fattyApril 13, 20111min2027
နေပြည်တော် မှာရှိတဲ့ရွှေသံလွင်မဏ္ဍပ်ရဲ့ဖျော်ဖြေမှုအချို့ကိုကြိုးစားပြီးတင်ပေးလိုက်ပါတယ် ..။ မန်းလေးဂေဇက်ကို ပြည်တွင်းကနေဘဲကြည့်နေရာကနေ ကိုယ်တိုင် အဝေးရောက်အဖြစ်ခံစားနိုင်အောင် … ကျွန်တော်ကိုယ်တိုင်အဝေးရောက်အဖြစ်ခေတ္တခံယူမှာဖြစ်ပါတယ် …။ မြန်မာပြည်သူပြည်သားအပေါင်း ဘယ်နေရာရောက်နေရောက်နေ .. ဘေးကင်းရန်ကင်းနဲ့ ရွှင်လန်းချမ်းမြေ့ကြပါစေလို့ ……။ ပုံတွေက TV ကတဆင့်ပြန်ရိုက်တာမို့သိတ်မကောင်းလှပါဘူး ..။ ဒါကြောင့်အများကြီးမတင်တော့ပါဘူး ..။


fattyMarch 31, 20111min2696
ဒီခေတ်လူငယ်တွေ အတော်ခက်ကြသကိုး …. လူကြီးတွေ ပြောဆိုဆုံးမပြန်ရင်လည်း .. ပြန်မပြောနားမထောင်။ ပြန်မပြောနားမထောင် တာ အပြင်တခုတိုးလာတယ်ဗျ .. ပြုံးစိစိလုပ်နေလိုက်သေးတယ် ..။ အစကတော့ကျုပ်နားမလည်ဘူး … ကျုပ်သားကိုကျုပ် တခုခုဆုံးမလိုက်ရင် ပြန်လဲမပြော နားလဲမထောင် ပြုံးစိစိနဲ့မို့ သူ့ကိုမေးယူရတယ် .. ဘာလုပ်တာလဲကွ မင်းဟာက ပြုံးစိစိနဲ့ … ဘာအဓိပ္ပါယ်လဲ ..။ ဆိုတော့ .. ဒီလိုဖေကြီးရ .. တဲ့ ဖေကြီးတို့ခေတ်မှာ management သင်ခဲ့ရလို့လား …။ leadership ကောသိရဲ့လားတဲ့ ….။ အတော်ကြီးကြယ်တဲ့အကောင် ….။ ငါသာသောက်ဖြစ်မရှိလို့ ပြည်နယ်ဝန်ကြီးတို့ဘာတို့မဖြစ်တာ .. ပါကွာ .. ငါနဲ့သောက်ဖော်သောက်ဖက်တွေ ဖဲရိုက်ဖော်ရိုက်ဖက်တွေ .. ရွာတုန်းကကြက်တိုက်ဖော်တိုက်ဖက်တွေ အခုကြီးပွါးနေကြတာမှ ဒုနဲ့ဒေး …။ အဲသလိုပြောလိုက်တော့ […]


fattyMarch 30, 20111min1621
ဒီကနေ့ကစပြီး နိုင်ငံတော်ဟာ ဒီမိုကရေစီလမ်းစဉ်ကို စတင်ကျင့်သုံးပြီ ဟု သမတ အသစ် ဦးသိန်းစိန် ကပြောကြားလိုက်သည်။


fattyMarch 30, 20111min2379
တခုသောညနေက နယ်မှ တယ်လီဖုန်းဝင်လာသည်။ အထက်တန်းကျောင်းတုန်းက ငယ်သူငယ်ချင်းထံမှ …။ သူငယ်ချင်းရေ တခုလောက်တော့ကူညီအုံးကွာ ..တဲ့။ ငါ့သားကိုမင်းတို့ဆီက နာမည်ကြီး ပညာရေးဝန်ဆောင်မှုလုပ်နေတဲ့ xxxxx centre မှာထားလိုက်တာ ၃ နှစ်သာတက်လိုက်ရရော ဘာမှဖြစ်မလာဘူး … ကုန်လိုက်တဲ့ငွေကလည်း သောက်သောက်လဲ ..။ ၁ဝ တန်း အောင်ပြီး poly တက်ဖို့ အမှတ်က တိုက်ရိုက်မမှီတော့ IGCSE တက်ခိုင်းတယ် ၅ ဘာသာ A ရတယ် English က D ဘဲရတယ်။ ဒါနဲ့ နောက်တနှစ်လုံး English တက်ခိုင်းပြီး ပြန်ဖြေခိုင်းတယ် grade C ရတယ်။ အခုတော့ ဟိုဟာလဲလုပ်မရ ဒါဆိုလဲ မေးကြည့်ရအုံးမယ်နဲ့ … သူတို့နဲ့ချိတ်ထားတဲ့ကျောင်းတခု ဒီမှာပထမနှစ် ဖွင့်တယ်တဲ့ […]


fattyMarch 28, 20111min36221
ကမာရွတ်လှည်းတန်းမှာရှိတဲ့ ထန်းတပင်လမ်းမှာ ဖြစ်ရပ်ဆန်းတခု ယခု မတ်လအတွင်း ဖြစ်ပွါးခဲ့ပါတယ်။ အဖြစ်အပျက်ကတော့ နေအိမ်အတွင်းရှိပစ္စည်းများ သူ့အလိုအလျှောက်မီးထလောင်ခြင်းပါဘဲ။ ပထမဆုံးအကြိမ် မတ်လ (၇)ရက်နေ့ကဖြစ်တာပါ။ ဖြစ်ပုံကတော့ .. အိမ်ရှင်များ အိမ်ရှေ့ခန်းထွက်ထိုင်နေစဉ်မှာ အခန်းတွင်းကခန်းစီးစ သူ့အလိုအလျှောက်မီးလောင် ခြင်းဖြစ်ပါတယ်။ ဖယောင်းတိုင်မီးလဲမရှိ ခြင်ဆေးခွေတွေဘာတွေထွန်းထားတာလည်း မရှိဘဲနဲ့ မီးစွဲပြီး လောင်နေတဲ့အဖြစ်နဲ့ကြုံရပါတယ်။ အဲဒီနေ့ကစပြီး (၇) ကြိမ်တိတိ ပစ္စည်းတွေတခုပြီးတခု မီးထထလောင်ပါတယ်။ တခုထူးခြားတာက အဲဒီအချိန်ဆို ကြမ်းမှာခင်းထားတဲ့ကြွေပြားတွေပါပူလာပါတယ်။ အဲဒီလိုဖြစ်နေတာ အိမ်နီးနားချင်းတွေ ပထမတော့မသိကြပါဘူး။ တရက်တော့ .. အခန်းအဝင်ဝကတံခါးပေါက်ကိုအလိုအလျှောက်မီးစွဲပါတယ်။ အခန်းချင်းကပ်ရက်က သိကုန်တော့ မီးသတ်ကိုဖူန်းဆက်ပြီးအကြောင်းကြားလိုက်ကြပါတယ်။ မီးသတ်ဌာနက သက်ဆိုင်ရာပုဂ္ဂိုုလ်များ လာရောက်စစ်ဆေးတဲ့အခါ အိမ်ရှင်တွေက အကျိုးအကြောင်းပြောပြကြပေမဲ့ အိမ်ရှင်တွေရဲ့ပေါ့ဆမှုကြောင့်ဘဲလို့ မှတ်ချက်ချကြပါတယ်။ ဒါပေမဲ့ဖြစ်ချင်တော့ မီးသတ်ကပုဂ္ဂိုုလ်များမပြန်ခင်မှာဘဲ အိမ်ခန်းတွင်းက အဝတ်ဘီရိုထဲက အဝတ်အစားတွေ ရုတ်တရက်မီးထလောင်ပါတယ်။ အဲဒီလိုဖြစ်မှ […]


fattyMarch 24, 20111min2798
မြန်မာ့အလင်း တို့ ကြေးမုံတို့မှာ သတင်းဖေါ်ပြတာနဲ့ပတ်သက်လို့ပါ …။ ခေတ်တွေပြောင်းကုန်ပါပြီ။ အတွေးအခေါ်တွေလဲ ပြောင်းသင့်တာပြောင်းကြရင်ကောင်းမယ် ..။ မျက်နှာဖုံးစာမျက်နှာမှာ လူကြီး VIP သတင်းတွေတင်ထားတာ ထားပါတော့ …။ ကမ်းရိုးတန်းမုန်တိုင်းကြောင့် လူ ၃၀၀ဝ ကျော်လောက် ကယ်လိုက်ရတဲ့သတင်းမျိုး ပင်လယ်ထဲမှာ ငါးဖမ်းဖေါင် ၁၀ဝ လောက် မျောပါသွားတဲ့သတင်းမျိုးကို မသိမသာ သတင်းအတိုလေးအနေနဲ့ ကြော်ငြာတွေကြား မဖြစ်သာလို့ ညှပ်ပြီးထဲ့လိုက်ရတဲ့ပုံစံမျိုးကတော့ မကောင်းပါဘူး ..။ မလုပ်ကောင်းပါဘူး ..။ တကယ်က မြန်မာပြည်မှာ မဆလ ခေတ်ကအတိုင်း ပြည်သူတွေကြောက်လန့်ကုန်မှာစိုးလို့ အဖြစ်မှန်တွေ သတင်းထဲမထဲ့ဘူး .. မထည့်သင့်ဘူးဆိုတာ ကို အရင်ကတော့ အဟုတ်မှတ်တာပေါ့ဗျာ ..။ ကျနော်သိရသလောက်လူကြီးတွေကတော်တော်ပါ ..။ အောက်ကလူတွေကြည့်လုပ်တာပိုဆိုးနေသလားလို့ …။


fattyMarch 24, 20111min34313
ကျနော်တခါက အဲလိုသုံးဖူးတယ် ..။ အခုလဲကြည့် … တော်ဝင်မိသားစုကုမ္ပဏီပိုင်ရှင်ကြီး ဦးကိုကိုထွေး …. F4 ကိုရီးယားကားထဲက မင်းသားနဲ့မင်းသမီး ခေါ်ပေးမယ်ဆိုလို့ … ဒေါ်လာ ၅၀၀၀ဝ စာချုပ်နဲ့ပေးလိုက်တာ .. ယူသွားတဲ့ကိုရီးယား က ပေါ်မလာတော့လို့ အခုတော့ အင်တာပို တောင်တိုင်ထားရတယ်တဲ့ ….။ မြန်မာပြည်မှာတော့ စမ်းချောင်းရဲစခန်းမှာ အမှုဖွင့်ထားတာပါ …။


fattyMarch 11, 20111min2228
တနှစ်ကမိုးအကြီးအကျယ်ရွာတော့ မြေညီထပ်တွေ တိုက်ခန်းတဝက်လောက်ထိရေတက်လာလို့ နီးရာတဲခိုခန်းတွေကို အရေးပေါ်ငှားပြီး နေကြရပါတယ်။ တနေ့ကလဲရန်ကုန်မှာမိုးရွာချလိုက်ပြန်ပြီ။ ဒီအခြေအနေကိုသာကြည့်ပါတော့ …။ ပြေးဖို့သာပြင် …။ လူတွေစည်းကမ်းရှိကြဖို့လဲလိုတယ်လေ ..။