ကျနော်တို့ ၄ယောက် ..
လူ့ဦးနှောက်ဆိုတာ ကြီးက တခါတခါ တယ်ထူးဆန်းသကိုး …..။
ကျနော် တခါက ပြောဖူးသလို “ဋ” “ဎ” တို့ကို မသုံးလို့ မေ့ထားမယ် ဆို …မေ့လို့မှမရဘဲဗျာ…။
အင်း …သည်လိုပဲ ….မဖတ်ချင်လို့ စာအိတ်တောင်မဖောက်မိခဲ့တဲ့ …စည်သူ့ မင်္ဂလာဆောင်ဖိတ်စာ
ကို အချိန်ပြည့် စိတ်စွဲနေတော့တာရယ်…. ။
ကျနော့် ထမင်းစားစာပွဲပေါ်က ထိုစာအိတ်ကလေးသည် တစေ တစ်ကောင်နှယ် ကျနော့်အား ခြောက်ခြား
စေခြင်းငှာ စွမ်း၏။ ဆေးလိပ်မီးနှင့်ပြာချရန် ၁ကြိမ် …။ရေသို့ မျှောကာ အစဖျောက်ပစ်ရန် ၂ကြိမ် ၊
စက္ကူဖျက်စက်ထဲ ထိုးထည့်ရန် ၃ကြိမ် ၊ အမှိုက်ခြင်းထဲ ထည့်လွှတ်ရန် ၄ကြိမ် ၊ သတင်းစာ ဟောင်းများနှင့်အတူ
စွန့်ပစ်ရီစိုက်ကယ်လ် လုပ်ပစ်ရန် ၅ကြိမ် ခန့် ကြိုးစားတိုင်း မအောင်မြင်ခဲ့ပါ …။
သည်လိုနဲ့ ၆လလောက် နေပြီးသကာလ….. ရေမွှေးနဲ့ လွင့်ပျယ်နေမယ့် ..စာပို့ဌာန အဆင့်ဆင့်
ဖြတ်သန်းလာတဲ့ ..စာအိတ်ထူထူ ကို ဖွင့်လိုက်မိပါတော့တယ်….
………………………………..ဟင်…………………………………………
ကျနော်ထင်ထားသလို မင်္ဂလာဆောင် ဖိတ်စာ တစ်စောင်မဟုတ် ….။ A4 ၄-၅ရွက်ခန့်တွင်
ကျနော် မှတ်မိနေသော စည်သူ၏ လက်ရေးခပ်သော့သော့များ …..။ ကျနော် တချက် ပြာဝေသွား၏
စာရွက်ကလေး ၄-၅ရွက်သည် ဘာကြောင့်များ ကီလိုပေါင်းများစွာ လေးလံသယောင် ခံစားရပါသနည်း။
ကျနော် နောက်တခေါက် – နောက်တခေါက် – နောက်တခေါက် ထပ်၍ ထပ်၍ ဖတ်ဖြစ်သည်…။
စာဖတ်ခြင်း ဟူသော အလုပ်သည် ဘာကြောင့် တောင်တက်ရသလို ပင်ပန်းပါသနည်း …။
ကျနော့် ဦးနှောက်ကရော ..ယခုဖတ်ပီးသော စာ ကို ယခုပင် မေ့ပျောက်ရလောက်အောင် ..ပျက်ယွင်းနေပြီလား ..။
စာထဲပါတဲ့ အကြောင်းအရာအရ ကျနော် သွေးပျက်သွားတာ အမှန်……စ နောက်ပြီး ရေးထားတာ မဟုတ်..
အမှန်တရားကိုပင် ရေးထားစေကာမူ… ယုံကြည်ရန်ပင်ခက်ခဲနေမိပါတော့သည်..။
ကျနော်သည်ကား ရှောင်ပြေးသူ သက်သက်သာ …. မိမိကိုယ်ကို အပြစ်တင် မဆုံးတော့….။
ကိုယ်ပိုင် ခံစားချက် ကို ကိုယ်တိုင် ရင်မဆိုင်ဝံ့သူ …အရှိတရားကို လက်သင့်မခံနိုင်လောက်အောင်..
အတ္တပြင်းထန်လွန်းသူ ….။ ဖြစ်နိုင်ချေ ကို အလွန်အကျွံ ယုံကြည်ကိုးစားလွန်းသူ …။ယောက်ျား တစ်ယောက်
အနေဖြင့် ပြောရမူ… ပျော့ညံ့လွန်းသူ … ။ ကိုယ့်ကိုကိုယ် မှန်ထဲမှာ တခေါက် ပြန်ကြည့်မိသည်…
မိမိကိုယ်ကို ရွံရှာ စက်ဆုပ်စွာ …။အထင်အမြင်သေးစွာ ..အပြစ်တင်ရှုံ့ချ သည့် မျက်ဝန်းများဖြင့် ……။
ကျနော်သည် အလွန် သေးသိမ် ညံ့ဖျင်းခဲ့ပါ၏…။
ဖြစ်စဉ် အကျဉ်းချုပ်ကား ဤသို့ဤနှယ်..။
ကျနော်ထင်ထားသည့်အတိုင်းပင် စည်သူက အိသဒ္ဒါမိုး ကို ချစ်ခွင့်ပန်သည် ….။
ကျနော် မထင်ထားသည့်အတိုင်း သူငယ်ချင်းလို အစ်ကိုလိုသာချစ်ပါသည် ဟု အကြောင်းပြန်သည်..။
ကျနော်ထင်ထားသည့်အတိုင်း မိဘချင်းပါ ကျွမ်းဝင်သည့် ၂ဖက်မိဘများက ဝိုင်းဝန်းဖျောင်းဖြ တိုက်တွန်းကြသည်။
ကျနော် မထင်ထားသည့်အတိုင်း အိသဒ္ဒါမိုးက အဖြူရောင် သံယောစဉ် ရှိနေသော်လည်း ဒါကိုချက်ခြင်းကြီး
မပြောင်းလဲပစ်နိုင် ဟု အချိန်ဆွဲပြီး မာစတာဘွဲ့ ပြီးမှ ဟု အချိန်ဆွဲသည် …။
ကျနော်ထင်ထားသည့်အတိုင်း မိဘများက စေ့စပ် ပွဲလေးလောက်တော့ လုပ်ထားကြတာပေါ့ ဟု အထွန့်တက်သည်..။
ကျနော် လုံးလုံးထင်မထားတာ တခု သည်ကြားထဲ ဖြစ်လာသည် …..။ တရားခံက စည်သူ …။
သင်္ဘော ပြန်ဆင်းလာတဲ့ သူ့ သူငယ်ချင်း မျိုးပိုင် (အီးတီ) ဆိုသူ၏ မိတ်ဆုံစားပွဲ ကို အိသဒ္ဒါမိုးကို ခေါ်သွားသတဲ့ …။
သင်္ဘောသား အချင်းချင်း ကြွားချင်တာလေး ပါမှာပေါ့လေ….။ မကြာမီ ကိုယ်နဲ့ စေ့စပ်တော့မယ့် ဆြာဝန်မလေး
ဆိုပြီး ယခုမှ ကုန်းပေါ်ပြန်ရောက်လာသူ …. (လပေါင်းများစွာ ရေနဲ့ ယောက်ျား သာ မြင်နေရသူ) ကို ..ကလိ
ချင်တာလည်းပါမှာပေါ့ ….. (သည်ကောင့်အကျင့် က သိတယ်မလား ….)
သည်တော့မှ အဖြစ်အပျက်တွေက ရုပ်ရှင်ဆန်လာပါတော့သည် ……။
ပရိတ်သတ်ကြီး ထင်ထားတဲ့အတိုင်း. အီးတီက အိသဒ္ဒါမိုးကို စိတ်ဝင်စား မိပါသတဲ့ ….။
သို့သော် ပရိတ်သတ်ကြီး မထင်ထားတဲ့အတိုင်း အိသဒ္ဒါမိုး … ကိုယ်နှိုက်ကပင်လျင် အီးတီကို ရင်ခုန်မိပါသတဲ့ …။.
အီးတီကို ကျနော် လူခြင်း မမြင်ဖူးသော်လည်း …….
စည်သူ့ စာအရ …မြင့်မားသော အရပ် အမောင်း နှင့် လိုက်ဖက်သော ကိုယ်ကာယ ရှိပြီး ယောက်ျားပီသ ခန့်ညား
သူတစ်ဦး လို့ သိလိုက်ရပါတယ်….။
လွတ်လပ်သူ တစ်ဦးဟာ လွတ်လပ်သူတစ်ဦးအပေါ် လွတ်လွတ်လပ်လပ်ကြီးကို ချစ်ခွင့်ရှိတယ်မဟုတ်ပါလား …။
အသေးစိတ်ဖြစ်ရပ်တွေကိုကျော်ပြီး …ဖြစ်စဉ်ကိုသာ အကျဉ်းချုပ်ရေးတော့အံ့ …။
စီစဉ်ထားတဲ့အတိုင်း ..စည်သူ သင်္ဘောတက်သွားတယ်. သို့သော်
စီစဉ်ထားသလို မစေ့စပ်ဖြစ်သေး …။
စီစဉ်ထားခြင်းမရှိပါဘဲ အိသဒ္ဒါမိုး နဲ့ အီးတီ ချစ်သူတွေ ဖြစ်သွားတယ်…။
စီစဉ်ပြီးသကာလ အီးတီက သူ့ မိဘတွေကို အသိပေးလိုက်တယ်…။
စီစဉ်မှု ကြိုတင် မလုပ်ထားပေမယ့် အိသဒ္ဒါမိုးကလည်း သူမမှာ ချစ်သူရှိနေပြီ ဖြစ်တဲ့အတွက် အစ်ကိုတစ်ယောက်လို
သာချစ်တဲ့ စည်သူနဲ့ စေ့စပ်မယ့် လက်ထပ်မယ့် ကိစ္စကို ရပ်ဆိုင်းစေရေး အရေးဆိုပါတော့ တယ်…။
အစီအစဉ် မရှိပေမယ့် … သမီးရဲ့ချစ်သူ ဘယ်သူ ဘယ်ဝါ ဆိုတာကို စုံစမ်း ရှာဖွေ မိတော့ အဖက်ဖက်က ငြင်းစရာ
မရှိတဲ့လူဖြစ်တဲ့အပြင် သမီးဖြစ်သူ ချစ်ခင်စုံမက်တဲ့ သူဖြစ်နေတော့… မိဘ၂ပါးမှာ အကျပ်ရိုက်ရပါတော့တယ်…။
သည်အနေအထားမှာ အပြောင်းအလဲ ဖြစ်စေမယ့် turning point တခု ပေါ်လာပါတယ်….။
သည်ရက်ပိုင်း အိသဒ္ဒါမိုး နေမကောင်းသလို ခနခန ခံစားနေရတယ် …. သွေးအားလည်းနည်းပြီး ..သွေးပေါင်ကျသတဲ့.
အိပ်ပျက်ခံ စာကြည့်တဲ့အကျင့်ကို စွန့် လွှတ်လိုက်ပေမယ့် လူက တရှောင်ရှောင် ဖြစ်နေတာ ..မပျောက်ကင်းနိုင်ဘူး..
တရက်ပေါ့ ….အမေ့ကို ကူဟင်းချက်ရင်း ကြက်သွန်လှီးရာကနေ လက်ကို ဓါးထိသွားတယ် ………………………
၂နာရီလောက် ကြာတာတောင် သွေးမတတ်ဘူး ….. ကိုယ်တိုင် ဆြာဝန် တယောက်ဖြစ်တဲ့ သူမ ကိုယ်တိုင်
တစုံတရာကို တွေး ပူ နေမိပါတော့တယ် …..။
သည်လိုနဲ့ စည်သူပြန်လာချိန်မှာ ဖြစ်ကြောင်းကုန်စင် သိသွားတော့တယ် …. ။စွန့်လွှတ်ချစ်နဲ့ စိတ်ချမ်းသာပါစေ
တော့ ဆိုပြီး ကျနော့်လမ်းစဉ် လိုက်ဖို့ ရွေးလိုက်သတဲ့လေ…..။ ကိုယ့်နှလုံးသားကို လက်ဖွဲ့ ပါတယ်ပေါ့….။
ဒါပေမယ့် အဲ့သည့် အချိန်ဟာ …သည်အကြောင်းတွေ ပြောနေရမယ့် အချိန် တော့ မဟုတ်ခဲ့ဘူး ….။
ဟုတ်တယ် ..အခု အိသဒ္ဒါမိုး ရောက်နေတဲ့ နေရာက ကျုပ်မြန်မာပြည်က ထွက်လာပြီး နောက်ပိုင်းမှ
အသစ်ပေါ်လာတဲ့ နာမည်ကျော် ဆေးရုံတစ်ခုရဲ့ .ECU မှာ ..ရောဂါနာမည်လေးက လှသလောက်
လူတိုင်းကျောရိုး စိမ့် သွားမယ့် လူကီးမီးယား တဲ့ ….။
ပြဇာတ်ဆန်တဲ့ အချစ်ဇာတ်လမ်းရဲ့ အဆုံးသတ်မျဉ်းက လူကီးမီးယား တဲ့လားကွယ် ….။
ကိုရီးယားကား ကြိုက်တတ်လွန်းတဲ့ ကျနော် တိတ်တခိုးချစ်ရတဲ့ ငယ်သူငယ်ချင်းလေးကို
ကိုရီးယား ဒရမ်မာထဲက ပေါ်ပြူလာ ရောဂါကပဲ လောကကြီးထဲက ဆွဲထုတ်တော့မတဲ့လား ….။
စည်သူ ဒါတွေကို ကျနော့်ဆီ ရေးတဲ့ အကြောင်းကတော့ ..အိသဒ္ဒါမိုးက ကျနော့်ကို နောက်ဆုံးအကြိမ်
တွေ့ချင်သတဲ့လေ…။ smart girl loves stupid guy ကို ကြားဖူးမယ် မဟုတ်လား … ။ သူငယ်ငယ်ကတည်းက
တကယ်ချစ်ခဲ့ဖူးတာ ..ပေပေတေတေ နေတတ်တဲ့ ကျနော့်ကိုပါတဲ့ …. ။ အချစ်ဆိုတာကို ဘဝနဲ့ ယှဉ်ထိုးပြီး
နောက်ဆုတ်ကာ အစဖျောက်သွားတဲ့ကျနော့်ကို စိတ်နာနေမိခဲ့တယ် တဲ့ ….အီးတီ ကိုလည်း သည်လို ဝန်ခံရှာသတဲ့လေ။
စိတ်ထဲမှာ တိတ်တခိုး ချစ်သူတစ်ယောက် ရှိခဲ့ဖူးလို့ ချစ်ဦးသူ ဖြစ်ခွင့်မရတာ ကို စိတ်မကောင်းဘူး လို့လည်း နေမကောင်းတဲ့
ကြားက ဆိုပြန်သေးတယ်… စည်သူနဲ့ အီးတီတို့ ၂ယောက် ကိုခွင့်ပန်ပြီး ကျနော့်ကိုနောက်ဆုံးတခေါက်လောက်
တွေ့ချင်တယ် လို့ ဆိုလာတာပါ. …..။
အထက်မှာ ပြောထားသလို ဘာကြောင့် ကျနော့်ကိုယ်ကျနော် စက်ဆုပ် မုန်းတီးမိတယ် ဆိုတာ သိပြီ
ရိပ်မိကြပြီထင်ပါတယ်…..သည့်ထက် ပို ရွံ မယ့် အချက်ကတော့ ကျနော် မပြောဖြစ်သေးပါ ..ခုပဲ …ပြောပါ့မယ်
သူမရဲ့ သေမိန့်ဟာ မလွဲမသွေ ၆လ အတွင်း ဆိုတဲ့ အချက်ပါပဲ …. စည်သူတယောက် သည်စာကို ရေးတဲ့အချိန်နဲ့
ကျနော် နေနေတဲ့ အရှေ့ ကျွန် းတောမြို့ ငယ်လေးကို စာရောက်တဲ့အချိန် ၂လ တိတိကွာတယ်ဗျာ ….။ ကျနော်က
စားပွဲပေါ်မှာ ၆လလောက် အချိန် ဖြုန်းပြီး လက်တွန့်နေခဲ့မိလေတော့ ……………………………..။
ပြုသင့်သည်ကို မပြုမိ မပြုသင့်သည်ကို ပြုမိသည့်အတွက် အချိန်လွန်မှ သောကရောက်ရခြင်း လို့ ..ငယ်ငယ်က
နောင်တ ဆိုတဲ့ စကားလုံးရဲ့ ခက်ဆစ် အဖွင့်မှာ မှတ်ဖူးပါတယ် …..။
ဟုတ်ကဲ့ ..ကျနော် နောင်တ ကြီးကြီး ရနေပါတယ်….။
ကျနော် ရန်ကုန် ပြန်မယ် ….သူမကို … မမီတော့တာ သိလျက်နဲ့ ပေါ့ …………………………………………
ခင်တဲ့….
ဇာဂီ တဖြစ်လည်း ..
ဖားသက်ပြင်း
ဒါလေးနဲ့
https://myanmargazette.net/91557/creative-writing
ဒါလေးကိုပါ
https://myanmargazette.net/87354/creative-writing
တွဲဖတ်ပါမှ ဇာတ်ရည်လည်မည် ဖြစ်ကြောင်းရယ်ပါ…
12 comments
ဖားသက်ပြင်း
January 25, 2012 at 2:25 pm
ခုတလော ရွာထဲ ပျောက်ပျောက်နေတဲ့ သင်္ဘောသီး-၂လုံးကို
ဒီစာဖြင့် လှမ်းရိလိုက်ပါကြောင်း …..။
အိသဒ္ဒါမိုး ကို ကရင်စီသွပ် မလိုချင်ဘူးဆိုလို့ …အီးတီကို ပေးလိုက်မိပါကြောင်း…
အီးတီလည်း လိုချင်၏ မလိုချင်၏ မသေချာသောကြောင့် …(ကိုယ်လည်း မရမယ့်အတူတူ)
ကလပ်စစ်ကယ်လ် ဖြစ် နည်းသလား ဆိုသည့်အတွေးဖြင့် … သတ်ပလိုက်ပါကြောင်း….:D
ပြန်ရှင်စေချင်လျင် ကိုရင်စီသွပ် ကို သည်စာစု၏ အဆက် အဖြစ် ဆက်လက်ရေးဖို့
တိုက်တွန်းစေကြလိုပါကြောင်း …..
ပုံ
ကြက်မောက်တော်ကီ ဖားအင်ဂီ
etone
January 25, 2012 at 3:49 pm
ရွာထဲက သဘောင်္သီးနှစ်လုံး သီရိမင်္ဂလာဈေးရောက် … အဲလေ …
အီးတီလေးက … အလှူငွေ လိုက်ကောက်နေပြီ …. ကရင်စည်ကတော့ … ဂူအောင်းပြီး အတွင်းအားကျင့်နေပါသတဲ့ 😆
%%%%%%%%%%%%%%%%%%
ဒီပို့စ်ထဲက အိသဒါ္ဓမိုးက ..ပျော့ပျော့လေးနဲ့ နံတဲ့ ကြောင်ချီးလို မိန်းမအမျိုးစားထဲကပဲ …ကိုယ့်စိတ်ထဲ တကယ်ဘယ်သူရှိသလဲ မသိခဲ့တာလား … စိတ်ကစားတတ်တာပဲလား … ။ လွှတ်သွားတဲ့ ငါးမှ ကြီးပြီး ပြန်လိုချင်တာလား မပြောတတ်တော့ပါဘူး .. …
တကယ်ဆိုရင် အချစ်ပဲလိုတယ် .. ဘာကြောင့် သတိ္တမရှိလဲကွယ် 😆
ဖားသက်ပြင်း
January 25, 2012 at 5:29 pm
တကယ်ဆိုရင် “အရက်”ပဲလိုတယ်. . . . . ဘာကြောင့် အမြည်းက မရှိလည်းကွယ်. . . . .
ပြန်သောက်မရတဲ့ ပုလင်းအဟောင်းများထဲ ငါဘာတွေကို သောက်ဦးမှာလဲ ?
တကယ်ဆိုရင် “အရက်”ပဲလိုတယ်. . . . . ဘာကြောင့် အမြည်းက မရှိလည်းကွယ်. . . . .
ပုလင်းမရှိလို့ မသောက်ရရင် အန်ဖတ်တွေ မအံဘူးကွယ်……
(Credit to ဆြာဆွ)
စိန်ပေါက်ပေါက်
January 25, 2012 at 4:01 pm
သင်္ဘောသီးတွေ…
ဘာကြိတ်ကြံနေကြလဲ မသိဘူး..တယ်ပျောက်ချက်သား ကောင်းနေရဲ့
လာနော့.လာနော့
မလာရင် အိသဒါမိုးလေးကို မောင်ပေက မျက်စောင်းထိုးနေတာ
ညှင်း.ညှင်း..
hmee
January 25, 2012 at 4:04 pm
ကရင်စည်နဲ့ အီးတီတော့ အမောင့်ဂီ လက်မှာ လိုရာ ကစားစေ ဖြစ်ပြီပေါ့ကွယ်။ 🙂
ဖားသက်ပြင်း
January 25, 2012 at 5:32 pm
မမမှီရေ …
သင်္ဘောသီးတွေက ဖားသက် ရဲ့ မားကတ် ကို ဒုတ်နဲ့ လှမ်းလှမ်းထိုး တတ်ကြလွန်းလို့….
နောက်တပိုင်းကျရင် …ကရင်စီ ဒုလ္လဘ ဝတ်တုန်း ..အီးတီ ဆိုမာလီ လက်ထဲရောက်နေတုန်း…
မောင်ဂီ့ မင်ဂါဆောင် ကျင်းပ လိုက်ရင် ကောင်းမလား တွေးနေပါသည်…
ခိခိ……
ရန်ကုန်ရောက်ရင်လည်း
အဆင်ပြေရင် အားပေးပါဦးနော် မမမှီ…
ခင်တဲ့….
zaw min
January 25, 2012 at 4:27 pm
ညီးလေးဖားဂီရေ…အဲဒီဇတ်လမ်းလေးကြိုက်လို့ ဝယ်ပါရစေ..အဲဒီလို သုံးပွင်ဆိုင်တွေ…လေးပွင်ဆိုင်တွေဆိုပေါက်တာများတယ်…
မှော်ဆရာ
January 25, 2012 at 4:34 pm
ဒီဇတ်လမ်းက တစ်မျိုးပါလား …
နှမျှောစရာကြီး … အဲလေ .. သနားစရာလေး …
ဟိုက သေသွားပြီဆိုတော့ ..
ဒိုင် ဝင်စားလို့လဲ မဖြစ် .. 🙁
ကိုရင်စည်သူ
January 25, 2012 at 5:16 pm
ကိုရင်ဇာဂီရေ.. ခင်မင်မှုကို အလေးထားလို့ ဒီပို့စ်ကို ရေးပေးပြီး
ကျနော်ကို ရွာထဲကို လာဖို့ ဆွထုတ်ပေးလို့ ကျေးဇူးတင်ပါတယ်လို့
ရှေးဦးစွာပြောပါရစေနော့…
ကျနော် ရွာထဲမှာ ပျောက်နေတာက တခြားအကြောင်းကိတ်စလေးတွေကြောင့်လည်းပါတယ်။
ပြီးတော့ မဖတ်ဖြစ်တဲ့ စာပေတော်တော်များများ ပြန်ဖတ်နေမိတာလည်းပါတယ်…
(အဓိကကတော့ နိုင်ငံရေးနဲ့ဆိုင်တဲ့ စာပေတွေပါ)
ညဘက်ဆိုလည်း အပေါင်းအသင်းတွေလာခေါ်လို့ ပျော်လိုက်ရတဲ့ ညတွေကြောင့်လည်းပါတယ်။
~~~~~~~~~~~~~~~ ကြောင့်လည်းပါတယ်..
ကိုရင်ဂီ့ရေ.. အိသဒါ္ဒမိုးလေးက ကျနော်စတဲ့ ဇာတ်လမ်းလေးဆိုတော့ ကျနော်ပဲ
ပြန်အဆုံးသတ်ပေးပါ့မယ်ခင်ညာ.. တစ်ရက်နှစ်ရောက်တော့ အချိန်ယူပြီး ရေးလိုက်ဦးမယ်နော့… 😎 😎
ဖားသက်ပြင်း
January 25, 2012 at 5:47 pm
ခင်ဗျား ဇာတ်ကောင် နာမည်လေးကို ကျနော် အတော် ငြိသွားတယ် ဆိုတာ ဝန်ခံတယ် ကိုရင်စည်ရေ့..
ဇာတ်ကောင်စရိုက် ပေါ်လွင်အောင် မရေးနိုင်တာ …မနိုင်နင်းတာတော့ ကျနော့ အားနည်းချက်ဗျ….
နောက်ဆို ရသ ရေးတော့မယ် ဇာတ်ကောင်ကိုင်ရတော့မယ်ဆိုရင် ..အသေးစိတ် အချက်လေးတွေက အစ..
တို့ထားပြီး ရေးမယ်ဗျာ..
ကျုပ်တော့ ခုတလော လူမှုဆက်ဆံရေး စာတွေ အရေး အဖတ်များနေလေရဲ့ဗျာ…
ကိုယ်တိုင်မကျင့်သုံးနိုင်တာသေးတာလေးတွေလည်းပါရဲ့ ..
ကိုယ့်ကိုကိုယ် လည်း သတိပေးရင်း ဖတ်မိတာလေးတွေလည်း မျှဝေရင်းပေါ့ဗျာ….
ဇာတ်လေး တစ်ဇာတ် တည်ပြီး …အခန်းဆက်လိုမျိုး ..အပေးအယူ
အချိတ်အဆက်ကလေးနဲ့ …သဘောထားညီသူ စာရေးသူ ၂ယောက် ၃ယောက် လောက်
စုပြီး တိုင်ပင်ပြီး အလှည့်ကျ တင်ဆက်သွားမယ်ဆို ဟန်သစ် တခုဖြစ်မလားပဲဗျ….
တချို့ တရုတ် ဒရမ်မာတွေ လိုပေါ့ဗျာ …တခန်းချင်း ဖြတ်ကြည့်လည်း ….ဇာတ်လမ်းတိုအနေနဲ့ ခံစားနိုင်
အရှည်ဖတ်တော့လည်း ဝတ္ထုရှည် တစ်ပုဒ်ဖြစ် …..ရေးဟန်နဲ့ ရသ ကတော့ အလှည့်ကျ ကလောင် ကိုမူတည်ပြီး..
taste နည်းနည်း ချိန်းသွားပြီး မပျင်းရအောင် သယ်သွားနိုင်မယ်ပေါ့ …..
စိတ်ကူးသက်သက်ပါဗျာ …
ခင်တဲ့….
ဖားသက်ပြင်း
P.S ဟို ဆံရှည်ကိုယ်တော်ကြီးကိုလည်း ရွာထဲ ပြန်ဖိတ်ချင်သေးရဲ့….
သကြွေလောက်မယ့် ….မော်ဒန်ကဗျာ မစပ် တတ်လို့ …ခက်နေတာဗျို့ ….
MaMa
January 25, 2012 at 7:33 pm
ကိုရင်စည်သူ-
ကိုယ့်ပေါင်ကိုယ်လှန်ထောင်းတော့မယ်ပေ့ါ။ 😆
မောင်ဂီ-
ဝမ်းသာမနေနဲ့ဦး။ သူများပေါင်ထောင်းတော့ ဘယ်လိုဆိုတာ သိရမှ … 😆
windtalker
January 26, 2012 at 3:35 pm
ဒါလေးတွေကတော့
ကျွန်တော်တို ့ဂေဇက်ရပ်ဝန်းက
ပြောင်တိပြောင်ချော်လေးတွေပါခင်ဗျာ