တစ်နေ ့ပြီးတစ်နေ ့ပြောင်းလဲသွားခဲ ့သော်လည်း သတိရတဲ ့စိတ်က ရင်ထဲမှာပြည် ့နေခဲ ့လေသည်။ ဘာပဲဖြစ်ဖြစ်သူငယ်ချင်းတွေကို ကျေးဇူးတင်မိပါသည်။အရာရာအားလုံးကိုလိုလေသေးမရှိဖြည် ့စည်းပေးတဲ ့အတွက်ပေါ့။ သူ ့ရဲ ့ဘဝက အမေလဲမရှိ ချစ်သူကလဲမရှိ ဘာဆိုဘာမှမရှိတော့တဲ ့ဘဝမှာ အသက်ဆက်ရှင်နေရင်အားလုံးကို ဒုက္ခတွေပေးသလိုဖြစ်နေပြီလေ အဲ ့ဒီအတွက် သူတစ်ခုခုတော့ဆုံးဖြတ်ရမည်လေ။ “ဟဲ ့ ရွှေရည် ကန်ဘောင်ပေါ်သွားမယ်ဟယ်………မထိုင်ဖြစ်တာကြာနေပြီလေ…..” “သွားလေ………………ကောင်းတာပေါ့….” “ဟဲ ့ ဟိုမှာ အစ်ကိုမင်းဇော်ရဲ ့ သူငယ်ချင်း အစ်ကိုမင်းခန် ့မလား……” “ဟုတ်တယ်လေ…ဘာဖြစ်လို ့လဲ……” “သူဒီဘက်ကိုလာနေပြီ…..” “သူ ့ဟာသူလာတာဘာဖြစ်လဲဟယ်………လာပါလေ ့စေပေါ့…….” “အစ်ကိုမင်းခန် ့ ဘယ်သွားမလို ့လဲ……” “အင်း ရွှေရည်တု ိ့ကိုတွေ […]