ပြတင်းဝမှ လှမ်းကြည့်မိသော ည၏ သဏ္ဍန်သည်ပီသခိုင်မာနေ၏ ကြယ်ပွင့်ငယ်တို့က နေထိုင်းမကောင်း၍ အလင်းအားနည်းနေသော မီးသီးလေးများပမာ ခပ်ဖျော့ဖျော့တောက်ပနေကြသည်။ ပင်လယ်လှိုင်းများက ကျွန်တော့်စိတ်ထဲတွင် ယိမ်းထိုးနေသလိုပင်။ လေပြေအေးအေးတို့က ညင်သာစွာ ဖြတ်သန်းလျက်ရှိကြသည်။ တိမ်စိုင်တို့သည် တိုးတိုးဖွဖွရွေ့လျားနေကြသည်။ တစ်ချက်တစ်ချက်တွင် စင်ရော်ငှက်အော်သံ စူးစူးတို့က ညကိုတစ်စိတ်တစ်ပိုင်းလှပစေသည်။ ပတ်ဝန်းကျင်သည် တိတ်ဆိတ်လျက်ရှိလေ၏ တစ်ချိန်က ဂျစ်ပစီလူငယ်လေး တစ်ယောက် ဂီတာတစ်လက်၊ ကတ္တီပါအိတ်မှာ ထည့်ထားသော တဲ့ရောတစ်ထုပ် နှင့် ထိုကဲ့သို့ ညတစ်ညတွင် လမင်းကို ဖတ်ရူ့နေခဲ့ဖူးလေသည်။ ယခုတော့ ထိုလူငယ်မှာ ညဗေဒင်တွက် နေလေ၏ ပြီးတော့ အမှားတွေကို ရင်ခုန်နေပြန်သည်။ တကယ်ပါဗျာ။ အရာအားလုံးဟာ ရူးသွပ်မှုတွေ လှလှပပဆွဲသားထားတာပဲ။တစ်ညမှာပေါ့။ လမင်းသာတဲ့ တစ်ညမှာ…..။ ရင်ထဲကို မှုတ်သွင်းပြီး ဂီတနဲ့ တဲရော့ခ်ကို အားရပါးရ ရူရှိူက်ပစ်ခဲ့ရတယ်။ တစ်ချိန်တုန်းက […]