klnJune 1, 20101min732
နယ်စပ်ဝင်ပေါက်မှ ဝင်ရောက်လာသည့် ပြည်ပခရီးသွားအချို့ ခွင့်ပြုနယ်မြေကျော်လွန်သွားလာခြင်းအပြင် ဧည့်လမ်းညွှန်မပါဘဲ ဟိုတယ်တစ်ခုတွင် တည်းခိုစေခဲ့ရာမှ ပျောက်ဆုံးသွားခြင်းပါရှိလာ၍ ခရီးသွားကုမ္ပဏီတစ်ခုအား အမည်ပျက်စာရင်းကြေညာခဲ့ကြောင်း သတင်းရရှိခဲ့သည်။ မန္တလေးတို်င်း မန္တလေးမြို့ အောင်မြေသာဇံမြို့နယ်တွင် ဖွင့်လှစ်ထားရှိသည့် ခရီးသွားလာရေးကုမ္ပဏီတစ်ခုမှ တာဝန်ယူ၍ ပြည်ပခရီးသွားများအား နယ်စပ်ဝင်ပေါက်မှ တစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ အလည်အပတ်ခရီးတစ်ခုကို စီစဉ်ပေးခဲ့ရာ ယင်းခရီးစဉ်တွင် ပါဝင်သည့် ပြည်ပခရီးသွားအချို့မှာ ခွင့်ပြုနယ်မြေကို ကျော်လွန်သွားလာမှုများရှိခဲ့သည့်အပြင် ယင်းခရီးသွားကုမ္ပဏီမှပင် ပြည်ပခရီးသွားတစ်ဦးအား နယ်စပ်ဝင်ပေါက်မှ မြန်မာနိုင်ငံအတွင်းသို့ အလည်အပတ်ခရီးစဉ်တစ်ခု စီစဉ်ပေးခဲ့ရာတွင် ဧည့်လမ်းညွှန်မပါရှိပါဘဲ ဟိုတယ်တစ်ခုတွင် တည်းခိုစေခဲ့ရာမှ ပျောက်ဆုံးသွားခြင်းပါ ရှိလာ၍ အဆိုပါ ခရီးသွားလာရေးကုမ္ပဏီအား သက်ဆို်င်ရာမှ ဖျက်သိမ်းစေခဲ့ပြီး အမည်ပျက်စာရင်းကြေညာခဲ့ကြောင်း သိရသည်။ မန္တလေးမြို့ အောင်မြေသာဇံမြို့နယ်တွင် ဖွင့်လှစ်ထားသည့် ခရီးသွားလာရေးကုမ္ပဏီတစ်ခုသည် ပြီးခဲ့သည့် ၂၀၀၉ခုနှစ် မတ်လအတွင်းက ဩစတြေးလျနိုင်ငံသား တရုတ်လူမျိုး ပြည်ပခရီးသွားတစ်ဦးအား […]


klnJune 1, 20101min832
မိုဘိုင်းဖုန်းများတွင် SMS စနစ်အသုံးပြုရာ၌ မိမိတို့ပို့သော Message များမှာ ပို့လိုသော ဖုန်းနံပါတ်များသို့ မရောက်ရှိဘဲ ဖုန်းနံပါတ်များမှားယွင်းရောက်ရှိသွားတတ်သော အခက်အခဲများရှိလာသောကြောင့် SMS Message စနစ်အသုံးပြုသူများအနေဖြင့် မိမိတို့၏ Message များပို့ရန်အတွက် အခက်အခဲများရှိလာကြောင်းသိရသည်။ “ကျွန်တော်ဖုန်းမှာ Messageပို့လိုက်တာ ပို့တဲ့ဖုုန်းကိုမရောက်ပဲတခြားနောက်ဖုန်းတစ်လုံးကိုရောက်သွားလို့ ကျွန်တော်ကအံ့ဩသွားတယ်။ ကျွန်တော်မှားပို့လိုက်တဲ့ဖုန်းနံပါတ်ကနေပြီးတော့ Message ပြန်ဝင်လာပါတယ်။ ကျွန်တော်ပို့တဲ့ Message နဲ့သူ့ဆီကို မှားရောက်လာပါတယ်ဆိုတဲ့စာကိုပြန်ပို့လာပါတယ်။ အဲဒါနဲ့ကျွန်တော်လည်း ရိုက်ထားတဲ့ဖုန်းနံပါတ်ကမှန်ပါတယ်။ အဲဒါကိုသူ့ဟာသူမှားပြီးတော့ရောက်သွားတာပါ။ ကျွန်တော်အဲဒါကို သူငယ်ချင်းတွေကိုပြောပြတော့ သူတို့လည်းအဲလိုဖြစ်တယ်လို့ပြောကြပါတယ်” ဟု မိုဘိုင်းဖုန်းအသုံးပြုသူ ကိုကိုအောင်မှ ပြောပြသည်။ ထို့ပြင် လှည်းတန်းနှင့် စမ်းချောင်းမြို့နယ်မှ သုံးဦးနှင့် လသာမြို့နယ်မှ မိုဘိုင်းဖုန်းအသုံးပြုသူ နှစ်ဦးမှလည်း ယင်းကဲ့သို့ အလားတူဖြစ်ရပ်များဖြစ်ခဲ့ကြကြောင်းပြောပြသည်။ ယင်းကဲ့သို့ဖြစ်ပွားခဲ့ပါက Message လုံခြုံမှုစနစ်အားထိခိုက်နိုင်ပြီးမိမိတို့၏ Data အချက်အလက်များအား တခြားသူများထံသို့ ရောက်ရှိသွားနိုင်သောကြောင့် […]


klnJune 1, 20101min650
ကမာ္ဘ့လေယာဉ်ဆီဈေးနှုန်း မြင့်မားနေမှုကြောင့် ပြည်ပလေကြောင်းခရီးစဉ် လက်မှတ်နှုန်းထားများ လိုက်လံမြင့်တက်လျက်ရှိကြောင်း လေယာဉ်လက်မှတ်အရောင်းဌာနများမှ စုံစမ်းသိရသည်။ ထိုကဲ့သို့ လေယာဉ်ဆီဈေးနှုန်းမြင့်တက်မှုများကြောင့် ပြည်ပခရီးစဉ် လက်မှတ်နှုန်းထားများ ယခင်ကထက် ဈေးနှုန်းအနည်းငယ် အပြောင်းအလဲဖြစ်ပေါ်သွားသည်ဟု သိရသည်။ “လေယာဉ်လက်မှတ်နှုန်းတွေ အနည်းငယ်ဈေးတက်သွားတာနဲ့ ခရီးသည်အခြေအနေက အပြောင်းအလဲဖြစ်မသွားပါဘူး။ အခုချိန်က ခရီးသည်နည်းသွားတာဖြစ်နေကျပါပဲ။ အရေးတကြီး ပြည်ပသွားချင်ကြတဲ့ ခရီးသည်တွေကတော့ လက်မှတ်ဈေးတွေ ဘယ်လိုတက်တက် ဝယ်စီးကြတာပါပဲ”ဟု Seven Diamond ပြည်ပလေယာဉ်လက်မှတ်အရောင်းမန်နေဂျာတစ်ဦးက ဆိုသည်။ ယခုတီဂျီလေကြောင်းလိုင်းမှ လက်မှတ်ဈေးနှုန်းထားများသည် ရန်ကုန်- ကိုလ်ကတ္တားခရီးစဉ်ကို အမေရိကန် ၅၉ရ ဒေါ်လာ၊ ရန်ကုန်-ဂယာခရီးစဉ်ကို အမေရိကန် ၆၁၅ဒေါ်လာ၊ ရန်ကုန်-ကွမ်ကျိုးခရီးစဉ်ကို အမေရိကန် ၅၇ရဒေါ်လာဖြစ်ပြီး ယင်းခရီးစဉ်များသည် လက်မှတ်သက်တမ်းသုံးလရရှိမည်ဖြစ်ကြောင်း၊ ရန်ကုန်-ဘန်ကောက်ခရီးစဉ်ကို အမေရိကန် ၂၆၃ဒေါ်လာတို့ အသီးသီး ဈေးနှုန်းမြင့်တက်သွားပြီး ထိုကဲ့သို့ ဈေးနှုန်းပြောင်းလဲမှုကို မေ ၁၅ရက်မှ […]


klnJune 1, 20101min630
ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ မင်္ဂလာဈေးကြီး မီးလောင်သွားသော ဖြစ်စဉ်ကြောင့် ပြန်လည်ပြုပြင် တည်ဆောက်မှုများကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ အင်ဂျင်နီယာများဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး မည်သည့်ကန်ထရိုက်ကိုမျှ တာဝန်ပေးအပ်သွားမည် မဟုတ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။ ဈေးကြီးအား ပြန်လည်ပြုပြင်နေစဉ်အတွင်းတွင် ယာယီဈေးနှင့် မင်္ဂလာဈေးသစ်ရှိဆိုင်ခန်းလွတ်များ၌ နေရာများချထားပေးမည်ဖြစ်ပြီး အခမဲ့ရောင်းချခွင့်ပြုသွားမည်ဟု သိရသည်။ အဆိုပါဈေးကြီးအား ပြန်လည်ပြုပြင်ပြီးစီးပါက မူလအမည်ပေါက်အတိုင်းဆိုင်ခန်းများ ပြန်လည်နေရာချထားပေးမည်ဖြစ်သည့်အပြင် ဈေးသူဈေးသားများအနေဖြင့်လည်း ပြန်လည်ရောင်းချခွင့်ရသည့်နေ့မှစ၍ ယခင်ကပေးဆောင်နေသည့် သတ်မှတ်ထားသော အခွန်အခများအတိုင်းသာ ပေးဆောင်ရန်စီစဉ်ထားသည်ဟု သိရသည်။ ယင်းအပြင် ဈေးပြင်ဆင်သည့်အတွက် မည်သည့်ငွေကြေးမျှ ပေးဆောင်ရန်မလိုအပ်ကြောင်းလည်း ၎င်းကပြောကြားခဲ့သည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ စီစဉ်ဆောင်ရွက်ပေးသွားမည့် ကိစ္စရပ်များနှင့် ပတ်သက်၍ အသိပေးကြေညာချက်များကို ဗီနိုင်းများဖြင့် ဈေးကြီးတွင် ကပ်၍ ကြေညာထားမည်ဖြစ်ကြောင်း သိရသည်။


klnJune 1, 20101min641
နိုင်ငံသားအခွင့်အရေးဆိုင်ရာ လက်ကမ်းစာစောင်ကို အစိုးရ၊ ကုလသမဂ္ဂ၊ ပြည်တွင်း၊ ပြည်ပလူမှုကူညီရေးအဖွဲ့အစည်းများ၊ ရပ်ရွာအသိုင်းအဝိုင်းများမှ တစ်ဆင့်ဖြန့်ဝေမည် ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ အပြည်ပြည်ဆိုင်ရာ အလုုပ်သမားရေးရာအဖွဲ့ရုံးမှ ဆက်သွယ်ညှိနှိုင်းရေးအရာရှိ စတိ(ဖ်)မာရှယ်(လ်) ကပြောကြားခဲ့သည်။ “ လက်ကမ်းစာစောင်ကို ဇွန်လလယ်ပိုင်းမှာ စတင်ဖြန့်ဝေသွားပါမယ်။ ပထမဆုံး ပုံနှိပ်မှုအနေနဲ့ စောင်ရေတစ်သိန်းကို ပုံနှိ်ပ်ဖြန့်ဝေသွားပါမယ်။ လိုအပ်လျှင်လိုအပ်သလောက် ဆက်လက်ပုံနှိပ်ဖြန့်ဝေသွားပါမယ် ” ဟု ၎င်းက မေလ ၂ရရက်နေ့တွင် ပြောကြားခဲ့သည်။ အဆိုပါ လက်ကမ်းစာစောင်တွင် အဓ္ဓမခိုင်းစေမှုဆိုသည်မှာ အဘယ်နည်း၊ မည်ကဲ့သို့ တိုင်ကြားနိုင်ပါသနည်း၊ တိုင်ကြားမှုပြုလုပ်ရန် လုံခြုံမှုရှိပါသလား၊ မည်သူတို့က တိုင်ကြားနိုင်ပါသနည်း၊ တို်င်ကြားမှုသည် လျှို့ဝှက်လုံခြုံမှု ရှိပါသလား၊ တိုင်ကြားပုံနည်းစနစ်အရ မည်သို့ဆောင်ရွက်သနည်း၊ တို်င်ကြားခြင်းဖြင့် မည်ကဲ့သို့သော ရလာဒ်များ ပေါ်ပေါက်လာနိုင်သလဲ၊ တိုင်ကြားမှု ပြုလုပ်ရန် မည်သူ့ကို ဆက်သွယ်ရမည်နည်း စသည့်ခေါင်းစဉ်များခွဲကာ […]


klnJune 1, 20101min530
မီးလောင်ကျွမ်းမှုဖြစ်ပေါ်ခဲ့သော မင်္ဂလာဈေးကြီးမှ အောက်ထပ်ဈေးဆိုင်ခန်းအချို့ သိမ်ကြီးဈေးနှင့်အဆိုပါ မင်္ဂလာဈေးဝန်းကျင်တစ်ဝိုက်နှင့်ယုဇနပလာဇာဝန်းကျင်တစ်ဝိုက်တို့တွင် ဆိုင်ခန်းနေရာများကို ပြောင်းရွှေ့ဖွင့် လှစ်ကြသည်ဟု သိရသည်။ မင်္ဂလာဈေးကြီးရှိ အောက်ထပ်အထည်ဆိုင်များ၊ ဈေးဆိုင်ခန်းများသည် လက်ရှိအချိန်ကာလတွင် ရောင်းအားကောင်းသည့် ကျောင်းဖွင့်ချိန်ရာသီနှင့် ကိုက်ညီနေ၍ ဖောက်သည်မပျက်စေရေးအတွက် ယင်းကဲ့သို့ဖွင့်လှစ်နေကြရသည်ဟု သိရသည်။ အချို့သော လုပ်ငန်းရှင်များကလည်း မင်္ဂလာဈေးကြီးပြန်လည်ရှင်းလင်းနေခြင်းနှင့် ယာယီဈေးပြန်လည်ဖွင့်လှစ်ပေးမည့် အချိန်ကို စောင့်ဆိုင်းခြင်းမရှိဘဲ လက်ရှိကျောင်းဖွင့်ရာသီအမီ ဆက်လက်ဖွင့်လှစ်နိုင်ရေးအတွက် သိမ်ကြီးဈေးသို့ ပြောင်းရွှေ့ဖွင့်လှစ်မှုများလည်း ရှိသည်ဟုသတင်းရရှိသည်။


klnJune 1, 20101min420
ပဉ္စမအကြိမ်မြောက် ရွှေအမြုတေစာပေဆုပေးပွဲ အခမ်းအနားကို မေလ ၂၈ရက်နေ့ ညဦးပိုင်း ရန်ကုန်မြို့ရှိ ကုန်သည်ကြီးများဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါဆုပေးပွဲတွင် ကဗျာဆုကို ၂၀၁ဝပြည့်နှစ် ဖေဖော်ဝါရီလထုတ် ပိတောက်ပွင့်သစ်မဂ္ဂဇင်းတွင်ပါရှိခဲ့သော “နွေဦးကို… နွေဦးနဲ့… နွေဦးမှာ …နွေဦးသာ” ကဗျာဖြင့် ကဗျာဆရာမောင်လင်းရိပ်ကလည်းကောင်း၊ ဝတ္ထုတိုဆုကို ၂၀၀၉ခုနှစ် ရွှေအမြုတေမဂ္ဂဇင်းတွင်ဖော်ပြခဲ့သော “ကြာတောမှဗေဒါ” ဝတ္ထုတိုဖြင့် ဆရာမလဲ့ဝင်းကြည်(ချို)ကလည်းကောင်း၊ ရသစာတမ်းဆုကို ၂၀၁ဝပြည့်နှစ်ဖေဖော်ဝါရီလထုတ်စတိုင် မဂ္ဂဇင်းတွင် ဖော်ပြခဲ့သော “ကျွန်တော်နှင့်အလှူခံများ” ရသစာတမ်းဖြင့် ဆရာနောင်ကျော်ကလည်းကောင်း၊ မျိုးဆက်သစ်စာပေဆုကို ၂၀၀၉ခုနှစ်အောက်တိုဘာလထုတ် ရွှေအမြုတေမဂ္ဂဇင်းတွင် ဖော်ပြခဲ့သော “ဆန်သူခိုး”ဝတ္ထုတိုဖြင့် ဆရာမငွေကြယ်စင်ကလည်းကောင်း၊ ဆောင်းပါးဆုကို ၂၀၀၉ခုနှစ် နိုဝင်ဘာလထုတ် ရနံ့သစ်မဂ္ဂဇင်းတွင်ဖော်ပြခဲ့သော “ပုံနှိပ်ကြေးရုပ်များ” ဆောင်းပါးဖြင့် ဆရာငြိမ်းသစ်ကလည်းကောင်း၊ ဝတ္ထုရှည်ဆုကို ၂၀၁ဝပြည့်နှစ် ဧပြီလထုတ်ရွှေအမြုတေ မဂ္ဂဇင်းတွင်ဖော်ပြခဲ့သော “အပေါင်းသည်လည်းကောင်း၊ အနုတ်သည်လည်းကောင်းတစ်ခဏအတွင်း၌” ဝတ္ထုရှည်တွင် ဆရာသင်းရီက […]


klnMay 29, 20101min680
မှတ်ပုံတင်ခွင့်ရရှိပြီးသော နိုင်ငံရေးပါတီများက သတ်မှတ်ထားသည့် ပါတီဝင်အင်အားစာရင်းကို ကော်မရှင်သို့ တင်ပြရန် အသိပေးကြေညာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာချက်အမှတ်(၆၄/၂၀၁၀)ကို မေလ ၂၈ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။ အဆိုပါ ကြေညာချက်အရ – နိုင်ငံရေးပါတီများသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့် လျှောက်ထားရာတွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၅(စ)နှင့်အညီ “ပြည်ထောင်စုတစ်ဝန်းလုံးတွင် စည်းရုံးမည့်ပါတီဖြစ်ပါက နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုသည့် နေ့ရက်မှစ၍ ရက်ပေါင်း ၉ဝအတွင်း ပါတီဝင်ဦးရေ အနည်းဆုံး ၁၀၀ဝကို စည်းရုံးမည်ဖြစ်ကြောင်း ဝန်ခံချက်(သို့မဟုတ်) တိုင်းဒေသကြီး/ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့်ပါတီဖြစ်ပါက နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုသည့်နေ့ရက်မှစ၍ ရက်ပေါင်း ၉ဝအတွင်း ပါတီဝင်ဦးရေ အနည်းဆုံး ၅၀ဝကို စည်းရုံးမည်ဖြစ်ကြောင်း “ဝန်ခံချက်”များနှင့်အတူ တင်ပြလျှောက်ထားခဲ့ကြပါသည်။ သို့ဖြစ်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခဲ့ပြီးသော ပါတီများသည် မှတ်ပုံတင်ခွင့်ပြုသည့် နေ့ရက်မှစ၍ […]


klnMay 29, 20101min600
အခြေခံသံတမန်ရေးရာကျွမ်းကျင်မှုသင်တန်း (Certificate Course in Basic Diplomatic Skills) သင်တန်းအမှတ်စဉ် (၂၄)အတွက် သင်တန်းသားများ ခေါ်ယူ နိုင်ငံခြားရေးဝန်ကြီးဌာန အငြိမ်းစားသံအမတ်ကြီးများနှင့် ဝါရင့်သံတမန်ကြီးများ၊ ကျွမ်းကျင်သူ ပညာရှင်များကိုယ်တိုင်ပို့ချမည့် အခြေခံသံတမန်ရေးရာ ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၂၄)ကို မကြာမီဖွင့်လှစ်တော့မည်ဖြစ်ပါ၍ နိုင်ငံတကာရေးရာကိစ္စများတွင် စိတ်ပါဝင်စားသူများ၊ နိုင်ငံတကာနှင့် ဆက်ဆံမှုရှိသည့် စီးပွားရေးလုပ်ငန်းများမှ လုပ်ငန်းရှင်များ၊ ကုမ္ပဏီဒါရိုက်တာများ၊ ဝန်ထမ်းများ စာရင်းသွင်းတက်ရောက်နိုင်ကြောင်း ကြေညာအပ်ပါသည်။ သင်တန်းတွင် နိုင်ငံတကာနှင့် ဆက်သွယ်ဆောင်ရွက်ပုံများ၊ သံတမန်ရေးရာ (Protocol)၊ အပြည်ပြည်ဆိုင်ရာ ညီလာခံနှင့် အစည်းအဝေးကျင်းပခြင်း (International Conferencing)၊ သံတမန်စာပေးစာယူဆက်သွယ်မှု (Diplomatic Correspondence) ၊ စေစပ်ညှိနှိုင်းခြင်း နည်းလမ်းများ (Negotiating Techniques)၊ အပြည်ပြည်ဆိုင်ရာ လူမှုဆက်ဆံရေးတွင် သိမှတ်ဖွယ်ရာများ စသည့် ဘာသာရပ်များကို အထူးပြုသင်ကြားပေးမည်ဖြစ်ပါသည်။ […]


klnMay 29, 20101min480
မေလ ၂၄ရက်နေ့က် စတင်၍ မီးလောင်ကျွမ်းခဲ့သော မင်္ဂလာဈေးရှိ ဆိုင်ခန်းများမှ ပစ္စည်းများကို မေ ၂ရနံနက် ၆နာရီမှစတင်၍ သက်ဆိုင်ရာမှ ပိုင်ရှင်များကို ထုတ်ယူခွင့်ပြုခဲ့သည်။ ပစ္စည်းများ ထုတ်ယူခွင့်ပြုခဲ့သော ဆိုင်ခန်းများမှာ တတိယထပ်ရှိ ဆိုင်ခန်းများကို ထုတ်ယူခွင့်ပြုခဲ့ခြင်းဖြစ်ပြီး၊ ပထမအသုတ်အဖြစ် နံနက်ပိုင်းတွင် ဆိုင်ခန်း ၄၀ဝနှင့် နေ့လည်ပိုင်းတွင်ဆိုင်ခန်း ၃၉၁ခန်းကို အလှည့်ကျစနစ်ဖြင့် ထုတ်ယူခွင့်ပြုခဲ့ခြင်းဖြစ်သည်။ “ဆိုင်ခန်းခုံပေါ်က ပစ္စည်းတွေကတော့ ရေမစိုဘူး။ အကောင်းအတိုင်းပြန်ရတယ်။ အောက်နားကပစ္စည်းတွေပဲနည်းနည်းရေစိုတယ်” ဟု ဈေးအတွင်း ပစ္စည်းထုတ်ယူခွင့်ရရှိခဲ့သူတစ်ဦးက ပြောကြားသည်။ ဆိုင်ခန်းအတွင်းရှိ ပစ္စည်းများ ထုတ်ယူရာတွင် ဈေးဆိုင်ခန်းပိုင်ရှင်နှင့် အလုပ်သမား ၃ဦးအပါအဝင် တစ်ဆိုင်လျှင် စုစုပေါင်း ၄ဦး ထုတ်ယူခွင့်ရပြီး ပစ္စည်းသယ်ရန် အချိန် ၁နာရီခွင့်ပြုထားကြောင်း သိရသည်။ ဆိုင်းခန်းများမှ ပစ္စည်းများထုတ်ယူရာတွင် မေ ၂ရရက်တွင် တတိယထပ်ထုတ်ယူခွင့်ပြုမည်ဖြစ်ကြောင်း၊ […]


klnMay 29, 20101min560
မီးကြောင့် အဓိကဆေးဈေးကွက်မှာ ဗိုလ်ချုပ်အောင်ဆန်းဈေး ဖြစ်လာမည် မင်္ဂလာဈေး စတုတ္ထထပ်ရှိ ဆေးဆိုင်ခန်းများ မီးလောင်ဆုံးရှုံးခဲ့သော်လည်း ရန်ကုန်မြို့ရှိ ဆေးပစ္စည်းဈေးကွက်မှာ ထိခိုက်မှုမရှိနိုင်သလို ယခင်ရန်ကုန်မြို့၏ အဓိကဆေးပစ္စည်းဈေးကွက်ဖြစ်သော မင်္ဂလာဈေးနေရာအစား ဗိုလ်ချုပ်ဈေးဆေးဈေးကွက်မှာ အဓိကဖြစ်လာကြောင်း မြန်မာနိုင်ငံနှင့် ဆေးပစ္စည်းကုန်သည်များနှင့် လုပ်ငန်းရှင်များအသင်း ဒု-ဥက္ကဋ္ဌ ဦးသန့်စင်က ပြောကြားသည်။ ယခင်က ဗိုလ်ချုပ်ဈေးမှာ ရန်ကုန်မြို့ဈေးကွက်၏ ဒုတိယဈေးကွက်ဖြစ်ပြီးယခုအခါတွင် အဓိက ဈေးကွက်အဖြစ်သို့ရောက်ရှိလာကြောင်း ယင်းအသင်းမှ စီးအီးစီ ဦးခင်မောင်အေးကပြောကြားသည်။ “မီးလောင်မှုစဖြစ်တဲ့နေ့ကစပြီး နယ်ကဆေးမှာတဲ့လူတွေကို ဗိုလ်ချုပ်ဈေးမှာရောင်းပေးတယ်။ ဗိုလ်ချုပ်ဈေးဆေးဈေးကွက်ကလည်း တစ်နိုင်ငံလုံးရဲ့ အရန်ဈေးကွက်လို့ပြောလို့ရတယ်။ မင်္ဂလာဈေးပြီးရင် သူကဒုတိယပဲ။ အခုဆေးဈေးကွက်ကလည်း ဗိုချုပ်ဈေးမှာပဲရှိတယ်” ဟု ဦးခင်မောင်အေးကပြောသည်။ မင်္ဂလာဈေးရှိဆေးဆိုင်ခန်းများ မီးလောင်ဆုံးရှုံးသွားသော်လည်း မိုးရာသီတွင် ဖြစ်ပေါ်တတ်သော ရောဂါများအတွက် ဆေးကုမ္ပဏီများတွင် ဆေးဝါးလုံလုံလောက်လောက်ရှိကြောင်းအဆိုပါ အသင်းမှ တွဲဖက်အတွင်းရေးမှူး ဒေါက်တာ သင်းနွယ်ဝင်းကပြောကြားသည်။ အဆိုပါမီးလောင်မှုကြောင့် […]


klnMay 29, 20101min670
အမျိုးသားတစ်ချို့ နိုင်ငံခြားသင်္ဘောပေါ်မှာ အလုပ်ရမယ်ဆိုပြီး သွားရာက တရားမဝင် ငါးဖမ်းသင်္ဘောပေါ်မှာ ရောင်းစားခံလိုက်ရတာတွေ၊ လုပ်အားခခေါင်းပုံဖြတ်ခံရတာတွေ ကြုံရတယ်လို့ ကိုယ်တွေ့ကြုံရသူရဲ့ ပြန်ပြောပြချက်အရ သိရတယ်။ ကိုစိုးမင်း(အမည်လွှဲ)က စင်ကာပူမှာ အလုပ်လုပ်နေရင်း ကမ်းရိုးတန်းသွားသင်္ဘောသားလုပ်ရမယ်ဆိုပြီး စင်ကာပူအေးဂျင့်ကတစ်ဆင့် လျှောက်ပြီး သွားခဲ့တာပါ။ ပထမတော့ သူ့ကို ဆီဖြည့်သင်္ဘောမှာပဲ လုပ်ရမယ်ဆိုပြီးသွားတာ၊ သူ့အနေနဲ့က လူကုန်ကူးမှုကာကွယ်ရေး ဗဟုသုတရှိတဲ့သူတစ်ဦးပါ။ ဒါပေမဲ့သူက ယောကျာ်းတစ်ယောက်အနေနဲ့တော့ မဖြစ်လောက်ပါဘူး။ သူ့ကိုပို့ပေးတဲ့ လူအဆင့်ဆင့်ကို မသင်္ကာပေမဲ့ စင်ကာပူက အေးဂျင့်ကတော့မလုပ်လောက်ပါဘူးဆိုပြီး ယုံခဲ့တာလို့ဆိုပါတယ်။ သူ့ဖြစ်ပုံကို အခုလိုပြောပြပါတယ်။ သူလုပ်ရတဲ့ ငါးဖမ်းသင်္ဘောက အမေရိကန်ရေပိုင်နက်ထဲမှာ ငါးခိုးဖမ်းတဲ့ သင်္ဘောဖြစ်နေတယ်။ သင်္ဘောပေါ်မှာ အချိန်ပြည့်အလုပ်လုပ်ရတာ၊ နားချိန်မရှိတာ၊ ညှင်းဆဲခံရတာတွေနဲ့ စိတ်ဓါတ်တော်တော်ပျက်စီးခဲ့ရတယ်။ တစ်နေ့မှာ အမေရိကန်တွေက ဖမ်းမိသွားပြီး ကပ္ပတိန်ကို ဒဏ်ငွေရိုက်တယ်။ သင်္ဘောသားတွေကိုတော့ ဘာမှမလုပ်ဘူး။ ကိုစိုးမင်းက […]


klnMay 29, 20101min830
အချက်အချာကျသည့် မင်္ဂလာဈေးကြီးမီးလောင်ရသည့်အကြောင်းရင်းကိုစုံစမ်းစစ်ဆေးရေးအဖွဲ့ကစစ်ဆေး ဆောင်ရွက်မည်ဖြစ်ကြောင်းသိရှိရသည်။ အဆိုပါစုံစမ်းစစ်ဆေးရေးအဖွဲ့အား မေလ ၂၅ရက်တွင် သက်ဆိုင်ရာက ဖွဲ့စည်းတာဝန်ပေးလိုက်ခြင်းဖြစ်သည်။ မီးလောင်သည့် အကြောင်းရင်းစုံးစမ်းစစ်ဆေးရေးအဖွဲ့နှင့် အတူပစ္စည်းသယ်ယူရေးအဖွဲ့၊ အဆောက်အဦကြံ့ခိုင်မှုစစ်ဆေးရေးအဖွဲ့နှင့် ဆုံးရှုံးမှုတန်းဖိုးစိစစ်သတ်မှတ်ရေးအဖွဲ့များကိုပါသက်ဆိုင်ရာ ဌာနများပါဝင်ပြီးဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ အဆိုပါ အဖွဲ့များသည် ကဏ္ဍအလိုက် လုုပ်ငန်းဆောင်တာများဆောင်ရွက်ကြပြီးဆောင်ရွက်တွေ့ရှိချက်များအားသက်ဆိုင်ရာသို့ အလျင်အမြန်ပြန်လည်တင်ပြကြရမည်ဖြစ်ကြောင်းသိရသည်။ မေလ ၂၄ရက်နံနက် ၈နာရီခွဲမင်္ဂလာဈေးမီးလောင်မှုတွင် စတုတ္ထထပ်ရှိ အလှကုန်၊ ဆေးပစ္စည်းနှင့်စာရေးကိရိယာသိုလှောင်ရောင်းချသည့် ဆိုင်ခန်း ၇၉ရခန်းနှင့် ပဉ္စမထပ်ရှိ အစားအသောက်နှင့် ဘိလိယက်ခုံ၊ ဆိုင်ခန်း ၄၈ခန်းတို့မီးလောင်ဆုံးရှုံးခဲ့ပြီး မီးလောင်နေစဉ်နံနက်၉နာရီခွဲခန့်တွင် ရန်ကုန်တိုင်း မီးသတ်တပ်ဖွဲ့က ပဉ္စမထပ်ခေါင်မိုးပေါ်ရောက်ရှိနေသော စားသောက်ဆိုင်နှင့်အခြားဆိုင်မှ ဝန်ထမ်း မောင်အောင်မင်းနိုင်၁၉နှစ်(ဘ) ဦးငယ်လေးပါ ၁၁ဦးတို့အားမီးသတ်အထောက်အကူပြုယာဉ်၏ လှေကားမှ တစ်ဆင့်ကယ်တင်နိုင်ခဲ့သည်။ မီးငြှိမ်းသတ်ရာတွင် သန္ဓေမီးသတ် ၅၀၀၊ အရန်မီးသတ် ၁၀၀၀၊ မီးသတ်ယာဉ် ၆၃စီး၊ အထောက်အကူပြုယာဉ် ၈စီ၊ ရေသယ်ယာဉ် ရစီး၊ အုပ်ချုပ်မှုယာဉ် […]