etoneJuly 29, 20105min1622
ဖတ်ဖူးတာတော့ကြာပါပြီ။ ခု email က ပြန်ရလို့ ဝေမျှလိုက်တာပါ။ ၂၀၀၂ နှစ်ကုန်ပိုင်းလောက်မှာ အီတလီနိုင်ငံက သတင်းစာအချို့မှာ ထူးဆန်းတဲ့ လူပျောက်ကြော်ငြာ သတင်းတစ်ခုပါလာခဲ့တယ်။ ကြော်ငြာက ဒီလိုရေးထားပါတယ်။ “၁၉၉၂ ခုနှစ် ၅လပိုင်း ၁ရရက်နေ့မှာ ဗွိုင်လာရီ မြို့တော်လမ်းမ စီးပွားရေးရပ်ကွက် ၅ က ကားရပ်တဲ့နေရာတစ်ခုမှာလူဖြူအမျိုးသမီးတစ်ဦးကို လူမည်းတစ်ဦးက မုဒိန်းကျင့်ခဲ့တယ်။ အဲဒီနောက် အမျိုးသမီးဟာ လူမည်းသမီးလေးတစ်ဦး ဖွားမြင်ခဲ့တယ်။ သူ့ခင်ပွန်းလည်း အမျိုးသမီးနဲ့အတူ လူမည်းကလေးကို ပြုစုပျိုးထောင်ဖို့ တာဝန်ယူခဲ့တယ်။ ဒါပေမဲ့ ဒီကလေးငယ် ကံမကောင်းခဲ့ရှာဘူး။ အခုအချိန်မှာ သူဟာ သွေးကင်ဆာရောဂါကို ခံစားနေရတယ်။ သူ့အတွက် ရိုးတွင်းချဉ်ဆီ ကုသဖို့ အရေးတကြီးလိုအပ်လာ တယ်။ သူ့အသက်ကို ကယ်တင်ဖို့ တစ်ခုတည်းသော မျှော်လင့်ချက်က သူ့ဖခင်ပဲဖြစ်တယ်။ ဒါကြောင့် ဒီကြော်ငြာကို […]


etoneJuly 29, 20101min980
“ကိုယ်ကျင်.တရားနှင်.ပတ်သတ်လာလျ ှင် စာတွေ.ထက် လက်တွေ.သင်ခန်းစာများသာ အစွဲမြဲဆုံးဖြစ်သည်” (မတ်တွိုင်း) အဲသည်တုန်းက သူ.အသက် ၁၁နှစ်။ နယူးဟမ်.ပြည်နယ်ရှိ ရေကန်ကြီးတစ်ကန် အလယ်က ကျွန်းတစ်ကျွန်းပေါ်မှာ သူတို.မိသားစုပိုင် အိမ်ငယ်လေး ရှိသည်။သူက အခွင်.သာတိုင်း အဲသည်ကိုသွားကာ လှေဆိပ်မှာ ငါးမျှားလေ.ရှိသည်။ ငါးမျှားရာတွင် ဥပဒေစည်းကမ်းရှိသည်။ဥချသည်.ရာသီမှာ ငါးမမျှားရ။ အဲ.သည်နေ.ညနေစောင်း သူတို.သားအဖ ငါးမျှားကြတော. ဘတ်(စ်)ငါးကြီးတွေ မျှားခွင်.ပြုသည်.အချိန် မရောက်သေး။ထို.ကြောင်. ငါးစပ်စပ်တို. ငါးပြေမတို. မိအောင်သာတီကောင် အစာတပ်ပြီး သူတို. မျှားကြသည်။သို.သော် အဲ.သည်လိုမျှားကြရင်း အတော်ကြာတော. သူက ငါးမျှားချိတ်မှာ ငွေရောင်ငါးစာတုလေး တစ်ခု တပ်ကာ ခပ်ဝေးဝေးထိ ပစ်ပြိးငါးကြီးမျှားပုံကို စမ်းသပ်လေ.ကျင်.ကြည်.မိသည်။နေဝင်စမှာ ရေထဲ ငါးစာကျတော. ရောင်စုံ လှိုင်းဂယက်လေးတွေ ဖြာထွက်သွားသည်။ တစ်ဖြည်းဖြည်းနေဝင်ပြီးလထွက်လာသည်။လှိုင်းကလေးတွေက အနီ ၊ အဝါရောင်စုံမှ ဖိတ်ဖိတ်လက်သော […]


etoneJuly 28, 20101min1652
***အဖေနဲ့ အမေက သူ့ကိုဆိုအရမ်းချစ်ကြတယ်… အမြဲတမ်းသူ့ကိုဦးစားပေးတယ်…သူက သားဦးကို… နောက်တော့ သူလည်းညီလေးတစ်ယောက် ထပ်ရလာပါရော.. အဲဒီအချိန်က စပြီး သူ့ကိုဂရုမစိုက်ဘူး… သူ့ရဲ့ညီလေးကိုဘဲ အလေးပေးတော့တယ်… တနေ့ညမှာ သူညီနို့စို့နေတာကို မြင်ပြီး အကြံရသွားတယ်… ညကျတော့ ကြွက်သတ်ဆေးရည်တွေကို သူ့အမေအိပ်ပျော်နေတုန်း သူ့အမေရဲ့ နို့ကို သွားပက်ထားလိုက်တယ်… အဲ… မနက်လည်းရောက်ရော သူ့အဖေက ကုတင်ပေါ်မှာတင် သေသွားရောဗျာ.. ***အဲဒီကောင်လေးကို မောင်ပီတာလေးလို့ သူကိုခေါ်တာပေါ့.. ပီတာလေးက ကျောင်းသွားတော့ အဲဒီနေ့က ကျောင်းကစောဆင်းပေးလိုက်တယ်.. သူလည်း ပျော်ပျော်နဲ့ အိမ်ကိုပြန်လာပါရော… အိမ်ထဲလည်းဝင်ရော သူ့မိဘတွေပြောတဲ့စကားတစ်ခွန်းကို နားစွန်နားဖျား ကြားလိုက်တယ်… ” ချစ်လေး.. သားသားလေးယူမလား.. မီးမီးလေးယူမလား..” ဆိုတော့ မောင်ပီတာလေးက အခန်းထဲပြေးဝင်လာပြီး ” ဒါဆို သားကိုလည်း စက်ဘီးတစ်စီး ” ***မောင်ပီတာလေးကို […]


etoneJuly 28, 20101min1510
ဖြန့်နိုင်သမျှ ပြန်ဖြန့်ခြင်းဖြင့် သာသနာဆက်ပြုပါ်။ Thanks. ၃၁ဘုံတွေကတော့ ဗြဟ္မာ့ဘုံ ၂ဝဘုံ နတ်ဘုံ ၆ဘုံ လူ့ဘုံ ၁ဘုံ အပါယ်၄ဘုံ မိမိပါဝင်နေပါသေးတယ်။ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံဝင်ခါနီးအချိန်မှာ မှာခဲ့တဲ ့မှာတမ်းလေးက နောက်ဆုံးစကားလေးပြီးတာနဲ ့ပရိနိဗ္ဗာန်စံသွားတာပါ။ ဝရဓမ္မာသင်္ခါရ အပ္ပမာဒေန သံပါဒေထ။ ချစ်သား ချစ်သမီးတို ့ ငါဘုရား ပရိနိဗ္ဗာန် စံကာနီး နောက်ဆုံး စကားမှာကြားမယ်.. ချစ်သား ချစ်သမီးတို့ ယခုရရှိနေတဲ ့ ရုပ်နာမ် နှစ်ပါး ၊ ခန္ဓာငါးပါး သင်္ခါရတရားတို ့သည် အမြဲတမ်း ပျက်နေတယ်။ အမြဲတမ်းပျက်နေတဲ ့ရုပ်နာမ် ၂ပါး ခန္ဓာ၅ပါးက အနိစ္စအမြဲမရှိပါလို့ အသစ်အသစ်တွေသာ အစားထိုးနေတာကို သိသိပေးဖို့ကို မမေ့မလျော့ မပေါ့မဆသော ဝိပဿနာ တရားဖြင့် […]


etoneJuly 28, 20102min1403
ဒီနေ့ ကျွန်တော်တို့မှာ အိမ်ကြီးကြီးတွေ ရှိကြတယ်။ ဒါပေမယ့် မိသားစုဝင်နည်းနည်းနဲ့။ အဆင်ပြေမှုတွေ ပိုများလာတယ်၊ ဒါပေမယ့် အချိန်တွေ နည်းကုန်ကြတယ်။ ကျွန်တော်တို့မှာ ဘွဲ့လက်မှတ်တွေများများ ပိုင်ဆိုင်လာတယ်၊ ဒါပေမယ့် ယေဘုယျအသိတွေ နည်းလာတယ်။ ဗဟုသုတတွေ များလာတယ်၊ ဒါပေမယ့် ဝေဖန်ပိုင်းခြားမှုတွေ နည်းလာတယ်။ ကျွန်တော်တို့မှာ တတ်ကျွမ်းသူတွေ များများရှိတယ်။ ဒါပေမယ့် ပြဿနာတွေ ပိုများလာတယ်။ ဆေးတွေ များများစားစား ရှိတယ်။ ဒါပေမယ့် ကျန်းမာရေးကောင်းတဲ့သူတွေ နည်းလာတယ်။ ကျွန်တော်တို့ အမှုမဲ့အမှတ်မဲ့ သုံးဖြုန်းနေကြတယ်။ ရယ်တာတော့ အတော်နည်းသွားပြီ။ ကားမောင်းတာ အတော်မြန်လာကြတယ်။ ဒေါသဖြစ်ဖို့ အတော်လေးမြန်လာပြီ။ အိပ်ယာဝင်တာ နောက်ကျလွန်းတယ်။ စာဖတ်တာ အတော်လေးနည်းတယ်။ ရုပ်မြင်သံကြားတော့ အတော်ကြည့်ကြသား။ ဘုရားရှိခိုးတာ အတော်နည်းလာပြီ။ ကျွန်တော်တို့ရဲ့ ပိုင်ဆိုင်မှုတွေကို တိုးပွားဖို့လုပ်ခဲ့ကြတယ်။ ဒါပေမယ့် […]


etoneJuly 28, 20106min1391
မျှော်လင့်ခြင်းများစွာဖြင့် အပိုင်း(၁) ကိုရင်မောင် အလုပ်ကိုသာ လာရတယ်… စိတ်က မဖြောင့်… အိမ်မှာ သားတော်မောင်က နေမကောင်းဖြစ်နေတယ်… ဒီနေ ့ ကျောင်းမတက်နိုင်… ဒီကောင်က လေးတန်း… အိမ်နားနီးတဲ့ မူလတန်းကျောင်းမှာပဲ ထားတယ်… သူများမိဘတွေလို ကျောင်းလိုက်မပို ့နိုင်… သားတော်မောင်ကို ကိုယ့်အားကိုယ်ကိုး ကျောင်းသွားခိုင်းရတယ်… ဒီကောင်ကလဲ မိဘတွေအပေါ် အလိုက်သိတယ်… မနေ ့က ကျောင်းက အပြန် မိုးမိပြီး ဒီနေ ့ဖျားတော့ ကျောင်းမတက်နိုင်တာ… ကျနော့်အလုပ်ကလဲ ခွင့်တင်ထားတာ မဟုတ်တော့ မသွားလို ့မရ… ကျနော်က အစိုးရအလုပ်ရုံတစ်ခုက လုံခြုံရေးတာဝန်ခံလေ… စကားလှအောင် ပြောတာပါဗျာ… အပေါက်စောင့်ဆိုပါတော့… ကိုယ့်အလုပ်ရုံက မဟုတ်တဲ့ကားတွေကို စစ်ဆေးမေးမြန်း လက်မှတ်ထိုးခိုင်းပြီးမှ တံခါးဖွင့်ပေးရတာလေ… ဝင်တဲ့ကား ပြန်ထွက်တော့လဲ ပြန်ထွက်ချိန်ကို မှတ်ထားပြီး […]


etoneJuly 28, 20101min1060
ဘယ်သူ ဘယ်ဝါ ရေးထားတယ် ဆိုတာ မသိပေမယ့် တချို့ စကားလုံးတွေဟာ အတော်လေး တွေးလို့ကောင်းတာကြောင့် ဘာသာပြန်ပြီး အားလုံးကို မျှဝေ ပေးလိုက်ပါတယ်။ အတွေးပွားနိုင်ကြပါစေ။ ကျနော်တို့နဲ့ မသင့်လျော်တဲ့ လူတွေ အများကြီးကို တွေ့ပြီးမှ ထိုက်သင့်တဲ့ လူနဲ့ တွေ့ဆုံခွင့် ရကြတယ်။ ဒါမှ ကျနော်တို့ ထိုက်သင့်တဲ့ လူနဲ့ တွေ့ခွင့်ရလို့ ဒီအခွင့်အရေးကို တန်ဖိုးထားနိုင်မယ်။ ပျော်ရွှင်မှု တံခါးပေါက် ပိတ်သွားတဲ့အချိန်မှာပဲ နောက် တံခါး တစ်ပေါက် ပွင့်လာတယ်။ ဒါပေမယ့် အချိန် တော်တော်များများမှာ ပိတ်သွားတဲ့ တံခါးကို ငေးမှိုင်ထိုင်တွေး နေတာနဲ့ပဲ ကျနော်တို့အတွက် ပွင့်လာတဲ့ နောက်တံခါးကို သတိမမူလိုက်မိတော့ဘူး။ အကောင်းဆုံး သူငယ်ချင်း ဆိုတာ … ထိုင်ခုံလေးပေါ်မှာ အတူထိုင်ရင်း ဘာစကားမှ […]


etoneJuly 28, 20101min970
တစ်ခါက သင်္ချာလို့ခေါ်တဲ့ မယ်သီလရှင်နဲ့ လောဂျစ် (Logic) လို့ခေါ်တဲ့ မယ်သီလရှင်တို့ရှိကြတယ်။ မယ်သီလရှင်နှစ်ဦးဟာ ညကြီးမိုးချုပ်ညတစ်ညမှာ အဝေးတစ်နေရာကနေ ကျောင်းကိုပြန်ခဲ့ကြတယ်။ သချင်္ာ း နင့်သတိထားမိလား? ငါတို့နောက်မှာ လူတစ်ယောက်လိုက်နေတာ ၃၈မိနစ်နဲ့ စက္ကန့် ၃ဝရှိပြီ။ သူဘာလုပ်ချင်တာလဲ မသိဘူး? လောဂျစ် း ဒါယုတ္တိတန်တယ်။ ငါတို့ကို စော်ကားချင်လို့ဖြစ်မယ်။ သင်္ချာ း ဘုရားသခင်ရေ! ဒီလိုခြေလှမ်းမျိုးနဲ့ဆို (၁၅)မိနစ်အတွင်း ငါတို့ကို သူမီလိမ့်မယ်။ ဘယ်လိုလုပ်ရမလဲ? လောဂျစ် း ယုတ္တိတန်အောင် ငါတို့မြန်မြန်လျှောက်ရအောင်.. သင်္ချာ း မရတော့ဘူးထင်တယ်။ လောဂျစ် း အင်း.. မရတော့ဘူး။ အဲဒီလူက ယုတ္တိရှိရှိ မြန်သထက်မြန်လာခဲ့ပြီ။ သင်္ချာ း ငါတို့ဘယ်လိုလုပ်ကြမလဲ? ဒီလိုခြေလှမ်းမျိုးနဲ့ဆို တစ်မိနစ်အတွင်း ငါတို့ကို သူမီနိုင်တယ်။ […]


etoneJuly 28, 20101min1241
လူတိုင်းလူတိုင်းမှာ အခက်အခဲ အကြပ်အတည်းနဲ့ နဖူးတွေ့ဒူးတွေ့ ကြုံရတဲ့အချိန်မျိုး ရှိခဲ့ကြဖူးမှာပါနော်.. ရွေးချယ်စရာတစ်ခုခုကို ဘယ်လမ်းကို ရွေးချယ်ရမှန်းမသိ ဗျာများခဲ့ကြဖူးပါလိမ့်မယ်..အဲဒီရွေးချယ်စရာ ၂ခုထဲမှာမှ တစ်ခုခုကို ရွေးချယ်ပြီးပြီဆိုခဲ့ရင်တော့ ဘာကြောင့်ဘဲ ဖြစ်ဖြစ်ပြတ်သားတဲ့ ဆုံးဖြတ်ချက်နဲ့ ရွေးချယ်တာ ဖြစ်လို့ နောင်တ မရကြေးက အကောင်းဆုံး မဟုတ်လား.. ရွေးချယ်တော့မယ်ဆိုရင် ဘဝမှာ အဓိက ဦးစားပေးသင့်တာကို သေချာစဉ်းစားပြီး ရွေးချယ်ရမှာပါဘဲ..ရွေးပြီးပြီ ဆိုရင်တော့ ဘယ်လိုရလာဒ်ကို ရလာသည်ဖြစ်စေ၊ ကျေနပ်စွာ လက်ခံရမှာဘဲ ဖြစ်ပါတယ်….ဒီနေရာမှာ ဆုံးဖြတ်ချက်ချတာနဲ့ စပ်လျဉ်းပြီးတော့ ဖတ်ခဲ့ဖူးတဲ့ စာတစ်ပုဒ်ထဲက လူတစ်ယောက်အကြောင်းကို ပြန်ပြောင်းပြီး ပြောပြချင်ပါတယ်.. ၁၉၂၄ ခုနှစ်က ပဲရစ်မှာ ကျင်းပတဲ့ အိုလံပစ်ပြိုင်ပွဲမှာ ပထမဦးဆုံးအနေနဲ့ နိုင်ငံတကာ ကနူးလှေလှော်ပြိုင်ပွဲကို စပြီးထည့်သွင်းကျင်းပဖို့ ကြော်ငြာပါတယ်.. အဲဒီကနူးလှေပြိုင်ပွဲမှာပါဝင်တဲ့ အားကစားသမား လေးယောက် လှော်ရတဲ့ […]


etoneJuly 27, 20101min1020
နိုနို အိမ်ရှေ့ ကပြင်မှာ ထွက်ထိုင်နေတယ် ၊ နေလည်း တော်တော်ညိုပြီ ဖေဖေကလည်း မလာသေး ။ နိုနို ဒီနေ့ ဖေဖေ ကိုမှာလိုက်တယ်လေ ၊ အပြန်ကျရင် ကိတ်မုန့် ဝယ်လာဖို့ ၊ ကိတ်မုန့် မစားရတာ တော်တော်ကြာနေပြီ ၊ ကြာဆို သုံးလေး လတောင်ရှိပြီ ထင်ပါရဲ့ အလုပ်ပါးလို့ နိုနို စားချင်တာတွေ ဖေဖေ သိပ်မဝယ်လာနိုင်ဘူးလေ ။ နေလုံးကြီးတောင် ပျောက်သွား ပြီ ၊ ခြင်တွေကလည်း နိုနို နားမှာ တဝီဝီ နဲ့ အပြေးများ ကျင့်နေကြလား မသိပါဘူး နိုနို တို့ နေတာ ဆင်းရဲသားနဲ့ ရရစားစား နေကြတဲ့ ဆင်းရဲသား ရပ်ကွက်လေးပေါ့ ၊ မြေနီ […]


etoneJuly 27, 20101min1442
လူအများစုဟာကိုယ်လိုချင်တာ မရဘူး ၊ကိုယ်ဖြစ်ချင်တာမဖြစ်ဘူးဆိုရင် အလွယ်တကူလည်း စိတ်ညစ်တတ်တယ် ။အပြင်းအထန်လည်း စိတ်ညစ်တတ်တယ် ၊ကိုယ်မရတာ ကိုယ်မဖြစ်တာကိုပဲ ထပ်တလဲလဲ တွေးပြီး ကိုယ့်စိတ်ကို ညှဉ်းဆဲနေ တတ်တယ် ။ လူရယ်လို့ဖြစ်လာရင် ပစ္စည်းဥစ္စာလည်း ပြည့်စုံချင်တယ် ၊အခြံအရံလည်း ပေါများချင်တယ် ၊ အချီးအမွမ်းလဲခံယူချင်တယ် ၊ကိုယ်စိတ်နှစ်ပါးလဲ ချမ်းသာချင်တယ် ၊ဒါပေမဲ့တစ်ခါတစ်ရံ ကိုယ့်မှာ အဲဒါတွေအားလုံး ၊ဒါမှမဟုတ် တချို့မပြည့်စုံဘူး ။အဲဒီအခါ ကိုယ့်ရဲ့မပြည်.စုံတဲ.အချက်တွေကို တွေးပြီး စိတ်ညစ်နေမယ် ၊စိတ်ဆင်းရဲနေမယ်၊ဟိုလူ ဒီလူကိုအပစ်ဖို့နေမယ်ဆိုရင် ကိုယ်ဟာ စိတ်ဓါတ်ပျော့ညံ့တဲ့သူ ၊လောကဓံခံနိုင်ရည် မရှိတဲ့သူ ဖြစ်သွားမယ် ။ လောကမှာ အဆိုးလောကဓံတွေနဲ့တွေ့ကြုံချင်တဲ့သူရယ်လို့တစ်ယောက်မှမရှိပါဘူး ။ဒါပေမဲ့အနည်းနဲ့အများဆိုသလို တစ်ချိန်မဟုတ်တစ်ချိန်မှာ တွေ ့ကြုံနေရတာပါပဲ ။ အဲဒီလိုတွေ ့ကြုံလာတဲ့အခါမှာ မတုန်မလှုပ် ခံနိုင်ရည်ရှိဖို ့လိုပါတယ် ။စိတ်ညစ်နေ၊စိတ်ဆင်းရဲနေ၊ဟိုလူ ဒီလူအပြစ်ဖို […]


etoneJuly 27, 20101min840
(၁) မိန်းကလေး >> အချစ်နဲ့ဆိုင်တဲ့ ပို့စကတ်လေးတွေ လိုချင်လို့ပါ။ ဈေးသည် >>> ဒီ ကတ်ကလေးဆိုရင်ရော၊ ဒီမှာ ရေးထားတာလေး အရမ်းမိုက်တယ်၊ “အမြဲတမ်းချစ်ရတဲ့ တစ်ယောက်တည်းသူအတွက်” တဲ့။ မိန်းကလေး >> ကျွန်မကို အဲဒီကတ် (၁၀)ခု ပေးပါ။ (၂) အသက်(၆၀)အရွယ် ဇနီးမောင်နှံ(၂)ဦးသည် သူတို့၏ အနှစ်(၄၀)ပြည့် မင်္ဂလာအခမ်းအနားကို အိမ်မှာပင် တိတ်တဆိတ် ကျင်းပပြုလုပ်ကြသည်။ တစ်ဦးနှင့်တစ်ဦး ငယ်မူပြန်ကာ ချစ်စကားများပြောခြင်း၊ အပြန်အလှန် ယုယုယယနမ်းခြင်းများ ပြုလုပ်လျက်ရှိကြသည်။ သူတို့၏ အတိတ်ကာလများက ပျော်ရွှင်ဖွယ်ရာနေ့ရက်များအကြောင်းကို တစ်ဦးကိုတစ်ဦး ပြန်ပြောင်းပြောဆိုနေကြသည်။ သေချာသည်ကတော့ နှစ်ဦးစလုံး၏ မျက်လုံးများတွင် ကြည်နူးပျော်ရွှင်ရိပ်များနှင့် ပြည့်နှက်နေခြင်းပင်။ သူတို့နှစ်ဦး၏ ချစ်ခြင်းမေတ္တာနှင့် သံယောဇဉ်ကြီးမားပုံကို သဘောကျလွန်းသည့်အတွက် အချစ်နတ်သမီးသည် ကိုယ်ထင်ပြလေသည်။ ထို့နောက် သူတို့နှစ်ဦးကို […]