သူမ နှင့် ကျွန်တော်
အမှန်တစ်ကယ် ဆိုလျှင် သူမ ကို ကျွန်တော့် အခန်းထဲ ခေါ်မလာသင့် ။
သူမ သည် စူးစူးရဲရဲကြီး ကျွန်တော့် ကို စိုက်ကြည့်နေသည် ။
ရှုပ်ပွညစ်ပေနေသော ဝတ်ပြီးသား အင်းကျီ ပုဆိုး ဘောင်းဘီ များ
သောက်လက်စ ၊ သောက်ပြီးသား ဘီယာပုလင်းခွံများ နှင့် စီးကရက်တိုများ
ဖုန်း ၊ ကင်မရာ ၊ ဘောပင် ၊ အေဖိုးစာရွက်များနှင့် ပြည့်နှက်နေသော ကျောပိုးအိတ်တစ်လုံး
ရေးလက်စ နှင့် ရေးပြီးသား ကဗျာတိုများ ၊ စာတိုများ ပြည့်နှက်နေသော ကုတင်တစ်လုံး
ဘယ်တော့မှ မပိတ်ဘဲထားသည့် တီဗီတစ်လုံးနှင့် ဒီဗီဒီတစ်လုံး ၊ အက်ရှင်ဇါတ်ကားခွေများ
အဆိုပါ နေချင်စရာ တစ်စက်မှ မကောင်းသော အခန်းပိုင်ရှင် ကျွန်တော် သည် ထိုည က အာရုံတွေ ဝိုးဝါး ခြေလှမ်းတွေ မခိုင်တော့ ထိအောင် သောက်လာခဲ့သည် ။
ဒီဇင်ဘာ ၏ အေးခဲမှု နှင့် အတူ ကျွန်တော် ရွေးခြယ်ခဲ့သော ဘဝလမ်းကြောင်း ၏ အဆင်မပြေမှု များ က ကျွန်တော့် ခြေလှမ်းများကို ဘီယာဆိုင်သို ့ခေါ်ဆောင်သွားခဲ့သည် ။
ကံဆိုးတာလား ကံကောင်းတာလား တော့ မသိ ၊ ဝင်ထိုင်ဖြစ်ခဲ့သော ဆိုင်မှာ ၊ ခေတ်သမီးပျိုလေး တွေ စားပွဲထိုးနေကြသည် ။
လောကကြီးကို စိန်ခေါ်သော မျက်နှာထားများနှင့် တစ်ခုခု ကို ဆာလောင်နေသော မျက်ဝန်းများ က ကြိုဆိုနေသည် ။
ဆိုင်ထောင့်တစ်နေရာတွင် ဝင်ထိုင်လိုက်ပြီး ၊ မဆီမဆိုင် “ အာလူးစားသူများ ” ကို သွားသတိရမိသည် ။
ကျွန်တော့် ခံစား ရေးဖွဲ ့ထားသော အနုပညာများကိုလည်း ပြောင်မြောက်စေချင်ပါသည် ။
ပျော့ညံ့သော ကျွန်တော့် စိတ်ထဲတွင် ကလောင်တစ်ချောင်းကို တမ်းတမိလာသလိုလို…
ဘီယာခွက် တစ်ခွက် အချိုရည်တစ်ဘူး နှင့် အတူ နှုတ်ခမ်းနီနီ ခေတ်သမီးပျိုလေး ကျွန်တော့် ဘေးကို ရောက်လာသည် ။
ပုံမှန်အတိုင်း ဆို တစ်ယောက်ထဲ သောက်ပြီး တွေးနေတတ်သော်လည်း ၊ သူမ နှုတ်ခမ်း များ က ထွက်လာမည့် စကားလုံးများ ကို ကြားမိချင်သောကြောင့် မငြင်းပယ်ခဲ့မိ ။
ရက်ဗီလွန် ရေမွှေးရနံ ့ကား ကျွန်တော့် နှာခေါင်းဝ တွင် ကလူ၏သို ့မြူ၏သို ့…
ဘီယာခွက်နှင့် အချိုရည်ဘူး တို ့နှုတ်ခမ်းချင်း တိုက်ရင်း ၊ မိတ်ဆက်ခြင်းဖြင့် စတင်ခဲ့သည် ။
သူမ နစ်နိမ်းလား ၊ နာမည်ရင်းလားတော့ ထပ်မမေးဖြစ်ပေမယ့် “ မြူး ” ဆိုသော သူမ နှင့် စကားလုံးများ နွေးထွေးခဲ့သည် ။
မျှော်လင့်ချက်ကြီးမားစွာဖြင့် သူမ မေးခဲ့သော အဖြေကို စာရေးပါသည် ဟု ကြားပြီးနောက် သူမ နှာခေါင်းတစ်ချက် ရှုံ ့သွားသည် ။ ကျောပိုးအိတ်တစ်လုံးနဲ ့ဆိုတော့ ၊ သူမ ဘယ်လို မျှော်လင့်ထားသလဲ တော့ မသိချင်တော့ ။
ဘာလို ့မှန်းမသိ ၊ မိန်းခလေးများနှင့် စကားပြောတိုင်း ၊ မလိမ်ညာတတ်ခဲ့သည် မှာ အားနည်းချက်ကြီး တစ်ခုမှန်းသိသည် ။
အကြောင်းပြချက် ထပ်ကြားချင်သည် ဆိုသော်လည်း ၊ မလိုအပ်တော့ ဟု ဆုံးဖြတ်ခဲ့သည် ။
ပျင်းရိလာသည်ထင် ၊ သူမ ခဏ ထထွက်သွားသည် ။
လေးခွက်မြောက်သော ဘီယာခွက် အကုန်မှာ ၊ ပူစီ တစ်ကောင် နှင့်အတူ သူမ ပြန်လာခဲ့သည် ။
သူမ မွေးထားသော သူမ အချစ်တော်လေးတဲ့ ၊ သူမ နှုတ်ခမ်းလောက် မနီသော အမွှေးပွပွကြောင်မလေး တစ်ကောင် ။
ပူစီ လို ့ခေါ်လိုက်တော့ ၊ သူမ က စိတ်ဆိုးသည် ။
ပူစီ ဆိုတာ ဟိုဟာ ကို ခေါ်တာမလားတဲ့ ။ သူ ့ကြောင်မ နာမည် က “သူမ” တဲ့ ။
ကျွန်တော့် မျက်နှာတွင် အပြုံးတစ်ချက် ဖြစ်ပေါ်ခဲ့ပြီး…
ပုခုံးနှစ်ဘက် တွန် ့ပြရုံမှ အပ ဘာမှ မတတ်နိုင် ။
စားစရာ အမြည်းမပါသော ကျွန်တော် တို ့စားပွဲဝိုင်းသည် ပူစီမ အတွက် ငြီးငွေ ့စရာ ဖြစ်ကောင်း ဖြစ်နိုင် သလို ၊ နွေးထွေးသော သူ ့သခင်မ ပေါင်ပေါ်တွင် နေရသည့် အတွက် စည်းစိမ်တစ်မျိုးရခြင်း လည်း ဖြစ်ချင် ဖြစ်နိုင်ပါသည် ။
သူမ က သူမ ပူစီ “သူမ” ကို ဘယ်လောက်ချစ်ခင်ယုယကြောင်း ၊ တိရ စ္ဆာန် ဆိုပေမယ့် သားသမီးလို ဖြစ်နေပြီ ဖြစ်ကြောင်း ၊ သူမ ပူစီ ကို တစ်နေ ့ဘယ်နှစ်ခါ သန် ့ရှင်းရေး လုပ်သည် ဆိုသည့် အကြောင်း ၊ သူမ ပူစီ အတွက် ဝယ်ရသည့် ရှန်ပူ ၊ ပေါင်ဒါ ၊ မွှေးပွဆေး ဖိုး ကုန်ကျစရိတ်များ…. စသည်များစွာသော အကြောင်းများ တွင် ကျွန်တော် ခြောက်ခွက်ကုန်ခဲ့သည် ။
ခုနှစ်ခွက်မြောက် ကုန်ခါနီးတွင် ၊ သည်ဆိုင်ကို လာနေကြ သူမ ဖောက်သည်ကြီး ရောက်လာသဖြင့် ဟု ဆိုကာ သူမ ပူစီ ကို ကျွန်တော့် ပေါင်ပေါ်တွင် ထားခဲ့ပြီး လစ်ထွက်သွားသည် ။
ပူစီ သည် ကျွန်တော့် ပေါင်ပေါ်တွင် နေခဲ့သော်လည်း သူ ့လက်သည်းများ ကို အငြိမ်မထား ။
ကျွန်တော့် ပေါင် ကို သူ ့ကစားကွင်းများမှတ်နေလား မသိ ၊ ကုတ်ခြစ်နေတော့သည် ။
ကြာတော့ ၊ အငြိမ်သမား ကျွန်တော့် သွေးများ ဆူပွက်လာသည် ။
သူ ့သခင်မ က လည်း သူ ့ဖောက်သည်ကြီးလား စပွန်ဆာကြီးလား မသိ ၊ ပျော်ပါးနေသည် မှာ ၊ ကျွန်တော့် ဝိုင်းဘက်ကို တစ်ချက် ပြန်မငှဲ ့ကြည့်တော့ ။
နဂိုက စိတ်ညစ်ခံ နှင့် ပူစီတို ့တစ်ကောင် တစ်ယောက်ကြောင့် မို ့လား တော့ မသိ နောက်နှစ်ခွက်သောက်အပြီး မှာ ကျောပိုးအိတ်ကောက်လွယ်ကာ ယိုင်တီးယိုင်တိုင် ဖြင့် အိမ်အပြန်လမ်းဆီသို ့။
ဆောင်းအအေး ကို အံတု ရင်း
ကိုယ့်ဟာကိုယ် စိတ်ထဲပေါ်လာရာ စကားလုံးများ ကို ရွတ်ဆိုကြည့်မိသည် ။
တစ်နေ ့နေ ့တစ်ချိန်ချိန် ၊ ကိုယ်သာ ဟော့ ဖြစ်ခဲ့ရင် ၊ ယခုလိုမျိုးရွတ်ဆိုမှု မှာ ပရိသတ်သောင်းသိန်းများစွာရဲ ့ရှေ ့မှာ ဖြစ်နိုင်တယ် လို ့စဉ်းစားမိသေးတယ် ။
ယခုတော့ ခြောက်ကပ်တိတ်ဆိတ်နေသော လမ်းမကြီးဘေး ပလက်ဖောင်းမင်းသားပေါ့
“ အေးလိုက်တဲ့ ဆောင်း
မင်း ဘက်က ပြောင်း
နှင်း အသက်မက လောင်းကြေးထပ်ခဲ့ပြီးသားကို
မကြင်နာ
နင်ဟာ ချန်သွားတော့
ဟောဟိုမှာ အိုဇုံးလွှာပေါက်နေတယ်ဆိုတဲ့ ကောင်းကင်ကြီးကို
ဖြတ်သန်းဖို ့
ငါဟာ မဝံ့ရဲလေပြီ
စီမံကိန်းနဲ ့ပြန်စိုက်နေတဲ့ အစိမ်းရောင်များကိုလည်း
မစောင့်စားနိုင်ပြီ
မြစ်ကြီးရဲ ့ဘေးမှာ ဘဲ
မြစ်ကြီးရဲ ့ ဒဏ်ရာတွေ နဲ ့အတူ
အတူတူ ငိုညည်း….. ”
မီညောင်…..ဝေါင်ဝေါင်
“ ဟိုက်..ခံစားချက်တွေ ရွတ်ဆိုနေပါတယ် ဆိုမှ ၊ ဘယ်က ကြောင်စုတ် က အော်တာလဲကွာ ”
ကျွန်တော့် ဘေးဘယ်ညာ ရှေ ့နောက် လိုက်ရှာကြည့်တော့ ၊ ဘာမှ မတွေ ့။ နားထဲမှာ ကြောင်အော်သံ ကြားလိုက်ရတာတော့ အမှန် ။
အချိန်ကား ည ၁ နာရီကျော်ပြီမို ့လမ်းမကြီးပေါ် ရှင်းလင်းနေသည် ။ ရံဖန်ရံခါမှ ဖြတ်သွားသော ကားတစ်စီး နှစ်စီးမှ အပ ၊ ဘာမှ မရှိ ။ ယိုင်တီး ယိုင်တိုင် ဖြင့် ဆက်လျှောက်
ထိုညသည် ကြယ်စုံရဲ ့လား မကြည့်နိုင်ဘဲ အိပ်ပျော်သွားခဲ့သည် ။
မနက်နိုးနိုးချင်း ကုတင်ခြေရင်းတွင် ကြောင်အော်သံ ကြားလို ့ကမန်းကတန်း ထကြည့်မိတော့ ၊ ကျွန်တော့် ကျောပိုးအိတ်ပေါ်တွင် ကြောင်တစ်ကောင် ငုတ်တုတ်ထိုင်နေသည် ကို တွေ ့ရသည် ။
ညအရှိန်ကြောင့် ကိုက်ခဲနေသော ဦးခေါင်း ကို အသည်းအသန် အလုပ်ပေးကြည့်တော့မှ ၊ မနေ ့ည က အဖြစ်များက ရေးရေးကလေး ပေါ်လာသည် ။
အစတွင် ကျွန်တော် ရေးခဲ့သလိုပါဘဲ
သူမ ၏ ပူစီ ဖြစ်သော “သူမ” သည် ကျွန်တော့် ကျောပိုးအိတ်နှင့် ပါလာခဲ့သည် ။
သောက်ပြီးလျှင် လုပ်မိလုပ်ရာ လုပ်တတ်သော ကျွန်တော် ကောက်ထည့်လာခဲ့ခြင်း ဖြစ်နိုင်သည် ။
ယခုတော့ သူမ ဆာလောင်နေလောက်ပြီ ။ သူမ ၏ သခင်မ သည်လည်း သူမ ပျောက်လို ့စိတ်ပူနေလောက်ပြီ ။
ခက်နေသည့် အချက်မှာ ၊ မနေ ့ညက ဘယ်ဆိုင်မှာ ထိုင်ခဲ့သလဲ ဆိုတာ ကို လုံးဝ စဉ်းစားလို ့မရ ၊ မမှတ်မိတော့ ၊ ဘီယာ၏ တန်ခိုးကြောင့်လား ၊ အသက်ရလာခြင်း ၏ တွဲဘက် မေ့လျော့ခြင်းကြောင့်လား တော့ မသိ ။ ကျန်တာအားလုံး မှတ်မိပြီးမှ ၊ ထိုင်ခဲ့သည့် ဘီယာဆိုင် ကို လုံးဝ မမှတ်မိ ၊ စဉ်းစားလို ့လဲ မရဖြစ်နေသည် ။ သွားနေကြ ဆိုင်များထဲတွင် ခေတ်သမီးပျို မရှိ ။ မနေ ့ညက ထိုင်ခဲ့သည်မှာ မထိုင်ခဲ့ဖူးသော ဆိုင် ။
ကျွန်တော့်အခန်းထဲတွင် ကျွေးစရာ ဆိုလို ့၊ ရံဖန်ရံခါ နေ ့လည်စာအတွက် ဖြေရှင်းသည့် ဟော့ဒေါ့ အနည်းငယ်သာ ရှိသည် ။
သူမ မြိန်ရှက်စွာ စားနေသည် ကို ကြည့်ပြီး……ကြည့်ရင်း…..
သူမ နှင့် ကျွန်တော် ဘယ်လို သွားရမှာပါလိမ့် ။
ကြောင် ကို ချစ်တတ်သော်လည်း ၊ ကရိကထ များသော ကြောင်ကိုတော့ ကျွန်တော် မမွေးထားချင်ပါ ။
ချစ်လှစွာသော စာဖတ်မိတ်ဆွေ ၊ ကျွန်တော် ဘယ်လို ဆက်လုပ်သင့်ပါသလဲ..ခင်ဗျာ ။
——- အားလုံးကို ကျေးဇူးတင်ပါသည် ——-
40 comments
inz@ghi
December 16, 2011 at 2:03 pm
ချက်စားလိုက်
😀
windtalker
December 16, 2011 at 2:13 pm
အံ မယ် လေးလေး…
ရက်စက်လိုက်ထာနော
မိုးစက်လေး ရေ ၊ ဒီလို သနားကြင်နာစိတ် မရှိတဲ့ စိတ်ကြမ်း လူကြမ်း မျိုး ကို
ဆင်ခြင်ပါကွယ်
weiwei
December 16, 2011 at 2:12 pm
သူမကို ကြောင်ကြီးလက်ထဲ အပ်လိုက် … 🙂
KING
December 16, 2011 at 2:17 pm
အဲလိုတော့ မလုပ်ပါနဲ့
အခုက လူပြောများနေတဲ့ ဒီမိုကရေစီ ခေတ်ဆိုတော့ …
ရွာထဲမှာကလည်း ကြောင်မျိုးကြောင်နွယ်တွေ များတယ်လေ … ကိုကြောင်ကြီး တစ်ဦးတည်းကိုပဲ ရွေးချယ်ပေးလိုက်လို့ ဘယ်ဖြစ်မလဲ ကျန်တဲ့ ကြောင်တွေက မကျေနပ်ဘဲ ဖြစ်နေမှာပေါ့ …
ဒီတော့ ဘာလုပ်သင့်သလဲဆိုတာ မပြောပြတော့ဘူးနော် ….. 😛
Moe Z
December 16, 2011 at 2:21 pm
ရှင်းနေတာကို ရှုပ်အောင်လုပ်ပြန်ပြီ
သူ့သခင်မဆီပြန်ပို့လိုက်ပေါ့
နောက်နေ့လည်း မသွားမှာကျနေတာပဲ 😛
windtalker
December 16, 2011 at 2:59 pm
ညီမငယ် မိုးစက်ရေ
စည်ဘီယာ ရောင်းတဲ့ ဆိုင်ကလွဲလို ့၊ စာထဲက ဆိုင်မျိုးကို မသွားဖူးပါကွယ်
ဂေဇက်မှာ စာတင်ဖို ့လာရင်း
စဉ်းစားမိတဲ့ အကြောင်းအရာတွေ ကို စာကောက်စီ ရေးမိပြီး
အဆုံးသတ်ရခက်နေလို ့မေးခွန်းလေး နဲ ့ပိတ်လိုက်တာပါ ကွယ်
အခုစာရေးပြီးမှ ၊ မဒမ်ပေ တစ်ယောက် အထင်လွဲဦးမှာလည်း
လန် ့နေရပါဘီကွယ်
ကိုးဆယ့်ကိုးစားစွာဖြင့်
မစ်စတာပေ
inz@ghi
December 16, 2011 at 2:24 pm
သွားပြန်ပေးလို့မရအောင် ဆိုင်မမှတ်မိဝူး လုပ်ထားတယ်လေ…သူ့စာထဲမှာ ….
ကျုပ်ပြောတာ ရှင်းရှင်းလေး …. အေးရော…..
ကုလားလေး စူသီ့ ခေါ်ပြီး
မဆလာ နိုင်းချင်းနဲ့ ကြောင်စာတေး လုပ်စားပစ်မယ်…
စားမား .ဇက်ကလေး..
ဘာဘီကျူ့ ကြိုက်တယ်ဆို??
Moe Z
December 16, 2011 at 2:42 pm
ဒါဆိုလည်း ဘုန်းကြီးကျောင်းပို့လိုက်
(မကောင်းကျောင်းပို့တဲ့) ကြားဖူးတာ
windtalker
December 16, 2011 at 2:48 pm
အရှေ ့ကျွန်းမှာ ဘူနေတဲ့ ငတိ ဆီ ကို ပို ့လိုက်ရမလား
inz@ghi
December 16, 2011 at 2:58 pm
ကြောင်မလေးကို ဂီ့ဆီ ပို့မယ်ပေါ့ …
ဟုတ်စ ….ဟဲဟဲ …..
လောလောဆယ်တော့ အိမ်မှာ ပဲမှုန့်ပဲရှိတယ်…
ကြောင် တန်ပူရာ လုပ်စားပလိုက်မယ် …..
inz@ghi
December 16, 2011 at 2:49 pm
အဲ့ကြောင်က ဘုန်းကြီးကျောင်းမှာ ကြွက်လိုက်ခုတ်နေမှ
မီလျံ အကုသိုလ် ဖြစ်နေဦးမယ်…
နောက်ဟို ရသေ့ကြီး ကြောင်မွေးတဲ့ အကြောင်းလည်း
ကြားဖူးတယ်မလား …ဖြစ်ဘူး ဖြစ်ဘူး….
လုပ်စမ်းဘာ ..ကျုပ်ပြောသလိုဘဲ …
နှူး ဘာဂိုဏ်းသားတို့ရေ
ဘူးသီးရော ပြီး ငြုပ်ကောင်းနိုင်းချင်းနဲ့ ကြောင် ကာလသားချက်ကလေး
စားဂျင် ကြဝူးလား ဝေ ……
Moe Z
December 16, 2011 at 3:46 pm
ရွဲ့လို့ရွဲ့မှန်းလည်းမသိ စိတ်ပိန်တယ် 🙁
“ဘီလူးကြီး”ogre
December 16, 2011 at 2:29 pm
ဝင်းထော်လခါ ခင်ဗျား
ရိုးမတောထဲလျှောက်သွားစဉ်က
ှုှငှက်ပျောရွက်ကလေးနဲ့ထုပ်ပြီး ပေါင်းထားသော
ကြောင်ပေါင်းသား အလွန်စားကောင်းလှပါသည်
ကြောင်ပိုင်ရှင်နှုတ်ခမ်းနီမလေးနှင့် ကြောင်ကိုပါ
ကျုပ်အိမ်သို့ လွှတ်လိုက်ပါလေ…အားလုံးပေါင်းပစ်လိုက်ပါမည်
ပုံ/ပေါင်းချင်သူ
inz@ghi
December 16, 2011 at 2:37 pm
ကျုပ်နဲ့စူသီ နဲ့ တွေ့ရင် ကြောင်ဆာတေးဖြစ်မယ်…
သဂျီးနဲ့ တွေ့ရင်တော့ ကြောင်စာရှိမီ ဖြစ်မယ်…
ကိုဘီလူးနဲ့ တွေ့ရင် ကြောင်ပေါင်းဖြစ်မယ်…
တပ်မ၇ရနဲ့တွေ့ရင် ကြောင်ချဉ်ဘတ်ဖြစ်မယ်…
ဟီဟိ..
မတူတဲ့အတွေးနဲ့ မန့်တာနော..
ကြောင်ကိုစားစရာ စာရင်းသွင်းနိုင်ရင် မီလျံဘစ်ဇနက် ဖြစ်လာမယ်…
ပုံ
ကြောင်မာကတ်တာ
super
December 16, 2011 at 2:56 pm
ကြောင်လေးကို ဘယ်ပို့ရမှန်းမသိလို့မေ့သွားရင် ညကျ အရက်ပြန်သောက်လိုက် မူးလာရင် ပြန်သတိရသွားလိမ့်မယ်၊ အဲ့ဒီကျမှ ထိုင်ခဲ့တဲ့ဆိုင်ပြန်သွားပြီး ကြောင်ပိုင်ရှင့် လက်ထဲပြန်ထည့်လိုက်ပေါ့ဗျ……… 😛
inz@ghi
December 16, 2011 at 3:06 pm
Try your Cat This @ HoMe
1.ကချင်ပြည်က လာတဲ့ ရှကောပါကော ထည့်ပြီး
2.ကြက်သွန်နီ နိုင်းဂျင်းနဲ့ နူးအောင်ပြုတ်မယ်ဗျာ..
3.ကြက်သွန်တွေ ကြေသွားပြီး ပျောက်သွားတဲ့အထိ ပြုတ်မယ်ဗျ
ရေထပ်ထပ်ဖြည့်ပေးရလိမ့်မယ်
4.ဆီမွေး နဲ့ မိတ်သလင် ပါထည့် ….
5.ဆီကျန်ရေကျန်လေးမှာ ကြက်သွန်ဖြူပါးပါးလှီးထည့်မယ်
6. မြေပဲကို ၈စိတ်ကွဲအောင်ထောင်းထည့်လိုက်ဦး…
7.အငန်အတွက် တော့ ကင်းမွန်နံပလာ သုံးရမယ်ဗျ…
8ငြုပ်ကောင်းလေးထည့်ပြီး
9.နံနံပင်လေးအုပ်လိုက်ရင်. …
ရှလွတ်…..
koyewin80
December 16, 2011 at 3:07 pm
” ဒီဇင်ဘာ ၏ အေးခဲမှု နှင့် အတူ ကျွန်တော် ရွေးခြယ်ခဲ့သော ဘဝလမ်းကြောင်း ၏ အဆင်မပြေမှု များ က ကျွန်တော့် ခြေလှမ်းများကို ဘီယာဆိုင်သို ့ခေါ်ဆောင်သွားခဲ့သည် ” ……….. အကြိုက်ဆုံးစာသားပဲ။ ကိုယ်အဖြစ်နဲ့ တူနေလို့ ……..။
manawphyulay
December 16, 2011 at 3:11 pm
အိမ်နားက ကြောင်ချစ်ပြီး မွေးစားချင်တဲ့သူကို ပေးလိုက်ပေါ့။ ဒါမှမဟုတ် ဘုန်းကြီးကျောင်းကို သွားထားလဲရတာပဲလေ…
inz@ghi
December 16, 2011 at 3:27 pm
လာပြန်ဘီ နောက်တယောက် ဘုန်းကြီးကျောင်း ….
သဂျီးလည်း ဟောရင်း ပျံလွန်တော်မူတော့မယ်…
စနစ်ကြောင့် မဟုတ်ဘူ စနစ်ကြောင့် လုံးလုံး မဟုတ်ဘူး…
လူတွေ ဘုန်းကြီးကျောင်း အပေါ် တွေးတာ မြင်တာလေး နည်းနည်း
ချိန်းကြည့်ရအောင်လားဗျာ …..ဒါ ခုတလော ဟော့ တော့ပစ် ဖြစ်နေလို့ပါ…
ဘုန်းကြီး က ဘုန်းကြီးအလုပ် မလုပ်ဘူး ..ဘုန်းကြီးကို ဘုန်းကြီး အလုပ်ပဲ လုပ်စေချင်တယ်..
ဘာ ညာ အသံတွေကျယ် တော့ …ဟုတ်ကဲ့ ..လူတွေကလည်း ဘုန်းကြီးကို
ဘုန်းကြီး အလုပ် မဟုတ်တာတွေ သွားသွား မလုပ်ခိုင်းမိဖို့ …..
တော်သေးဘီ …
အော် အပေါ်က ကြောင်ဟင်းလျာက ဂီဂီ ငတ်ပြတ်နေလို့ …
စားချင်တာတွေ လျောက်ရေးတာပါဗျာ …:D
နေတော့လည်း တယောက်တည်း …လူကလည်း မမာ..
နေ့စဉ် ဂယူးဒွန်းနဲ့ နှစ်ပါးသွားနေရလို့ ..စူသီ့ စာတွေဖတ်ရင်း
စားချင်ဝါးချင်စိတ်တွေ မဟားဒယား ထကြွသောင်းကျန်းလာလို့ ချရေးလိုက်တာပါ..
ကိုရင်စည်သူ
December 16, 2011 at 8:54 pm
တသက်မှာတော့ တခါမှ ကြောင်သား မစားခဲ့ဖူးဘူး…
ကြောင်ချစ်တာလည်းပါတယ်။ မစားဖူးတဲ့ အသားဖြစ်နေတာလည်းပါတယ်။
စားမယ်ကြံလိုက်တိုင်း သူရို့မျက်နှာလေးတွေ မြင်ပြီး မျက်ရည်တောင်ဝဲတဲ့အထိ မစားရက်တာ။
ဒါပေမဲ့ ကြောင်သား ချက်နည်းကောင်းကောင်းလေးတော့ သိထားတယ်…
ကြောင်သားဟာ ယုန်သားလိုပဲ နူးညံ့တယ်…အရိုးပါ ဝါးစားလို့ရတယ်။
ပထမဆုံး အသားကို ပေါင်မုန့်ခြောက်မှုန့်နဲ့ ကြက်ဥ သမအောင်မွှေပြီး
ကြော်… ပြီးတော့ ကြက်သွန်၊ ခရမ်းချဉ်သီးနဲ့ ဆီသပ်ထားတဲ့ထဲထည့်ပြီး
ဆီပြန်ချက်လိုက်… အနံလေး မွေးအောင် နံနံပင်အကြီးရွက်တွေ
လှီးထည့်လိုက်… ကြောင်းဟင်းပွဲရမယ်…
ကြောင်မလေးကို ကိုရင့်ဆွမ်းကျန်လေးတွေ ကျွေးပြီး
မွေးစားချင်ပါတယ်… ဟီးးး 😛 😛 😛
မှော်ဆရာ
December 17, 2011 at 4:28 pm
အော် မစားဘူးလို့ပဲနော် သိလိုက်တာ သိလိုက်တာ ..
အရိုးပါဝါးဦးမတဲ့ ကြောက်စရာပါလားနော်…
E.T
December 16, 2011 at 3:31 pm
မမှတ်မိဘူးလေးဘာလေးနဲ ့ ကိုပေပြောပြောနေတဲ့ ဆိုင်မှတ်လား။ ကောင်မလေး အလန်းတွေ စားပွဲထိုးတယ် ဆိုတဲ့ဆိုင်။ နေ ့တိုင်းသွားထိုင် ဖြစ်တယ်ဆို 😛
htoosan
December 16, 2011 at 3:54 pm
ဦးကြောင်ကြီးမှ သူဧ။် အချစ်ဆုံး ပူစီခေါ်သူမ ပျောက်ဆုံးသွားသောကြောင့် သွေးဆောင်ခေါ်ယူသွားသူကို သတင်းပေးနိုင်သူအား ၉၉ ဆင့် စတို မှ ကြိုက်ရာ ပစ္စည်းဆုချမည် ဖြစ်ကြောင်း… 😀
Diamond Key
December 16, 2011 at 5:00 pm
ဘဝလမ်းကြောင်း မှာ အဆင်မပြေမှုလေးတွေ တွေ့လာတဲ့ နောက်တစ်နေ့မှာတော့ ဝိုးတိုးဝါးတား ခြေလှမ်းတွေရဲ့ ခေါ်ဆောင်မှု နောက်မှာ “သူမ” မူလနေရာ ပြန်ရောက်သွား မှာပါ။
မနက်ဖြန် (သို့) ဘယ်သောခါ……………….. 😆
blackchaw
December 16, 2011 at 6:04 pm
“အသက်ရလာခြင်း ၏ တွဲဘက် မေ့လျော့ခြင်းကြောင့်လား တော့ မသိ ”
စကားမစပ် ကိုပေ့အသက် က လေးဆယ်နဲ့ ဘယ်လောက်…….။
ဆူး
December 16, 2011 at 6:38 pm
လေးဆယ် ကို ၂နဲ့ မြှောက်ပြီး ၃နုတ်ပြီး ရပေါင်း.. လိုက်ရင် သူ့အသက် အစစ်အမှန် ဖြစ်သွားပါလိမ့်မယ်။
windtalker
December 16, 2011 at 8:36 pm
အလို
ဖွားဆူး က
ကိုယ့်အသက်ကို အဲဒီလို တွက်နေကြပေါ့လေ
ဆူး
December 16, 2011 at 6:35 pm
အကျင့်က မပျောက်သေးဘူး.. ဟိဟိ.. တွေ့ကရာ အိတ်ထဲ ကောက်ထည့်လာတာ ကြောင်ဖြစ်နေတယ်တဲ့..
ကရိကထ များလို့ မမွေးချင်တော့ဘူးဆိုတာ အလကား.. အကယ်လို့များ ကြောင်အန်ဖတ်က ဆေးဘက်ဝင်လို့ ဒုတိယတန်းစား ငှက်သိုက်သာဆိုရင်.. ကြောင်ကို တနေ့ တနေ့ အန်ဖတ် ဆို့အောင် ကျွှေးမွေးထားမှာ သေချာတယ်။
ကြောင်မလေး တောင် ချမ်းသာ မပေးဘူး.. သနားပါတယ်။
တရုတ်ပြည်မှာဆို လမ်းဘေးခွေးနေရာမှာ ကြောင်တွေ နေနေကြတယ်။ လမ်းမမှာ ဒီတိုင်းသာ ချ ထားလိုက် သွားချင်ရာ သွားလို့ အမြီးတောင် မြင်ရမှာ မဟုတ်ဘူး။
သင့်တော်ရာ ကြောင်တွေနဲ့ တွေ့သွားရင် အိမ်ထောင်ရက်သားကျသွားပါလိမ့်မယ်။
windtalker
December 16, 2011 at 8:35 pm
အဲဒါ ပြောတာပေါ့
အဲ့ပူစီ သူမ ကို ပြောတာ
ယောက်ျား ယူပါတော့ဆို
အင်တင်တင် လုပ်နေတယ်
ဟီဟိ
aye.kk
December 16, 2011 at 6:46 pm
သတ္တဝါတစ်ခုကံတစ်ပါ..
ကိုယ့်နှင့်သူကရေစက်ပါလာပြီ..
လူသားတွေအတွက်အကျိုးပြုတဲ့သတ္တဝါပါ..
အနည်းဆုံးတော့ပုလိပ်ရောဂါမရဘို့တော့..
ကြောင်ဆိုတဲ့သတ္တဝါလေးကကိုယ့်အတွက်စောင့်ရှောက်ပေးနိုင်ပါလိမ့်မယ်..
ကိုဘလက်ချောရေ..သူမနဲ့ကိုယ်ကရေစက်ရှိလို့ဆုံရတာပါ..
မဟုတ်ရင်တော့ကျမဆီကိုယ်ပို့ပေးလိုက်ပါရွာသားအချင်းချင်းစိတ်ရင်းအမှန်နဲ့ကူညီပေးပါမယ်..။
အကြံပေးတာပါ..။
pooch
December 16, 2011 at 7:31 pm
အရေးအသားက တော့…
ဒုတိယ.. နေနော်…လားမှတ်ရတယ်
ပေပေနော် ဆိုတဲ့ ကလောင်ကို ယူလိုက်ပါ့လား …
နောက် မဂ္ဂဇင်းတိုက်တခုခုကို ပို့ကြည့်ပါ့လား …ရွှေအမြုတေကတော့ ကလောင်သစ်တွေ လတို်င်းရွေးတယ်မှတ်တာပဲ မဖတ်တာကြာလို့ သိပ်တော့ မသိတော့ဘူး…
နောက်တာ မဟုတ်ဖူး အတည်ပြောတာ..
ဇာတ်လမ်းကို စထားတာရော သိမ်းသွားတာရော အရေးအသားရော က ဖတ်ဖူးနေကျ ဝတ္ထုတိုတွေမျိုးပဲ
လောကကြီးကို မြင်တာရော ထေ့ထားတာရော …
bravo!!!!!!!!
windtalker
December 16, 2011 at 7:45 pm
ရေးရင်တော့ “ ပေပေါ် ” ဆိုပြီး နာမည် ယူရေးမယ်လေ
နော
ခွီခွိ
NAJA
December 16, 2011 at 9:53 pm
ကိုပေ့ စာဖတ်ပြီးမှ ဆရာတာရာမင်းဝေကိုသွားသတိရတယ်ဗျာ … ဘာမှတော့မဆိုင်ပါဘူး… ကိုပေဘယ်လို ရသအတွက် ရေးထားတယ်တော့မသိဘူးဗျာ… ဆွေးသလိုပဲ… ကြိုက်တယ်…
windtalker
December 16, 2011 at 10:00 pm
နာဂျား မက်ဆေ့ ကြောင့် အားအင် များစွာ ဖြစ်ရပါတယ်
နာဂျား လို ့နာမည် ပေးထားပုံအရ ဒေါ်တာပလေးယာ ဖြစ်မယ် ထင်တယ်နော
““ အရိဂတ်တော ”” ရှဲရှဲနီ ၊ တင့်ခရု ၊ ကျေးဇူးတင်ပါတယ် နော
ထပ်မံ ကြိုးစားပါဦးမည် ခင်ဗျား
ကိုးဆယ့်ကိုးစားစွာဖြင့်
small cat
December 17, 2011 at 6:03 am
————-ကျနော်ချစ်တဲ့သူပျောက်လို့သွားသည်….ကျနော်ရှာလို့လည်း ခုထိမတွေ့တော့ပြီ…….
တွေ့ရင်ပြောကြပါလေ….ကျေးဇူးဆပ်ပါမည်…….
လက်ခံထားတဲ့သူတွေကို တအားဆွဲဆိုမည်……….နိုင်ငံတော်ကို……………………………
နွယ်ပင်
December 17, 2011 at 10:38 am
မောင်ပေရယ် ရှည်ရှည်ဝေးဝေးစဉ်းစားနေသေးတယ်
သူမကို ဦးကြောင်ကြီးလက်ထဲသာအပ်လိုက် စိ်တ်အချရဆုံးပဲ
ဦးကြာင်ကြီး လက်ထဲသာရောက်သွားရင် သူမဘဝလေးကောင်းစားသွားမှာပါ 😛
ကြောင်ကြီး
December 17, 2011 at 11:05 am
စားပြီးနားမလည် ဝါးပြီးထွေးထုတ်ဆိုတာ နင့်လိုပေါ့။ သူမကို ခေါ်တုန်းက ခေါ်လာပြီး အခုမှ မူးတာပါ ညာတာပါတေးနဲ့။ မရဘူး သူမကို မယားမှတ်မှတ် သားမှတ်မှတ် ပေါင်းရမယ်။ မပေါင်းချင်ရင် တိုက်တလုံး ကားတစီး ငွေသိန်းတထောင်နဲ့ လစဉ် မယားစရိတ် ဒေါ်လာ၁၅၀ဝ ထောက်ပါ။ အကယ်၍ မောင်ပေကြောင့် ကိုယ်ဝန်ရှိလာခဲ့ရင် နောက်ထပ် ဒေါ်လာ ၁၅၀ဝ လစဉ်ထပ်ဆောင်း ပေးရမယ်။။။။။ တော်ပြီကွာ ရေးနေရင်း ဒေါသထွက်တယ်။ လူစိတ်မရှိတဲ့ကောင်။။။ 😡
comegyi
December 17, 2011 at 1:27 pm
ကိုအင်ဇာဂီနဲ့ ကိုရင်စည်သူတို့
ချက်နည်းတွေကို မှတ်ထားတယ်ဗျို့
ကျွန်နော်ကတော့ တောသားပီပီ ….
အဲကောင်မကို မီးဖုတ် …..
ပြီးမှ ညှော်နံ့သင်းသင်းလေးနဲ့
မန်းကျည်းနှစ် …စဉ်းနှီတုန်းပေါ်မှာ
ထက်လှစွာသောဓါးနဲ့
နုပ်နုပ်စင်းပြီးသကာလ …
ချင်း၊ ကြက်သွန်ဖြူနီ၊ ငြုပ်သီးစိမ်းဆယ်တောင့်၊ ဆံနွင်းမှုန်လေးအုုပ်ပြီးတော့ခါ
လုံးချက်ကလေးချက်လိုက်ပြီးတော့မှ
ကျက်ခါနီးစပါးလင်အုပ်.
ငှက်ပျောဖက် ဖါးဖါးကြီးနဲ့ ဟင်းအိုးကိုပတ်
ရင်ခွင်မှာပိုက်ပီးတော့ ထတောပြေးလိုက်စမ်းချင်လှတယ် …အေ့ အေ့
………… .
………….
ရဲဘော်ရေ့ ဝတ္ထုအကြောင်း တွေ့မှ ဝေဖန်တော့မယ်….
ဦးဘဇင်းဘဒ္ဒ န္တမိုက်ကယ်ဂျော်နီအောင်ပု
December 17, 2011 at 2:39 pm
ပြောလို့ပြောတာဟုတ်ဘူး
ဒီအကြောင်းလေးကို မော်ဒန်ကဗျာရေးဘို့တောင်ကောင်းတယ်
နှုတ်ခမ်းနီလေးတွေ
ဆာလောင်နေတာတွေ
မြူး ဆိုတဲ့နာမည်လေးတွေ
ကျုပ်အကြိုက်ဆုံးက
( သူ့ပူစီလေးအကြောင်းများမှာ ဘီယာခြောက်ခွက် ကုန်သွားတယ် ) ဆိုတာလေး
အရမ်းမိုက်တယ်
မလိမ္မာတာက အညှော်ခံပြီးပြန်လာတာ
တံခါးပေါက် မစောင့်ပေးရတာကိုဘဲ ကံကောင်းတယ်လို့ အကောင်းဖက်ကမြင်လိုက်ပါနော
naywoonni
December 17, 2011 at 9:23 pm
မူးဒယ် မူးဒယ်နဲ့ ဒါမျိုးဒွေ လိုက်လုပ်နေတာမဟုတ်လား အကျင့်တွေ ပေါ်ပြီ…။ မဒမ်ပေနဲ့ တွေ့ရင်တော့ တိုင်ထားမှရမယ်……..။