htet wayApril 8, 20121min12521
လက်ဆေးမိုးဆိုပြီး ဆွတ်ရုံလေးဖျန်းလိုက်တဲ့ညက အလွမ်းတွေပွင့်အာလာတယ်။ မိုးကတဖြောက်ဖြောက် တစ်ချက်တစ်ချက်ပန်းရနံ့ရသလို မိုးနံ့သင်းပြီးဝေ့တဲ့နွေကိုစည်းဖေါက်တဲ့ လေပြေမှာ ကျန်းမာပါစေ လို့မေတ္တာပို့သံလိုလို ကြေကွဲလို့တိုးတိုးလေး ငိုတဲ့ရှိုက်သံလိုလိုကြားမိတယ်။ ချစ်တဲ့သူဓါတုကလျာကိုပန်မပေးလိုက်ရတဲ့ နတ်သျှင်နောင်ရဲ့ရာသီပန်းတွေကျွှန်တော်မှာရှိတယ် ဝေးကွာခြင်းဆိုတဲ့ အလွမ်းမိုးညှို့တော့ ချစ်နှင်းမှုံ သီချင်းထဲကတယောသံလေး ရင်ကိုနာကျင်အောင်တိုးဝှေ ့ဝှေ့တယ် ညီမလေးရယ် မသေချာခြင်းတွေကသေချာပြီး သေချာပါတယ်ဆိုတာတွေကမသေချာခဲ့ပြန်ဘူး အရှုံးအတွက်ပုံပေးလိုက်ရတဲ့သောကကြောင့်ဖြစ်ရတဲ့ဒေါသမှာ အနိုင်ရလို့ ပျော်ရွှင်တဲ့ အပြုံးတွေဝေလို့ ခောတ်ကိုက ကိုယ့်ဘက်နည်းနည်းပါနေပြီလေ။ အိပ်မက်တွေတကယ်ဖြစ်လာပြီလား အိပ်မက်တွေကအိပ်မက်ဆန်နေတုန်းပဲလား မြို့ကလေးပေါ်ရွာချတဲ့မိုးစက်တွေက ဝမ်းသာလို့ ့ကျတဲ့ မျက်ရည်စက်တွေလား ခုမိုးစက်တွေက တခါကကျွှန်တော့်ပင့်သက်တွေအငွေ့ပျံပြီးငွေ့ရည်ဖွဲ့ခဲ့တာလေ အနာဂါတ်လမ်းမှာ ပန်းတွေဝေနေလိမ့်မယ်ညီမလေး မိုးဖွဲလေးကျတဲ့ညက တော့ အလွမ်းနဲ့ကျွှန်တော်ဖျားနေခဲ့ပါတယ်။


htet wayApril 6, 20121min1078
သို့ ဦးဦး ဂေဇက်စာရေးဆရာအသင်း ဦးဦးရေ စာပေဟောပြောပွဲတစ်ခုတော့ ခမ်းနားစွာပြီးသွားပါပြီ။ပျော်စရာကောင်းဖို့ထက် အများစု စိတ်တွေ ပြုပြင်နိုင်အောင် ၊နှလုံးသားအဟာရဖြစ်အောင် ဦးနှောက်ကို လန်းဆန်းအောင် ဖြစ်စေချင်တာပါ။ ဒါရိုက်တာအောင်စိုးဦးဆိုတာက အိမ်မဲသားပါ။စိုးမြတ်သူဇာကို အကယ်ဒမီရအောင် နော်ရင်မွှေးဇာတ်ကားကိုရိုက်ခဲ့တဲ့ ၊ သင်္ကြန်မိုးဇာတ်ကားရဲ့ ဇာတ်ညွှန်းဆရာတစ်ယောက်ဆိုတာ ဦးဦးသိပြီးသားထင်ပါတယ်။ ဆရာက အနှစ်နာခံပြီး ကိုယ့်မြို့ဆိုပြီးလိုက်ခဲ့တာပါ။ ၃.၄.၂၀၁၂ ရက်က ခန်းမမှာ စာပေဟောပြောပွဲဖြစ်ခဲ့တယ်။ဆရာဒါရိုက်တာအောင်စိုးဦး၊ ဆရာအကြည်တော်၊ ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)တို့ဟောပြောခဲ့တာပါ။ဟောပြောပွဲအတွက် မြို့က ဝိုင်းကြိုးစားကြပါတယ် လူညီကြတယ်။ကျွန်တော်လည်း မအားတဲ့ကြားက တာဝန်တော်တော်များယူလိုက်ပါတယ်။အဓိကတော့နေရာမဟုတ်ပါဘူး။လုပ်ငန်းအဆင်ပြေဖို့ ရည်ရွယ်ချက်ရောက်ဖို့ပါပဲ။ ညနေဘက် ဆူးလေနားက ဆိုင်မှာထိုင်ရင်း ဦးဦးကို ကျွန်တော်ပြောခဲ့ တာတွေ မှတ်မိနေမှာပါ။ကျွှန်တော်မြိဲု့ကစာပေအားနည်းကြပါတယ်။ စာနယ်ဇင်းဆိုတာရှိတယ် အဖြစ်သဘောဖွဲ့ထားတာပါ။ စာပေဟောပြောပွဲမှာဆရာတွေဟောကြတာသိပ်ကောင်းပါတယ်။ဟောပြောပွဲပြီးတော့ လူတွေက ကျွှန်တော်ကို လက်ဆွဲနုတ်ဆက်ကြတယ်။ဒီလိုဆရာတွေကို မြို့ခေါ်လာလို့ ဝမ်းသာနေကြတယ်လေ။ ပင်ပန်းရကြိုးနပ်ပါတယ်။ ဆရာဒါရိုက်တာအောင်စိုးဦးကလည်း စိတ်တွေအကြောင်းကိုပြောခဲ့တယ်။ လူဘဝအလင်းတရားတွေအကြောင်း၊ […]


htet wayApril 2, 20121min846
ဖျတ်ကနဲ ပျော်သွားတယ် စိတ်ကူးနဲ့တင်ရင်ခုန်သံမြန်လို့ မျက်လုံးကရှေ့ ကိုငေးနေတယ် စိတ်က သူ့နောက်မှာကပ်ခိုလို့။ မီးဝေးရင်ချိတ်အေးတတ်တယ် သိသိနဲ့မိုက်ခဲ့ မှားခဲ့ ပတ်ဝန်းကျင်မှာလည်း ပြောင်းလဲခြင်းသီးချင်းတွေဆိုလို့ ရင်ထဲမှာလည်း ရင်ကွဲကောင်တွေငိုလို့။ ငါက အမှောင်ထဲ အလင်းရောင်ထည့်ပေးချင်တာပါညီမလေးရယ်။ စေတနာအမှားတွေ တမင်အမှားတွေ…….. နေရာယူချင်တဲ့ လူကလည်း ပေါင်းလက္ခဏာကနေအနုတ်ဖြစ်ခဲ့ပြီ လူနုံ့ လူအ တစ်ယောက်ရဲ့ ရူးသွပ်မူဟာ အနုပညာကိုသဲထဲရေသွန်သလို ခေါင်းပုံဖြတ်ခံရ အနိုင်ကျင့်ခံရတဲ့ ဝေဒနာသည်တစ်ယောက်ရဲ့ ပေါက်ကွဲသံစဉ် ညီမလေးရေ မင်းမချစ်နိုင်လို့ ကြွေသွားတာ အသည်းတစ်စ မင်းမကြည့်လို့ ကြေကွဲတဲ့ အော်သံကတိုးတိုးဖွဖွ ငါ့ရဲ့ ပရဟိတ အနုပညာပြပွဲလေးအတွက် အသည်းတစ်ခုလုံးမွမွကြွေခဲ့ရတယ်။ ပယောဂတစ်ခုရဲ့ ဖမ်းစားမူမှာ ဝမ်းနည်းမူနဲ့အတူ ငါဟာ….တော်လှန်ခြင်းသီချင်းကို သံကုန်ဟစ်ဆိုလိုက်ပြီ။


htet wayMarch 30, 20121min21316
လှည်းသမားလယ်သမား။           ။ ဒို့တွေ မြစ်ဆိပ်ကိုဆင်းဖို့ လှည်းလမ်းရှိမှဖြစ်မယ်၊ လာကြဟေ့ ့ လမ်းဖို့ကြရအောင်..ပေါက်ကြဖို့ကြ………….။ စုပေါင်း၍ လမ်းဖို့ပြင်ဆင်ပြီးသောအခါ …….လမ်းပေါ်လှည်းမမောင်းရ ပုံ ….ရွာလူကြီး။ ……………………………………………………………………………………………………………………………………………………………………………………………….. တခါက မဂ္ဂဇင်းတစ်ချို့တွင် တစ်ကြောင်းဝတ္ထုများခောတ်စားခဲ့ဖူးပါသည်။ကျွန်တော်သည် မဖြစ်ညစ်ကျယ်အတွေးဖြင့်  မိမိခံစားချက်ကို ဝတ္ထုတိုများရေးခဲ့ဖူးပါသည်။ ယခုတစ်ကြောင်းဝတ္ထုလေးကိုတွေးစရာအဖြစ်တင်ဆက်လိုက်ပါသည်။ ထက်ဝေး


htet wayMarch 24, 20121min1235
စာပေဟောပြောပွဲတွေ အခုတလောရာသီချိန်မဟုတ်လည်း ကျင်းပနေကြသည်။ဘာကြောင့်စာပေဟောပြောပွဲလုပ်ကြပါသနည်း။ စာပေကိုမြတ်နိုးလို့ ချစ်လို့ ပင်ဖြစ်သည်။စာပေကိုတန်ဖိုးထား၍ စာရေးဆရာကို တန်ဖိုး ထားလာကြခြင်းဖြစ်မည်။တခါက မန္တလေးသိန်းဇော်နှစ်ပါးသွားကတော့ကဗျာ ရွတ်သံကို နားစိုက်ထောင်နေကြသည်။ကဗျျာရသထဲစီးမျောနေကြသည်။ ရသကို ခံစားနေကြသူတွေ နားလည်လားဆိုတော့ နားမလည်ပါတဲ့ ခံစားလို့ရလားဆိုတော့ ရပါတယ်တဲ့ မဆန်းပေဘူးလား။ စာပေဟောပြောပွဲတွေ တိုင်းပြည်အနှံဖြစ်နေသည်။ပွဲစီစည်သူတွေ၏ တာဝန်ကမသေး။ရန်ကုန်ကိုလာရသည်။စာရေးဆရာအိမ်ကိုသွားရသည်။ရက်ချိန်းတောင်းရသည်။ရပြန်တော့ မြို့နယ်က သက်ဆိုင်သူတွေကို တင်ပြပြောပြ စီစဉ်ရသည်။နောက်လူတွေသိအောင်ကြော်ငြာတွေကပ်ရ ၊ကားနဲ့ လှည့်ပြီး ကြော်ငြာရ၊ အော် မလာဘဲနေမည်ကိုစိုးကြသည်လေ။ ဘာကြောင့်စာပေဟောပြောပွဲတွေအရင်ထက်တိုးတက်လာရပါသနည်း။ ယခင်ကရောစာပေဟောပြောပွဲရှိကြသည်။ဟောပြောပွဲတွေ ခပ်ကျဲကျဲ။စာရေးဆရာတစ်ယောက်၏တစ်သက်တာဖတ်ရှု့ထားသောရသ ၊သုတ တွေကို တထိုင်ထဲယူလိုကြသည်။ စာပေမှ ရသောအတွေးကို မက်မောကြသည်။ဘဝအဓိပါယ်ကိုရှာချင်ကြသည်။တစ်ချို့စာရေးဆရာတွေက ပရိသာတ် ဖတ်ချင်အောင်၊ စာပေစိတ်တွေဝင်လာအောင်မဆွေးနွေးလိုကြ နိုင်ငံရေးကိုပြောသည်။အမျိုးသားရေး၊နိုင်ငံရေးသည်ရှိကြရမည်။ပြောကြရမည်။လမ်းကြောင်းတည့်ပေးရမည်။သို့သော်….။ ယခင်ကကိစ္စတွေ ကို အပြစ်ဖို့နေခြင်းထက် ယခုအရေးကို မီးမောင်းထိုးပြစေချင်ပါသည်။ အပြစ်အနာထက် ခွင့်လွတ်စိတ်ဖြင့် ကြိုးစားမူကိုလိုချင်ပါသည်။လက်ခုတ်များများတီးသညိ်ကို လိုလားကြသည်။ဟာသတွေလှိုင် လှိုင်ပြောကြ တဝါးဝါးပွဲကြစေချင်ကြသည်။တစ်ချို့က […]


htet wayMarch 20, 20121min44456
ညီမလေးရေ မူခင်းဂျာနယ်တွေမှာ များသေားအားဖြင့် မဒိန်းကြံစည်မူတွေပါတာတွေ့နေရတယ်။ တခါက အကို ဟာ ကလောင်ခွဲအမျိုးမျိုးနဲ့ မူခင်းတွေရေးခဲ့ဖူးပါတယ်။ မူခင်းအယ်ဒီတာတစ်ဦးက အကို့မိတ်ဆွေဆိုတော့ ကူညီတာပါ။အဲ့ဒီမှာ မူခင်းလေးတစ်ပုဒ်က ရင်နာစရာမို့ မမေ့နိုင်ခဲ့ပါဘူး။ ဒီလိ်ုညီမလေးရေ ချစ်သူနှစ်ယောက် ညဦးပိုင်းလေးတွေ့ကြတယ်ကွယ်။လူသူရှင်းတဲ့ကွင်းစပ်လေးမှာပေါ့ ။ ဒီအချိန်မှာပဲ မူးပြီး အလုပ်ခွင်ကပြန်လာကြတဲ့ အလုပ်သမား ၃ယောက်က ကောင်လေးနဲ့ကောင်မလေးကိုတွေ့ ့တော့ ကောင်းလေးကို မင်းအနာခံမလားကောင်မလေးကို ထားခဲ့မလားလို့ပြောပြီး ချိန်းခြောက်တော့ ကောင်လေးက ကောင်မလေးကို ထားပြီးပြေးခဲ့တယ်လေ။ဒီမှာပဲကောင်မလေးက ရေတိမ်နှစ်ခဲ့ရတယ်။ ညီမလေးရေ ဒါကြောင့် ဆိတ်ကွယ်ရာကိုလည်း မသွားလေနဲ့ ချစ်သူရည်စားထားရင်လည်း ခြေသလုံးပုလွေရိုး ပေါင်နို့ဆီခွက်နဲ့ အင်္ကျီပွပွဝတ်ထားရင် စာခြောက်ရုပ်လေထိုးထားသလိုကောင်လေးမျိုးတွေ၊ သူရဲဘောကြောင်တဲ့ ကောင်လေးမျိုးတွေချစ်သူမလုပ်မိပါစေနဲ့ကွယ်။ အကိုဆိုရင် ကိုယ့်ချစ်သူအတွက် အရဲစွန့်မှာပဲလေ။သေသေကြေကြေ ကွာကွယ်ရမယ် ချစ်သူအမတွက်ရော ယုတ်မာယမူအတွက်ပါရင်ဆိုင်မိမှာပါ။ ညီမလေးရေ ကိုထီးသီချင်းရှိတယ်လေ ကိုယ်တိုင်အစကကြောက်တတ်သူတောင် ချစ်သူထိတော့ […]


htet wayMarch 18, 20121min18217
ဖုန်းတစ်လုံးကိုင်ဖို့နယ်မှာတော်တော်ခက်ခဲနေခဲ့တာ အခုတော့ တန်ဖိုးနည်းဖုန်းတွေရောင်းနေတော့ ရဲခေါင်ဘတင့် ဝယ်လိုက်တယ် ဝယ်တယ်ဆိုတာလည်းအရစ်ကျစနစ်ကြောင့်ဝယ်နိုင်ခဲ့တာပဲ။ ဟမ်းစက်ကိုလေးသောင်းနဲ့ဝယ်လိုက်တယ်။ဖုန်းက နယ်မြို့မှာ ကြိုးဖုန်းတွေရှိတယ် ။အထွက်ကောက တစ်မိနစ်ကို ၂၅ကျပ်ပဲရှိတယ်။ ရဲခေါင်တို့ ဖုန်းက တစ်မိနစ်၅ဝကျပ်။စီဒီအမ်အေတွေလည်း တစ်မိနစ်၅ဝကျပ်။ အဝင်ခေါ်ဆိုမူက အလကားပေါ့။ ဖုန်းလက်ထဲရောက်ကတည်းက တသသပေါ့။အိပ်လည်းအိပ်ရာထဲမှာထားရ၊အပြင်ထွက်လည်းခါးမှာချိတ်ရ၊မနက်လက်ဖက်ရည်ဆိုင်ထိုင်လည်း ဖုန်းကအဓိကယူသွားရတယ်။မိတ်ဆွေတွေကိုလည်း ဖုန်းနံပတ်ပေးရ၊ဘာအလုပ်မှ မယ်မယ်ရရမရှိပေမယ့် လိပ်စာကဒ်လေးရိုက်ထားရတယ်။ဟန်ပါပါလေးဝေငှလိုက်၊ စကားစရှာရင်းပေးလိုက် ဖုန်းနံပတ်ပါတယ်လေ။ဖုန်းဆက်နော်လို့လည်း မမေ့မလျှော့ပြောရသေး။ တစ်နေ့တစ်နေ့ ကိုယ်က ဟိုခေါ်ဒီခေါ်ခေါ်ရတယ်။မျောက်အုံးသီးရသလိုမျိုး။ ဟဲလို အိအိခိုင်လား …ရဲခေါင်ဘတင့်ပါ။ အိမ်မဲမှာနေတယ်လေ….ဟောမေ့နေပြီလား တလောက ပုသိမ်ကားပေါ်မှာ ဖုန်းနံပတ်ပေးခဲ့တယ်လေ။အိုကေ ..ဖုန်းဆက်ပါ။ ဟဲလို…. ဦဖြူဖွေးလား ဆောင်းပါးကောင်းတယ်။ထပ်ရေးပါ။အားပေးနေမယ် ဟဲလို…..ဒေါ်ဂွက်ထော်လား ၊ရွာသာယာကမလား ဦးပိတ်ရဲ့သားလေ..မှတ်မိလား ဒါကျွန်တော့်ဖုန်းလေ…နောက်ကိစ္စရှိဆက်နော်။ ဤသို့ ဤနှယ်ဆက်သွယ်မူများပြုပြီး သကာလ ရဲခေါင်ဘတင့် ဖုန်းပိုးဝင်နေခဲ့လေတော့သည်။ဖုန်းကဒ်ကလည်း ခဏပြီးခဏငွေသွင်းရ၊ ပိုက်ဆံကာဒ်ကလည်းကုန်လှချည်လားလို့ အဖိုးကညည်းတာကို ရဲခေါင်ဘတင့်ကမကြိုက်။သူကတော့ ဖုန်းဆက်ရတာ […]


htet wayMarch 15, 20121min31323
ကျွန်တော်တွင်  အနက်ရောင်လက်ဆွဲအိတ်တစ်လုံးရှိပါသည်။ထိုလက်ဆွဲအိတ်ထဲတွင် ခံစားချက်တွေထည့်ပြီး ခရီးသွားနေပါသည်။ထိုလက်ဆွဲအိတ်ထဲတွင် အသည်းကွဲဝေဒနာရှိသည်။်  ပြန်ဆုံမည်ဆိုသောမျှော်လင့်ချက်တွေ အပြည့်သိပ်ထားခဲ့သည်။အလွမ်းသွေးစက်တွေလည်းရှိနေသည်။ကျွန်တော်တွင်  အနက်ရောင်လက်ဆွဲအိတ်တစ်လုံးရှိပါသည်။ ငယ်ငယ်က အိုင်းစတိုင်း၏ဉာဏ်ရည်ကို သဘောကျခဲ့ဖူးသည်။အေဗရာဟယ်လင်ကွန်းသည်သစ်ရွက်ခြောက်များမီးရှို့   ရသော အလင်းရောင်ဖြင့်စာဖတ်ခဲ့ရသောကြိုးစားမူကို အားကျခဲ့သည်။သို့သော်အမှားတွေချည်း သင်ခဲ့ရသော ကျွန်တော်ဘဝတွင်အမှန်ခြစ်ကိုလိုလားခဲ့သည်။ လမ်းဘေး၌အကြော်ရောင်းသောလင်မယားနှစ်ယောက်အနွေးအင်္ကျ ီ မဝတ်နိုင်ရှာသည်ကို သနားသော ဗိုလ်ချုပ်၏ စာနာစိတ်ကို လေးစားကြည်ညိုခဲ့သည် ထိုလက်ဆွဲအိတ်ထဲတွင်စုပြုံထည့်ထားသည်က များသည်။ကျွန်တော်တွင်  အနက်ရောင်လက်ဆွဲအိတ်တစ်လုံးရှိပါသည်။ကဗျာဆရာ ဆိုတာလူအထင်မကြီးတဲ့လူတွေပါကွာ လို့ပြောခဲ့သော ကဗျာဆရာကြီး ဒေါင်းနွယ်ဆွေ၏စကားသံကို လည်း လက်ဆွဲအိတ်ထဲထည့်ထားမိသည်။ ကျွန်တော်တွင်  အနက်ရောင်လက်ဆွဲအိတ်တစ်လုံးရှိပါသည်။ ချစ်သူနှင့်ကွေကွင်းခဲ့ရသောကြောင့်နာကျင်ကြေကွဲ၍ကျသော မျက်ရည်တစ်စက် လက်ဆွဲ အိတ်ထဲ၌ရှိသည်။လေကဓံကို ကြံကြံခံနိုင်သောသတ္တိနှင့် ကြံခိုင်ခြင်းကြောင့် ကျရစ်သောသွေးတစ်စက် နှင့်တောက်ခေါက်သံတွေ တွေ ထိုအိတ်ထဲ၌ ရှိနေခဲ့သည်။ ကျွန်တော်တွင်  အနက်ရောင်လက်ဆွဲအိတ်တစ်လုံးရှိပါသည်။အာဏာရှင်ကဒါဖီ ကျဆုံးသော သတင်း အိုစမာဘင်လာဒင်သေပြီ ဆိုသော သတင်းနှင့် အာဏါရူးတွေ၏ လူမဆန်မူတွေ လည်း […]


htet wayMarch 14, 20121min34419
ညီမလေးရေ    အကို့ရင်ထဲနာကျင်ကြေကွဲခဲ့ရတဲ့ သတင်းလေးတစ်ပုဒ်အကြောင်းပြောချင်ပါတယ်။စင်ကပူမှာ  အလုပ်သွားလုပ်တဲ့ ကောင်မလေး မတင်ဝါဝါခိုင် တစ်ယောက်လူမဆန်အောင်နိပ်စက်ခံရတာကို ဖတ်ရပြီး တစ်နေ့လုံး စိတ်အစဉ်ညစ်နွမ်းသွားခဲ့ရတယ်။ ညီမလေးရေ  တို့တိုင်းပြည်မှာ ဆရာဇော်ဂျီက ရေချိုသောက်ရန်မြစ်ချောင်းကန်နဲ့ သီးနှံချိုပြားများလည်းများ၏လို့ ရေးထားတာညီမလေးတက္ကသိုလ်တုန်းက သင်ခဲ့ရမှာပေါ့။ကဗျာက တအားကောင်းလွန်းလို့ အလွတ်ရနေခဲ့ပါတယ်။များပါလေလည်း တမွဲမွဲနဲ့ ဆင်းရဲကာသာ ကာလကြာလျှင်……အကို့မြို့မှာတော့ လယ်သမားတွေပဲဈေးစပါးဈေးမကောင်းလို့ ညည်းညူနေကြပါတယ်။ဆိုက္ကားသမားကလည်း အဆင်မပြေ လက်လုပ်လက်စားကလည်း မပြေလည်နဲ့ ညီမလေးရယ် ဒုက္ခတွေအကြောင်းကို မပြေချင်တော့ပါဘူး။ သတင်းလည်းညီမလေးဖတ်ပြီးရောပေါ့   ကျောမှာရေနွေးနဲ့ ပက်ထားတာ ရဲရဲနီလို့ ရိုက်ထားတာလည်း ဓါဏ်ရာတွေ ဗရဗွနဲ့ စိတ်ခြောက်ခြားနေတဲ့ တိုင်းတပါးမှာအလုပ်သွားလုပ်ခဲ့ရတဲ့ မြန်မာမလေးကို အကို သနားလိုက်တာ။      တခါကပေါ့ညီမလေးရယ် ရန်ကုန် မြို့တော်ကြီးရဲ့တစ်နေရာမှာ  အကို သူဋ္ဌေးကြီးတစ်ဦးက ခေါ်လို့ ဆေးကုဖို့ သွားခဲ့ရဖူးပါတယ်။ ဦးဘောဂလို့ ဆိုကြပါဆို့ ။ ဦးဘောဂအိမ်မှာ နာဂစ်ဒါဏ်ကြောင့် […]


htet wayMarch 12, 20121min1927
ကိုမြင့်အောင် ရန်ကုန် ရက်စွဲ။ ။ ၁၂.၃ ၂၀၁၂ မိတ်ဆွေကြီး ကိုမြင့်အောင်ရေ ခင်ဗျားကတော့ ရန်ကုန်သားဆိုတော့ ရန်ကုန်မှာနေရတာ အထာကျနေလောက်ပြီ။ကျုပ်ကတော့ ရန်ကုန် ဆိုတဲ့ မြို့ကြီးဟာ ပျင်းစရာကြီးပါဗျာ။ညနေညိုဆိုကျုပ်တော့ မနေတတ်အောင်ပဲ။ဒီနေ့ကားစီးပြီးကုန်ဈေးတန်းကို သွားလို့ ပရဆေးပစ္စည်းလေးတွေဝယ်တယ်။ကားပေါ်တက်လာတာနဲ့ ခါးကြားက တယ်လီဖုန်းကမြည်ပါလေရော။ပိတ်လိုက်ရတယ် လက်တဖက်က ဆွဲထားတဖက်ကအထုပ်နဲ့ ဘယ်လိုဖုန်းပြောရမလဲလေ။ မိတ်ဆွေကြီး ကိုမြင့်အောင်ရေ .စပါယ်ယာကလည်း အပေါက်မပိတ်ဖို့ပြောလူတွေကလည်း အဝမှာပိတ်နေ ။ကျုပ်ကလည်း သတိနဲ့နေရတယ် ။ကောင်မလေးတွေတက်လာရင် မထိမိအောင်ကိုယ်ကိုကျုံ့လိုက်ရတယ်.သတိနဲ့ပေါ့ဗျာ။ဒီမှာတင် စပါယ်ယာနဲ့ အမျိုးသမီးတစ်ယောက် စကားများတာကြားရတယ်ဗျာ။ စပါယ်ယာ။ ။ပိုက်ဆံကစုတ်နေတယ် လဲပေးပါ အမျိုးသမီး။ ။ စပါယ်ယာအမ်းတာလေ စပါယ်ယာ။ ။ကျုပ်အမ်းတာမဟုတ်ဘူး ခင်ဗျားလဲပေး အမျိုးသမီး။ ။ငါ့ကို စပါယ်ယာအမ်းတာပဲ နင်ကလူပါးဝတယ် လဲမပေးနိုင်ဘူး နင်တို့ စပါယ်ယာကအမ်းတာငါ့မှာပိုက်ဆံမပါရင်ဘယ်လိုလုပ်မလဲ နင်တို့တွေသောက်ချိုးက….။ စပါယ်ယာ။ ။ပိုက်ဆံမပါရင်ကန်ချတာပေါ့..ခင်ဗျားကလူပါးဝတာအမ်းတဲ့လူကို […]


htet wayMarch 11, 20121min1179
ကျွန်တော်သူငယ်ချင်းရတနာဟာ နတ်ကို ယုံကြည်မူ့အတော်ကြီးတယ်ဆိုရမယ်။နောက်သူ့သူငယ်ချင်းချယ်ရီမေကလည်းနတ်ယုံတယ်။ဒါနဲ့ ရွာထိပ်က ဒေါ်စိန်ကြီးဆီသွားပြီးနတ်မေးဖို့ လုပ်တော့ ကျွန်တော်ကို အဖေါ်ခေါ်ပါတယ်။ဟိုရောက်တော့ နတ်ဝင်သည်ကလည်း ဆရာဇော်ဂျီကဗျာ ဗေဒါလမ်းထဲကလို “နတ်ပူးတဲ့တိုင်ယိုင်ပါပေ့လေး” ဆိုတဲ့ အတိုင်းတုန်တုန်ရီရီနဲ့ဖြေရှာပါတယ်။ ရတနာ။         ။အမေရယ် ကျွန်မချစ်သူက .ကဗျာဆရာပါ သူ့ကဗျာတွေက အရမ်းကောင်းပါတယ်အဲ့ဒါ ကဗျာကြိုက်ပြီး  လူကိုပါကြိုက်ရင်ဒုက္ခပဲ အမေကူပါအုံး…. အမေ(နတ်ဝင်သည်)။  အေးသမီးနင့်အကောင် နင့်ကို မခွာနိုင်အောင်နည်းပေးမယ်ဟဲ့ ဒင်းကို ကဗျာတွေရွတ်သာပြ မောင်ချောနွယ်အောင်ဝေး ဖေါ်ဝေးကစပြီး  . သစ္စာနီ မန္တလေးသိန်းဇော်ပါမကျန်ရွတ်ပြ သိပြီလား ..ကဗျာဆရာချစ်စေ စွဲလမ်းစေချင်ရင် ကဗျာကိုချစ်ပြလိုက်ကြားလား ဗိုင်းတာမလေးရဲ့……။ ချယ်ရီမေ။      ။အမေပြောရအုံးမယ်  ကျွန်မချစ်သူကိုတာတေက  အကျင့်မပြောင်းပါဘူး ဒီလိုပဲ နဂိုအတိုင်းပဲအမေ…….ကူညီပါအုံး အမေ။  ။။။    ဒါကတော့အေ…. အရိုးစွဲလာတာ ဘယ်လွယ်လွယ်နဲ့ပြောင်းပါ့မလဲ…သောက်တာကိုနင်ပြတ်စေချင်ရင်ငါ့မပြောနဲ့ ကြီးတဲ့ လူကိုပြော ကိုတာတေအထက်ရဲ့ အထက်ကိုပြောပေါ့ ရတနာ။      […]


htet wayMarch 9, 20121min22114
ကို ဘသာတစ်ယောက် ဂျာနယ်ကို ခုံပေါ်ပစ်တင်လိုက်မိသည်။ ဖုန်းတွေ မကြာခင်ရမယ်ဟုရေးထားသည်။ တစ်စောင်က မရနိုင်ကြောာင်းရေးသည်။ဘယ်စာကို ယုံရမလဲဟု ဘာသာတွေးမိပြန်သည်။ကိုယ်က ဆိုက္ကားသမား နင်းနိုင်မှဖြစ်မည်။ရေသည်ပြဇာတ်ထဲကလို ရေကြပ်ကြပ်ရောင်းနိုင်မှ ပြောင်းဆန်ကို ကုပ်မိမည်။ မထူးပါဘူးအိပ်ပစ်လိုက်မည်ဟုတွေးကာ ဖျာစုတ်လေးတွင် လှဲချလိုက်ပါတော့သည်။ ဟဲလို ဘသာလား  နင် ဘာတွေလုပ်နေလဲ  ငါရွာတောင်ပိုင်းက မိဂျမ်းလေ….နင်ဟယ် မာနတွေကြီးနေတယ်ပေါ့….. မိဂျမ်းဆီကဖုန်းဖြစ်သည်။ အော်ငါးထောင်တန်ဆိုတော့ မိဂျမ်းလည်း ကိုင်နိုင်ပြီပေါ့။သူ့ခဗျာ လမ်းဘေးရွှေရင်အေးရောင်းနေရသူပဲ ကိုဘသာတွေးရင်း…ဟလို အေး ဘသာပါ ဆိုက္ကားပေါ်မှာဟဲ့ ဘာထူးလို့လဲ  ………. ကိစ္စထွေထူးမရှိပါဘူး ဆက်ကြည့်တာ ဒါပဲနော်…….။မိဂျမ်းဖုန်းချသွားသည်။  တီတီ တီ……. ဟဲလို ဘသာပါ… အေး..ဆိုက္ကာငှားချင်လို့ပါ  နက်ဖြန်ကို မနက် ၅နာရီ မှန်လုံ ဂိတ်ကိုပို့ပေးနော်  တင်အောင်မိုး ပါ ဒါပါပဲ ……ဟုတ်။ ဟဲလို ကို […]


htet wayMarch 8, 20121min43016
မိတ်ဆွေတွေထဲက ကိုရင်စည်သူတို့ ကို ကမ်းကြီးတို့ တွေ မိတ်ဓါတ်ရအောင် ဓါတ်လုံးဆောင်ချင်ကြရင် နည်းပေးချင်ပါတယ်။ဆိုင်မှာထားရင်လည်း ဈေရာင်းကောင်းတယ် အိမ်မှာလည်း မိတ်ဖက်ဖြစ်စေတယ်။ အိမ်ထောင်ကျချင်ရင်လည်း မျက်နှာပွင့်စေတဲ့ သွပ်ပြဒါးလေးပါ။ တိုင်းရင်းဆေးမှာ ဆေးဒန်းအပ်လုပ်တာဖိုးထိုးရပါတယ် ရုက္ခမူဆေးဆိုလည်း လုံနဲ့ ဖိုူထိုးရတယ်။ ဒါကြောင့် အဂ္ဂိရ ပညာလေးအကြောင်းနည်းနည်းပြောချင်ပါတယ်။ သွပ်၂ကျပ်ကိုလုံထဲထည့်ပြီးအပူပေးပါ ။စောင့်ကြည့်နေပါ ကြည့်နေစဉ်မှာ ဘုရားဂုဏ်တော်ရွတ်တာတို့ စိတ်တည်ငြိမ်အောင်သတိကပ်တာတို့ လုပ်ဖို့လိုပါတယ်။ သွပ်ပျော်ကြလာရင်အောက်ချ။သဲကို ခင်းထား လုံ  မလဲအောင် သဲနဲ့ တွယ်ထား သဲကြပ်တယ်လို့ခေါ်ပါတယ်။ ပြဒါးတစ်ကျပ်သားကိုလုံ ထဲထည့်ထား ဇွန်းဖင်လေးနဲ့ ကော်ပြီး   စောစောက သွပ်ထဲကို ထည့်ကြည့်  ပျံထွက်သွားရင် ခဏထား စိတ်ထဲမယ် ၁၂၃၄….. ၁ဝထိရေတွက် ပြီးရင် ထည့်ကြည့် သွပ်ထဲ ပြဒါးမြုပ်သွားရင်  စောစောက ပြဒါးကို သွပ်ထဲလောင်းချလိုက်တော့ သွပ်ထဲ […]