etoneAugust 10, 20111min43422
သက်ရောက်မှု ့တစ်ခုတိုင်းမှာ တုံ့ ပြန်မှု တစ်ခုခု ရှိစမြဲဆိုတာ … လက်ခံနိုင်ကြမယ်ဆို စွာတေး ဇတ်ဇတ်ကျဲ စာရင်းမှာ ကျွန်မပါမှာ မဟုတ်ဘူး ….. ။ တကယ်တမ်းတော့ ကျွန်မရဲ့ ကာရိုက်တာက … စိတ်ဆတ် ၊ ဒေါသထွက်လွယ်ပြီး စွာတဲ့လူမဟုတ်ခဲ့ပေမဲ့ … သက်ရောက်လာတဲ့ ပတ်ဝန်းကျင်အနေထား အပြုမူ အပြောဆိုတွေအောက် ပရုတ်လုံးလို ဖြစ်သွားခံရနိုင်တာမိုက …. မှန်လိုပဲ ကျင့်ဆောင်ဖို့ကြိုးစားရင်း …. ကာရိုက်တာ ပြောင်းလာခဲ့တာပါ … ။ သက်ရောက်မှူ တစ်ခုအတွက် တုံ ့ပြန်မှူ တစ်ခု ပေးတဲ့အခါ တိုင်း ကျွန်မက လူကြမ်းကြီးပဲ ဖြစ်ခဲ့တာပေါ့ … ။ အ ဆိုးမြင်ဝါဒီ လက်ကိုင်ထားပြီး ၊ ရမ်းကား […]


etoneAugust 9, 20111min35017
လူတကိုယ်လုံးမှာ ဗလောင်းဗလဲ အလုပ်နိုင်ဆုံး ကတော့ စိတ်ပါပဲ ။ သွားချင်တာလည်း ဒီစိတ် ၊ စားချင်တာလည်း ဒီစိတ် ၊ လိုချင်တာလည်း ဒီစိတ် ၊မလိုချင်တာလည်း ဒီစိတ် … ပြည့်ဝတာလည်း ဒီစိတ် … ယုတ်မာတာလည်း ဒီစိတ်ပါပဲ …. ။ တနေ့တည်းမှာပဲ စိတ်အမျိုးမျိုးပြောင်းနေကြတာလဲ ကြုံဖူးကြမှာပါ …။ တစ်ခါတစ်လေ စိတ်ရဲ့ လှုပ်ရှားမှူ ဖြစ်စဉ်တွေကို ကိုယ်ခန္ဓာက လိုက်မလုပ်နိုင်တဲ့အခါ …. လူက ဘာမှန်းမသိအောင် ယောင်တောင်တောင် ဖြစ်နေတတ်တာကို စိတ်လေတယ်လို့ ခေါ်မလားပဲ … ။ သင်တို့ရော … တစ်ခါတစ်လေ … ယောင်တောင် ပေါင်တောင်နဲ့ … လေဖူးလား ? ဖြစ်ဖူးကြမှာပါပဲ … ။ […]


etoneAugust 5, 20111min29117
    ၂၀၁၁၊ဩဂုတ်လ ၅ရက်နေ့ ၊ မနက် ရနာရီ ၃ဝမိနစ်ခန့်အချိန်တွင် ဘုရင့်နောင် တံတားထိပ်၌ အသေးစား ယာဉ်တိုက်မှူတစ်ခု ဖြစ်ပွားခဲ့ပါတယ် .. ကျွန်မတို့ ရုံးသွားချိန်မိုကလို့ … ကားတွေလည်း ပြည့်ကြပ်ခဲနေတာပေါ့ … ။ ဘုရင့်နောင်မီးပွိုင့်ကနေ တပ်ထိပ်မှတ်တိုင် ကျော်ထိ ကားတန်းကြီး တုတ်တုတ်မှ လှုပ်လို့မရပဲ ရပ်ထားရတဲ့ အနေထားပါ ။ ကျွန်မတို့ ကား အနားက ဖြတ်သွားချိန်မှာတော့ ထိခိုက်ဒဏ်ရာရှိသူများ ရှိသေးတာမြင်ရတဲ့အတွက် ယဉ်တိုက်မှူ ဖြစ်ပွားချိန် မကြာသေးမှန်း တွက်ဆမိပါတယ် … ။ ကြီးကြီးမားမား ဒဏ်ရာရမှူမျိုး မရှိသော်လည်း … သွားကျိုးခြင်း …လက်ခြေကျိုးခြင်း … ထိခိုက်ပြဲရှခြင်း ၊ ခေါင်းကွဲခြင်းမျိုးများ ဖြစ်ပွားခဲ့ပြီး …. အသေပျောက်မရှိကြောင်း […]


etoneAugust 3, 20114min33315
      ရုံးပိတ်ရက်လည်းဖြစ် ၊ သွားစရာ အထွေထူးမရှိတဲ့နေ့လည်းဖြစ်တာမို့ … MRTV 4 ရဲ့ … 7နှစ်မြောက်နှစ်ပတ်လည် အခမ်းနားကို သွားရောက်လေ့လာဖြစ်ခဲ့ပါတယ် … ။ တပ်မတော်ခန်းမမှာ ဇူလိုင် ၂၉ရက်ကနေ ဩဂုတ် ၁ရက်နေ့ အထိ ကျင်းပမယ်လို့ ကြေငြာထားသော်လည်း … တနင်္ဂနွေပိတ်ရက်မို့ …. တခြား နေ့တွေထက် လူပိုစည်တာ တွေ့ရပါတယ် … ။ ဝင်ဝင်ချင်း အပေါက်ဝမှာတင် ငါးပိသိပ် ငါးချဉ်သိပ်သလို တိုးနေခဲ့ရတာပါ … ။  လူအရမ်းကြပ်တာကြောင့် ပြန်လှည့်ဖို ့စိတ်ကူးမိပါသေးတယ် …. လာပြီးမှ မထူးပါဘူး ရအောင်ဝင်မယ်ဆိုပြီး … ကြက်တောင်ပံခတ်လို…. လက်နှစ်ဘက်နဲ့ … ဘေးကလူတွေကြား တိုးကာ ဝှေ […]


etoneAugust 2, 20113min33819
      ဘယ်ဆိုက်ထဲကလည်းတော့ မသိဘူး …group mail ဝင်လာလို့ ကြည့်လိုက်တာ … ဆန်းသစ်ပြီး ချစ်စရာကောင်းတဲ့ ကားမှတ်တိုင်လေးတွေ တွေ့တော့တာပါပဲ … ဒါနဲ့ … မေးလ်ထဲမှာ မမြင်ရသေးတဲ့ ရွာသူ၊ ရွာသားတွေလည်း မြင်ရအောင် တင်ပေးလိုက်ပါတယ် … ။ ကော်နက်ရှင်လေးကလည်း နည်းနည် ဖလန်းဖလန်းထနေတာနဲ့ …. ပုံတွေ အများကြီးတင်ဖို့ အခြေနေပေးတာကြောင့် …. ကူးပေးလိုက်တယ် … ။ တို့ရွာထဲက ကားမှတ်တိုင်မှာလည်း … အဲ့ဒါမျိုးဒီဇိုင်းလှလှပပလေးတွေ ထားလျှင် သိပ်ကောင်းမှာပဲ … ။:P ဒီမှာရှိတဲ့ ကားမှတ်တိုင်တွေမှာ တချို့   ကုမ္ပဏီတွေကစပွန်ဆာပေးပြီး တပ်ထားတဲ့ ကော်ခုံတွေတောင် ချိုးပဲ့ ခွာယူနေတာ … သူများနိုင်ငံကလို လှတပတလေး […]


etoneAugust 1, 20111min25510
MRTV-4 ရဲ့ … ရ နှစ်မြှောက် နှစ်ပတ်လည်အခမ်းနားကို ခဲရာခဲဆစ် တိုးဝင်ပြီး … ချွေးတဒီးဒီးဖြင့် … လေ့လာမိသောအခါ … Talk Show အစီစဉ် ကျင်းပရာ အနီးသို့ ရောက်လာပါတော့တယ် … ။ ကျွန်မရောက်သွားချိန်မှာတော့ …မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် … တွေ့ဆုံ မေးမြန်းခန်း ပြုလုပ်နေပါတယ် .. ။ မီးဘေး ၊ သဘာဝ အန္တရာယ်အကြောင်း၊ ကယ်ဆယ်ရေး လုပ်ငန်းများ အကြောင်းကို … MRTV-4မှ တာဝန်ရှိသူတစ်ယောက်နှင့် … မီးသတ်ဦးစီးဌာနချုပ်မှ ညွှန်ကြားရေးမှူး ဦးကျော်သူရနှင့် … အောက်မြန်မာပြည် မီးသတ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသင်းဌေးရွှေတို့က အပြန်အလှန်မေးခွန်း ဆွေးနွေးရှင်းပြသည်များကိုလည်း … လေ့လာနားထောင်မိခဲ့ရပါတယ် … ။ […]


etoneJuly 31, 20111min35114
ရွာသူ၊ရွာသားတို့ရေ…. ဒီတစ်ခါ မ ိသားစု ပြသနာလေး နည်းနည်း ဆွေးနွေးကြရအောင်နော် …. ။ ကိုယ်ပိုင်မိသားစုလေး အကြောင်း ဆွေးနွေးကြမယ်လေ … ။ ကိုယ်ပိုင်မိသားစုဆိုတာ ကတော့ ကိုယ်တိုင် တည်ထောင်ထားတဲ့ .. မိသားစုမျိုးပါ .. မိဘအိမ်မှာနေခဲ့ရတဲ့ မိသားစု ဘဝမျိုးမဟုတ်ပဲ … အိမ်ထောင်ရက်သား ကျတဲ့အခါမှာ ရရှိလာတဲ့ မိသားစုဘဝဇာတ်ကြောင်းပေါ့ ။ တကယ်တမ်း ကိုယ်ပိုင် မိသားစု တစ်ခု ထူထောင်တော့မယ်ဆိုလျှင် တွေးစရာတွေ အများကြီးပါပဲနော် …. ။ အဆင်စုံ အသွေးစုံ လူတွေနဲ့  …. ဆက်စပ်ရမှာမို့ … စိတ်သဘောထား အတော်လေး ပြည့်ဝအောင် ထားတတ်မှ အဆင်ပြေမှာပါ … ။ များသော အားဖြင့် ယောက္ခမနဲ့ […]


etoneJuly 31, 20111min2075
ဒီနေ့ ရုံးမှာ အင်တာနက် ကွိုင်ပတ်နေတာနဲ့ … ဘာမေးလ်မှလည်း မဝင် ၊ ဘယ်သူနဲ့မှလည်း ဆက်သွယ်လို့ မရတာကြောင့် … pending လုပ်ထားတဲ့ အလုပ်လေးတွေ ဟိုလုပ်ဒီလုပ်နဲ့  … အလုပ်ရှုပ်ချင်ယောင်ဆောင်နေတာပေါ့ … ။ ဘရော့ဘမ်း ပြသနာ တက်နေလို့တဲ့လေ … အိပဲ့အိပဲနဲ့တော့ ပြင်ဖို့ ကြိုးစားနေတာပါပဲ … ။ သုံးလို့မရတာ သုံးလေးရက်ရှိပြီ … အစကတော့ ဆာဗာ ဗိုင်းရပ်စ်ကိုက်တယ် ပြောတာပဲ … အခုတော့လည်း မဟုတ်ပြန်ဘူး … ဘရော့ဘမ်းဖြစ်တာတဲ့ … ။ MCWill ထပ်ထည့်မယ်လည်း စဉ်းစားနေတယ်တဲ့ … ဘယ်မှာ ပြသနာရှိရှိ … စိတ်မဝင်စားပါဘူး …. အင်တာနက်ပြန်သုံးရဖို့ပဲ အရေးကြီးတာလေ … […]


etoneJuly 26, 20111min2098
ဒီကနေ့  တနင်္ဂနွေနေ့မို့ … ကောင်းကောင်း အိပ်မယ်ဆိုတဲ့ အတွေးနဲ့ … နှပ်နေတုန်း … မနက်စောစော စီးစီး ဆူဆူညံညံအသံကြောင့် ကျွန်မနိုးလာခဲ့ပါတယ် .. ။ အိပ်ယာက နိုးအောင်တောင် မစောင့်နိုင်ပဲ… အလောတကြီး … သူ့ဖုန်းကို အိုဗာစီးကော ခေါ်ပါတယ်လို့ ..ပွက်လောရိုက်နေသူကတော့ ….. ကျွန်မ အမေပေါ့ .. ။ “အာ … မေကြီးကလည်း ပြသနာပဲ … ကိုယ့်ဖုန်းနဲ့ ကိုယ်သုံးတာ …သူ့ဟာလည်း မသုံးပဲနဲ့ … ” လို့ ပြောပြောဆိုဆိုနှင့် ဆောင့်အောင့်ပြီး ကျွန်မ ရေချိုးခန်းထဲဝင်သွားတော့သည် … ။ ထပ်အိပ်နေလျှင်လည်း နားပူနေမှာ သိလို့ … ရေချိုးခန်းထဲ ဝင်လိုက်တာက အကောင်းဆုံး လွတ်လမ်းဖြစ်ဟု […]


etoneJuly 23, 20111min72448
ကျွန်မ တို့ လူမျိုးတွေ အရမ်းကို အယူသည်းကြတယ်နော် …။ ရှေးလူကြီးသူမတွေ ခေတ်ကဆို ပ ိုဆိုးပါသေးတယ် ။ ကျွန်မ နားလည်တဲ့ အရွယ်မှာ အဖွားရဲ့ အမေ၊ ကျွန်မ အဘွားထိမှီလိုက်သေးတာမို့ … တစ်ချို့ ရှေးအယူတွေ သိနေခဲ့ပါတယ် … ။ ကလေးမို့လို့ လူကြီးအလိုကို မလွန်ဆန်နိုင်သေးတဲ့အချိန် … အယူသည်းမှူဆိုတာ သိသော်လည်း … လိုက်လုပ်ခဲ့ရတာမျိုးတွေ ရှိတယ်လေ…. ။ တစ်ရက် … ကျွန်မနဲ့ အဘွားဖြစ်သူ ဘုရားသွားတော့မဲ့အချိန် ကျွန်မရဲ့ ပေါ့ဆမှူနဲ့ … ဖန်ခွက်တစ်လုံး ကွဲပါတော့တယ် … ။ အဘွားဖြစ်သူ မျက်နှာရုတ်ချည်းပျက်သွားတာ သတိထားလိုက်မိပြီး … အပြင်မသွားတော့ပါဘူးဆိုပြီး … က ျွန်မတို့ အစီစဉ်ကို […]


etoneJuly 22, 20111min56713
  ကျွန်မငယ်ငယ်ကဆို … ကျောင်းသွားရမှာ အရမ်းပျင်းပါတယ် … ။ လုပ်ချင်တာ ပေးလုပ်ပြီး ကြိုက်သလောက်ဆော့ခိုင်းတဲ့ အဒေါ် အပျိုကြီးများလက်ထဲ ကြီးလာရတာမို့ … အိမ်မှာနေရတဲ့ အချိန်က အပျော်ဆုံးပါပဲ … ။ မူကြိုတက်ရမဲ့ အရွယ်လေး ရောက်လာပြန်တော့ … မိဘတွေက မူကြိုပို့စေတာပေါ့ … ။ မူကြိုလိုက်ပို့တဲ့ အဖေ့ပုဆိုးကြီးကို ဆွဲပြီး ငိုရတာလည်း မနက်တိုင်း ကျွန်မလုပ်နေကျ အလေ့ကျင့် တစ်ခုပေါ့ … ပြန်မခေါ်သွားမှန်း သိပေမဲ့ ကျွန်မ အဖေ့ကို တွယ်ကပ်နေမိတယ် … ။ ဇွဲကောင်းတဲ့ မူကြိုဆရာမလေးကလည်း … ကျွန်မရုန်းကန်နေတဲ့ကြားကပဲ ဂျိုင်းကနေ မပြီး … မူကြိုခန်းထဲ ခေါ်သွားဖို့ အတင်းကြိုးစားခဲ့တာပါပဲ … ။ […]


etoneJuly 20, 20111min45033
ပိုင်းလုံး တဲ့လေ… ။ နာမည်က နားကြားစိုးနေလား …. ။   အင်း းးးးးးးးးးးးး ရှင် တို့အတွက်တော့ ဒီနာမည်က နားကြားပြင်းကတ်ပေမဲ့ ကျွန်မကတော့ အခေါ်ခံရလွန်းလို့ ရိုးနေပါပြီ  ။   ချီးမွမ်းခုနှစ်ရက် ကဲ့ရက်ခုနှစ်ရက်ပါတော် … ။ ပတ်ဝန်းကျင်ကို ကျွန်မ ဂရုမစိုက်ပါဘူး …. ကိုယ့်ဝမ်းပူဆာ မနေသာ မို့လား … ။ သံသယာ ပါတာတွေ မပါတာတွေ ကျွန်မမသိဘူးလေ… တုံးတဲ့လူက ခံပဲပေါ့ … ။ ကျွန်မကိုယ်တိုင်ဆို ဒီလို ပစ္စည်းတွေ ဝယ်ဖို့ မပြောနဲ့ ကိုင်ရဲတဲ့ သတိ္တတောင် မရှိပါဘူး .. ဈေးတွေက ခေါင်ခိုက်နေတာကိုး … ရရစားစား ဘဝမှာ လက်ထဲရောက်လာတာလေး […]


etoneJuly 18, 20111min44937
ပြီးခဲ့တဲ့ တပတ်ကျော်က ပလာဇာကိုရောက်ခဲ့ပါတယ်… ဈေးပတ်ပြီး မောတာရယ် …ခြေထောက်ညောင်းနေတာရယ်နဲ့ … ဂျေဒိုးနပ်ထဲဝင်ပြီး ကော်ဖီသောက် ၊ မုန့်စားနေတုန်း … ကျွန်မမျက်စိထဲဝင်လာတာ မြင်ကွင်းတစ်ခုကြောင့် အံ့ဩသွားခဲ့ပါတယ်…။ ဆယ့်ကိုးနှစ် … နှစ်ဆယ်နှစ်ကောင်လေးတယောက်…. အသားကတော့ ….. မည်းတဲ့ အမျိုးစားပါ… အကျီ င်္ဘောင်းဘီ အပွ ၊ အဖြူရောင်ကြီး ဝတ်ထားပါတယ်….. ။ ကတုံးဆံပင်ပေါက် ခေါင်းမှာ ကောင်းဘွိုင်ဦးထုပ်ကြီးနဲ့ပေါ့ … မျက်မှန် မည်းမည်းကြီးကလည်း တပ်ထားပါသေးတယ်… ။ ဒီလို အပြင်ဆင်က ယခုခေတ်မှာ အထူးဆန်းမဟုတ်တော့ပေမဲ့ …. သူ့နောက်မှာ လွယ်ထားတဲ့ ဓါးရှည်ကြီးကတော့ အထူးဆန်းပါပဲ … ။ တရုတ်ကားထဲက သိုင်းသမားတွေ ဓါးလွယ်ထားသလိုပါပဲ …. ကျွန်မမျက်စိရှေ့တည့်တည့်မို့ ဓါတ်ပုံရိုက်ချင်ပေမဲ့ … […]