အချစ်ဦး
နင်နဲ့ငါ
ကမ္ဘာတစ်ရာလောက် ဝေးနေပြီ
နင်ပြောပြောနေတဲ့ ပန်းသီးကို
တစ်ဖဲ့နှစ်ဖဲ့ ကိုက်စားရုံနဲ့ ပြီးမလား
ဆိတ်ငြိမ်ရာ တောအုပ်ကိုကျွမ်းကျင်ရုံနဲ့
လှောင်ရယ်လိုတဲ့ အကျင့်ကိုဖျောက်ပါ
ငါပြောပြောနေတဲ့ ကမ်းနဖူးလေးကို
ရောက်ဖူးစေချင်တာလည်း သဘောမပေါက်ဘူး
တကယ့်စာခြောက်ရုပ်ကလေးအတိုင်း
လည်လိုက်တာ ….
ရောင်စုံခြယ်တောအုပ်လေးတစ်ခု
တိတ်ဆိတ်နေတာဟာ
နင့်ကိုငါ ဖွက်ထားတဲ့ အိပ်မက်လေးပါ
အခြားလူတွေ စကားတတ်တိုင်း ငါ့ကိုမုန်းနေရင်
နင့်ပါးကလေးကို ပြန်မပေးလိုက်ပါဘူး
ခြေဖျားကအစ စိတ်အဆုံး
(သိပ်ပံ)နည်းကျတည်ဆောက်နေကြတဲ့ခေတ်မှာ
သွေးရိုးသားရိုးလွမ်းရမှာတောင်
ဂုဏ်ငယ်သလိုပေါ့ ………။ ။
သိပ်ပံ ဆိုတဲ့စာလုံးကို ရိုက်လို့မရလို့ဗျာ….
30 comments
naywoonni
December 18, 2011 at 7:08 pm
ပန်းသီးလေး တစ်ဖဲ့ နှစ်ဖဲ့စားရရုံနဲ့
မတင်းတိမ်နိုင်ဘူးဆိုလဲ
တစ်ပင်လုံးသာ ခူးစားလိုက်ပါတော့…..။
အောက်ခြေမြေသားမခိုင်ခန့်တဲ့
နင်ပြောတဲ့ ကမ်းနဖူးလေး ဆီတော့
ငါမသွားပါရစေနဲ့ဟယ်……. မတော်
မြစ်ထဲကို ငါပြုတ်ကျသွားရင်
နင်လိုက်ဆယ်မှာမို့လား….။
တစ်နည်းနဲ့ မရရင်လည်း အခြားနည်းလမ်းပေါင်းမြောက်မြားစွာနဲ့ စည်းရုံး သွေးဆောင် ဖျားယောင်းလို့ရပါသေးတယ်….။ အားမလျော့လိုက်ပါနဲ့ဦး…..။
windtalker
December 18, 2011 at 7:38 pm
သူ ့ပါးကလေး ကို ကျွန်တော် ပြန်မပေးပါ
ဥစားကလေး ဟာ ရွာပြန်ပြေးတာ
လူသားမွေးတာ ဂျမခါနာဘေးမှာ
comegyi
December 18, 2011 at 8:01 pm
ဥစားကလေးက ဘာလို့ရွာပြန်ပြေးရ တာတုန်း
ရဲဘော်ရ……
ဗိုလ်နေရယ်
သွေးဆောင်ဖြားယောင်းတဲ့
အမှုကိစ္စတော့ မလုပ်ပါရစေနဲ့ဗျာ……
windtalker
December 18, 2011 at 8:13 pm
အချစ်နဲ ့သွေးဆောင်ပြီး
အနမ်း နဲ ့ဖြားယောင်ရမယ်ဗျ
နို ့..
လောကီခရီးကို
တစ်ကိုယ်တည်း
ယောင်ချာချာ ဖြစ်နေမယ်
comegyi
December 18, 2011 at 8:24 pm
အချစ်နဲ့သွေးဆောင်
အနမ်းနဲ့ဖြားယောင်းပြီးရင်
သံယောဇဉ်နဲ့
လက်ပွန်းတတီး နေပစ်လိုက်
ရမှာလားဗျ…….
windtalker
December 18, 2011 at 9:52 pm
လက်ပွန်းတတီး တင်မက
တစ်သက်စာ ဥလာတဲ့
ခင်ဗျား အချစ်တွေ ကို
နေ ့စဉ် ဖွင့်ချ ပစ်လိုက်စမ်းပါ
comegyi
December 18, 2011 at 10:05 pm
ဟုတ်တယ်
ရဲဘော်ရယ်
အချစ်ကို “ဥ” ရတာ
သိပ်ကို သရိုးသရီနိုင်တာပဲ
မဖြစ်ချေတော့ဘူး မဖြစ်ချေတော့ဘူး
“ဥ” ကို “ဝပ်”ရာက
ထလိုက်တော့မနော ရဲဘော်…..
windtalker
December 18, 2011 at 10:19 pm
ဝပ်ရာ က နေ ထရုံတင်မက
အကောင်ပေါက်လို ့
ဖြစ်ထွန်းတဲ ့အထိအောင်
ဂိုးရှူးဖို ့လိုနေပြီ ရဲဘော်
comegyi
December 18, 2011 at 10:41 pm
ဟဟ ဒါဖြင့်ရင်
အကောင်ပေါက်တာနဲ့
အပျံသင်ခွင့် . . . . မြေစမ်းခရမ်းပျိုးခွင့်တွေ . . .
ဘာတွေ မလုုပ်ရတော့ဘဲ
တစ်ခါတည်း ဒိုင်း ကနဲဂိုးရှူးရတော့မှာလား ကိုရင်ရ…
aye.kk
December 18, 2011 at 8:44 pm
သိပ္ပံနည်းကျကျချစ်လိုက်ပါ..
အားမငယ်ရအောင်နှလုံးသားလေးကိုဖန်ပေါင်းချောင်လေးနဲ့ထဲ့ထားလိုက်ပါနော်..။
small cat
December 18, 2011 at 8:46 pm
အချစ်ဦးရယ်၊မပြစ်ဘူးတကယ်၊ စိတ်ကရည်စူး၊ ကြည်နူးမိသော်လည်း………………..
KING
December 18, 2011 at 8:53 pm
တစ်ရွက်တစ်လွှာ
တစ်ခက်တစ်ပွင့်
ငုံအဆင့်မို့
ရင့်လို့ပဲဝါဝါ
ညှာတံပဲခြောက်ခြောက်
ပန်းခြောက်ကလေးကောက်လို့
မြတ်နိုးမယ် ….
(မောင်စိန်ဝင်း – ပုတီးကုန်း၏ အချစ်ဦး ကဗျာ)
စာကြွင်း။ ဖတ်မိတာကြာပြီဗျ သိပ်တော့ မမှတ်မိတော့လို့ သိတဲ့လူများရှိရင် အပြည့်အစုံဖော်ပြပေးပါရန်နှင့် လိုအပ်ချက်များရှိပါက ခွင့်လွှတ်နားလည်ပေးနိုင်ပါရန် …..
inz@ghi
December 18, 2011 at 8:59 pm
ကိုမည်းကြီး ..
လိုင်းချင်းမတူလို့ ကျနော် အစ်ကိုနဲ့ ထိတွေ့မှု နည်းနည်း နဲနေတယ်ဗျာ…
ကျနော်က လူကြမ်းဆိုတော့ ရုပ်ဝတ္ထုနောက် သိပ် လိုက်တဲ့ကောင်ဆိုတော့
ကဗျာ ဆိုတာ ကျနော် နဲ့ မတန်မရာပါဗျာ …ခံစား သွားပါတယ်
ဖတ်သွားပါတယ်….၁ဝစုနှစ်ကျော်ကျော်လောက် ဘယ်သူရေးမှန်း မသိပေမယ့်
ရင်ထဲမှာ ညိတွယ်နေစဲ ကဗျာ တပုဒ် ချရေးခွင့်ပြုပါဗျာ …
(အော် ..သည်ကဗျာကို တွေးမိဖို့ပဲ အစ်ကို့ စာသားတွေက ညီ့ကို ဆွဲဆောင်ခဲ့တာကိုး…)
ရေးပြီဗျာ..
ရင်ထဲကပန်း
ရင်ထဲကပန်း
နမ်းတော့နမ်းမယ်
ကြံရွယ်စိတ်ကူး
ပျော်ခဲ့ဖူးလည်း
လက်ဦးခဲ့သူ
တဖက်လူကြောင့်
အဖော်မဲ့စွာ
မပျော်ခဲ့တာ
ကြာပါပြီ ……………
တိုက်ဆိုင်မှုရှိရင်ခွင့်လွှတ်ကြပါဗျား…
comegyi
December 18, 2011 at 9:00 pm
ဆရာမောင်စိန်ဝင်းရဲ့
အဲဒီကဗျာ ဖတ်ဖူးတယ်ဗျ
ဒါပေမဲ့ ကို KING လောက်တောင်
အလွတ်မရတော့ပါဘူးဗျာ………
inz@ghi
December 18, 2011 at 9:23 pm
ရည်းစားဦးဇာတ်လမ်းကိုဗျ…
ကိုယ့်ဆြာက ကီးအမြင့်ကြီး တည်လိုက်တာကိုး..
ဖတ်မိတဲ့ ကျုပ်တို့လည်း မျက်ရည်မခိုင်တော့ဘူးကိုး……
မိန်းမရှိတဲ့လူတွေ လက်တလော စကီလေးတွေနဲ့ အိုခေနေတဲ့လူတွေ
မမန့်ရဲ မန့်သော်လည်း ရဲရဲမရေးရဲတာတွေ့ရပါသည်….
ကိုမဲကြီးရေ …စိတ်မဆိုးနဲ့ ကျနော်လည်း.. တယောက်သောသူကလေးနဲ့
အဆင်ပြေခဲ့ရင် အစ်ကို့ပိုစ့်မှာ ရဲရဲတောက် လာမရေးဝံ့ဘူးဗျို့…
ခုတော့ အစ်ကိုနဲ့ကြား …ရင်ဘတ်ခြင်း ကော်နက်ရှင်ရပါတယ်ဗျား
(ဟုတ်ကဲ့ ဖေ၁၀-ိုးမသား ပုဂံနက်ကကောင်တွေ မှုစရာမလိုဘဲ)
ဆဲမိပြန်ပြီ အစ်ကိုရေ့ ဆောရီးပါ. …ကော်နက်ရှင်ကောင်းစေချင်တာသာ
ကျနော့် စိတ်ရင်းပါဗျာ
ခင်တဲ့
Inz@ghi
comegyi
December 18, 2011 at 9:05 pm
ကိုအင်ဇာဂီရေ့
ကဗျာဖတ်ပေးတဲ့အတွက်
ကျေးဇူးတင်ပါတယ် ခုတလောဗျာ
သီချင်းတစ်ပုဒ်နားထောင်မိလို့
နှလုံးသားက ဖလန်းဖလန်းထချင်လာတာနဲ့
ရေးမိလိုက်တာဗျာ
ကိုအင်ဇာဂီတင်ပေးလိုက်တဲ့
ကဗျာလေးကိုဖတ်မိတော့မှ
ဟိုတုန်းက ပိုးထခဲ့ကာလကိုပဲ
ပြန်ရောက်သွားသလိုလိုဗျာ……….
comegyi
December 18, 2011 at 9:30 pm
ဟားဟား
ကိုအင်ဇာဂီရေ့
မိန်းမရှိတဲ့လူတွေကျတော့လည်း
အချစ်ရေးကို ကျွန်တော်တို့လို
ရဲရဲဝံ့ဝံ့ တိုက်ပွဲမဝင်ရဲကြတော့ဘူးပေါ့နော်
ကျွန်တော်တို့ကတော့ တိုက်လို့ကောင်းတုန်း
တိုက်ချင်တုန်း ……….
ကိုအင်ဇာဂီရဲ့
နှလုံးသားအဖျားအနာကလေးလည်း
မကြာခင်ပျောက်စေဗျား……..
ကိုပေါက်(မန္တလေး)
December 18, 2011 at 9:40 pm
မင်းအလိုမကျတဲ့အခါ
ကျောက်ရုပ်ကလေးလိုငြိမ်သက်၊
နာပျော်ဘွယ်စကားများရဲ့အရှင်
နုတ်ခမ်းလေးများက အိပ်စက်၊
မျက်ဝန်းလေးများကတော့
အသံမပေးဘဲနှိပ်စက်။
အဲဒီအခါ
ဖလန်းဖလန်းထနေတဲ့ငါ့နှလုံးသားက
………………………………………………
KING
December 18, 2011 at 10:21 pm
အချစ်ဦးဟာ
ရည်းစားဦးမဟုတ်ခဲ့ဘူး
ရည်စားဦးဟာ
အချစ်ဆုံးမဟုတ်ခဲ့ဘူး
အချစ်ဆုံးဟာ
နောက်ဆုံးအချစ် မဖြစ်နိုင်ခဲ့ဘူး
နောက်ဆုံးအချစ်ဟာ
အချစ်ဦးမဟုတ်ပြန်ဘူး
ဒီတော့ အချစ်ဆိုတာ …………………………………………………….
aye.kk
December 19, 2011 at 8:59 am
မမြင်ဘူးတော့..
မူးမြစ်ထင်သည်..
မချစ်ဘူးလို ့..
ရှူးမိချင်သည်..
အချစ်ဦးမို ့..
ပြောလို ့မှန်းဆ..
တမ်းတရင်မှာနွမ်းလျှပင်..။
“ဘီလူးကြီး”ogre
December 19, 2011 at 9:04 am
ဟမလေး….
ကိုကမ်းရယ်
““တူများဒွေဇကားတတ်တိုင်း..မုန်းနေရင်””
ဇကားတတ်အောင် နင်လဲသင်ထားပေါ့ဟ
ဒီခေတ်က တိဒယ်မှတ်လား…တော်ကီ..တော်ကီ
blackchaw
December 19, 2011 at 9:36 am
တစ်သက်တစ်ခါ
တစ်လွှာတစ်ရွက်
တစ်ခက်တစ်ပွင့်
ငုံအဆင့်မို့
ရင့်လို့ပဲ ဝါဝါ
ညှာတံပဲခြောက်ခြောက်
ဖျောက်ခနဲ ပဲကြွေကြွေ
မြေမှာပဲရောက်ရောက်
ဖွဖွကလေးကောက်လို့
ပန်းခြောက်လေးပဲ မြတ်နိုးမယ်။
(ကမ်းကြီးရေ။
နင်က မော်ဒန်အချစ်ဦး။
ငါက မောင်စိန်ဝင်း အချစ်ဦး။ )
inz@ghi
December 19, 2011 at 9:42 am
နှလုံးသား အဖျားအနာလေးကတော့ …
သည်တသက် ပျောက်ဖို့ရယ် ဝေလာဝေး…
ဆွေသဟာပေးတဲ့ ” တေး”နဲ့ …
အိုကွယ် …လွမ်းလိုက်မယ်လေး…….။
ကြောင်ကြီး
December 19, 2011 at 10:55 am
သိပ္ပံကို
ရိုက်မရပေမဲ့
ဝိပ္ပံဆိုရင်တော့
ကိုက်လို့ရတယ်
ဘာလို့လည်းဆိုတော့
လူမိုလို့ပါ…
ကြားဖူးတယ်နော်
မြန်မာ့ပြေးခုန်ပစ်မယ်
ရွှေတံဆိပ်များပိုင်ရှင်
ဒေါ်ဝိပ္ပံ….။
char too lan
December 19, 2011 at 1:01 pm
နင်နဲ့ငါ ကမာ္ဘတစ်ရာလောက်ဝေးနေပီ ………………………
ကောင်းတယ်
ကျနော် တစ်ပုဒ်လုံးနီးပါးကြိုက်တယ်
etone
December 19, 2011 at 3:07 pm
အချစ်ဦးနဲ့ မြစ်နှဖူးမှာ
လေညှင်းခံ အတူယှဉ်ထိုင်
အပြင်းပြေ ပဲလှော်ဝါးရင်း
ကြားရတဲ့ အသံတစ်သံ
” အချစ်က ဖားကြောက်သတဲ့ ”
ငိုမဲ့မဲ့ မျက်နှာနဲ့
ပြန်တော့မတဲ့ သူ့ဟန်ပန်
သိသိကြီးနဲ ့ပရိယာရ်ဆင်တဲ့သူ့ကို
ကျွန်တော်အားပေးလိုက်မိတယ် …
“မရှက်ပါနဲ့ ကိုယ်နှာခေါင်းပိတ်နေတယ်”တဲ့ 😆
manawphyulay
December 20, 2011 at 11:39 am
အင်း လောလောဆယ် ခံစားကြည့်တာ ခံစားလို့မရဘူးဖြစ်နေတယ်။ နှာစေးပြီး နှာခေါင်းတွေပိတ်နေလို့ အသက်တောင် ရှူလို့မရဘူးဖြစ်နေတယ်။ နောက်မှ ခံစားလိုက်မယ်နော်… 😛
ကိုရင်စည်သူ
December 20, 2011 at 11:47 am
တွေ့ဆုံပွဲတုန်းကတော့… ပြန်ရေးမယ်လို့
တကျိန်းကျိန်းနဲ့ ကျိန်းဝါးသွားတဲ့ ကိုကမ်းကြီး..
ဖွက်ထားတဲ့ အိပ်မက်လေးတွေကို လာဖော်ထုတ်နေပ့ါလား
အလာနောက်ကျသွားတယ်ဗျာ…
ကဗျာတွေကို တိုတိုထိထိလေးနဲ့ စနေပြီပေ့ါ…
ဆက်အားပေးနေဦးမယ်…
comegyi
December 20, 2011 at 7:16 pm
ကိုရင်ရယ် …
ရေးမယ်သာပြောတာပါ
မျက်ခုံးက လှုပ်လှုပ် ….လှုပ်လှုပ်ရယ်…..
အဲသာကြောင့် ဗေဒင်လေး
ယတြာလေး ကြိုလုပ်ပေးထားပါလားဗျာ …
ဟဟ……
water-melon
December 20, 2011 at 7:27 pm
ရင်မှာ အချစ်ဦး
နှစ်တရာထူးလို့
ပန်းသီးတစ်ကိုက် နမ်းတရှိုက်နဲ့
ချစ်သက်လက်ဆောင် အနမ်းတစ်ထောင်ကို
ပေါ့ပေါ့တန်တန် မလုပ်မိရန်
မောင်မောင်ဖရဲမှ ဆုမွန်တောင်းလိုက်ပါတယ်။ :gree