badbabylay09@gmail.comSeptember 8, 20101min810
မေမေ…..မေမေ…. မေမေ.. မေမေရေ သားက မေမေ့ ကလေးပါ။ ဪ .. မေမေကတော့ သားကိုဘယ်သိရှာမှာတုံး ။ သားကအခုမှ သုံးပတ်ပဲရှိသေးတာကို ..။ စိတ်မပူပါနဲ. မေမေရယ် .. နောက်တော့ သားကိုမေမေ တွေ.လာမှာပါ ။ မေမေ့ကိုလေ သားအကြောင်းလေးကို သားကိုယ်တိုင်နဲနဲပြောပြချင်တယ် .. နားထောင်ပေးနော် မေမေ။ သားနာမည်က မိုးမိုးလို.ခေါ်တယ် မေမေရဲ.။ သားမှာလေမျက်ခုံးလှလှလေးတွေရှိတယ်.. နက်မှောင်တဲ့ ဆံပင်ကောက်ကောက်လေးတွေ ှရှိတယ်။ အခုတော့ သားမှာ ?…. ? မရှိသေးဘူးပေါ့ .. ဒါပေမယ့် သားမွေးလာရင် တော့ရှိလာမှာမေမေရဲ. ။ သားမွေးလာရင်လေ .. သားက မေမေ့ရဲ. တစ်ဦးတည်းသော သားလေးဖြစ်လာမှာ ။ “ဒီသားအမိနှစ်ယောက် အကဲကိုပိုလွန်းတယ်” လို. မေမေနဲ. […]


badbabylay09@gmail.comSeptember 7, 20101min950
လူဘဝကိုအရသာခံခြင်း အချစ်နဲ့ ပတ်သက်လာရင် ဒီ့ထက်ပိုကောင်းတဲ့အချစ် ရှိနိုင်သေးတယ်လို့ မထင်လိုက်ပါနဲ့။ အခုလက်ရှိပိုင်ဆိုင်ထားတဲ့ အချစ်ကအကောင်းဆုံးပါ။ အသက်ငယ်သေးတယ် နောက်ကျမှအိမ်ထောင်ပြုလည်းရတယ်လို့ မထင်လိုက်ပါနဲ့။ အချစ်က အသက်အရွယ်ကို စောင့်လိမ့်မှာမဟုတ်ဘူး။ အကွာအဝေးကြောင့် အချစ်ကို လက်လွတ်ဖို့ မကြိုးစားပါနဲ့။ အချစ်က ကိုယ်နဲ့အတူ ရထား၊ လေယာဉ်စီးလို့ရပါတယ်။ ငွေကြေးမချမ်းသာတဲ့ ချစ်သူကို မစွန့်လွတ်လိုက်ပါနဲ့။ အသုံးမကျတဲ့လူကလွဲလို့ လုံ့လဝီရိယရှိသူဆိုရင် သင့်ကိုချမ်းသာအောင်ထားနိုင်ပါတယ်။ အချစ်က ရိုးရှင်းလေ ပျော်ရွှင်လေဖြစ်တယ်။ တစ်သက်မှာ တစ်ယောက်တည်းချစ်တာက အကောင်းဆုံးဖြစ်တယ်။ ချစ်တာများပြီး ခံစားချက် အတွေ့အကြုံများရင် ထုံကျင်သွားတတ်တယ်။ လမ်းခွဲကြိမ်များရင် ကျင့်သားရသွားတတ်တယ်။ ချစ်တာများရင် နှိုင်းယှဉ်မှုတွေများသွားတတ်တယ်။ နောက်ဆုံးမှာ အချစ်ကို အယုံအကြည်မဲ့သွားတတ်တယ်။ အချစ်က ဝမ်းနည်းစရာကောင်းတဲ့ ဒဏ္ဍာရီပုံပြင်တစ်ပုဒ် ဖြစ်ကောင်းဖြစ်မယ်။ ကိုယ့်ကိုချစ်တဲ့ လူတစ်ယောက်ကို စွန့်ရတာ သိပ်မနာကျင်ပေမယ့် ကိုယ်ချစ်တဲ့လူတစ်ယောက်ကို စွန့်ရတာလောက် […]


badbabylay09@gmail.comSeptember 7, 20101min680
တစ်နိုင်ငံလုံး စာတတ်မြောက်ရေးအစီအစဉ်ဖြင့် ကျွန်တော်တို့မြန်မာစာအထူးပြု တက္ကသိုလ်ကျောင်းသားများ ကျီးမနိုးရွာကလေးသို့ အသုံးလုံးသင်တန်းများ သွားရောက်သင်ကြားခဲ့စဉ်ကဖြစ်သည်။မြန်မာစာဒုတိယနှစ်ကျောင်းသူတစ်ယောက်ဖြစ်သော မစုစုလှိုင်က ကျေးရွာထဲမှ အဘိုးကြီး ၊ အဘွားကြီးဆယ်ယောက်ခန့်ကို စာသင်ပေးနေသည်။ “ဦးကြီးတို့၊ ဒေါ်ကြီးတို့ မနေ့ကသင်လိုက်တာတွေမှတ်မိသေးရဲ့လား” “မှတ်မိပါတယ် ဆရာမလေး” စုစုလှိုင်ကျေနပ်သွားသည်။ ထို့နောက် အဖြစ်လုပ်ထားသော ကျောက်သင်ပုန်းပေါ်တွင် ဝ အက္ခရာကို ရေးလိုက်သည်။ “ဒါဖြင့် ဒါဘာလဲ” ရွာသူရွာသားများ တော်ကြပါသည်။ အားလုံးတစ်ညီတစ်ညွတ်တည်းတလွဲဖြေသည်။ “လ ပါ ဆရာမလေး” သူတို့မေ့မှာစိုးသဖြင့်မိုးပေါ်က လကို ပြပြပြီး သင်ထားသဖြင့် တလွဲဖြေကြခြင်းဖြစ်သည်။ တစ်လုံးမမှတ်မိလည်း နောက်တစ်လုံးမှတ်မိပေလိမ့်မည်။ ထို့ကြောင့် နောက်ထပ် ထ အက္ခရာကိုရေးပြလိုက်သည်။ “ဦးကြီးတို့ဒေါ်ကြီးတို့ ဒါကရော” “လပူးပါ ဆရာမလေး ” သူတို့စိတ်ထဲတွင် လနှစ်လုံးပူးနေသည်ဟုထင်နေမှန်း စုစုလှိုင် သိလိုက်သည်။ စာသင်သားကြီးများကို နောက်ချင်စိတ်လည်း […]


badbabylay09@gmail.comSeptember 6, 20101min951
ရေမင်းသား “ဟက်ဒရစ်ကွာ…အရင်တပတ်က သူရေကူးကန်သွားတုန်း ရေနစ်လို့ ကယ်ပေးလိုက်တဲ့ ကောင်မလေးကို လက်ထပ်လိုက်ပြီတဲ့..။” “ဟင်..ဟုတ်လား..သူတော်တော်ပျော်နေမှာပေါ့နော် ခုဆို..။” “အဲဒါတော့မပြောတတ်ဘူး…ခု သူရေနားကို မသွားတော့ဘူးလေ..။” ကြက်တူရွေး အာခေါင်နီ တခါက ကြက်တူရွေးတကောင်ရှိတယ်.။သူ့သခင်က သူ့ကို အိမ်ရှေ့မှာ လှောင်အိမ်လေးထဲထည့်ပြီး ချိတ်ထားတယ်။သူတို့ အိမ်ရှေ့ကနေ နေ့တိုင်း ရဲသားတယောက်က ဖြတ်ဖြတ်လျှောက်တယ်.။အဲဒီရဲ သားဖြတ်လျှှောက်တိုင်း ကြက်တူရွေးကလှောင်အိမ်ထဲကနေအော်တယ်.။ “ဂျက်ဖရီ သောက်ရူး…ဂျက်ဖရီသောက်ရူး..။” အဲဒီင်္လို အော်တိုင်းရဲသားက အိမ်ရှုင်ကို ဒဏ်ရိုက်တယ်။ရဲသား နေ့တိုင်းအိမ်ရှေ့က ဖြတ်တိုင်း ကြက် တူရွေးက အဲ့လိုအမြဲအော်တယ်။အော်တိုင်းလဲ ရဲသားက အိမ်ရှင်ကို ဒဏ်ရိုက်တယ်။ကြာလာတော့ အိမ်ရှင်က စိတ်ညစ်လာတယ်။နောက်တနေ့မှာ အိမ်ရှင်က အဲဒီ ကြက်တူရွေးကို ဘုရားကျောင်းက ဖာသာရဲ့ကြက်တူရွေးနဲ့သွားလဲလာခဲ့တယ်။အရင်ကလိုပဲ အိမ် ရှေ့မှာ လှောင်အိမ်လေးနဲ့ချိတ်ထားလိုက်တယ်။ နောက်တနေ့ ရဲသားက အိမ်ရှေ့ကဖြတ်လျှောက်တယ်။ကြက်တူရွေးက မအော်ဘူး။ရဲသားကပြော လိုက်တယ်။ […]


badbabylay09@gmail.comSeptember 6, 20101min1243
အများစုသောအပျိုကြီးလူပျိုကြီး တို့၏ စရိုက်လက္ခဏာများ ၁။ ဘာသာရေး ကိုင်းရှိုင်းတတ်သည်။ ၂။ ဇီဇာကြောင်တတ်သည်။ ၃။ တိရိစ္ဆာန်ကလေးများကို ချစ်တတ်သည်။ ၄။ တူ၊တူမကလေးများကို အချစ်ကြီးတတ်ကြသည်။ ၅။ တူ၊တူမကလေးများကို သူတို့လိုနေရန် တိုက်တွန်းတတ်ကြသည်။ ၆။ ဆုံးဖြတ်ချက်တစ်ခုခုကျဘို့ အကြာကြီးစောင့်ရတတ်သည်။ ရ။ အမြဲလိုလို ဟိုဟာကောင်းနိုး၊ဒီဟာကောင်း နိုးရွေးရခက်နေတတ်သည်။ ဂ။ အဖေ၊အမေ ကို သူများထက် ပိုချစ်တတ်သည်။ ၉။ ကိုယ့်ကိုကိုယ် လည်း သူများထက်ပိုချစ်တတ်သည်။ ၁၀။ အချစ်၊အိမ်ထောင်ရေးအကြောင်း သူများထက် ပိုသိဟန် ပြတတ်သည်။ ၁၁။ အချစ်၊အိမ်ထောင်ရေးအကြောင်း သူများထက် ပိုမိုစိတ်ဝင်စားတတ်သည်။ ၁၂။ မိုးလေဝသလို ခန့်မှန်းရခက်တတ်သည်။ ၁၃။ လိုရင်းမရောက်ဘဲ ဝေ့လည်ကြောင်ပတ် ပြောတတ်သည်။ ၁၄။ အတိတ်၊နမိတ် ၊တဘောင် တို့ကို ယုံကြည်တတ်သူများဖြစ်သည်။ […]


badbabylay09@gmail.comSeptember 6, 20101min1393
နေ့ချင်းထပ်ရင် မြတ်သလား မွေးနေ့ချင်းတူတဲ့ အိမ်ထောင်ဖက်တွေဟာ ကံကောင်းတတ်ကြတယ်လို့ ဆိုတဲ့ အယူအဆကြောင်း နေ့ချင်းထပ်ရက်မြတ်တယ်ဆိုတဲ့ ဆိုရိုးတစ်ခုပေါ်လာပါတယ် ရှေးဟောင်းလောကီကျမ်းတွေရဲ့ အဆိုကို နေ့ချင်းထပ်ထားသူတွေ၊ ထပ်ချင်သူတွေ၊ ထပ်ဖို့ရည်ရွယ်သူတွေအတွက် ဖော်ပြပေးလိုက်ပါတယ် တနင်္ဂနွေ- တနင်္ဂနွေ `ဂဠုန်နှစ်သွယ်၊ မောင်နှင့်မယ် ပေါကြွယ်ဥစ္စာဌေး´ ရယ်လို့ အဆိုရှိတာကြောင့်တနင်္ဂနွေသားနဲ့တနင်္ဂနွေသားချင်း ဖူးစာဖက်ရင် ဓနဥစ္စာပေါကြွယ်ပါလိမ့်မယ် တနင်္ဂလာ-တနင်္ဂလာ `ကျားနှင့်ကျားမှာ ဦးချမ်းသာ၊ နောင်လာဒုက္ခရေးတဲ့´ အိမ်ထောင်ဦးကာလမျာ ပျော်/ရွင်ချမ်းမြေ့ဖွယ်ရာဖြစ်နိုင်ပေမဲ့ အိမ်ထောင်သက်ရင့်လာတာနဲ့အမျှ နားလည်ခွင့်လွတ်သည်းခံမှုမရှိရင် ဒုက္ခတွေ့ရတတ်ပါတယ်လို့ သတိပေးထားပါတယ်။ အင်္ဂါ-အင်္ဂါ `ခြင်္သေ့နှစ်တန်၊ပေါင်းတုံပြန်၊ ရင်နှင့်ကွာမဝေး´ ဆိုတာကြောင့် အင်္ဂါသားသမီးအချင်းချင်း ချစ်သက်နှံရင်ဖြင့် အိုအောင်မင်းအောင် ပေါင်းရတတ်ပါတယ် ဗုဒ္ဓဟူး-ဗုဒ္ဓဟူး `ဟိုင်းနှင့်ကားဆင်၊ ပေါင်းဖက်လျှင် ရှည်ပင်မမြဲသေး´လို အဆိုရှိတာကြောင့်ဗုဒ္ဓဟူးသားသမီးချင်း မေတ္တာသက်ဝင်ချစ်ခင်တဲ့ ချစ်သူဘဝမှာတင် တစ်ဦးနဲ့တစ်ဦး နားလည်ခွင့်လွှတ်နိုင်အောင်ကြိုးစားထားပါမှ တော်ကာကျမယ့်သဘောပါ။ ကြာသပတေး-ကြာသပတေး `ကြွက်မင်း၏နံ၊ နေ့ချင်းပန်၊ […]


badbabylay09@gmail.comSeptember 6, 20102min932
ကွန်ပျုတာတစ်လုံးကိုပြုပြင်ထိန်းသိမ်းရာတွင် အပိုင်းနှစ်ပိုင်ဖြင့်ခွဲခြားထားနိုင်တယ် ပထမတစ်ခုကတော့ Hardware ပိုင်း ဖြစ်ပြီးတော့ ဒုတိယတစ်ခုကတော့ System ပိုင်းဖြစ်ပါတယ်။ ပထမတစ်ခုဖြစ်တဲ့Hardware ပိုင်းကိုပြုပြင်ထိန်းရသည့်အကြောင်းအရင်းကတော့ Electronic စက်ပစ္စည်းတိုင်းအချိန်နဲ့အမျှထိန်းသိမ်းနေရပါတယ် အကြောင်းကတော့ ပုံမှန်လည်ပတ်နေနိုင်စေရန်နှင့် ရေရှည်သုံးစွဲနိုင်စေရန်ဖြစ်ပါတယ်။ ဒုတိယတစ်ခုဖြစ်တဲ့ System ပိုင်းမှာတော့ သုံးစွဲသူရဲ့ကွန်ပျုတာမှာရှိနေတဲ့Windows နဲ့ တခြားအသုံးပြုနေသော Software တွေကိုပုံမှန် Maintenance လုပ်ပေးနေရခြင်းဖြစ်ပါတယ် ပထမတစ်ခုဖြစ်တဲ့ Hardware ပိုင်းမှာဆိုရင်တော့ Main board(motherboard) HDD(Hard disk) Ram(memory) Rom(CD,DVD drives) CPU(central processing unit) CPU Fan Power Supply A casing(system case) Monitor(CRT,LCD) UPS စတဲ့ပစ္စည်းတွေကိုပုံမှန်သန့်ရှင်းရေးလုပ်ပေးရပါတယ်။ Mother board ဆိုရင်ဖုံတွေရေငွေ့တွေကြောင့် ရှော့(ခ်) ကျတတ်ပါတယ် ဒီလိုဖြစ်လာခဲ့ရင်တော့Hard […]


badbabylay09@gmail.comSeptember 6, 20101min790
အမေ….. အမေအရင်းတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အမေ…… လို့ခေါ်မယ်နော်။ အမေ အမေ့ ဘဝမှာ မိန်းမသားနဲ့ ဘယ်လိုမှမတန်တဲ့ အလုပ်တွေ အမေ လုပ်နေတယ်နော်။ အမေ အမေက ယောင်္ကျား ရင့်မာကြီးတွေ မလုပ်နိုင်တဲ့ အလုပ်တွေကို အမေ လုပ်နေတယ်နော်။ အမေက ယောင်္ကျားရင့်မာကြီးတွေ မထားနိုင်တဲ့ စိတ်ဓာတ်တွေ ထားနိုင်တယ်နော် အမေ။ အမေ အမေက သူများတကာတွေ မပြောနိုင်တဲ့ စကားမျိုး အမေ ပြောနိုင်တယ်နော်။ အမေ အမေက ကိုယ်ကျိုးကို မကြည့်တက်ပဲ ဘဝကို သူများတွေအတွက် လုပ်နေတယ်နော်။ အမေ အမေကိုလေ ကျွန်တော် တစ်ခါပဲ တွေ့ဘူးတယ် သိလား။ အမေ့ကို မြင်တော့ ကျွန်တော် မျက်ရည်ဝဲမိတယ်။ အမေ ပြောတဲ့စကားတွေကို လိုက်ပြီးနားထောင်ရတာ […]


badbabylay09@gmail.comSeptember 6, 20101min801
အောင်ဆန်း ဗိုလ်ချုပ် မျက်မှောင်ကုတ်ကုတ် အရပ်ပုပု အသားညိုညို ပိုသီပတ်သီ အညာသား။ ဘီအေကျောင်းသား စကားမပြော ပြောရင်မရပ် ညှင်းသိုးသိုးအရိုးးခံ ခေါင်းအမာဆုံး ဇွဲအရှိ့ဆုံး စိတ်ဓာတ်အပြင်းထန်ဆုံးလူသား…။ သူမသိနားမလည်တာတွေက အများသား ရေမကူးတတ်ဘူး… စက်ဘီးမစီးတက်ဘူး… စန္ဒရားမတီးတက်ဘူး… သီချင်းကောင်းကောင်းနားမထောင်ခ့ဲရဖူး မိန်းမ မပိုးတတ်ဘူး…။ ဘိလပ်ပြန်သန်းကို မေရှင်သီချင်းဆိုခိုင်းခဲ့သူ.. ချစ်ရတဲ့နာစ့်မလေးကြည်ကို လူငှားနဲ့ပိုးခဲ့ရသူ.. VIP ဆိုတဲ့စာတန်းကို အလွန်စက်ဆုပ်ရွံရှာသူ.. လမ်းဘေးမှာ.. ကျောက်ကျောရေသောက်တဲ့ ဝန်ကြီးချုပ်.. မင်္ဂလာဆောင်မှာ.. ခဲဖိုးတောင်းတာနားမလည်တဲ့သူ… လွတ်လပ်ရေးကိုစဉ်းစားရင်း.. စစ်ဖိနပ်ကိုပြောင်းပြန်စီးတဲ့သူ.. လွတ်လပ်ရေးကိုစဉ်းစားရင်း.. ဆံပင်ညှပ်မပြီးခင် ထထွက်သွားတဲ့သူ… တွေ့ချင်လွန်းလို့ လမ်းမှာတားတဲ့ ရွာသားတွေနဲ့အတူ လမ်းဘေးမှာ အကြော်စားတဲ့ ဝန်ကြီးချုပ်…. သူ့ကိုသူ ပြည်သူတစ်ယောက်အဖြစ် ခံယူတဲ့ဝန်ကြီးချုပ်….။ ပြည်သူတွေကြားမှာ ဝင့်ဝင့်ထွားထွား သူရဲကောင်းပေမဲ့ အိမ်ထောင်ရှင်ဖခင် ဇနီးကို ချစ်တတ်တဲ့သူ……။ ” […]


badbabylay09@gmail.comSeptember 4, 20101min1454
မတရားလိုက်တာ… နေမဝင် အင်ပါယာ တစ်ခုအတွက် ငါက အသေခံ လူတဲ့လား…။ အဒီတွက် အသိမှတ်ပြု ငါပုခုံးထက်မှာ ပုဝါနီတထည်…. သားသတ်ရုံ ထဲ ဝင်ရမယ့် နွားတစ်ကောင်ရဲ့ ကျောပေါ်က ဆေးနီစက်ပေါ့… ဒါက ငါ့အတွက်ဆုလား…(ဒါမှမဟုတ်) ရွှေရောင်သုတ်ထားပြီး ဘောင်ရိုက်ထားတဲ့ စက္ကူစာရွက်တစ်ရွက်လား……။ ငါ့လူမျိုးတစ်စုအတွက် နေမဝင်အင်ပါယာ တဲ့လား….. ပြိုပျက်လောင်ကျွမ်းနေတဲ့ အဆောက်ဦးကြားက မီးခိုးတွေ….. သွေးစက်တွေ ၊မျက်ရည်စက်တွေ ၊ ငိုကြွေးကြေကွဲ ၊ပြိုကွဲပျက်စီး၊……. ၊မိသားစုတွေ၊ အမေတွေ ၊ဇနီးတွေ၊ သားသမီးတွေ၊ချစ်သူတွေ၊ အို….သူတို့ ပျော်နေတယ်လို့ ထင်မိလား…..။ အမှန်တရားတွက် တိုက်ခိုက်တဲ့ တိုက်ပွဲတွေကြားမှာ….. အမှန်တရားတွေ သေနေလိုက်တာ အလောင်းချင်းထပ်လို့….အို.. မြင်လို့မကောင်းတဲ့ သွေးစက်တွေ သေအံ့မူးမူးစစ်ကျွန် တစ်ယောက် နောက်ဆုံးခေါ်နေမိတဲ့ အမေေ၇…ချစ်သူေ၇…သားေ၇..သမီးေ၇..ကြားခဲ့မိကြရဲ့လား…….။ ရှင်သန်နေတဲ့ အမှားတွေကြားမှာ…. ဪ… […]


badbabylay09@gmail.comSeptember 4, 20101min1271
လူတိုင်းလူတိုင်း စကားပြောတတ်ကြပါတယ်။ မှန်တဲ့စကားလည်း ပြောတတ်ကြသလို မမှန်တဲ့ စကားလည်း ပြောတတ်ကြပါတယ်။ ကောင်းတဲ့စကားလည်း ပြောတတ်ကြသလို မကောင်းတဲ့ စကားလည်း ပြောတတ်ကြပါတယ်။ အနှစ်ရှိတဲ့စကားလည်း ပြောတတ်ကြသလို အနှစ်မရှိတဲ့ စကားလည်း ပြောတတ်ကြပါတယ်။ ဘယ်လိုစကားမျိုးပဲ ပြောပြော စကားဟာ ပြောပါများလာရင် အဲဒီစကားနောက်ကို တန်ပြန်သက်ရောက်မှုတွေက ရောက်လာတတ်ပါတယ်။ ကောင်းတဲ့စကား အပြောများရင်လည်း ကောင်းတဲ့ တန်ပြန်သက်ရောက်မှုတွေ ရောက်လာတတ်သလို မကောင်းတဲ့ စကား အပြောများရင်လည်း မကောင်းတဲ့ တန်ပြန်သက်ရောက်မှုတွေ ရောက်လာတတ်ပါတယ်။ ဒါဟာ စကားနောက် တရားပါတဲ့ သဘောပဲ ဖြစ်ပါတယ်။ ဒါကြောင့် စကားပြောတဲ့အခါ အစစ်အမှန် တရားတွေပါရအောင် ကောင်းတဲ့စကားတွေ ပြောကြဖို့ ဆိုခြင်း ဖြစ်ပါတယ်။ မှန်ပါတယ်။ “စကားနောက် တရားပါ”ဆိုတဲ့ ဒီဆိုရိုးစကားရဲ့ ဆိုလိုရင်းက စကားကောင်းပဲဖြစ်ဖြစ်၊ စကားဆိုးပဲဖြစ်ဖြစ် […]


badbabylay09@gmail.comSeptember 3, 20101min1770
သီလဝိသုဒ္ဓိဟူသော စကားကို “သီလစင်ကြယ်ခြင်း”ဟု အလွယ်နားလည်ထားနိုင်၏။ စင်ကြယ်ခြင်းကို ပါဠိစကားဖြင့် သုဒ္ဓိဟု ဖွင့်ပြ၏။ ဝိသုဒ္ဓိဟုဆိုလျှင်ကား အထူးစင်ကြယ်ခြင်းဟု ဝိသေသတပ်ကာ ပြောနိုင်ပေ၏။ ဝိသုဒ္ဓိမဂ် ကျမ်းပြုဆရာ အရှင်မြတ်က ဝိသုဒ္ဓိဟူသော စကားကို နိဗ္ဗာန်ဟူသော အဓိပ္ပါယ်အထိ ဖွင့်ဆိုရှင်းပြ၏။ မည်သို့ဆိုစေ စင်ကြယ်မှု၏ အရေးကြီးမှုကို ဖွင့်ဆိုရှင်းပြထားခြင်းပင် ဖြစ်ပါ၏။ ထိုစင်ကြယ်မှုတွင် အထက်အထက် မဂ်ဉာဏ်များရရှိနိုင်စေရန် လှေကားစောင်းတန်း သဖွယ်ဖြစ်သည့် သီလစင်ကြယ်မှုသည် အထူးအရေးကြီးလှပေ၏။ သီလမစင်ကြယ်လျှင်ကား အထိုက်အလျောက် သမာဓိဉာဏ်များ ဖြစ်နိုင်သော်လည်း လွတ်မြောက်ရာအမှန် ဝိပဿနာဉာဏ်ကို ရရန်မှာ အလွန်မလွယ်လှပေ။ ထို့ကြောင့် လွတ်မြောက်မှုလမ်း၏ အခြေခံဖြစ်သည့် သီလစင်ကြယ်မှုကို အထူးပြု၍ ကြိုးစားအားထုတ်ကြရန် တိုက်တွန်းတော်မူခြင်း ဖြစ်၏။ သီလဝိသုဒိ္ဓဖြစ်မှ စိတ္တဝိသုဒ္ဓိဖြစ်ကာ စိတ္တဝိသုဒ္ဓိဖြစ်မှ သမာဓိအားကောင်း၍ ဝိပဿနာဉာဏ် အားသန်မည်ဖြစ်သဖြင့် သီလစင်ကြယ်စေရန် […]