– – +++++++++++++++++++++++++++++++++++   ကမ္ဘာမှာ နေသာတဲ့ တစ်နေ့ … “သူမ” ကို စတင် တွေ့ခဲ့ရသည် … မြင်မြင်ချင်း ချစ်ခဲ့မိပါသည် ……….။   ရင်ထဲမှာ မိုးချိန်းသံတွေ ကြားရတဲ့အချိန်က စည်းချက် မညီတဲ့ နှလုံးသားနဲ့ သူမ ထံ ချစ်သဝဏ်လွှာ ပါးခဲ့သည် ……။   လေနုအေးလေး တိုက်ခတ်တဲ့ နေ့က သူမနဲ့ တွေ့ခွင့်ရခဲ့သည် …. ဇွန်းတပ်ပြီး ပျော်ခဲ့သည် ……။   ရင်ထဲမှာ ကုလားဘုရား လှည့်တဲ့နေ့က သူမ ထံ ဟန်ပန်မပါတဲ့ စကားနဲ့ တုံးတိတိ ချစ်ရေးဆိုခဲ့ …. “ချစ်လို့” ……. တဲ့ ……။   ဒီလိုနဲ့ […]


– – +++++++++++++++++++++++++++++++   “သင်က ဒါကို ပြဿနာ လို့ သဘောမထားသရွှေ့၊ ဒီအရာဟာ သင့်အတွက် ပြဿနာ မဟုတ်ပါဘူး” ….. တဲ့ ….။   ကျနော်တို့ ဘဝ တစ်ခုကို ဖြတ်သန်းကြတဲ့ အခါမှာ ပြဿနာပေါင်း သောင်းခြောက်ထောင်နဲ့ တွေ့ကြုံရတတ်ပါတယ်။ မတွေ့ကြုံဖူးသူဆို အတော့်အတော်ကြီးကို ရှားပါးပါလိမ့်မယ်။ ကျနော့်အထင် ပုဆိုး၊ ထမိန် ကို ခေါင်းမြီးခြုံပြီး အိပ်နေတဲ့ လူတွေပဲ ပြဿနာကို တွေ့ဖူးတာ နည်းကြမယ် ထင်ပါရဲ့။ ဒါလေးတောင် ရှိသေးတယ် ….။ ဘာတဲ့ …။ “အသက် တစ်ရာ မနေရ၊ အမှု တစ်ရာ ပွေရ” …… တဲ့ ….။ ဒီတော့ကာ … […]


– – ++++++++++++++++++++++++++++++++++++ မထင်မှတ်ပါပဲ ချစ်ခဲ့ဖူးသည် ဖွင့်ဟလို့ ဝန်ခံခဲ့ဖူးပါသည် ဇွတ်တရွက်လည်း တိုးဝင်ခဲ့ဖူးသည် အရာရာ လျစ်လျူရှု အချစ် ဆိုတာ တစ်ခုတွက်နဲ့ ဆက်ချစ်လို့ နေခဲ့ဖူးပါသည် ပျော်ခဲ့ဖူးသည် ငိုခဲ့ဖူးသည် ရင်တထိတ်ထိတ်နဲ့ သူမရဲ့ အရိပ်တွေ ကြည့်လို့သာ နေခဲ့ဖူးလေသည် အိပ်ပျက်ညတွေ များခဲ့သည် အိပ်မက် လှလှတွေလည်း မက်ခဲ့ဖူးသည် အိပ်မက်ဆိုး လန့်လို့လည်း နိုးခဲ့ဖူးပါသည် ကာဆီးတတ်တဲ့ လက်ကိုကြောက်လို့ သက်ပြင်းတွေနဲ့ ဖျောက်ခဲ့ရဖူးပါသည် တိတ်တခိုးနဲ့ မျှော်လင့်ခဲ့ဖူးသည် တစ်စုံတစ်ရာ စိုးထိတ်လို့ {{တစ်ကိုယ်တည်း}} တိုးတိုးလေးကြိတ်လို့သာ ပြောနေခဲ့ဖူးလေသည် “………” တကယ်ဆို ချစ်လို့ ရူးခဲ့မိပါသည် ……။ ++++++++++++++++++++++++++++++++++++ ဘာရယ် မဟုတ်ပါဘူး …။ ဘော်ဘော် တစ်ယောက်က သူ့ဖီလ်လင်တွေကို ကဗျာစပ်ပေးပါ […]


– – ++++++++++++++++++++++++++++++ တစ်နေ့သ၌ ကျွန်ုပ်သည် ရန်ကုန်မြို့ စာအုပ် အဟောင်းဆိုင် တစ်ဆိုင်မှ ဝယ်ယူလာခဲ့သော စာအုပ်ထူကြီး တစ်အုပ်အား ဦးမိုးညို ကုန်စုံဆိုင်မှ ဝယ်ယူထားသည့် “ဂျိုးသိန်း” ဆေးပေါ့လိပ်ဟူသည့် အမြည်းနှင့် ဇိမ်ပြေနပြေ ဖတ်ရှုလျှက် ရှိနေပေသည်။ အဆိုပါ စာအုပ်ထူကြီးမှာ သားရေဖုံးဖြင့် သေချာစွာ အကျအန ထုပ်ပိုးထားသည်ကို ထောက်ရှုသဖြင့် စာအုပ်ပိုင်ရှင်မှာ လွန်စွာမှ သေသပ်စွာ နေတတ်သူ တစ်ဦး၏ စာအုပ်ဖြစ်ကြောင်းကို ငြင်းဖွယ် မရှိပါပေ။ စာအုပ်ကြီး၏ ပထမဆုံး စာမျက်နှာတွင် “မောင်ဘဖြူ၏ မှတ်တမ်း” ဟူသော စာလုံးကြီးကို ရေးထိုးထားလေသည်။ အတွင်း စာမျက်နှာ များတွင်မူ လွန်စွာ ထိတ်လန့်ဖွယ်ရာ ကောင်းသော၊ လွန်စွာ အံ့ဩဖွယ်ရာ ကောင်းသော၊ လွန်စွာ ဆန်းကြယ်သော […]


– – ++++++++++++++++++++++++++++++++++   ဟင်းးးးး သက်ပြင်းတွေ ချနေမိတော့တယ် … လူကလည်း ရူးသလိုလိုပဲ … ” ငါ ဘာလုပ်ရမလဲ ??? “ အတွေးများနဲ့ ချာချာ လည်နေဆဲ …….။   အတင်းးးး ငါ့ အတင်း ဘယ်သူတွေများ ပြောနေကြမလဲ??? ပြောချင်တာ ပြောကြစေကွယ် ငါ မမှုရင် ပြီးတာပါပဲ … ဒါပေမယ့်လို့လည်း … တစ်ခါတစ်ခါမယ် … ကိုယ့်ကိုယ်ကိုပဲ အတင်းတုပ်မိတယ် .. ” အတော် ကြောင်တောင်တောင် နိုင်တဲ့ကောင်ပဲ “   ဟူးးးး တားတယ် .. မရဘူးးးး ထပ်တားတယ် … မရဘူးးးး ထပ်တားပြန်တယ် … မရပြန်ပါဘူးရယ် […]


+++++++++++++++++++++++++++++++++++++++++++++++++ ဟုန်းခနဲ တောက်လောင်ပြီး ဝုန်းခနဲ ငြိမ်းသွားတတ်တဲ့ မီးတစ်စကို …. ဆက်ကာ ဆက်ကာ ရှင်သန် တောက်လောင်စေအောင် လောင်စာတွေ ထည့်ပေးနေကြသလိုပေါ့ ….။ ကျုပ် ကဲ့သို့သော ဒီလို ကောက်ရိုးမီးလို လူစားမျိုးဟာလည်း အထက်ကလို အားပေးတတ်ကြတဲ့ လူအများရှိနေတတ်တဲ့ ဟောဒီ မန်းဂဇက်ဆိုတဲ့ အွန်လိုင်း ရွာကြီးထဲမှာ ကာလအားဖြင့် ကြာရှည်စွာ နေတတ်လာခဲ့တယ် ….။ ဒီအတွက် မန်းဂဇက် ရွာသူား အားလုံးကို ကျေးဇူးအထူး တင်မိပါတယ် ….။ အစ ပထမကတော့ဖြင့် ညီငယ် တစ်ယောက်ရဲ့ အတင်း နားပူနားဆာ လုပ်မှုကြောင့်ပဲ ဟောဒီ နေရာကို ခဏတစ်ဖြုတ်တာ ဝင်ရောက်တတ်ခဲ့ပါရဲ့ ….။ နောက်များအခါ ဘော်ဒါ ပေါက်ဖော်ရဲ့ ဆွဲခေါ်မှုနဲ့ ရွာထဲ အခြေချလာခဲ့ […]


– – +++++++++++++++++++++++++++++++   +++++++++++++++++++++++++++++++     +++++++++++++++++++++++++++++++     +++++++++++++++++++++++++++++++     +++++++++++++++++++++++++++++++     +++++++++++++++++++++++++++++++ ဘာမှ မဟုတ်ဘူးဗျာ …။ ပျင်းလို့ လျှောက်တင်လိုက်တာ …။ မကျေနပ်လည်း အသေသာ သတ်သွားကြတော့ …။ ဒါဘာဗျဲ .. ငွင်းး ငွင်းး ……..။ +++++++++++++++++++++++++++++++


– – +++++++++++++++++++++++++++++++++   မြင်ကွင်း (၁)   “ဒို့အရေး” ကို အားကြိုးမာန်တက် အော်ဟစ်လိုက်သလိုမျိုးပေါ့ …….။   “ကျွတ် ဆို ကျွတ် ….. သီတင်းကျွတ်” “ကျွတ် ဆို ကျွတ် ….. သီတင်းကျွတ်”   — ဆိုပြီး လက်သီး လက်မောင်းတွေ ဆန့်တန်းလို့ အော်ဟစ်နေတဲ့ လူတစ်ယောက် …..။ သူ ….. ယောက်ျားတစ်ယောက် မဟုတ်ပါဘူး …..။ သူ ….. ရုပ်ရည်လေး သနားကမားနဲ့ (၂၀) ကျော်အရွယ် မိန်းကလေး တစ်ယောက်ရယ်ပါ …..။   သူမရဲ့ အော်ဟစ်သံတွေမှာ ရင်ခေါင်းသံတွေ ပါနေသလိုပဲ ….။ စူးရှတယ် …၊ ကျယ်လောင်တယ် […]


– – ++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++ အရင်တုန်းက တစ်ပုဒ် ရေးခဲ့ဖူးပါသေးတယ် …. ဖတ်ချင်သပ ဆိုရင်ဖြင့် အောက်မှာ နှိပ်ဖွင့်ပြီးသာ ဖတ်ကြဗျာ …..။ ကျုပ်အကြောင်း (နည်းနည်း) ++++++++++++++++++++++++++++++++++++++++   ငယ်ငယ်တည်းက စ .. အဆူခံ ခဲ့ရတယ် …. “….. စုတ်စုတ်ပြတ်ပြတ် မနေစမ်းနဲ့ သပ်သပ်ရပ်ရပ် နေစမ်း …..” …… တဲ့ ……..။   ဒီလိုတွေ ပြောနေပေမယ့်လည်း သောင်ပြင်မှာ အရုပ်ရေးသလိုပါပဲ … ခဏတာပဲ နေတတ်ခဲ့ … ရော် …. ခက်ပါဘိရဲ့ ငါမှ အဲ့ဒီလို မနေတတ်ဘဲနဲ့ … ငါ့ ပုံစံကြည့် ကြိုက်သူလည်း မရှိခဲ့ တကယ်ဆို .. […]


– – +++++++++++++++++++++++++++++++   လက်ချိုးရေတွက်စရာ နေ့ရက်တွေလည်း မရှိ … မင်းလေးနဲ့ဝေးနေတာ ဘယ်လောက်ကြာပြီမသိ ………..။ ရိသဲ့သဲ့ ပြောခဲ့တဲ့ ငါ့အတွက် မင်း မရက်စက်ပါနဲ့ … သိရဲ့နဲ့ဖောခဲ့တဲ့ မင်းစကားတွေလည်း ဟက်ထိပါတယ် …. ရက်ဆက်တာက ပြက္ခဒိန် ဆက်လိမ်နေလည်း မထူးတော့ ခပ်ရေးရေးလေးတော့ မျှော်လင့်ချက်ပေး ………..။ အီးပေါက်ချင်တယ်… ဒါမယ့် .. အီးပေါက်ရုံနဲ့ ခေါင်းကိုက်တာမပျောက် … ပေါက်ကရတွေ လျှောက်စားနေလည်း .. အောက်ကလေတွေ ဖောက်ချလိုက်တာ မနည်း (( ဘူးဘွမ်ဘွမ် )) ……………..။ အချစ်အတွက်ဆို အားလုံးနဲ့ စစ်ခင်းမယ်ဆိုတဲ့ ငါ့စိတ်တွေလည်း အခါခါ ကျရှုံးခဲ့ … ပေးထားတဲ့မျှော်လင့်ချက် နောင်မှာရက်စက်ဘို့အတွက် ကြိုတင်ကာ ချည်နှောင်တဲ့ […]


– – +++++++++++++++++++++++++++++++++++++++ ” ဒီကလာ ဟိုကိုသွား “ +++++++++++++++++++++++++++++++++++++++   ကျနော် နားလည်သလို ပြောကြည့်ပါမယ် …..။   +++++++++++++++++++++++++++++++++++++++   ကျနော် ပြောမှာကတော့ မိမိရဲ့ Gmail ထဲ ဝင်လာသမျှ Mail တွေကို သက်ဆိုင်ရာ ကဏ္ဍအလိုက် သူ့ဟာနဲ့သူ သိမ်းဆည်းထားနိုင်ပုံလေးပါပဲ …..။ သိပြီးသား သူများအတွက် မရည်ရွယ်ပါဘူးနော့ ….။ မသိသေးသူများ အတွက်ရယ်ပါ …..။   +++++++++++++++++++++++++++++++++++++++   တောင်းကြီး သုံးလုံး ချထားတယ် …..။ ပြီးတော့ သစ်သီး သုံးမျိုးရှိမယ် ……။ ညာဖက်ဆုံးက တောင်းကြီးထဲကို ပန်းသီး ထည့်မယ် ….။ အလယ်က တောင်းကြီးထဲကို လိမ္မော်သီး […]


– – ++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++   လူများနှင့် ရောထွေးရခြင်းသည်မယ် စိတ်ရှုပ်စဖွယ် .. သိပ်ဟုတ်တယ် … ” စိတ်ပုတ်ဟယ် “ လို့လည်း တစ်ချို့က ဆိုကြပြန်သေးတယ် ” အရှုပ်ထုပ ်” ရယ် လို့လည်း ပြောကြပြန်သေးတယ် သိပ်ဟုတ်တယ် .. အိုကွယ် .. ငါ အရမ်း စိတ်ရှုပ်နေတယ် ….. ဟန်ဆောင်ကာ ပြုံးရီနေပေမယ့်လည်းကွယ် .. ရင်ထဲမှာ ဗလောင်ဆူနေတယ် … တကယ် … တကယ် … တစ်ယောက်တည်း နေတာပဲ ကောင်းပါရဲ့ကွယ် …. အပူအပင်တွေ ကင်းနေမယ် … လူသူလည်း ရှင်းနေမယ် .. အို .. အတင်းတွေလည်း လျစ်လျူရှုနိုင်မယ် […]


– – ++++++++++++++++++++++++++++++   အမေဒစ်ကန်တွင် နေထိုင်ဒေါ်မူသော မန်းဂဇက် ရွာသဂျီး ဥခိုင် တစ်ယောက် လူကြားသူကြား မရှက်မကြောက် ဖင်ကုတ် လိုက်မှုကြောင့် နံမယ်ကျော် ဖန်တီးရှင် မာမီအံ တစ်ယောက် ဦးနှောက် သွေးကြော ပေါက်သွားသဖြင့် ဆေးရုံတက် ဖာထေး လိုက်ရလေသည်။ ယင်းနောက် မာမီအံ တစ်ယောက် ဂေါက်တောက်တောက် ဖြစ်လာခဲ့လေတော့၏။ ဤကား ဂေါက်သွားပုံတည်း …..။   ခွေးတစ်ကောင် ရှေ့မှ ဖြတ်သွားသည်ကို ကျား ဟုဆိုကာ ဝမ်းသာအားရ ပြေးကာဖက်၍ နှုတ်ဆက် တတ်လေသည်။ ကြောင်တစ်ကောင်၏ “ညှောင်” ဟူသော အော်သံကိုလည်း ခြင်္သေ့ဟိန်းသံ မှတ်ထင်ကာ အလွန်အမင်း ကြောက်ရွံ့ တုန်လှုပ်လျက် အလှပြင် ဘီဒိုအောက် ပြေးပြေး ပုန်းအောင်း […]