စံနစ်ရဲ့သားကောင်လို့ပြောရင်လွန်များလွန်လေမလား ..
သွားရင်းလာရင်းလမ်းဘေးမှာ ကလေးတယောက်နဲ့ တောင်းနေတဲ့သူတယောက်ကိုတွေ့လို့
ရိုက်ထားလိုက်တာပါ။ ခေါင်းထဲမှာလဲအတွေးတွေဝင်လာပါတယ် ..။
ဒါမျိူးတွေဖွံ့ဖြိုးပြီးနိုင်ငံတွေမှာလဲတွေ့ခဲ့ပါတယ်။
ဒါပေမဲ့သူတို့ဆီမှာ အသားလွတ်ကြီးထိုင်တောင်းနေတာတော့မတွေ့ရဘူးဗျ။
ကိုယ်တတ်တဲ့အနုပညာလေးနဲ့ဖျော်ဖြေကြရပါတယ်။
ဒီမှာတော့ ဟုတ်တာရောမဟုတ်တာရော ရောနေပြီပေါ့နော …။
အဲဒါတွေဟာ စံနစ်ရဲ့သားကောင်ဖြစ်ကြရတာလို့ကျနော်မြင်မိပါတယ်။
ခေါင်းဆောင်လုပ်သူက သူကြိုက်တဲ့စံနစ်နဲ့ ကိုင်တွယ်အုပ်ချုပ်တယ်
သူကတော့ချမ်းသာသွားတယ် ကျန်တဲ့ပြည်သူတွေကတော့
သားကောင်ဖြစ်ရပြီးလှိမ့်နေအောင်ခံကြရတာမို့လား။
အခုတော့ ပြည်သူတွေကြိုက်တဲ့စံနစ်ကိုသွားနေပြီလို့ပြောနိုင်ပြီပေါ့နော …။
ကိုယ်ကြိုက်တဲ့စံနစ်ကိုကူးပြောင်းနေတဲ့အချိန်
ကိုယ်ကိုယ်တိုင်ကလည်း တဖက်တလမ်းက ပါဝင်ရပါလိမ့်မယ်။
ပါလည်းပါသင့်ပါတယ်။
ကဲ တဦးတယောက်ချင်းအနေနဲ့ ဘယ်လိုပါဝင်သင့်လဲ ဘယ်လိုပါဝင်နိုင်မလဲဆိုတာလေးတွေ
နဲနဲဆွေးနွေးပေးကြပါလို့တောင်းဆိုပါရစေဗျာ ….။
လာဒ်ပေးလာဒ်ယူတွေ့ရင် ဒီအတိုင်းငြိမ်မနေဘဲ အများသိအောင်လုပ်တာမျိုးတို့
အမြင်မတော်တာတွေ့ရင် နစ်နာနေတာတွေ့ရင် အရင်ကလို ငါနဲ့မဆိုင်ပါဘူး ဆိုပြီး အရင်ကလို မနေကြဘဲ
မီဒီယာတွေကိုဆက်သွယ်ပြီး ပြောပြတာမျိုးတို့ လိုပေါ့ ….
တာဝန်သိတတ်တဲ့ နိုင်ငံသားတယောက်ဖြစ်ရင် ခံယူချက်ရှိတဲ့နိုင်ငံသားတယောက်ဖြစ်ရင် ပိုကောင်းတာပေါ့နော ..။
အဲဒီလိုသာဆိုရင် တဖြည်းဖြည်းနဲ့ အများအလယ်မှာ တင့်တယ်တဲ့ နိုင်ငံတနိုင်ငံဖြစ်လာမှာပါ။
အုပ်ချုပ်သူများဘက်ကလည်း Time limit နဲ့ ရေတိုရေရှည်တွေချပြီးတော့ကို
ပြင်းပြင်းထန်ထန်လေးလုပ်သင့်ပါတယ်။
ဟိုတုန်းကတော့ တနေ့တလံ ပုဂံဘယ်ပြေးမလဲ ဆိုစကားရှိတယ်မဟုတ်လား ..။
အခုတော့ တနေ့တလံသာလုပ်နေရင်ပုဂံကတော့ဘယ်မှထွက်ပြေးမှာမဟုတ်ပါဘူး
ကျနော်တို့လဲ ဘယ်နိုင်ငံကိုမှလိုက်လို့မှီမှာမဟုတ်ပါဘူးလို့ ………………………။
15 comments
windtalker
January 7, 2012 at 9:30 pm
ကြားလား
ကပေါက်ဖော်
နင် ရှုပ်ခဲ့သမျှတွေ ကို
ဦးဖက်တီး က
ပုံနဲ ့တစ်ကွ ဖော်နေဘီနော်
ငပေါက်ဖော်
January 7, 2012 at 9:54 pm
ရက်စက်တယ် ပေရယ်.
ရက်ချက်ဒယ်..
naywoonni
January 7, 2012 at 10:00 pm
ကေပေါက်ဖော် ကိုယ့်ကိစ္စကိုယ်ရှင်းလေ…။ ခုတော့ အင်တနက်ပေါ်ရောက်လာပြီ..။ကောင်းလား 😛
windtalker
January 7, 2012 at 10:02 pm
ဟုတ်ပ
ပြောပစ်လိုက်စမ်းဘာ
ဘိုနီကွ
MaMa
January 7, 2012 at 10:37 pm
ဦးဖက်ရေ-
နေ့တိုးပေးပြီး ဈေးရောင်းစားနေရတဲ့ ကောင်မလေးတစ်ယောက်က…
သူတို့ကို ယုံကြည်လို့ ကုန်ကို အကြွေးပေးရင်….
သူတို့ဘဝမှာ အတော်လေး အဆင်ပြေမယ်လို့ ပြောလို့..
ကုန်ကိုအကြွေးနဲ့ ရောင်းပေးလိုက်တာ …
ရောင်းအားတွေတက်လာလို့ ဝမ်းသာသွားတယ်။
သိပ်မကြာပါဘူး။
ငွေလက်ထဲများများရောက်လာတော့…
စာရင်းအင်းမရှိ…
အမြတ်အရှုံးမသိ…
ခုတော့လည်း….
padonmar
January 8, 2012 at 12:21 am
နွံထဲမှာလှည်းဘီးကျွံနေသည်၊
အတူတူတွန်းကရွေ့နိုင်ပါသည်။
Khin Latt
January 8, 2012 at 5:12 am
ဦးဖက်တီး ရေ – ပုံလေးတွေ ကိုကြည့်ရတာ တကယ် စိတ်မကောင်းစရာပါဘဲ။ အဲဒီ ခလေးမှာရော ပညာသင်ဖို့ ထက် ဒီလို ဘဲ တောင်းစားဖို့ သင်ပေးသလို ဖြစ်နေဖို့များသလား။
မမ ရေ – သူတို့ကို ငွေပေးရုံ မက ဘဝ မှာ လုပ်ရမဲ့ ဘဝ နေနည်း တွေကိုပါ အသိပညာပေးရမယ် ထင်ပါတယ်။
တစ်ချို့ က တကဲ့ကို မသိကြတာ မဟုတ်လား။
တစ်ချို့ ကလဲ ကိုယ့်မှာ လုပ်ခွင့်မရတော့ သူများ ထောက်ပံ့တာနဲ့ ယဉ်ပါး၊ တကယ်လုပ်ခွင့် ရလာတော့ မလုပ်တတ်၊ အလုပ်မဖြစ်တော့ စိတ်ဓာတ်ကျ၊ မကြိုးစားတော့ သူများ နဲ့ ယှဉ်လုပ်ခွင့် မရ။
ဒီတော့ သူများ ဆီက အထောက်အပံ့ ကိုဘဲ ပြန်မျှော် နဲ့ သံသရာ လည် နေကြတာ ပါ။
အချိန်တော့ ယူပြီး သူတို့ စိတ်ဓာတ်တွေကို အားတက်လာအောင်၊ ကိုယ့်အားကိုယ်ကိုး စိတ်ပေါ်လာအောင်၊ ကိုယ့်ကိုယ်ကို ယုံကြည်လာအောင် လုပ်ပေးရမှာ။
ညကျောင်းလို အသက်မွေးဝမ်းကျောင်းပညာ နဲ့ ဆိုင်တဲ့ ကျောင်းလေးတွေ (ဥပမာ – အခြေခံ စာရင်းကိုင်လိုမျိုး၊ ဆံပင်ညှပ်၊ ရေပိုက်ပြင် စသဖြင့်) ဖွင့်ပေးနိုင် ရင် နေ့မှာ အလုပ်လုပ်၊ ညမှာ စာသင် နဲ့ အကျိုးရှိနိုင်မလားဘဲ။
တွေးကြည့်မိတာပါ။ အဲဒီထဲ မှာ လူ့ကျင့်ဝတ် ကောင်း လေးတွေပါ တွဲသင်ပေါ့။
အစ်မ ပဒုမ္မာ ပြောသလို ဖြေးဖြေး ဝိုင်းတွန်း ကြရင်း ရွေ့လာကောင်းပါရဲ့။
ရွှေဘိုသား
January 8, 2012 at 9:07 am
လှည်းဘီ နွံ့ ထဲကျွံနေသည်
ကူညီ၍ တွန်းပေးကြပါ
ပြိုင်တူတွန်းလျှင် ရွှေ့နိုင်ပါသည်
လူကြီးပိုင်းများ ထိုင်ကြည့် နေပါ
ပြည်သူများသာ တွန်းပါမည်
KoNyeinChan
January 8, 2012 at 9:32 am
ဒီ မလေးရှားမှာလည်း ရှိပါသော်ကော.. ပီနန်း တစ်ဖက်ကမ်း ဘတ်တာဝေါ့တ် ကားဂိတ်ဘက်မှာဆို ကလေးလေးတွေတောင်းနေလိုက်ကြတာ တချို ့ဆို ဘာသာရေးစာရွက်လေးပြပြီးတော့.. နောက်တစ်နေရာ တွေ ့ရတာက Bukit Bintang လမ်းပေါ်မှာ အဲ့ဒီအတိုင်းဘဲ.. ဘယ်သူတွေထင်လဲ????????? မြန်မာကလေးတွေဗျ.. သူတို ့အချင်းချင်းစကားပြောလို ့သိရတာ.. ဟူးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
“ဘီလူးကြီး”ogre
January 8, 2012 at 12:50 pm
ဒီလို လက်ဝါးဖျန့်တောင်းတာဆိုလို့
များများရှိမယ်မထင်ဘူးဗျ
မြန်မာ/အိနိ္ဒယ/နီပေါ/သီရိလင်္ကာ/မလေးရှား
နိုင်ငံတွေလောက်မှာသာရှိမယ်ထင်တယ်ဗျ
အခြားနိုင်ငံတွေမှာတော့
တယောလေးထိုး လမ်းဘေးဂစ်တာလေးတီးပြီးတောင်းကြတာ
မြင်ဘူးတာပဲ..စံနစ်မတူတော့ တောင်းပုံတောင်းနည်းခြင်းပါမတူဘူးဖြစ်တာနေမယ်
small cat
January 8, 2012 at 1:53 pm
“အဲဒီ ခလေးမှာရော ပညာသင်ဖို့ ထက် ဒီလို ဘဲ တောင်းစားဖို့ သင်ပေးသလို ဖြစ်နေဖို့များသလား။”
ကို/မ ခင်လတ်ရေ…….အဲဒီကလေးမျိုးတွေအတွက် ကျောင်းပြင်ပ ပညာရေးဆိုတာကို ယူနီဆက်နဲ့ အစုိုးရပေါင်းပြီးဖွင့်ထားတာတွေရှိနေပါတယ်ခင်ဗျာ၊ ကျူးကျော်ရပ်ကွက်တွေက တောင်းစားမဲ့/ခိုးစားမဲ့ ကလေးတွေထဲက တနှစ်ကို သုံးလေးယောက်လောက် အလယ်တန်းပညာလောက် သင်ဘူးသွားတယ်ဆိုရင် တနိုင်ငံလုံးအတိုင်းအတာနဲ့ ရေရှေမှာတိုးတက်လာဖို့ရှိပါတယ်။ အဲဒီနေရာများကို လူသိတော်တော်နဲနေပါတယ်။ ငွေကြေးရှိတဲ့ လုပ်ငန်းရှင်များစိတ်ဝင်စားလာဖို့လိုပါတယ်။ ကျနော်တို့ အဲဒီနေရာတွေကိုထောက်ပံ့ဖို့ စတင်လှုပ်ရှားနေပါတယ်။
“အသက်မွေးဝမ်းကျောင်းပညာ နဲ့ ဆိုင်တဲ့ ကျောင်းလေးတွေ (ဥပမာ – အခြေခံ စာရင်းကိုင်လိုမျိုး၊ ဆံပင်ညှပ်၊ ရေပိုက်ပြင် စသဖြင့်)”
စည်ပင်သာယာရေး ဦးစီးဌာနက လက်သမား၊သံချည်သံကွေး၊ပန်းရံသင်တန်းကျောင်းတွေ ဖွင့်ထားတာရှိပါတယ်။ နည်းနည်းတော့ ဆောင်ရွက်ချက်အားနည်းနေပါတယ်။ အဲဒီနေရာတွေကို တတ်နိုင်တဲ့သူတွေက ထောက်ပံ့ပြီး အသက်ဝင်အောင် ဆောင်ရွက်သင့်ပါတယ်။ လုပ်ငန်းရှင် ပြည်သူတွေ ပူးပေါင်းဆောင်ရွက်ဖို့လိုပါတယ်၊ အစိုးရကလည်း ပြည်သူတွေစိတ်ဝင်တစားပါဝင်လာအောင်၊ မှန်မှန်ကန်ကန် ဆောင်ရွက်ပြပြီးစည်းရုံးဖို့လိုပါတယ်။
ဦးဦးပါလေရာ
January 8, 2012 at 2:32 pm
ဆွဲတဲ့ဘက်ကတော့ အပေါ်မှာ တော်တော်ပြောပြီးကြပါပြီ။
တွန်းတဲ့ဘက်က လေး ဝင်ပြောကြည့်မလားလို့…။
အဲဒီဓါတ်ပုံအတွက် ထွေအုပ်၊ စည်ပင်နဲ့ လူမှု့ဝန်ထမ်းဦးစီးဌာနမှာ တာဝန်ရှိပါတယ်။ အဲဒီသုံးခုကိုပေါင်းပြီးပြောရင် အစိုးရမှာ တာဝန်ရှိပါတယ်။
မိဘပြည်သူတွေထဲက တယောက် လမ်းဘေးမှာ အလုပ်မလုပ်ပဲ ညာစားနေတယ်လေ။ သူ့ကလေးလဲ ဒုက္ခရောက်နေတယ်လေ။
အဲဒီမိဘပြည်သူကို ဒီအတိုင်းထားရင် အဲလို မိဘပြည်သူတွေ အများကြီးပွားလာမှာလေ။
အဲဒါမျိုးတွေအတွက် ပြည်သူ့ဝန်ထမ်းလို့ခေါ်တဲ့ အစိုးရက ဘာများစဉ်းစားထားသလဲ သိချင်လိုက်တာ…..????????
Ka Yin Lay
January 8, 2012 at 11:19 pm
တချို့ လဲ ကလေး ငှါး ပြီး တောင်းစားသတဲ့ ၊ ကလေး ငှါးတဲ့ အဖွဲ့တွေ ရှိသတဲ့ ၊
တောင်းစားတဲ့လုပ်ငန်းလုပ်မလို့ ကလေးကို ငှါး သတဲ့ဗျာ ။
maungmoenyo
January 9, 2012 at 9:12 am
မြန်မာပြည်တလွှား ဒီလိုမြင်ကွင်းတွေက မြျွင်ချင်အဆုံးရှိခဲ့ပေမဲ့ အသက်လေးတွေရလာတာနဲ့အမျှ၊ ပြည်ပနိုင်ငံတွေ (အမေရိကလို) တွေရောက်တော့..ဒီမြင်ကွင်းတွေက စိတ်ထဲနင့်နေအောင်ခံစားရသလို….ရင်ထဲမှာအဖြေရှာရခက်တဲ့ဝေဒနာထပ်ဆင့်တိုးလာရပြီပေါ့…
မှန်လိုက်လေ ကိုဖက်ရေ…စနစ် ဟာတရားခံဘဲပေါ့။
kai
January 9, 2012 at 10:31 am
အခုလက်ငင်း..အဲဒီအမျိုးသမီးကို.. လူမှုဖူလုံရေးက.. ဖမ်းပြီး..ကလေးကို အိပ်ဆေးတိုက်ပြီး ဗန်းပြမှုနဲ့.. ဖမ်းချုပ်လည်းထောင်ထဲဝင်သွားပြိး ပြန်ထွက်လာရင်.. ဆက်လုပ်မှာပါ…။
ပညာပေးပါတယ်..။ ငွေတွေအလုပ်တွေထုတ်ပေးပါတယ်ဆိုရင်လည်း.. ပိုချောင်သက်သာတဲ့.. တောင်းစားတဲ့အလုပ်လုပ်မှာပါပဲ..ဒုံရင်းက..ဒုံရင်းပဲ..။
သူက..အဲဒီလိုတောင်းစားတာတွေကနေ စားသောက်လောက်တဲ့ဘဝကနေ ကြိးပြင်းလာသူကိုး..။ (ဘာတဲ့.. ရောင့်ရဲတယ်တဲ့.. အဟတ်..)
ဒါပဲသိပြီး ..ဒါပဲ..လုပ်တတ်..လုပ်ချင်မှာပေါ့..။
သူ့ကလေးကလည်း.. အရွယ်ရောက်တာနဲ့.. ဒီလမ်းဆက်လျှောက်မှာအသေအချာပါပဲ..။
မျိုးဆက်တခုကနေ..တခုလက်ဆင့်ကမ်းခဲ့တာ.. ၂ခုမက ရှိခဲ့ပြီလေ…
ဒီအမျီုးသမီးကို.. ပြောင်းခိုသူ(Refuee)စခန်းပို့.. အဲဒီက.. ယူအက်စ်..အော်စီ..ဥရောပနိုင်ငံပို့လည်း တောင်းစားဦးမှာ အသေအချာပါပဲ..။
အဲဒီအခါတော့ အစိုးရကနေ.. လူမှုဖူလုံရေးကနေ.. တောင်းမှာလေ…။ 🙂
–
ဆိုတော့..
ကျုပ်ကတော့.. စံနစ်တခုထဲလက်ညိုးမညွှန်ချင်ဘူး..
စိတ်ဓါတ်ရေးရာပျက်စီးတာမှာ.. ဘာသာရေးက.. ထိပ်ဆုံးကအရေးပါပြီး..တာဝန်ရှိတယ်..။
စံနစ်ကြောင့်မဟုတ်ဖူး…။ စံနစ်တခုထဲကြောင့် မဟုတ်ပါဘူး….။ 👿