black chawNovember 3, 20111min1488
ကျွန်တော် မနေ့က တင်တဲ့ ပို့စ်ထဲမှာ ဂဇက် တံခါးစောင့်ကြီး ပို့စ် ကို ဆက်ရေးသင့်သလားဆိုတာ ဆန္ဒ တောင်းခံ ကြည့်ပါတယ်။ ဘာလို့ဆို သူများရေးထားတာကို ကျွန်တော်က ပိုင်စိုးပိုင်နင်း ဆရာကြီးလိုလိုဘာလိုလိုနဲ့ သုံးသပ်ရလောက်အောင် မင်းကဘာကောင်လဲ လို့ မေးလာရင် အခက်သားလား။ ဟိုတစ်နေ့က မိုးစက်က သူ့ကို ဆရာမ မိုးစက်လို့ သုံးနှုန်းထားသဖြင့် မိုးစက်က ဆရာမမဟုတ်ဘူးနော် လို့ ကွန်းမန့်မှ ပြောပါသည်။ မနေ့က ဆူးကလည်း ဆရာမ လို့ မခံယူဝံ့သေးပါ ဟု ပြောပြန်ပါသည်။ ကျွန်တော် ဆိုလိုသည်မှာ ကျွန်တော် တို့အားလုံး စာရေးသူများဖြစ်နေကြပါပြီ။ အခကြေးငွေ ရယူသော စာရေးဆရာမဟုတ်တောင် ကိုယ့်အမြင်ကိုယ့်အတွေးကို ဝေမျှနေကြသော စာရေးသူတွေဖြစ်နေကြပါပြီ။ ဒါကြောင့် ယောင်္ကျားဆိုရင် ဆရာ တတ်ခေါ်ပါသည်။ […]


black chawNovember 2, 20111min14019
တန်ဆောင်မုန်း လပြည့်နေ့ နီးလာပြီ ဖြစ်သည့်အလျောက် ရပ်ကွက်ထဲမှ ကထိန် အလှူတစ်ခုမှ ဖွင့်သည့် သီချင်းသံကို ကြားမိရာမှ ဒီပို့စ်လေးကို ရေးဖြစ် ပါသည်။ မြန်မာတွေ အလှူအတန်းမှာ ဝါသနာ ထုံကြပါသည်။ နိုင်ငံ့ မျက်နှာဖုံး သူဌေးကြီးတွေကလည်း ဘွဲ့တံဆိပ်တွေ ချီးမြှင့်ခြင်းခံရလောက်အောင် တိုင်းသိပြည်သိ လှူကြတန်းကြပါသည်။ လူလတ်တန်းစား ကလည်း လူလတ်တန်းစား အထွာနှင့် လှူကြတန်းကြသလို ရပ်ကွက်ထဲမှ ဆိုက်ကားနင်းသည့် လူတွေကလည်း ဆိုက်ကားသမားများ ကထိန် ဆိုပြီး အလှူအတန်းကို နိုင်သလောက်လုပ်ကြသော လူမျိုးဖြစ်ပါသည်။ နာဂစ် မုန်တိုင်းကြီး မွှေသွားလို့ စိစိညက်ညက် ဖြစ်သွားသော ဒေသများကိုလည်း တတ်နိုင်သလောက် မည်သူ့တိုက်တွန်း ချက်မှ မပါပဲ ကားကိုယ်စီဖြင့် အခက်အခဲများကြားမှ လိုအပ်နေသော အရာများကို လှူနေတန်းနေကြသည်ကို ကြည့်ပြီး ပီတိဖြစ်မိပါသည်။ […]


black chawNovember 2, 20111min18534
တစ်ပုဒ်ချင်းသေသေချာချာ ဖတ်ပါလျက်နှင့် ကျန်ခဲ့ပါသော ဆရာကိုပေါက်နှင့် ဆရာမ ဆူးတို့၏ ပို့စ်လေးနှစ်ခုကို  အားနာစွာ လက်ကျန်ရှင်းတမ်း လုပ်ဖြစ်ပါသည်။ အကြွေးဆပ်တယ်လို့ပဲ သဘောထားပါဗျာ။ မန်းဂဇက် ၏ ဘက်ဆဲလား ဆရာမ ဆူး ၏ Easy Cook ကို rewind ပြန်လုပ်ဖြစ်ပါသည်။ ကွန်းမန့်ပေါင်း ၄၃ ခု ချီးမြှင့်ခံထားရသော ပို့စ် ဖြစ်ပါသည်။ ဒါပေမယ့် ဆိုင်သစ်ဖွင့်ပွဲ ဖိတ်ကြားလွှာ ဆိုသည့် ဖိတ်စာပုံလေးနှင့် ဆူရှီ ပုံလေးများသာ ဖေါ်ပြထားခြင်းဖြစ်ပါသည်။ ဖိတ်စာပါ စာမှာ ကျွန်မ၏ Easy Cook Sushi ဆိုင်သစ်ဖွင့်ပွဲသို့ လူကြီးမင်းများ လာရောက်သုံးဆောင်ကြပါရန် ဝေဝေ နှင့် ဆူးမှ လေးစားစွာ ဖိတ်ကြားအပ်ပါသည်။ အချိန် – နေ့လယ် ၁ […]


black chawNovember 1, 20111min24431
ကျွန်တော်က ကိုသစ်မင်းကို အဆောင်နေကျောင်းသားတစ်ယောက်ရဲ့ နောက်ဆုံးနှစ်ရင်ခုန်သံကို ဖတ်ချင်ပါသည်ဟု ညနေက ကွန်းမန့်မှတဆင့်တောင်းဆို ခဲ့ပါသည်။ ကိုသစ်မင်း က ညဦးပိုင်းမှာပင် ချစ်ခင်ခဲ့ရပါသော အတိတ်တစ်ခု ခေါင်းစဉ်ဖြင့် အဆောင်ကို နောက်ဆုံးခွဲခွာခဲ့ရသော ကျောင်းသားတစ်ယောက်၏ ရင်ခုန်သံကို ရေးပြသွားခဲ့ပါသည်။ ကျေးဇူးပါ ကိုသစ်မင်းရေ။ ကျွန်တော် နောက် ကြောင်းပြန်နေတဲ့ မအောင်မြင်တဲ့ သီချင်းရေးဆရာ ဘလက် အကြောင်းက အဲဒီနောက်ဆုံးနှစ်မှာ ကျွန်တော့်ကို ကျောင်းမှာ မျက်နှာ ပွင့်စေခဲ့တဲ့ နှုတ်ဆက်ချိန် ဆိုတဲ့ သီချင်းလေးအကြောင်း ပြောချင်လို့ပါဗျာ။ လေးနှစ်လုံးလုံး ဘဝရဲ ့ အပျော်ရဆုံးအချိန်တွေကို ဖြတ်သန်းခဲ့ရတဲ့ ကျောင်းသားဘဝရဲ့ နောက်ဆုံးအချိန်ဆိုတာ တွေးကြည့်ရင်တကယ် ဝမ်းနည်းစရာကြီးပါဗျာ။ ကိုသစ်မင်းရေ။ ကျွန်တော် တို့ နောက်ဆုံးနှစ်မှာ သမိုင်းဝန်း ထဲက မိန်းကလေးသူငယ်ချင်းတွေ အကုန်လုံး မာလာဆောင်ကို […]


black chawNovember 1, 20112min25819
ဒီရက်ပိုင်း ကော်နက်ရှင်က ပိုပိုဆိုးလာနေပါသည်။ ပို့စ် တင်သူတွေလည်း တစ်ဝက်ပဲပါလိုပါ၊ နှစ်ခုဖြစ်လိုဖြစ်နှင့် ရွာကို နာဂစ် ဝင်မွှေထားသကဲ့သို့ ဖြစ်နေပါ၏။ ပြီးခဲ့တဲ့ တစ်ခေါက်က ဂဇက်တံခါးစောင့် ကြီးတွင် သုံးရက်စာ ရေးလိုက်နိုင်သော်လည်း ဒီတစ်ခေါက်တော့ အောက်တိုဘာ ၂ရ ရက် နေ့စွဲ ဖြင့် တက်လာသော ပို့စ် များကိုသာ ဖတ်ပြီး ပြန်ရေးဖြစ်ပါသည်။ ကျွန်တော်ရေးထားသည်များကို သည်းခံခွင့်လွှတ် ဖတ်ရှု ပေးပါသော ရွာသူရွာသားများကိုလည်း ကျေးဇူးတင်ပါသည်။ Parlayar46 ၏ သုံးကိုယ်ဘယ်နှယ့်ခွဲပါ့မယ် ပို့စ် က စဖတ်ဖြစ်ပါသည်။ “တာဝန်မဲ့သော ဆေးရုံ ဆေးခန်း နဲ့ ဆေးဘက်ဝန်ထမ်းတွေရဲ့ ဒါဏ်ကိုခံထားရတာများ လို့(အရင်းအချာထဲမှာတင် အသက်သုံးချောင်း) အသံထုတ်ပြီး ငရုပ်သီးစပ်ချင်တာကလဲ တမျိုး……….။” ဒီတစ်ကိုယ်က တာဝန်မဲ့တဲ့ ဆေးရုံဆေးခန်းတွေရဲ့ ဒဏ်ကို […]


black chawNovember 1, 20111min56
ဆရာမ မိုးစက် ရဲ့ ယုံချင်ယုံမယုံချင်နေ ဆိုတဲ့ ပို့စ်လေးတင်လာပါသည်။ ငယ်စဉ် ၁၁ နှစ်သမီးအရွယ် ၆ တန်းကျောင်းသူလေး မိုးစက် ဆေးရုံတစ်ခုတွင် မြင်ခဲ့ရသော မိန်းခလေးပုံရိပ်လေးတစ်ခု အကြောင်း ကို ပြန်ပြောပြထားခြင်းဖြစ်ပါသည်။ ဆေးရုံမှာ ဒါမျိုးဇာတ်လမ်းတွေ ကြားဘူး ပါသည်။ ယုံတယ်မယုံဘူးဆိုတာထက် ဖြစ်နိုင်ပါတယ်လို့ မှတ်ချက်ပေးပါရစေဗျာ။ ကြောင်ကြီးမန်းထားတာလေးဖတ်ပြီး ပြုံးမိပါသည်။ ဖတ်ကြည့်ကြပါ။ တော်တော်ရိုးတဲ့ကြောင်၊ ပုံထဲကလိုပဲ ပုံ့ပုံ့ ကြီး ထိုင်ပေးနေပါမယ်တဲ့။ အခုမှ သူ့ပုံကိုပြန်ကြည့်မိတယ်။ ဟုတ်တယ်ဗျ၊ ပုံ့ပုံ့ကြီး။ “မိုးစက်လေး ကြောက်ရင် ဦးကြောင်ကို ဖက်ထားလိုက်၊ ဦးကြောင် ဘာမှမလုပ်တတ်ဘူး၊ ပုံထဲကလို ပုံ့ပုံ့ကြီး ထိုင်ပေးနေမယ်။  ဒါ………………………..မင်းကိုချစ်လို့……………………………………….” Water-melon ၏ ရှူးတိုးတိုး ပို့စ်ကို ဆက်ဖတ်ဖြစ်ပါသည်။ ရွာမှာ ရေဒီယိုဖြင့် ဖုန်းခိုးနားထောင်ကြ၍ […]


black chawOctober 31, 20111min33522
သူကြီး ၏ “သတ်သေနေကြလေသတည်း”  ပို့စ်ကို ဖတ်ပြီး တွေးမိပါတယ်။ သတ်သေဘို့ ကြံစည်ကြိုးပမ်း ခဲ့ပေမယ့် အကြံမအောင်တဲ့လူတွေ ဘယ်နှစ်ယောက်လောက်ရှိမလဲဆိုပြီး ဂွကျကျ တွေးမိပါတယ်။ ဟုတ်ပါတယ် မိမိကိုယ်ကို သတ်သေတိုင်း အကြံအောင်ခဲ့ကြတာတော့ မဟုတ်ပါဘူး။ အဲဒီလို အကြံမအောင်ခဲ့ရင် ထောင်ချမယ့် ဥပဒေကြီးကလည်း ရှိနေတော့ သေရင်သေ မသေရင်ထောင်ပဲဆိုတာ သေချာနေပါတော့တယ်။ ဆရာကြီးရွှေဥဒေါင်း ရဲ့ ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်းအပေါ် အမြင်လေးကို သတိရမိပါသည်။ ပြီးခဲ့တဲ့ တစ်လလောက်က “အရက်သောက်ခြင်းသည် ဒုစရိုက်မဟုတ်” နာမည်ဖြင့် ပိုစ်တစ်ခုကို ဆရာကြီးရွှေဥဒေါင်း ၏ အတွေးဒေါင့်လေး အဖြစ် ကျွန်တော်တင်ပြခဲ့ဘူးပါသည်။ ထိုပို့စ်တွင် ကြောင်ကြီး က ဆရာကြီး၏ ဓမ္မဆောင်းပါးများကို မနောတံခါးလေးဖွင့်ပြီး ဖတ်စေလိုပါတယ် ဟု မန်းခဲ့ဘူးပါသည်။ ယခု ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်းအပေါ် […]


black chawOctober 30, 20111min42721
နံနက်ခင်းတစ်ခုတွင်ဖြစ်ပါသည်။ ဘလက် နှင့် သူငယ်ချင်းတစ်စုသည် ရန်ကုန်တက္ကသိုလ်စာတိုက်ဝန်းအတွင်းရှိ အသည်းပန်းလက်ဖက်ရည်ဆိုင် တွင် ထိုင်လျက် နံနက်စာဘရိတ်ဖတ်ကို သုံးဆောင် နေကြခိုက်လည်းဖြစ်ပါ၏။ ဘလက် တို့ သူငယ်ချင်းများမှာ ထိုအချိန်က ဘောလုံးပွဲလောင်း ကစားခြင်း ကို နှစ်ခြိုက်စွာ ပြုလုပ်လျက် ရှိသော အချိန်ကာလများဖြစ်ပါသည်။ နံနက်စာ စားလျက်ရှိသော ဘလက်တို့တစ်စုတွင် ဘောလုံးဒိုင်တစ် ယောက်ဖြစ်သည့် ကိုကျော်ဆိုသူလည်းပါဝင်ပါ၏။ ကျန်သူများကား ကိုကျော့်ထံတွင့် ဘောလုံးပွဲလောင်းသော သူများသာဖြစ်ပါ၏။ ကိုကျော်သည် လက်ဖက်ရည်ဝိုင်းကို ဦးဆောင်လျက် ညကကန်သော ဘောလုံးပွဲအကြောင်းကို မြိန်ရေယှက်ရေကြီး ပြန်ပြောပြနေစဉ်မှာ ပင် ၎င်း၏ဟန်းဖုန်းမှ ဖုန်းမြည်သံကိုကြားလိုက်ရပါ၏။ ကိုကျော်က ပြောလက်စ စကားကို ရပ်၍ ဖုန်း ကိုတစ်ချက်ကြည့်ပြီး မောင်မောင့် ဆီကဖုန်း ဟုပြောလိုက်ပြီး ဖုန်းပြန်ဖြေခြင်းအမှုကိုပြုပါလေ၏။ “ မောင်မောင် ပြောပါ […]


black chawOctober 30, 20111min14814
တကယ်တော့ ဘလက်က စာရေးလေ့ရှိသူတစ်ယောက်မဟုတ်ပါ။ စာဖတ်သူတစ်ယောက်သာ ဖြစ်ပါသည်။ သို့သော် စိတ်ဓါတ်ကျနေသော အချိန်တစ်ခုတွင် ဖွင့်ဖတ်မိသော မန်းဂဇက်က ဘလက် ၏ စိတ်ကို လန်းဆန်းစေခဲ့ တက်ကြွစေခဲ့ကြောင်း ဝန်ခံချင်ပါသည်။ ဘလက် က ထိုစဉ်က အလုပ်ခွင်တစ်ခု၏ Admin Manager လုပ်နေသောအချိန်ဖြစ်ပါသည်။ သင်တန်းတွေတက်ပြီး လက်တွေ့ အသုံးချချင်နေသော ဘလက်နှင့် ရှေးရိုးစွဲ အလုပ်ရှင်များကြား အမြင်မတူညီမှုကြောင့် ရခဲ့သော Stress တွေက ဂဇက်ထဲရောက်လျှင် နည်းနည်း လျော့သွားသလိုခံစားရပါ၏။ ဘလက်အတွက်တော့ မန်းဂဇက်သည် Stress တွေပတ်လည်ဝိုင်းနေသော ပင်လယ်ကြီးတစ်ခုအတွင်းမှ စိတ်ဖြေရာကျွန်လေးတစ်ကျွန်း ဖြစ်ပါသည်။ တစ်နေ့က ဓါတ်ပုံဖေါ်ပြသော ကိုဖက်တီး ၏ သတ္တိ ကို အားကျမိပါသည်။ နောက် နီဂိမိ ဟူသော ပုဂိ္ဂုလ် အကောင်းစားလေးတစ်ယောက်ကလည်း […]


black chawOctober 28, 20111min40535
ဒီရက်ပိုင်း ဂဇက်တံခါးပေါက်မှ ဝင်ရောက်လာကြကုန်သော ပို့စ် အရေအတွက် လျော့ကျသွားသည် ဟု ထင်မိပါ သည်။ ရေအောက်က ကော်နက်ရှင် က ပို့စ် တင်သူတွေကို စိတ်ပျက်စေသည်ဟုထင်မိပါသည်။ တံခါးစောင့်ကြီး ဘလက် တစ်ယောက် တတ်နိုင်သလောက် ဖတ်ပြီး ပြန်ရေးပေးဖြစ်ပါသည်။ ၂၄ ရက် အောက်တိုဘာမှ ၂၆ ရက် အောက်တိုဘာအတွင်း တက်သော ပို့စ်များကို ဖတ်ပြီး ရေးထားခြင်းဖြစ်ပါသည်။ Etone ၏ အမျိုးသမီးထုကြားမှ hang tag ဖက်ရှင်လား ဆိုသည့်ပို့စ်လေးက စဖတ်ဖြစ်ပါသည်။ အိတ် သုံးစွဲသူ အမျိုးသမီးများ hang tag လို့ ခေါ်သော ကတ်ပြားလေးတွေကို ဖြုတ်မပစ်ပါပဲ သုံးစွဲလာကြတာကို စာရေးသူက hang tag ဆိုတာ အလှဆင် ပစ္စည်း […]


black chawOctober 27, 20116min28922
  ဒီရက်ပိုင်း ဆရာ အင်ဇာဂီ၊ ဆရာ charm boy ၊ ဆရာ ကိုချို၊ ဆရာ ကိုစိန်သော့ တို့ရဲ့ pro ရိုက်ချက်တွေကို မြင်ရတဲ့အတွက် အပျော်တမ်း ဓါတ်ပုံကင်မရာလေးနှင့်သာ နှစ်ပါးသွားနေရပါသော ကျွန်တော့် မှာ နည်းနည်း စိတ်အားငယ်မိသည်အထိ ဖြစ်ရပါသည်။ သို့သော်တဲ့လည်းပေါ့လေ တကူးတက မဟုတ်သော်ငြားလည်း ပန်းလှလှ တွေ့ပြန်တော့လည်း လက်ကမနေနိုင်ဖြစ်ပြီး ရိုက်ဖြစ်ရပြန်ပါသည်။ ရွာသူရွာသားတွေလည်း သည်းခံခွင့်လွှတ်ပြီး ကြည့်ပေးကြပါလို့ ကြိုတင် တောင်းပန်အပ်ပါသည်ခင်ဗျား။                                     နည်းနည်းလေး […]


black chawOctober 26, 20111min1399
ဘလက်ချော မေးလ်ထဲကရပြန်ပါတဲ့ ချစ်သူကို စိတ်မချဖြစ်နေတဲ့ ရွာသူတွေ အသုံးဝင်မယ့် လင့်လေးတစ်ခုကို ဝေမျှ ပေးချင်ပါတယ်။ ရွာသူားတွေ သိပြီးသား၊ တင်ပြီးသား ဖြစ်နေရင်လည်း ဝိုင်းသာဆဲကြပါတော့ဗျာ။ မြန်မာပြည်ကြီးတိုးတက်နေတာ ရွာသူရွာသားတွေ အမြင်ပါပဲ။ လူတစ်ယောက် ဟန်းဖုန်းတစ်လုံး ကိုင်နိုင်တဲ့ ခေတ်ကို ရောက်နေပါပြီ။ ဟန်းဖုန်းကနေ ခြေရာခံတဲ့ စံနစ် ပေါ်နေပါပြီဗျာ။ ခင်ဗျားတို့ရဲ့ ချစ်သူမှာ ဟန်းဖုန်းလေး တစ်လုံးတော့ ရှိရမယ်၊ ဖုန်းဖွင့်ထားဘို့လည်း လိုလိမ့်မယ်။ ဂြိုဟ်တုကနေ ခင်ဗျားတို့ချစ်သူရဲ့ ဖုန်းကိုချိတ်ဆက်ပြီး ဖုန်းပတ်ဝန်းကျင်က ပုံရိပ်တွေကို ဖေါ်ပြပါလိမ့်မယ်။ ရှေ့က ကုဒ်နံပတ် ခံစရာမလိုပါဘူး၊ ဖုန်းနံပတ်ကိုသာ အစအဆုံးရိုက်ထည့်လိုက်ပါ။ ရွာသူတွေ ကိုယ့်ချစ်သူ ကို ခုချက်ခြင်း လှမ်းချက်လို့ရပါပြီနော်၊ အောက်ကလင့်လေးက ကူညီပါလိမ့်မယ်။ နိုင်ငံ နာမည် ရွေး၊ ကိုယ့်ချစ်သူရဲ့ […]


black chawOctober 26, 20111min35624
ဘာသာရေးဆောင်းပါးများကို ကျွန်တော် ဖတ်ခဲပါသည်။ ဘုန်းကြီးဝတ်ချိန်လောက်သာ ဆရာတော်အချို့၏ ဘာသာရေး စာအုပ်တချို့ ဖတ်ဘူးပါသည်။ ရွာထဲရောက်တော့ ကံငါးပါးအကြောင်း ရေးသည့် ကိုငြိမ်းအေး ၏ ပို့စ်တွေကို သူကြီးက sticky လုပ်ပေးထားပါသဖြင့် ဖတ်ကြည့်ဘူးပါသည်။ ဝင်တော့ မဆွေးနွေးဖြစ်ပါ။ လွန်ခဲ့သည့် တစ်ပတ်လောက်က မေတ္တာရှင်(ရွှေပြည်သာ) ၏ သင်လူတစ်ယောက်ဖြစ်ပြီလား စာအုပ်ကို ဖတ်စရာစာအုပ်မရှိ၍ (အမှန်အတိုင်းပြောတာပါ) ဖတ်ဖြစ်ပါသည်။ သို့သော် ဇာတ်လမ်းလေးတွေနှင့် စိတ်ဝင်စားအောင် ရေးထားပါသဖြင့် လက်က မချနိုင်ပဲ ဆက်ဖတ် ဖြစ်ပါသည်။ စာမျက်နှာ ၄၅ အရောက်တွင် ပါဏာတိပါတာကံနှင့်ပတ်သက်၍ ကုလားအစ်နှင့် မြန်မာအစ်ဆိုသည့် ခေါင်းစဉ်ပါ စာအချို့ကို ရွာသူရွာသားများ ဖတ်သင့်သည် ထင်ပါသဖြင့် အရင်းအတိုင်း တင်ပြခွင့်ပြုပါ။ ကျွန်တော့်အာဘော် လုံးဝမဟုတ်ပါကြောင်း နှင့် ဆွေးနွေးစရာ ရှိပါက […]