alinsettNovember 25, 20111min43415
ချစ်ခြင်းတိုင်း..အပြစ်မကင်းနိုင်ကြောင်း….သိပါသည်။ သို ့သော် ကျွန်တော်..သူမကို ချစ်သော အချစ်ကတော့… ရာနှုန်းပြည့် သန့်စင်ကြောင်း.. အာမ ခံပါသည်။ သူမကို ကျွန်တော်..စ ချစ်ကတည်းက ဘုရားရှေးမှာ ဒူးထောက် ခွင့်တောင်းပြီးမှ…ချစ်ခဲ ့သည်။ ကျွန်တော့်ကို ကျွန်တော်..ပြန်ချုပ်ကိုင်သော ကတိ အထပ်ထပ်တို ့ဖြင့် တင်းတင်းရစ်ပတ်ပြီးမှ ချစ်ခဲ့သည်။ ကျွန်တော့်လက်ထက်တွင် အချစ်သည် မိမိ ကို မိမိ ပြန်အုပ်တတ်သော.. ပိုက်ကွန်တစ်လက်… ကျွန်တော့်လက်ထက်တွင် အချစ်သည်….မိမိ ကို မိမိ ပြန် ချုပ်နှောင်တတ်သော..ကြိုးတစ်ချောင်း… ထို ့ထက် တစ်ဆင့်တက် ပြောရလျှင်… အချစ်သည်..ကျွန်တော့်ကိုယ် ကျွန်တော် ပြန် တိုက်ထားသော..ကျိန်စာ တစ်ပိုဒ် ဖြစ်ပါသည်။ **************************************************** *************************************** ကျောက်သား ရုပ်တု များ ဒူးထောက်ကျ..သွားစေလောက်အောင် လှပသော သူမ၏ […]


alinsettNovember 17, 20111min36911
ထူးထူးဆန်းဆန်း တင်ပြတတ်သော အနုပညာ ဖန်တီးမှုများကို စိတ်ဝင်စားတဲ ့ ကျွန်တော်…… ထူးဆန်းသော ၊ ထူးခြားသော..စာ တစ်ပိုဒ်ကို တွေ့လိုက်ရပါသည်။ တာရာမင်းဝေ၏ ဝတ္ထုတို တစ်ပုဒ်ထဲမှ စာသားများ ဖြစ်သည်။ “” ကျွန်တော်နှင့် အသံ ခုနှစ်ထပ်..””ဆိုသော ဝတ္ထုတို ဖြစ်သည်။ မျဉ်းဖြောင့်၏ဧရိယာ ဆိုသော ဝတ္ထုတို စု စာအုပ် ၊ စာမျက်နှာ…57 မှာ တွေ ့နိုင်ပါသည်။ အဲသည်..စာပိုဒ်ကလေးကို ကျွန်တော်တို ့ အတူ ခံစားကြည့်ရအောင်..။။ _________________________________________________________________ “” ဒေါက် …ဒေါက်..”” ကျွန်တော်က တံခါးကို ခေါက်လိုက်တော့ ဆာဝေါလ်တာစကော့ က အထဲ.က ပြန်အော်တယ် ။ “” တံခါး…တပ်မထားဘူး…..”‘ ကျွန်တော် ဝင်သွားတော့ သူ […]


alinsettNovember 12, 20111min21213
ကဗျာ မဟုတ်ပါ ။ စာ မဟုတ်ပါ ။ ကြယ်တစ်စင်း မဟုတ် သလို…အလင်းတန်းတစ်ခုလည်း..မဟုတ်ပါ။ ကောင်းကင် မဟုတ်သလို…မြောပြင်လည်း မဟုတ်ပါ ။ ဘာဆို ဘာမျှ မဟုတ်ပါ။ သို ့သော်…အပြာရောင် တိတ်ဆိတ်ခြင်းက ကျွန်တော့်ကို ကြောက်လန် ့စေခဲ့ပြီ။ စိတ်၏ ရူးသွပ်မှုကို နှလုံးသားက အကောင်အထည် ဖော်လိုက်သောအခါ..ကျွန်တော် လှေကါးထစ်များကို ချစ်တတ်လာပါသည်။ လှေကါးများသည် အမြင့်သို ့ တတ်သည် ချည်းပဲ..လား အောက်သို ့ ဆင်းသည် ချည်းပဲလား..။ ဒါမှမဟုတ် တစ်နေရာရာမှ စတင်ပြီး အခြား (မမြင်နိုင်သော ) တစ်နေရာရာမှာ အဆုံးသတ် (ပျောက်ကွယ် )သွားတတ်ပါသလား .။ မရေရာပါ။ မှန်ပါသည် ။ လုံးဝ မရေရာပါ ။ […]


alinsettNovember 2, 20111min27018
ကျွန်တော်…စာရေးချင်စိတ်..ဖြစ်လာချိန်တွင် ရေးဖြစ်အောင်..တွန်းအားပေးခဲ့သူများ..ထဲတွင် ကျွန်တော့် ဖေဖေက အဓိကနေရာမှ ပါဝင်ပါသည်။ ပထမဆုံး ကျွန်တော်..ရေး ပို ့ ခဲ့သော..ဝတ္ထုတိုကလေးမျာ အပယ်ခံရပါသည်။ ရွှေအမြုတေ မဂ္ဂဇင်း တိုက်သို ့ ပေးပို ့ ခဲ့ခြင်းဖြစ်သည်။ ကလောင် အမည်ကို သူငယ်ချင်း ဟု ရွေးခဲ့ပါသည်။ နောက်ပိုင်းတွင် လူမင်နရီ ဟူသော အမည်ဖြင့် ကဗျာ များ…(အခြား မဂ္ဂဇင်းများသို ့) ပို ့ခဲ့ပါသည်။ Luminary ဆိုသော စာလုံးကလေးကို သဘောကျသောကြောင့် ထို အမည်ဖြင့် ကဗျာရေးခဲ့ပါသည်။ ******************************************** ရွှေအမြုတေ မဂ္ဂဇင်းမှ အယ်ဒီတာ ဆရာဦးဝင်းငြိမ်းက သူငယ်ချင်းဆိုသော ကလောင်အမည်ကို မသုံးသင့်ကြောင်း ပြောပါသည်။ အများပိုင် စကားလုံးတစ်ခု ဖြစ်နေသောကြောင့်…ဟု အကြံပေးခဲ့ပါသည်။ ထို […]


alinsettOctober 28, 20111min45116
( ၁ ) တစ်ခါတုန်းက ကျွန်တော့်မှာ ချစ်သူတစ်ယောက် ရှိခဲ့ဖုူးပါသည်။ ________________________ (၂ ) သူမ၏ အမည်မှာ စာသုုံ့းလုံးရှိပြီး..အင်္ဂ ါ နံ ဖြင့် စပါသည်။ သူမသည် ကျွန်တော့်ကို မရှိမဖြစ် လိုအပ်သည်…ဟု ဆိုပါသည်။ (သို ့သော် ကျွန်တော်က အဲဒီ တုန်းက မယုံကြည်ခဲ့ပါ။) သူမ နှင့် ပက်သက်လျှင် ကျွန်တော်..မေ့မရ နိုင်သော အရာများ..များ..စွာ ရှိပါသည်။ သူမ၏ နဖူးကလေးကို မြတ်နိုးစွာဖြင့်.. ကျွန်တော် နမ်းရှိုက်လိုက်တိုင်း.. မျက်လွှာကလေးချ..ငြိမ်သက်စွာ… ပြိးတော့ သိမ်မွေ့ ့ လှပစွာ…ပြုံးနေပုံလေး… ကျွန်တော့် အနမ်း ပြိးဆုံးချိန်တိုင်း…ကျွန်တော့်ကို ချုပ်ကိုင် သိမ်းပိုက် နိုင်စွမ်းသော မျက်စောင်း လှလှ ကလေး….။ ကျွန်တော် […]


alinsettOctober 25, 20111min42714
ကျွန်တော် ရေးတဲ ့ စာတွေကို မြင့်တယ်..လို ့ ကိုကြောင်ကြီးက မှတ်ချက်ချဖူးပါတယ် ။ ကိုပေ..ကလည်း တဖြည်းဖြည်း မြင့်တတ်လာတယ်..တဲ့။ ဘယ်လို…ဘာက မြင့်တာမှန်း သေချာ မသိလို ့ ကျွန်တော်မှာ..ဝမ်းသာရခက် ဝမ်းနည်းရ ခက် ဖြစ်နေရပါသေးတယ်။ ထားပါတော့လေ..။ ကျွန်တော်ကတော့ ရေးတတ်သလို ချရေးလိုက်တာပါပဲ။ မြင့်တယ် ဆိုတာက နားလည်ရ ခက်ခြင့်း နဲ ့တွဲနေပါတယ်။ နားလည်ရခက်တဲ ့ စာတွေကို ရေးနေမိတာဟာ.. ကျွန်တော်ကိုယ်တိုင်က Modern / Post Modern သီအိုရီတွေ. သဘောတရားတွေနဲ့ ဖက်တွယ် ကြိးပြင်းလာရလို ့များ လား……? မသေချာပါဘူး။ သေချာတာ တစ် ခုကတော့.. ကျွန်တော်က စကားပြေရေးသားခြင်း အတတ်မှာ..ညံ့ပါတယ်။ ကျွန်တော် ညံ့ကြောင်းကိုလည်း… […]


alinsettOctober 21, 20111min2255
ဘယ်သူက မှ ပျော်ရွှင်စေရမယ်လို ့ အာမခံ မထားပေမယ့်… ဘဝ မှာ အပျော်ကလေး…တစ်ချက်တော့ ရချင်မိသည်။ ချစ်သူဆိုတာနဲ ့ ဆုံခဲ ့ရတုန်းကလည်း….ချစ်သူ၏ အပြုံးလှလှကလေးများကို မက်မော တွယ်တာ ခဲ့ဖူးပါသည်။ ထို အပြုံး နုနုကလေးများကြောင့် ကျွန်တော့် ဘဝ ကြီးဟာ သိပ် အဓိပါယ်ရှိတာပဲ..ဟု မှတ်ထင်ခဲ့ဖူးသည်။ ချစ်သောသူ၏ အပြုံး တစ်ချက်ကြောင့် ကျွန်တော့် (လဲကျ..ပြိုကွဲ လုလု ) ခပ်နိမ့်နိမ့် ဘဝ တစ်ခုလုံးကို ပြန်တည်ဆောက်ခဲ့သည်။ သို ့သော် …..ကျွန်တော် ရေးခဲ့ဖူးသော ကဗျာ..စာသား ထဲကလိုပင်..ကံကြမ္မာက ဓါး ထမ်းပြီး လာခဲ့ပြီ…။ ဘဝသည် အပြီးအစီး ရေးထားပြီးသော စာအုပ်တစ်အုပ်..တဲ့ ။ ဒါပေမယ့် တစ်နေ ့ကို […]


alinsettOctober 12, 20111min32310
ရေးသော စာ နှင့် ထို စာကိုရေးသူ တစ်ထပ်တည်း ကျရမည်…ဆိုသော လေသံများ… တွေ ့လာရသောကြောင့် ယခု ဆောင်းပါ့းကို ရေးပါသည်။ ********** ကျွန်တော် စာတွေ..ရေးပါသည်။ စာ…ဘာကြောင့် ရေး သလဲ ဟု ကျွန်တော့်ကို မေးလာလျှင်…. တွေးမိသော အတွေး ကို ချ မရေးပဲ…မနေနိုင်လို ့ ဟု ဖြေရပါမည်။ **************************************** တွေးမိသော အတွေးသည် ဖျက်ခနဲ..ပေါ်လာသော အတွေးစ များ ဖြစ်ဖြစ်သည်။ တချို ့အတွေးများ သည် ကျွန်တော် ကိုယ်တိုင် လက်ခံ ကျင့်သုံးသော အယူ အဆ များ ဖြစ်သည် ။ တချို ့ကတော့ တခြားသူ တစ်ယောက်ယောက်၏ ခံစားချက် အယူအဆ […]


alinsettOctober 9, 20111min21010
လင်း…ရဲ ့ ထိန်းချုပ်နိုူင်စွမ်းရှိမှုဟာ… ကျွန်မရဲ ့ မျှော်လင့်ချက်တွေကို အစိတ်စိတ် အမွှာမွှာ..ခွဲ ချေ လိုက်သလို ပါပဲ..။ လင်း…ဘယ်လို ခံစားနေရမယ်ဆိုတာ ..ကျွန်မ မတွေးတတ်ဘူး။ ဒါပေမယ့် လင်းကို ကျွန်မ နားမလည်ဘူး။ သေချာတာ တစ်ခုကတော့..လင်း..ကျွန်မကို မလိုအပ်ခဲ ့ဘူး..။။ ******************************* ချစ်သူရေ… ဒီတောအုပ်ကလေးမှာ အလင်းတွေ ရပ်တန် ့သွားင်္ပြီ ။ မင်းပြောခဲ ့သလို မင်းကို ကိုယ်မလိုအပ်ဘူး လို ့ပဲ..ထားလိုက်ပါတော့ကွယ်…။ ကိုယ် ့ရဲ ့ ထိန်းချုပ်နိုူင်စွမ်းရှိမှုက မင်းရဲ ့မျှော်လင့်ချက်တွေကို ဖျက်ဆီး ပစ်ခဲ ့တယ်လား…။ မင်းလေးရဲ ့ဘဝ မှာက မျှော်လင့်ချက်တွေပဲ..ပျက်သွားတာပါ။ ကိုယ်ကတော့…နှလုံးသားရဲ ့လောင်ကျွမ်းနေတဲ ့မီး..အပူကြောင့် ဘဝတစ်ခုလုံး..ပြာ ကျ သွားရတာပါ..။ […]


alinsettOctober 5, 20111min1692
** အလင်းတွေ အကြောင်း..ရေးထားတဲ ့… စာတစ်ရွက်…ကျ ပျောက်သွား….. ** တစ်ချိန်တုန်းကတော့… အိပ်မက်ကို သေအောင် သတ်ပြခဲ ့သူမို ့ လမင်း ကို ပန်ဆင်ခဲ ့ဖူးတယ်။ ** အမှန်တရား အကြောင်း…နည်းနည်းသိချင်လာလို ့ လှေကါး ယောင်ဆောင်ပြီး… အနင်း…ခံခဲ ့ပါရဲ ့။ ** ကွယ်…….အခုတော့… … … … စာမျက်နှာတွေ များလာတာက လွဲရင်… ကျပျောက်တဲ ့ အလင်းတွေ များလာတာက လွဲရင်… အ်ိပ်မက်တွေ သေဆုံးမှု များလာတာက လွဲရင်… လမင်းကို မပန်ဆင်ရတော့တာက လွဲရင်… .. အနင်းခံရတာတွေ များလာတာက လွဲရင်….. ပြီးတော့..လွဲရင်….လွဲရင်….. ** မနေ ့က အပြာရောင် […]


alinsettOctober 2, 20111min1663
အခန်း ( ၁ ) ငါ ဘာမှ မသိဘူး ဆိုတဲ့ အတွေးအခေါ်ကို ပိုင်ဆိုင်နိုင်ဖို ့ သိထားတာတွေ အားလုံးကို စွှန့်လွတ်လိုက်ရမှာလား…. ဒါမှမဟုတ် သိတာ ထက် ပိုသိအောင် လုပ်ယူနေရမှာလား……။ ရှည်လျားနေတဲ ့ညတွေကို တစ်ပိုင်းစီ ပိုင်းချလိုက်ပြီး.. ဒိုင်ယာရီ ထဲ မှာ ခေါက်သိမ်းထားလိုက်ချင်ရဲ ့။ ဘာမှ မဟုတ်ခဲ ့ သလို ဖြစ်ရပ်တွေ အတွက် ဘဝကို လှလှပပ ချ အနင်းခံလိုက်ရတာ…..၊ တောက်…. မတရားလိုက်တာကွယ်…………။ *************************************** အခန်း (၂ ) မီးခိုးတလူလူ…. ညှော်နံ့တွေ တထောင်းထောင်း ..ထ နေတဲ ့ ဘယ်ဘက် ရင်အုံထဲမှာ…..ကိုယ် ့နှလုံးသားက သူ ့ကိုယ်သူ […]


alinsettSeptember 30, 20111min2372
ကောင်းကင်ပြင်တစ်ခွင်မှာ..ကြယ်တွေ အဆုပ်လိုက်..ဖွေး…ခနဲ..ကြွေ ကျသွားသည်။ ကျွန်တော် ့ရင်ခွင်သည် ဗလာကျင်း…လျက်…….။ မှတ်မိနေသော အလွမ်း ကဗျာရှည်တစ်ပုဒ်ကို တီးတိုးရွတ်ဆိုနေမိ၏ .။ ကျွန်တော် ချစ်သော ကဗျာများသည် ကာရန်မဲ ့လျက်ရှိသည်။ ကျွန်တော့်ဘဝသည်လည်း..ထို ့အတူ..မညီမညာ ကာရန် ခပ်တုုံးတုံး..။ နွေည သည် ကျွန်တော့်ကို ထပ်ခါ ထပ်ခါ လောင်ကျွမ်းစေခဲ ့ပြီ။ ဘယ်တော့မှ ကျက်မသွားတော့မည် ့ ဒဏ်ရာတစ်ခုကို ဘယ်ဘက်ရင် အုံအနားမှာ..ဖိ ကပ်ရင်း….. စိုင်းထီးဆိုင်၏ မေမြို ့မိုး ဆိုသော သီချင်းကလေးကိုလည်း ဆိုညည်း ချင်ပါသည်။။ *** ဒီလို အချိန်မှာ……လူမြင်မခံ..တဲ ့ မျက်ရည်တွေ…… တိတ်တခ်ိုးလေး..ကျနေ..။ရင်နာတာကို…မနာသလိုနေပြ…..တဲ ့ ကြားက.. ဘာမှ……မတတ်နိုင်..ဘူး …။ ယောကျာ်းလည်း အသည်းနဲ ့.. ယောကျာ်း..လည်း […]


alinsettSeptember 25, 20111min1653
ကျွန်တော်သည် ကဗျာများကို အလွန်ချစ်ပါသည်။ ဆရာကြီး ဇော်ဂျီ ၊ မင်းသုဝဏ် ၊ တာရာမင်းဝေ…..စသည် ့ကဗျာဆရာများ ၏ ကဗျာများကို ဖတ်ရှုခံစားပြီးတိုင်း… ကဗျာရေးချင်စိတ် ပေါ်လာတတ်ပါသည်။ သို ့သော် တပြိုုင်တည်းမှာပင် ကဗျာရေးရမှာ ကြောက်သောစိတ် လည်း ဖြစ်မ်ိတတ်ပါသည်။ ***************************************************************** ကျွန်တော် ရေးသော ကဗျာများနှင့် ဆရာ ့ ဆရာကြီးများရေးသော ကဗျာများကို ယှဉ် ဖတ်မိတိုင်း ရှက်ရွံ ့အားငယ်မိပါသည်။ ကိုယ် ့လက်ကိုပင် ကိုယ်တိုင် ခုတ်ဖြတ်ပစ်ချင်စိတ်ပေါက်မိပါသည်။ ကျွန်တော်သည် ကဗျာရေးခြင်းတွင် အလွန် ့ အလွန် (အလွန် )ညံ ့ ပါသည်။ သို ့သော်…မရေးပဲလည်း မနေနိုင်ပါ။ ********************************************************************************************************************* ကျွန်တော်က သမားရိုးကျ (အစဉ်အလာ) ကဗျာများထက် […]