ပြည်တွင်း ဇ နှင့် ပြည်ပ ဇ ပူးပေါင်းရေး။
ကိုသစ်ရေ။
အခု ကျွန်တော်တို့ အစိုးရက ကိုသစ်တို့လိုပြည်ပရောက် ဇ ရှိသူများ(ထူးချွန်ထက်မြက်သူများ)ကိုပြည်တွင်းပြန်လာဘို့ဖိတ်ခေါ်တယ်ပေါ့ဗျာ။
ဟိုတစ်နေ့က သူကြီး တင်တဲ့ ပို့စ်ထဲက ဒေါက်တာရင်ရင်နွယ် လို ပုဂ္ဂိုလ်မျိုးတွေကလည်း အစိုးရကသာ နေရာပေးအားကိုးတယ်ဆိုရင် လုပ်ပေးကိုင်ပေးဘို့
အဆင်သင့်ရှိနေတယ်လို့ ကျွန်တော်ထင်ပါတယ်ဗျာ။ အဲဒီအချိန်ကျရင် ပြည်တွင်းမှာရှိနေတဲ့ အန်တီဝေတို့လို ဇ ရှိသူတွေနဲ့
(ဒီနေရာမှာ အန်တီဝေ ကို ပြည်တွင်းဇ ရှိသူအဖြစ်သတ်မှတ်ခွင့်ပေးပါဗျာ)
ကိုသစ်တို့လို ပြည်ပကပြန်လာမယ့် ဇ ရှိသူတွေကြားမှာ ပြသနာ အနည်းနဲ့ အများတော့ ရှိလာနိုင်ပါတယ်။
ဉာဏ်ရည်နိမ့်သူ တစ်ယောက်ရဲ့ ခတ်ညံ့ညံ့အတွေးလို့ပဲ သတ်မှတ်ချင်သတ်မှတ်ပါ။ ပြည်တွင်း ဇ ရှိသူများကလည်း သဘောထားကြီးကြီး
ထားပေးဘို့ လိုလာမယ်လို့ထင်ပါတယ်။ တာဝန်ရှိသူတွေအနေနဲ့ ပြည်တွင်းက ဇ ရှိသူများနဲ့ ပြည်ပက ဇ ရှိသူများကို အဆင်ပြေချောမွေ့စွာ ပေါင်းစည်းနိုင်ဘို့
ကြိုတင်စီမံချက်လေးတွေ ရှိသင့်တယ်ထင်ပါတယ်ဗျာ။ ဒါမှ လိုချင်တဲ့ ရလဒ်ကို ရနိုင်မယ်လို့ ကျွန်တော်ထင်ပါတယ်။
အဲဒါနဲ့ ပတ်သက်လို့ ကိုသစ် အမြင်လေးကို သိချင်မိပါတယ်။ ပြီးတော့ ရွာသူားတွေရဲ့ အမြင်ကိုလည်း သိချင်ပါတယ် ဗျာ။
ဝင်ရောက်ဆွေးနွေးကြဘို့ပါ။
41 comments
thit min
November 28, 2011 at 10:43 pm
ကျနော်ကခင်ဗျားပြောသလိုထူးချွန် ထက်မြက်တဲ့ သူမဟုတ်ရပါဘူးဗျာ။
ကိုယ့်နိုင်ငံကိုချစ်တတ်တဲ့၊သာမာန်ပြည်သားတယောက်ပါဗျာ။
သိသလောက်တော့ဖြေကြည့်ပေးပါ့မယ်နော်။
တကယ် ဇ ရှိသူဆိုတာ ရှိသလောက် ဇ နဲ့ ညွတ်တတ်ပါတယ်။
ကျနော် ဒီနိုင်ငံမရောက်ခင်ကတည်းက ပညာရှိအသိုင်းအဝိုင်းမှာကျင်လည်ခဲ့ဘူးပါတယ်။
ပညာရပ်ဆိုင်ရာပါရဂူဘွဲ့”ဒေါက်တာ” ဆိုတဲ့ ပီအိတ်ချ်ဒီ ရခြင်းကိုအင်မတန်ဂုဏ်ယူဝင့်ကြွားစွာနဲ့
ကိုယ့်နာမည်ရှေ့တွေမှာ မပါ၊ပါအောင်တပ်ခဲ့ကြတဲ့ (အခုတော့မသိပါ)ဟိုတုန်းက အဲဒီအသိုင်းအဝိုင်းပေါ့လေ၊
ကျနော်တွေ့ခဲ့ဘူးပါတယ်။
အဲဒီလိုနဲ့ ဒီကိုရောက်လာတဲ့အခါ ဘယ်ဆရာ၊ဆရာမက ပီအိတ်ချ်ဒီဟိုးလ်ဒါလဲလို့ လိုက်ကြည့်မိပါတယ်။
ဘာလို့လဲဆိုတော့ “ဒေါက်တာ”လို့ကိုယ့်အမည်ရှေ့မှာတပ်ထားတဲ့ သူ မတွေ့မိလို့ပါ။
နောက်စုံစမ်းကြည့်လိုက်တော့မှ အဲဒီလူအားလုံးဟာ ပီအိတ်ချ်ဒီဟိုးလ်ဒါ “ဒေါက်တာ” တွေချည်းပါ။
တော်တော်အံ့ဩသွားခဲ့ရသလို၊ ကိုယ့်နိုင်ငံက(ကျနော့တို့ရဲ့ကျေးဇူးရှင်ဆရာများလဲပါတာမို့။ဦးနဲ့ဆံနဲ့
ကန်တော့ပါတယ်။အမှန်တရားကိုပြောချင်လို့ပါခင်ဗျာ)ဆရာတွေကို လည်းနဲနဲအားမလိုအားမရဖြစ်သွားမိပါတယ်။
ဒီထက်ပိုတဲ့ ပါစင်နယ် ကိတ်စတွေကျနော်ပြောနိုင်ပါတယ်။ အ ဆ ည နဲ့ ညှိတဲ့ပီအိတ်ချ်ဒီကိတ်စတွေပေါ့နော်။
ကိုဘလက်နဲ့ဆုံတော့မှဘဲပြောပါတော့မယ်နော။အဲဒီဟာကိုတော့။
ပြောရရင် ကိုဘလက်ရေ ပြည်တွင်း၊ပြည်ပဆိုတဲ့ အဲဒီနေရာအနေအထားမှာ ကွာခြားချက်က “လူလို့”ဘဲပြောပါရစေ။
ဟုတ်ပါတယ်။
လူ ပါ။ကျနော်တို့၊ ညီလေးဂီတို့ ကိုယ့်နိုင်ငံမှာထက် ပိုပြီးအပိုးကျိုးရပါတယ်။သူ့ကိုမေးကြည့်ပါ။
ကျနော်တို့ တွေ “လူကိုလူလို”တန်ဖိုးထားတတ်တဲ့ စိတ်တွေအရင်ထက်ပိုများလာပါတယ်။
တော်တာ တတ်တာထက်၊နှလုံးသားကို ပိုအလေးထားတတ်သွားတာမျိုးကိုဆိုလိုပါတယ်။
တော်ရင်ကောင်းပါတယ်။
နှလုံးသား “လှ”ဖို့လိုအပ်လှပါတယ်။
လူဟာ ကိုယ့်အကျိုးစီးပွါးကိုလုပ်ရမှာပါ။ကိုယ့်အကျိုးစီးပွါးကိုလုပ်ရင်းသူများကိုအကျိုးပြုတဲ့ Invisible Hand
ကိုယ်ပျောက်လက်ဆိုတာ ကိုဘလက်သိပါတယ်။
သူတပါးရဲ့အခွင့်အရေးကို ယူသုံးတဲ့ကိုယ်ကျိုးစီးပွါးမျိုးကတော့ စာရင်းမဝင်ပါဘူး။
ဆိုလိုတာက အဲဒီလို ကိုယ်ရဲ့ရပိုင်ခွင့်ထဲကဘဲလုပ်တတ်တဲ့ ဇ ရှိသူများကမှ လောကကိုကောင်းကျိုးပြုပါတယ်။
အဲဒီလို “တူ”ရင် ဘယ်ကဘဲဖြစ်ဖြစ် တွဲလုပ်လို့ရပါပြီ။
ခံယူချက်နဲ့ ယုံကြည်ချက် ကိုစဉ်းစားမိတယ်။အမေစုလည်းပြောခဲ့တယ်ထင်တယ်။(အမှတ်မမှားရင်)
လူဆိုတာ ယုံကြည်ချက်အပေါ်မှာအမျိုးမျိုးသော ခံယူချက်တွေရှိနိုင်ပါလိမ့်မယ်။
ဘုရားကိုခင်ဗျားလဲယုံတယ်။ကျနော်လဲယုံတယ်။ဆရာခိုင်လဲယုံတယ်။
ခံယူပုံကျမတူဘူး။ သူရာမေရိယကံကို ကျူးလွန်ဘို့ဝန်လေးသူ၊ဝန်မလေးသူ။ဒီလိုရှိမယ်။
ပြောရရင် အဲဒီလိုပေါ့။မတူညီမှူမှာ တူညီမှူတခုရှိ “ရ” တယ်။
ဟစ်ပိုကရေစီ( hypocrisy )= ဟန်ဆောင်သဘောတွေ အများကြီးရှိနေတဲ့ ကျနော်တို့ နိုင်ငံရဲ့အနေအထားက
အဲဒီ ယုံကြည်ချက် ဆိုတာကြီးကိုက မခိုင်မာတာတွေ့ရပြန်တယ်။
ခံယူချက်တွေကလည်းအမျိုးမျိုးပေါ့ဗျာ။
ကျနော် နားလည်တာက မြန်မာလူမျိုးက (ပြောခဲ့ဘူးတယ်နော်) ချစ်ရင်လိုက်လုပ်တယ်၊ ကြောက်ရင်လိုက်လုပ်တယ်။
ကိုယ့်အသိနဲ့ Initiate-အင်နီရှိရိတ် လုပ်ဘို့ ဝန်လေးတယ်။ ရုံးမှာ၊အလုပ်မှာ တာဝန်ကျေစွာလုပ်တာကိုရှက်တတ်တဲ့သူ
တွေတောင်ရှိတာနော်။
ကဲ အိုကေ၊ကျနော် ကထုံးစံအတိုင်း ပြဿနာတွေ ကိုပြောပြပြီးသွားပြီ။
အဖြေကိုစဉ်းစားရအောင် နော်။
ကျနော်တို့ ၁၉၉၅ ပါတ်ဝန်းကျင်က ဆရာဦးလှမြင့်(အငြိမ်းစားသံအမတ်ကြီး)၊ဆရာမန်းသက်စံ(ဝန်ကြီးဟောင်း)၊
ဆရာ ဒေါက်တာစိန်မောင်(World Bank ပြန်)၊ဆရာဦးသိန်းဦး(ACE computer)၊
ဆရာဦးမြတ်သိန်း(Former Eco-Rectorခင်ဗျားသိမှာပါ)၊
ဆရာဒေါက်တာမောင်မြင့်၊(အခုသမတအကြံပေး)၊ဆရာဦးချမ်းအေး(မောင်စူးစမ်း)၊
အစရှိသဖြင့် ဆရာတွေအများကြီးပေါင်းပြီး နှီးနှောဖလှယ်ပွဲတွေလုပ်ခဲ့တယ်။တော်တော်ကောင်းတဲ့အဖြေတွေ
ရခဲ့တယ်ဗျာ။
ဘာသွားတွေ့လဲဆိုတော့ တွေ့ဆုံဆွေးနွေးရေးဗျ။
“စ” မလုပ်နဲ့ဦး၊ အဆင်ပြေမှာမဟုတ်ဘူး။
ဆွေးနွေးကြရအုန်းမယ်။ သဘောတူညီချက်တွေ ယူကြရအုန်းမယ်ဗျ။
တခုတော့ ရှိပါတယ်။
ကိုဘလက်ပြောသလို တယောက်နဲ့ တယောက် နားလည်မှုတွေ ညှိနှိုင်းစရာလေးတွေတော့ရှိမှာပါ။
ဒါပေမဲ့ဗျာ။
တိုင်းပြည်ချစ်ကြသူချင်း၊ အနှစ်ပြည့်တဲ့ “စပါးနှံ” ချင်း ဦးညွတ်ပြီးသားလေးတော့ ဖြစ်မယ်ထင်ပါရဲ့။
ဘယ်လိုဘဲ ဖြစ်ဖြစ် ဆွေးနွေးမှူ တွေကတော့ လှေကားထစ်တွေဗျ။
အဲဒါ လိုကိုလိုတယ်။စာတမ်းတွေ ဖတ်ကြရမယ်။ခုဆရာ Dr.အောင်ထွန်းသက် အဲဒီအလုပ်လုပ်နေတာလေ။
အပြင်ကပြန်လာသူများနဲ့ ပေါင်းပြီးအကြီးကြီးတွေလုပ်ရလိမ့်မယ်။အဲဒီလိုနဲ့ တကယ်အရည်အချင်းရှိတဲ့
သူ “ပေါ်”လာမှာပေါ့ဗျာ။ ပြည်တွင်းရယ်၊ပြည်ပရယ်မဟုတ်ပါဘူး။တော်တဲ့သူကတော်ပါတယ်။
ဆွေးနွေးပွဲအဖြေပေါ်က မှ လုပ်ငန်းစဉ်က မဟာဗျူဟာ၊နည်းဗျူဟာ၊ဒီလိုသွားရမှာပေါ့။
အသေးစိတ်ကို ကြတော့လဲ ဆိုင်ရာ ပရိုတွေ ဆက်ဆွေးနွေးရမယ်ပေါ့ဗျာ။
………………………….လုပ်လို့ရသွားမှာပါ။…………………………………….
နိုင်ငံကိုတကယ်ချစ်ရိုးမှန်ရင် “ငါခေါင်းဆောင်လုပ်ရမှ”လို့စဉ်းစားလေ့မရှိပါဘူး။
နောက်ကလဲ လိုက်လုပ်ပါတယ်ဗျာ။
အဲဒီလိုပါ။
ဦးဖွတ်ကျား
November 29, 2011 at 8:16 am
ဆြာသစ်ရေ
ဆြာက တပည့်ကို referလုပ်သွားတော့ တပည့် မန့်ရပါတော့မယ်ခည….
အတွေ့အကြုံက နည်း အသက်က ငယ်လေတော့ကိုယ်တွေ့လေးနဲ့ပဲ မန့်ပါတော့မည် ဆြာတို့
သည်းခံ ဖတ်ပေးကြပါ…(ရှည်သွားရင်လည်း ခွင့်လွှတ်ပါ)
ကျနော်ပြောလိုတာကတော့”ဇ” ကိစ္စအသာထားလို့ …ပထမဆုံးပြောချင်တာ “ဂွ” ကျတဲ့ကိစ္စပါ….
ဟုတ်ကဲ့ဗျ ….. လိုကယ်လ်မှာ အတော်ခွကျပါတယ်…အဆိုးရ (စာလုံးပေါင်းသီးခံပါ…သီးမခံလည်းမီးဒုတ်ဗျာ)
ဌာနသာမကအပြင် company များ ဆိုင်များနှင့် ဆက်ဆံသည့်အခါတိုင်း ဂွ ကျခဲ့ဖူးပါသည်….
ပထမ အချက်က ဂျင်းထည့်သည့်ကိစ္စ ….
ဒုတိယ အချက်က ပညာပြတဲ့ကိစ္စ…
၁) ဂျင်းထည့်တာ ..
professional skills ကို တလွဲသုံးခြင်းသာဖြစ်သည်…user သည် sellerလောက် မသိပါ မတတ်ပါ….
သည်အပေါ်မှာ အမြတ်ထုတ်တာပါ ….ဟုတ်ကဲ့ ဈေးတင်ဆော်ပါသည်… ရောင်းမကောင်းသည့်ပစ္စည်းကို
အစွံထုတ်ပါသည် ….အနှီ အရောင်းသမားများသည် အလွန်တော်ကီကောင်းကြပါသည် …. သူရို့ရောင်းလျင်ကော..
after sale service မှာ အလိမ်အခေါက် စိန်မျောက်မျောက်လုပ်သည့်နေရာတွင်ရော ….
ဆံပင်လေးသပ်သပ်ရပ်ရပ်ဖီး …အဝတ်အစားလေး ကျကျနန ဝတ်ပြီး ဈေးသွားဝယ်ကြည့်ပါလား ..
အချဉ်လေး ဆိုပီး ဝိုင်းဝန်း ဂျင်းထည့်မည့်လူ မနည်း….သည်တော့ ဂီဂီ မုတ်ဆိတ်မရိတ်ပါ …
ဆံပင် ပုခုံးထောက်ပါသည် အစုတ်ဆုံးဂျင်းကို အားမနာတမ်းဝတ်ပြီး နှုတ်ခမ်းကို မဲ့ထားပါသည်..
တဖက်လူ စကား၁ခွန်းပြောတိုင်း ခေါင်း၂ခါ ယမ်းပါသည်…
ဒါ ကျနော့် မူပိုင် shopping style ….လူမိုက်ရုပ် ဆြာရုပ် ဖမ်းထားခြင်းဖြစ်၏ တကယ်တော့
မလုပ်ချင်ပါ။ အမှန်ပြောတာပါ…(မလုပ်ရင် ဂျင်းသုတ်စားရမှာ မဟုတ်လား..)
တီဗီ ရေခဲသတ္တာအစ ….ပလေးစတေရှင်အလယ် ..ဆေ့ဗ်ဂတ် အဆုံး…သည်အထှာချည်းသာ ….
ဟဲဟဲ ..ဌာနဆိုင်ရာ စမ်းဦးမလား ….ဖုန်းကိစ္စတွေ ပါ့စ်ပို့ ကိစ္စတွေ သေသွားမယ်နော ….
သည်တော့ ….သည်နေရာတွေသွားရင်
၁။ ပြုံးမပြနဲ့
၂။ မျက်လုံးတည့်တည့်ကြည့်
၃။ ဖုန်းပြောသလို တယောက်ယောက်ကိုရေရွတ်သလိုနဲ့ ဖရုတ်သဝါစာ ပြောကြည့်
၄။ကျုပ်လို စိတ်မထင်ရင် ဖက်ကိုက်မယ့် ရုပ်ပေါက်နေရင်အကောင်းဆုံးဘဲ ..:D
တကယ်တော့ အကြံပေးချင်တာက…..အငုံ့စိတ်ကို ဖျောက် … သတိ္တနည်းနည်းမွေးပြီး …
ဗန်းစကား ၂လုံး၃လုံးလောက်နဲ့ …. ကောင်တာထိုင်နေတဲ့ ပုဂ္ဂိုလ်လေးတွေကို ထေ့ကြည့်
ငေါ့ကြည့် ရိကြည့်ပါလား ….မင်းနဲ့ ငါပြောကြည့်ပါလား ….
(Result က ဟုတ်ကဲ့ …ထူးခြားပါသည်ခင်ဗျား …သည်ကောင် ဘာအကပ်ရှိလည်းမသိ
ဘယ် လူဂျီးနဲ့ ဘာလဲမသိ …သည်လိုပြောရဲမှ ဆိုပြီး ….) ရှိန်ပါသည်ခင်ဗျား…
အပိုးလေးတွေ ကျိုးသွားပါသည်….သတိ္တရှိရင် …မင်း ပိုက်ဆံဘယ်လောက်လိုချင်လဲ
ဒါမှမဟုတ် ဘယ်သူ့လက်မှတ်ပါရင် အခုရမလဲ ဆိုတာမျိုး မေးကြည့်ပါလား ….(ဒဲ့တော့မဟုတ်ဝူးနော့်ဆြာတို့)
ကျပ်တာမဟုတ်ပါခင်ဗျား …. သည်တော့ ပြောချင်တာက ….ကိုယ်အဖြဲ မခံချင်လျင်…..
ကိုယ်ကစ, ဖြဲ ရမလို ဖြစ်နေပါသည်…
(မလုပ်ကောင်းပါ မလုပ်သင့်ပါ ….မင်္ဂလာတရားတော်နှင့်မညီပါ..ပြောရ ချရေးရတာပင် ကျက်သရေ မရှိပါ…)
ဆက်ပါဦးမည်…
(၂) ပညာပြတဲ့ကိစ္စ ….
ရေရေလည်လည် ပညာပြခံဖူးတာပေါ့ဗျာ….အဲ့တော့ ဘာဖြစ်လဲ ကျနော် မာကတ်တာဖြစ်သွားတယ်
(ခစ်ခစ်…… အော် …ခုတော့ ခစ်ခစ်နိုင်ဘီပေါ့. …ခံရတုန်းက မရှုမလှ…)
ကျနော့် EC ကိစ္စ ကျောင်းနှင့် ဆေးကောင်စီ ..ဘောလီဘောပုတ်ခံထိပါသည်…
ရန်ကုန်နှင့် နေပြည်something လူးလာခေါက်တုန့် ….
ကိုယ့်ဟာကိုယ် မတက်ချင်လို့ ဆက်မတက်တာ ကိုယ်ပိုင် အခွင့်အရေးဖြစ်ပါသည်…
လျော် ဆိုလည်း လျော်ပါမည် ….လျော်စရာ မလိုပါကလည်း ပါ့စ်ပို့ ထုတ်ပေးပါ…
ခုဟာက လိုအပ်သည်မှာ….ကျောင်းမပီးသည့်အတွက်EC ကြေး လျော်ကြေးပေးရန် အကျုံးဝင်မှု မရှိသည့်ထောက်ခံစာ …
ဌာနတကာပြေးပြီး မောရပါသည် …ဘော်လီဘောပါ…ပြီး ….အပြောခံလိုက်ရတာ ရစရာ မရှိ…..
နက်ဖြန်သဘက်ပဲ ဖင်က အမြီးပေါက်တော့မလို ….သူရို့ကိုပဲ အလုပ်ရှုပ်အောင်လုပ်လို့ ..ထိုင်ဦးချရမလို …
(ရေးရင်းတင်းလာဘီ …ဦးတော့မချဝူး …ဟင်း)
ပါချုပ်တွေဘာတွေ သွားတွေ့ရင်ဘဲ အထိုးခံရတော့မှာလိုလို ဆေးလိပ်ခွက်နဲ့ ပေါက်ခံထိမှာလိုလို..
(လုပ်ကြည့်ပါလား ….ကျုပ်က ငမိုက်သား …ထမင်းအိုးချင်း တိုက်ပလိုက်မယ် ဘာအောက်မေ့လဲ..)
နိုင်ငံတကာမှာ မရှိသော ECကြေးပေးလျော်ရန် အကျုံးဝင်ခြင်း မရှိကြောင်း.
ထောက်ခံစာ ရပြီးမှ မလနမှ ကိုယ်blahblahblahများက ပါ့စ်ပို့တော်ကြီး ထုတ်ပေးကြောင်းပါ….
(သည်လို တင်းကျပ်ရတာက …အနှီကာလများက ဂီဂီနှင့်ခေတ်ပြိုင် … ကိုငှက်တပည့် ဟို ကချင်ဆြာလေး နှင့်
ပိတ်သတ်ကိုဟိုမရောက်သည်မရောက်ဟု ပြောသည့် ဆြာဝန်အဆိုတော်မလေးတို့က
နိုင်ဂံဂျား သီချင်းထွက်ထွက်ဆိုတာကိုး ….. )
ဒင်းတို့က ကျောင်းဆက်တတ်နေတာလေ ….ဂီက အပြီးထွက်တာလေ..
(ကျောင်းထွက်တုန်းကလည်း ကောင်းကောင်းပညာ အပြခံထိပါသည်ခင်ဗျား…ကြုံရင်သပ်သပ် ရေးပါဦးမည်…..)
ထွက်စာ အမှတ်စာရင်း… ဘာညာ သာဒကာ အကုန်အပြည့်အစုံ…
သူရို့နဲ့ မတူဝူးလေ. ..မတူတာ မတူကြောင်း မြင်ကြည့်လေ …ပြောပြလို့မရခဲ့ပါ…
အိုခေ. ….ဘောင်ဝင်အောင် သည်ဌာနမှာ သည်စာရွက်တော့ သွားယူလိုက်ပါ
ဆိုလျင် ..သွားယူပါ့မည် …အနှီဌာနများ ဘောလီဘောပုတ်တမ်းတော့ မကစားကြပါနှင့်…
လူကို သူတောင်းစား လိုတော့ မပြောကြပါနှင့် နည်းနည်းမှ မခံလိုပါ….
ကိုယ့် right အတွက် ကိုယ် လုပ်နေတာသာဖြစ်ပါသည်…
အဲ့သည့်နေ့ရက်တွေ ပြန်တောင် တွေးမကြည့်ချင်ပါ …..
ဆိုတော့ အချုပ်ပြောရရင်ဖြင့်(အတင်းပြောသလိုဖစ်တွားလို့ ဆြာသစ်နဲ့ ဘဘဘလက်ရေ ဆောရီး…)
ကျနော်တို့ သောက်ကျင့်တွေ တအားပြင်ရပါဦးမည်…..
ဆြာသစ်ပြောသလို သည်မှာ အင်မတန်ခါးချိုးလုပ်ရပါသည်ခင်ဗျ ….အပိုးပိုကျိုးရပါသည်…
တဖန် ကိုယ့်ကိုလည်း တဖက်က အပိုးကျိုးပေးကြပါသည် ယဉ်ကျေးပေးကြပါသည်…
okyakusama wa kamisama da တဲ့ ..customer is always rightဆိုတဲ့ အနောက်ကမာ္ဘက
ဩချယူရတဲ့ ဝါဒပါ ….customer is god တဲ့ ပြီးရော ….သည်မှာ ဈေးဝယ်ရတာ အလွန်စိတ်ချမ်းသာဖို့ကောင်းပါသည် ….
ဈေးရောင်းသူတွေဟာ customerတွေကို …engage educate entertain expand လုပ်ပါသည် ဂျင်းမထည့်ကြပါ…..
ကန်ပနီတွေ အရောင်းစင်တာတွေသာမဟုတ်ဘူးခင်ဗျ …ဌာနဆိုင်ရာတွေလည်း သည်လိုပဲ ….
service ပေးရတာကို ဝမ်းသာ ဂုဏ်ယူနေကြတာ…ကိုယ့်တာဝန်ကိုယ်ကျေ ရတာကို ကျေနပ်နေကြတာ ….
ကိုယ်ရတဲ့လခ သည် အနှီ customerများကို service ပေးသောကြောင့် သူတို့ ရှိသောကြောင့် ဆိုတာမျိုး ..
ခံစားနားလည် ကြသောလူ့အသိုင်းအဝိုင်းဖြစ်ပါသည် …(သည်က ဘာသာရေးအယူဝါဒကတော့ သဂျီးဘဲ ဆက်ပြောတော့…)
ဘာသာရေးအဆုံးအမ ထွန်းကားတယ်လို့ သူများတွေ မှတ်ထားတဲ့ ကျုပ်တို့ဆီမှာကတော့….
ကျုပ်တို့ဆီမှာတော့ သူတပါးကျေးဇူး ဘာညာ ..က စာအုပ်ထဲ ဖတ်ရမလို တရားနာမှပဲ ကြားရမှာလို
ဖြစ်နေပါသည် …လက်တွေ့မကျင့်သုံး ကြပါ မကျင့်သုံးနိုင်တာလည်း ပါမှာပေါ့လေ…
သည်တော့ သည်လိုသည်လိုတွေ ဂွကျပါသည်….
(ဌာနဆိုင်ရာတွေမှာ IT service ပေးတဲ့ကိစ္စနဲ့ ပါတ်သတ်ပီး ဖတ်ဦးမား ..ဆြာတို့ ……
အဆင်ပြေအောင် ကောင်းအောင် ဘယ်လောက်ကောင်းအောင်လုပ်ပေးလုပ်ပေး ….
စားပေါက်ပျောက်အောင်လုပ်တယ်….ဂွင်ပျက်အောင်လုပ်တယ် ဆိုပြီး ငြိုငြင်တဲ့ ..
ဆြာသမားတွေ တပုံတခေါင်း ….)
သည်တော့ “ဇ” ကို လိုလျင်”ဂွ” ကျတာတွေ ပြင်ရပါမည်….
ကျုပ်လို ဟိုမရောက်သည်မရောက် ကလေကချေကတောင် စိတ်ပျက်သည့်
လူမှု အသိုင်းအဝိုင်းကြီးကို ပြည်ပရောက် ပညာရှင်များ …ဆြာကြီးများ ….
မည်မျှလောက် စိတ်ပျက်မည် တွက်ကြည့်နိုင်ပါသည် …
တစ်ဦးချင်းစီ ကိုယ့် သောက်ကျင့်ကို ပြင်ရပါမည် …..ပွင့်လင်းမြင်သာမှု ကို ဖော်ဆောင်ရပါမည် …
public sector တွေ ပိုကောင်းလာဖို့လိုပါသည်…ဖြည့်ပြောရလျင် ဘုန်းကြီးဆွမ်းလောင်းရင်း ထောင်ကျရတာမျိုး မရှိသင့်ပါ…
ကိုယ့် passport ဖုန်း ကား လိုင်စင် …အစစအရာရာ လုပ်ဆောင်တိုင်း အအော်အငေါက် မခံရသင့်ပါ…..
လူကိုလူလိုမှတ်ပေးကြပါ. ….quality of life အထိပြောရလျင် ကြီးကျယ်ရာရောက်ပါမည်…
quality of service ကို သတိထားပေးကြပါ ….ရုပ်ရှင်ရုံလက်မှတ်ကအစ ….အလုံးစုံသောပါမစ်တွေအဆုံး
လက်သိပ်ထိုးတာ ..မှောင်ခိုလုပ်တာတွေ ရပ်ပေးကြပါ…တိုက်ဖျက်ပေးကြပါ…..တကယ်ပါ အိမ်သာရင် ဧည့်လာပါတယ်…
ဧည့်တောင်လာမှတော့ အဝေးရောက်သားတွေ ပြန်လာမှာ မြေကြီးလက်ခတ်မလွဲပါဘူး….
သည်လိုပြောလို့ ကျနော်တို့ ရင်ဘတ်ထဲက မျိုးချစ်စိတ်ကိုတော့ သံသယ မရှိ စေချင်ပါ….နိုင်ငံရေးစီးပွားရေးနှင့် အပြိုင်
ကမာ္ဘ့အဆင့် ၁၅ဝကျော်နေသော ဘောလုံးအားကစားကို ကျနော်တို့ ဘယ်လို ရင်ဘတ်နဲ့ အားပေးနေ/ခဲ့ သလဲ
တချက်တည်းနှင့် တွေ့နိုင်မြင်နိုင်ပါသည်ခင်ဗျား…
မတတ်သာလို့ ပထွေးကို အဖေခေါ်ပြီး ကျွန်ခံစားနေရတဲ့ ဗမာတွေ . …အားလုံးကိုယ်စား…
အဝေးရောက် သားတယောက်…
thit min
November 28, 2011 at 11:04 pm
P.S
~~~~~~~~
အပိုကျိုးရတယ် ဆိုလို့ ညီလေးဂီရောကျနော်ရော သာမာန် လူအများလာပြီးလုပ်နေကြ အချိန်ပိုင်း
အလုပ်တွေ အသဲအသန် လုပ်နေရသူ တွေလို့မထင်ပါနဲ့နော်။
အချိန်ပိုင်းအလုပ်ကို အားကိုးနေရရှာသူတွေမှာ ဒီလို တနေကုန်၊ ဂေဇက်မှာရှိမနေနိုင်၊မရေးနိုင်ကြပါဘူး။
ပြီးတော့ သူရေးတဲ့စာတွေအရ သူ့လယ်ဗယ်ကို မှန်းကြည့်ပေါ့နော်။
ကျနော်တို့ ဒီက “ဂျပန်” တွေထက် ခေါင်းတလုံးစာလောက်တော့ မြင့်ကြပါတယ်။(ရိုးရိုးပြောတာပါဗျာ။
ကြွားဝါခြင်းမဟုတ်ပါဘူး)
ဒါပေမဲ့ အင်မတန်တော်တဲ့ တတ်တဲ့ ချမ်းသာကြွယ်ဝ တဲ့သူတွေ တောင် ညွတ်ကျနေတဲ့ စပါးနှံလေးတွေလို
တိုင်းပြည်မလို့။ ကျနော်တို့တွေ အပိုးကျိုးရပါတယ် လို့ဆိုလိုရခြင်းပါ။ ကောင်းသော အတူယူခြင်းပေါ့ဗျာ။
မောင်သန်းထွဋ် ဦး
November 28, 2011 at 11:34 pm
ဘယ်လိုဘဲဖြစ်ဖြစ်ပေါ့ဗျာ ကိုသစ်မင်းရဲ ့ထင်မြင်ချက်လေးေ ကာင်းပါတယ်ခင်မျာ။အားလုံးညီညွတ်နိုင်ကြပါစေ။ပြိုင်တူတွန်းရင်တော့ရွေ ့ရမှာပေါ့။
ရှူံးနိမ့်မှုများနဲ့.. လူ
November 29, 2011 at 2:48 am
ဒီနေရာမှာ တစ်ခုပြောစရာရှိလာတယ်ပေါ့လေ..
ဦးဘလက်ပြောသလို ဇ ရှိတဲ့အထဲမှာတော့ မပါဘူးပေါ့လေ၊ သာမန် သူလိုကိုယ်လို ပုခုံးနှစ်ဖက်ကြား ခေါင်းပေါက်နေတဲ့သူ လျှာရှည်တယ်လို့ပဲ ဆိုရမယ်ပေါ့။
ဆိုတော့… အပေါ်မှာ ရည်ညွှန်းခဲ့သလိုပြည်တွင်းနေ ဇ ရှိသူ၊ ပြည်ပနေ ဇ ရှိသူ၊ ဘယ်သူက အမြင်ပိုကျယ်လိမ့်မယ် ထင်သတုန်း? ပြည်တွင်းမှာ ဇ ရှိကြတယ်ဆိုသူတွေ ကိုယ့်လူမျိုး၊ ကိုယ့်ရိုးရာကြားမှာ ကြီးပြင်းလာရတယ်၊ ဒီတော့ မြန်မာပီသကြတယ်၊ ကိုယ့်ထက်သာ မနာလိုဘူး။ ငယ်စဉ်ကတည်းက လူမှန်းမသိခင် မွေးဖွားစခင်ကတည်းက ဘယ်သူက အသိမို့လို့၊ ဘယ်ဆရာဝန်ကြီးက သေချာဂရုစိုက်ပြီး ကြည့်ပေးလို့ မွေးဖွားစဉ်တုန်းက ချောချောမွေ့မွေ့ ဖြစ်ခဲ့ရတာ၊ အတန်ငယ်လေး အရွယ်ရောက်လာတော့ သူကတော့လေ ဘယ်လူကြီးရဲ့ သားသမီးမို့၊ သူ့အဖေကတော့ ပိုက်ဆံဘယ်လောက်တောင် ချမ်းသာတာမို့ဆိုပြီး အထင်ကြီးအားကျတဲ့လေသံတွေကြား ခွဲခြားခံခဲ့ရသူတွေ တစ်ချိန်မှာ ငါ့အလှည့်ရောက်ရမဟဲ့ဆိုပြီး ကြိုးစားလာလိုက်တာ သူတို့တွေ အမြင့်တစ်နေရာရောက်ပြန်တော့လည်း ရှေးရိုးစဉ်လာမပျက် ဇာတ် ခွဲခြားကြသေးပြန်တာပဲ။
ပြောချင်တာက ပြည်တွင်းနေနဲ့ ပြည်ပနေ၊ ဘယ်သူက ပိုအကြားအမြင်၊ အတွေ့အကြုံ ကြွယ်ဝမယ်ထင်သတုန်း? ပြည်တွင်းနေ ဇ ရှိသူအများစုရဲ့ ငါ စွဲ စွဲကိုင်ထားတဲ့ အယူတွေ လွှတ်ချဖို့လိုမယ်၊ ကိုယ့်ရဲ့ကြိုးစားမှုကြောင့် အောင်မြင်မှုကိုရတယ်ဆိုတာ လူကို လူလိုတန်ဖိုးထားတဲ့ ပြည်ပမှာ နေထိုင်သူတွေ ကောင်းကောင်းနားလည်တယ်။ ပြည်တွင်းနေအများစုက အကပ်ကောင်းမှ၊ ဖားနိုင်မှ၊ အဆက်အသွယ်ရှိမှ ကြီးပွားတိုးတက်မယ်ဆိုတဲ့ သေးနုပ်တဲ့ အတွေးအခေါ်တွေကြားမှာ ကြီးပြင်းလာကြရတာ။ ပြီးတော့ ကိုယ်ကျင်လည်နေရတဲ့ ကိုယ့်ရုံးခန်းပါတ်ဝန်းကျင် ကျဉ်းကျဉ်းလေးထဲမှာ ကိုယ့်ဆီဝင်လာတဲ့သူတွေ အကြောက်တရားနဲ့ ဂါဝရပြုနေရတာကို တစ်ကမ္ဘာလုံးကလူတွေ သူ့ခြေထောက်အောက်ရောက်နေကြသလို မာန်မာနတွေ ထောင်လွှားနေတဲ့ အတော်လေး ဇ ရှိတယ်လို့ ဆိုသူများလည်း တွေ့ခဲ့ဖူးတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အဲဒီဘဝရောက်ခဲ့ဖူးတယ်။
ဝါးလုံးခေါင်းလေးထဲက မြင်နေရတဲ့ သာနေတဲ့လကိုကြည့်ပြီး ကိုယ့်ကိုယ်ကို ကြီးကျယ်မြင့်မြတ်လှပါပြီထင်နေတာ၊ အပြင်လောကကို ထွက်ကြည့်လိုက်ကာမှပဲ ငါဟာ ဘာကောင်မှ မဟုတ်ပါလားဆိုတာ မြင်လာပြီးတဲ့နောက်မှာမှ တစ်နယ်ရပ်ခြားမှာ ဇ ရှိနေကြသူတွေကို အားကျခြင်းဖြစ်တော့တယ်။ ပြည်တွင်းမှာ အရည်အချင်းရှိသလောက် ဘာမှ မဖြစ်နိုင်ပါဘူး။ ပြည်ပမှာက အလုပ်လုပ်နေကြတယ်ဆိုသူတွေကို သာမန်အမြင်နဲ့ကြည့်မယ်ဆို ဒေါ်လာရှာစားနေကြသူတွေလို့ပဲ မြင်မယ်။ တစ်ကယ်က သူတို့တွေ တိုင်းပြည်နဲ့ လူမျိုးရဲ့ Image ကို သရုပ်ဖော်နေတာ၊ မြန်မာဆိုတဲ့လူမျိုး ဘာလဲဆိုတာ သိအောင် ပြနေတာ၊ ကိုယ့်မြေ ကိုယ့်ရေကို ချစ်လွန်းလှပါရက်နဲ့ ကိုယ့်ကို နေရာမပေးတဲ့နေရာကို ရင်နာနာနဲ့ စွန့်ခွာပြီး ထွက်လာနေရတဲ့သူတွေချည်းပဲ။ သူများနိုင်ငံမှာ ကားကောင်းကောင်းတွေ သွားလာနေတာမြင်ရင် ငါ့နိုင်ငံကြီးလဲ ဒီလိုဖြစ်ရင်ကောင်းမှာပဲ၊ သူများနိုင်ငံမှာ မီးတွေလင်းထိန်နေတာတွေ့ရင် ငါတို့လူမျိုးတွေ ဘယ်တော့ ဒီလိုဘဝရောက်မလဲ၊ သူများနိုင်ငံမှာ သူတို့အလုပ်တွေလုပ်နေရရင် ငါတို့နိုင်ငံမှာသာ ဒီလို စီးပွားရေးမျိုးတွေရှိရင် ဘယ်လောက်ကောင်းမလဲ၊ သူများနိုင်ငံမှာ ပညာကောင်းကောင်းသင်နေရရင် ငါတို့နိုင်ငံကကျောင်းတွေ ဘယ်တော့များ တိုးတက်လာလေမလဲဆိုပြီး မြင်သမျှ၊ ကြားသမျှ၊ လုပ်သမျှတွေကို ငါ့နိုင်ငံကြီးသာဆိုရင်… ဆိုတဲ့ အတွေးတွေနဲ့ ကြိုးစားနေကြသူတွေက ရာခိုင်နှူန်းအများဆုံးပါ။
အဲဒီအထဲမှာမှ အတော်လေး ဇ ရှိနေတဲ့သူတွေဆိုရင် မြန်မာပြည်မှာမွေး၊ ကြီးလာတာရယ်၊ တစ်မြေရပ်ခြားက အတွေ့အကြုံတွေရယ် ပေါင်းထားတာရယ်ကြောင့် ပြည်တွင်းက ဇ ရှိသူတွေအနေနဲ့ သူတို့ဆီက ရသလောက် ပညာရပ်တွေ လေ့လာဆည်းပူးဖို့လိုမယ်။ ဘာလို့လဲဆိုတော့ ပြည်တွင်းနေသူတွေ ကျင်လည်တဲ့ ပါတ်ဝန်းကျင်က ကျဉ်းကျဉ်းလေးဆိုတော့ အမြင်တွေကို ဖြန့်ကျက်ကြည့်ဖို့လိုမယ်။ ပြည်တွင်းနေ ဇ ရှိသူတွေ ငါတစ်ကော ကောမနေကြဘဲ ပြည်ပနေ ဇ ရှိသူတွေကို နေရာပေး၊ တိုင်းပြည်ထူထောင်ရေးမှာ ရှေ့တန်းကနေ နေရာပေးနိုင်မယ်ဆို ကိုယ့်ဖာသာ ခြေလှမ်းဆယ်လှမ်းလှမ်းရမှာကို သူတို့အားနဲ့ ခြေတစ်လှမ်းနဲ့ အကွာအဝေး အများကြီးရောက်နိုင်တယ်ဆိုတာကို ယုံကြည်လက်ခံ၊ သဘောပေါက်ပြီး ဆောင်ရွက်ကြမယ်ဆိုရင်တော့ဖြင့် အာရှမှာ တစ်ကယ်နိုးထလာမယ့် ကျား တစ်ကောင်ဖြစ်ကြောင်း ကမ္ဘာကို မောင်းခတ်လို့ ကြေငြာနိုင်မယ် ထင်မိပါကြောင်း…
တော်သေးဘီ။
kai
November 29, 2011 at 4:37 am
အဲဒါ..နိုင်ငံတော်အစိုးရက ခွင့်ပြုတဲ့ ဘောင်ထဲကနေ.. ဒေါ်အောင်ဆန်းစုကြည် လုပ်သွားမယ်လို့ မျှော်လင့်မိတယ်..။
ပြောရရင်..
…” ဇ”ရှိတဲ့သူဆိုတာ… “ဇ”ရှိသူအချင်းချင်းပဲ.. ပြောလို့.. ဆွေးနွေးလို….ရတာကလား..။
ခေတ်ကာလစကားနဲ့ဆို.. Rhythm တူမှဖြစ်တာပါ..။
တကယ်တော့..”ဇ” ရှိသူတွေ အချင်းချင်း.. အဆက်အသွယ်ရှိနေလောက်ပါတယ်..။
“ဇ”ဆရာကို..ခေါ်ရင်.. “ဇ”တပည့်အဆင့်ဆင့်.. ပါဝင်ကူညီ..လုပ်ပေးတတ်ပါတယ်..။ 😆
ဆိုတော့…
သူ( ဒေါ်အောင်ဆန်းစုကြည်)ခေါ်ရင် ပြန်ကြမှာပါ..။
ပြည်ပ ဇ ရှိသူတွေကို.. ပြည်တွင်းဇ ရှိသူ .. ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ..officially.. တရားဝင်… ဖိတ် ခေါ်ဖို့ လိုတယ် ထင်မိတယ်..။
အဲဒါ..
တနေရာမှာ ကျုပ်က..မန်းဖူးတယ်..။
ဘီလ်ကလင်တန်လို… ဂျင်မီကာတာလို.. နိုဗယ်ဆုရှင်တွေလို…အယ်လ်ဂိုးလို.. လူတွေကို.. မြန်မာပြည်အတွက်.. အကြံပေးအဖြစ်ခေါ်ပါလားလို့..
စိတ်ကူးယဉ်နေတယ် ပြောကြပါလေရော…။
မဖြစ်နိုင်ဘူးများ.. ထင်နေသလား…မသိ…။ ။ 😆
thit min
November 29, 2011 at 5:40 am
…” ဇ”ရှိတဲ့သူဆိုတာ… “ဇ”ရှိသူအချင်းချင်းပဲ.. ပြောလို့.. ဆွေးနွေးလို….ရတာကလား..။
ခေတ်ကာလစကားနဲ့ဆို.. Rhythm တူမှဖြစ်တာပါ..။
တကယ်တော့..”ဇ” ရှိသူတွေ အချင်းချင်း.. အဆက်အသွယ်ရှိနေလောက်ပါတယ်..။
“ဇ”ဆရာကို..ခေါ်ရင်.. “ဇ”တပည့်အဆင့်ဆင့်.. ပါဝင်ကူညီ..လုပ်ပေးတတ်ပါတယ်..။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကျနော်နိုးနိုးချင်း ကြည့်လိုက်တော့ စီအိုင်အေ (အဲလေ) သူကြီးကော်မန့်ကို
ဖတ်ပြီး ပြုံးမိတယ်။
အမှတ်တမဲ့ ကြည့်ရင် “ပြည်တွင်း၊ပြည်ပ”ကိုကြည့်တာမဟုတ်ပါဘူး။
လိုင်းတူ “ဇ” တူ ကိုကြည့်ကြတာမို့။ဟဲ ဟဲ ။ သူကြီးမှန်ပါတယ်။
ပြောရရင် Positive Thinking ပေါ့လေ………………
ပြည်တွင်းကလူကလဲ “ပြည်ပအတွေ့အကြုံရှိသူ “ဇ”” ကို အထင်ကြီး။
ပြည်ပကလူကလဲ ” ပြည်တွင်းကလက်ရှိအခြေအနေတွေရဲ့အတွေ့အကြုံရှိသူ “ဇ”” ကိုအထင်ကြီးမို့
ကျီး ဘုတ်ရိုသေ၊ ဘုတ် ကျီးရိုသေ တွေကများပါတယ်။
တကယ် “ဇ” ရှိသူ ပညာရှင်ဆိုတာ သူ့ “ဇ” ကိုပြရင်း “တိုးတက်” ချင်တာမျိုးလေ။
ကိုယ့်ထက် တော်ရင် ဆရာတင်တတ်တာ “ဇ” တွေရဲ့ အရည်အချင်းဗျ။
ဒါကြောင့် တော်လေ၊ ပိုတော်လေ ဖြစ်သွားတာပေါ့။
aye.kk
November 29, 2011 at 6:48 am
ကိုဘလက်ချောရေ..
ပြည်တွင်းကဇရှိသူတွေနဲ ့ပြည်ပကဇရှိသူတွေပြန်လာပြီးပူးပေါင်းနိုင်ဖို ့လိုအပ်လှတယ်လို ့ထင်ပါတယ်
ဒါပေသည့်လည်း ဘဝပေးအခြေအနေ အရတော်ရာမှာနေကြရတာမို ့လက်ရှိကျရာနေရာကနေ အုတ်တစ်
ချပ်သဲတစ်ပွင့်လို ကိုယ်တတ်စွမ်းတဲ့ပညာနဲ ့ပြည်သူတွေအမြင်ကျယ်လာအောင် မီဒီယာကနေ ဆောင်ရွက်
ပေးလို ့ရတဲ့ခေတ်ကို ရောက်ရှိလာတာက ဝမ်းသာစရာကောင်းလှပါတယ်.ဥပမာ ကိုသစ်မင်းလိုပေါ့နော်
အတွေးခေါ်ကောင်းကောင်းလေးတွေ ချရေးပြပြီး အကျိုးပြုသလိုပေါ့ အားလုံးကလဲ တတ်သလောက်သိသ
လောက်တစ်ယောက်တစ်လက် ဝိုင်းဝန်းကာကူပြီးဆောင်ရွက်ပေး ကြတာတွေမြင်တွေ ့နေရပါတယ် အား
လုံးထဲကမနေတတ်သူတွေကတော့ ကိုတတ်တဲ့ပညာတွေကို သေရွာကိုယူမသွားချင်တဲ့သူတွေချည်းဘဲလို ့
ကျမအနေနဲ ့ကအဲလိုမြင်မိပါတယ် မတ်မတ်ရပ်ထောင်နိုင်တဲ့ ပစ်တိုင်းတောင်လိုပါဘဲ ဘယ်မှာဘဲပစ်ချ..ပစ်ချ ၊ထောင်နိုင်တဲ့အစွမ်းသတ္တိတို ့ရှိနေကြသရွေ ့ ကိုယ့်နိုင်ငံကိုယ့်လူမျိုးကို မြတ်နိုးချစ်ခင်တဲ့စိတ်ကတော့ တပြားတစ်ချပ်မှယုတ်လျှော့သွားတာမျိုး မရှိကြပါဘူး ၊ ဥပမာသူကြီးဦးခိုင်
တို ့လိုဒုက္ခအပင်ပန်းခံပြီး လူတကာတို ့အား အသိအလိမ္မာပညာရှိဘို ့ဂေဇက်ကိုမားမားမတ်မတ် ရပ်တည်
ပေးနေတာကို ကြည့်မြင်တွေ ့ကြရမှာပါ ၊ ခန္ဓာအသက်သွေးခဲတို ့မြဲနေသ၍
ပစ်တိုင်းတောင်အရုပ်ကြိုးမပြတ်သရွေ ့ဆိုတဲ့ စိတ်ထား ရှိနေတဲ့“ဇ”ရှိသူတွေက ကျရာနေရာကနေအသိတစ်ရားနဲ ့ဆောင်ရွက်နေကြမယ်ဆိုတာ အမှန်ယုံကြည်နေပါကြောင်း ကျမရဲ ့ထင်
မြင်ယူဆချက်လေးကို တင်ပြလိုက်ပါရစေ..။
်ပါရစေ..။
blackchaw
November 29, 2011 at 8:38 am
ဒါလေးကို တင်ရကျိုးနပ်ပါတယ် ခင်ဗျာ။
ပြည်တွင်း ဇ တွေထဲမှာလည်း အချို့ အစိုးရဌာနတွေမှာ လူမှန်နေရာမှန် ရှိကြပါတယ်။
ပြည်တွင်း ဇ တော်တော် များများလည်း ဘေးရောက်နေကြတာ ရှိပါတယ်။
သူကြီးပြောတဲ့
“ပြည်ပ ဇ ရှိသူတွေကို.. ပြည်တွင်းဇ ရှိသူ .. ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ..officially.. တရားဝင်… ဖိတ် ခေါ်ဖို့ လိုတယ် ထင်မိတယ်..။”
ဆိုတာကို လက်ခံပါတယ်။ အဲဒီလိုခေါ်လို့ ပြန်လာကြမယ့် ဇ တွေနဲ့ ပြည်တွင်းက
ခုနက နေရာမှန်မှာရှိနေတဲ့ ဇ တွေကတော့ ပြသနာမရှိဘူးပေါ့ဗျာ။
လူမှန်နေရာမှန် မဟုတ်ပဲ ဇ နေရာကို ရောက်နေတဲ့ လူတွေက သဘောထားကြီးနိုင်ကြမယ်
မထင်မိဘူးဗျို့။ ဘာလို့ဆို ဦးဖွတ်ကျားကြီးအပေါ်မှာ ပြောခဲ့သလို ဗမာ လေဗျာ နော။
blackchaw
November 29, 2011 at 11:25 am
ရော် ရွာထဲက ဇ ရှိသူတွေ နည်းနည်းဆွေးနွေးကြပါဦး ခင်ဗျ။
ဒါမှ ပွဲတိုးတဲ့ ပုဆိုး မျိုးမျိုးလုံခြည် ဖြစ်မှာခင်ဗျ။
ကျွန်တော်ကတော့ ဇ မရှိပါဘူးခင်ဗျာ။ ဒါပေမယ့် ဇ တွေ ဆွေးနွေးတာလေး
ဖတ်ချင်ထှာ။ လေ့လာချင်ထှာ။ သင်ယူချင်ထှာ။
ကဲ လာနော် လာနော် တစ်ခါမန့် ရင် လေးပွိုင့်ပေးတယ်နော်။
ဦးဖွတ်ကျား
November 29, 2011 at 11:36 am
အဘောချ…
အဘောချ တို့ ကျပ်ကျပ်ပေးလို့ ထ,ထကရတာ တားတားလည်း
အောင့်လှပါဘီ ဗျာ… (မော်နီတာကြည့်ရလို့ မျက်စိအောင့်တာ ပြောပါတယ်..)
(ခုတလော ရင်ထဲမကောင်းလို့ …)စာဖတ်ပိတ်သတ်ဘဲ လုပ်တော့မယ်…
(၄ကျပ် ရဘီ ပျော်ထှာ..)
nozomi
November 29, 2011 at 11:44 am
ကျွန်တော်တော့ ဇ ရှိသူမဟုတ်ဘူးပေါ့
သူကြီး ကိုသစ် ကိုချော ကိုဖွတ်ကျား တို့လို ( ရွာထဲ မှာ အများကြီး ရှိပါသေးတယ်) ဇ ရှိသူ တွေရဲ့ တိုင်းပြည်အတွက် ကောင်းသောလုပ်ရပ်တွေကို အားပေးတယ် ။လမ်းကြောင်းမှန်ပေါ် လျှောက်မဲ့ ဇ ရှိသူတွေရဲ့ ဦးဆောင် မှုနောက်မှာ လိုက်မယ် ၊ ရှေ့ကဦးဆောင် နိုင်သူ ဦးဆောင် နောက်က လိုက်မဲ့သူက သေချာလိုက် ၊ ဘေးလွယ်အိတ်လို လူတွေ မရှိဘို့တော့ လိုတယ်
blackchaw
November 29, 2011 at 11:46 am
အဟမ်းအဟမ်း။
နင်က ပြည်ပ ဇ သမားလေ ဆြာဖွတ်ကျားရယ်။
ကျုပ်ပြောတာက ပြည်တွင်းက ဇ တွေကို ပြောတာလေ။
အဲဒီတော့ ခဏလေးစောင့်နေ၊ လာတော့မယ် လာတော့မယ်။
အင်းကိုယ်က မန့် တော့ ရပြီ ၆ ကျပ်။
blackchaw
November 29, 2011 at 11:49 am
ကိုရင် နိုဇိုမိ က လျှိုပြီ။
အခုလို နောက်ကလိုက်မယ်လို့ ပြောတာကိုက
ဇ ရှိသူတွေရဲ့ အကျင့်စရိုက်ပဲဗျို့။ ကိုဖွတ်ကြားကြီးရော ဘယ်လိုထင်လဲဗျ။
ba gyi
November 29, 2011 at 1:47 pm
အေးဗျာ– ကိုချောကြီးတို့၊ သူကြီးမင်းတို့၊ကိုသစ်ကြီးတို့ ကိုဖွတ် အပါအဝင်ပေါ့ သည်မှာပြောကြရေးကြ
တာတွေတွေ့ရ၊ဖတ်ရ၊အားရပါသဗျား၊ သည်မှာ ကျနော်ဘာမြင်ရသလည်းဆိုရင်-
တိုင်းပြည်ချစ်ကြပုံပြောပါတယ်၊ သေနတ်ကိုင်တိုက်ပြီးချစ်မှ၊ နိုင်ငံရေးသင်းဖွဲ့ထဲဝင်လုပ်မှ မဟုတ်ပါဘူး သည်လို ရေးကြ၊ဆွေးနွေးကြ၊ငြင်းခုံကြ၊အကြံပြုကြနဲ့ ကွန်ယက်လွှတ်တော်ကြီး ထဲက လည်းချစ် နေကြ တာပါပဲ။အရေးကြီးတာ ချစ်ကြသူအချင်းချင်း၊ပြည်တွင်း ဇ၊ပြည်ပဇ မည်သူမဆို ရိုးသားမှု၊ တိုင်း ပြည် ပေါ်ထားတဲ့ စေတနာတွေအရင်းခံပြီး အကောင်းဆုံးထဲကအကောင်းဆုံးတွေကို ကိုယ်ဟာမဟုတ်
လည်း၊လက်ခံရယူ နိုင်တဲ့ စိတ်ရင်းအခြေခံရှိရင် ဒါ သဟဇာတ ဖြစ်လာမှာမို့၊ကိုချော၊စိုးရိမ်တဲ့ ပြဿ နာရဲ့ ဇစ်မြစ်ဆိုတာ မရှိသလောက်ဖြစ်မှာပါပဲ၊ သည်တော့ အတွင်းဇ၊ အပြင်ဇတွေမြန်မြန် ပေါင်းစည်းပြီး၊ ကောင်းခြင်းဝေဖြာ ပြည်မြန်မာ ၊မြန်မြန်သာဖြစ်စေချင်လှပါပြီ၊ ဒါကြောင့်လည်းပေါင်းစည်းရေးဆိုတာ ကိုအမြဲတောင့်တနေခဲ့တာပါပဲ။ ဇရှိသူ တွေများလာပြီး ရှေ့တန်းတက်စေလိုပါပြီ၊ကျနော်တို့ ပုခုံထမ် း ဘို့ အသင့်ပါဗျား။ကျုပ်တို့နိုင်ငံမှ မျိုးဆက်ကလေးလေး၊တွေရဲ့ မျက်နှာလေးတွေကိုမျှဝေပြီးကြည့်ပေးကြပါဗျာ။
blackchaw
November 29, 2011 at 2:47 pm
ဘကြီးရေ။
ကျွန်တော် က ဒီပို့စ်လေးကို စေတနာ နဲ့ တကယ်တင်တာပါ။
ကျွန်တော်ကိုယ်တိုင်က ဇ ရှိသူ တစ်ယောက်မဟုတ်ပါဘူး။
ဒါကြောင့် မမှီမကမ်း လှမ်းမျှော်မျှော်ကြည့်တဲ့ သဘောပါ။
ဖြစ်လာနိုင်တာကို တွေးကြည့်တဲ့ သဘောပါ။
ရာသူားတွေအနေနဲ့ ပေါ့ပေါ့ပါးပါးဖြစ်အောင် ကွန်းမန့် ရွှတ်နောက်နောက်တွေ
လျှောက်ပေးနေတာပါ။
ကျွန်တော်ပြောချင်တာဆီ မရောက်ရင်တော့ ကျွန်တော်ရေးတာညံ့လို့ပါ။
ကွန်းမန့်ပေးသူအားလုံးကို ကျေးဇူးတင်ပါတယ်။
ba gyi
November 29, 2011 at 4:14 pm
ကို မဲချောကြီးရေ၊ ကိုမဲချောကြီးရဲ့ စေတနာကိုတစ်ကယ်ကို မြင်နေရပါသဗျား၊ တွေးနိုင်၊ရေးနိုင်တဲ့
အခြားရွာသူရွာသားတွေကိုလည်းလေးစားပါတယ်၊ဒါ့ကြောင့် ဟောသည်သူကြီးမင်းတို့ ဂေဇက်ကို ကွန်ရက်
လွှတ်တော်ကြီးလို့ တစ်လေးတစ်စား ပြောလိုက်ရတာပါ၊ ရေးနိုင်၊တွေးနိုင်လို့ များများသာရေးပေးကြပါလို့-
အထူးသဖြင့် ကိုမဲချောကြီး ရဲ့ ဇရှိသူတွေပေါင်းနိုင် ဘို့ကြိုတင်စီမံချက် ကလေးတွေရှိသင့်တယဆိုတာလေး အလွန်ကောင်းပြီးသည်ပို့စ် လေး တန်ဘိုးရှိပါတယ်။သူကြီးမင်းနဲ့ ကိုသစ်ကြီးလည်းဖြေထားကြပါတယ်၊ ကျနော်လေးစားတဲ့ – ဆရာကြီးဦးအောင်ထွန်းသက်တို့လုပ်နေတာတွေ၊ ဒေါ်စုလည်းကွန်ယက်ဖွင့်ထားတာ တွေအပါအဝင်၊ သူရို့ဘက်ကပညာရှင်တွေ၊ သူရို့ဘက်ကပညာရှင်တွေနဲ့ သဟဇာတ ကြားညှိပေးနိုင်တဲ့
ဆရာအောင်ထွန်းသက်တို့လိုပုဂ္ဂိုလ်တွေ ပါဝင်တဲ့ အလုပ်ရုံဆွေးနွေးပွဲတွေ မကြာမကြာလုပ်လာတာတွေ
ဟာနောက်ပိုင်းမြင်သာထင်သာရှီလာမယ်ထင်ပါတယ်ဗျား။
naywoonni
November 29, 2011 at 5:01 pm
ဇ ရှိရှိ မရှိရှိ ပါဗျာ ကျွန်တော်တို့ကို ချစ်ရင်တော့ ပြန်လာကြဗျာ ……။ သူကြီးကအစ ….။ တိုင်းပြည်ချစ်စိတ်ပဲ လိုတာ ….။ ကိုယ့်လူမျိုး တိုးတက်ရမယ်ဆိုတဲ့ စိတ်ပဲလိုတာ ….။ ကျန်တာဘာ မှပါလာဖို့ မလိုဘူး…။ လေယာဉ်ကွင်း ကနေ ပုဆိုးကိုင်ပြိးစောင့်ရ စောင့်ရဗျာ…..။ 😛 နောက်တာနော့ ……။ 😛
ဒီပြည်တွင်းထဲမှာ လူတွင်ကျယ်လုပ်နေတဲ့ ခွေးသူဒေါင်းစားတွေထက်တော့ ခင်ဗျားတို့က သာမှာပဲ….။ ဒါပဲပြောမယ်…။ တော်ကြာ အောင်ပုလိုဆဲမိလိမ့်မယ်….။
KING
November 29, 2011 at 7:52 pm
ဘနီကတော့လုပ်ပြီဗျာ … D
ကျွန်တော်ကတော့ ပြည်တွင်းမှာ ဇ လည်းမရှိဘူးဗျ
အခုထိတော့ ကျွန်တော်လုပ်နိုင်တာက နောက်လိုက်ကောင်းတစ်ယောက်အထိပဲ ရှိသေးတယ်
ခေါင်းဆောင်ကောင်းတွေရဲ့ နောက်လိုက်ဖြစ်ခွင့်ရတာနဲ့ပင် ပြည်တွင်းမှာ ကျေနပ်နေခဲ့ရသူပါ
ကျွန်တော်က မျက်စိပိတ် နားပိတ်ခေတ်မှာ နယ်မြို့မှာ ကြီးပြင်းလာသူဆိုတော့ အခုခေတ်ရောက်မှပဲ မျက်စိပွင့် နားပွင့် (ဒါကလည်း ဆရာသမားတွေရဲ့ ကျေးဇူးကြောင့်ပေါ့) ဖြစ်လာတာကလည်း မကြာသေးသော ကာလမှဆိုတော့ ဇ ရှိသူတွေရဲ့ ဆွေးနွေးချက်များကိုလည်း ဆက်လက်ဖတ်ရှုချင်ပါသေးတယ် …………
Oo Oo
November 29, 2011 at 9:38 pm
မန်းဂေဇက်ကရွာသူားတွေ..
အတွေးလည်းကောင်းကြတယ်…အရေးလည်းကောင်းကြပါတယ်
တကယ်အနှစ်သာရရှိတဲ့အတွေးအခေါ်တွေဖတ်ရလို့အားရတယ်ဗျာ
ကျနော်(ဦးဦး)ကတော့ကိုယ်တိုင်(ဇ)မရှိပေမယ့်..(ဇ)ရှိတဲ့လူတွေကိုတော့လေးစားတတ်တယ်ဗျ
ရွာထဲ (ဇ)မရှိလို့ဝင်မရေးဖြစ်ပေမယ့်..ရွာသူားတွေကအဖိုးတန်တဲ့အတွေးအမြင်တွေရေးတတ်ကြလို့အမြဲဝင်ဖတ်ဖြစ်ပါ၏။
maungmoenyo
November 30, 2011 at 9:20 am
ဇ, ရှိကြလားဆိုတော့..နိုင်ငံတကာရောက်မြန်မာတွေ အားလုံးကတညီတညွတ်ထဲ ကြွေးကျော်ကြမယ်ထင်ပါတယ်…။ ဘာတဲ့…”ကျွန်တော်ကထိပ်ဆုံက” ဆိုပြီး။ဘာလို့လဲဆိုတော့..”.နိုင်ခြံဂါးပြန်” ဆိုပြီး…။
မြန်မာတွေထဲ thinkers တွေ၊ professionals တွေ၊ ထိပ်ထိပ်ကြဲ ပညာတတ်တွေ နိုင်ငံတကာမှာဒုနဲ့ဒေးဖြစ်နေပါပြီ။ နိုင်ငံထူထောင်ရေးမှာ သူတို့ ကိုနေရာပေးမှဖြစ်ပါမယ်။ (တကယ်တိုင်းပြည်ဖွံ့ဖြိုးစေချင်တဲ့ စေတနာမှန်ရင်)
ကိုယ်ကိုယ်ကိုမေးကြပါ…ကိုယ်က နေရာယူ၊ ရာထူးယူချင်လို့လား၊ နိုင်ငံကောင်းစားရေးကိုဥိးစားပေးကြမှာလား ဆိုတာကို…။
အကုရအခက်ဆုံးရောဂါတွေထဲ ကြောက်ရွံ့ခြင်း နဲ့ လူရှေ့သူရှေ့မှာ မဏ္ဍာပ်တိုင်တက်ပြလိုခြင်းတို့ ဟာ အဆိုးဆုံးရောဂါတွေပေါ့နော်။
ဟုတ်ပါတယ်..ပြည်တွင်းကရော ပြည်ပကလူတွေ ပူးပေါင်းကြ ကွန်ယက်ဖွဲ့ကြမှ နိုင်ငံထူထောင်ရေးမှာ အတိုင်းထက်အလွန်တံခွန်နဲ့ ကုက္ကားဖြစ်မှာ..။
ဘာတဲ့… Ronald Reagan ရဲ့အဆိုအမိန့်လေးပါ…” There is no limit to what you can accomplish if you don’t care who gets the credit”
thit min
November 30, 2011 at 9:26 am
“ဇ, ရှိကြလားဆိုတော့..နိုင်ငံတကာရောက်မြန်မာတွေ အားလုံးကတညီတညွတ်ထဲ ကြွေးကျော်ကြမယ်ထင်ပါတယ်…။ ဘာတဲ့…”ကျွန်တော်ကထိပ်ဆုံက” ဆိုပြီး။ဘာလို့လဲဆိုတော့..”.နိုင်ခြံဂါးပြန်” ဆိုပြီး…။”
ဆရာခင်ဗျား…
ကျနော်တွေ့ဘူးတဲ့ ဆရာသမားများကတော့ ဆရာကိုမိုးညိုပြောသလို “မဟုတ်ခဲ့”ကြောင်းပါခင်ဗျာ။
ယခုလက်ရှိလည်း ဘာရာထူး၊ဘာနေရာမှ၊မယ်မယ်ရရမရှိဘဲ တတ်နိုင်တာလေးတွေလုပ်နေပါတယ်ဆိုတာလေး
“လေးစွားခင်မင်စွာ” ပြောပါရစေခင်ဗျာ။
maungmoenyo
December 1, 2011 at 8:28 am
အောင်မယ်..။ ပြည်တွင်းက ခေတ်လူငယ်တွေကိုအထင်မသေးနဲ့နော်။ ခေသူမဟုတ်တွေ ဖြစ်နေပြီ။ နိုင်ငံခြားရောက်နေပြီးမှ ဒီလို ဘလောက်တွေမှာသူတို့ရေးတာလေးတွေပြန်သင်ယူရတာမနဲတော့ဘူး။ ပြည်ပရောက် ပညာရှင်ကြီးများနဲ့ ပြည်တွင်းကခေတ်နဲ့တပြေးညီ ကြိုးစားနေကြသူတွေ လက်တွဲမိရင်… တနေ့တလန်ပုဂံ ဘယ်ပြောမလဲ။
အင်း… ဆရာသစ်ပြောသလို လေးစားလောက်တဲ့ ပညာရှင်ကြိးတွေလဲရှိပါတယ်။ တတ်သည့်ပညာမနေသာကိုး။ လက်ရှိကိုဘဲ ကျန်းမာရေးဌာနကြီးမှာ အကြံပေးလုပ်နေတဲ့ ဆရာသမားကြီးတယောက်ဆို နေ့မအိပ်ညမအိပ်ပါ။ သူ့မိသားစုကတောင်ပြောယူရတယ်။ ပြည်ပမှာ ဒေါ်လာ တနင့်တပိုးစားရတုံးကတောင်ဒီလောက်မကြိုးစားဘူး..တဲ့။ ပြောချင်တာက- ဒီလိုနိုင်ငံရေးချိန်ခွင်လျှာပြောင်းချိန်မှာ အာဏာလက်ရှိတွေကို ဝင်လုံးချင်တဲ့၊ အကြိုးအမြတ်မျှော်ကိုးကြတဲ့ PhD/MBA အချို့ကိုလဲတွေ့နေရပြီလေ။ ဘာစီးပွားရေးလုပ်ခွင့်ရမလဲဆိုပြီး ပွဲစားလုပ်ချင်ကြသူတွေကိုပြောတာပါ။ ဒါမျိုးလူမျိုးတွေကလဲရှိပါသေးတယ်။ (၁၉၉၂) ခုနှစ် မြန်မာ့ရင်းနှီးမြှုပ်နှံမှုဥပဒေ ထွက်လာစဉ်က မြန်မာပြည်ဖွား ပြည်ပ ပညာတတ်တချို့ မြန်မာနိုင်ငံမှာ ဗိုလ်ချုပ်တွေဆီ မက်လုံးပေးဝင်ရောပြီး၊ ဘာတခုမှအရာမထင်တာတွေအများကြီးရှိခဲ့ပါတယ်။ အော့နှလုံးနာစရာပါ။ အကြောင်းမသိကြတဲ့ ဗိုလ်ချုပ်တွေ ကသူတို့ကို နိုင်ငံတော် ဧည့်ဂေဟာလိုနေရာမျိုးမှာထားပြီး (သူတို့ဆွေမျိုးမိသားစုအိမ်တွေရှိနေတာတောင်) 929 ကားတွေ ရှေ့မီးနောက်မီးဆိုင်ကယ်တွေနဲ့ ဧည့်ဝတ်ကျေခဲ့တဲ့မျက်နှာတောင်မထောက်ဘဲ ဖြီးဖြန်းလုပ်သွားကြတယ်။ အံမယ်-ဆရာဝန်ကြီးတွေတောင်ပါတယ်နော်….ကိုယ်တွေ့..ကိုယ်တွေ့…။ ဆိုတော့..ကိုယ်နိုင်ငံအတွက်အကျိုးရှိမလား၊ မရှိဘူးလားခွဲခြားမြင်တတ်ကြဘို့လိုပါတယ်။
NK
November 30, 2011 at 10:19 am
ဖောရိန်းပြန်ဆိုပီး စောက်ထင်ကြီးစရာမရှိပါဘူး.
blackchaw
November 30, 2011 at 10:30 am
ဟေ့လူ။ ခင်ဗျား ဝင်ကွန်းမန့်ရေးတဲ့ ပို့စ် က အဲလို အောက်တန်းကျသင့်တဲ့ ပို့စ် မျိုးမဟုတ်ပါဘူး။
ခင်ဗျားက ဘယ်သူလဲ။ ဘယ်ကနေ ဝင်ပြီးကွန်းမန့်ပေးနေတာလဲ။
ယဉ်ယဉ်ကျေးကျေး မပြောတတ်မဆိုတတ်ရင် ကွန်းမန့် ဝင်မပေးပါနဲ့။
inz@ghi
November 30, 2011 at 11:22 am
ဘယ်ပျောက်နေတာလဲ ဆြာဘလက်ရယ်. ..
ကိုသော့စ့် ကြီးနဲ့ မှော်ဆြာလေး ဇ ပြထားတာလေးတွေ
မန့်ပါဦးဗျ…..
weiwei
November 30, 2011 at 10:42 am
အခုမှဝင်ဖတ်မိပါတယ် .. ကွန်မန့်ပေးတာနောက်ကျပြန်ပြီပေါ့ …
ကျွန်မမှာရှိတဲ့ ဇ လေး ဝပ်ရှော့ပို့ထားရလို့ ကုန်းကြောင်းလျှောက်နေရတာနဲ့ နောက်ကျသွားတာပါ … 🙂
ကွန်မန့်တွေ ဖတ်ရတာ အရမ်းအကျိုးရှိပါတယ် … အထူးသဖြင့် ကိုသစ်မင်းရေးတာတွေက အတုယူဖို့ အလွန်ကောင်းပါတယ် … ကျွန်မက အလွန်အသုံးမကျတဲ့ ခပ်ညံ့ညံ့တစ်ယောက်သာဖြစ်လို့ ပြည်တွင်းက ဇ ရှိသူလို့ ကိုဘလက်က သုံးလိုက်တာလေးကို ရှက်မိပါတယ် …
ကျွန်မက ပညာတတ်အသိုင်းအဝိုင်း ပညာရှင်အသိုင်းအဝိုင်းတွေကြားထဲမှာ ကျင်လည်ခဲ့ဖူးပြီးနောက်ပိုင်း အဲဒါမျိုးတွေကြားမှာ နေရမှာ အရမ်းကြောက်ပါတယ် … အေးအေးဆေးဆေး စားသောက်ဆိုင်လေးဖွင့်ပြီး စိတ်ချမ်းသာကိုယ်ချမ်းသာ နေချင်တဲ့လူမျိုးဖြစ်ပါတယ် … နိုင်ငံနဲ့ချီတဲ့ ကြီးကျယ်တဲ့ကိစ္စမျိုးတွေကို ဉာဏ်မမှီပါကြောင်း …..
blackchaw
November 30, 2011 at 12:38 pm
ပြည်ပထွက်အလုပ်လုပ်တိုင်း ဇ ရှိကြတယ်လို့ ကျွန်တော် မဆိုလိုပါဘူး။
အဲဒီလိုပဲ ပြည်တွင်းမှာ ရပ်တည်နေတိုင်းလည်း ခတ်ညံ့ညံ့တွေပဲလို့ ပြောလို့မရပါဘူး။
ပြည်ပထွက်အလုပ်လုပ်နေကြတဲ့ လူတွေထဲက ဇ ရှိကြတဲ့လူတွေရယ်
ပြည်တွင်းမှာအလုပ်လုပ်နေကြပေမယ့် ဇ ရှိနေကြတဲ့ လူတွေရယ်
အဆင်ပြေပြေ အချိုးညီညီ ပေါင်းစပ်နိုင်ကြပါစေဆိုတဲ့ စေတနာလေးနဲ့ပါ။
ကျွန်တော် ကတော့ ဇ ရှိတဲ့ လူများကို လေးစားလို့ ဒီပို့စ်လေးတင်ဖြစ်ပါတယ်။
ကျွန်တော်ကလွဲလို့ ဒီပို့စ်မှာ ကွန်းမန့်ပေးကြသူများအားလုံးဟာ
ဇ ရှိသူများ ဖြစ်ကြပါတယ်။
ကြောင်ကြီး
November 30, 2011 at 1:04 pm
ဇရှိဒယ်ဆိုပြီး
ဇေကလေးနဲ့
ဇော်လာလုပ်ရင်
ဇက်ပြုတ်သွားမယ်
ငါနဲ့မတည့်လို့
ဖမ်းချုပ်လိုက်တဲ့
ဈေးထဲက
ဇိမ်ခေါင်းကို
zoomကြည့်ထား။။။။
blackchaw
November 30, 2011 at 3:11 pm
ကိုကြောင်ကြီးကတော့ နောက်ဆုံးပေါ် ဇ ရှိသူ ဖြစ်သွားပါတယ် ခင်ဗျား။
koaung
November 30, 2011 at 3:24 pm
ပြည်တွင်းမှာဆက်နေဖို့ ဇမရှိလို့ ပြည်ပထွက်လာတာပါဗျာ 😀
koaung
November 30, 2011 at 3:27 pm
ပြည်တွင်းမှာဆက်နေဖို့ ဇမရှိလို့ ပြည်ပထွက်လာတာပါဗျာ ဒါပေမဲ့အခုတော့ နိုင်ငံတော် အစိုးရကိုကျေးဇူးတင်သလားမမေးနဲ့
blackchaw
November 30, 2011 at 3:28 pm
အခု ဇ ရှိလို့ ဝင်မန့် သွားတာ ကိုချိုလည်း ဇ ရှိသူပါဗျာ။
Paulo Gilberto
November 30, 2011 at 3:40 pm
“ဇ” ပြင်းချင်လွန်းလို့ပါခည ….
😀
MaMa
November 30, 2011 at 4:34 pm
“ဇ” ဆိုတဲ့ စကားလုံးလေးတစ်လုံးရဲ့ ……
နောက်ကွယ်မှာ အဓိပ္ပါယ်ပေါင်းများစွာ…..
ှုငါ…….
ဇ မရှိ၊ ဇိမ် မကျ …..
ဘာလုပ်ရပါ့…
blackchaw
November 30, 2011 at 5:45 pm
ဟောကြည့် ပြည်တွင်းကလည်း ဇ သမားတွေ ရှိပါတယ်ခင်ဗျာ။
ဒီလိုလေးတွေးကြည့်ရအောင်ပါ။
ကလေးတွေစာတတ်အောင် သင်ပေးမယ့် ကျောင်းမှာ ဆရာမတစ်ယောက်က ဇ ရှိသူပေါ့။
ပြည်သူလူထု ကျန်းမာရေးအတွက် ကာကွယ်ဆေးထိုးပေးတဲ့နေရာမှာ
နပ်စ်မ တစ်ယောက်က ဇ ရှိသူပေါ့။
ပြည်သူလူထု သွားရေးလာရေးအဆင်ပြေအောင် ကားတွေနဲ့ ပို့ဆောင်ပေးနေကြတဲ့ နေရာမှာ
ဘေးမဖြစ်အောင် မောင်းနှင်ပေးတဲ့ ယဉ်မောင်းတစ်ယောက်က ဇ ရှိသူပေါ့။
သင့်တော်တဲ့ နေရာမှာ ရှိတဲ့ အရည်အချင်းနဲ့ အံဝင်အောင်တာဝန်ယူမယ်ဆိုရင်
အဲဒီလူကို ဇ ရှိသူလို့ သတ်မှတ်သင့်တာပဲပေါ့ဗျာ။
အဲဒီလိုမှ မဟုတ်ပဲ ပါမောက်ခ ကြီးဖြစ်မှ၊ ဆရာဝန်ကြီးဖြစ်မှ၊ ကားအုံနာကြီးဖြစ်မှ ဆိုတဲ့
အတွေးတွေ ရှိနေရင်တော့ ရှိနေတဲ့ ဇ လေးက ဇွတ်ကနဲ ဝင်ပြီး ဇတ်ကနဲ ပျောက်သွားပါလိမ့်မယ်ဗျို့။
aye.kk
November 30, 2011 at 6:11 pm
ရေးမဆုံးပြောမဆုံး မန် ့မဆုံး..
ဇကွဲလေးက..စပါယ်ကုံး..အားလုံးပန်မဆုံး..
ဂေဇက်ရွာဝင်..မွေးမဆုံး..စိုက်ထားတာက..အဖိုးတန်ဆုံး..။
မှော်ဆရာ
November 30, 2011 at 9:31 pm
ဇ လဲမရှိ ဗလလဲ မရှိလို့ ဝန်မရေးပဲ နေနေတာ …
အခုတော့ မမန့်ရင်ပဲ တိုင်းပြည်ကို မချစ်သလို ဖြစ်နေလို့ ဝင်ရေးလိုက်ပါဦးမယ် …
ဇ ဆိုတာလဲ လူမှန် နေရာမှန် မှ ပြသခွင့်ကြုံတာမျိုးကလား …
ဥပမာ ဂိုးဖမ်းတော်တဲ့သူဆိုရင် ရှေ့တန်းတက်ကန်နေရသလို
ဂိုးသွင်းကောင်းတဲ့သူက ဂိုးဖမ်းနေရသလို ဖြစ်နေရင် ဇ ကို ဖော်ထုတ်ပြနှိုင်စရာ မရှိဘူး ..
မြန်မာနိုင်ငံမှာလဲ အဲဒီလို လူမျိုး များနေတယ်ထင်တယ် …။
ကျွန်တော်ဆိုရင် ဘွဲ့ရထားတာ နိုင်ငံတကာ ဆက်ဆံရေး ၊ ဝါသနာပါတာ ဓါတ်ပုံဆရာ . အခုလောလောဆယ်တော့ အင်တာနက်ဆိုင်လေး ဖွင့်စားနေရတယ်..။
မှန်တာပြောရင် မောင်ဂီတို့လို ကင်မလာတွေ မှန်ဘီလူးတွေ တစ်လုံးပြီး တစ်လုံးဝယ်ပြီး ဓါတ်ပုံကောင်းတွေ တစ်ပုံပြီးတစ်ပုံ ရိုက်ပြချင်တာ ကျွန်တော်ဝါသနာ ၊ ကျွန်တော် အားသန်တဲ့လိုင်း …။ ဒါပေမယ့် အခု အင်တာနက်ဆိုင်ကို ကြိုးစားပမ်းစား လုပ်နေရတယ်..။
ကဲ ကျွန်တော့ ဓါတ်ပုံ ဇ ကို ဘယ်လို ထုတ်ပြရမလဲ …။
မြန်မာပြည်မှာ ဇ ရှိတဲ့ လူတော်တော်များများဟာ စားဝတ်နေရေးကို ဇ ထက် ဦးစားပေးနေရတယ်လို့ ထင်တယ်.။
အဲဒါဘာကြောင့်လဲ …။ အဲဒါကို ဘယ်လိုဖြေရှင်းကြမလဲ ..။
ဒါကိုတော့ ကျွန်တော် ညဏ်မမှီပါဘူး…။ ဒါက ဆရာ့ ဆရာများ ဖြေရှင်းပေးရမယ့် ဇ ပိုင်းဆိုင်ရာ ပြသနာဖြစ်သွားပြီ..။
ကဲ အစတော့ ဆွဲထုတ်ပြီးသွားပြီ…။ ကျန်တဲ့သူများ ရှင်းကြပါကုန်…။
inz@ghi
November 30, 2011 at 9:57 pm
တိန် … မောင်ဂီ က ပါရပြန်ဘီ …
မင်းမြတ်စက်ကြာ ဆြာမှော်….ခညား..
ကျုပ်မှာ 550D လေးဝယ်ဖို့ ၄လလောက် ဘရိတ်ဖတ်စ် ဖြတ်ရပါသည်..
ခရက်ဒစ်ကတ် ရှိတဲ့ဘော်ဒါ ကျေးဇူးနဲ့ ၃လခွဲ စပ်ရပါသည်…
ငါးမျက်စိဝယ်တော့လည်း …အစ်မတော် တယောက် ကျေးဇူးနဲ့ ၂လဆိုင်းနဲ့ ဝယ်ရပါသည်…
ထပ်မဝယ်နိုင် မဝယ်ဖြစ်တော့ပါ…ကျနော့် လုပ်ခလစာသည် မိသားစုကိုထောက်ပံ့ရပါသည်..
ဂီသည် ဆင်းရဲပါသည်… (သည်လိုပြောလို့ ကျနော် မရှက်မိပါ)ကျနော့် အစောပိုင်း ပိုစ့်တခုမှာ ….
amazon.com နှင့် amazon.co.jp ဈေး၂ဆကွာတာ ယှဉ်ပြခဲ့ဖူးပါသည်….
ကျနော် အိမ်ကနေ ၃နာရီခရီးသာသွားရသောစက်ရုံက ထွက်တဲ့ lens တွေသည်
အခွန်စည်းမျဉ်းအရ ..ကမာ္ဘ အရပ်ရပ်ထက် ဘာကြောင့်များ နိပွန်းတွင် ဈေးပိုများနေလဲ ဂီဂီ မသိပါ…
နည်းနည်းများတာမဟုတ်ဘူး ၂ဆခည ၂ဆ …
ိ
စာဖတ်ပိတ်သတ်တချို့ တွေးသလို ပြောသလို
ဆြာတို့နှင့် ကျနော် မယှဉ်ရဲပါ …ကျနော်က ငတ်လို့လုပ်စားသူ သပ်သပ်ဖြစ်ပါသည်
ဆြာတို့က သေချာတတ်ကျွမ်းနားလည်ပြီးမှ PRO life ကို စခဲ့သူများသာ ဖြစ်ပါသည်..
ကျနော့်ကို်ယ်ကျနော် ဘာကောင်မှ မဟုတ်မှန်း..ပိစိလေးမှန်း …မီးမောင်းထိုးပြပေးခဲ့သော
ဆြာတို့ကို ကျေးဇူးတင်မဆုံးပါဗျား..
ရွာထဲက ဒါ့ပုံ ကိစ္စ နဲ့ ပါတ်သတ်ပြီး ပြောစရာခိုင်းစရာ ရှိမယ်ဆိုရင် ကျနော် ပါဝင်ပါရစေလို့
ဆြာတို့ဆီ ခွင့်တောင်းရင်း… ဆုတောင်းရင်း ….မျှော်လင့်ရင်း…
kai
December 1, 2011 at 3:58 am
နောက်ဆို.. အကြွေးဝယ်ပြီး.. အတိုးလေးပါပေါင်း.. ပြန်ရောင်းမှနဲ့တူတယ်..။
ပရော့ဖက်ရှင်နယ် ပစ္စည်းတွေဆိုတာ.. ဇ ရှိသူတွေအတွက် လိုအပ်တာမို့…. လိုချင်ရင် .. လိုအပ်ရင်… ဝယ်ပေးချင်ပါတယ်..။
ဝယ်ကြမလားဟင်င်င်..။
မြန်မာပြည်တော့မသိ.. ဂျပန်ကတော့.. ပို့ရလွယ်ပါတယ်..။ 😆
မှော်ဆရာ
December 1, 2011 at 9:23 am
အမရေး တနားရိုက်တာ ဂီဂီရယ် …
ကျောက်ဆင်းတု ခေါင်းညှိတ် အင်ဇာဂီဆိုတာ ဟုတ်လောက်တယ်….
မင်းက အဲဒီလိုလေး ညည်းပြတော့ ငါတို့က ဘယ်လို ပြန်ငိုပြရမလဲဟေ …