိုင်ကယ် တစ်စီး အသစ်ဝယ်စီးတာ ဗျာ ၊ သူ ့ဆိုင်ကယ် ကို သူ ကြိုက်လွန်းလို ့တဲ့ ၊ ကောင်းလွန်းလို ့တဲ့ ၊ နှစ်နှစ်လောက်နေတော့ ဆက်မစီးတော့ဘူး ၊ တစ်စစီ ဖြုတ်ပြီး သူ ့အိမ်က သေတ္တာထဲ မှာ သိမ်းထားတာဗျ ၊ ကညန ဆိုင်ကယ်လိုင်စင် သက်တမ်း တိုးရတော့မယ် ဆိုတော့ မှ ၊ ဆိုင်ကယ် ကို ပြန်ကောက်ဆင် ပြီး ဆိုင်ကယ် လိုင်စင် သက်တမ်း သွားတိုးတာ ၊ ပြီးရင် တစ်စစီ ပြန်ဖြုတ်ပြီး ၊ သေတ္တာထဲ ပြန်သိမ်းပါလေရော ”

၄၀+၅ဝ = “ ဗျာာာာာာ…. ”

အသက်၄ဝကျော်လူ နှင့် ၅ဝ ကျော်လူတို ့မှာ ၊ ဘာမှ မပြောနိုင်ပဲ ဖြစ်သွားသည် ။

မောင်ပေ လည်း မောင်ပေ့ ဆိုင်ကယ် ကို ထိုသို ့လိုက်လုပ်လျှင် ကောင်းမလား ဟု စဉ်းစားမိသွားသည် ။

“ ငါကြိုက်လို ့စီးချင်လွန်းလို ့ဝယ်ထားတာပဲ ၊ တော်ပါပြီ မလုပ်တော့ပါဘူး ” ဟု စဉ်းစားမိသည် ။

ခဏနေတော့ သူတို ့လည်း စားပွဲထိုး ခေါ်ကာ ပိုက်ဆံရှင်းနေသည် ဖြစ်၍ မောင်ပေ လည်း ပိုက်ဆံရှင်းပြီး ထွက်လာခဲ့သည် ။

စိတ်ထဲတွင်တော့ ကျေနပ်လာခဲ့သည် ။ အဘယ်ကြောင့် ဆိုသော် မန်းတလေး ဂေဇက်တွင် ရေးတင်စရာ ဇါတ်လမ်းအနည်းငယ် ရရှိခဲ့သည် မဟုတ်ပါလော ။

အမှန်ကတော့ သူတို ့၏ တစ်နေ ့တာ အလုပ်ပြီးချိန် ၊ အပန်းဖြေချိန် ၊လဘက်ရည်ဆိုင် ထိုင်ချိန်ကလေး ကို ၊ ဟုတ်သည်ရှိစေ မဟုတ်သည် ရှိစေ ၊ တွေ ့ကရာ ပါးစပ်ထဲ ရှိတာ ပြောနေကြခြင်း ဖြစ်သည် ။

စပ်စုသော မောင်ပေ တစ်ယောက် ကြားရတာ တစ်မျိုးထူးနေသဖြင့် ၊ ဆိုင်ကယ်စီးစာဖတ်သူများ အား ပြန်ရေးပြခြင်း ဖြစ်ပါသည် ။

———————– အားလုံးကို ကျေးဇူးတင်ပါသည် ———————–

 

6 comments

  • comegyi

    October 7, 2011 at 8:10 pm

    ကိုရင်မောင်ပေ၏ ဆိုင်ကယ်ကို သွားရည်ယိုမိသော်ငြား အကျွန်ုပ်မှာ ဆိုင်ကယ်မစီးရဲချေတမုံ့။ မန်းလေးမှာ အကျွန်ုပ်၏သွေးသောက် ဘော်ဒါနှစ်ယောက်သည်လည်း ဆိုင်ကယ်ကြောင့် အခြားသောကမ္ဘာကိုသွားရောက် ခဲ့ကြချေပြီ။ သို့သော်ငြားလည်း မန်းသူမန်းသားလူအများကို အကျွန်ုပ် တစ်ခုမှာကြားလိုသည်မှာ ကိုရင်မောင်ပေ၏ အနီးအနား အပြောအဆိုအနေအထိုင် အပြုအမူများကို ဆင်ခြင် နိုင်ကြရန်သတိပေးလိုသည်။ တော်ကြာ နေ လူကြီးမင်းတို့၏ သဘာဝပတ်ဝန်းကျင်ကို ကိုရင်မောင်ပေ တစ်ယောက် နိုက်နိုက်ချွတ်ချွတ်ဖော်ချေက မခက်တုံလော……………….။

  • ပေါက်ဖော်

    October 7, 2011 at 9:38 pm

    အိုးမိုင်ဂေါ..အောမီးတောဖော.ဗုဓ္ဒေါ..
    မောင်ပေတို ့မြို ့သားတွေ..ခေသူမဟုတ်ပါကလား..

  • weiwei

    October 7, 2011 at 10:08 pm

    တစ်ဖက်လှည့်နဲ့ ဆိုင်ကယ်ကြွားသွားတာပဲ … 😛
    ရန်ကုန်သားများကတော့ ဆိုင်ကယ်ဆိုတာ မြင်သာမြင် မကျင်ရတဲ့ဘဝတွေပါ …

  • blackchaw

    October 7, 2011 at 10:08 pm

    မောင်ပေရေ
    ရန်ကုန်သားတွေက တစ်နိုင်ငံလုံးမှာ တစ်မူထူးပြီး
    ဆိုင်ကယ်စီးခွင့် မရရှာ ကြဘူးဗျာ။
    အဲဒီတော့
    ဆိုင်ကယ်ကိုတစ်စစီဖြုတ်ပြီး သေတ္တာထဲ
    ထည့်သိမ်းစရာ မလိုတော့ဘူးပေါ့ ဗျာ။

  • “ဘီလူးကြီး”ogre

    October 8, 2011 at 10:23 am

    မောင်ပေ မောင်ရင်ဆိုင်ကယ်တော့ကြိုက်ပါ့ကွယ်
    ကျုပ်လဲရန်ကုန်မှာ ဆိုင်ကယ်လေးဝယ်ပြီးခိုးစီးမိပါတယ်
    ယာဉ်ထိမ်းဖမ်းလေတိုင် 40000 ကျပ်နဲ့ပြန်ပြန်ရွေးနေရလို့
    မတတ်နိုင်တာနဲ့ ရောင်းလိုက်ရပြီကွယ် ဆိုင်ကယ် စီချင်ပိုးကတော့မသေးပါဘူး
    အလွန်စီးချင်လှပါတယ် ကျုပ်တို့ကုမ္ပဏီဝန်ထမ်းတွေများရန်ကုန်မှာစီးခွင့်ရရင်ဖြင့်
    အလွန်ဝမ်းသာမိမှာပါပဲ။။။

  • aungnng87

    October 8, 2011 at 2:21 pm

    ဟုတ်တယ်နော်။ ရန်ကုန်မှာဆို်င်ကယ်စီးခွင့်ရရင်ကောင်းမယ်။ တော်ရုံတန်ရုံလူတန်းစားလည်းသွားရလာရတာအဆင်တော်တော်ပြေမယ်။ ဒါပေမဲ့ တခါတခါ ဇောင်းကြွတဲ့ဆိုင်ကယ်မောင်းသမားတွေကြောင့်ပတ်ဝန်းကျင်ကသိပ်ပြီးစိတ်အနှေင့်အယှက်ဖြစ်ရတယ်။

Leave a Reply