ကျွန်တော်တိုု့ ရန်ကုုန်တက္ကသိုုလ်စာကြည့်တိုုက်သိုု့ရောက်ရှိသွားချိန်တွင် ကိုုအောင်တိုုက်သည် ခြင်္သေ့အရွက်ကလေး (၂)ရွက်ဖြင့် တံခါးအားဖွင့်စေပြီး စာကြည့်တိုုက်ထဲသိုု့ဝင်ကာ အတော်အတန်ကြာအောင် စာအုုပ်များ လှန်လှောရှာဖွေလေသည်…. မိနစ် (၃၀)ခန့်ကြာသောအခါ… စာအုုပ်တစ်အုုပ်ကိုု ပိုုက်လျှက် အောင်တိုုက် ။ ။ ကိုုသူရရေ…ဒီကိစ္စက ကျွန်တော်တစ်ယောက်ထဲ ရှင်းလိုု့တော့မရတော့ဘူးဗျ… ကိုုယ့်ထက်တတ်သိနားလည်တဲ့လူဆီကိုုတော့ ပြေး ရမယ်…ဝေသာလီဆောင်ဘက်ကိုုမောင်းတော့ဗျာ… ကျွန်တော်လဲ ကိုုအောင်တိုုက်ရဲ့ လမ်းညွှန်ချက်အတိုုင်း ဝေသာလီဆောင်ဘက်ကိုု ကျူကျူကားလေးအပြင်းမောင်းထွက်ခဲ့ပါတော့သည်… ထိုုသုို့ သွားရောက်နေစဉ် စဉ်းစားမိသည်က ကိုုအောင်တိုုက်မှာ လက်ရုုံးရည်တင်မက နှလုုံးရည်ပြည့်ဝပြီး စည်းကပ်ကိုုးကွယ်သင့်သူကိုု ကိုုးကွယ်တတ်သော အကျင့်ကောင်းရှိသည့် ယောင်္ကျားကောင်းတစ်ယောက်ဖြစ်နေခြင်းကိုု လက်မခံ၍ မရနိုုင်လောက်အောင် လေးစားအံ့ဩမိပါသည်…. သိုု့သော်ငြားလဲ ထိုုသိုု့အရည်အချင်းပြည့်ဝသောယောင်္ကျားကောင်း ဘေးနားတွင် ကြင်သူဇနီးမယားရှိမနေခြင်းကား အံ့ဩစရာဖြစ်ပေသည်… လူတိုုင်းတွင်လဲ အားနည်းချက်ရှိကြသည်မဟုုတ်ပါလော…. (ထိုုအကြောင်း အပြည့်အစုုံကိုု စုုံထောက်အောင်တိုုက်နှင့် […]