ashinindakaMarch 30, 20111min864
ဘုရားရှင်ကျင့်ခဲ့တဲ့ (အလယ်အလတ်လမ်းစဉ်) မဇ္ဈိမပဋိပဒါကျင့်စဉ်မှာ အချက် (၈) ချက်ရှိတယ်။ ဒါကို အင်္ဂလိပ်လို Noble Eightfold Path, Middle Way စသဖြင့် အဆင်ပြေသလို ပြန်ဆိုကြတယ်။ (၁) သမ္မာဒိဋ္ဌိ ဒီသမ္မဒိဋ္ဌိကို အင်္ဂလိပ်လို Right View, Right Understanding စသဖြင့် ပြန်ဆိုကြတယ်။ မြန်မာလိုတော့ မှန်ကန်တဲ့အမြင်၊ မှန်ကန်တဲ့ နားလည်မှုပေါ့။ နိဗ္ဗာန်သို့ ချီတက်သူ နိဗ္ဗာန်သို့လျှောက်လှမ်းသူတစ်ယောက်အနေနဲ့ ပထမဦးဆုံးမှန်ကန်တဲ့အမြင် (သမ္မာဒိဋ္ဌိ) (ခြေလှမ်း) ရှိကို ရှိရပါမယ်။ မှန်ကန်တဲ့အမြင်ရှိဘို့အတွက် အမြင်မှန်ဘို့လိုအပ်တယ်။ အမြင်မှန်ဘို့အတွက် မှန်ကန်တဲ့နားလည်မှု ရှိဘို့လိုပါတယ်။ မှန်မှန်ကန်ကန်နားလည်ဘို့ဆိုတာ ကိုယ့်ကိုယ်ကို နားလည်တာကို ပြောတာပါဘဲ။ Right Understanding is the understanding of oneself as […]


ashinindakaMarch 30, 20111min810
ဘုရားရှင်ပြောတဲ့ နံပါတ် (၅) ခုမြောက်ဖြစ်တဲ့ နောက်ဆုံး ရခဲတဲ့အရာကတော့ ကျေးဇူးရှိတဲ့သူတွေကို ကျေးဇူးသိပြီး ကျေးဇူးပြန်ဆပ်တတ်တဲ့ပုဂ္ဂိုလ်ကိုလည်း လောကကြီးထဲမှာ တွေ့ရခဲတယ်တဲ့။ သားသမီးဘက်ကကြည့်မယ်ဆိုရင် မိဘတွေဟာ အင်မတန်ကျေးဇူးကြီးမားတာဘဲ။ ဒီလိုကျေးဇူးကြီးမားတဲ့ မိဘတွေကို ကျေးဇူးသိပြီး ကျေးဇူးပြန်ဆပ်တတ်တဲ့သားသမီးမျိုး တွေ့ရခဲတယ်။ အထက်တစ်နေရာက ပြောခဲ့တဲ့ ရခဲမှ ရတနာ၊ သိခဲမှ ပညာဆိုတဲ့ မြန်မာစကားအတိုင်း မိဘတွေကို ကျေးဇူးသိတတ်တဲ့ သားသမီးမျိုးက တကယ့်ကို ရခဲတာ။ ကျေးဇူးသိတတ်တဲ့သားသမီးမျိုးက ရခဲလို့ ရခဲတဲ့ ရတနာဆိုတဲ့စကားနဲ့ တွဲစပ်ပြီး သားရတနာ သမီးရတနာလို့ ခေါ်ရမှာပါ။ သားသမီးငါးယောက်ရှိတဲ့ မိဘတွေအတွက် မိဘကို ပြန်လည်စောင့်ရှောက်တဲ့၊ မိဘကို ပြန်လည်ထောက်ပံ့တဲ့ မိဘကို ပြန်လည်ကျေးဇူးပြုတတ်တဲ့ သား သို့မဟုတ် သမီးကို သားရတနာ သမီးရတနာလို့ ခေါ်ရမယ်။ မိဘကို ပြန်လည်မစောင့်ရှောက်၊ […]


ashinindakaMarch 29, 20111min40
ဘုရားရှင်ကျင့်ခဲ့တဲ့ (အလယ်အလတ်လမ်းစဉ်) မဇ္ဈိမပဋိပဒါကျင့်စဉ်မှာ အချက် (၈) ချက်ရှိတယ်။ ဒါကို အင်္ဂလိပ်လို Noble Eightfold Path, Middle Way စသဖြင့် အဆင်ပြေသလို ပြန်ဆိုကြတယ်။ (၁) သမ္မာဒိဋ္ဌိ ဒီသမ္မဒိဋ္ဌိကို အင်္ဂလိပ်လို Right View, Right Understanding စသဖြင့် ပြန်ဆိုကြတယ်။ မြန်မာလိုတော့ မှန်ကန်တဲ့အမြင်၊ မှန်ကန်တဲ့ နားလည်မှုပေါ့။ နိဗ္ဗာန်သို့ ချီတက်သူ နိဗ္ဗာန်သို့လျှောက်လှမ်းသူတစ်ယောက်အနေနဲ့ ပထမဦးဆုံးမှန်ကန်တဲ့အမြင် (သမ္မာဒိဋ္ဌိ) (ခြေလှမ်း) ရှိကို ရှိရပါမယ်။ မှန်ကန်တဲ့အမြင်ရှိဘို့အတွက် အမြင်မှန်ဘို့လိုအပ်တယ်။ အမြင်မှန်ဘို့အတွက် မှန်ကန်တဲ့နားလည်မှု ရှိဘို့လိုပါတယ်။ မှန်မှန်ကန်ကန်နားလည်ဘို့ဆိုတာ ကိုယ့်ကိုယ်ကို နားလည်တာကို ပြောတာပါဘဲ။ Right Understanding is the understanding of oneself as […]


ashinindakaMarch 29, 20111min1167
ပဉ္စဝဂ္ဂီငါးဦး (ရဟန်းငါးပါးအစု) နဲ့ ဘုရားအလောင်း တရားအတူကျင့်ခဲ့ဘူးပါတယ်။ ဘုရားအလောင်းနဲ့ ဒီပဉ္စဝဂ္ဂီငါးဦး တောထဲမှာ တရားအတူကျင့်စဉ် သဘောထားကွဲလွဲခဲ့တယ်။ ပဉ္စဝဂ္ဂီငါးဦးက ခန္ဓာကိုယ်ကို ညှင်းပမ်းနှိပ်စက်ပြီး ကျင့်ကြံမှသာ ဘုရားဖြစ်နိုင်တယ်လို့ တရားသေစွဲကိုင် ယုံကြည်တယ်။ ဘုရားအလောင်းကတော့ ခန္ဓာကိုယ်ကို ညှင်းပမ်းနှိပ်စက်တဲ့အကျင့်မျိုးစုံကို ကျင့်ကြံသင့်သလောက် ကျင့်ကြံပြီးပြီ။ ဒါပေမဲ့ ဘုရားဖြစ်ဖို့အတွက် လမ်းစ မမြင်ဘူး။ ဒါ့ကြောင့် အလျှော့အတင်းလုပ်ကြည့်ဘို့စိတ်ကူးတယ်။ ဒီအတွက် အလယ်အလတ်လမ်းစဉ် (မဇ္ဈိမပဋိပဒါ) ကို ကျင့်မယ်လို့ ဆုံးဖြတ်ချက်ချတယ်။ ဒီလိုလမ်းကြောင်းပြောင်းတဲ့ဘုရားအလောင်းကို ပဉ္စဝဂ္ဂီငါးဦးက အထင်သေးသွားတယ်။ ဘုရားအလောင်းနဲ့သူတို့ သဘောထားအယူအဆတွေ ကွဲလွဲကုန်တယ်။ သဘောထားကွဲလွဲတဲ့သူနဲ့အတူနေနေရရင်လဲ ရေရှည်အဆင်ပြေမယ် မထင်ဘူး။ သဘောထားအယူအဆတွေ ကွဲလွဲကုန်မှတော့ အတူမနေတာ အကောင်းဆုံးပဲ လို့ ဘုရားအလောင်းစဉ်းစားမိဟန်တူပါရဲ့။ ခွဲထွက်ပီး တရားအားထုတ်တယ်။ နောက်ဆုံး ဘုရားဖြစ်သွားတာပဲ။ ဘုရားဖြစ်ပြီး ဘုရားရှင် […]


ashinindakaMarch 29, 20111min25223
ဒီပို့စ်ဟာ ရတနာ (၁) ပို့စ်ရဲ့ ဖြေရှင်းချက်ပါ။ ရတနာ (၁) ကိုဖတ်ပြီးမှ ကားမောင်းတာတွေ ငွေကိုင်တာတွေနဲ့ပတ်သက်လို့ အမျိုးမျိုးဝေဘန်လွန်းလို့ ပြန်လည်ရေးသားတင်ပြလိုက်ရတာပါ။ ဗုဒ္ဓသာသနာတော်ကို ကြည့်တဲ့နေရာမှာ (ရတနာ ၁-) ပို့စ်ထဲမှာ ပါသလို အချိန်ကာလကိုလည်း  ကြည့်ရပါမယ်။ နေရာဒေသကိုလည်း ကြည့်ရပါမယ်။ မြန်မာပြည်က ဘုန်းကြီးကိုသာ မြင်လို့ မရပါဘူး။ မြန်မာပြည်က ဘုန်းကြီးလိုမျိုးပုံစံတွေ သီရိလင်္ကာမှာလည်း ရှိပါတယ်။ ထိုင်းမှာလည်း ရှိပါတယ်။ အမေရိကမှာလည်း ရှိပါတယ်။ ဟိုတလောက အမေရိကရောက်မြန်မာဘုန်းကြီးတစ်ပါး ပြောတာက “‘အမေရိကက ဒကာ ဒကာမတွေက ကားမမောင်းတတ်တဲ့ဘုန်းကြီး၊ ကားမရှိတဲ့ဘုန်းကြီးဆိုရင် ဆွမ်းစား ကွမ်းစား မပင့်လိုကြဘူး၊ သူတို့ကလည်း အိမ်မှာ ဆွမ်းကပ်ဖို့ ဘုန်းကြီးကို ကြိုပို့ လုပ်မပေးနိုင်ဘူး။ ဆိုတော့ ကြိုပို့လုပ်ပေးစရာ မလိုတဲ့ ကားလည်းရှိတဲ့ […]


ashinindakaMarch 28, 20111min872
နံပါတ် (၃) ခုမြောက်ကတော့ ဘုရားရှင်ရဲ့ တရားတော်တွေကို ဟောပြပေးနေပေမဲ့ နားလည်သဘောပေါက်တဲ့သူကိုလည်း တွေ့ရခဲတယ်တဲ့။ ဟုတ်တယ်။ တခါတရံ ဘုန်းကြီးက တရားဟောပလ္လင်ပေါ်ကနေပြီး အာပေါင်းအာရင်းသန်သန်နဲ့ ဟောကြားပေးနေပေမဲ့ တရားနာပရိသတ်ထဲက နားလည်တဲ့သူ နည်းတယ်။ ဘုန်းကြီးက သတည်း… ဆိုပြီး အသံရှည်စွဲလိုက်လို့သာ သာဓုခေါ်လိုက်ရတယ်။ ဘာပြောသွားမှန်း ဘာဟောသွားမှန်း မသိလိုက်ဘူး။ တရားနာပရိသတ်ထောင်ချီရှိပေမဲ့ ဘုန်းကြီးဟောသွားတဲ့တရားတော်ကို နားလည်တဲ့သူက ဆယ်ဂဏန်း၊ အလွန်ဆုံးရှိလှ ရာဂဏန်းလောက်ပဲ ရှိမယ်။ တချို့က လူကသာ တရားဟောမဏ္ဍပ် (ဓမ္မာရုံ) ထဲရောက်နေတာ၊ စိတ်က အိမ်ပြန်ရောက်ချင်ရောက်နေကြတာ။ ဒီလိုစိတ်တွေက ပျံ့လွှင့်နေတော့ ဘုန်းကြီးဟောလိုက်တဲ့တရားတော်ကို အပြည့်အဝ နားမလည်တော့ဘူးပေါ့။ ဒါ့ကြောင့် တရားတော်ကို နားလည်တဲ့သူကလည်း တွေ့ရခဲတယ်တဲ့။ ဒါက အပေါ်ယံနားလည်မှုကိုပြောတာပါ။ ဒီထက်နက်နက်နဲနဲပြောရရင်တော့ မိမိတို့ရဲ့ ခန္ဓာငါးပါး ရုပ်နာမ်တရားတွေရဲ့ မမြဲမှု […]


ashinindakaMarch 27, 20111min490
အိန္ဒိယ ဝေသာလီတဝိုက်က ကုလားတွေ စုရုံးစုရုံးနဲ့ ရတနာငါးမျိုးအကြောင်းပြောဆိုနေတုန်း ဘုရားရှင်ရောက်သွားပါတယ်။ သူတို့ပြောဆိုနေတာတွေကို ဘုရားရှင်သိတော့ “မင်းတို့ပြောနေတဲ့ ဆင်တွေ မြင်းတွေက တကယ့်ရတနာအစစ်မဟုတ်ဘူး၊ ရွှေ ငွေ ကျောက်သံ ပတ္တမြားတွေကလဲ တကယ့်ရတနာ ဘယ်ဟုတ်ရမတုန်း၊ သူဌေးဆိုတာကလဲ အလကားပါ။ မိန်းမများ ရတနာတဲ့၊ အံ့ပါရဲ့၊ တကယ့်ရတနာအစစ်က ဒါတွေကွ” ဆိုပြီး ဆက်လက်ရှင်းပြပါတယ်။ ဘုရားရှင်ရှင်းပြတဲ့ ရခဲတဲ့ ရတနာငါးမျိုးထဲမှာ နံပါတ်(၁) ရတနာက ဘုရားဖြစ်တယ်။ လောကကြီးထဲမှာ ဘုရားရှင် တစ်ဆူနဲ့တစ်ဆူ ပွင့်ထွန်းပေါ်ပေါက်ဖို့ အင်မတန်ခဲရင်းတဲ့အတွက် ဘုရားရှင်ဟာ ရတနာဖြစ်တယ်။ ဘုရားရတနာဖြစ်တယ်။ ဘုရားရှင်ပွင့်ထွန်းပေါ်ပေါက်ဖို့ ဘယ်လောက်ကြာအောင် စောင့်ရတယ်၊ ဘယ်လောက်ကြာအောင် ပါရမီဖြည့်ကျင့်ရတယ်ဆိုတာ အားလုံးသိပြီးသားဖြစ်လို့ ရှင်းပြဖွယ်မလိုတော့ဘူး။ နံပါတ် (၂) ရတနာက ဘုရားရှင်ရဲ့ တရားတော်တွေကို တရားတော်အတိုင်း ပြန်လည်ဟောကြားပေးမည့်သူဖြစ်တယ်။ […]


ashinindakaMarch 26, 20111min16225
ရခဲတဲ့ မြတ်နိုးဖွယ်ကောင်းတဲ့ တန်ဘိုးရှိတဲ့အရာကို ရတနာတဲ့။ ရခဲမှ ရတနာ၊ သိခဲမှ ပညာဆိုတဲ့ မြန်မာအဆိုအမိန့်က ရတနာဆိုတဲ့အဓိပ္ပါယ်ကို ထင်လင်းစေတယ်။ စိန် ရွှေ ငွေ ကျောက်သံ ပတ္တမြား စတာတွေဟာ လွယ်လွယ်ကူကူနဲ့ မရနိုင်လို့ ရဘို့ရန် ရခဲလို့ ရတနာပစ္စည်းလို့ ခေါ်ကြတယ်။ ဒါ့ကြောင့် ဗမာလူမျိုးတစ်ယောက်ယောက်ကို ရတနာ လို့ ပြောလိုက်တာနဲ့ သူတို့ရဲ့ အတွေးအာရုံထဲမှာ စိန် ရွှေ ငွေ ကျောက်သံ ပတ္တမြားတွေ မြင်ရောင်လာတော့တာဘဲ။ ရတနာနဲ့ပတ်သက်လို လွန်ခဲ့တဲ့နှစ်ပေါင်း ၂၆၀ဝ ဝန်းကျင် အိန္ဒိယနိုင်ငံ ဝေသာလီတဝိုက်က ကုလားတွေ ဆွေးနွေးခဲ့ဘူးတယ်။ သူတို့ဆွေးနွေးတာက ရခဲတဲ့ မြတ်နိုးဖွယ်ကောင်းတဲ့ တန်ဘိုးရှိတဲ့ ရတနာငါးမျိုးရှိတယ်တဲ့။ နံပါတ် (၁) က ဆင်ရတနာ ရတနာ ဆိုတာက […]


ashinindakaMarch 26, 20111min1376
စာပေလာအရ ပြောရရင် သဟမ္ပတိဗြဟ္မာကြီးက လျှောက်ထားတောင်းပန်လို့ ဘုရားရှင် တရားဟောမယ် လို့ ဆုံးဖြတ်ချက်ချပါတယ်။ ဘယ်သူ့ကို အရင်ဆုံးတရားဟောရမလဲ၊ ဘယ်သူက ငါ့တရားကို သိနိုင်မလဲ လို့ ဘုရားရှင် တွေးပါတယ်။ အာဠာရရသေ့နဲ့ ဥဒကရသေ့ကို တွေးမိပါတယ်။ ဒါပေမဲ့ သူတို့ဟာ ကွယ်လွန်သွားပြီး ၃၁ ဘုံထဲက တရားဟောလို့ အဆင်မပြေတော့တဲ့ ဘုံဘဝကို ရောက်နှင့်သွားကြပါပြီ။ ဒီ့နောက် ပဉ္စဝဂ္ဂီငါးဦးကို တွေးမိပါတယ်။ “ပဉ္စဝဂ္ဂီရဟန်းငါးဦးဟာ ငါ့အပေါ်မှာ ကျေးဇူးများတယ်၊ ငါတရားအားထုတ်တုန်းက သူတို့တတွေ ငါ့ကို ကောင်းကောင်း ပြုစုလုပ်ကျွေးဘူးတယ်၊ ဒါ့ကြောင့် ငါသူတို့ကို တရားဟောရရင် ကောင်းမှာပဲ” လို့ ဘုရားရှင် ဆက်တွေးမိတယ်။ အထက်တစ်နေရာမှာတုန်းက ဘုရားရှင်ဟာ သက်ရှိမဆိုထားဘိ၊ သူအမှီပြု တရားထိုင်ခဲ့လို့ ဘုရားအဖြစ်ကိုရောက်ခဲ့တဲ့ သက်မဲ့ဖြစ်တဲ့ ညောင်ပင်ကိုတောင် ကျေးဇူးသိပြီး […]


ashinindakaMarch 24, 20111min14710
ဒီနိုင်ငံမှာ နှစ်စဉ် ဩဂုတ်လရောက်ရင် တရုတ်တွေ တစ္ဆေကြီးပွဲ ကျင်းပကြတယ်။ တစ္ဆေကြီးပွဲဆိုတာကို နားလည်သလိုပြောရရင်တော့ သေဆုံးသွားကြတဲ့ မိဘ ဘိုးဘွားတွေကို အာရုံပြု ရည်စူးပြီး အမျှအတမ်းပေးဝေတဲ့ပွဲပါဘဲ။ တိုက်ဆိုင်တာလားတော့မသိဘူး။ အဲ့လတုန်းက တစ္ဆေတွေ ခြောက်လန့်ကြောင်း တရုတ်တွေ မကြာမကြာ လာပြောတယ်။ ကျောင်းနဲ့ နာရီဝက်လောက်ကားမောင်းပြီးသွားရတဲ့နေရာမှာ တစ်ခါသုံး ဖော့ခွက်တွေလုပ်တဲ့ စက်ရုံကြီးရှိတယ်။ အဲ့မှာ မြန်မာအလုပ်သမားတွေ အတော်များတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ တစ္ဆေကြီးပွဲကျင်းပချိန်တုန်းက အဲ့စက်ရုံက မြန်မာဒကာလေးတစ်ယောက်နဲ့ စက်ရုံမန်နေဂျာတစ်ယောက် ကျောင်းရောက်လာတယ်။ စက်ရုံမှာ တစ္ဆေခြောက်ကြောင်း၊ စက်ရုံက အလုပ်သမားတွေလဲ အခုတလော ထိခိုက်ဒဏ်ရာ အရများနေကြောင်း၊ ဒါ့ကြောင့် ပရိတ်တရားတော်ရွတ်ဖတ်ပေးစေလိုကြောင်း မြန်မာဒကာလေးက လျှောက်ပါတယ်။ ဒါနဲ့ နောက်ရက် ညနေပိုင်းအားကြောင်း ပြောဆိုပြီး သူတို့ပြန်သွားကြတယ်။ ဗုဒ္ဓဘာသာအကြောင်း၊ ဗုဒ္ဓဘာသာရှုဒေါင့်က တစ္ဆေအယူအဆနှင့် […]


ashinindakaMarch 21, 20111min1017
ဘုရားရှင် ဘုရားအဖြစ်သို့ရောက်ပြီးနောက် ဘုရားအဖြစ်သို့ရောက်ခဲ့တဲ့ မဟာဗောဓိပင်အောက်မှာပဲ (၇) ရက်ပတ်လုံး တင်ပလ္လင်ခွေမဖြုတ်ပဲ လွတ်လပ်မှုအရသာ (ဝိမုတ္တိသုခ – The Bliss of Emancipation) ကို ခံစားလျက် ထိုင်နေပါတယ်။ ပထမ (၇) ရက်ရဲ့ နောက်ဆုံးတစ်ညမှာတော့ ပဋိစ္စသမုပ္ပါဒ်တရားတော်ကို အနုလုံ (အစုန်)၊ ပဋိလုံ (အဆန်) နှလုံးသွင်းတယ်။ ပဋိစ္စသမုပ္ပါဒ်ကို အင်္ဂလိပ်လိုတော့ အမျိုးမျိုး ပြန်ဆိုနေကြတယ်။ တချို့က Dependent Origination, တချို့က Dependent Arising, တချို့က Conditioned Arising, တချို့က Conditioned Genesis. မြန်မာပြည်က နာမည်ကြီးမိုးကုတ်ရိပ်သာဆရာတော်များကတော့ မိုးကုတ်ဆရာတော်ကြီးတီထွင်ခဲ့တဲ့ ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းကြီးထဲက အကွက်လေးတွေကို ဒုတ်ခလေးနဲ့ ထောက်ကာ ထောက်ကာ အကြောင်းကြောင့် အကျိုးဖြစ်၊ အကြောင်းကြောင့် အကျိုးဖြစ် […]


ashinindakaMarch 17, 20111min22421
စည်းမျဉ်း၊ စည်းကမ်းတွေကို ပါဠိလို ဝိနယ လို့ခေါ်ပါတယ်။ ဝိနယ ကို မြန်မာမှုပြုထားတာက ဝိနည်းတဲ့။ စည်းမျဉ်း စည်းကမ်းတွေကို တစ်စုတစ်ဝေးတည်း ပေါင်းစုထားတာကိုတော့ ဝိနယပိဋက လို့ခေါ်ပါတယ်။ ခေတ်စကားနဲ့ပြောရရင်တော့ ဥပဒေပေါင်းချုပ် ပေါ့။ (ဝိနယပိဋက) ဥပဒေပေါင်းချုပ်စာအုပ် ငါးအုပ်ရှိတယ်။ ငါးအုပ်ထဲက မဟာဝါစာအုပ်ကို ပထမဆုံးလေ့လာဘူးတယ်ဆိုတာ ပြောခဲ့ပြီးပြီ။ မဟာဝါစာအုပ်မှာ အခန်း (Section) ၁ဝ ခုရှိတယ်။ ဝိနည်းဥပဒေစာအုပ်ဆိုပေမဲ့ ဥပဒေချည်းသက်သက် ဖော်ပြထားတာမဟုတ်ဘူး။ သမိုင်းရှုဒေါင့်က အင်မတန်အရေးပါတဲ့ တန်ဘိုးမဖြတ်နိုင်တဲ့ ဘုရားရှင်နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို အစောဆုံးစာမျက်နှာတွေမှာ တွေ့ရတယ်။ အမည် –  သိဒ္ဓတ္ထ မျိုးနွယ်အမည် –  ဂေါတမ မွေးနှစ် – ဘီစီ ၆၂၃၊ မေလ လပြည့်နေ့ မွေးဖွားရာနေရာ – လုမ္ဗိနီဥယျာဉ်၊ […]


ashinindakaMarch 16, 20111min762
ဝိနည်းပိဋကမှာ အုပ်ရေ ငါးအုပ်ရှိတယ်။ ကိုယ်ပထမဆုံးလေ့လာဖြစ်တာက မဟာဝါ(ပါဠိတော်) စာအုပ်။ ပထမကြီးတန်းကို ကိုရင်ဘဝ အသက် (၁၇) နှစ်သားတုန်းက အောင်တာဆိုတော့ ဘာလုပ်ရမှန်းမသိဖြစ်နေတုန်း သူငယ်ချင်းကိုရင်တစ်ပါးက သာမဏေကျော်စာမေးပွဲ ဝင်ဖြေပါလား ဆိုတာနဲ့ သာမဏေကျော်စာမေးပွဲပြဌာန်းစာထဲက တစ်အုပ်ဖြစ်တဲ့ မဟာဝါ စာအုပ်ဆိုတာကို စလေ့လာဖြစ်တာ။ မြန်မာပြည်မှာ ဘုန်းကြီးကျောင်းပညာရေးစနစ်မှာ သာမဏေကျော်စာမေးပွဲဆိုတာရှိတယ်။ ကိုရင်တွေအတွက်။ ဒီစာမေးပွဲကို ပထမဦးဆုံး မန္တလေးမှာရှိတဲ့ သကျသီဟအသင်းက စတင်ကျင်းပတာ။ ပြဋ္ဌာန်းစာကို တောင်မြို့၊ မဟာဂန္ဓာရုံဆရာတော်ကြီး ရေးဆွဲပေးတာလို့ သိရတယ်။ အတော်ကောင်းတာပဲ။ ပထမဆင့်၊ ဒုတိယဆင့်၊ တတိယဆင့်ဆိုပြီး သုံးဆင့်ခွဲထားတယ်။ သုံးဆင့်လုံးအောင်ရင် ဝိနည်းငါးကျမ်းလုံးသင်ပြီးသားဖြစ်သွားပြီ၊ ဓမ္မပဒဋ္ဌကထာနှစ်အုပ်လုံးပေါက်။ အင်္ဂုတ္ထိုရ်သုံးအုပ်လုံးကုန်သွားပြီ။ သဂြိုဟ်နဲ့ သဒ္ဒါလဲ အတော်သိသွာပြီ။ သာသနာရေးဌာနက ကြီးမှူးကျင်းပနေတဲ့ ပဌမပြန်စာမေးပွဲပြဌာန်းစာတွေကို ဒီသာမဏေကျော်စာမေးပွဲက ပြဌာန်းစာတွေနဲ့ အစားထိုးပြီး ပြင်သင့်တာပြင်၊ […]