Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.


koyin sithuJune 7, 20121min75430
လွန်ခဲ့တယ့် တစ်ပတ်ကျော်လောက်က ဖြစ်ပွားခဲ့တဲ့ လှည်းတန်း (၇)လမ်း လူသတ်မှုနဲ့ ပတ်သက်ပြီး ကျွန်တော် နောက်ဆက်တွဲ ကြားခဲ့တဲ့ သတင်းနဲ့ ဝေဖန်ချက်လေး နည်းနည်းပြောပြချင်ပါတယ်။ အဖြစ်အပျက်တော့ အားလုံးသိကြပြီးတဲ့အတိုင်းပါပဲဗျာ။ ဆရာဝန်မလေးကို မီးရှိူ့သတ်လိုက်တယ်။ ဆေးရုံရောက်တော့ ဝေဒနာ မခံစားနိုင်လို့ သေဆုံးသွားရှာပါတယ်။ တရားခံကောင်လေးကလည်း ဆေးမူးနေတယ်လည်း ပြောကြပါတယ်။ ပြောကြတာတော့ အစုံပေါ့နော်။ ဒါနဲ့ ဟိုနေ့က တိုက်တိုက်ဆိုင်ဆိုင် လှည်းတန်း ၅ လမ်းမှာနေတဲ့ သင်္ဘောသီး သူငယ်ချင်းတစ်ယောက်နဲ့ စကားပြောလိုက်တဲ့အခါ အဲ့ဒီ ဖြစ်ရပ်ကို တော်တော်စုံစုံလေးသိလိုက်ရပါတယ်။ အဖြစ်ကတော့ ဒီလိုပါ…. ဘာလို့ ဒါကို အလေးထားဝေဖန်ချင်ရတာလဲဆိုတော့ လူသတ်တရားခံဟာ ကျွန်တော်တို့နဲ့ ဘဝတူသင်္ဘောသီးတစ်ယောက်ဖြစ်နေကြောင်းရယ်ပါ။ ထိုသူဟာ သင်္ဘောပေါ်တွင် 3rd Engineer အဆင့်ရှိတဲ့ အရာရှိလေးတစ်ယောက်ပါတဲ့ဗျ။ သင်္ဘောမတက်ခင်ကတည်းက ချစ်သူရည်းစားတွေ ဖြစ်ခဲ့ကြပါသတဲ့။ […]


koyin sithuMay 29, 20121min79225
လူဆိုလို့ ဖြစ်လာပြီဆိုရင် ကျွန်တော်တို့နဲ့အတူတူ မဖြစ်မနေ ဘဝကို လက်တွဲလျှောက်ဖို့ ပါလာတာကြီးက အလုပ်ဆိုတာပါပဲ။ လူတို့နေထိုင်ရာ ဒီကမာ္ဘကြီးမှာ အလုပ်မျိုးစုံရှိသလို အလုပ်နဲ့ ပတ်သက်တဲ့ စကားပုံတွေကလည်း အများကြီးပေါ့ဗျာ။ အလုပ်ဟူသမျှ ဂုဏ်ရှိစွ၊ အလုပ်မရှိသော သူသည် ဘဝမရှိနိုင်၊ အလုပ်ဖြင့်ဘဝကို တည်ဆောက် စသည်သဖြင့်ပေါ့….။ ကျွန်တော်တို့ ရွာထဲမှာလည်း ရွာသူား ကိုယ်စီ အလုပ်အကိုင်နဲ့ စီးပွားရေးလုပ်ကိုင်နေသူများရှိသလို၊ အခုထက်ထိ အလုပ်ရွေးချယ်သူများလည်း ရှိကောင်း ရှိကြပါလိမ့်မယ်။ တကယ်တော့ အလုပ်ဆိုတာ လူ့ဘဝမှာ အရေးကြီးဆုံး အရာတစ်ခုပါ။ လွယ်လွယ်လေး ပြီးပြီးရော ရွေးချယ်လိုက်လို့ မရသလို ပေါ့ပေါ့တန်တန်သဘောထားလို့လဲ မရပေဘူးပေါ့ဗျာ။ ထိုကြောင့် ကျွန်တော့်အနေနဲ့ အဘမင်းသိင်္ခရေးသားခဲ့တဲ့ ဖြစ်ချင်တာဖြစ် မောင်ဘချစ် ဇာတ်လမ်းမှ ဦးဂွမ်တီက အလုပ်ရွေးချယ်မှု ပုံစံ၊ သဘောထား၊ အတွေးအမြင်တို့ကို […]


koyin sithuMay 25, 20121min87228
ဂျပန်မှာ ၁၉ ၉ ၅ ခုနှစ် မှာ ကိုဘေးငလျင်လှုပ်ခဲ့ပါတယ်။ ငလျင်ဒဏ်ကြောင့် ကိုဘေးတစ်မြို့ လုံး ပျက်ဆီးမီးလောင် လူတွေဒုက္ခရောက် လျှပ်စစ်မီးမလာ၊ ဂက်စ်မလာ၊သောက်သုံးရေမရပါဘူး။ အဲဒီအချိန်မှာ မြို့ နယ်အုပ်ချုပ်ရေးမှူးတစ်ယောက်ဟာ သူတာဝန်ယူထားရတဲ့ မြို့ နယ်အတွက် အရေးကြီးတဲ့ သောက်သုံးရေ ရရှိအောင်မလုပ်ပေးနိုင်တဲ့အတွက် ကိုယ့်ကိုယ်ကိုယ်သတ်သေသွားပါတယ်။ တာဝန်ရှိမှု၊တာဝန်ယူမှုကို အသက်နဲ့ လဲသွားပါတယ်။ ခင်ဗျားလည်း ပြည်သူ့အခွန်ကနေလစာလခယူပြီး ပြည်သူအပေါ်မှာ လက်လွယ်စပါယ် ပြောဆိုမှုအတွက် တာဝန်ယူရဲတယ်၊ ရှက်တတ်တယ်ဆိုရင် သမတအကြံပေးနေရာက ထွက်ဖို့ သင့်ပါတယ်။ ( ပြည်ထောင်စုဝန်ကြီးဦးဇော်မင်း ကိုလည်းရည်ညွှန်းသည်။) Kyaw Aye …. Chiyoda-ku, Tokyo ================================= Comment of the day….! Written by: Hm SoeMinn အမှန်ဆို […]


koyin sithuMay 17, 20121min48916
ကျွန်တော်သည် နွေဦး၏ သစ်ရွက်များကို ငေးကြည့်နေမိပါသည်။ ဥဩငှက်များ၏ အသံကိုတော့ မကြားရသေး။ ဧပြီလ၏ ပထမဆုံးအပတ်တွင် သင်္ကြန်အတွက်ပြင်ဆင်ထားသော သူငယ်ချင်းတစ်ယောက်၏ မဏ္ဍပ်သို့ ကျွန်တော်ရောက်လာခဲ့ခြင်းဖြစ်၏ ကျွန်တော်သည် သူငယ်ချင်း၏ ခြံဝင်းထဲမှာ လှည့်လည်ကြည့်ရှူ့ရင်း ခြံထောင့်အုတ်ခုံပေါ်တွင် အနွေးထည်ထူထူဝတ်ထားသော သူမကို အံ့ဩစွာ တွေ့လိုက်ရသည်။ ရာသီဥတုသည် အနွေးထည်ဝတ်ရလောက်အောင် ချမ်းစိမ့်နေတာမျိုးမဟုတ်။ ပြီးတော့ သူမဝတ်ထားသော အနွေးထည်က အတော်ထူပြီး ဆောင်းရာသီမှသာ ဝတ်သင့်သော အနွေးထည်မျိုးဖြစ်သည်။ ဒီကောင်မလေး မအိုက်ဘူးလား။ ကျွန်တော်သည် သူမကိုယ်စားတွေးကြည့်နေစဉ် သူမ၏မျက်လုံးတွေက ကျွန်တော့် အတွေးကို သိသွားသည့်အလား ဖျက်ခနဲ ကျွန်တော်ကို လှမ်းကြည့်လိုက်လေသည်။ သူမ၏ မျက်လုံးနက်နက်လေးများသည် ကျွန်တော့် ရင်ခွင်ထဲကို တစ်ကြိမ်တစ်ခါတည်း ရောက်ရှိသွားလေသည်။ ကောင်မလေးသည် ချက်ချင်းများလုံးကို လွှဲသွားလေသည်။ ကျွန်တော်သည် ဘာမှမဟုတ်သော သူမ၏ […]


koyin sithuMay 13, 20121min56615
 ဒီနေ့ခေတ်မှာတော့ လက္ခဏာပညာဟာ လူတော်တော်များများသိထားပြီး လက်ဝါးပြင်ပေါ်က အရေးအကြောင်း၊ အမှတ်လေးတွေကို ကြည့်တာနဲ့ ရှေးရေးနောက်ရေးကို ဟောနိုင်တဲ့ ပညာဆိုပြီး လူတော်တော်များများ သိလာ ဟောလာနိုင်ကြကြပါတယ်။ ကျွန်တော်လည်း ဟိုစပ်စပ် ဒီစပ်စပ်နဲ့ ဆရာကြီး ကိုင်ရိုရဲ့ လက္ခဏာ စာအုပ်တွေတော်တော်များများ ဖတ်ဖူးခဲ့ပါတယ်။ အကြောင်းအရာတွေ တော်တော်များလာပြီး ခဏခဏ ပြန်မေ့သွားတော့ နောက်ပိုင်း ကိုယ့်ဘာသာကိုယ် Short Note လေး ပြုလုပ်ပြီး ဒီဂြိုလ်ခုံမှာ ဒါတွေရင် ဒီလိုဖြစ်မယ် အလွတ်ဖတ်မှတ်လေ့လာခဲ့ပါတယ်။ လက်ဖဝါးပေါ်မှာ လက္ခဏာရေးအားကောင်းခြင်း မကောင်းခြင်းအပြင် အဓိကအားဖြင့် ဂြိုလ်ခုံတွေကို မှတ်ပါတယ်။ နောက်တော့ ဂြိုလ်ခုံတွေပေါ်မှာ ဖြစ်ပေါ်နေတဲ့ ကျွန်း၊ ကြယ်၊ တြိဂံ၊ ဇကာ၊ မှဲ့ဆိုတဲ့ အမှတ်အသားတွေရဲ့ ရပ်တည်မှု၊ စိုးမိုးအားတို့ကို လေ့လာရပါတယ်။ ဘယ်ဂြိုလ်ခုံမှာ ဘယ်သင်္ကေက […]


koyin sithuMay 11, 20121min60614
တစ်နေ့သ၌ ကျွန်ုပ်နေထိုင်ရာ မှော်ဘီမြို့အစွန် မရမ်းတလင်း တောစပ်ရှိ အယူတော်မင်္ဂလာခြံသို့ မိန်းမ ကြီးတစ်ဥိး ရောက်ရှိလာလေ၏။ ထိုမိန်းမကြီးမှာ ၎င်း၏လင်ယောကျာ်းရှိစဉ်က အခြေနှင့်အနေနှင့် အကျအန နေထိုင်ခဲ့သော်လည်း ၎င်း၏ယောကျာ်းဆုံးပြီ တစ်နှစ်အတွင်း၌ပင် စီးပွားဥစ္စာများ ပျက်စီးသွားရ ရှာလေ၏။ ထိုမိန်းမကြီးသည် အသက်အားဖြင့် ကျွန်ုပ်ထက် နှစ်နှစ်ခန့်ငယ်သည်။ သူ၏အမည်မှာ ဒေါ်ဩဟူ၍ဖြစ်၏။ သူသည်ငယ်စဉ်က ကျွန်ုပ်နှင့် ကျောင်းနေဖက်လည်း ဖြစ်ခဲ့ဖူး၏။ ၎င်းဒေါ်ဩသည် မည်သည့်အရာကိုမျှ နှစ်နှစ်ကာကာ ယုံကြည်သည်ဟူ၍ မရှိပေ။ လူတော်တော်များများ ယုံလေ့ရှိသော နတ်များ၊ ဘိုးတော်များကို သူမယုံပေ။ ထို့အတူ ငယ်စဉ်အခါက ကလေးဘာဝ သရဲအကြောင်း ပြောလျှင်လည်း မည်သည့်အခါမျှ နားထောင်လေ့မရှိပေ။ ထိုအရာများကိုလည်း မယုံပေ။ ထိုအရာများကို ယုံကြည်လေ့ရှိသော ကျွန်ုပ်နှင့် မတွေ့ သည်မှာ နှစ်အတန် ကြာပြီဖြစ်၏။ […]


koyin sithuMay 2, 20121min69118
ညနေခင်းဟာတိတ်တိတ်ဆိတ်ဆိတ်ပဲ ထိုင်နေတဲ့ ကျွန်တော့်ဆီကို ရောက်လာခဲ့၏ ရုတ်တရက်လူတွေကို စေးစေးပိုင်ပိုင် နှုတ်ဆက်ချင်စိတ်ပေါ်လာလို့ ကျွန်တော်လေချွန်လိုက်မိသည်။ လေပြည်တွေက ဝေ့လိုက် ဝဲလိုက် အနည်းငယ်ရှည်စပြုနေတဲ့ ကျွန်တော်ဆံပင်တွေကို ထပ်ညှပ်လိုက်ရင် ပိုကောင်းသွားပါ့မလား။ စဉ်းစားနေလိုက်မိ၏ နောက်တော့လည်း ဒီလိုပဲပေါ့။ လူတွေကို ဖြောင့်ဖြောင့်လေးနေတတ်စေချင်သည်။ ဘေးနားကို ဘုတ်ခနဲပြုတ်ကျသွားတဲ့ စာအုပ်ကို ကျသွားတဲ့ အနေအထားအတိုင်း ကျွန်တော် ကြည့်လိုက်မိသည်။ ပြီးမှ တွေးလိုက်မိ၏။ “ဪ… ကမာ္ဘကြီးမှာ ချီဗွေဗားရားမှ မရှိတော့ပဲ” အင်တာနက်ထဲမှာ အမျိုးသမီးဟာ ကို်ယ်နေဟန်အမျိုးမျိုးနဲ့ လမ်းလျှောက်ပြနေ၏။ သူငယ်ချင်းတို့ ရင်ခုန်နေလား။ ဒါတွေဟာ သိင်္ဂါရတရားတွေပဲ မဟုတ်လား။ ရိုးဆွေးဟောင်းနွမ်းလှပြီဖြစ်တဲ့ အဲ့ဒီအာရုံတွေကို ကျွန်တော်တို့ စွန့်မပစ်နိုင်ကြဘူးလား။ ပရုတ်လုံးနံ့သင်းတဲ့ အဝတ်အစားဝတ်ရရင် ကျွန်တော် စိတ်ချမ်းသာ၏ ဒါပေမဲ့ နေရင်းထိုင်ရင်းအကုသိုလ်မဖြစ်အောင်တော့ ကျွန်တော် ကြိုးစားပါသည်။ ကြယ်တွေက […]


koyin sithuFebruary 22, 20121min44911
ဖဲထုတ်၏ မူလအစ၌ ဖဲချပ်ပေါင်း ခုနှစ်ဆယ့်ရှစ်ချပ်ပါလေ၏။ ထို ဖဲခုနှစ်ဆယ့်ရှစ်ချပ်တွင် မေဂျာဟု ခေါ်သော ဖဲချပ်ပေါင်း နှစ်ဆယ့်နှစ်ချပ်နှင့် မိုင်နာဟုဟုခေါ်သော ဖဲချပ်ပေါင်း ငါးဆယ့်ခြောက်ချပ် ပေါင်းစပ်ထားခြင်းပင် ဖြစ်၏။ မေဂျာ ဖဲချပ်နှစ်ဆယ့်နှစ်ချပ်မှာ ရုပ်ပုံကားချပ်များဖြစ်၏။ ထိုရုပ်ပုံများမှာလည်း မှော်ဆရာပုံ၊ ဘုရင်မပုံ၊ လူပျံတော်ပုံ၊ စစ်ရထားပုံ၊ အရူးပုံ စသည်ဖြင့် နှစ်ဆယ့်နှစ်မျိုးသော ပုံတို့ဖြင့် ပြီး၏။ မိုင်နာဖဲချပ် ငါးဆယ့်ခြောက်ချပ်မှာမူ အုစုအားဖြင့် လေးစုခွဲထား၏။ ထိုအုပ်စုလေးစုမှာ တုတ်အုပ်စု၊ ဓားအုပ်စု၊ ခွက်အုပ်စု၊ ကြယ်အုပ်စုဟူ၍ ဖြစ်၏။ တုတ်အုပ်စုတွင်လည်း တုတ်တစ်ချောင်း၊ တုတ်နှစ်ချောင်း၊ တုတ်သုံးချောင်းမှစ၍ တုတ်ဆယ်ချောင်းပါဝင်ပြီး တုတ်ဆယ်ချောင်း၏ အထက်တွင်မူ တုတ်မင်းစေဟူ၍ ရှိ၏။ ထိုတုတ်မင်းစေကို အင်္ဂလိပ်ဘာသာအား ဖြင့် (Paga of Wands ) ဟူ၍ခေါ်၏။ […]


koyin sithuFebruary 20, 20121min77213
ယခုတလော ကျွန်တော့်အိမ်က စာအုပ်စင်အဟောင်းကို ဟိုလှန်ဒီလှန်ရှာဖွေရင်းနဲ့ အင်္ဂလိပ်မဂ္ဂဇင်းတစ်ခုမှ စာတစ်ပုဒ်ကို ဖတ်လိုက်မိပါသည်။ နှစ် ၇ဝကျော်က စာတစ်ပုဒ်ဖြစ်ပြီး ဆောင်းပါးခေါင်းစဉ်မှာ Oh! We Burmans…။ ဖြစ်ပြီး စာရေးသူမှာ Maung Thant ဆိုသော ကလောင်အမည်ကိုတွေ့ရလေသည်။ Maung Thant ဆိုသူမှာ အခြားသူမဟုတ်။ ကမာ္ဘသိ မြန်မာတစ်ဦးဖြစ်လာမည့် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး (ဟောင်း) ဦးသန့်ပင်ဖြစ်သည်။ ထိုဆောင်းပါးတွင် သူက မြန်မာလူမျိုးတို့၏ စရိုက်ဆိုးအချို့ကို ပယ်ပယ်နယ်နယ်တွယ်ထားသည်။ စကားလုံးပြောင်ရုံမက တခါတရံတွင် ကြမ်းသည်ဟုပင်ဆိုနိုင်သည်။ သို့သော်ကား စာရေးသူ ဦးသန့်၏ မြန်မာလူမျိုးတို့အပေါ် ဖြစ်ထွန်းတိုးတက်စေချင်လွန်းသော စေတနာကိုကား အတိုင်းသားတွေ့ရပါသည်။ ကျွန်တော်လည်း ဖတ်ရင်း ဖတ်ရင်းနဲ့ ဆောင်းပါးရှင် ဦးသန့်၏ အတွေးနဲ့အရေးအသားကို သဘောတွေ့မိပါသောကြောင့် ယနေ့တိုင် ဆင်ခြင်ဖွယ်များစွာရှိနေသေးသော ကျွန်တော်တို့၏ စရိုက်များ […]


koyin sithuFebruary 7, 20121min45815
ဒုတိယအိမ်နီးချင်း အကြောင်းကိုပြောရန် လိုပါသည်။ ထိုအိမ်နီးချင်းသည် ကျွန်ုပ်အိမ်၏ မျက်စောင်းထိုးအိမ်တွင် နေ၏။ သူသည် လွန်စွာ ကုန်ချောင်းချောင်းနိုင်သော လူတစ်ဦးဖြစ်၏။ သူ့ထက်ပို၍ စိတ်ဝင်စားစရာ ကောင်းသော သူမှာ သူ၏မိန်းမပင်ဖြစ်၏။ ထိုမိန်းမသည် အရပ်အမောင်းကောင်း၏ ပေါင်လုံးကြီးများကြီး၏။ ထိုပေါင်လုံးကြီးများနှင့် အတူ အခြားသောကိုယ်ခန္ဓာ အစိတ်အပိုင်းများလည်း ကြီးလှ၏။ လမ်းလျှောက်သောအခါ ခြေတံကို ပစ်၍ပစ်၍ လျှောက်တတ်သောကြောင့် မလှမ်းမကမ်း ရှေ့တည့်တည့် နေရာလောက်မှ ကြည့်လျှင် ထိုမိန်းမ လမ်းလျှောက်လာသည်မှာ ဆင်မကြီးတစ်ကောင် တရွေ့ရွေ့ လှမ်းလာသည်နှင့်တူ၏။ ထို့ကြောင့် ရှေးလူကြီးများပြောသော ဆင်မယဉ်သာ ဆိုသည်မျိုးပေလော မပြောတတ်ပေ။ ထိုမိန်းမသည် လူကောင် ထွားသလောက် အသံမှာလည်း အလွန်သေး၏။ သူ၏ အသံသည် ပတ္တာကျပ်နေသော တံခါးကို တွန်း၍ ဖွင့်သည်အခါ၌ မြည်သောအသံကဲ့သို့ ညှစ်သံပါ၏။ […]


koyin sithuFebruary 5, 20121min53331
တတိယအိမ်နီးချင်း အကြောင်းကို ပြောပြရန် လိုပါသည်။ ထိုအိမ်နီးချင်းသည် ကျွန်ုပ်၏အိမ်နှင့် ကပ်လျက်အိမ်ကို ဝယ်ပြီး အိမ်သစ်ပြင်ဆောက်၍ နေသောသူ ဖြစ်၏။ သူ၏အမည်မှာ ကိုစိန်ဖေဟူ၍ ဖြစ်၏။ သူသည် မူလတန်းကျောင်းအုပ် လုပ်ခဲ့ဖူးသည်ဟု သိရ၏ စကားပြောလျှင် သူ့ကိုယ်သူ “ဆရာတို့က” ဟု ခေါင်းစဉ်တပ်၍ ပြောလေ့ရှိ၏။ သူသည် အိမ်ပြင်၍ ဆောက်သောအခါ၌ ကျွန်ုပ်၏မြေကို ခြောက်လက်မ ခိုး၍ ဆောက်လေ၏။ သူ၏ အိမ်ခေါင်းရင်းတွင်လာ၍ ဆောက်သူကလည်း သူ့ထံမှ မြေခြောက်လက်မကို ခိုးယူ ပြန်၏။ ထိုအခါ၌ ဦးစိန်ဖေသည် မခံမရပ်ဖြင့်ကာ မြေတိုင်းစာရေးကို ခေါ်၍ မြေတိုင်းလေတော့၏။ ခြောက်လက်မ ခိုးယူထာကြောင်း ထင်ရှားလျှင် ဦးစိန်ဖေက ရပ်ကွက်လူကြီးများကို ပြသတိုင်းတန်းလေတော့၏။ ထို့ကြောင့်သူ၏ ခေါင်းရင်းအိမ်မှ လူသည် ရေတံလျှောက် ကြီးကို […]