“သူ” သူ ရောက်လာသည် နတ်မောက်မြေရင်း မောင်ထိန်လင်းတဲ့။ သူ ကြီးမြောက်သည် ထွန်းပေါက်ပညာ သင်ယူကာဖြင့် ကျွန်းသာမြညို တက်ကသိုလ်မယ် မည်ချိုတင့်ဆန်း ကိုအောင်ဆန်းတဲ့။ သူ ဆောင်ရွက်သည် ရဲဖက်လူမော် သုံးကျိပ်ဖော်နှင့် ရည်မျှော်ဆတွေး လွတ်လပ်ရေးတွက် စစ်သွေးကြွရွ ဗိုလ်တေဇတဲ့။ သူ ကြိုးစားသည် သူ့အား သူ့မာန် သူ့နိုင်ငံတွက် ပိုင်ပိုင်ဆွတ်လှမ်း လွတ်လပ်ပန်းကို အောင်ဆန်းဗိုလ်ချုပ် ယူမည်တဲ့။ သူ လက်လှမ်းသည် ဆွတ်ဖမ်းကိုင်ပြီး ရလုနီးမှာ ခရီးမတ်တပ် ဇီဝိန်ပြတ်လည်း ရည်မှတ် မျှော်မှန်း လွတ်လပ်ပန်းကား ပွင့်လန်းဝေဆာ ခဲ့တကား…။ Forgive me is there any wrong spellings. I […]