ရိုက်မိရိုက်ရာပါဗျာ ရိုးမတခွင် ပြဲပြဲစင်တုန်းက.. မိုးတွင်းဝင်တော့မှာမို့ .. ဆန်းဆက်တွေလည်း မလှတော့ပါဘူး ပိန်းပိတ်နေပြီ… အကောင်ရှည်ကလည်း ကြောက်ရသေးသကိုး ..။ ဒင်းတို့က နေပူမိုးရွာဆို သိတော်မူတဲ့အတိုင်း ရသလောက်ပေါ့ စက်လှေပတ်စီးရင်း နဲ့..။ ဒါကနောက်တနေ့ပါ.. လမ်းမကြီးဘေးမယ်… ဘာရယ်မဟုတ် သရက်ပင်အောက် ဖျာထိုင်ယက်နေတာ တွေ့တာနဲ့ပဲ ဝင်ရိုက်ဖြစ်တယ်။ ကျန်တဲ့ပုံတွေတော့ မဖြတ်ရသေး… သည်ပုံအရင် တင်လိုက်ပါတယ်။ အဲ့သည့်ကကျော်လို့ အသီးဆိုင်ဘက် ဆက်လျောက်တော့လည်း ရိုက်ဖြစ်ပြန်တယ်.. ဘာကြောင့်မှန်းမသိ abstract ဘက်ကို စိတ်ဝင်စားနေတုန်းမို့ .. abstract ဆန်ဆန်ပဲ ရိုက်လိုက်ပါတယ်။ နောက်တနေ့ကျတော့လည်း ထုံးစံအတိုင်းပါပဲ။ တနေ့တနေ့ နေလုံးမမြင်ရတဲ့ တိမ်တွေ မြူတွေကြား […]