Author: intro


introMay 27, 20101min00
ယူူရိုပါလိဂ်ချန်ပီယံဆုဖလား ပူပူနွေးနွေး ရရှိထားသည့် စပိန်ကလပ် အက်သလက်တီကိုမက်ဒရစ်အသင်းသည် လာမည့် ဘောလုံးရာသီအတွက် အင်အားဖြည့်တင်းသည့်အနေဖြင့် အာဆင်နယ်အသင်းမှ ကွင်းလယ်ကစားသမား မာရီဒါကို (၄) နှစ်သက်တမ်းရှိ စာချုပ်ဖြင့် ခေါ်ယူခဲ့သည်။ မာရီဒါသည် ဇွန်လ (၃၀) ရက်နေ့တွင် အာဆင်နယ်အသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးပြီဖြစ်သည့်အတွက် သူ့အား အက်သလက်တီကိုမက်ဒရစ်အသင်းက အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူခွင့်ရရှိခဲ့ခြင်းဖြစ်သည်။ အသက် (၂၀) အရွယ်ရှိ မာရီဒါသည် ဘာစီလိုနာလူငယ်အသင်းမှ ထင်ပေါ်လာသူဖြစ်ပြီး ၂၀၀ရ ခုနှစ်တွင် အာဆင်နယ်ပထမအသင်းနှင့် ပွဲဦးထွက် ကစားခွင့်ရခဲ့ချိန်မှစ၍ စုစုပေါင်း (၁၆) ပွဲကစားကာ (၂) ဂိုး သွင်းယူပေးခဲ့သည်။ လီဗာပူးအသင်းနှင့် ယှဉ်ပြိုင်ကစားသည့် ကားလင်းဖလား ဘောလုံးပွဲစဉ်တွင် အာဆင်နယ်အသင်းအတွက် သူ၏ ပထမဂိုးကို သွင်းယူခဲ့သည်။ သူ၏ အနာဂတ် အလားအလာနှင့်ပတ်သက်၍ အာဆင်နယ်အသင်းနည်းပြ […]


introMay 27, 20101min00
စားအုန်းဆီထဲတွင် ဆပ်ပြာမှုန့်တွေရောကာ မခဲအောင်လုပ်ပြီး ရောင်းချနေကြောင်း သိရှိရပါတယ်။ အီလန်ဆပ်ပြာမှုန့်က ဈေးပေါတော့ စားအုန်းဆီ တစ်ပီပါ (၄၂) ဂါလံကို အီလန်တစ်ထုပ် (၂၀ဝ ဂရမ်) ထည့်တယ်လို့ ကြားရပါတယ်။ “ဆီကို ရေချိုး ဆေးရိုး မီးလှုံ ကောက်ရိုးတောင်လိုပုံ” ဆိုတဲ့ စကားပုံကို အမြတ်တနိုး ရွတ်တတ်တဲ့ ဗမာလူမျိုးဟာ ဆီစားကြတာ ကြမ်းပါတယ်။ ဒါပေမယ့် ပြည်တွင်းမှာ ဆီပေါလို့လားဆိုတော့ မဟုတ်ပါဘူး။ မပေါတော့တာ ကြာလှပါပြီ။ ဒီစကားပုံက ရှေးဟောင်းပစ္စည်းဖြစ်သွားပါပြီ။ မြန်မာတိုင်းမ်ရဲ့ အဆိုအရ ဗမာတယောက်ဟာ တနှစ်ကို စားသုံးဆီ (၅) ပိဿာနဲ့ (၄၉) ကျပ်သား စားသုံးပါတယ်။ လူဦးရေ (၅၂) သန်းနဲ့ တွက်မယ်ဆို တနှစ်ကို ပိဿာပေါင်း (၂၈၅) သန်း၊ တန်အားဖြင့် […]


introMay 27, 20101min00
ပြီးခဲ့သော သီတင်းပတ်က ဖြစ်ပွားခဲ့သော စစ်တပ်က ရှပ်နီများအပေါ် အင်အားသုံးနှိမ်နင်းအပြီးတွင် မေ ၂၄ ရက်၌ ဘန်ကောက်မြို့သည် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိလာသည်ဟု သိရသည်။ ကျောင်းများ၊ လုပ်ငန်းခွင်များ ပြန်လည်ဖွင့်လှစ်ပြီး ပြည်သူများသည်လည်း အပျက်အစီးများ ရှင်းလင်းထားသော လမ်းများပေါ်တွင် ပြန်လည်သွားလာ လှုပ်ရှားနေပြီဖြစ်သည်။ လူဦးရေ ၁ဝ သန်းခန့်ရှိသော ဘန်ကောက်မြို့တွင် ပုံမှန်အခြေအနေသို့ အလျင်အမြန်ရောက်ရှိခဲ့သော်လည်း ဘန်ကောက်အပါအဝင် အခြားပြည်နယ် ၂၃ ခုတွင် ကာဖျူးအမိန့်ထုတ်ပြန်ထားမှုကို လာမည့် သီတင်းပတ်အထိ တိုးမြှင့်ထုတ်ပြန် ရန် အာဏာပိုင်များက အစိုးရထံ အကြံပြုခဲ့ကြောင်း သိရသည်။ ရှပ်နီများအပေါ် စစ်အင်အား သုံးနှိမ်နင်းခဲ့မှုနှင့် ပတ်သက်၍ ဝန်ကြီးချုပ် အဘ်ဟီးဆစ်နှင့်အခြား ဝန်ကြီး ၅ ဦးအား ဝေဖန်ရှုတ်ချသည့်အဆိုကို တင်သွင်းရန် ရှပ်နီထောက်ခံသော အတိုက်အခံဥပဒေပြုအမတ်များက မေ […]


introMay 26, 20101min01
တစ်ခါက သင်္ချာလို့ခေါ်တဲ့ မယ်သီလရှင်နဲ့ လောဂျစ် (Logic) လို့ခေါ်တဲ့ မယ်သီလရှင်တို့ရှိကြတယ်။မယ်သီ လရှင်နှစ်ဦးဟာ ညကြီးမိုးချုပ်ညတစ်ညမှာ အဝေးတစ်နေရာကနေ ကျောင်းကိုပြန်ခဲ့ကြတယ်။ သချင်္ာ း နင့်သတိထားမိလား? ငါတို့နောက်မှာ လူတစ်ယောက်လိုက်နေတာ ၃၈မိနစ်နဲ့ စက္ကန့် ၃ဝရှိပြီ။ သူဘာလုပ်ချင်တာလဲ မသိဘူး? လောဂျစ် း ဒါယုတ္တိတန်တယ်။ ငါတို့ကို စော်ကားချင်လို့ဖြစ်မယ်။ သင်္ချာ း ဘုရားသခင်ရေ! ဒီလိုခြေလှမ်းမျိုးနဲ့ဆို (၁၅)မိနစ်အတွင်း ငါတို့ကို သူမီလိမ့်မယ်။ ဘယ်လိုလုပ်ရမလဲ? လောဂျစ် း ယုတ္တိတန်အောင် ငါတို့မြန်မြန်လျှောက်ရအောင်.. သင်္ချာ း မရတော့ဘူးထင်တယ်။ လောဂျစ် း အင်း.. မရတော့ဘူး။ အဲဒီလူက ယုတ္တိရှိရှိ မြန်သထက်မြန်လာခဲ့ပြီ။ သင်္ချာ း ငါတို့ဘယ်လိုလုပ်ကြမလဲ? ဒီလိုခြေလှမ်းမျိုးနဲ့ဆို တစ်မိနစ်အတွင်း ငါတို့ကို သူမီနိုင်တယ်။ […]


introMay 23, 20101min00
အိမ်ထောင်ကျပြီးသူရော၊ မကျသေးသူတွေအတွက် ငွေစုစာအုပ်လေးတစ်အုပ် လက်ဆောင်ပေးလိုက်ပါတယ်။ အဲဒီ စာအုပ်က ငွေကြေးစုဖို့မဟုတ်ပါဘူး။ ကိုယ်ရဲ့ ပျော်ရွှင်ခြင်း၊ ကြည်နူးခြင်း၊ အမှတ်တရတွေ စုဖို့အတွက်ဖြစ်တယ်။ ဖတ်မိတဲ့ စာလေးတစ်ပုဒ်က ဒီလိုဆိုပါတယ်။ ကျွန်မ မင်္ဂလာဆောင်တဲ့နေ့က မင်္ဂလာလက်ဖွဲ့အဖြင့် ငွေစုစာအုပ် တစ်အုပ်ကို အမေက လက်ဆောင်ပေးခဲ့တယ်။ ကျွန်မအတွက် အမွေများလားပေါ့။ စာအုပ်ကို ဖွင့်ကြည့်တော့ စုထားတဲ့ငွေက ကျပ် ၁ဝဝဝ ပဲ ရှိတယ်။ မျှော်လင့်ချက်မဲ့တဲ့ မျက်လုံးနဲ့ အမေကို ကျွန်မကြည့်မိတော့ အမေက ပြုံးရင်း “သမီး… ဒါ သမီးအတွက် အမေအထူးလုပ်ထားတဲ့ “မင်္ဂလာစု” စာအုပ်လေးပါ။ နောင်နောက် အမှတ်တရဖြစ်စေတဲ့ နေ့မျိုးမှာ ဒီစာအုပ်ထဲ ငွေအနည်းအများမဆို စုနိုင်တယ်။ ဒါမှ နောက်အိုမင်းလာတဲ့အခါ ဒီစာအုပ်ထဲမှာ ငွေတွေအပြင် ပျော်ရွှင်ခြင်းတွေပါ ရှိနေလိမ့်မယ်” […]


introMay 23, 20101min02
မြောက်ဥရောပက ဘုရားကျောင်း တစ်ကျောင်းမှာ သာမန်လူ အရပ်အမောင်းလောက် ရှိတဲ့ ဘုရားသခင် ရုပ်တုတော်ကို တည်ထားကိုးကွယ်ခဲ့ကြတယ်။ ဆုတောင်းတိုင်း ပြည့်တဲ့အတွက် လာရောက်ဆုတောင်းကြတဲ့ လူတွေအထူးများပြားခဲ့တယ်။ ဘုရားကျောင်း တံခါးစောင့်ဟာ ကန့်လန့်ဖြတ် သစ်သားပေါ်က လူတွေရဲ့ တောင်းသမျှဆုကို ပြည့်ဝအောင် လုပ်ပေးတဲ့ ဘုရားသခင်ကိုကြည့်ပြီး ကိုယ်ချင်းစာစိတ်တွေ ဝင်မိတယ်။ တစ်နေ့ ဘုရားသခင်ထံ သူဆုတောင်းတော့ ဘုရားသခင်ရဲ့ ပင်ပန်းဒဏ်ကို သူပါ မျှဝေနိုင်ဖို့ ဆုတောင်းမိတယ်။ ဆုတောင်းပြီး ခဏအကြာမှာ အသံတစ်သံကို သူကြားလိုက်တယ်။ “ကောင်းပြီလေ…. အကျွန်ုပ်ဆင်းပြီး တံခါးစောင့်မယ်။ ဒီသစ်သားပေါ် အသင်လာရပ်ပါ။ သို့သော် အသင်ကြားသမျှ၊ မြင်သမျှကို တစ်ခွန်းမှ ပြောခွင့်မရှိဘူးဆိုတာ မှတ်ထားပါ” ဒီလောက်လွယ်ကူတဲ့အလုပ် သူလုပ်နိုင်တယ်ဆိုပြီး တံခါးစောင့်ဟာ ဘုရားသခင်နဲ့ နေရာလဲလိုက်ကြတယ်။ သာမန်လူအရပ်လောက်ရှိတဲ့ ရုပ်တုမို့ လာရောက်ဆုတောင်းတဲ့ […]


introMay 22, 20101min05
ဟိုးရှေးရှေးတုန်းက သူဋ္ဌေးကြီးတစ်ယောက်မှာ အင်မတန်မှ ချောမောလှပတဲ့ သမီးလေးတစ်ယောက်ရှိသတဲ့… သူဋ္ဌေးကြီးကလည်း သူ့သမီးလေးကို တစ်အားချစ်ဆိုပဲ….. ဘယ်လောက်ချစ်သလဲဆို ရဲတိုက်ကြီးတစ်ခုမှာ တစ်ယောက်တည်းထားတာတဲ့….. ဘယ်သူနဲ့မှ မပေးစားနိုင်ဘူးဆိုတဲ့သဘောပေါ့….. ဒါပေမယ့် အဲဒီရဲတိုက်ကြီးရဲ့မနီးမဝေးမှာ ပန်းဥယျဉ်ကြီးတစ်ခုရှိသတဲ့…. အဲဒီပန်းဥယျဉ်ကြီးဟာ…..သာယာလှပလွန်း လို့ မြင်သူတိုင်း ငေးရတယ်ဆိုပဲ….. အဲဒီပန်းဥယျဉ်ရဲ့ ဥယျာဉ်မှုးလေးကလည်း ငယ်ငယ်ချောချောလေးတဲ့…… ဒီလိုနဲ့ ရဲတိုက်မှာ အဖော် (အပေါင်းအသင်းနော်) မရှိပဲ နေရတဲ့မင်းသမီးလေးဟာ…. ပြတင်းပေါက်ကနေ နေ့တိုင်းပဲ ပန်းဥယျဉ်ကြီးကို ငေးငေးကြည့်နေမိသတဲ့….. ပျင်းတာကိုး နော်… ဥယျဉ်မှုးလေးကလည်း ပန်းဥယျာဉ်ထဲမှာ ပန်းစိုက်ရင်း ….. သူ့ပန်းဥယျာဉ်ကို ငေးနေတဲ့ မင်းသမီးလေးကို တွေ့ပါလေရော… မြင်မြင်ချင်းကို ချစ်တယ်ဆိုတာ အဲဒီက စတာပဲတဲ့…. ဥယျာဉ်မှုးလေးကလည်း ပန်းတွေစိုက်ရင်း မင်းသမီးလေးကို ပဲပေးတာပေါ့ကွာ….. မင်းသမီးလေးကလည်း ပြတင်းပေါက်ကနေ…. အထာပြန်ပေးနဲ့ပေါ့….. တစ်ယောက်နဲ့ […]


introMay 22, 20101min00
မိုင်းကိုင် – တောင်ကြီးကနေမိုင်းကိုင်ကို သွားမယ်ဆိုရင်…. မိုင်တရာကျော်ဝေးပါတယ်…။ ရှမ်းတောင် ကနေပြီး.. ရှမ်းအရှေ့ဘက်ကို သွားတဲ့ လမ်းအတိုင်းသွားမယ်ဆိုရင်တော့.. ..တောင်ကြီး>ဟိုပုံး>မိုင်းပွန်>လွယ်လွိုင် အထိသွားပြီး.. လွယ်လွိုင်မြို့မှ.. လမ်းခွဲထွက်ကာ..ပင်လုံ > လဲချား> မိုင်းကိုင်..မြို့ကိုရောက်ပါတယ်.. ။ နန်းဦးပြင်နေတဲ့မြို့ပေါ့…။ ခွန်ဆမ်လောကတော့ ကုန်သည်တဦးဖြစ်ပြီး… ကျိုင်းတောင်း မြို့မှာနေတာဖြစ်ပါတယ်… ကျိုင်းတောင်းမှ.. မိုင်းကိုင်ကိုလာမယ်ဆိုရင်… ရှမ်းအရှေ့ဘက်ကနေ.. ရှမ်းတောင်ကို လာတဲ့ လမ်းအတိုင်း.. ကျိုင်းတောင်း> နမ့်စန်> လွိုင်လင်> ပင်လုံ >လဲချား> မိုင်းကိုင် မြို့ကိုရောက်ပါတယ်.. ကြားထဲမှာ..မိုင်  ၁၀ဝ ကျော်ဝေးပါတယ်..။တရွာသူ နန်းဦးပြင်ကို ချစ်ကြိုက်မိတဲ့ ခွန်ဆမ်လောဟာ မိုင်တစ်ရာကျော်ခရီးကို မြင်း စီးပြီး လူပျိုလှည့်ခဲ့ပါသတဲ့။ သူတို့ ချစ်သူ နှစ်ဦးဟာ နမ့်တိန်းချောင်းကလေးအနီးမှာ…ဆုံတွေ့ပြီး ချစ်စကားပြောလေ့ရှိကြတယ်..။ နံဘေးက နမ့်တိန်းချောင်းရေစီးသံ ကဆူညံနေတဲ့အတွက် ချစ်သူ […]


introMay 18, 20101min03
တစ်နေ့ပြီးတစ်နေ့ဒီအတိုင်းပုံစံတိုင်း လည်ပတ်နေရလို့ ဒီအလုပ်တွေငြီးငွေ့နေပြီလား? ဒီအတိုင်းလေးပြန်လုပ်ကြည့်ပါဦး ၁။ အတွေးအခေါ်ပြောင်းပါ အလုပ်တွေအရမ်းလုပ်ပြမှ အသိအမှတ်ပြုခံရမယ်လို့ မယူဆထားနဲ့။ တစ်ယောက်တည်း ကျိတ်မလုပ်နဲ့။ စုပေါင်းလုပ်လိုတဲ့စိတ်ကိုရအောင်မွေး။ ၂။ နားလည်အောင်လုပ်ပါ ပတ်ဝန်းကျင်နဲ့ ဝင်ဆန့်အောင်နေ။ကိုယ်ကအားလုံးကိုမသိနိုင်ဘူး။ ဘယ်သူတွေသိတယ်ဆိုတာ သိအောင်လုပ်ထား။ အောင်မြင်တဲ့သူတွေ ဘာ့ကြောင့်အောင်မြင်တယ်ဆိုတာ သိအောင်ကြိုးစား။ ဘယ်သူတွေဘာပြောပြော ကိုယ့်အလုပ်ကိုယ်ပြီးအောင်လုပ်။ ၃။ အတုယူ သာအောင်လုပ် စံပြုထိုက်သူကို စံပြု နိုင်ရမယ်။ ကိုယ့်လမ်းမှာအတားအဆီးလုပ်နေသူဟာ ဘယ်သူလဲဆိုတာ သိအောင်လုပ်။ သူ့နေရာမှာ ငါဆိုရင်ဘယ်လိုလုပ်မယ် ဆိုတာကိုအမြဲတွေး။ အောင်မြင်တဲ့သူတွေ ဘာ့ကြောင့်အောင်မြင်တယ်ဆိုတာ ကို သတိထား။ အတုယူ သာအောင်လုပ်။ ၄။ အစွမ်းကိုပြနိုင်အောင်ကြိုးစား ကိုယ့်ကိုယ်ပြန်သုံးသပ်ကြည့်။ အစည်းအဝေးတက်ရရင် ပြောစရာရှိရင်ထပြော ဆွေးနွေးစရာရှိရင်ဝင်ဆွေးနွေး အခွင့်အရေးရရင်ရသလို လူသိအောင်လုပ်။ လုပ်ငန်းခွင်မှာ ကိုယ်ဟာ ဘယ်လောက်အထိ လုပ်ဆောင်နိုင်စွမ်းရှိသူပါဆိုတဲ့ အစွမ်းကိုပြနိုင်အောင်ကြိုးစား။ ၅။ […]


introMay 18, 20101min04
ကြက်ပျံမကျ စည်ကားတဲ့ ပွဲခင်းတစ်ခုမှာ မိခင်တစ်ဦးက ၃နှစ်သား ကလေးငယ်ကို ရောင်စုံ မိုးပျံပူစီဖောင်းတစ်လုံး ဝယ်ပေးခဲ့တယ်။ ကလေးငယ်က ပူစီဖောင်းက ကြိုးသေးလေးကို ကိုင်ပြီး ပွဲခင်းထဲမှာ ခုန်ခွ ခုန်ခွနဲ့ ပျော်နေခဲ့တယ်။ ပွဲခင်းထဲမှာ ပြေးလွှားကစားရင်း မမျှော်လင့်ဘဲ လက်ထဲက ပူစီဖောင်း လွတ်သွားခဲ့တယ်။ ရုတ်တရက်မို့ ကလေးငယ်က အံ့ဩတုန်လှုပ်ပြီး ကောင်းကင်ပေါ် တက်သွားတဲ့ ပူစီဖောင်းကိုကြည့်ပြီး နှမြောတသနဲ့ ငိုမဲ့မဲ့ဖြစ်နေခဲ့တယ်။ ဒါကို ထက်မြက်တဲ့ မိခင်ကမြင်တော့ သားရှေ့ထိုင်ချပြီး ဝမ်းသာပျော်ရွှင်တဲ့ အသံနဲ့ “သားရေ.. ကြည့်စမ်း ပူဖောင်းရဲ့မေမေက ပူဖောင်းကလေးကို ထမင်းစားပြန်ဖို့ ခေါ်သွားပြီ.. သား လက်ပြ နှုတ်ဆိတ်လိုက်လေ” လို့ ပြောလိုက်တယ်။ ထူးခြားဆန်းသစ်တဲ့ မိခင်ရဲ့စကားကြောင့် ဝမ်းနည်းတာတွေကို သားတဒင်္ဂ မေ့သွားခဲ့ပြီး အမြင့်ပေါ် ပျံတက်သွားတဲ့ […]


introMay 17, 20101min01
ဒုတိယ ကမ္ဘာစစ်ကြီးပြီးခါနီးတုန်းကပေါ့ … ဂျာမန်တပ်တွေဟာ သူတို့ရဲ့ အမြောက်ကြီးတွေကို ပိုလန်နယ်ထဲကို ဖြတ်သယ်လာပါတယ်.. အမြောက်ကြီးတွေက အရမ်းကြီးတော့ ကားနဲ့သယ်ရပါတယ်.. ပိုလန်နယ်ထဲကို ဖြတ်တော့ ဂုန်းတံတားတခုအောက်ကနေ ဖြတ်တဲ့ အချိန်မှာ အဲ့ဒီအမြောက်ကြီးရဲ့ ထိပ်ဖျား ၂ လက်မလောက်က တံတားဘောင်နဲ့ သွားညိနေပါတယ်။ အများကြီးတော့ မဟုတ်ပါဘူး။ နှစ်လက်မလောက်ပါဘဲ။ ခက်ပြီပေါ့ ။ ဂျာမန်စစ်ဗိုလ်ချုပ်ကြီးတွေ ဒီအခြေအနေကနေ လွတ်မြောက်ဖို့အတွက် နည်းလမ်း ရှာကြပါပြီ။ ကားပေါ်ကအမြောက်ကြီးကို အောက်ချဖို့က စစ်သားအင်အားနဲ့ မရပူး ..ကရိန်းနဲ့တင်..ကရိန်းနဲ့ ချမှ ရမှာ ..ဒါပေမဲ့ ဒီအဖွဲ့မှာ ကရိန်း မပါဘူး…ဒီလိုနဲ့ ဂျာမန်စစ်ဗိုလ်ချုပ်နဲ့ အကြီးအကဲတွေ တိုင်ပင်ဆွေးနွေးပြီးတဲ့ အခါမှာ ဆုံးဖြတ်ချက်တခု ထွက်လာပါတယ်။ အမြောက်ကို တင်ချဖို့အတွက် လိုအပ်တဲ့ ကရိန်းအသေးစားတစ်စီး ပို့ ပေးဖို့ […]


introMay 15, 20101min05
မြန်မာ နိုင်ငံ တွင် သစ်တော များပြုန်းတီး ပြီး သဘာဝ တရား ၏ ဖောက်ပြန်မှု များကြောင့် ဧပြီလ ၁၈ ရက်နေ ့နောက် ပိုင်းမှာ စ၍ အပူချိန် လွန်ကဲလာရာ နိုင်ငံတဝှမ်း လုံး တွင် နေ ့စဉ် သေဆုံးသူ များ တစ်ရက် လျှင် ခြောက် ဆယ် ထက်မနည်း ရှိသည် ဟု Freedom News Group မှ စုံစမ်းသိရှိရသည်။ ယနေ ့နေ ့လည် ၁၂ နာရီ ရွှေပြည်သာ တွင် တိုင်းထွာချက် အရ ရန်ကုန် မြို ့၏ အပူချိန်မှာ ၁၂ဝ ဒီဂရီ ဖာရင် ဟိုက် […]


introMay 14, 20101min01
နေရောင်ခြည်မှ ရရှိသော ဗိုက်တာမင် (ဒီ)သည် အမျိုးသားများ၏ လိင်မှုဆိုင်ရာ အရည် အသွေး အပေါ် ကောင်းကျိုးသက်ရောက်သဖြင့် ပုံမှန် နေပူစာလှုံမှုမျိုး ပြုလုပ်သင့်ကြောင်း ဩစတြီးယားရှိ ပညာရှင်များက ထောက်ခံပြောဆို ခဲ့ကြသည်။ ဩစတြီးယားနိုင်ငံ ဂရက်ဇီ ဆေးပညာ တက္ကသိုလ်မှ ပညာရှင်များသည် ဗိုက်တာမင် (ဒီ)က အမျိုးသား များ၏ အဖိုဟိုမုန်း ဖြစ်သည့် Testosterone ကို လှုံဆော်နိုင် ကြောင်း ဖော်ထုတ် တွေ့ရှိခဲ့ ကြသည်။ ဗိုက်တာမင် (ဒီ)ကို ငါးကြီးဆီနှင့် အချို့သော အသားများမှလည်း ဖြည့်တင်းရရှိနိုင်သည်။ သွေး (၁)မီလီလီတာတွင် ဗိုက်တာမင် ဒီ (၅၀)နာနို ဂရမ်ထက် ပိုမိုမြင့်မားစွာ ပါဝင်သော အမျိုးသားများတွင် လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို မြင့်မားစေသည့် Testosterone ပမာဏ […]