khinmintatthuMay 31, 20101min1300
မီးခြစ်ဆံ ၁၆ ချောင်းစီထားတဲ့ စတုရန်းကွက်လေး ၂ ကွက်ပါရှိပါတယ်……အဲဒီအထဲက မီးခြစ်ဆံ ၄ ချောင်းရွှေ့လိုက်တာနဲ့  အရင်ကရှိနေတဲ့ စတုရန်းကွက် ၂ ကွက်ကနေ ၃ ကွက်ဖြစ်သွားအောင် လုပ်လို့ရပါ တယ်…. ပုံလေးကိုသေချာကြည့်ပြီးဖြေနော်….. လွယ်လွယ်လေးပါ…. ကြိုးစားကြည့်ပါဦးနော်….


khinmintatthuMay 21, 20101min1420
View dj’s blog A man should not sleep on silk till he has walked on sand. သဲလမ်းပေါ်မလျှောက်ဖူးသရွေ့ ပိုးထည်ပေါ်မအိပ်စက်သင့်ပေ။ Rich miser is poorer than a poorer than a poor man. ကပ်စေးနည်းသောသူဌေးသည် ဆင်းရဲသော သူထက် ပိုဆင်းရဲသည်။ Never underestimate the power of forgiveness. ခွင့်လွှတ်ခြင်း၏စွမ်းအားကို ဘယ်တော့မှ အထင်မသေးပါနှင့်။ When you shoot the arrow of truth, just dip its point in honey. […]


khinmintatthuMay 17, 20101min1620
ဝင်းဝင်းဇာတ်ခုံပေါ်တွင် မင်္ဂလာပွဲ ဆင်နွှဲကျင်းပခဲ့ကြသူ စုံတွဲ နှစ်တွဲရှိပါသည်။ ပထမတစ်တွဲမှာ ဆက်တင်အဖွဲ့ ခေါင်းဆောင် ]]ကဒိုး}}(လူကြမ်း ဦးသိန်းဟတ်ကြီး၏ညီ) တို့ စုံတွဲဖြစ်၍ ဒုတိယ အတွဲမှာ ရုပ်ရှင်ပြဇာတ် မင်းသားကြီး အကယ်ဒမီ ဦးသိန်းမောင်နှင့် ဝင်းဝင်းပြဇာတ်ယိမ်းအဖွဲ့မှ အကြည်လေးတို့ စုံတွဲဖြစ်ပါ၏။ ဦးသိန်းမောင်မှာ ဒဂုန်ဆရာတင်၏ တပည့်ရင်းဖြစ်သည်။ ဆရာသွားလေရာ ထပ်ချပ်မကွာလိုက်၍ ကျရာအခန်းမှ ပါဝင်ကပြရ သည်။ ကြီးမားတုတ်ခိုင်သော ခန္ဓာကိုယ်နှင့် မျက်နှာအနေအထားကြောင့် လူကြမ်းအခန်းကဏ္ဍများတွင် ပါဝင်ခဲ့ရသည်ကများ၏။


khinmintatthuMay 17, 20101min1601
ပန်းဆိုးတန်းလမ်းရှိ ဝင်းဝင်းပြဇာတ်ရုံတွင် ဒဂုန်ဆရာတင်က ဒါရိုက်တာချုပ်၊ ပျော်တော်ဆက်သန်းနွဲ့၊ ကျွန်တော်ချစ်မောင်နှင့် စာရေး သူတို့က ကိုယ့်အလှည့်နှင့်ကိုယ် ပြဇာတ်များစီစဉ်တင်ဆက်နေကြရ သည့် ဒါရိုက်တာများဖြစ်ကြပါသည်။ မည်သူ၏ ပြဇာတ်ရုံတင်သည် ဖြစ်စေ၊ ဆရာဒဂုန်တင်နှင့် ကျွန်တော်တို့နှစ်ဦးက အမြဲတမ်းပါနေရ၏။ ဆရာက ဇာတ်လမ်းဇာတ်ညွှန်း (အခန်းစဉ်ခွဲခြားမှု) တို့ကို ကြီးကြပ် သည်။ ကျွန်တော်က တေးသီချင်းရေးသားမှုနှင့် ဇာတ်လမ်းတည်းဖြတ် မှုကို တာဝန်ယူရပါသည်။ ပြဇာတ်တစ်ထုပ်အသစ်တင်မည်ရှိသောအခါ ထိုပြဇာတ်၏ ဇာတ်လမ်းအတိုချုပ်ကို သက်ဆိုင်ရာဒါရိုက်တာက ဆရာ့အားတင်ပြရ ၏။ ဆရာက ကြည့်ရှုစစ်ဆေးပြီး ပိုလျှင်ဖြတ် လိုလျှင်ဖြည့်၊ မကြိုက် လျှင်ပယ်၊ အခန်းစဉ်ခွဲခြားမှု၌လည်း သူ့စိတ်ကြိုက် ရှေ့နောက် အပြောင်းအလဲလုပ်၏။ ဖြည့်သည်၊ ဖြုတ်သည်၊ ဇာတ်တိုက်ကြသော အခါမှာလည်း အသုံအနှုန်းစကားလုံးများကို အတိအကျ ၏-သည် မလွဲ တစ်သမတ်တည်းပြောကြရ၏။ သူမကြိုက်သေးလျှင် […]


khinmintatthuMay 17, 20101min1730
ဇာတ်ခုံတစ်ခု၏အဓိက အဆင်တန်ဆာဖြစ်သော ပြည်ဖုံးကား မှာ စင်တင်ကပြသူတို့နှင့် ရှုစားသူတို့၏ နယ်ခြားစည်းဖြစ်ပါသည်။ ပြည်ဖုံးကားကို အများအားဖြင့် ကတီ္တပါသားဖြင့် ပြုလုပ်လေ့ရှိကြ သည်။ ပိုး၊ ဖဲ အစရှိသော အဖိုးတန်အလှအပ အထည်အလိပ်တို့ဖြင့် ပြုလုပ်မှုနည်းပါး၏။ အကြောင်းမူကား ကတ္တီပါသည် လေးတွဲ့ သိပ်သည်း၏။ လေးတွဲ့ခြင်းကြောင့် အဖွင့် အပိတ် အတင် အချ ပြုလုပ်ရာတွင် ညက်ညောညင်သာစွာ ဣန္ဒြေရရပိတ်၏။ ပွင့်၏။ သိပ်သည်းမှုရှိခြင်းကြောင့် အတွင်းဘက်ရှိ လှုပ်ရှားသွားလာလုပ်ကိုင် နေကြသည်များကို ရွှေပွဲလာတို့က မမြင်နိုင်။ ပိုး၊ ဖဲ စသည်တို့မှာ လှပအဖိုးတန်သည်မှာ မှန်၏။ သို့သော် ပေါ့သည်၊ ပါးသည်။ ပေါ့ သောကြောင့် အဖွင့်အပိတ် အတင်အချတွင် လွင့်လွင့်ပါးပါးသားနား သေသပ်မှုမရှိသကဲ့သို့ ပါးလှပ်ခြင်းကြောင့် မီးရောင်ဖြင့် ဇာတ်ခုံအတွင်း ဘက်မှ […]


khinmintatthuMay 17, 20101min1710
၁၉၈ဝ ပြည့်နှစ်မှ ၁၉၈၂ ခုလောက်ထိ ဂီတပဒေသာ မဂ္ဂဇင်းတွင်  ပန်းဝင်္ကပါအမည်ဖြင့် ဆောင်းပါးများရေးသားခဲ့ဖူးပါ သည်။ ကျွန်တော်ရောက်ရှိ ကျင်လည်ခဲ့ရသော ပြဇာတ်နယ်ပယ်မှ အတွေ့အကြုံအဖြစ်အပျက်များကို  တင်ပြရခြင်းဖြစ်ပါသည်။ ယခု နောက်ပိုင်းတွင် တွေးရင်းငေးရင်းနှင့် ထိုစဉ်ကမရေးမိခဲ့သောအကြောင်း အရာအချို့ကို ပြန်လည်မြင်ယောင်လာပါသည်။ ဤသည်မှာလည်း သက်ရွယ်ကြီးရင့်လာကြပြီဖြစ်သော မိတ်ဟောင်းဆွေဟောင်း (ပြဇာတ် မိတ်ဆွေများ) များနှင့် တွေ့ကြုံမေးမြန်းပြောဆိုရာမှ ဟောင်းမြည့်ခြင်း တို့ သစ်လွင်ဖူးပွင့်မွေးပျံ့လာရခြင်းဖြစ်သည်ဟု ဆိုရပါမည်။