Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ကမ္ဘာ့ အဆန်းကြယ်ဆုံး တိရစ္ဆာန် (၂၅) မျိုး – အပိုင်း (၄)

ဒါကတော့ နောက်ဆုံး အပို်င်း ဖြစ်ပါတယ်။

ကမ္ဘာ့ အဆန်းကြယ်ဆုံး တိရစ္ဆာန် (၂၅) မျိုး – အပိုင်း (၁)
ကမ္ဘာ့ အဆန်းကြယ်ဆုံး တိရစ္ဆာန် (၂၅) မျိုး – အပိုင်း (၂)
ကမ္ဘာ့ အဆန်းကြယ်ဆုံး တိရစ္ဆာန် (၂၅) မျိုး – အပိုင်း (၃)

၁၈။ Dumbo Octopus

Octopus ဆိုကတည်းက ရေဘဝဲ အမျိုးအစားထဲက တစ်မျိုးဖြစ်တယ်ဆိုတာ သိရပါတယ်။ Dumbo ဆိုတဲ့ စကားကို ကြားဖူးကြမလား မသိဘူး။ ကာတွန်းဇာတ်ကောင်လေးရဲ့ အမည်ဖြစ်ပါတယ်။ ဆင်ပျံလေး Dumbo ပေါ့။ Dumbo Octopus တွေရဲ့ ခေါင်းအပေါ်ပိုင်းမှာ နားပုံစံနဲ့တူတဲ့ ရေယက်ကလေးတွေ ရှိပါတယ်။ Dumbo ရဲ့ နားရွက်တွေနဲ့ ဆင်နေလို့ ဒီ ဘဝဲလေးကိုလည်း Dumbo Octopus လို့ အမည်ပေးထားကြတာ ဖြစ်ပါတယ်။ သူတို့ဟာ အတွင်းပိုင်း အကျဆုံး နေရာတွေမှာ နေလေ့ရှိပြီး Octopoda မျိုးစိတ်တွေရဲ့ အရှားပါးဆုံး မျိုးစိတ်တွေပဲ ဖြစ်ကြပါတယ်။

၁၉။ Frill-necked Lizard

မြင်တဲ့အတိုင်းပါပဲ။ ပုတ်သင်ညိုလိုလို ဘာလိုလို အကောင်တွေပါ။ ဒါပေမယ့် သူတို့ရဲ့ ခေါင်းနဲ့ လည်ပင်းတွေမှာ ကြီးမားတဲ့ အရေပြားတွေ ရှိနေပါတယ်။ ဒါကပဲ သူတို့ကို Frill-necked Lizard လို့ အမည်တွင်စေတာပါ။ Frilled Dragon လို့လဲ ခေါ်ဆိုကြပါသေးတယ်။ Australia မှာတော့ Bicycle Lizard လို့ ခေါ်ကြပါတယ်။ သူတို့ဟာ အလျားအားဖြင့် တစ်မီတာ လောက်ပဲ ကြီးထွားနိုင်ကြပါတယ်။

၂၀။ Narwhal

Narwhal ဆိုတဲ့ အဓိပ္ပါယ်ကို Dictionary ထဲမှာ ကြည့်မိတော့ အာတိတ်ဒေသ ဝေလငါးဖြူလို့ ဖွင့်ဆိုထားတာကို တွေ့ရပါတယ်။ Narwhal တွေဟာ တောင်လတ္တီကျူ့ ၇ဝ ဒီဂရီ N မှာ တွေ့ရတဲ့ ရှားရှားပါးပါး သတ္တဝါတွေပဲ ဖြစ်ကြပါတယ်။ သူတို့ဟာ ဧရာဝတီ လင်းပိုင်တွေနဲ့ ဆက်စပ်နေနိုင်ခြေ ရှိတယ်လို့ ဆိုထားပါတယ်။ Narwhal ဆိုတဲ့ အင်္ဂလိပ်စကားဟာ ဒက်ချ် စကားဖြစ်တဲ့ narwal က လာတာဖြစ်ပြီး narwal ဆိုတာကလည်း ဒိန်းမတ် ဘာသာစကား narhval ဆိုတဲ့စကားက လာတာဖြစ်ပါတယ်။ အဓိပ္ပါယ်ကတော့ အလောင်းကောင် လို့ ထွက်ပါတယ်။ သူတို့ရဲ့ အရောင်တွေကြောင့်ပဲ ဒီနာမည် ပေးထားတာ ဖြစ်ပါတယ်။ နောက်ထပ်လည်း သူတို့ကို Moon Whale လို့ ခေါ်ကြပါသေးတယ်။

၂၁။ Sucker-footed Bat

Suck ဆိုတာက စုပ်သည်လို့ အဓိပ္ပါယ်ရပါတယ်။ sucker-footed Bat ဆိုတော့ စုပ်တတ်တဲ့ ခြေထောက်တွေပါတဲ့ လင်းနို့ လို့ အကြမ်းဖျင်းအားဖြင့် မှတ်လို့ရပါတယ်။ ပုံမှာမြင်ရတဲ့အတိုင်းပါပဲ။ သူရဲ့ ခြေထောက်တွေနဲ့ နံရံကို တွယ်ကပ်နေပေမယ့် ကြောင်တွေလို လက်သည်း၊ ခြေသည်းတွေနဲ့ ကုပ်အားယူပြီး တွယ်ကပ်နေတာ မဟုတ်ပါဘူး။ သူ့ရဲ့ နာမည်အတိုင်း စုပ်ခွက်တွေလို တွယ်ကပ် ထားတာပဲ ဖြစ်မှာပါ။

၂၂။ Pygmy Marmoset

Pygmy Marmoset ဆိုတဲ့ မျောက်မျိုးတွေဟာ ဘရာဇီးလ် အနောက်ပိုင်း၊ ကိုလံဘီယာ အရှေ့တောင်ပိုင်း၊ အီကွေဒေါ အရှေ့ပိုင်းနဲ့ ပီရူး အရှေ့ပိုင်းက သစ်တောတွေထဲမှာ နေထိုင်လေ့ရှိကြပါတယ်။ သူတို့ဟာ မျောက်အငယ်စား မျိုးထဲက တစ်မျိုးဖြစ်ပြီး သူတို့ရဲ့ ခန္ဓာကိုယ်ဟာ (အမြီးမပါ) အလျားအားဖြင့် ၁၄ စင်တီမီတာ ကနေ ၁၆ စင်တီမီတာ ကြားမှာပဲ ရှိပါတယ်။ သူတို့ရဲ့ လက်သည်း၊ ခြေသည်းတွေဟာ သစ်ပင်တွေတက်ဖို့အတွက် အထူးပြုလုပ်ထားသလား အောက်မေ့ရပါတယ်။ Pygmy Marmoset တွေဟာ အစုံစား သတ္တဝါတွေဖြစ်ပြီး သစ်သီး၊ သစ်ရွက်၊ အင်းဆက် တွေကို စားကြပါတယ်။ သူတို့ရဲ့ လျင်မြန်တဲ့ ရွေ့လျားမှုနဲ့ အရွယ်အစား သေးငယ်ခြင်းကြောင့် တောရိုင်းတိရစ္ဆာန်တွေထဲမှာ သူတို့ကို စောင့်ကြည့် လေ့လာဖို့ ခက်ခဲစေပါတယ်။

၂၃။ Blobfish

Blob ဆိုတာ အရည်စက် လို့ အဓိပ္ပါယ်ရပါတယ်။ Blobfish ဆိုတော့ အရည်စက်နဲ့တူတဲ့ ငါးမျိုးပေါ့ဗျာ။ နောက်တစ်ခုက လူရဲ့ မျက်နှာနဲ့တူတဲ့ငါး၊ အကျည်းတန်တဲ့ ငါးမျိုးပါပဲ။ Blobfish တွေဟာ Australia နဲ့ Tasmania ပင်လယ် ကမ်းရိုးတန်းက ရေနက်ပိုင်းတွေမှာ နေထိုင်လေ့ရှိကြပါတယ်။ သူတို့ကို လူတွေအနေနဲ့ မြင်တွေ့ဖို့ရန် ခက်ခဲပါတယ်။

၂၄။ Platypus

Platpus တွေကို စတင်တွေ့ရှိတုန်းက သူတိုရဲ့ ဥဥနေတဲ့ အသွင်အပြင်ကြောင့် ပညာရှင်တွေ ခေါင်းရှုပ်ခဲ့ရပါတယ်။ သူတို့ဟာ Tasmania အပါအဝင် Australia အရှေ့ပိုင်းမှာ တွေ့ရလေ့ရှိတဲ့ ရေပျော် နို့တိုက် သတ္တဝါတွေပဲ ဖြစ်ပါတယ်။ ၂ဝ ရာစုနှစ် အစောပိုင်း မတိုင်ခင်က သူတို့ရဲ့ အမွှေးတွေကို ရှာဖွေ ရောင်းဝယ်မှုတွေ အလွန်ပဲ များပြားခဲ့ကြပါတယ်။ ဒါပေမယ့် အခုတော့ တားဆီးနိုင်ခဲ့ပါပြီ။

၂၅။ Shoebill

သူတို့ဟာ ငှက်ကျားတွေနဲ့ ဆက်စပ်မှုရှိနေတဲ့ ငှက်မျိုးစိတ်တွေဖြစ်ပြီး အလွန်ကြီးမားတဲ့ ငှက်မျိုးတွေ ဖြစ်ကြကာ Whalehead လို့လည်း ခေါ်ကြပါသေးတယ်။ Shoebill ဆိုတဲ့ အမည်ဟာ အလွန်တရာ ကြီးမားတဲ့ ရှုးဖိနပ်ပုံစံ နှုတ်သီး ဆိုတာက ဆင်းသက်လာတာ ဖြစ်ပါတယ်။ အင်္ဂလိပ်လိုတော့ massive shoe-shaped bill ပေါ့ဗျာ။ သူတို့ရဲ့ အမြင့်ဟာ ၄ ပေရှိပြီး၊ တောင်ပံတွေပါ ဖြန့်ပြီး တိုင်းမယ်ဆိုရင် ၇.ရ ပေလောက် ကျယ်ပါလိမ့်မယ်။ အရွယ်ရောက်ပြီး အကောင်တွေဟာ မီးခိုရောင်ရှိပြီး၊ ငယ်တဲ့ အကောင်တွေကတော့ အညိုရောင်ရှိပါတယ်။ Shoebill တွေဟာ အာဖရိက အရှေ့ပိုင်းက အပူပိုင်းဒေသတွေမှာ နေထိုင်လေ့ရှိပြီး ဆူဒန်ကနေ ဇမ်ဘီယာအထိ ရှိတဲ့ ကြီးမားတဲ့ ရွှံ့ဗွက်ထဲမှာလည်း နေထိုင်လေ့ရှိကြပါတယ်။ The God must be Crazy ဇာတ်ကားထဲက ငှက်ကြီးတွေဟာ Shoebill တွေများ ဖြစ်နေမလားပဲ။

၂၆။ Yeti Crab

Yeti ဆိုတာက နှင်းလူ၊ Crab ဆိုတာ ပုဇွန်လုံး ဒီတော့ Yeti Crab ဆိုတာ နှင်းလူနဲ့တူတဲ့ ပုဇွန်လုံး ဒါမှမဟုတ် ဂဏန်းလို့ အဓိပ္ပါယ် ရမှာပေါ့။ သူတို့ကို ကြည့်ရတာလည်း ဖြူဖြူ အမွေးတွေနဲ့မို့ ဒီနာမည် ပေးထားတာ ဖြစ်ပါလိမ့်မယ်။ Teti Crab တွေကို ၂၀၀၅ ခုနှစ်က တောင်ပစိဖိတ် သမုဒ္ဒရာထဲမှာ တွေ့ရှိခဲ့ရခြင်း ဖြစ်ပါတယ်။

(၂၅) မျိုး ဆိုပေမယ့် မူရင်း source မှာ ရေးထားတဲ့အတိုင်း ၂၆ မျိုးလုံးကိုပဲ ရေးထားပါတယ်။ name.com ဆိုတဲ့ နေရာကနေ ကျွန်တော် တတ်သလောက်၊ မှတ်သလောက် ဘာသာပြန်ပြီး ဗဟုသုတအလို့ငှာ ဝေငှရခြင်း ဖြစ်ပါတယ်။ တကယ်လို့များ အမှားအယွင်းရှိတဲ့ရင် ထောက်ပြပေးစေချင်ပါတယ် ခင်ဗျာ။

Source : http://divaboo.info/

ကြိုးစားလျှက်,
အံစာတုံး

7 comments

  • water-melon

    January 28, 2012 at 2:49 pm

    မြန်မာပြည်မှာရှိလို့ကတော့ တစ်ပတ်တောင်မခံလောက်ဘူး
    တရုတ်ရောင်းစားတာနဲ့ကုန်မှာ
    ကျေးဇူး ကိုအံ

  • စိန်ပေါက်ပေါက်

    January 28, 2012 at 4:16 pm

    ၂၅ က ရှူးပေ Shoebill ဆိုတဲ့အကောင်က ဘာလဲဗျ
    ဒီမှာ လူပေါင်းစုံဖတ်နေတာကို မခန် ့လေး မခန် ့စားနဲ ့ မျက်ခွက်ကိုက ဟိုလူ ့အတိုင်းပဲ
    ပြောင်စပ်စပ်နဲ ့..
    ငရဲကြီးမှာ မြင်ယောင်သေးတယ်
    ဟွန်း..

  • ရွာသူချော မိုးဇက် ပုံ မမြင်ဘူးရင်
    ၁၈ မှာ ရှိပါတယ် …
    (ကလေးမ ချစ်လို့ စတာ စိတ်မဆိုးနဲ့ … စိတ်ဆိုးရင် သဂျီးတူမကို ယူပစ်လိုက်မှာ ဘာမှတ်လဲ) ….. 😛

    • Moe Z

      January 29, 2012 at 11:35 am

      သူ့ဟာသူ ကိုစိန်မျောက်မျောက်ကိုကြောက်တာ မဆီမဆိုင် 🙁
      နှစ်ယောက်သားလေးခွပစ်ပြိုင်ပြီး နိုင်တဲ့သူသဂျီးတူမယူတဲ့
      သဂျီးကပြောခိုင်းတာ ..

  • windtalker

    January 28, 2012 at 9:48 pm

    ပုတ်သင်ညို က အဖော်လိုချင်လို ့ခေါင်းငြိတ်ပြနေတာများလား ။

  • koyinmaung

    January 29, 2012 at 10:02 am

    ရှားရှားပါပါတိရစာ္ဆန်တွေပါလား
    ကျေးဇူးဘဲအံစာတုန်းရေ…..
    အားပေးနေပါတယ်…..

  • Wai Phyoe

    January 29, 2012 at 10:23 am

    အံစာတုန်းရေ လုပ်ပါအုံးအားပေးနေပါတယ်။ ပုံလေးတွေကြည့်လိုလဲကောင်းပါတယ်။

Leave a Reply