etoneJuly 23, 20101min1230
ဥပတိ္တလေသ တရားမဂ်တုဆယ်ပါး ၁။ဩဘာသ တရားအားထုတ်နေရင်း ဥဒဗ္ဗယဉာဏ် ရင့်သန်လာသောအခါ အရောင် အဆင်း အလင်းတွေ ထွက်လာတတ်သည်။ဤသို့ဖြစ်သည်ကို မဂ်ရပြီဟု ထင်တတ်သည်။ ၂။ဉာဏ-တရားအားထုတ်နေရင်း ရုပ်နာမ်ဓမ္မ သင်္ခါရ တို့၏ ဖြစ်ပျက်ခြင်းကို ထက်မြက်စူးရှစွာ မြင်လာသည်။ဤသို့မြင်လာသည်ကို မဂ်ဟုထင်တတ်သည်။ ၃။ပီတိ- တရားအားထုတ်နေရင်း ဖြစ်ပျက်တွေ့နေစဉ် ဥဒ္ဒကာပီတိ ခဏိကာပီတိ ဩက္ကန္တိကာပီတိ ဥဗ္ဗေဂါ ပီတိဖရဏာပီတိ တို့ ဖြစ်ပေါ်လာတတ်သည်။ဤသို့ဖြစ်လာသည် ကို မဂ်ဟုထင်တတ်သည်။ ၄။ပဿဒ္ဓိ- တရားအားထုတ်နေရင်း စိတ်တည်ငြိမ်ခြင်း၊ ပေါ့ပါးခြင်း၊နူးညံ့ခြင်း၊ခန့်ခြင်း၊စင်ကြယ်ခြင်း၊ေြ ဖာင့်ခြင်းဟူသည့် ဂုဏ် ၆ ပါးနှင့် ပြည့်စုံသော ချမ်းသာမှုကို ခံစားရတတ်သည်။ဤသို့ခံစားရမှုကို မဂ်ဟုထင်တတ်သည်။ ၅။သုခ- တရားအားထုတ်နေရင်း ကိုယ်ထဲရော စိတ်ထဲရော အလွန်မြတ်သော ချမ်းသာမှုကို ခံစားရတတ်သည်။ဤခံစားရမှုကို မဂ်ဟုထင်တတ်သည်။ ၆။အဓိမောက္ခ-တရားအားထုတ်နေရင်း ဘုရားပေါ်မှာ ဘယ်လိုကြည်ညိုမှန်းမသိအောင် […]


etoneJuly 23, 20101min1161
၉ လ စောင့်ရမယ် အမျိုးသား တစ်ဦးသည် အလုပ်တွင် အဆင်မပြေဖြစ်တိုင်း မိမိမှာတော. မိသားစု အတွက် နေ.စဉ်နေ.တိုင်းအလုပ်တွင် အနည်းဆုံး ၈ နာရီ အလုပ်လုပ်ရချိန်၌ ဇနီးဖြစ်သူ မှာ အိမ်တွင် အေးအေးဆေးဆေး နေနိုင်နေကြောင်းကို တွေးမိကာ ဇနီးသည် ကို မနာလိုဖြစ်နေတက်သည်။ မိန်းမအား မနာလိုမူတို. အားကြီးလာ သောအခါ တစ်ည ညအိပ်ရာဝင်ချိန်တွင် ဘုရားသခင်ကို တိုင်တည်ဆုတောင်းသည်ဟူ၏။ “အဖ ဘုရားသခင်….. ကျွန်တော်သည် နေ.စဉ်အနည်းဆုံး ၈နာရီအလုပ်လုပ်ရချိန်တွင် ဇနီးဖြစ်သူမှာ အိမ်၌ ကောင်းစွာ နားနေနိုင်ပါသည်။ ဘဝမှာ မမျှတပါ… သို. ဖြစ်ပါ၍ မိန်းမတို.၏ အေးဆေးသက်သာရှိသောဘဝ ကို မြင်စွမ်းနိုင်ခွင်.ငှာ မနက်ဖြန် မနက်မှစ၍ ကျွန်တော်နှင်. ကျွန်တော်.မိန်းမတို.ဘဝ တခဏဖြစ်ခွင်.ရပါစေသား အရှင်ဘုရား….” […]


etoneJuly 23, 20101min1090
ယောကျာ်းလေးများအနေဖြင့် မိန်းကလေးများကို ဆွဲဆောင်လွှမ်းမိုးရန်နည်းလမ်းများ ၁- ချီးကြူးပါ၊(မြှောက်သင့်လျှင်မြှောက် 😀 )။ ၂- ကြင်နာစွာနမ်းပါ။(အဝေးရောက်နေရင်တောင် ယင်ကောင်အနမ်း(flykiss) ပေးပါ)။ ၃- ဂရုစိုက်ပေးပါ။( ကျီးထိုးထိုး၊ ခွေးစားစား ပစ်မထားပါနဲ့)။ ၄- ပျော်အောင်ထားပါ။( ဟာသာများများဖတ်၍ ရယ်စရာပြောပါ။ မရယ်လျှင် ကလိထိုး၍ရယ်ခိုင်းပါ)။ ၅- သူမ အပေါ်အလေးအနက်ထားပါ၊( ဟန်ဆောင်ပန်ဆောင်လေးပေါ့)။ ၆- သူမ အတွက် $ များများသုံးပါ၊( အိမ်မှာ ရေသောက်ဗိုက်မှောက်နေပြီး စုဆောင်းထားသမျှ ဖွန်ကြောင်ခြင်းတွင်သုံးပါ)။ ၇- သူမ ကြိုက်တတ်သည့်အစားအစာများကို ကျွေးပါ( စားသောက်ဆိုင်မသွားခင် မိမိတွင် $ မလုံလောက်ဟုထင်ပါက သူငယ်ချင်းထံမှ လည်ပင်းညှစ်ခဲ့ပါ၊ မိန်းကလေးများ အစားကြီးသော်ကြောင့်ဖြစ်ဧ။်)။ ၈- သူမ အတွက် အမြဲအဆင်သင့်ရှိနေပါစေ၊( ထမင်းဆာတယ်ဆိုလျှင် ခူးပြီးပါပြီ ဖြစ်နေရမည်)။ ၉- […]


etoneJuly 23, 20101min840
Accept(လက်ခံခြင်း) “လောကကြီးမှာ ခြောက်ပစ်ကင်းသူမရှိပါဘူး” သူ့ကိုချစ်တယ်ဆိုရင် သူ့အားနည်းချက်အပါအဝင် သူ့ရဲ့အရာအားလုံးကို လက်ခံနိုင်ရပါမယ်။ Belief (ယုံကြည်ခြင်း) အချစ်မှာ ယုံကြည်ခြင်းတွေ လိုပါတယ်။ တစ်ဘက်သားကို မယုံကြည်ဘဲ အမြဲသံသယအမေး၊ သံသယအတွေးတွေနဲ့ အချစ်ကိုမယုံကြည်ခဲ့ရင် နောက်ဆုံးမှာ လမ်းခွဲခြင်းနဲ့ပဲ အဆုံးသတ်ရပါလိမ့်မယ်။ Care (ဂရုစိုက်ခြင်း) တစ်ဘက်သားကို ဂရုစိုက်တယ်ဆိုတာ သူ့အပေါ်ထားတဲ့ ကိုယ့်ရဲ့အရေးပေးမှုကို ပြသနေသလိုပါပဲ။ ဖုန်းလေးတစ်ချက်နဲ့ “အလုပ်ပင်ပန်းလား?”ဆိုတဲ့ ဂရုစိုက်တဲ့ အမေးလေးမေးနိုင်သလို “မိုးအေးပြီနော်… အနွေးထည်ထပ်ဖို့ မမေ့နဲ့နော်”ဆိုတဲ့ မက်ဆေ့လေးလည်း ပို့နိုင်ပါတယ်။ ဒီလို ဂရုစိုက်မှုတွေက တစ်ဘက်သားအတွက် တကယ့်အသုံးမနိုင်ဝင်ပေမယ့် အနည်းဆုံးတော့ သူ့စိတ်ကို နွေးထွေးကြည်နူးစေနိုင်ပါလိမ့် မယ်။ Devoted (သစ္စာခိုင်မြဲသည်) လူတစ်ယောက်ကိုချစ်ပြီဆိုရင် သစ္စာခိုင်မြဲရတယ်။ လှေနံနှစ်ဖက်နင်းတာက ကိုယ်ချစ်တဲ့သူကို နာကျင်ဝမ်းနည်းစေတဲ့အပြင် နောက်ဆုံးမှာ လမ်းခွဲတာနဲ့ပဲ အဆုံးသတ်ရတတ်တယ်။ Enjoy […]


etoneJuly 23, 20101min1060
၁။ သင်ဖွင့်ပြောတာကို ကောင်လေးတွေငြင်းလိုက်တယ် ဆိုပေမဲ့ သူသင့်ကိုအရမ်းကျေးဇူးတင်နေမှာ ပါ။ ၂။ သင်တကယ်ချစ်ရင် သင့်ရဲ့စိတ်ရင်းကိုပြောပြလိုက် ပါ…. စောင့်မနေပါနဲ့။ ကောင်လေးတွေဟာ အသဲကွဲ နာကြင်ရင် ပြန်မကောင်းတတ်လို့ပါ။ ၃။ သင်သိပ်မဆိုးပါနဲ့။ သူတို့မှာလည်း အတိုင်းအတာတစ်ခုတော့ရှိတာပေါ့။ ၄။ သင့်အပေါ်သူဆိုးနေတယ်ဆိုတာဟာ သင့်ကိုချစ်လို့ပါ… သင့်ကို အရင်းနှီးဆုံး၊နားလည်မှုအပေးဆုံး လို့သတ်မှတ်ထားလို့ပါ။ ၅။ သင့်အတွက် ဆိုပြီးပေးတဲ့ ဟာတွေကို သင်ကမကြိုက်ဘူးဆိုပြီးမလုပ်ပါနဲ ့ သူတစ်ညလုံးစဉ်းစားထား တဲ့အတွေးတွေပါတယ်။ ၆။ သူ့ကိုယုံကြည်ပါ အားပေးပါ သင့်အတွက် လုပ်ဆောင်နေတာချည်းပါပဲ။ ၇။ သူ့ကိုသံသယမဝင်ပါနဲ့ “ဘယ်သွားမလဲ” ဆိုတဲ့မေးခွန်းမေးမဲ့အစား “သတိထားသွားလို့ ပြောပါ။ ၈။ ချစ်တယ်ဆိုတာပဲပြောမနေနဲ့ ဒါပေမဲ့ မပြောဘဲနဲ့လဲမနေနဲ့ တခါတရံ သူတို့က ဒီစကားကိုပိုကြား ချင်တယ်။ ၉။ သူသင့်အတွက်မျက်ရည်ကျတယ်ဆိုတာ တကယ်ချစ်လို့ပါ.. […]


etoneJuly 23, 201041min1664
၂၀၁၂ မှာ ကမာ္ဘပျက်မယ်လို့ ပြောကြတဲ့အထဲက အကြောင်းတစ်ခုကတော့ .. မေယာန် လူမျိုးတွေရဲ့ ပြက္ခဒိန်အရပြောကြတာပါ .. ။ တစ်ခုရှိတာက ဒီ မေယာန်လူမျိုးတွေဟာ အခုခေတ်လိုသိပ္ပံပစ္စည်းတွေအထောက်အကူမပါပဲ .. ရှေးယခင်ကတည်းက ကမာ္ဘက နေကိုပတ်တာ ဘယ်လောက်ကြာရင် တစ်ပတ်ပြည့်သလဲဆိုတာကို တွက်ချက်တဲ့နေရာမှာ .. အခုခေတ်တွက်ချက်မှုနဲ့ ဒဿမကိန်း ၆ လုံးအထိ တူအောင်တွက်နိုင်ခဲ့ကြတဲ့ သူတွေပါ .. ။ မေယာန်ပြက္ခဒိန် ကျွန်တော်တို့ အခုခေတ် ပြက္ခဒိန်မှာ ရက်၊ လ၊ နှစ်တွေပါကြပါတယ် .. ။ မေယာန် ပြက္ခဒိန်မှာက ပိုရှုပ်ထွေးပါတယ် ..။ ဘာလို့လဲဆိုတော့ သူတို့မှာ ပြက္ခဒိန် (၃)ခုရှိလို့ပါပဲ .. ။ ဘာသာရေး ပြက္ခဒိန်ပါ ရက်သတ္တပေါင်း ၂ဝ ရဲ့ […]


etoneJuly 23, 20101min991
တကယ်အလုပ်ရှာချင်တာလား အလုပ်တစ်နေရာရရှိဖို့ ခက်ခဲတဲ့အချိန်မှာ အလုပ်လိုချင်သူဘက်က သတ်မှတ်အရည်အချင်းတေါ ပြည့်မီဖို့ လိုအပ်သလို အလုပ်ကိုလိုအပ်မှုရှိမရှိ မျက်စိဖွင့်နားစွင့်ပြီး ကုမ္ပဏီတွေ၊ အင်န်ဂျီအိုတွေမှာ ကိုယ်ရေးအချက်အလက်မျိုး တွေပေးထားပြီး သေချာရှာသင့်တယ်လို့ MHR မှဆရာဦးအေးကျော်က အကြံပေးပါတယ်။ ဆရာဦးအေးကျော်က ‘ အလုပ်ရှာတဲ့အခါ အရင်ထက်ဝီရိယစိုက်ထုတ်ဖို့လိုတယ်၊ အလုပ်ခေါ်တဲ့ ကြော်ငြာတွေ တွေ့မှ အလုပ်လျှောက်တာထက် မိမိကစပြီး ဘယ်နေရာတွေမှာအလုပ်ခေါ်ဖို့ ရှိတယ်ဆိုတာ လိုက်စုံစမ်းပြီး လျှောက်တာ၊ အဲဒါကို pro-active လို့ခေါ်တယ်၊ ပုံမှန်အခြေအနေတွေမှာ re-active လို့ခေါ်တဲ့အလုပ်ခေါ်မှ သွားလျှောက်ရုံနဲ့ အဆင်ပြေနိုင်ပေမယ့် ဒီလိုအခြေအနေမှာတော့ pro-active ပါတွဲပြီးအလုပ်လျှောက်မှ အဆင်ပြေနိုင်မှာ’ လို့သူ့အမြင်ကို ပြောပါတယ်။‘ မိတ်ဆွေအပေါင်းအသင်းတွေထံကနေ တစ်ဆင့် အလုပ်လုပ်ချင်လို့ လူလိုတာရှိရင် ပြောပါဦးဆိုပြီး ရှာဖွေတာ၊ ကိုယ်အလုပ်လုပ်ချင်တဲ့ ကုမ္ပဏီတွေဆီသွားပြီး လူလိုလား၊ စီဗွီ(CV) ပေးထားလို့ […]


etoneJuly 23, 20101min800
ကျွန်တော်ရွာမှာနေရတာပျော်ပါတယ် ။ကျွန်တော.်မှာသူငယ်ချင်းတွေအများကြီးရှိတယ်။ ယောက်ျားလေးတွေကောမိန်းကလေးတွေရောပေါ့။သူငယ်ချင်းတွေထဲမှာကျွန်တော်က အညံ့ဆုံးပါပဲ။အရွယ်ရောက်တဲ့အခါသူတို့တွေကတော်ကြတော့နိုင်ငံခြားမှာပညာသွား သင်ကြတယ်။ ကျွန်တော်တစ်ယောက်တည်းရွာမှာကျန်ခဲ့တာပေါ့။သူတို့ဆီကစာလာတယ် သူတို့နဲ့ပြောချင်ရင်အင်တာနက်ကနေပြောလို့ရတယ်တဲ့ရေးထားတယ်။နောက်ပြီးအင်တာ နက်ကအားကိုးရတယ်သိချင်တာမေးလို့ရတယ်လို့ရေးထားတယ်။ကျွန်တော်သိတာ၃ရမင်း နတ်ပဲသိတာလေ။သူကအားကိုးရတယ်သိချင်တာမေးလို့ရတယ်ဆိုတော့နတ်မင်းတစ်ပါးလား မသိပါဘူး။သူတို့လိပ်စာပေးရင်အင်တာဆိုတဲ့နတ်ကဝင်ပူးပြီးပြောတာနေမယ်။ရန်ကုန်မှာပေါ တယ်လို့လဲရေးထားသေးတယ်။ရန်ကုန်မှာနတ်ပွဲတွေပေါပုံရတယ်။ကျွန်တော်လည်းရန်ကုန် ရောက်တော့စုံစမ်းတာထင်တားတာနဲ့လွဲနေတယ်လေ။အင်တာနက်ကဆိုင်ဖြစ်နေတယ်။ နိုင်ငံခြားကိုဖုန်းခေါ်လို့ရတယ်ဈေးပေါတယ်ဆိုတာနဲ့သူတို့ပေးတဲ့ဖုန်းနံပါတ်နဲ့အဲ့ဒီဆိုင်ကို သွားခဲ့တယ်။ဆိုင်နားမရောက်ခင်ကောင်မလေးနှစ်ယောက်ကဝက်ဆိုင်သွားကြည့်မယ် ဆိုပြီးရှေ့ကအင်တာနက်ဆိုင်ထဲဝင်သွားတယ်။ကျွန်တော်လည်းအဲ့ဒီဆိုင်ကဝက်တွေပါ ရောင်းတယ်ထင်နေတာ။ရွာမှာဆိုရင်ဝက်တွေကိုကြည့်မဲ့သူတောင်မရှိဘူး။သူတို့မို့လို့တစ်ကူး တစ်ကသွားကြည့်ရတယ်လို့။ဆိုင်ထဲဝင်လိုက်တော့စောစောကကောင်မလေးနှစ်ယောက်က TVရှေ့မှာထိုင်ပြီးTVကြည့်နေတယ်။သူ့အပြင်တခြားလူတွေလည်းTVကိုတစ်ယောက်တစ်လုံး ကြည့်နေကြတယ်။ရွာမှာဆိုရင်TVတစ်လုံးကိုလူတွေဝိုင်းပြီးကြည့်တာလေ။ရန်ကုန်ဆိုတော့ ့ တစ်ယောက်တစ်လုံးကြည့်တာနေမယ်။ဝက်တွေကိုအနောက်မှာထားတာနေမယ်။ကျွန်တော်လည်း ဆိုင်ကကောင်လေးကိုနိုင်ငံခြားဖုန်းခေါ်ချင်တယ်ပြောတော့ကောင်လေးကနံပါတ်ယူပြီးTVရှေ့ကို သွားနေတယ်။ဖုန်းဆက်ပါမယ်ဆိုမှဒီကောင်လေးTVရှေ့သွားပြီးငါ့ကိုဂရုမစိုက်ဘူးပေါ့။အဲ့ဒီအချိန်မှာ နောက်နားဆီကနေအသံကြားရတယ်။ဝက်ကမ်းပေးပါဆိုပြီးအော်ဝက်အရောင်းအဝယ်ဖြစ်သွားပြီနေ မယ်လို့။ကောင်လေးကရပြီအစ်ကိုဆိုပြီးဘီးကုတ်လိုဖော့တုန်းပါတဲ့ဟာနဲ့နားနားကိုလာကပ်ပေးတယ်။ ကျွန်တော်လည်းကြောက်အားလန့်အားနဲ့ဟယ်လိုခေါ်ကြည့်လိုက်တော့သူငယ်ချင်းရဲ့အသံကြားရတယ်။ ကျွန်တော်လည်းအရမ်းဝမ်းသာသွားတယ်။ဟာ.သူငယ်ချင်းနေကောင်းလား။အဆင်ပြေလားစသည်ဖြင့် သာကြောင်းမာကြောင်းရွာအကြောင်းပြောကြတာပေါ့။ငါရန်ကုန်ကအင်တာနက်ဆိုင်ကဆက်နေတာပေါ့ စကားတွေအများကြီးပြောပြီးမင်းအခုဘာလုပ်နေလဲလို့မေးလိုက်တယ်။သူကသူမအားဘူးလေEbookကို ဖတ်နေတယ်လို့ဖြေတယ်။သူ့စကားကြောင့်ကျွန်တော်တော်တော်နားရှက်သွားတယ်။ဒါပေမဲ့ဂုဏ်ယူပါ တယ်သူငယ်ချင်းလို့ပြောလိုက်တယ်။ရွာကသွားတဲ့အထဲမှာအီးဘုတ်လည်းပါသွားတယ်လေ။သူနဲ့အီးဘုတ် နဲ့ရည်းစားဖြစ်နေတာကိုငါ့ကိုကြွားတယ်ပေါ့။ကျွန်တော်လည်းနှုတ်ဆက်ပြီးဆိုင်ကထွက်လာခဲ့တယ်။ ဪ..သူတောင်အီးဘုတ်နဲ့ရည်းစားဖြစ်နေတယ်။ငါလည်းဘယ်ရမလဲရွာရောက်ရင်ရွာသူတစ်ယောက် ရအောင်ယူအုန်းမှပဲဆိုပြီးပြန်လာခဲ့လိုက်တယ်။


etoneJuly 22, 201011min2034
ဖတ်ပြီးတဲ့အချိန်မှာတော့..တချို့အချက်တွေက သွေးထွက်အောင်မှန်ကန်နေတာကို တွေ့တဲ့အတွက်.. ခင်ဗျာတို့ကိုလည်း.. အနည်းငယ် မျှဝေပေးလိုက်တာပါ.. နည်းနည်းရှည်ပေးမယ်.. ဖတ်လို့ကောင်းမယ်လို့ေ မျှာ်လင့်ပါတယ်.. လစ်လျှူမရှုလိုက်ပါနဲ့ဗျာ…. အဲဒီအတွက်..ခင်ဗျာ ခံစားရမှာ စိုးလို့ပါ.. ကျေးဇူးတင်ပါတယ်… မွေးနေ့..မွေးရက်များနဲ့ သူရဲ့ ဂုဏ်သတ္တိများ. တကယ်လို့..မင်းဟာ..လတွေရဲ့. 1st, 10th, 19th, 28th  မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၁) သမား… တကယ်လို့..မင်းဟာ..လတွေရဲ့. 2nd, 11th, 20th, 29th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၂) သမား… တကယ်လို့..မင်းဟာ..လတွေရဲ့. 3rd, 12th, 21st, 30th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၃) သမား… တကယ်လို့..မင်းဟာ..လတွေရဲ့. 4th, […]


etoneJuly 22, 20101min1020
၁) ခေတ်သစ် ဂျင်မီနီ ယောက်ျာကြီးတယောက် ပုလင်းတလုံးကို အမှတ်မထင်တွေ့သည်။ ပုလင်းအဖုံးကို ဖွင့်လိုက်သည်ရာ အထဲမှ ဂျင်မီနီ ထွက်လာသည်။ “ဟေ့ မင်းဘယ်သူလဲ” “ဂျင်မီနီပါ သခင်” “လိုချင်တာ ရအောင်လုပ်ပေးနိုင်တဲ့ ဂျင်မီနီလား” “ဟုတ်ပါတယ် သခင်” “ဒါဆို ငါ့ကို နိုင်ငံကူးလက်မှတ်ရအောင် လုပ်ပေးစမ်း” “ငွေတသိန်းပေးပါ ရရစေ့ပါမယ် သခင်” ၂) တတ်ရဲ့သားနဲ့ မြို့တော်အတွင်း ကိုဘမောင် ကားမောင်းလာသည်။ ယာဉ်ထိန်းရဲက ကားကိုတားပြီးပြောသည်။ “ခင်ဗျား ကားကို သတ်မှတ်မိုင်နှုန်းထက် ပိုမောင်းလာတယ်။ ဘာကြောင့်လဲဆိုတာ ဂျော်ဂျီယာ ဘာသာစကားနဲ့ ဖြေရှင်းချက်ရေးပါ။” “ကျနော် ဂျော်ဂျီယာ ဘာသာစကားမှ မတတ်ဘဲ၊ ဘယ်လိုလုပ်ရေးရမှာလဲ” “ဆင်ခြေမပေးနဲ့၊ ဂျော်ဂျီယာ ဘာသာစကားနဲ့ ရှင်းလင်းချက် ရေးပါ” ကားဆရာ စိတ်ညစ်သွားသည်။ မည်သို့မျှ […]


etoneJuly 22, 20101min1772
စကားတစ်လုံးရဲ့….. ကောင်လေးနဲ့ကောင်မလေး ကငယ်တုန်းကတည်းက သူငယ်ချင်းတွေပေါ့….ရေကန်ဘေးမှာ ပုဇွန်တွေအတူတူသွားဖမ်းကြတယ်… ကောင်လေးအများကြီးရပေမဲ့ ကောင်မလေး တစ်ကောင်မှ မမိခဲ့ဘူး။ ကောင်မလေး ဝမ်းနည်းစွာနဲ့ အိမ်ပြန်လာတယ်… မပျော်နိုင်ဘူး။ ညနေ ကောင်လေးလာရှာတယ်။ ကောင်လေးကိုတွေ့တော့ စိတ်ဆိုးစွာနဲ့ လှည့်ထွက်လာတော့ ကောင်လေးက “sorry ငါနင့်ဖမ်းမဲ့ပုဇွန်တွေကို ငါဖမ်းလိုက်မိတယ်။ ရော့ … ကန်ထဲမှာမွေးထားလိုက်” ကောင်မလေး ပြုံးသွားတယ်။ ဖြူစင်လွန်းတဲ့ sorry ကောင်မလေးစိတ်ဆိုးပြီး ကောင်လေးကအမြဲလိုက်ချော့လိုက်နဲ ့ သူတို့ ကြီးပြင်းလာကြတယ်။ ကောင်မလေးရဲ့ အအော်အငေါက်တွေကို ခံရင်း စလိုက်ချော့လိုက်နဲ့ …. ကောင်လေးအရမ်းကို ချစ်မိနေပြီ…..ကောင်မလေးရဲ့ စက်ဘီးလေကိုလျော့ပြီး ကောင်မလေးနားမှာနေခွင့် ရအောင် ကောင်လေးဖန်တီးခဲ့တယ်…. ကောင်လေးစက်ဘီးလေးကို တွန်းရင်း ကောင်မလေးက ငြီးငြူတယ်…. ဒါနဲ့ ကောင်လေးက “sorry ပါ.. ငါမှားပါတယ်….” ကောင်မလေးက […]