ပျောက်ဆုံးသွားသော နာရီများအကြောင်း

khinmintatthuMay 17, 20101min650

ဝင်းဝင်းဇာတ်ခုံပေါ်တွင် မင်္ဂလာပွဲ ဆင်နွှဲကျင်းပခဲ့ကြသူ စုံတွဲ နှစ်တွဲရှိပါသည်။ ပထမတစ်တွဲမှာ ဆက်တင်အဖွဲ့ ခေါင်းဆောင် ]]ကဒိုး}}(လူကြမ်း ဦးသိန်းဟတ်ကြီး၏ညီ) တို့ စုံတွဲဖြစ်၍ ဒုတိယ အတွဲမှာ ရုပ်ရှင်ပြဇာတ် မင်းသားကြီး အကယ်ဒမီ ဦးသိန်းမောင်နှင့် ဝင်းဝင်းပြဇာတ်ယိမ်းအဖွဲ့မှ အကြည်လေးတို့ စုံတွဲဖြစ်ပါ၏။
ဦးသိန်းမောင်မှာ ဒဂုန်ဆရာတင်၏ တပည့်ရင်းဖြစ်သည်။ ဆရာသွားလေရာ ထပ်ချပ်မကွာလိုက်၍ ကျရာအခန်းမှ ပါဝင်ကပြရ သည်။ ကြီးမားတုတ်ခိုင်သော ခန္ဓာကိုယ်နှင့် မျက်နှာအနေအထားကြောင့် လူကြမ်းအခန်းကဏ္ဍများတွင် ပါဝင်ခဲ့ရသည်ကများ၏။
စင်တင်မှုအနုပညာရပ်များတွင် လူ့လောက၌ ဖြစ်ပျက် တွေ့ကြုံနေကြရသော အကောင်းအဆိုး အမှားအမှန်တို့ သရုပ်ခွဲ ဖော်ပြ နိုင်စေခြင်းငှာ လူကောင်းနှင့် လူဆိုးတို့၏ လှုပ်ရှားမှုအရပ်ရပ်ကို ထင်ဟပ်ပြသလေ့ရှိသည်။ (ဇာတ်လိုက်နှင့် လူကြမ်း)ဟု ခေါ်ကြ၏။
ဇာတ်လိုက်က အမှန်တရားဘက်မှ ရပ်တည်ပုံ မိုက်မဲရမ်းကား လမ်းမှားနေသူတို့ကို တိုက်ခိုက်တွန်းလှန် အနိုင်ယူပုံတို့ကို ထင်ရှား စေလိုသောကြောင့် လူကြမ်း လူရမ်းလူမိုက်ဟူသော စရိုက်ဆိုး သရုပ်ဆောင်များအဖြစ် ထည့်သွင်းပါဝင်စေကြရ၏။
ဇာတ်သဘင် တင်ဆက်မှုများတွင် ပုဏ္ဏားသည် အတွန်း အတိုက် မကောင်းကြံခြင်းစသည်တို့ဖြင့် အဆိုးဘက်မှနေကြရသည်က များ၏။ အသံတိတ်ရုပ်ရှင်နှင့် ရှေးမနှောင်းပေါ်လာသည့် လူဘိုင်စကုတ် ခေါ် ဇာတ်သဘင်အရှေ့ပိုင်း၌ ထည့်သွင်းကပြသော ပြဇာတ်များ တွင်လည်း အရက်မူးရမ်းကား၍ မတော်မတရား ပြုမူတတ်သူ လူဆိုး လူမိုက်များ ပါဝင်စေကာ ဇာတ်နာသည်ထက် နာစေရန် ဖန်တီးခဲ့ကြ ပါသည်။
ရုပ်ရှင်ပေါ်ဦးစ အခါမှသည် ယနေ့အထိ ရုပ်ရှင်ဇာတ်ကား များ၌ ]လူကြမ်း}တို့၏ အခန်းကဏ္ဍများကို ထည့်သွင်းအသုံးပြုနေ ရသည်ကို တွေ့မြင်ကြရပေသေးသည်။
ဇာတ်သဘင် လူကြမ်းအများအပြား ရှိကြသည့်အနက် ကျွန်တော်၏ရင်ထဲ၌ စွဲဝင်မှတ်သားမိသူ ပုဂ္ဂိုလ်နှစ်ဦးရှိပါသည်။ တစ်ဦးမှာ (၁၉၃၆-၃၇)လောက်က ရွှေမန်းဦးတင်မောင်çဇာတ်သဘင် အဖွဲ့တွင် ပါဝင်ခဲ့သူ လူကြမ်းမင်းသားကြီး ဦးဘိုင်ဘိုဖြစ်၏။ ကျွန်တော် တို့ကလည်း ငယ်ရွယ်စဉ်ကာလ သနားစရာချစ်စရာရွှေမန်းဦးတင်မောင် အား ဇာတ်ခုံပေါ်တွင် ဇာတ်လမ်းအရ နှိပ်စက်ညှင်းပန်းနေသည်ကို တွေ့မြင်နေရသည့်အတွက် အလွန်စိတ်ဆိုး၏ ဦးဘိုင်ဘိုအပေါ် မုန်းတီး ရွံရှာသောစိတ်များ တစ်ဖွားဖွားပေါ်၏၊ လက်ထဲတွင်ရှိသော အရာဝတ္ထု တစ်ခုခုနှင့် ပစ်ပေါက်လိုက်ချင်သည်။ နောင်ကျမှ ဪ… တကယ့် ပညာရှင်ကြီးတစ်ဦးပါလား သူ့အခန်းကဏ္ဍကို နိုင်နင်းအောင် ဆွဲဆောင် ယူငင်သွားနိုင်သူ ပုဂ္ဂိုလ်ကြီးပါတကားဟု စဉ်းစားတွေးမြင်မိပါ၏။
နောက်တစ်ဦးမှာ မကြည်အောင်၏ ခေတ်သစ်ကပွဲသဘင်ခေါ် ဦးကျော်အုန်းလှိုင်(ဆရာရွှေတိုင်ညွန့်၏အစ်ကို) ဦးစီးသော ပြဇာတ်အဖွဲ့ မှ ဦးရန်ရှောင်ခေါ် လူကြမ်းတစ်ဦးကိုလည်း အထူးမုန်းတီးမိ၏၊ ပြောဟန် ဆိုဟန် လှုပ်ရှားမှုပုံသဏ္ဌာန်များကအစ မေတ္တာစိတ် လုံးဝမထားနိုင်ဘဲ ရွံမုန်းစက်ဆုတ်ဖွယ်ရာဖြစ်အောင် လုပ်ဆောင်ဖန်တီး တတ်သူဖြစ်၏။ ထူးခြားလှသည့် ဇာတ်သဘင် လူကြမ်းကြီးများ ဖြစ်ပါပေသည်၊ အခြားအခြားသော ဇာတ်သဘင် လူကြမ်းပညာရှင် ကြီးများကလည်း ရှိပါသည်၊ ၎င်းတို့သရုပ်ဆောင် လှုပ်ရှားရသည်ကား ပရိသတ်များ၏ စိတ်တွင် အမှားသဏ္ဌာန်ကို မြင်မှန်း၍ အမှန်တရား ဘက်သို့ အားသန်စေမှုအတွက် အမုန်းခံဘဝ၌ နေကြရခြင်း ဖြစ်ပါ၏။
ကျွန်တော်မှတ်မိသလောက် ရုပ်ရှင်လူကြမ်းကြီးများမှာ ဦးလှမောင်ကြီး၊ မြိုင်ရာဇာဖိုးစော၊ ဦးအေးငွေ၊ ဦးစံရွှေ၊ ဦးချစ်တင်၊ ဦးအောင်ကြီး၊ ဦးကျော်သောင်း၊ ဦးညွန့်မောင်ကြီး၊ ဦးကျော်ဇော၊ ဦးကျောက်လုံး၊ ဦးစိန်ဝင်း၊ ခါးကုန်းဦးမောင်မောင်၊ ဦးသိုက်စိုးတို့ ဖြစ်ကြပါသည်။ နောက်ထပ် ပေါ်ပေါက်လာကြသူ လူကြမ်းမင်းသား များမှာလည်း အများအပြားရှိ၏။
မိန်းမကြမ်းအဖြစ် သရုပ်ဆောင်ရသူများမှာ ဒေါ်ဖွားနှစ်၊ ဒေါ်သိန်းရင်၊ ဒေါ်သိန်း<ကယ်၊ ဒေါ်မြလေး၊ ဒေါ်ရင်ရွှေ၊ ဒေါ်သီတာ ခင်ထွေး၊ ဒေါ်ဘေဘီနွဲ့၊ ဒေါ်ခင်အေးဟန်၊ ခင်နုနု အစရှိသူတို့ ဖြစ်ကြသည်။
၎င်းတို့မှာ လူကြမ်းမိန်းမကြမ်းများအဖြစ် သရုပ်ဆောင် နေကြရစေကာမူ ပင်ကိုယ်စရိုက်က ကြမ်းတမ်းခြင်းမရှိဘဲ အလွန် သဘောကောင်းကြ၏၊ ရယ်ရွှင်ဖွယ်ရာများ ပြောဆိုတတ်ကြ၏၊ တစ်ပါးသူကို ကူညီပံ့ပိုးတတ်ကြ၏၊ ရုပ်ရှင်ဇာတ်ကားများ ကပြရာတွင် အရက်သေစာ သောက်စားမူးယစ်ခန်းများ၌ သရုပ်တူစေရန် သဏ္ဌာန် လုပ်နေရသော်လည်း လုံးဝအရက်မသောက်တတ်သူများလည်း ရှိပါ၏။ ထိုပုဂ္ဂိုလ်မျိုးထဲတွင် ဦးသိန်းမောင်လည်း တစ်ယောက်အပါအဝင် ဖြစ်သည်။ သူကား လက်ဖက်ရည်ကို အလွန်ကြိုက်၏၊ မိုးလင်းကား မိုးချုပ် မည်သည့်အချိန်တွင်မဆို လက်ဖက်ရည်တိုက်သူရှိက သောက်ရန်အဆင်သင့်ရှိသူ ဖြစ်ပါ၏။ ခြူးတံဆိပ် ဆေးပေါ့လိပ် အသေးစားကို လက်ထဲတွင်အမြဲညှပ်ထား၏၊ အပြင်မှာလည်း ဆေးလိပ်နှင့် သူနှင့်တတွဲတွဲ။ ပြဇာတ်ခုံပေါ်တွင်လည်းကောင်း ရုပ်ရှင်ဇာတ်ကားထဲတွင်လည်းကောင်း ဆေးလိပ်အမြဲပါ၏၊ (လွမ်းခန်း ဆိုလျှင်တော့ ဆေးလိပ်ကို မဆောင်ပါ) အရက်ကိုအလွန်မုန်းသူဖြစ်၏။ ကိုချစ်မောင်၊ ကိုသန်းနွဲ့တို့ကို မျက်နှာချင်းဆိုင်၍ အရက်သောက်ခြင်း အတွက် အပြစ်တင်စကားမပြောဖူးသော်လည်း ကျွန်တော့်ကိုမူ အရက်နံ့လေး တသင်းသင်းနှင့်ကြုံလာခဲ့လျှင် ဆူပူ၏၊ ကြိမ်းမောင်း၏၊ ဆဲရေးတိုင်းထွာခြင်းမရှိပါ။ တွဲခဲ့ရသည့် နှစ်ပေါင်းများစွာအတွင်း ဦးသိန်းမောင် ဆဲဆိုသည်ကိုမကြားဖူးခဲ့ပါ။ ကျွန်တော်က သူ့ထက် အသက်ငယ်သည် ဒဂုန်ဆရာတင်၏တပည့်ချင်း အတူတူပင် ဖြစ်သည်။ သူက ဆရာ့ထံအရင်ရောက်၍ တပည့်ကြီး။ ကျွန်တော်က နောက်မှရောက်သဖြင့် တပည့်ငယ်။ ဘုန်းကြီးကျောင်းများတွင် ကျောင်းသားကြီးက ကျောင်းသားငယ်အား ပြောဆိုဆုံးမခွင့် ရှိသကဲ့သို့ သူကကျွန်တော့်အား ဆူစရာရှိလျှင်ဆူသည်၊ အမြင်မတော်လျှင် ကြိမ်းသည် ဆုံးမသည်။ ကျွန်တော်ကလည်း သူ့စကားကို လက်ခံနာယူ ပါသည်။
အလှည့်ကျ၍ ကျွန်တော် ဒါရိုက်တာလုပ်ရသောအခါတွင်မူ ကျွန်တော်ပြောသည့်စကားကို သူနားထောင်ရသည်၊ ကျွန်တော် ဖြစ်စေလိုသည့် လှုပ်ရှားမှုအဝဝကို သူလိုက်နာလုပ်ဆောင်ရသည်။ သူ့စည်းကိုယ့်စည်း ရှိကြရ၏။ သို့ဖြင့် သူနှင့်ကျွန်တော်တို့မှာ ညီအစ်ကို ရင်းချာပမာ တစ်ပူးတွဲတွဲ လုပ်ကိုင်နေခဲ့ရပါသည်။
သူ၏ပထမဇနီးမှာ အတင်ဟုခေါ်သော ဝင်းဝင်းပြဇာတ် အဖွဲ့မှ ယိမ်းခေါင်းဆောင်တစ်ဦး ဖြစ်သည်။ ဇာတ်ရံအနေနှင့်လည်း သင့်လျော်ရာအခန်းများတွင် ပါဝင်ကပြရ၏။ ကိုသိန်းမောင်ကြီးက ပြဇာတ်တစ်ပွဲအတွက်(၁၅)ကျပ်ရပြီး အတင်က (၁၀)ကျပ်ရ၏။ ထိုခေတ် ထိုအခါက သားသမီးမရှိသော သူတို့ဇနီးမောင်နှံ အတွက် ကောင်းမွန်ဖူလုံစွာ နေနိုင်လောက်သော ဝင်ငွေဖြစ်ပါသည်။ အတင်က ဝတ်ချင်စားချင် လှပချင်သည်၊ ကိုသိန်းမောင်ကြီးက မြင်းပွဲဝါသနာ ပါသည်၊ တစ်ပါတ်တစ်ပါတ် ငွေလေးခြိုးခြံစုဆောင်း၍ မြင်းလောင်း တတ်၏၊ ရသည်ကနည်း၍ ရှုံးကုန်သည်က များလာသောအခါ လင်မယား ကတောက်ကဆ ဖြစ်ကြ၏၊ ကွဲမည်ကွာမည်အထိ ဖြစ်လာလေရာ ဆရာကတော် ဒေါ်မေမေကျင်က ကြားဝင်၍ စေ့စပ်၏၊ သို့သော်လည်း အပြန်အလှန် အပြစ်အနာအဆာတွေ မြင်လာကြပြီ ဖြစ်သောကြောင့် စေ့စပ်ပြောဆို၍မရတော့ဘဲ ပြတ်စဲကွာရှင်း လိုက်ကြတော့၏။ အတင်ကလည်း ဝင်းဝင်းပြဇာတ်အဖွဲ့မှ ထွက်သွား၏၊ နောက်ထပ်သူ့သတင်းလည်းမကြား လူကိုလည်း မမြင်ရတော့။
လင်ကိုယ်မယား နှစ်ယောက်တည်းနေလာကြရာက တစ်ယောက်သောသူ မရှိတော့သောအခါ ကိုသိန်းမောင်ကြီး ယောင်ချာချာဖြစ်နေလေပြီ၊ ဝင်းဝင်းရုံသည်သာ သူ့အိမ်သူ့ယာပမာ မိုးလင်းရောက်လာ၊ ပွဲပြီးမှပြန် မြင်းပွဲကိုမှန်မှန်သွား ရုံတွင်ပိုကာဆွဲကြ၊ အရက်ကလည်းသောက်တတ်၊ စိတ်ကလည်းမငြိမ်၊ ထို့ကြောင့် လက်ဖက်ရည်ကို တွင်တွင်သောက် ခြူးဆေးလိပ်ကို မနားတမ်းဖွာပြီး စိတ်သောကကို ဖြေနေရလေတော့သည်။
တစ်နှစ်ကျော်ကျော် ကြာလာလေသော် ဆရာကတော်က သိန်းမောင်ကြီးကို ဒီအတိုင်းထားလို့ မဖြစ်တော့ မတော်တရော် ဟာတွေနဲ့တွေ့သွားရင် ခက်တော့မယ်ဟု ဆရာ့ကိုတိုင်ပင်ကာ ဝင်းဝင်း ပြဇာတ်အဖွဲ့မှ ယိမ်းသူမကလေး အကြည်နှင့်နေရာချထားရန် နားဖောက်လေသည်။ အကြည်နှင့် ကိုသိန်းမောင်ကြီးမှာ သားအဖ အခန်းမှ မကြာခဏပါရ၏။ အကြည်က ဝင်းဝင်းရုံတွင် အငယ်ဆုံး ယိမ်းမင်းသမီးလေး ဝင်းဝင်းရုံတွင် ကပြသည့် ]ငယ်ကျွမ်းဆွေ}ပြဇာတ် များ (၁၉၅၀-၅၁-၅၂-၅၃-၅၄-၆၀-၆၁)တွင် အသက်ဟုခေါ်သော ဇာတ်လိုက်အမျိုးသမီး(ကလေးဇာတ်ဆောင်အဖြစ်) အဖြစ်အမြဲ ပါဝင်ခဲ့ရ၏။ ကွန်ဗင့်ကျောင်းသူ ဝတ်စားဆင်ယင်ပုံမျိုး အကျႌဖြူ၊ ဂါဝန်နက်ပြာလေးဝတ်ဆင်ကာ ကပြခဲ့ရသည်။ ကိုသိန်းမောင်မှာ အသက်လွန်စွာကြီးရင့်ပြီဟု မဆိုနိုင်သော်လည်း များသောအားဖြင့် လူကြီးခန်း၊အဖေခန်း၊ ဦးလေးခန်း စသည်တို့မှာ ပါဝင်နေရရာ ကလေးငယ်နှင့်အဖိုးကြီး မင်္ဂလာဆောင်ရမည်ကဲ့သို့ မရွံ့မရဲ ဖြစ်နေ ကြတော့၏။ သို့သော်လည်း ဆရာနှင့် ဆရာကတော်တို့ ဦးဆောင်မှုဖြင့် ကိုသိန်းမောင်နှင့် အကြည်လေးတို့မင်္ဂလာပွဲကို ဝင်းဝင်းရုံ၌ ဆင်နွှဲမည်ဟု ကြေညာလိုက်လေသည်။
သူတို့နှစ်ဦး၏ မင်္ဂလာပွဲကား အကုန်အကျအလွန်သက်သာပြီး သိုက်မြိုက်စည်ကားလှပါသည်။ မင်္ဂလာအခမ်းအနား ကျင်းပရေးခန်းမ အတွက် ငွေကြေးလုံးဝကုန်စရာမရှိ တီးဝိုင်းကလည်း စန္ဒရား၊ ဂျပ်စဘင်မှအစ ရွှေ့ပြောင်းဖို့မလို၊ နေသားတကျ ပစ္စည်းစုံရှိပြီးသား၊ အသံချဲ့စက် လျှပ်စစ်မီးမောင်း ကအသင့်၊ ပရိသတ်အတွက် ထိုင်ခုံများ ကလည်း ရုံအပြည့် ခင်းပြီးရှိနေသည်။ မင်္ဂလာ အခမ်းအနားပြုလုပ်ရန် ကုလားထိုင်၊ စားပွဲ၊ အစုံအလင် နောက်ခံဆက်တင်ပါဇာတ်ခုံပေါ်၌ ဆွဲသုံးလိုက်ရုံဖြစ်၏။ အဆိုတော်ငှားဖို့ကော လိုအုံးမလား နိုင်ငံကျော် ပြဇာတ် မင်းသား၊ မင်းသမီး၊ လူရွှင်တော်၊ ယိမ်းအဖွဲ့၊ ဇာတ်ရံ တစ်ပုံတစ်လှေကြီး ပျော်ပျော်ပါးပါး၊ ဆိုကြကကြသည်။ ကျွေးမွေး ဧည့်ခံရန် လက်ဖက်ရည်ဆိုင်မှတာဝန်ခံ၍ အလွယ်တကူ ဆွဲယူ တိုက်ကျွေးရုံသာလို၏။ စောစောစီးစီးပေမယ့်ကွာ ပျော်လွန်းလို့ ဟိုဒင်း ဟိုဟာလေးဟု ဆိုသူများအတွက် ဝင်းဝင်းရုံနှင့် ကပ်လျက်ရှိနေသော ဘားတွင် ကြိုက်ရာမှာသောက် ကိုယ့်ဟာကိုယ်ငွေရှင်း၊ သတို့သား၊ သတို့သမီးတို့ အတွက် လက်ဖွဲ့ကြသော ငွေကြေးများကို လုံးဝမထိရ၊ ဆရာ့အမိန့်-
ကိုသိန်းမောင်တို့လက်ထပ်ပွဲတွင် ကျွန်တော်တို့ဆရာ ဒဂုန် ဆရာတင်က ဘိသိတ်ဆရာလုပ်သည်၊ ဆရာက ဗေဒင်ကိန်းခန်း ကိုလည်း နည်းနည်းပါးပါး နားလည်၏။ မင်္ဂလာပွဲပြုလုပ်မည့် ရက်နှင့် အချိန်ကို သူကိုယ်တိုင်ရွေးသည်။ သို့သော် စနေ၊တနင်္ဂနွေ ရုံးပိတ်ရက်ကိုရှောင်ရ၏။ ပြဇာတ်က နှစ်ပွဲရှိသည်။ ထို့ကြောင့် ကြားရက်တွင် ကျင်းပရ၏။ ကျွန်တော်က အခမ်းအနားမှူးလုပ်ရသည်။
မင်္ဂလာပွဲတွင် ဆရာက ဂါထာတွေ၊ မန္တာန်တွေမရွတ်၊ ဇနီးမောင်နှံရယ်လို့ ဖြစ်လာရင် သေတစ်ပန်သက်တစ်ဆုံး ချစ်ချစ် ခင်ခင် ပေါင်းသင်းနေထိုင်ကြဖို့ အရေးအကြီးဆုံး ဖြစ်ကြောင်း ပြောပြီး ကိုသိန်းမောင်ကြီး၏ အကြောင်းရယ်စရာလေးတွေ ပြောသည်။ အလွန်တည်၍ တစ်ရုံလုံး တစ်ဖွဲ့လုံး ကြောက်ရွံ့ရိုသေရသော ဆရာက အရွှန်းလေးတွေဖောက်သောအခါ အဖွဲ့ဝင်များ ပရိသတ်များ အံ့ဩခြင်း ကြီးစွာဖြင့် ပျော်ကြ၏ ရွှင်ကြ၏ အခန်းအနားမှူး ကျွန်တော်ကလည်း မင်းသားမင်းသမီး လူရွှင်တော်များ ယိမ်းအဖွဲ့ဝင်များတို့ကို အမျိုးမျိုး အဖုံဖုံပွဲထုတ်၍ မင်္ဂလာပွဲကို မြူး<ကနေရန် စီစဉ်ဖန်တီးလိုက်ရပါ၏။
မင်္ဂလာအခမ်းအနား ပြီးစီးသောအခါ ကိုသိန်းမောင်နှင့် အကြည်လေးတို့ ဇနီးမောင်နှံအား လက်ဖွဲ့ပစ္စည်းများ ငွေများနှင့်အတူ သူတို့အိမ်သို့ ဆရာနှင့် ဆရာကတော်ကလိုက်ပို့၏။ ပရိသတ်များ ကလည်း ပြန်ကြပြီ၊ ကျွန်တော်တို့ ဒါရိုက်တာအငယ်စားများ လူရွှင်တော်အဖွဲ့နှင့် တီးဝိုင်းအဖွဲ့သားအချို့ ကျန်ရစ်၏။ ပစ္စည်းသိမ်းသူ၊ ဆက်တင်သမားများ အလုပ်ရှုပ်နေကြစဉ် ဖြီးလိမ်းပြင်ဆင်သည့် ဝင်းဝင်းရုံ အောက်ထပ်အခန်းတွင် စုကြ၏။ ကိုသိန်းမောင်နှင့် အကြည်တို့ တစ်ယောက်ကိုတစ်ယောက် ဘယ်လိုခေါ်ကြမလဲဟူသော မေးခွန်းကို တစ်ဦးကမေး၍ ဟားတိုက်ကြ၏။ ထိုင်းနိုင်ငံပြန် ဦးရန်အောင်က မေးစေ့ကို ပွတ်၍ စဉ်းစားနေရာမှ ]]ဒီနေ့ ကိုသိန်းမောင် နှင့် အကြည်လေးတို့ မင်္ဂလာဆောင်အခမ်းအနား စီစဉ်မှုပြုနေတဲ့ တစ်ချိန်လုံး ကျွန်တော်စဉ်းစားနေတာဗျ ယောက်ျားတစ်ဦးနဲ့ မိန်းမ တစ်ယောက် ပုဆိုးတန်းတင် အကြင်လင်မယားအဖြစ် ပေါင်းသင်း ဆက်ဆံကြပါပြီဆိုတဲ့ အကြောင်းကြေညာတဲ့ ဥစ္စာကို မင်္ဂလာ ဆောင်တယ်လို့ ခေါ်တာပဲ အဲ့ဒီမင်္ဂလာေဆောင်တွေနဲ့ ပတ်သက်လို့ ကျွန်တော့်အနေနဲ့ ]ပျောက်ဆုံးသွားရတဲ့ နာရီများအကြောင်း} စဉ်းစား မိလာတယ်ဗျာ}} ဟု ဆို၏။
အားလုံးက သူ၏လက်ကို လှမ်းကြည့်မိကြသည် ဦးရန်အောင် လက်ပတ်နာရီ ပတ်သည်ကို တစ်ခါမှ မမြင်ဖူးကြပါ၊ ဘယ်တုန်း ကများ နာရီတွေ ပျောက်ပါလိမ့်၊ ဘာကိုဆိုလိုပါလိမ့် ဟုတွေးနေကြ၏။
ရှေးဘိုးဘွားဘီဘင် လက်ထက်အခါကတည်းက ယောက်ျားနဲ့ မိန်းမ အိမ်ထောင်ပြုကြတဲ့ ကိစ္စကို အိမ်ယာထောင်တယ် မင်္ဂလာဆောင်တယ်၊ ထိမ်းမြားလက်ထပ်တယ်လို့ ခေါ်ဝေါ်ပြီး မင်္ဂလာနဲ့ ပြည့်စုံတဲ့ မင်္ဂလာပွဲ တစ်ပွဲအဖြစ် သတ်မှတ်ပေးကြတာဟာ အလွန် ကြီးမားမွန်မြတ်တဲ့ ရည်ရွယ်ချက်ကြီးတစ်ခု ရှိလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။
ခုခေတ်ခုခါမှာ ပြုလုပ်နေကြတဲ့ မင်္ဂလာပွဲတွေကို တွေ့နေ ရတာကတော့ မင်္ဂလာဆောင်ကြမယ့် သူတွေက ရင်းနှီး ခင်မင်တဲ့ ဆွေမျိုး မိတ်သင်္ဂဟတွေဆီ ဖိတ်စာသွားပို့ အဲဒီနေ့ရက် ရောက်လာတဲ့ အခါကျတော့ လက်ဆောင်ပစ္စည်းလေးတွေနဲ့ လာကြ ကျွန်တော် လာပါတယ်၊ ကျွန်မလာပါတယ်ဆိုတဲ့အနေနဲ့ ခန်းမဝက ကြိုဆို နေကြတဲ့ သတို့သား၊သတို့သမီးများရဲ့ မိဘတွေကို နုတ်ဆက် ပြီးတော့ လွတ်ရာခုံတစ်ခုမှာ ဝင်ထိုင် တီးဝိုင်းက တီးဆိုနေတာတွေကို နားထောင် တစ်နာရီသာသာလောက်ကြာအောင် ထိုင်ပြီးတော့မှ မင်္ဂလာ အခမ်းအနား အစီအစဉ်စပါတော့မယ်လို့ ကြေညာပြီး မင်္ဂလာ အခမ်းအနားမှူး လုပ်မယ့်လူဝင်လာ စကားနည်းနည်းပြော ပွဲထုတ် သတို့သမီး၊ သတို့သားထွက်လာ အားလုံးကဝိုင်းကြည့်ကြ သူတို့ အတွက် ပြင်ဆင်ထားတဲ့နေရာမှာထိုင်ကြ အခမ်းအနားမှူးက မင်္ဂလာ  ဆောင်သူများရဲ့အကြောင်းပြော ဘယ်ပုဂ္ဂိုလ်ကြီး စုံတွဲက မင်္ဂလာ စပယ်ကုံး ချီးမြှင့်ပါမယ်၊ ဘယ်အဆိုတော်ကြီးက ရတုနဲ့ တေးထပ်နဲ့ ချီးမြှင့်ပါ့မယ်၊ ပြီးတော့ ဘယ်သူက ရွှေမိုးငွေမိုးရွာပါလိမ့်မယ်၊ အားလုံး သုံးဆောင်နိုင်ကြပါပြီလို့ဆို တီးဝိုင်းကတစ်ခါ ဧည့်ခံသီချင်းတွေ ဆိုကြ ပြီးတော့ အထွက်မှာ တန်းစီရပ်စောင့်နေတဲ့ သတို့သား၊သတို့သမီးနဲ့ မိဘများကို နှုတ်ဆက်ပြန်ကြ အဲ့ဒီလိုချည်းပဲ တွေ့နေရတယ်ဗျာ၊ ဒါလောက်လုပ်ဖို့အတွက်နဲ့တော့ အဲဒီမင်္ဂလာဆောင် အခမ်းအနား ဆိုတဲ့ကိစ္စကြီး ဆောင်ရွက်ကြဆိုတဲ့ စီမံမှုတစ်ခုကို ရှေးရှေး လူကြီးသူမ များက ချမှတ်စီစဉ်သွားတာတော့ မဟုတ်နိုင်ဘူး ထင်တယ်ဗျာ ဘာကြောင့်လဲဆိုတော့-
ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ဦး အကြင်လင်မယား ဖြစ်ကြပြီဆိုရင်ပဲ ဟိုဘက်သည်ဘက် အမိအဖတွေဟာ ခမည်းခမက် ယောက္ခမ မိဘဆိုတဲ့ ဆွေမျိုးရင်းခြာ ဘဝရောက်သွားကြတော့မယ်၊ ယောက်ဖ၊ ယောင်းမ၊ မရီး၊မတ် ဆိုတဲ့ ဆွေမျိုးစာရင်းဝင်တွေ အသီးသီး ဖြစ်လာကြတော့မယ်။ အရင့်အရင်က တစိမ်းတရံဆံတွေ ဖြစ်ပေမယ့် သူတို့ နှစ်ယောက်ကို အကြောင်းပြုပြီး မေတ္တာစေတနာ သဒ္ဓါတရားတွေ ပွားများလာရတော့မယ် ဆွေမျိုးတွေ ဖြစ်လာ ကြတော့မယ်၊ ဆွေမျိုးစုကြီးနှစ်စုဟာ တစ်စုတည်းဖြစ်ပြီး ချစ်ခင် ကြင်နာစွာ ပေါင်းစည်းညီညွတ်ကြရတော့မှာ မဟုတ်ဘူးလား ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက်၊ တစ်ဘက်နဲ့တစ်ဘက်၊ လက်ပွန်းတတီး ရင်းနှီးခင်မင်သွားအောင် မင်္ဂလာဆောင် ဝေယျာဝစ္စ များကို ပူးပေါင်းဆောင်ရွက်ရင်း တစ်ဦးနဲ့တစ်ဦး လေးစားချစ်ကြည် သွားအောင် ဆိုတဲ့ ရည်ရွယ်ချက်ကြီးနဲ့ မင်္ဂလာဆောင်ဆိုတဲ့ ပွဲကို ဆင်နွှဲ လုပ်ကိုင်ခိုင်းခဲ့တာလို့ ယူသော် မရဘူးလားဗျာ။
ယူသော်ရပါတယ် ဆရာဗြိုးရယ် မယူသော်မရဘူးပေါ့၊ ခုအခါ မှာကတော့ စောစောက ခင်ဗျားပြောခဲ့သလိုပုံစံနဲ့ မင်္ဂလာပွဲတွေ ဆင်နွှဲ နေကြရတာဟာ ထုံးစံလို ဖြစ်နေပါပြီ၊ နေစမ်းပါအုံး၊ အခု ခင်ဗျား ပြောသွားတဲ့အထဲမှာ ]]ပျောက်ဆုံးသွားတဲ့ နာရီ အကြောင်းလည်း တစ်ခုမှ မပါသေးပါလား}}ဟု တစ်ယောက်က ဆို၏။
ပြောပါ့မယ်ဗျာ ကျွန်တော်အခု အသက်ငါးဆယ်ကျော်လာတဲ့ အရွယ်အထိ တက်ရောက်ရတဲ့ မင်္ဂလာဆောင်ပေါင်းဟာ တစ်ရာ ကျော်ကျော်၊ တစ်ရာ့ငါးဆယ်လောက်တော့ ရှိပါပြီ ကိုယ်တိုင်ကတော့ မင်္ဂလာမဆောင်နိုင်ပါဘူး၊ ခိုးပြေးပြီး ကန်တော့ပွဲတစ်ပွဲနဲ့ သူ့မိဘအိမ် ပြန်အပ်လိုက်တာပါပဲ။
နာရီက အဲ့ဒီမှာပျောက်တာလား၊ တစ်ယောက်ကမေးပြန်၏။
မဟုတ်ပါဘူးဗျာ ကျွန်တော်ပြောချင်တာက ကျွန်တော့အနေနဲ့ မင်္ဂလာဆောင် တစ်ရာ၊တစ်ရာ့ငါးဆယ်လောက် သွားခဲ့ရဖူးတယ် ခင်ဗျားတို့ဆိုရင် ကျွန်တော့်ထက် ပိုများမှာပဲ ခင်ဗျားတို့ထက် ဂုဏ်သရေ၊ ရာထား ပိုမိုကြီးမားတဲ့ ပုဂ္ဂိုလ်တွေဆိုရင်တော့ ပြောမနေနဲ့ တစ်ထောင်ကျော် နှစ်ထောင် ဖြစ်သွားနိုင်တယ်မဟုတ်လား၊ ဒီတော့ ခင်ဗျားတို့ စဉ်းစားကြည့်ပါ၊ မင်္ဂလာဆောင်ကို သွားရတဲ့ ဧည့်ပရိသတ် တစ်ဦးဟာ မင်္ဂလာဆောင်က ကိုးနာရီက ဆယ့်တစ်နာရီ ဖိတ်ထားတယ် ဆိုရင် ရှစ်နာရီသာသာလောက် အရောက်သွားရတယ် ရှစ်နာရီခွဲမှ ရောက်သွားရင် နေရာက မရှိတတ်ဘူး ဘေးဘက်အစွန်အဖျား ရောက်သွားလိမ့်မယ် အဲဒီအချိန်ကစပြီး သတို့သား၊သတို့သမီး ပွဲထုတ်တဲ့ အချိန်အထိ ငုတ်တုတ်ထိုင်နေကြရတာဗျ ကိုယ်တက်ရောက် လာတဲ့ မင်္ဂလာအခမ်းအနား တစ်စုံတစ်ရာ ကူညီပံ့ပိုးမှု ဝိုင်းဝန်းဆောင်ရွက်မှု မပြုရဘဲ ဟိုငေးသည်ငေးနဲ့ နေရတယ် တစ်ဝိုင်းတည်း ထိုင်နေကြတဲ့လူတွေက အသိအကျွမ်းဆိုတော်ပါသေးရဲ့ သူ့လည်းကိုယ်မသိ ကိုယ့်လည်း သူမသိဆိုရင်တော့ ဒုက္ခကို ရောက်တာပဲ၊ အဲဒီလို အချိန်ကုန်သွားရတာဟာ တစ်နာရီခွဲလောက် ကြာတယ် သတို့သား သတို့သမီး ထွက်လာတဲ့အချိန်ဟာ ဇာတ်ရှိန်မြှင့် လိုက်တဲ့အချိန်ပဲ အဲဒီကနေ ပွဲပြီးသွားတဲ့အထိကတော့ လှုပ်လှုပ်ရှားရှား လေး ရှိပါတယ် ပြောဆို စားသောက်နှုတ်ဆက်ဆိုတဲ့ လုပ်ငန်းတွေ လုပ်ရပါရဲ့၊ အဲဒါကြောင့် မင်္ဂလာဆောင်မှာ ဘာမှ မလုပ်မကိုင်ရပဲ ငုတ်တုတ်ထိုင်နေရတာ တစ်နာရီပဲထား ကျွန်တော့အနေနဲ့ပြောရရင် ကျွန်တော့်ဘဝထဲက နာရီပေါင်း တစ်ရာ့ငါးဆယ် ပျောက်ဆုံးသွားခဲ့ရပြီ ခင်ဗျားတို့က သုံးရာကျော်၊ လေးရာလောက်ရှိမလားပဲ၊ လူကြီးလူကောင်းတွေ ဆိုရင်တော့ နာရီပေါင်း တစ်ထောင်ကျော်၊ နှစ်ထောင် ပျောက်ဆုံးကုန်ကြမှာ သေချာတယ်ဗျို့။
ကဲ… အဲဒီလို ကိုယ့်ဘဝထဲက နာရီတွေအချိန်တွေ ပျောက်ဆုံး မကုန်အောင် မင်္ဂလာဆောင်ဆိုတဲ့ အစဉ်အလာကောင်းကြီး တစ်ခုလည်း ခန့်ခန့်ညားညား တည်ရှိနေအောင် ဆရာဗြိုးက ဘယ်လိုများ အကြံပေးချင်သတုံး၊ တစ်ဦးက ပြောပြန်၏။
အကြံပေးတယ်ဆိုတာထက် ဖြစ်စေချင်တဲ့ သဘောကို ပြောတယ်လို့သာ ယူဆကြပါဗျာ၊ မင်္ဂလာဧည့်ခံပွဲတစ်ခု၊ မင်္ဂလာဆောင်တစ်ခုဟာ ဒီနေ့ကျင်းပတဲ့ ကိုသိန်းမောင်နဲ့ အကြည်လေး တို့ မင်္ဂလာပွဲလို ပျော်ပျော်ရွှင်ရွှင် ရင်းရင်းနှီးနှီး ဟိတ်ကြီးဟန်ကြီးတွေ မရှိဘဲ တကယ့်စိတ်ရင်းစေတနာ အပြည့်အဝနဲ့ အားပါးတရ ကူညီဆောင်ရွက်ပေးကြတဲ့ မင်္ဂလာပွဲမျိုး ဖြစ်စေချင်တယ်၊ ကိုသိန်းမောင်နဲ့ အကြည်လေးတို့ကတော့ ချစ်လို့ ကြိုက်လို့ ယူကြတာ မဟုတ်ပေမယ့် တစ်ဦးနဲ့တစ်ဦး သံယောဇဉ်ရှိပြီးသား ခင်မင်ရင်းနှီး ပြီးသား အပြန်အလှန် ဆွေမျိုးသားချင်းလို သဘောထားပြီး နေခဲ့ကြသူတွေ ဖြစ်တယ်၊ ဟိုဘက်သည်ဘက် ဆွေမျိုးတွေကလည်း အထွေအထူးပြောစရာမရှိ တစ်ယောက်အကြောင်း တစ်ယောက်သိ တစ်ယောက်မရှိ တစ်ယောက်က ကူညီခဲ့ကြ၊ ရိုင်းပင်းခဲ့ကြတဲ့ လူတွေဖြစ်တယ်။ မင်္ဂလာဆောင်ကို လာကြတဲ့ အရင်းခံ ပရိသတ်တွေ ကလည်း လုပ်ဖော်ကိုင်ဖက် ပြဇာတ်အဖွဲ့ဝင်တွေဖြစ်တယ်၊ ဒါကြောင့်လဲ တကယ့်ကို စိတ်ချမ်းမြေ့စရာ ပျော်စရာကောင်းလှတဲ့ မင်္ဂလာပွဲတစ်ပွဲ ဖြစ်သွားတာပါပဲ၊ တခြားတခြား မင်္ဂလာပွဲတွေမှာက တစ်ဘက်နဲ့ တစ်ဘက် ရင်းနှီးခင်မင်ပြီးသား မိတ်ရင်းဆွေရင်းတွေ ဖြစ်ချင်မှဖြစ်မယ်၊ ဖြစ်ချင်လဲဖြစ်မယ်၊ ဒါပေမယ့်လည်း ယောက်ျားလေးဘက်က ဆွေမျိုးသားချင်း မိတ်သင်္ဂဟများနဲ့ မိန်းကလေးဘက်က မိတ်သင်္ဂဟများဟာ တစ်ဘက်နဲ့တစ်ဘက်၊ တစ်ဦးနဲ့တစ်ဦး၊ သိရှိကျွမ်းဝင်ရင်းနှီးသွားစေဖို့ အပြန်အလှန် မေတ္တာ၊ စေတနာတွေ ပွားများလာစေဖို့ အရေးအကြီးဆုံးဖြစ်တယ်။
ချစ်ခြင်းမေတ္တာကို ပွားများလာစေမှု ပြုစေ၊ ဖြစ်စေတဲ့ အတွက်ကြောင့်လည်း မင်္ဂလာပွဲလို့ ခေါ်ဆိုနိုင်တာပါ၊ မင်္ဂလာဆိုတဲ့ စကားရပ်ကိုက ကောင်းမြတ်ခြင်း အဓိပ္ပာယ်ကို ဆောင်တာမဟုတ်လား၊ မင်္ဂလာဆောင်ကြတဲ့ ကာယကံရှင် ယောက်ျားလေးနဲ့ မိန်းကလေးက <ကလာကြတဲ့ နှစ်ဘက်ဆွေမျိုး မိတ်သင်္ဂဟတွေကို ဂါရဝပြုတယ်၊ တရင်းတနှီးဧည့်ခံတယ်၊ <ကရောက်လာကြတဲ့ မင်္ဂလာပရိသတ်ကလဲ ကောင်းမြတ်သန့်စင်တဲ့ စေတနာသဒ္ဓါတရားနဲ့ အိမ်ထောင်ဦး မင်္ဂလာဦး အခါမှာ သူတို့လေးတွေအတွက် လိုအပ်မယ့် ပစ္စည်း၊ငွေကြေး အစရှိတာလေးတွေကို လက်ဖွဲ့ချီးမြှင့်ကြတယ်၊ ကောင်းသော အကြံÓဏ်၊ ကောင်းသောစကား၊ ကောင်းသောအလုပ်များကို လုပ်ကြဖို့ ဆိုဆုံးမညွှန်ပြကြတယ် ဘဝရှေ့ရေး ကောင်းဖို့၊ အိမ်ထောင် တစ်ခုကို နိုင်နိုင်နင်းနင်း ထိန်းသိမ်းသွားနိုင်ဖို့ အလုပ်အကိုင် အကြံအစည်များ အတွက်လည်း မိမိတို့ တတ်နိုင်တဲ့ဘက်က ကူညီ ဖြည့်စွမ်းပေးကြတယ် ယုယခြင်း ချစ်ခင်မြတ်နိုးခြင်း သည်းခံစိတ်ရှည်ခြင်း တစ်ဦးအလိုကို တစ်ဦးက လိုက်လျောခြင်း စတဲ့ ကောင်းသော အမူအကျင့်စရိုက် လက္ခဏာတွေကို အိမ်ထောင်ရှင်ကြီးတွေက ကြင်စဦး ဇနီးမောင်နှံ အသစ်စက်စက် ကလေးတွေကို ပြောဆိုနေနိုင်ခြင်းဖြင့် ပုံစံပြပေးကြတယ်။ ဒါတွေဟာ မင်္ဂလာဆောင် ပွဲမင်္ဂလာတွေအတွက် တကယ့်လိုအပ်ချက်တွေပါပဲ မင်္ဂလာပွဲထုတ်ရာမှာ လှပသေသပ် စနစ်ကျဖို့ထက် စောစောက ပြောခဲ့ တဲ့ အချက်တွေက အရေးမကြီးပေဘူးလားဗျာ၊ ပြီးတော့ အခမ်းအနားမှူးက နှစ်ဖက်မိဘများရဲ့ကိုယ်စား ယနေ့မှ စတင်ပြီး ချစ်လင်ချစ်မယား ဖြစ်လာကြတဲ့ ကြင်စဦးဇနီးမောင်နှံတို့ကို သွေားသားရင်းချာသဖွယ် နှုတ်၏စောင်မခြင်း၊ လက်၏စောင်မခြင်းဖြင့် စေတနာထား မေတ္တာပွားကြဖို့ ပရိသတ်ကြီးကို အပ်နှံသင့်တယ်လို့ ထင်ပါတယ်၊ ပြီးတော့ မင်္ဂလာပွဲကြီး မစတင်မီကတည်းက နှစ်ဘက်ဆွေမျို မိတ်သင်္ဂဟတွေကို အပြန်အလှန် ရင်းနှီးမိတ်ဖွဲ့ နိုင်အောင် နေရာချထားတာကအစ အတွဲလိုက်အတွဲလိုက် ကြိုတင်စီစဉ် ထားသင့်တယ်၊ ယောက်ျားလေးဘက်နဲ့ မိန်းကလေးဘက်ပေါ့၊ ခေါ်လာပြီး နေရာပေးတဲ့အချိန်မှာ တစ်ခါတည်း မိတ်ဆက်ပေးရမယ်၊ ဒီမင်္ဂလာပွဲမှာပဲ တစ်ကြိမ်တည်းနဲ့ အချင်းချင်းတွေ သိကျွမ်း ခင်မင်သွားကြတယ်ဆိုရင် ဘယ်လောက်ကောင်းမလဲဗျာ၊ ဟိုငေးသည်ငေးနဲ့ အချိန်နာရီတွေ ပျောက်ဆုံးကုန်ရတဲ့ မင်္ဂလာပွဲမျိုး မဟုတ်တော့ဘဲနဲ့ ရှေးလူကြီးသူမများက အမျှော်အမြင်ကြီးစွာ စီစဉ် ပြုလုပ်ပေးခဲ့တဲ့ ယဉ်ကျေးမှု အမွေအနှစ် အစဉ်အလာကောင်းတစ်ခု ဖြစ်လိမ့်မယ်လို့ ထင်တာပဲ ဆရာတို့….
အဲဒီလို အစီအစဉ်မျိုးရှိတဲ့ မင်္ဂလာဆောင်မျိုးတွေ နောက်ထပ် ဘယ်နှစ်çနှစ်လောက်ကြာရင် ဖြစ်လာမယ်ထင်သလဲ ဆရာဗြိုး…
နောက်ထပ် နှစ်ပေါင်းလေးဆယ်ကျော် ငါးဆယ်၊ သက္ကရာဇ် (၂၀၀၀)လောက်ကျရင် ဖြစ်ကောင်းပါရဲ့လို့ အောက်မေ့ရတာပါပဲဗျာ။
ကဲ ကျွန်တော်တို့ကို လေပန်းရလို့ ခင်ဗျားရဲ့ဘဝထဲက နောက်ထပ် တစ်နာရီလောက် ပျောက်ဆုံးသွားရပြန်ပြီ ဒီတော့ ဘယ်လိုအစားပြန်ဖြည့်မလဲဆို…
သူက ဘာမှပြန်မပြောဘဲ ပြုံးပြသည်။ ကျွန်တော်တို့ကလည်း သူ့ကို ဘာမှပြန်မပြောဘဲ ဝင်းဝင်းရုံဘေးက ဘားရှိရာသို့ ထွက်လာကြရာ သူက ပြုံးပြုံးကြီးလုပ်၍ လိုက်ပါလာခဲ့ပါ၏။

(ဖတ်မိသော မဂဇင်းတစ်အုပ်မှ ရေးသားဖော်ပြလိုက်ရပါသည်။ နောက်ထပ် ကျန်ရှိနေသေးသော၊ ဖတ်ထားမိသော ဝတ္ထုတိုများကိုလည်း ရေးသားဖော်ပြပါဦးမည်၊