etoneApril 7, 20111min33323
အားလုံး လည်းသိပြီး ကြမှာပါ ချက်တင်ပြသနာ အတော်ကြီးမားတယ်ဆိုတာကိုပေါ့ … ။ ချက်တင်ထဲကနေ ဆယ်ကျော်သက်မိန်းကလေးတွေ ၊ တစ်ဆယ် နှစ်ခါ ၊သုံးခါ ကျော်နေတဲ့ အပျို မမများလည်း ပါပါတယ် … အင်တာနက်ဆိုင်သွားလျှင် အများစု ချက်တင်လုပ်ကြပါတယ် … ။ သုံးတတ်လျှင် ဆေးဆိုသလို မသုံးတတ်လျှင် ဘေးဖြစ်ပြန်သေးတယ် … တော်ရုံတန်ရုံဘေးဆို ကိစ္စမရှိပါဘူး တဘဝလုံး ကျွမ်းထုးိမှောက်ခုံဖြစ်သွားမဲ့ ဘေးမျိုး ဆိုလျှင်တော့ အတော့်ကို အန္တရာယ်ကြီးလို့ သတိထားရမဲ့ ကိစ္စပါ… အင်တာနက် အချစ်ဆိုတာ ကျမအတွက်တော့ အယုံကြည်မရှိပါဘူး ။ တဘက်ကလူ ဘယ်လို ပုံပန်း သွင်ပြင် စရိုက် လက္ခဏာ ရှိလည်း မသိပဲ စိတ်ကူးယဉ် ဆန်ဆန် ချစ်ကြိုက်ဖို့ဆိုတာ အတော့်ကို […]


etoneApril 5, 20111min87
မနေ့က တင်ထားတဲ့ ပို့စ် ဘယ်ကမာ္ဘရောက်သွားမှန်းမသိလို့ ပြန်တင်လိုက်ရတာ …ပုံလည်း ပျက်သွားပါရော … အခုတလော ကော်နက်ရှင်ကြောင့် ဆိုက်က မျက်လှည့်ပြသလိုဖြစ်နေတယ် … ။ အသုံးဝင်မယ်ထင်လို့ အရင်းတိုင်းလေး ကူးပေးလိုက်တယ်နော် ။ သင်္ကြန်မှာက နေကပူ၊ ရေတွေရွှဲနဲ့ အသားအရေ ပျက်စီးနိုင်တာကြောင့် အသားအရေမပျက်စီးအောင%


etoneApril 4, 20111min24418
နေကျဲကျဲ တောက်ပူနေရာမှ လျှင်မြန်စွာ တိမ်တိုက်များ ဖုံးကွယ်လာပြီး မိုးသည်းထန်စွာရွာနေပါတယ် .. (လှိုင်သာယာ မြို့နယ် ) အတွင်းမှာပါ … ။ လေတိုက်နှုန်း မြင့်မားနေပြီး နေပူနေလျှက် ကွက်ကြားမိုးအဖြစ်ဖြင့် လေပြင်းတိုက်ခြင်းဖြစ်ပါတယ် … သစ်ပင်များ ယိမ်းခါနေပြီး လေတိုက်ခြင်းမှာ အသံပင် ကြားရသည်အထိ ပြင်းထန်ပါသည် … ။ ဖုန်းဖြင့် စုံစမ်းမေးမြန်းချက်အရ ကြည့်မြင်တိုင် မြို့နယ်တွင်းနှင့် ကမ်းနားလမ်းတလျှောက်မှ အိမ် အမိုး သွပ်ပြားများ လန်ထွက် ပျက်စီးကာ လမ်းမပေါ် ပြုတ်ကျကြောင်းသိရသည် ။ ထိခိုက်ပွန်းပဲ့မှူ့သတင်းကို မကြားရသေးပေ ။ သတင်း ဓါတ်ပုံ ရိုက်ယူထားရန် ကြိုးစားနေသည် ။ ဦးထွန်းလွင် ဝက်ဖ်ဆိုက်သို့ ဝင်ကြည့်သော်လည်း ပစိဖိတ် သမုဒ္ဒယာအတွင်း မုန်တိုင်း တစ်ခုဖြစ်ပေါ်နေသည်ဟု […]


etoneApril 2, 20111min31615
April Fool မို့လို့ ဒီနေ့တော့ ဘယ်သူ့ကို စနောက်ရမလဲ စဉ်းစားမိတော့ ရပ်ဝေး တနေရာမှာ တာဝန်ထမ်းဆောင်နေတဲ့ သူငယ်ချင်းတယောက်ကို မျက်စိထဲပြေးမြင်မိတယ်… ။ အိမ်နီးနားချင်းလည်းဖြစ် ဆယ်တန်းကျူရှင်တတ်တော့လည်း အတူတူမို့ အရမ်းခင်တဲ့ သူငယ်ချင်းတယောက်ဖြစ်ခဲ့တာပေါ့ … ။ တခြား ယောကျာင်္းလေး သူငယ်ချင်းတွေကို အီစကလီ အလုပ်မျိုး ဘယ်တုန်းကမှ မလုပ်ခဲ့ပဲ မရိုးသားတဲ့ အပြောအဆို မျိုးတောင် ကျမတို့ကြားထဲ မရှိခဲ့တဲ့သူပါ … ။ အခုလက်ရှိအခြေနေထိလည်း သူငယ်ချင်းကောင်းတွေ အဖြစ် အဆက်သွယ်ရှိတုန်းပါပဲ … ။ အခွင့်ရေးမယူတတ်ပဲ တည်ကြည်ပြီး ရိုးသားပွင့်လင်းတဲ့ သူငယ်ချင်းမို့ ကျမတို့ကြားထဲ သူငယ်ချင်း သံယောဇဉ်တွေ မြဲနေခဲ့တာ 10 နှစ်ကျော်ပြီပေါ့ … ။ ကျမတို့ ဆယ်တန်းပြီးတော့ အထူးပြုတဲ့ […]


etoneApril 1, 20111min860
မနေ့က ကျမအလုပ်ထဲက အီးမေးလ်ထဲကို ဒီလို စာမျိုးဝင်လာပါတယ်….။ တနိုင်ငံကနေ တနိုင်ငံ ပါဆယ်ပို့နေကြမို့ အများအားဖြင့် DHL ပဲ သုံးဖြစ်ပါတယ်… ။ တစ်ခါတစ်လေ Europe ဘက်ကလာတဲ့ ပါဆယ်ဆိုလျှင် TNT သုံးတယ်ပေါ့… ။ တစ်ချို့နေရာကလာတာဆိုရင် EMS အနည်းကျဉ်းပါတတ်တယ်… ။ DHL , TNT တွေက သုံးနေကြဆိုပေမဲ… တခြား ဒလီဗာရီ ဆားဗစ်တွေကလာရင် ပဲဖြစ်ဖြစ် ၊ ဖော်ဝေါ်ဒါ အေးဂျင့်တွေက လာရင်ဖြစ်ဖြစ် လုပ်ပုံလုပ်နည်း သေချာမသိလို့ ကျမတို့ကို ဖုန်းနဲ့ တမျိုး ၊ မေးလ်နဲ့ တသွယ် ဆက်သွယ်ကျပြန်တယ်… ။ ဒီတခါရတဲ့စာကို သေချာမဖတ်ပဲ စာမှာပါတဲ့ အတက်ချ် ဖိုင်ကို ဖွင့်မိတာနဲ့ ဗိုင်းရပ်စ် မိတော့တာပါပဲ… […]


etoneMarch 31, 20111min41822
လွန်ခဲ့တဲ့ နှစ်နှစ်ကတည်းကပြောင်းလဲ သတ်မှတ်လိုက်ပြီးဖြစ်သော နှစ်သစ်ကူး ရုံးပိတ်ရက်တိုင်း အစိုးရရုံးများ ၊ ပုဂ္ဂလိက ရုံးများ ၊ စက်ရုံများ လက်ခံလိုက်နာကာ ရက်ရှည် နှစ်သစ်ကူး ပိတ်ရက် အဖြစ် သတ်မှတ်ကြရပါသည် ။ သို့ရာတွင် အချို့သော အစိုးရရုံး၊ ပုဂ္ဂလိက ရုံးများ ၊ စက်ရုံများ မှ လုပ်သားများ မဖြစ်မနေ အရေးတကြီး တာဝန်ထမ်းဆောင်ရန် အချိန်ပိုဆင်းရသည် ။ ပိတ်ရက်များတွင် အချိန်ပိုဆင်းရမည့် လုပ်သားများအနေဖြင့် အချိန်ပိုကြေး နှစ်ဆရရှိမည်ဟုလည်း သိရသည် ။ အများစုသော အလုပ်များ ပိတ်သည့် နှစ်သစ်ကူး အားလပ်ရပ်တွင် ထမင်းချိုင့်ဆွဲ အလုပ်ဝင်နေရသည့် အချိန်ပို ဝန်ထမ်းများအား ကိုယ်ချင်းစာမိပါသည် ။ ရေပက်ကစားကြသော သင်္ကြန်ကာလတွင် လိုင်းကားများ ရှိသော်လည်း လမ်းပိတ်ခြင်း […]


etoneMarch 26, 20111min16710
ကျမတို့ကတော့ မိုးလင်းမိုးချုပ် အလုပ်လုပ်ရင်းနဲ့ အချိန် ကုန်နေရတဲ့လူမို့လို့ ရပ်ကွက်ထဲ ဖြစ်ပျက်နေတာတွေ သိပ်မသိပါဘူး ။ အိမ်ပြောင်းတဲ့လူတွေလည်း ရှိပါတယ်… ။ နှစ်ရှည်လများ နေတဲ့ လူတွေလောက်သာ မျက်မှန်းတန်းမိတာပါ… ။ မျက်မှန်းသာ တန်းမိတယ်… ဘယ်အိမ်ကလည်း မသိ ၊ နာမည်ဘယ်သူလည်း မသိ …. ကျမအတွက်တော့ ရပ်ကွက်ထဲကလူတွေအကြောင်း မသိတာက ပိုများနေပါတယ်..။ ကျမက သူများအကြောင်းလည်း သိပ်စိတ်မဝင်စားတော့ မြင်လို့ ရယ်ပြရင်တော့ ပြန်ရယ်ပြတတ်ပေမဲ့ ဘယ်သူမှန်းမသိဘူး ဖြစ်နေပါလေရော … ။ အိမ်မှာပဲ ထိုင်နေရင်း သတင်းစုံတဲ့ ကျမအဘွားကို မေးကြည့်တော့မှ သူက ဘယ်သူ့ အိမ်က စသဖြင့် ပြောပြပါတယ်… ။ ကျမအဘွားက အိမ်မှာသာနေတာ ဈေးသွားရင်း ကြားခဲ့တဲ့ သတင်းတွေကို […]


etoneMarch 25, 20111min1786
လှည်းတန်းဘက်က ဖြတ်မိပြန်တော့ ဓါတ်တိုင်တွေ သစ်ပင်တွေမှာ ကြောငြာပေါင်းစုံကပ်ထားတာ သတိထားမိတယ်… လှည်းတန်းဘက်တင်မဟုတ်ပါဘူး တခြား နေရာတွေမှာလည်း ဒီလိုပါပဲ ကြောငြာလေးတွေကို သစ်ပင်၊ အုတ်နံရံနဲ့ ဓါတ်တိုင်တွေမှာ ကပ်ပြိး ကြောငြာကြတယ်… ။ အများစုက ကျူရှင်ကြော်ငြာနဲ့ အလုပ်ခေါ်တဲ့ ကြော်ငြာလေးတွေပါပဲ… ။ စပ်စုတတ်တဲ့ လူမို့ ကျမကတော့ မျက်စိတစုံး လက်လှမ်းမီသလောက် လမ်းလျှောက်ရင်း ကြော်ငြာတွေ ဖတ်ဖြစ်ပါတယ်… ။ အလုပ်ခေါ်စာ တွေမှာ တွေ့ရတယ်…. ရာထူးနဲ့ လိုအပ်တဲ့ ဦးရေပေါ့ … နောက်တစ်ခု တွေ့ရတာက လုပ်ငန်းအတွေ့ကြုံတဲ့… ။ အိမ်ထောင်မရှိသူ ဖြစ်ရမည် ။ နယ်ခရီးသွားနိုင်ရမည် ။ အချိန်ပို ဆင်းနိုင်ရမည် ။ ကားမောင်းတတ်ရမည် စသည်ဖြင့် စုံစိနေအောင် အလုပ်ရှင်က လိုအပ်ချက်ကို […]


etoneMarch 24, 20111min12711
အလဲဗန်းဂျာနယ်မှာ ပါတဲ့ သတင်းတစ်ပုဒ် ဖတ်မိပြီး ကျမစိတ်ထဲ ခြောက်ခြားစိတ်တွေ ၊ အံ့ဩစိတ်တွေ ၊ သနားဂရုဏာစိတ်တွေ ၊ တုန်လှုပ်မှူတွေနဲ့ အတူ ဒေါသလည်း ဖြစ်မိပါတယ်… ။ သတင်းကတော့ … မတ်လ ၁၁ ရက်နေ့ကနေ ၁၄ ရက်နေ့အထိ ရုတ်တရက် လေပြင်း တချက် တချက် မွှေ့လို့ ပြိုပျက်သွားရတဲ့ အခြေခံလူတန်းစားများရဲ့ အိမ်ပျက်တဲ့ သတင်းနဲ့ … သတင်း ဓါတ်ပုံတွေပါပဲ… ။မြင်ရတာ အံ့ဩမိပါရဲ့… အပြိုပျက်တွေ မြင်ရတာလည်း ခြောက်ခြား တုန်လှုပ်မိပါတယ်… ။ ဓနိမိုး ထရံကာ အိမ်လေးတွေအများစုဖြစ်ပြီး ပျဉ်ထောင် အိမ်တလုံးတောင် ပါတယ်လို့ တွေ့ရပါတယ်… ဓနိမိုး ထရံကာလေး ဆောက်ဖို့တောင် အနိုင်နိုင် အခု လေပြင်း […]


etoneMarch 24, 20112min20928
<img src="http://www.photos.greatmyanmar.com/wp-content/extra/yangon_university_of_computer_studies/www.photos.greatmyanmar.com_yangon_university_of_computer_studies_06.jpg” alt=”UCSY-1″ /> စိတ်ဆိုတာ အမြဲ ပျံ့လွင့်တဲ့ သဘောမှာ ရှိနေတတ်ပါတယ် … ။ တော်ရာမှာ မနေပဲ ၊ ပျော်ရာမှာ နေချင်တာလည်း ဒီစိတ်က လှုံဆော် ခိုင်းစေမှူကြောင့်ပါ ။ ကျောင်းပြီးတော့ ကျမစိတ်ထဲမှာ အမြဲလိုလို ကြံစည်နေတဲ့ ကိစ္စတွေ တန်းစီလုပ်ချင်မိတယ် ။ အဲ့ဒါတွေကတော့ သက်တောင့်သက်သာ အိပ်စက် အနားယူခြင်းနဲ့ နှစ်ခြိုက်စွာ အားရပါးရ စားသောက်ခြင်းတွေပါပဲ … ။ ဟုတ်ပါတယ်….. ကျမစိတ်ကူးတွေကို လက်တွေ့ အကောင်ထည်ဖော်ခဲ့ရတယ်… ။ သူများတွေ အနေနဲ့ ရယ်စရာ ဖြစ်ကောင်းဖြစ်နေလိမ့်မယ် ….. ။ ကျမအတွက်တော့ … အမြဲလိုလို တောင့်တနေခဲ့တာလေ ။ ကျမ တက္ကသိုလ် တက်တုန်းက […]


etoneMarch 18, 20111min1584
ရန်ကုန်ပြန်ရောက်လို့ မေးကြည့်တော့မှ အဲ့ဒါ အလောင်းကစားတာလို့ ခေါ်ပါတယ်တဲ့…သံချပ်သီချင်းတွေလည်း ဆိုရပါတယ်တဲ့… ။ အလောင်းကို လူအများကြီး မရတာက အလောင်းကစားတဲ့အချိန်ဆိုရင် အလောင်းကသာမန် အချိန်ထက် အလေးချိန်ပိုများနေလို့ပါတဲ့….. ။ သဂြိုလ်ခါနီးလေ… ပိုလေးလေ ဖြစ်ပါတယ် လူကြီးတွေက ပြောပါတယ် ။ နောက်က ရွာသူရွာသားတွေနဲ့ အသုဘရှူဖို့ လိုက်ပို့တဲ့လူတွေ ၊ အိမ်သူအိမ်သားနဲ့ ၊ ဆွေမျိုးများ စုံနေတာပါပဲ ။ တလမ်းထဲရှိတဲ့ ရွာလမ်းလေး အတိုင်း ရွာထဲကို ကျော်ဖြတ်ရပါတယ် … ။ ခြံဝိုင်းကိုယ်စီမှ အိမ်သားများ အပြင်ထွက်သူက ထွက် ၊ တစ်ချို့ကလည်း ခြံဝိုင်းအတွင်းမှာပင် အလောင်း သယ်ဆောင်လာသည်ကို မြင်သည်နှင့် ထိုင်ကန်တော့ကြပါတယ် … ။ ကျမအတွက် ထူးခြားတဲ့မြင်ကွင်းတစ်ခုပါ … ။ […]


etoneMarch 18, 20111min1495
ကျမ တက္ကသိုလ် တက်တဲ့ နှစ်မှာ ရန်ကုန်က တက္ကသိုလ်ကြီး ဆောက်လုပ်ဆဲ ဖြစ်လို့ … လူပေါင်းသုံးရာက မအူပင် ကွန်ပျုတာ ကောလိပ်မှာ သုံးလ သွားသင်ရပါတယ် … ။ ကံကောင်းလှတဲ့ ကျမ  အဲ့ဒီ လူပေါင်း သုံးရာထဲမှာ တယောက်အပါဝင်ပေါ့… ။ တက္ကသိုလ်ဆိုတာ ရုပ်ရှင်ထဲမှာ မြင်ဖူးတာတော့ သစ်ပုတ်ပင်တို့ ဂျက်စင်တို့ ကန်ဘောင်တို့မှာ လိုက်လျားလိုက်လျား လုပ်လို့ရတာပဲ… အဝတ်စား ဖြူနီပြာဝါ ရောင်စုံ ဝတ်ပြီး မျက်နှာက ကာလာရောင်စုံခြယ်ပြီး စာသင်လို့လည်း ရတဲ့နေရာပေါ့ … ။ အတွဲလေးဘာလေး တွဲချင်လည်း တွဲလို့ ရသေးတယ်လို့ မှတ်တာ …. အခု မအူပင်ဆိုတော့ ဘယ်လိုနေရာမှန်းမသိပဲ စိတ်ထဲ မသွားချင်ပါဘူး ။ […]