“နွေစိန်ပန်းနီနီ……………..အမှတ်တစ်” သင်္ကြန်ရက်မတိုင်ခင်ကတည်းက မနက်မနက်လမ်းလျှောက်မထွက်တာကြာပေါ့။ သင်္ကြန်တွင်း တစ်တွင်းလုံး လည်းမလျောက်ဖြစ်။ ဒီနေ့နှစ်ဆန်းတစ်ရက်တော့ လမ်းလျောက်ထွက်ဖြစ်အောင်ထွက်မယ်လိုု့ဆုုးံဖြတ်ထားတဲ့အတိုင်း အပျင်းစိတ်တွေကို တွန်းလှန် လို့ မနက်ငါးနာရီကျော်ကျော်မှာ အိမ်ကထွက်လို်က်ပါတယ်။ လှပသော မနက်ခင်းလေးများနဲ့ဝေးတာကြာလို့လားမသိ မြင်သမျှ သာယာလှပါတယ်။ လျောက်လာရင်းက ဘေးဘက်ကိုမော့်ကြည့်လိုက်တော့ လှလိုက်တဲ့စိန်ပန်းနီနီတွေ။ ဒီစိန်ပန်းနီနီတွေက ကျနော်ငယ်စဉ်ကလေးဘဝကတည်းက ရင်းနှီးခဲ့ရတာပါ။ ကျနော်တို့ငယ်ငယ်ကနေတဲ့ အိမ်25လမ်းက အခုအော်တိုဖုန်းရုံး ဆက်သွယ်ရေးရုံးလို့ခေါ်တဲ့ဝင်းကြီး ရဲ့မြောက်ဘက်။ အရင်ကတော့ကြေးနန်းဝင်းလို့ခေါ်ပါတယ်။ အဲဒီဝင်းကြီးထဲမှာ ဘန်ဒါပင်တွေ စိန်ပန်းပင်တွေအများကြီးရှိနေပါတယ်။ ကျနော်တို့ကလေးဘဝ ကျောင်းပိတ်ရက်ဆိုရင် အဲဒီဝင်းကြီးထဲမှာသွားဆော့ကြပါတယ်။ စိန်ပန်းပွင့်တွေကို ခူး။ အရိုးတံကို ယူ။ သားရေကွင်းကို ဘတ်ခွလုပ်လို့ တစ်ယောက်နဲ့တစ်ယောက်ပစ်ပြီး စစ်တိုက်တန်းကစားကြပါတယ်။ မတော်တဆနဲ့များ မျက်လုံးကိုတည့်တည့်မှန်လို့မျက်လုံးတွေယောင်လာရင် လူကြီးတွေမသိအောင်ကျပ်ထုပ်ထိုးလို့ ဒေါက်တာရမ်းကုတွေလုပ်ကြပါတယ်။ မှည့်နေတဲ့ စိန်ပန်းသီး ဝါဝါလေးကိုထက်ခြမ်းခွဲ။ သူ့အထဲမှာ ပါတဲ့ […]