နဲနဲလေးတော့ လွဲနေတယ်..လွဲလွဲလေးပဲကေင်းပါတယ်… ( အတွဲ 2)
ဒီလိုလေး ဘဝကိုပေါ့ပေါ့တွေးပြီး….မိဘပိုက်ဆံခါွသုံးနေရာက ဒုတိယ အလုပ်ထပ်ပေါ်လာပါလေရော….ဒီတခါတော့ ရန်ကုန်ပါးဝလာတဲ့အပြင်လည်လည်ပတ်ပတ်လည်းှရှိတာပြီလေ။။။ အရင်လို ရိုးရိုးကြီးမဟုတ်တော့ပဲ ဟော့ရှော့ဖြစ်လာပြီ…
သွားလျှောက်ရမှာက လှည်းတန်းမှာ…..ဦးထွန်းလင်းခြံလမ်း….တကယ်ပါ….အဲဒီတုန်းက ဦးထွန်းလင်းခြံလမ်းက သင်တန်းပေါင်းစုံရှိတဲ့နေရာပါ…ဆရာဦးမြကြိုင်ကျူရှင်ဆိုတာလဲ…များလိုက်တဲ့ ကျောင်းသားတွေ…..အဲဒီမှာ ဘေးမှာအတူတူအိပ်တဲ့ သူငယ်ချင်းက သူကဦးမြကြိုင်သွားမှာဆိုပြီး အတူတူထွက်လာတယ်….ရင်ငြိမ်းကအကျီင်္အရှည်…ကိုယ်ကျပ်နဲ့ ဂျင်းဘောင်းဘီနဲ့….တောင်ကြီးသူမပီပီ အောစတားလေးစီးပီး အလန်းထွက်လာတာပေါ့…
ဦးထွန်းလင်းခြံလည်းရောက်ရော…ဦးမြကြိုင်တက်ရမှာမလို့မစောင့်တော့ဘူးဆိုပြီး လမ်းခွဲသွားတယ်….ရင်ငြိမ်းမှာ တယောက်ထဲ…လိုက်ရှာတော့ တွေ့ပြီ…..ဒုတိယအလွာမှာ INFO TECH ဆရာက ဘာရှာတာလဲဆိုတော့ လက်ညိုးထိုးပြလိုက်တယ်…ဒီကိုလာမှာလားတဲ့….အင်းဆိုတော့ သူက သော့ပစ်ချပေးတယ်….တောင်းလေးထဲထည့်ပြီး ကြိုးနဲ့ချပေူတာပါ….မစ္စတာဂီးက တောင်းထဲမဝင်ဘူး အပေါ်ကနေပြုတ်ကျလာတာ….ပေါ်မော့နေတဲ့
ရင်ငြိမ်းပေါ်တဲ့တဲ့…ရှောင်ချိန်မရတဲ့အပြင် မစ္စတာသော့က ရင်ငြိမ်းရင်ဘက်ထဲ ကျသွားပါလေရော….သင်တန်းပြီးလို့နောက်သင်တန်းတက်ဖို့စောင့်နေတဲ့ သူတွေက ရှေ့တဲ့တဲ့လက်ဘက်ရည်ဆိုင်မှာအများကြီး… ရှက်ရှက်နဲ့ လှည့်ထွက်မယ်လုပ်တော့…အပေါ်ကဆရာက ဟေ့သော့ထုတ်အုန်းလေ…နင်မထုတ်ရင် နင်လည်းတက်လာလို့မ၇…ငါတို့လဲ ဆင်းလို့မရတော့ဘူးတဲ့
ဝါးခနဲ ရီတဲ့အသံက တော်တော်ကိုဟိန်းသွားတာတော့ အမှန်ပဲ…ရှက်ရှက်နဲ့ သော့ထုတ်ပါတယ်ဆိုမှ အကျီင်္နဲ့ညှိနေသေးတယ်
နောက်တော့ သော့ယူပြီးတက်တော့ ဆရာကမေးတယ်…ဘာပိုစ့်လျှောက်မှာလဲဆိုတော့ လူကထူပူနေပြီ…it ပရော်ဖက်ရှင်နယ်လားတဲ့
လျှောက်ဖို့သွားတာက … it sale girl ..
ရှက်လည်းရှက် လူက ထူပူနေတော့
အင်းဆိုပြီး ခေါင်းညိတ်ပြတော့…သူကစမေးပါလေရော…
ဘယ်ဟာက ဘာဘုတ်လဲ… နော့ဘရိတ်…ဆော့ဘရော့… ဘုတ်တွေကို ဘာနဲ့ခွဲမှာလဲ စတာစတာတွေ စုံတကာစိအောင်မေးတော့တာပဲ
ဘာမှမဖြေနိုင်တဲ့အဆုံးတော့ သူ့ဆီ ပြန်ပြီး သင်တန်းတက်ရတော့တာပဲ
ဒီလိုနဲ့ တက်လိုက်ရပြန်ပြီ နောက်တခု……ဒီလိုနဲ့ ထပ်ပြီးလွဲပြန်ပကော….
12 comments
windtalker
October 16, 2011 at 12:40 pm
“ ရင်ငြိမ်းကအကျီင်္အရှည်…ကိုယ်ကျပ်နဲ့ ဂျင်းဘောင်းဘီနဲ့….တောင်ကြီးသူမပီပီ အောစတားလေးစီးပီး အလန်းထွက်လာတာပေါ့… ”
ဟေဟေဟေး….
အပီပြင် ကြေငြာသလေး
Yin Nyine Nway
October 16, 2011 at 12:48 pm
အဲဒီ All star ကြောင့်ဖြစ်တာ …ပြောချင်ဘူး..
windtalker
October 16, 2011 at 1:19 pm
တောင်ကြီးသူတွေ တဲ့
ဂျင်းကိုယ်ကြပ် ရယ်
အောစတားရယ်နဲ ့ဆိုရင်
အရမ်းအရမ်း ဖလန်းတာကို
မနှစ်က တောင်ကြီး တန်ဆောင်တိုင်ပွဲမှာ
မြင်ခဲ့ရပြီး ပြီမို ့
ရင်ငြိမ်းနွေ တစ်ယောက် ဟာလဲ
ဂေဇက်ရဲ ့မော်ဒယ်လ်ဂဲလ် ဖြစ်ရမှာ
မလွဲမသေပါပဲ
Yin Nyine Nway
October 16, 2011 at 1:46 pm
ဟားဟား…တန်ဆောင်တိုင်ပြန်မှာဟေ့…လိုက်ချင် စာရင်းပေးကြ
(ကားလက်မှတ်ရောင်းမလို့)…ဟီး
ကြောင်ကြီး
October 17, 2011 at 10:14 am
ဘောင်းဘီဖင်ကျပ်
အောစတားဖိနပ်
တောင်ကြီးသူလှ
စူးရဲကြွသမို့
ကာလသားမိုက်
သက်ရှုမှားခိုက်
စိန်သော့တယောက်
ဗျုန်းဆိုရောက်..
ရှက်အားရယ်ပို
heartမှာပြို
ယင်ဖိုမသန်း
ပျိုအလန်းဗျို့
မိုးကျရွှေကိုယ်
သူရယ်ပို
ရင်ငြိမ်းနွေကို
မခွဲလို…။ 😳
ရွှေဘိုသား
October 17, 2011 at 10:26 am
ကျနော် မန်းထားတာ ဘယ်ရောက်သွားတာလည်းဗျ လှည်းတန်းမှာဆိုတော့ ကွဲတာပေါ့နော်
MOEPWINTPHYU
October 17, 2011 at 1:26 pm
ဖြစ်ရလေ
ဒါမျိုးလည်ဖြစ်တတ်ပါတယ် တောင်ကြီးတန်ဆောင်တိုင်တကယ်ခေါ်မလားလိုက်ချင်လို
အရမ်းလှတယ်ဆို မကြုံဖူးဘူး
etone
October 17, 2011 at 1:28 pm
ဆံပင်လေး ဖားလျားချထားတယ်မဟုတ်လား … ဒီတော့ ခေါင်းကိုငုံလိုက်လျှင် အလိုလိုကွယ်သွားပြီး .. အကျီ င်္ထဲက နှိုက်လိုက်ပေါ့ယဉ်ငြိမ်းရေ 😀
Yin Nyine Nway
October 17, 2011 at 6:53 pm
အကျင်္ီက ပေါင်လယ်လောက်ရှိတာ ဘယ်လို လက်နဲ့ နိုက်မတုန်း အိတုန်ရဲ့
ဒီလိုပဲ ဆွဲဆွဲ ပြပီးချရတာပေါ့…
အမဌီး …..ရှက်လိုက်တာ … 🙁
hmee
October 17, 2011 at 1:56 pm
ဖြစ်မှဖြစ်ရလေ။ လှည်တန်းဆိုတာ လူဘယ်လောက်များလဲဆိုတာ သိလို့ ရင်ငြိမ်း အယောင်ယောင် အမှားမှား ဖြစ်လောက်ပါတယ်။
နီလေး
October 17, 2011 at 2:38 pm
အဲတုန်းကအလွဲက ခုတော့အမှတ်တရဖြစ်သွားတာပေါ့လေ
Yin Nyine Nway
October 17, 2011 at 6:45 pm
ဖြစ်တာမှ တယ်ဖြစ်တာပေါ့
ရှက်လွန်းလို့ … သင်တန်းကိုတောင် ညပိုင်းပဲတက်ခဲ့တယ်
အဲဒီတုန်းက ..