etoneJuly 27, 20103min830
ဝမ်းသာလိုကျတဲ့မျက်ရည်ဟာ လောဘအပူနဲစိတ်ယောက်ယက်ခက်နေပြိး ဘေးခနေပါတယ်။ ဝမ်းနည်းလို့ကျတဲ့မျက်ရည်ဟာ ဒေါသအပူနဲ့စိတ်တင်းကျပ်နေပြိး ဘေးခနေပါတယ် ဘုမသိဘမသိအလိုလိုကျတဲ့မျက်ဟာ မောဟအပူနဲ့စိတ်လွင့်မျောပြီး ဘေးခနေပါတယ် မိမိကျလိုက်တဲ့မျက်ရည်ကြောင့် အကုသိုလ်တရားတွေဆုတ်ယုတ်သွားတယ် ကုသိုလ်တရားတွေတိုးပွားလာတယ် ကိလေသာအပူတွေငြိမ်းအေးသွားတယ်ဆိုရင် အဲဒီမျက်ရည်မျုိုးဟာ ကျသင့်ကျထိုက်တဲ့မျက်ရည် ဆေးပေါင်းခတဲ့မျက်ရည်ပါပဲ။ (ဆရာတော် အရှင်ဆနာဓိက) ၂၄.၇.၂၀၁ဝ မှတ်သားနိုင်ကြပါစေ


etoneJuly 27, 20101min920
ရေအောက်ကမ္ဘာမှာ ရှိတဲ့အလှတရားတွေထည်းမှာကြယ်ငါး ( star fish ) လို ့ခေါ်တဲ့ ထူးဆန်းလှပ တဲ့ ရေအောက်ကြမ်းပြင်နေ သတ္တဝါလေးတွေပါ ပါတယ်.. ဒါကြောင့်ဒီတစ်ခါ ထူးဆန်းတဲ့စတားဖစ် လေးတွေကိုသူငယ်ချင်းတွေ သိရန်အတွက်တင်ပေးလိုက်ပါတယ်နော်… အနီရော်စတားဖစ် စတားဖစ် တွေဟာ အများအားဖြင့်ပင်လယ်ရေအောက်ကြမ်းပြင်ရှိသဲလေးများထည်းတွင် နေတက်ကြပါတယ် အရောင်အမျိုးစားစုံပါတယ်.. သဲများပေါ်တွက်သူတို ့ရဲ ့ခန္တာကိုယ်ကို လွှင့်ပြီးသွားတက်ကြပါတယ် သူကတော့စတားဖစ်တွေထည်းမှာ အသားအများဆုံးပါတဲ့အမျိုးအစားပါ.. ပင်လယ်အောက်မှကျောက်တုံးတွင်ကပ်နေသော ဒါကတော့စတားဖစ်အမျိုးစားမျိုးကွဲတွေပါ သတ္တဝါတွေကတော့ဘယ်လောက်ဝေးဝေးပုန်းပုန်းလူတွေလက်ထည်းကို ရောက်လာကပြန်တာပါပဲ.. သူပါသူရေနက်ကြီးအောက်မှာပုန်းနေတဲ့သတ္တဝါတွေ…………………လူတွေကြောင့်ကောင်းကောင်း.မနေရပါလာ


etoneJuly 27, 20101min750
ကျွန်တော့်အား မိတ်ဆွေတစ်ဦးက မေးခဲ့သည်မှာ ကြာပါပြီ။ သို့သော် ကျွန်တော်သည် မိတ်ဆွေ၏အမေးကို မဖြေခဲ့ရသေး။ သာမန်အားဖြင့် သူ့အမေးကို သူနားလည်အောင် ကျွန်တော်ဖြေနိုင်ချင်မှ ဖြေနိုင်ပေမည်။ သို့ကြောင့်လည်း ဥပမာတစ်ခုလောက် ပြနိုင်ရန် ကျွန်တော်စောင့်နေခြင်း ဖြစ်သည်။ သူ့အမေးမှာ “မင်းတို့ ပြောပြောနေတဲ့ ကြိုးနီစနစ်ဆိုတာ ဘာလဲကွ” ဟူ၍ ဖြစ်၏။ မနေ့ကတော့ သူ့ကို ဥပမာပေးရန် အဖြစ်အပျက်တစ်ခုကို တွေ့လာခဲ့သည်။ အစိုးရဌာနနှစ်ခုမှ ရုံးနှစ်ရုံးသည် အဆောက်အဦကြီး တစ်ခုထဲတွင် ပူးတွဲရုံးဖွင့်ထား၏။ ထိုရုံးနှစ်ခုအနက်မှ တစ်ခုသောရုံးတွင် ခွေးတစ်ကောင် မွေးထား၏။ တစ်နေ့သောအခါ ထိုခွေးသည် ကပ်လျက်ရုံး၏ အခန်းတွင်းသို့ သွား၍ နောက်ဖေးယိုခဲ့၏။ ဤသို့ပြုလုပ်ခြင်းသည် တစ်ကြိမ်မဟုတ် ကြိမ်ဖန်များလာသောအခါ နောက်ဖေးယိုခံရသောရုံးက ခွေးမွေးထားသောရုံးသို့ “လူကြီးမင်းတို့ရုံးမှ မွေးထားသောခွေးသည် ကျွန်တော်တို့၏ ဧည့်ခန်းနှင့်…” ဟူသော […]


etoneJuly 27, 20101min1000
၁။ဓနဥစ္စာ ဟူသည် မိမိရရှိသော ဝင်ငွေ၏ ဆယ်ပုံတစ်ပုံထက်မနည်းသောငွေကို မိမိ နှင်.မိမိ မိသားစုအတွက် ချန်လှပ်သိမ်းဆည်း တတ်သူထံသို.သာ ဝမ်းမြောက်ပျူဌာစွာ ရောက်ရှိလာတတ်စမြဲ ဖြစ်သည်။ ၂။ဓနဥစ္စာ ဟူသည် ယင်းအားအကျိုးဖြစ်အောင် ခိုင်းစေ တတ်သော သူအတွက် ကျိုးနွံကျေနပ်စွာ အားထုတ်လုပ်ကိုင်ပေးတတ်စမြဲဖြစ်၍ထိုသူ၏ လက်မှာ သိုးအုပ် နွားအုပ်သဖွယ် များပြားလာတတ်သော သဘောရှိပေသည်။ ၃။ဓနဥစ္စာ ဟူသည် ယင်းအားဂရုတစိုက် ရင်းနှီးမြုပ်နှံမှုပြုသူ ၊ကျွမ်းကျင်လိမ္မာ သူတို.၏ အကြံဉာဏ်ကို ရယူလုပ်ကိုင် သူများထံသို.သာတွယ်ကပ် ခိုလှုံကြသည်။ ၄။ဓနဥစ္စာ ဟူသည် မိမိလည်းမကျွမ်းကျင် ၊ကျွမ်းကျင်သူတို.လည်းအားမပေးသော အလုပ် များတွင် ရင်းနှီးမြုပ်နှံ မှုပြုသူများထံမှ လျောကျပျောက်ကွယ် သွားတတ်စ မြဲဖြစ်သည်။ ၅။ဓနဥစ္စာ ဟူသည် ယင်းမှ လွန်ကဲသော အမြတ်အစွန်းကို မျော်လင်.သူများ၊လူလိမ်များ နှင်. မဆင်မခြင် […]


etoneJuly 24, 20101min1071
အမေ မသိသေးသော အကြောင်းများ မဂ္ဂဇင်း ကာတွန်းတစ်ခုထဲမှာ ဒီလိုဖတ်ဖူးပါတယ်။ မိန်းမနှစ်ယောက် ဈေးက အပြန်လမ်းမှာတွေ့တော့ တစ်ယောက်ကနောက်တစ်ယောက်ကို ပြောနေတာ။ ‘ကျွန်မအမျိုးသားက နိုင်ငံခြားမှာ အလုပ်လုပ်နေတာလေ။ သားက လည်း နိုင်ငံခြားမှာပဲ။ သမီးကတော့ အဲဒီမှာ ပဲကျောင်းတက်နေလေရဲ့’ ‘ဟင် ဒါဆိုရှင်က ဘာလို့ လိုက်မသွားတာလဲ’ ‘အဟင်း ကျွန်မကကြွားခြင်လို့ နေခဲ့တာလေ’ တဲ့။ အဲဒီ ကာတွန်းလေးက အမေပြောပြတာပါ။ အမေကတော့ ဟုတ်မှာပေါ့လေ။ ဒါပေမယ့် အမေမသိသေးတာ တွေ အများကြီးရှိပါသေးတယ်။ ‘ဟုတ်တယ် နိုင်ငံခြားမှာ လမ်းတွေတအား ကောင်းတာတဲ့။ တစ်မြို့လုံးလည်း သန့်ရှင်းနေတာပဲတဲ့။ လျှပ်စစ် မီးဆိုတာတော့ ပြောစရာကို မရှိဘူးတဲ့’ အမေကတော့ မိတ်ဆွေတွေနဲ့ တွေ့တိုင်း အဲလိုပြောလေရဲ့။ ဒါပေမယ့် အမေပြောပြောနေတဲ့ နိုင်ငံခြားမှာ တစ်အား […]


etoneJuly 24, 20101min1240
ရာဟုလောဝါဒ သုတ္တန်များလို့”ထင်ရှားတဲ့ ဒီ တရားတော်များဟာ ခုနစ် နှစ်အရွယ် ရာဟုလာ သာမဏေငယ်လေးကို တရားဓမ္မနဲ့ တစ်စ တစ်စ ရင်းနီး မွေ့လျော် ရင့်ကျက်လာအောင် တစ်ဆင့်ချင်း တက်ပြီး လမ်းညွန်ဆုံးမတဲ့ ဒေသနာ တော်များ ဖြစ်တဲ့အတွက် ကလေးငယ်များကို အဓိက ရည်ညွန်းတဲ့ အဆုံးအမများလို့ ဆိုနိုင်ပါ လိမ့်မယ်။ ဒါကြောင့် ဒီအကြောင်း အရာများကို ရေးသားရာမှာ မူလ ရည်ရွယ်ရင်း အတိုင်း ကလေးငယ်များကို ပြောပြတဲ့ ပုံစံနဲ့ပဲ ရေးလိုက်ပါတယ်။ အခြေခံကစပြီး ဓမ္မနဲ့ ရင်းနီးမွေ့လျော် ရင့်ကျက် လိုသူ အားလုံးအတွက်လည်း ရည်ညွန်းပါတယ်။ ကလေးတို့… မြတ်စွာဘုရားရှင်ရဲ့ “သားတော်ရာဟုလာ”ဆိုတဲ့ ကိုရင်လေးအကြောင်း ကြားဖူးကြမယ် ထင်ပါတယ်နော်၊ သားတော် ရာဟုလာလေးကို ရှင်သာမဏေ ပြုပေးတော့ အသက်က […]


etoneJuly 24, 20101min880
၁) ကိုယ်ကျိုးနည်းပါပြီ ယင်ကောင်မသည် ဆင်တကောင်နှင့် လက်ထပ်လိုက်သည်။ လက်ထပ်ပြီး နောက်တနေ့တွင် ဆင်သေသွားသည်။ ယင်ကောင်မ ငိုယိုနေသည်ကို မြင်သဖြင့် အိမ်နီးချင်းများက ဖျောင်းဖျကြသည်။ ဒီလောက်ထိ ကိုယ့်ကိုယ်ကို မညှင်းဆဲပါနဲ့ကွယ်၊ မင်းတို့ နှစ်ယောက် အတူနေခဲ့ကြရတာလဲ ကြာမှ မကြာဘဲနဲ့ မကြာတာတော့ ဟုတ်ပါရဲ့၊ ဒါပေမယ့် သူ့ကို မြေမြုပ်ဖို့အတွက် ကျမ တသက်လုံး တွင်းတူးရမှာရှင့် ၊ အောက်မလေး ကိုကိုဆင်ရယ် ၊ ဘယ်သူ့အားကိုးနဲ့ ကျွန်မကို တယောက်တည်း ထားခဲ့ရက်တာတုန်း၊ ဟီးးးးးးး ဟီးးးးးးးး ၂) သနားကြပါ။ တိရစာ္ဆန်ရုံမှ ကုလားအုပ် တကောင်ပျောက်သွားသည်။ ၃-ရက်အတွင်း ဌင်းကို ရအောင် ရှာရမည်ဟု မြို့နယ်ရဲမှုးကို အထက်အာဏာပိုင်များက အမိန့်ပေးလေသည်။ ၃-ရက်ကြာသောအခါ ကုလားအုပ် တွေ့ပြီဖြစ်ကြောင်း မိမိ၏ […]


etoneJuly 24, 20101min830
၁။ ဗိုလ်ချုပ်ကြီး အတန်းပိုင်ဆရာမက ပီတာလေးကို ဆူသည်။ “မောင်ပီတာ၊ မင်းဟာ လွန်လွန်းပြီကွယ့်၊ မနေ့က လေ့ကျင့်ဖိုု့လေ့ကျင့်ခန်း စာအုပ်မပါဘဲ ကျောင်းကိုလာတယ်၊ ဒီနေ့ ကျောင်းသုံးစာလုပ် ပါမလာပြန်ဘူး၊ လက်နက်မပါတဲ့ စစ်သားကို ဘယ်လိုခေါ်သလဲ သိလား” “သိပါတယ်၊ ဗိုလ်ချုပ်ကြီး” ၂။ ဂျက်၊ ကွင်း၊ ကင်း( Jack, Queen, King) ဆရာမက ကျောင်းသားများကို မေးသည်။ “ကလေးတို့ရေ၊ ဘုရင်စနစ် (Monarchy) ဆိုတာ ဘာလဲကွယ် သိတဲ့လူလက်ညှိုးထောင်ပါ” ပီတာလေးလက်ညှိုးထောင်သည်။ “ဘုရင်စနစ်ဆိုတာ တိုင်းပြည်ကို ဘုရင်က အုပ်ချုပ်တဲ့ စနစ်ပါ” “မှန်တယ်၊ ကောင်းပြီ၊ တကယ်လို့ ဘုရင်ကွယ်လွန်သွားရင်ကောကွယ်” “အဲဒါဆို ဘုရင်မ အုပ်ချုပ်ပါလိမ့်မယ်” “ဟုတ်ပြီ၊ ဘုရင်မလည်း ကွယ်လွန်သွားရင်ကောကွယ့်” “အဲဒါဆို ဂျက်ပဲ […]


etoneJuly 24, 20101min1190
၁။ သတင်းကောင်း ယောကျာ်းဖြစ်သူ အလုပ်က ပြန်လာသည်။ မိန်းမဖြစ်သူရဲ့ ညိုးငယ်သော မျက်နှာကို ကြည့်ကာ အိမ်တွင် တစ်ခုခုဖြစ်ပြီဟု သိလိုက်သည်.. ယောကျာ်း ။ ။”မကောင်းတဲ့ သတင်းနဲ့ ငါ့ကို မကြိုနဲ့ကွာ၊ ရုံးမှာ စိတ်ညစ်ရတာနဲ့ကိုပဲ ငါ့မှာ လုံလောက်နေပြီ” မိန်းမ။ ။ကောင်းပြီ ရှင်ကို သတင်းကောင်းနဲ့ အရင်ပြောမယ်၊ ကျွန်မတို့ဆီမှာ ကလေးငါးယောက် ရှိတယ်နော်။ အဲ – လေးယောက်ဟာ ဒီနေ့မှာ ခြေထောက်ရော လက်ရော မကျိုးဘူး” ၂။ ဆက်စပ်နေတာကိုး လူနာ။ ။”ဒေါက်တာ၊ ကျနော်ကို ကယ်ပါဦး၊ ညတိုင်း ညတိုင်း အိပ်မက်တစ်ခုတည်းကိုပဲ မက်နေတယ်။ ဘယ်နေရာ ကြည့်ကြည့် မီးတောက်မီးလျှံတွေကိုပဲ မြင်ရတယ်။ တစ်ကိုယ်လုံး ပူလောင်အိုက်စပ်နေတယ် ၊ အသက်ရှုလို့လည်း […]


etoneJuly 24, 20101min1525
သူငယ်ချင်းတွေသိပြီးသား ဖြစ်မှာပါ .. မသိသေးဖူးဆိုရင်လဲ အမှတ်မဲ့ကျော်သွားနေတာမျို း ဖြစ်နိုင်ပါတယ် .. လေ့လာကြည့်ပါ .. ဘာ software မှ မလိုပါဖူး . ၁ ။ ပထမဆုံး Control Panel ကိုဝင်ပါ .. ၂ ။ ထို့နောက် Speech (Speech Properties Dialog Box ပေါ်လာပါလိမ့်မယ် ..) ၃ ။ Use the following text to preview the voice: အောက်က Text Box မှာ ပြောစေချင်သော စာသားကို ရိုက်ထည့်ပါ .. ၄ ။ Voice Speed က […]


etoneJuly 24, 20101min1272
မေး။ ။ကွန်ပျူတာ မှာ ဗိုင်းရပ်စ်တွေ မဝင်အောင် ဘယ်လို ကာကွယ်ရမလဲဆရာ။ ဖြေ။ ။ ကွန်ပျူတာကိုု ပိတ်ထားပါ။ပို ပြီးသေချာအောင် ကွန်ပျူတာမီးပလက်ကိုပါဖြုတ် ထားလိုက်ပါ။ မေး။ ။ကွန်ပျူတာ ထဲကို ဗိုင်းရပ်စ်ဝင်လာပြီးဆိုရင် ဘယ်လို ရှင်းထုတ်ရသလဲဆရာ။ ဖြေ။ ။ hack disk ကို ဖြုတ်ပါ။ ပြီးနောက် ရေနွေးပူပူထဲ ထည်.ပြုတ်ပါ။ပိုပြီးသေချာ သွားအောင် တူဖြင်.ထုပါ။ မေး။ ။အင်တာနက်ကဖေးဆိုတာဘာလဲဆရာ။ ဖြေ။ ။ အင်တာနက်ကဖေးဆိုတာ အင်တာနက် အသုံးပြုခနဲ.နေ.တွတ်မကိုက်လို. ကော်ဖီပါတွဲရောင်းနေရတဲ.အင်တာနက်ဆိုင်ထင်ပါရဲ.။ မေး။ ။အွန်လိုင်းဆိုတာ ဘာလဲဆရာ။ ဖြေ။ ။အွန်လိုင်းဆိုတာ အွန်စောရဲ. ညီမပေါ.ကွယ်။ မေး။ ။vzo မှာကိုယ်.ရုပ်သွင်ပေါ်လာအောင်ဘယ်လိုလုပ်ရမလဲဆရာ။ ဖြေ။ ။ ဝက်ကန်တပ်လိုက်ပါ။ အဆင်မပြေသေးရင်တော.ဆင်ကန်တပ်ဖို.လိုအပ်ပါ လိမ်.မယ်။ မေး။ […]


etoneJuly 23, 20101min1965
ရက်ပါ စတိုင်   အီမို စတိုင် ပန့် စတိုင် ရက်ဂေး စတိုင် နာဇီ စတိုင် **** ကျနော့် ကို အွန်လိုင်းက ညီလေး တစ်ယောက်က အီမို တွေ အကြောင်းလဲ ရေးပေးပါ လို. ပြောဖူးတယ်ဗျ။ အီမို တွေ ဆိုတော့ ကျနော် တောင် မေးလိုက်သေးတယ် ။ အီမို ဆိုတာ လူ တစ်ယောက်ရဲ့ နာမည် မဟုတ်ဘူးလားလို. ။ ကျနော့် တကယ် အီမို ဆိုတာတွေ မသိတာ ဗျ။ ကျနော် ခေတ် နောက်ကျ ကျန်ခဲ့တာ ကြာပါပြီ ။


etoneJuly 23, 20101min1061
တစ်ခါတုန်းက ဘုရားသခင်သည် လူသားမိန်းမအား ဖန်ဆင်းနေစဉ်အတွင်း ၆ ရက်မြောက်နေ ့တွင် နတ်သမီးတစ်ပါးရောက်လာပြီး ဘုရားသခင်အား …….. “ဒီတစ်ခုလေးကို ဘာကြောင့် အချိန်အများကြီး ယူပြီး ဖန်ဆင်းနေရတာလဲ” ဟု အပြစ်တင်စကားဆိုလေ၏ ။ ထိုအခါ ဘုရားသခင် က “ဖန်တီးနေတဲ့လူသားမိန်းမရဲ ့အစိတ်အပိုင်းတွေကိုတွေ ့လား” ဟုမေးလိုက်လေ၏ ။ နတ်သမီးက ဖန်တီးလက်စ လူသားမိန်းမကို သေချာကြည့်နေ၏ ။ ဘုရားသခင်ကဆက်ပြောပြသည် ။ ဘုရားသခင်သည် သူဖန်တီးပြီးဖြစ်သော လူသားမိန်းမ ၏ လက်နှစ်ချောင်း အားညွှန်ပြလိုက်ပြီး…. “ဒီလက်နှစ်ချောင်းနဲ ့သူမဟာ အဝတ်လျှော်နိုင်အောင် လုပ်ထားတယ် ။ အိမ်ကပစ္စည်း ၂၀ဝ လောက်ကိုလည်း ဟိုရွှေ ့ဒီရွေ ့လုပ်နိုင်တယ် ။ အစားအသောက်မျိူးစုံကိုလည်း ချက်ပြုတ်ပြင်ဆင်ပေးနိုင်တယ် ။ ဒါ့အပြင် […]