badbabylay09@gmail.comSeptember 3, 20101min1764
မြန်မာဗုဒ္ဓဘာသာ အများစုမှာ ဗုဒ္ဓဘာသာနဲ့ မသက်ဆိုင်တဲ့ ဘုရားဟော မဟုတ်တဲ့ အလွန်အရိုးစွဲနေတဲ့ ယုံကြည်ချက်တစ်ချို့ ရှိပါတယ်။ ဥပမာပြောရရင် သေသူကို သရဏဂုံတင်ပေးရမယ် ဆိုတဲ့အချက်၊ ဘုရားတောင်မှ မိဘကျေးဇူးကို နို့တစ်လုံးဘိုးပဲ ကျေအောင်ဆပ်နိုင်တယ်ဆိုတဲ့ အချက်၊ သာသနာ့ဘောင်ဝင်မယ့် မောင်ရှင်လောင်းကို နတ်ပြပေးရတယ်ဆိုတဲ့အချက်၊ အလှူပွဲတွေမှာ မိုးတားဖို့အတွက် ရှင်ဥပဂုတ်ပွဲထိုးပြီး မဏ္ဍပ်ရှေ့မှာ ချထားပေးလေ့ရှိတဲ့အချက် စတာတွေပါ။ ဒါတွေက အလွန်လွဲမှားပြီး ယနေ့အထိ အများလက်ခံ ယုံကြည်နေကြတဲ့ အရာတွေထဲက ထင်ရှားတဲ့ အချက်လေးတွေပါ။ ဒီအလွဲတွေထဲက နောက်တစ်ခုက ဝါတွင်းကာလ အိမ်ထောင်မပြုရ ဆိုတဲ့အချက်ကလည်း တစ်ခုအပါအဝင် ဖြစ်နေပြန်ပါပြီ။ ဝါမဝင်ခင် အိမ်ထောင်ပြုမှ ဖြစ်မယ်၊ ဝါကျွတ်မှ အိမ်ထောင်ပြုကြမယ်ဆိုတဲ့ အရိုးစွဲနေတဲ့ ဒီအချက်အပေါ်မှာ မျက်မှောက်ခေတ်လူငယ် အတော်များများ ဘဝင်မကျ ဖြစ်လာကြတာကို တွေ့ရပါတယ်။ ဝါတွင်းကာလ […]


badbabylay09@gmail.comSeptember 3, 20101min1452
စိတ်နှလုံးသည် အသက်၏ စမ်းရေပေါက် ဖြစ်သောကြောင့်သင်၏စိတ်ကို အထူးတလည်စောင့်ရှောက်ပါ… အဆင်းလှသော်လည်း သမာဓိမရှိသော မိန်းမသည်ဝက်၏ နှာခေါင်းဖျားတွင် တပ်ထားသော ရွှေကွင်းနှင့်တူသည်။ လမ်းတွင်လျှောက်သွားပြီး ခိုက်ရန်ဖြစ်ပွါးမှုတွင် ပါဝင်သော သူသည် ခွေး၏ နားရွက်ကို သွားကိုက်သောသူနှင့် တူသည်။ မြတ်နိုးခြင်းကြောင့် ကြောက်ရွံခြင်း ဖြစ်ရ၏။ From endearment springs grief. မြတ်နိုးခြင်းကြောင့် စိုးရိ်မ်ခြင်း ဖြစ်ရ၏။From endearment springs fear. မြတ်နိုးခြင်း ကင်းလွတ်သော သူမှာ စိုးရိမ်ခြင်း မရှိ။From endearment there is no grief. ကြောက်ရခြင်း အဘယ်မှာရှိမည်နည်း။Whence then fear. အသိဉာဏ်ရှိပြီး စဉ်းစားတွေးခေါ်နိုင်သော သူအားငါ့ဆီ လွှတ်လော့…..ငါသည်သူ့အားသင်ကြားပေးပြီးလမ်းပြပေးမည်။Send a person who has intelligence […]


badbabylay09@gmail.comSeptember 3, 20101min1213
abbot [head of monastery] = ကျောင်းထိုင်ဆရာတော် Ascetic =ယောဂီ ၊ ရသေ့ Authority =ဩဇာရှိသူ Bodhisatta [ future Buddha] = ဘုရားလောင်း Buddha =ဗုဒ္ဓမြတ်စွာဘုရား Buddha Image =ဗုဒ္ဓ ရုပ်ပွားတော် ၊ ဆင်းတုတော် Buddhism = ဗုဒ္ဓဘာသာ ၊ ဗုဒ္ဓဝါဒ Buddhist =ဗုဒ္ဓဘာသာကိုးကွယ်သူ Buddhist monk =ဘုန်းတော်ကြီး Buddhist scriptures =ပိဋ္ဌိကတ်တော်များ chapel =ဓမ္မာရုံ ၊ devotees = ဝတ်ပြု ကိုးကွယ်သူများ fate = ကံ Foot print of Buddha =ဗုဒ္ဓခြေတော်ရာ good […]


badbabylay09@gmail.comAugust 25, 20101min1183
မူးယစ်ဆေး ရောင်းနေတယ်လို့တော့ မထင်ပါနဲ့ဗျာ ဒီနေ့ လူငယ်ထု အတွင်းမှာ ရေပန်းအစားဆုံး နတ်ဒေဝီလေး တစ်ပါးအကြောင်း ပြောပြ ချင်လို့ပါ။ သူ့နာမည်ကတော့ Ecstacyတဲ့။ ဒီနေ့မှာတော့ လူငယ်လူရွယ် ဆင်းရဲမရွေး ချမ်းသာမရွေး သူ့ကို ချစ်ကြပါတယ်။ ကျွန်တော်တို့ မြန်မာပြည်မှာတော့ သူ့ကို အီး(န)လို့ ခေါ်ကြ ပါတယ်။ ခေါင်းလှုပ်ဆေး လို့လည်း ခေါ်ကြပါတယ်။ သူကို ခုကျွန်တော်နေထိုင်နေတဲ့ မလေးရှားနိုင်ငံ မှာတော့ စိတ်ကြွမူးယစ်ဆေးလို့ကို မယူဆတော့ဘူး။ သူတို့အတွက် ဒီဆေးဟာ နိုက်ကလပ်တွေ၊ဒစ်စကိုကလပ်တွေမှာ လူတိုင်းသုံးစွဲနေကြတဲ့ အရာတစ်ခုလို ဖြစ်နေတယ်။ ဒီလိုစိတ်ကြွ မူးယစ်ဆေးဝါးတွေဟာ မြန်မာပြည်ကို ၁၉၉ဝ ပြည့်နှစ်တွေမှာ စပြီးတော့နယ်စပ်ဒေသတွေကနေ မန္တလေးကို စဝင်လာပါတယ်။ အဲဒီအချိန်တုန်းက ဗမာပြည်အောက်ပိုင်းဒေသတွေမှာ ဒီလို စိတ်ကြွ မူးယစ်ဆေးဝါးတွေ ခေတ်မစားသေးပါဘူး။ အဲဒီအချိန်လောက်တုန်းကဆိုရင် အောက်မြန်မာပြည်မှာ […]


badbabylay09@gmail.comAugust 25, 20101min1752
ယခုခောတ် လူတော်တော်များများ အနောက်တိုင်းပုံစံကို အတုခိုးနေထိုင်ပြောဆိုသော်လည်း စကားထဲတွင် ရှေးစကားပုံများကို ထည့်သွင်းပြောလေ့ရှိကြသည်။ ထိုကြောင့် ကျွန်ုပ်သိသလောက် မြန်မာစကားပုံများကို သူငယ်ချင်းတို့လည်းသိစေရန် မှတ်သားထားသလောက် မျှဝေတင်ပြလိုက်ပါတယ်။ ဆင်ကျီစားရာ ဆိတ်မခံသာ ဆင်ကကျီစားသည့်သဘောဖြင့်ပြုမှုသော်လည်း ဆိတ်အဖို့မခံသာအောင်နာကျင်သကဲ့သို့ အင်အားကြီးသူက ထိခိုက်စေလိုသောသဘောမပါဘဲ ခပ်ပေါ့ပေါ့ ပြုလိုက်သောအမှုသည် အင်အားနည်းသူအဖို့ အခံသာအောင်ဖြစ်ရသည်။ ဖွတ်မရ ဓားမဆုံး ဖွတ်လည်းမရ ဓားမလည်းဆုံး သကဲ့သို့ ရည်မှန်းသည်ကို မရသည်အပြင် ရင်းနှီးစိုက်ထုတ်ထားသမျှပါ ဆုံးရှုံးရသည်။ မြင်းစီးလို့မှ အထီးမှန်း အမမှန်း မသိ မိမိစီးသောမြင်းကိုပင် အထီးမှန်း အမမှန်း မသိသကဲ့သို့ မိမိပြုလုပ်နေသော ကိစ္စကိုပင် ကွဲကွဲပြားပြားမသိပေ။ မစားရ အညှော်ခံ ဟင်းကိုမစားရဘဲနဲ့ အညှော်ခံပြီး သက်သက်မျှဖြစ်သကဲ့သို့ အခွင့်အရေးများကို မခံစားရဘဲနှင့် မျှော်လင့်ရရုံသက်သက်မျှဖြစ်သည်။ ကျည်ပွေ့အတက်ပေါက် ကျည်ပွေ့မှအသက်ပေါက်သည်ဆိုသကဲ့သို့ မည်သို့မျှအောင်မြင်မှုမရနိုင်ဟု အထင်ခံရသူသည် […]


badbabylay09@gmail.comAugust 23, 20101min1698
ဗုဒ္ဓဘာသာဝင်တွေကတော့ သေပြီးရင်နောက်ဘဝ ရှိသေးတယ်ဆိုတာကို ယုံကြည်တယ်၊ ပြီးတော့ကိုယ်ပြုတဲ့ ကံအားလျော်စွာ ဘဝအမျိုးမျိုးကို ရောက်နိုင်တယ်ဆိုတာကိုပါ လက်ခံကြတယ်။ မနေ့ကဘဲ အွန်လိုင်းကနေ စကားတခွန်း နားထောင်လိုက်ရပါတယ် စင်္ကာပူမှာ ဖြစ်ပျက်တဲ့ အဖြစ်အပျက်လေးပါ၊ မိမိနဲ့ရင်းနှီးတဲ့ အမတစ်ယောက်က အဲဒီ ကုမ္ပဏီမှာ အလုပ်လုပ်နေတာပါ၊ သူမပြောပြတာက ” ဦးဇင်းရေ CCTV ကင်မရာတွေမှာ လူအရိပ်လိုလို အရာတွေပေါ်နေတယ်တဲ့၊ ကင်မရာမှာ တခုခုများ ကပ်နေမလားဆိုပြီး သွားကြည့်တော့ ဘာမှမရှိပါဘူးတဲ့၊ သူတို့ Boss ရော သူတို့တတွေကော ယုံကြည်ကြတာက ဒါဟာ သရဲခြောက်တာဘဲလို့ ယုံကြည်ပါတယ်တဲ့ ၊ အဲဒါကို ဘယ်လို ဖြေရှင်း ကိုင်တွယ်ရမလဲဆိုတာ သိချင်ပါတယ်တဲ့”၊ ထေရဝါဒ ရှုဒေါင့်ကနေဘဲ ပြန်ပြီးပြောပြခဲ့ပါတယ်၊ တစ္ဆေ သရဲဆိုတာ လူတွေရဲ့ ပတ်ဝန်းကျင် အနီးအနားမှာ […]


badbabylay09@gmail.comAugust 21, 20101min1362
(၁၉၄ရ မတ်လ ရ ရက် ည ၆ နာရီ ၃၈ မိနစ်အချိန်တွင် ဗိုလ်ချုပ်အောင်ဆန်း၏ ကိုယ်စား ဗမာ့အသံမှ ဖတ်ကြား အသံလွှင့်သည့် “လူထုကို တပတ်မရိုက်” မိန့်ခွန်း မှ ကောက်နုတ်ချက်)   ကျနော်သည် တိုင်းပြည်ကို တခါဘူးမျှ တပတ်မရိုက်ခဲ့သည်ကို လူထုကောင်းကောင်း သိပါသည်။ အထူး ရှင်းပြနေစရာ မလိုပါ။ ဖက်ဆစ်ဂျပန် လက်ထက်က အသက်စွန့်ပြီး လက်ရုံးရည် သုံး သင့်သည့် အချိန်တွင် တိုင်းပြည်ကို တပတ်ရိုက်ပြီး ခေါင်းမ ရှောင်ခဲ့ပါ။ ကျနော်ကိုယ်တိုင် လက်နက်ကိုင်ပြီး တော်လှန် ခဲ့သည်။  ကျနော့်အတွက်မှာဆိုလျင် လက်ရုံးရည်နှင့် နှလုံးရည်သည် ဘာ မျှ ထူးခြားခြင်း မရှိပါ။ လူထု လွတ်လပ်ရေး တခုတည်းကိုသာ ရှေ့ရှုပြီး သင့်သလို […]


badbabylay09@gmail.comAugust 21, 20101min1622
—————————————- “ဖေဖေါ်ဝါရီဆယ့်သုံးမှာ ဗိုလ်ချုပ်မွေးနေ့ပါ ၊ တစ်ထောင်ကိုးရာတစ်ဆယ့်ငါး ရှေ့နေဦးဖာသား ၊ ဇာတိနတ်မောက်မကွေးခရိုင် သိကြများခုတိုင် ၊ကြံ့ကြံ့ခိုင်တဲ့ဇာနည်ဖွား၊ မိခင်ဒေါ်စုသား ။ တစ်ထောင်ကိုးရာလေးဆယ့်ခွန် ပြောင်းကြွတမလွန် ၊ မျက်ရည်ဖြိုင်လို့ ဘဝင်ညှိုး ဇူလိုင်တစ်ဆယ့်ကိုး ၊ ပြည်ထောင်လွတ်ရေးကြိုးပမ်းအောင် ပြည်ချစ်ဒို့ ခေါင်းဆောင် ၊ဆိုရှယ်လစ်ဘောင်လမ်းစဉ်များ ဗိုလ်ချုပ်ချမှတ်သွား ။ ပြည်ထောင်စုရဲ့ကျေး ဇူးရှင် ဗိုလ်ချုပ်တို့ဖခင် ၊ ကောင်းစေချင်တဲ့မှာစကား ငါတို့မမေ့အား ။’’ ငါတို့ဗိုလ်ချုပ်သာ သက်ရှိထင်ရှားရှိမယ်ဆို ၊ ခု ၂၀၁ဝ ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့မှာ အသက် ၉၅ နှစ်ရှိပြီပေါ့….. ၊ ငါတို့ဗိုလ်ချုပ်ဆိုတာလား…? အေးပေါ့……ငါတို့ ရွယ်တူ ဒါမှမဟုတ် ငါတို့ထက်ငယ်တဲ့ တချို့တချို့သူတွေ ဘယ်သိနိုင်ပါ့မလဲ ၊ဗမာပြည်ရဲ့ စစ်အာဏာရှင်တွေက ငါတို့ဗိုလ်ချုပ်ကိုမှေးမှိန်အောင် ဖျောက်ဖျက်ဖုံးကွယ်ထားကြတာကိုး […]


badbabylay09@gmail.comAugust 21, 20101min830
၁) ငါးများများစားပေးပါ။ ငါးများမှာမျက်ခုံးထဲကမျက်ရည်ခမ်းခြောက်ခြင်းကို တားဆီးပေးတဲ့ omega-3 fatty acid များစွာပါဝင်တယ်။ ငါးမကြိုက်သူများငါကြီးဆီဆေးလုံးများကိုအသုံးပြုနိုင်ပါတယ်။ ၂) ရေကူးမယ်ဆိုရင်ရေငုပ်မျက်မှန်တပ်ပြီးကူးရင် ပိုကောင်းတယ်။ရေထဲက ကလိုရင်းဓါတ်တွေကိုအကာအကွယ်ပေးတယ်။ဆောက်လုပ်ရေးတို.၊စက်ပြင်ဆရာတို.ဆိုရင်လည်းအကာအကွယ်မျက်မှန်တပ်ဆင်သင့်ပါတယ်။ မတော်တဆထိခိုက်မှုတွေဖြစ်တပ်ပီး cornea လို. ခေါ်တဲ့ မျက်ကြည်လွှာကို ထိခိုက်စေနိုင်ပါတယ်။ ၃) ကားမောင်းစဉ် ခေအေးပေးစက် ဒလက်ပြားတွေကို မျက်နှာ တည့်တည့်မချိန်ထားဘဲ ခြေထောက်လောက်အထိကိုချိန်ထားပါ။ မျက်နှာတည့်တည့်ထားရင်လေအေးပေးစက်ကထွက်လာတဲ့လေဟာမျက်လုံးထဲက မျက်ရည်တွေကို ရေမြုပ်လို စုပ်ယူတက်တယ်။ ဒါကြောင့်ခြေထောက်လောက်ကိုစိုက်ထားပါ။ မျက်ရည်ခမ်းခြောက်တာများသွားရင် မျက်ကြည်လွှာပျက်စီးတက်ရုံမက ကြာရင်မျက်စိပါကွယ်သွာဒးနိုင်ပါတယ်။ ၄) ဟင်ချက်ရင် အခြားကြက်သွန်တွေထက်ကြက်သွန်နီကို ပိုသုံးပေးပါ။ကြက်သွန်နီမှာ မျက်စိတိမ်ကွယ်ခြင်းမှ ကာကွယ်ပေးတဲ့ဓါတ်တစ်မျိုးပါဝင်လို.ပါ။ ၅) အိမ်အပြင်နေကူထဲသွားရင်နေကာမျက်မှန်တပ်ပေးပါ။ စူရှတဲ့နေရောင်ခြည်ကို ကာကွယ်ပေးရုံမက လေတိုက်ခတ်ခြင်းကြောင့် ဖြစ်ပေါ်လာတတ်တဲ့ မျက်ရည်ခမ်းခြောက်ခြင်းကိုလည်းကာကွယ်ပေးပါတယ်။ ၆) ညစာစားတဲ့အခါ စိမ်းစာဥစားပေးသင့်တယ်။ ညမြင်ကွင်းပိုကောင်းစေတဲ့ vitamin a ပါဝင်တယ်။ ၇) […]


badbabylay09@gmail.comAugust 21, 20101min1620
ဘုရား၊ တရား၊ သံဃာ လို့ ရတနာသုံးပါးရှိတဲ့အတွက် ဂုဏ်တော်ကလည်း ဘုရားဂုဏ်တော်၊ တရားဂုဏ်တော်၊ သံဃာဂုဏ်တော် လို့ သုံးမျိုးရှိပါတယ်။ ဒါပေမဲ့ ဗုဒ္ဓဘာသာဝင်အများစုက ဘုရားဂုဏ်တော်ကိုပဲ ပုတီးစိပ်ကြ၊ ပွားများကြတဲ့အတွက် ဂုဏ်တော်ပုတီးစိပ်တယ်၊ ဂုဏ်တော်ပွားများတယ်လို့ ပြောလိုက်ရင် ဘာဂုဏ်တော်လဲလို့ မေးနေစရာမလိုဘဲ ဘုရားဂုဏ်တော် ဆိုတာ ချက်ချင်းသိကြပါတယ်။ အခုဒကာ မင်းသီဟသော် သိချင်တဲ့ ဂုဏ်တော်ပွားခြင်းအကျိုးဆိုတာလည်း ဘုရားဂုဏ်တော်ပွားခြင်း အကျိုးပဲလို့ ယူဆပါတယ်။ ဂုဏ်တော်ပွားတယ်ဆိုတာ တကယ်တော့ မိတ္တူကူးတာပါ။ မြတ်စွာဘုရားရှင်မှာရှိတဲ့ စိတ်ကောင်းစိတ်မြတ်တွေ၊ ဓာတ်ကောင်း ဓာတ်မြတ်တွေကို ကိုယ့်စိတ်ထဲ ကိုယ့်နှလုံးသားထဲမှာ စိမ့်ဝင်ပျံ့နှံ့လာအောင် မိတ္တူကူးယူတာပါ။ မြတ်စွာဘုရားရှင်ရဲ့ စိတ်ဓာတ် အရည်အသွေးတွေ၊ လုပ်ရပ် အရည်အသွေးတွေ ကိုယ့်ဘဝထဲ ရောက်လာအောင် မိတ္တူကူးယူတာပါ။ မြတ်စွာဘုရားရှင်ရဲ့ဂုဏ်တော်တစ်ခုကို ပွားရင် အဲဒီဂုဏ်တော်တစ်ခုရဲ့ အရည်အသွေးမျိုး ကိုယ့်စိတ်မှာ […]


badbabylay09@gmail.comAugust 21, 20101min800
အရဟံ ဗဟိအန္တဇယံ သုဂတံ၊ အမိတံ ဝိရဇံ လလိတံ အတုလံ။ စရဏံ တိဘဝူပသမံ ယမကံ၊ သုခဒံ သရဏံ ပဏမာမိ ဇိနံ။ အရဟံ – ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရားကို၊ ပဏမာမိ – ရှိခိုးပါ၏ ဘုရား။ ဗဟိအန္တဇယံ – အတွင်းအပရန်ကို အောင်တော်မူသော မြတ်စွာဘုရားကို၊ ပဏမာမိ – ရှိခိုးပါ၏ ဘုရား။ သုဂတံ – ကောင်းသောစကားကို ဟောပြောတတ်သော မြတ်စွာဘုရားကို၊ ပဏမာမိ – ရှိခိုးပါ၏ ဘုရား။ အမိတံ – မနှိုင်းယှဉ်နိုင်သည့် တန်ခိုးပြာဋိဟာရှိသော မြတ်စွာဘုရားကို၊ ပဏမာမိ – ရှိခိုးပါ၏ ဘုရား။ ဝိရဇံ – ကိလေသာမြူ ကင်းတော်မူသော မြတ်စွာဘုရာားကို၊ […]


badbabylay09@gmail.comAugust 21, 20101min1241
“မဂ်” ၏ အဓိပ္ပါယ် ရှုမှတ်ပွားများနေရမှာက ယောဂီတို့ရဲ့အလုပ်ပါ။ မဂ်ဖိုလ်ဆိုတာ သူ့အချိန်တန်ရင် ရမှာပါပဲ။ မဂ်ရတယ်ဆိုတာ အလုံးကြီး အခဲကြီးရသလို ထင်မနေပါနဲ့။ – လမ်းခရီးကို ဟောတဲ့ မဂ္ဂ သဒ္ဒါက တစ်ခု၊ – မဂ်ဉာဏ်ကိုဟောတဲ့ မဂ္ဂ သဒ္ဒါက တစ်ခု – စုစုပေါင်းနှစ်ခု ရှိတယ်။ လမ်းခရီးကို ဟောတဲ့ မဂ္ဂ သဒ္ဒါက “မ” ရော “ဂငယ်” နှစ်လုံးရော နှစ်ခုပေါင်းမှ လမ်းခရီးဆိုတဲ့အနက်ကို ဟောနိုင်တယ်။ မဂ်ဉာဏ်ကိုဟောတဲ့ မဂ္ဂ သဒ္ဒါကျတော့ “မ” ကလည်း အနက်တစ်မျိုးကို ဟောနိုင်တယ်။ “ဂငယ်” ကလည်း အနက်တစ်မျိုးကို ဟောနိုင်တယ်။ ဝိဂြိုဟ် ဆိုလိုက်တော့ “ကိလေသေ- မာရေတီတိမော ဂစ္ဆတီတိဂေါ – မောစသော […]