cobraAugust 21, 20101min1473
အာရုဏ်ဦးမှာ မူးသည့်ငါ ” ဇာတ်ကားအား ဆန့်ကျင်ရှုံ့ချနေသူများအား ကန့်ကွက်ဆန့်ကျင်မှုများအပေါ် အပြစ်တင်ဝေဖန်သူများအား ဆန့်ကျင်ကန့်ကွက်မှုအပေါ် ကန့်ကွက်တားဆီးနေသူများအား လေးနက်စွာရှုံ့ချထုတ်ပြန်ကြေငြာ ချက်များ စာရေးသူ ၏ အမှာစာ။ ။ ယနေ့ အင်တာနက်မှ နိုင်ငံရေး စာမျက်နှာများအား တစ်စိုက်မတ်မတ် မရပ်မနား အနီးကပ်လေ့လာနေသော မျက်စိမှုန်သူများ ၏ သုံးသပ်ချက်အရ အာရုဏ်ဦးမှာမူးသည့်ငါ ဆိုသော ဓါတ်ရှင်ဇာတ်ကားကြီးသည် အတိတ် ကိုမှားယွင်းစွာဖေါ်ပြထားသော ထီလက်မှတ်များ မကြာခဏ ရောင်းချလေ့ရှိသည့် ကိုမြင့်သိန်း၏ မယားညီအကို သိန်းဝင်း ၏ ခယ်မ နွဲ့နွဲ့ကြည် ၏ လင်ပါသား ကျော်ဆန်းဦး ကဲ့သို့ပင် လွန်စွာ မှ အမှီးအမောက်မတဲ့ အမြင်မတော်လှပေ။ ထို့ကြောင့် ထိုဇာတ်ကား နှင့် ပါတ်သက်ပြီး ပြည်တွင်းပြည်ပ မှ အီမိုအဖွဲ့များအကြား ခံပြင်း […]


cobraAugust 21, 20101min1302
ထိပ်တန်းခေါင်းဆောင်များ အစည်းအဝေး လုပ်ပြီးနောက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ယခုနှစ် နိုဝင်ဘာလ ရ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲကို သပိတ်မှောက်ကြောင်း ယနေ့ ကြေညာလိုက်သည်။ ပါတီ ဒုဥက္ကဋ္ဌ ဦးတင်ဦး၏ နေအိမ်တွင် ဗဟိုအလုပ်အမှုဆောင် ရ ဦးနှင့် ဗဟိုဦးစီးအဖွဲ့ဝင် ၈ ဦးတို့ အစည်းအဝေး တရပ် ကျင်းပပြီးနောက် ရွေးကောက်ပွဲ ကော်မရှင် ဥပဒေပါ ပြဌာန်းချက်ပါ ရွေးကောက်ပွဲတွင် ဆန္ဒမဲမပေးဘဲ နေချင်က နေလို့ရသော လွတ်လပ်ခွင့်ကို အသုံးချခြင်း ဖြစ်သည်ဟု ဆိုသည်။ “၂ဝဝ၈ အခြေခံဥပဒေနဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲ ကော်မရှင် ဥပဒေတွေဟာ မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေးနဲ့ လူ့ အခွင့်အရေး ရရှိရေးကို ဘယ်လိုမှ ဦးမတည်တဲ့အတွက် ၂ဝ၁ဝ […]


cobraAugust 20, 20101min1516
ငွေဟာ လူတွေရဲ့သည်းခြေကြိုက်တစ်မျိုးဖြစ်ပါတယ် ။ လူတွေရဲ့ သည်းခြေကြိုက်ဖြစ် သည့်အတွက် လူတိုင်းဟာ ငွေကိုမက်မောကြပါတယ် ။ ငွေကြောင့် လူတွေချမ်းသာသုခရကြ သလို ငွေကြောင့်လည်း သောကပင်လယ်ဝေနေကြရတဲ့ လူတွေလည်း အများကြီးရှိပါတယ် ။ ငွေကို လူတွေ ဘာကြောင့်မက်မောနေကြတာလဲလို့ ဆိုရင် အဓိကအခြေခံအကြောင်း ရင်းကတော့ စားဝတ်နေရေး ၊ ကျန်းမာရေးတွေကြောင့်ပဲ ဖြစ်ပါတယ် ။ စားဝတ်နေရေး ၊ ကျန်း မာရေးအတွက် ငွေဟာ အဓိကအခြေခံပေါင်းကူးတံတားကြီး ဖြစ်ခဲ့ရပါတယ် ။ ဒါကြောင့် ငွေကိုသာရမယ်ဆိုရင် အရာရာကို စွန့်လွှတ်ရဲတဲ့ လူတွေတောင်ရှိပါတယ်။ တစ်ချို့က ငွေကိုသာရမယ်ဆိုရင် မိမိတို့ရဲ့အရှက်နဲ့သိက္ခာကို စတေးပြီးရှာကြံကြပါတယ်။ တစ်ချို့ကတော့ သူတစ်ပါးတွေရဲ့အသက်ကိုပါသတ်ပြီး တိုက်ခိုက်လုယက်ယူကြပြန်ပါတယ်။ တစ်ချို့ကျပြန်တော့လည်း မျက်မှောက်ဘဝမှာ ဖြစ်ပျက်နေတဲ့ ဘဝပြဿနာကို ဖြေရှင်းနိုင်ဖို့ အတွက် သံသရာမှာ […]


cobraAugust 20, 20101min1282
အခုရေးမဲ့ စာပိုဒ်လေးကတော့ တက္ကသိုလ်ဦးစိန်တင် ရေးသားပြုစုခဲ့တဲ့ ချင်းအမျိုးသား ဗိုလ်ကြီးတိုက်ချွန်း၏ ဘဝဇာတ်ကြောင်း၊ တနည်းအားဖြင့် အောင်ဆန်းသူရိယဗိုလ်တိုက်ချွန်း အကြောင်းကို ရေးသားခဲ့ရာမှာ ဗိုလ်ကြီးတိုက်ချွန်းနှင့် ဗိုလ်ချုပ်အောင်ဆန်းတို့ အမှတ်တမဲ့ တွေ့ဆုံခန်းလေးကို တင်ပြမှာပါ။ အောင်ဆန်းသူရိယဗိုလ်တိုက်ချွန်း အကြောင်း အစအဆုံး ဖတ်ချင်တယ်ဆိုရင်တော့ ဒီနေရာမှာ download ယူသွားကြပါ။ ဗိုလ်ချုပ်အောင်ဆန်းနှင့် အောင်ဆန်းသူရိယဗိုလ်တိုက်ချွန်း တို့ အမှတ်တမဲ့ တွေ့ဆုံခန်းကိုပဲ တင်ပြပေးမှာဆိုတော့ ဘာများထူးခြားမှုရှိလို့လဲလို့ မေးစရာ ရှိပါတယ်။ ဟုတ်ကဲ့ ပြောရမယ်ဆိုရင်တော့ မနှိုင်းကောင်း၊ နှိုင်းကောင်းလို့ပဲ ပြောရမှာပေါ့။ အင်းလေ နှိုင်းရအောင်ကလဲ နံ့သာဆီနဲ့ အီးလိုကွာတာကိုးဗျ။ ကျနော် ဘာကြောင့် ဒီလောက် စကားခံနေတယ်ဆိုတာ အောက်ကစာတွေ ဖတ်ကြည့်လိုက်ရင် သဘောပေါက်သွားမှာပါ။ ကျန်တာတော့ စာဖတ်သူလဲ ငနုံ ငအမှ မဟုတ်တာ ဆိုတော့ ပြောမနေတော့ပါဘူးနော်….။ […]


cobraAugust 20, 20101min1234
မြန်မာ စစ်အစိုးရ ၏ လူ ့ အခွင့် အရေး ချိုးဖောက်မှု များ နှင့် ရာ ဇဝတ် မှု ကျူးလွန် ခဲ့ ခြင်းများ ကို ကော်မရှင် ဖွဲ ့ ၍ စစ်ဆေးမည့် အစီအစဉ် ကို အမေရိကန် ပြည်ထောင်စု က ထောက် ခံအား ပေး မှု ပြုသည် ဟု အစိုးရပြန်တမ်း များ ကို သတင်း ထုတ် ပြန်ထား သည့် အင်တာနက်စာ မျက် နှာ တွင် ဖော်ပြထားသည်။ မြန်မာ ပြည်သူများ နဲ ့ တိုင်းရင်း သား မျိုး နွယ်စု များအပေါ် ကျူး […]


cobraAugust 20, 20101min1816
ကိုဦး ၊     ၊မြန်မာနိုင်ငံသား မြန်မာမိန်းခလေးနှစ်ဦးကို မလေးရှားနိုင်ငံသားက ရောင်းရန် စီစဉ်ေနေ စဉ်တွင် ထိုင်းရဲများက စွေထိုင်းကျန်းလုန်(၇)၊ စနပ်ခမ်ရပ်ကွက်၊ စဒေါင်းမြို့၊ စုန်ခါ ခရိုင်တွင် ဩဂုတ်လ၊ (၁၇)ရက်နေ့က ဖမ်းဆီးမိသည်။ တခ် ခရိုင် နယ်မြေအမှတ်(၉)မှ ဗိုလ်ချူပ်ထမနွန်ပယွန်ရုန်းဦးေ ဆာင်သော အဖွဲ့က သတင်းအရ စဒေါင်းမြို့၊ စနပ်ခမ်ရပ်ကွက်၊ စွေထိုင်းကျန်းလုန်(၇)၊ chalala ကာရာအိုကေ ဆိုင်ကို ဝင်ရောက်ရှာ ဖွေရာ မြန်မာမိန်းကလေး မသင်းသင်းစန်း အသက်(၂၀)နှင့် နောက်တစ်ဦးကို ဖမ်းဆီးရမိခဲ့သည်။ ဖမ်းမိသူမိန်းခလေးနှစ်ဦး၏ ထွက်ဆိုချက်အရ ဆိုင် ရှင်မှာ မလေးရှားနိုင်ငံသား Tay Boon Tiong (ခေါ်) နိုင်အာကျုန် အသက်(၃၀)နှစ် ဖြစ်သည်။ ဖမ်းဆီးရမိခဲ့သည့် မြန်မာမိန်းခလေးများ၏ ထွက်ဆိုချက်အရ သူတို့နှစ်ဦးကို မလေးရှာနိုင်ငံသို့ရောင်းရန် စီစဉ်နေစဉ်တွင် […]


cobraAugust 20, 20101min2227
ဘုန်းကြီးကျောင်းများ မီးရှို့မည်ဟူသော ကလေး ၃ ဦး တရားစွဲခံရမည် | တနင်္လာနေ့၊ ဩဂုတ်လ ၁၆ ရက် ၂၀၁ဝ ခုနှစ် ၂ဝ နာရီ ဝ၁ မိနစ် ချင်းမိုင် (မဇ္ဈိမ) ။     ။ စစ်ကိုင်းတိုင်း မုံရွာမြို့ရှိ အထင်ကရ ဘုန်းကြီးကျောင်းများကို မီးရှို့ရန် ကြံစီမှုဖြင့် ဖမ်းဆီးခံထားရသည့် လူငယ်တဦးနှင့် ကလေး ၂ ဦးကို ယခုတပတ်အတွင်း မြို့နယ်တရားရုံးတွင် တရားစွဲမည်ဟု ရဲက ပြောဆိုသည်။ လယ်တီ၊ စိတ္တသုခ၊ ပေပင်နှင့် အရှေ့လေးထပ် ကျောင်းများကို ဓာတ်ဆီလောင်း မီးရှို့မည်ဟု သံသယဖြင့် ပြီးခဲ့သည့် ဇွန်လနှောင်းပိုင်းတွင် ဖမ်းဆီးခဲ့သော ၂၁ နှစ်အရွယ် ကံကောင်း (ခ) သန့်ဇင်နှင့် […]


cobraAugust 19, 20101min1304
ရန်ကုန်မြို့ ရန်ကင်းမြို့နယ်ရှိ သတ္တုတွင်းဝန်ကြီးဌာန ရုံးအဆောက်အအုံကို ကလေးဆေးရုံကြီးအဖြစ် ပြောင်းလဲရန် စီစဉ်လျက်ရှိကြောင်း သိရသည်။ အဆိုပါ အဆောက်အအုံအား ခုတင် ၅၅ဝ ဆံ့ ကလေးဆေးရုံကြီးအဖြစ် ဖွင့်လှစ်နိုင်ရန် ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။ ”ရန်ကင်း ကလေးဆေးရုံကြီးအဖြစ် ဖွင့်လှစ်ပြီးရင်တော့ ရန်ကုန်မှာ ကလေးဆေးရုံ နှစ်ရုံ ဖြစ်သွားမှာပါ။ ပြင်ဆင်မှုတွေက အခုမှစပြီး ပြုလုပ်နေတာမို့ ဘယ်အချိန်မှာ ဖွင့်လှစ်ကုသပေးနိုင်မယ် ဆိုတာတော့ အတိအကျ မပြောနိုင်သေးပါဘူး”ဟု ရန်ကုန်ကလေးဆေးရုံကြီးမှ တာဝန်ရှိသူတစ်ဦးက ဆိုပါသည်။ အဆိုပါ သတ္တုတွင်းဝန်ကြီးဌာန အဆောက်အအုံသည် ဝန်ကြီးဌာနများကို နေပြည်တော်သို့ ပြောင်းရွှေ့ခဲ့ပြီးနောက်ပိုင်း အသုံးမပြုဘဲ ရှိခဲ့ရာမှ ယခုလ ပထမအပတ်အတွင်းမှစ၍ ပုဂ္ဂလိက ကုမ္ပဏီတစ်ခုမှ တာဝန်ယူပြင်ဆင်မှုများ ပြုလုပ်ပြီး ခုတင် ၅၅ဝ ဆံ့ ကလေးဆေးရုံကြီးအဖြစ် ပြောင်းလဲဖွင့်လှစ်ရန် […]


cobraAugust 19, 20101min30314
ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် ဧည့်သည် အမျိုးသမီးထံမှ ငွေကို ရယူလို၍ မိဘဖြစ်သူက ကိုယ့်သမီး ကိုယ်မှားယွင်း သတ်မှု လွန်ခဲ့သည့် ကြာသပတေးနေ့က ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။ မြောက်ဦးမြို့ တောင်ဘက် ၄ မိုင်အကွာရှိ တိမ်ညို ကျေးရွာတွင် ဖြစ်ပွားပြီး  ဦးမောင်သိန်း (၄၅) နှစ်နှင့် ဒေါ်မြင့်အေး (၄၁) နှစ်က သမီး မဝေဝေလွင် (၂၃) နှစ်ကို သတ်မိခြင်း ဖြစ်သည်ဟု ဆိုသည်။ ထိုလင်မယားမှာ ဧည့်သည် အမျိုးသမီးကို သတ်ပြီး ငွေ (၁၅) သိန်း ရယူရန် စီစဉ်ခဲ့သော်လည်း ညအချိန်တွင် သမီးဖြစ်သူနှင့် ဧည့်သည် အမျိုးသမီး ခြင်ထောင်ပြောင်းခြင်းကို မသိလိုက်ဘဲ  သတ်မှတ်ထားသည့် ခြင်ထောင် အထဲ အိပ်နေသော အမျိုးသမီးမျက်နှာကို […]


cobraAugust 19, 20101min1874
· နိုင်ငံတကာသတင်းဆိုသည်မှာ CCTV ကိုဆိုလိုခြင်းဖြစ်သည်။ · အခြားနိုင်ငံမှ မိမိထံလာပါက “ဂါဝရပြုတွေ့ဆုံ”ရန်လာခြင်းဖြစ် ပြီး ၊မိမိကသွားရသူဖြစပ် ါက “သာွ း ရောက်တွေ့ ဆုံ” ဟုသုံးစွဲရသည်။ · သတင်းကြော်ငြာနေစဉ် နောက်မှလူတစ်ယောက်စ နှစ်ယောက်စ မှအလုပ်ရှုပ်ဟန်ဆောင်ပြရသည်။ (ဥပမာ ကျောပေး၍တောင်ခြစ်မြောက်ခြစ်လုပ်နေရန်) · နိုင်ငံခြားဇာတ်လမ်းဆိုသည်မှာ “တရုတ်” သို့မဟုတ် “ကိုရီးယား” ဇာတ်လမ်းများကို ကိုဆိုလိုခြင်း ဖြစ်သည်။ · နိုင်ငံတော်အကြးီ အကဲများသည် “လိုအပ်သညမ် ျားကြိုဖည့်စွကမ် ှာကြား၍ပြန်လည်ထွကခ် ွာ” သာွ းသူ များသာဖြစ်ကြသည်။ · ပြည်သူလူထုဆိုသည်မှာ “အဖြူနှင့်အစိမ်း” သို့မဟုတ် “အဝါရောင်ဝမ်းဆက်” သို့မဟုတ် “အပြာ ရောင်ဝမ်းဆက်” များသာ ဝတ်ဆင်ကြသည်။ · မြန်မာနိုင်ငံတော်သည် ကြီးမားလွန်းသဖြင့် နေ့မအားညမနား […]


cobraAugust 9, 20101min1302
ဘန်နဒစ် ရောဂျာ (Benedict Rogers)ရေးသားတဲ့ “ဗိုလ်ချုပ်မှူးကြီး သန်းရွှေ သို့မဟုတ် မြန်မာ့အာဏာရှင် မျက်နှာဖုံး ကို ခွာချကြည့်ခြင်း (Than Shwe: Unmasking Burma’s Tyrant)” စာအုပ်က မြန်မာနိုင်ငံကို အာဏာရှင်စနစ်နဲ့ အုပ်ချုပ်နေတဲ့ လူတယောက်ရဲ့အကြောင်းကို ပထမဦးဆုံးအကြိမ် အသေးစိပ် လေ့လာတင်ပြထားတဲ့ စာအုပ်ဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အကြောင်း စာအုပ် ပြုစုရေးသားသူ Benedict Rogers ဟာ International Herald Tribune, Wall Street Journal, Far Eastern Economic Review, Guardian စတဲ့ စာနယ်ဇင်းတွေမှာ စာ ရေးသား သူတဦး ဖြစ်ပြီး မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ အခုစာအုပ်မတိုင်မီ A land […]


cobraAugust 9, 20101min1242
Who Killed Aung San? စာအုပ်ကို ရေးသားပြုစုသူ ဦးခင်အောင်သည် မြန်မာနိုင်ငံ ဒီမိုကရေစီ ပြန်လည် တည်ဆောက်ရေး ကော်မတီ (ဩစတြေးလျ) တွင် ၁၉၈၈ မှ ၁၉၉၂ အထိ ဥက္ကဋ္ဌတာဝန်နှင့် နိုင်ငံတကာဆိုင်ရာ ကော်မတီ၏ ဒုဥက္ကဋ္ဌ တာဝန်ကို ထမ်းဆောင်ခဲ့သည်။ ၁၉၉၁ တွင် အမျိုးသားညွန့်ပေါင်း အစိုးရ၏ ဩစတြေးလျဆိုင်ရာ ကိုယ်စားလှယ်လည်း ဖြစ်သည်။ ဦးခင်အောင်၏ ဖခင်မှာ ဗိုလ်ချုပ် (ရဲချုပ်) ဦးထွန်းလှအောင်ဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်များ လုပ်ကြံခံရစဉ်က ဘုရင့် ရဲတပ်ဖွဲ့ဝင်နှင့် မှုခင်း စုံစမ်းရေးဌာန၏ ဒုရဲချုပ်ဖြစ်သည်။ ဦးစောနှင့် အပေါင်းအပါများကို လျင်မြန်စွာ ဖမ်းဆီးနိုင်ရန် ကြိုးပမ်းခဲ့သူလည်းဖြစ်သည်။ ဦးခင်အောင်သည် ဗမာ့ လွတ်လပ်ရေး တပ်မတော်နှင့် ဗမာ့ ရေတပ်မတော်တို့တွင် […]


cobraAugust 9, 20101min920
ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် အာဇာနည် ခေါင်းဆောင် ကြီးများနှင့် တွေ့ဆုံ ဆက်ဆံ ခဲ့ဖူးသော မြန်မာနိုင်ငံ ရှမ်းပြည်နယ် အောင်ပန်းမြို့တွင် နေထိုင်လျက် ရှိသည့် စာရေးဆရာကြီး ဒဂုန်တာရာအား ဧရာဝတီ သတင်းထောက် ကိုစိုးက အာဇာနည် နေ့နှင့် ပတ်သက်သော အမှတ်တရ မေးမြန်းထားသည်များမှ ကောက်နုတ် ဖော်ပြလိုက်ပါသည်။ [ဒဂုန်တာရာ (ဓာတ်ပုံ – မိုးမခ)] ဒဂုန်တာရာ (ဓာတ်ပုံ – မိုးမခ) ကျနော်က အခု အသက် ၉၂ ထဲ ရောက်ပြီ။ အဲဒီ အာဇာနည်နေ့ပေါ့ဗျာ။ ၁၉၄ရ ဇူလိုင်လ ၁၉ ရက်၊ အဲဒီတုန်းက ကျနော်လည်း ငယ် သေးတယ်။ ကျနော်က တက္ကသိုလ် သမဂ္ဂမှာ အမှုဆောင် ၂ နှစ် […]