koyin sithuDecember 4, 20111min41714
ထို့နောက် မင်္ဂလာဆောင်ရန်အတွက် ဖိတ်စာများပင် ပေးလိုက်ပြီ ဖြစ်၏။ တင်တင်သည် ကိုအုန်းသာ၊ ကိုညို၊ ကိုပါလစ်၊ ကိုသောင်းရေ့တို့အား… “တင်တင်မင်္ဂလာဆောင်ကို လာဖြစ်အောင် လာရမယ်နော” ဟု ပြော၍ ဖိတ်စာများ ပေးလိုက်ပြီဖြစ်၏။ ဖိတ်စာရသောနေ့တွင် အခါတိုင်း၌ ထမင်းနှစ်ပန်းကန် စားလေ့ရှိသော ကိုသောင်းရွှေသည် ထမင်းတစ်ပန်းကန်ပင် ကုန်အောင် မစားနိုင်ဘဲ ပြန်သွားရှာလေ၏။ ဗေဒင်ဆရာ ကိုပါလစ်ကမူ တင်တင့်အား…“ဟိုထောင့်က စားပွဲမှာ နေ့တိုင်း ထမင်းစားတဲလူကို ဖိတ်စာမပေးဘူးလား” ဟု မေးလိုက်လေ၏။ “ပေးရမှာပေါ့ ကိုပါလစ်ရဲ့ ဒါပေမယ့် သူ့နာမည်ကို တင်တင်မှ မသိ ဘဲနဲ့” ဟု တင်တင်က ပြန်၍ ပြောလေ၏။ “ဒီလိုဆိုရင် ဖိတ်စာအလွတ်တစ်ခု ကျုပ်ကို ပေးထား၊ သူလာတော့ နာမည်မေးပြီး ဖိတ်စာ ပေါ်မှာ ရေးပြီး […]


koyin sithuDecember 1, 20111min40320
ဗဟန်းဘက်တွင် မြန်မာထမင်းဆိုင်ကြီးတစ်ဆိုင် ရှိခဲ့ဖူး၏။ ထိုဆိုင်၏ အမည်မှာ ‘ရွှေညာသူ’ ဟူ၍ ဖြစ်၏။ ထိုရွှေညာသူ ထမင်းဆိုင် ပိုင်ရှင်မှာ အသက်အရွယ်အားဖြင့် (၃၀)မျှပင် မရှိသေးပေ။ ထိုဆိုင်ရှင် မိန်းကလေးမှာ အညာဒေသမှ အတော်အတန်ကြွယ်ဝသော မိဘများမှ ပေါက်ဖွားလာသူဖြစ်၏။ သို့ရာတွင် ၎င်း၏ မိဘများမှာလည်း နှစ်အတန်ကြာကပင် ရှေ့ဆင့်နောက်ဆင့်ဆိုသလို ကွယ်လွန်ကြပြီဖြစ်၏။ ထိုအခါ ထိုမိန်းကလေးသည် မိဘများ၏ အမွေကို ရလိုက်သော်လည်း ဆွေမျိုးရင်းချာဟူ၍ မရှိရကား စီးပွားရေးကို လည်း မည်သို့မည်ပုံ လုပ်ကိုင်ရမည်ဟု မတွေးတတ်အောင်ရှိနေလေ၏။ ထိုအချိန်၌ပင် ၎င်းငယ်စဉ်က ထိ်န်းကျောင်းခဲ့သော ‘ဒေါ်ပု’ ဆိုသည့် မိန်းမကြီးသည် ခိုကိုးရာမဲ့ဖြစ်ကာ ရောက်ရှိလာလေ၏။ ထို့ကြောင့် ထိုရွှေညာသူမိန်းကလေးမှာ ‘တိုးတိုးဖော်တိုင်ဖက်’ လိုအပ်နေစဉ်အတွင်း ဒေါ်ပုကြီး ရောက်လာသဖြင့် အဆင်ပြေသွားလေတော့၏။ “ဒေါ်ပုရယ်.. တင်တင့်မှာ […]


koyin sithuDecember 1, 20111min44422
ကျွန်တော်၏ ကိုယ်တွေ့အချစ်ဇာတ်လမ်းလေးတစ်ခုနှင့် အပျင်းပြေတင်ဆက်ပေးပါမည်။ ကျွန်တော် အလုပ်သင်အရာရှိဘဝ လွန်ခဲ့သော (၂၅)နှစ်ဝန်ကျင်က တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် ကြုံတွေ့ခဲ့ရသော သဲထိပ်ရင်ဖို အတွေ့အကြုံလေးဖြစ်ပါသည်။           ထိုစဉ်က တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့နှင့် ယခုခေတ်ရှန်ဟိုင်းမြို့မှာ များစွာကွာခြားသွားပေပြီ။ ယခင်က တိုက်အမြင့်များမရှိသလို တိုက်ပုလေးများသာများသည်။ OLD BUILDING များဖြစ်သည်။ မိသားစုတစ်စုသည် ၁ဝပေပတ်လည်မျှရှိသော အခန်းကျဉ်းလေးထဲတွင် စုပြုံ၍နေရသည်။ ထိုစဉ်က မြို့ပြင်တွင် မြို့သစ်များ တည်ဆောက်ကာစဖြစ်ပြီး ၄ထပ်၊ ၆ထပ် တိုက်ခန်းများဖြင့် အစားထိုး၍ လူနေမှုအဆင့်အတန်း မြင့်မားရန် တည်ဆောက်ကာစ ဖြစ်သည်။ ကျွန်တော်လည်း သင်္ဘောရှန်ဟိုင်းမြို့တွင် သင်္ဘောဒေါက်တင်၍ တစ်လခန့် ရှန်ဟိုင်းမြို့တွင် နေရသဖြင့် DRY DOCK တွင် မနက်မှ ညနေအထိ […]


koyin sithuNovember 27, 20111min42226
                  ဒီ အမက ရန်ကုန်သူလေးလို့သိရတယ် အသက်က ၂ဝ ဝန်းကျင်ပါ….ဒါပေမဲ့ ရည်းစားတစ်ယောက်ရဲ့ မကောင်းတဲ့ စိတ်ဓာတ်နဲ့ စိတ်ကြွဆေးတိုက်ခံရပြီး ထားပစ်ခံရလို့ စိတ်မမှန်တော့တဲ့သူတွေပါ..ခုတွေ့နေရတာ စစ်တွေကမ်းခြေမှာပါ.ခုတော့ သူကိုရဲစခန်းက ထိန်းသိမ်းပေးထားတယ်လို့ သိရပါတယ်..ပါးစပ်သရမ်းဖို့ မပာုတ်ပါ.သနားစရြကောင်းတဲ့ သူ့ဘဝကို ကိုယ်ချင်းစာတတ်ကျပါစေ……………..မိဘတွေကတော့ ဘယ်သူမှန်း မသိရသေးပါတဲ့….. Credit by : http://www.facebook.com/photo.php?fbid=270362606348697&set=p.270362606348697&type=1&theater (ရွာသူားများ ခင်ဗျာ… လူ့ကျင့်ဝတ်ကို စောင့်ထိန်းကြပါ ပို့စ်ကျနော် ရေးအပြီး facebook က တက်လာတဲ့ သတင်းလေးတစ်ခုကို ဓါတ်ပုံနဲ့တကွ ဖော်ပြလိုက်ပါတယ်ဗျာ…။ နားနဲ့မနာ ဖဝါးနဲ့နာပါဗျာ…။ ဒီလိုသတင်းတွေ ကြားရတာ ကိုရင့်မှာ တော်တော်စိတ်မကောင်းဖြစ်ရသလို လူကမွေးပြီး လူစိတ်မရှိတဲ့ လူ့ငနွားတွေကို […]


koyin sithuNovember 26, 20111min61528
ပထမဆုံး ဒီပို့စ်ကို တင်ရတာတော့ ကာယကံရှင်တွေကော ပတ်သက်တဲ့ လူအားလုံးကို ထိခိုက်စေလိုတဲ့ စိတ်လုံးဝမရှိပါဘူး။ ဒီအကြောင်းအရာလေးကလည်း ကျွန်တော့် မေလ်းထဲကို Forward က တစ်ဆင့်ရောက်လာတာပါ။ ဒါကြောင့် ရွာသူားတွေ အကျိုးနှင့် နောင်လူတွေအတွက် သင်ခန်းစာရအောင် တင်ပေးရခြင်းဖြစ်ပါတယ်။ အကြောင်းအရာကို ကျွန်တော် အကြမ်းရှင်းပြပါ့မယ်။ ဒီလိုပါ… ကောင်လေးက အရင်ကအလုပ်မရှိ အကိုင်မရှိပေါ့။ အဲ့ဒီမှာ အွန်လိုင်းက ကောင်မလေးတစ်ယောက်နဲ့ ငြိတယ်။ ရည်းစားဖြစ်တယ်။ ကောင်မလေးက ရေကော့တော့ ချူတယ်။ ရှင်းရှင်းပြောရရင် အချစ်ကို အယောင်ပြပြီး ဘဝလှေကားထစ်လို အသုံးချတယ်။ ကောင်မလေးက ဘဏ်မှာ အကပ်နဲ့အလုပ်သွင်းပေးလိုက်တယ်။ ဘဏ်ကနေ နေရာချပေးတော့ မန်းလေးကို ရောက်တယ် အဲ့ဒီမှာ နောက်မန်းလေးသူ တစ်ပွေနဲ့ ထပ်ငြိပြန်တယ်။ နှစ်ဦးစလုံးကို လက်ထပ်စာချုပ်အတုနဲ့ နှစ်ဦးသဘောတူ စာချုပ်ချုပ်တယ်။ […]


koyin sithuNovember 23, 20111min35926
လူမှန်းသိတတ်စကတည်းက အခုချိန်ထိ သူ့ကြောင့် ဝမ်းနည်းခဲ့ရတယ် ဝမ်းသာခဲ့ရတယ်.. ပျော်ရွှင်ခဲ့ရတယ်… ကြေကွဲခဲ့ရတယ်.. ငိုကြွေးခဲ့ရတယ် ရီမောခဲ့ရတယ်… ငယ်စဉ်တုန်းက မီးလာလျှင် ပျော်ရွှင်ရတယ်… တရုတ်သိုင်းကား ကြည့်လို့ရပြီ ဖယောင်းတိုင်မီးနဲ့ မဟုတ်ပဲ စာကျက်လို့ရပြီ… လက်ခုပ်လက်ဝါးတွေ မီးလာရင် တီးလိုက်ကြတာများ တစ်ရပ်ကွက်လုံး… ဟေးးးးးးး……. မီးလာပြီဟေ့… အော်ဟစ် ကခုန် နေကြတယ်… ခုတော့… ခုတော့.. မိုးဥတုက အထွက် ဆောင်းလေအေးလေးအဝင် ရေတာဘိုင်တွေက မလည်တော့ပြီဟု ထင်ရသည်။ မနေ့တစ်နေ့က စနေ၊ တနင်္ဂနွေ တနေကုန် ပျက်သည်။ တင်္နလာမှ သောကြာအထိ ကွက်စိပ်ပျက်သည်။ လျှပ်စစ်ဓါတ်အားတွေ ပိုနေလို့ ရောင်းပါတယ်ဆိုတဲ့ ဝန်မင်းတို့ရေ…. မြန်မာပြည်ကတော့ လျှပ်စစ်အားတွေ ဈေးချောင်ချောင်နဲ့ တရုတ်ကြီးဆီ ရောင်းပါတယ်။ တရုတ်ကြီးကလည်း ဈေးပေါပေါနဲ့ မီးစက်တွေကို မြန်မာပြည်ကို […]


koyin sithuNovember 21, 20111min43720
                ကမာ္ဘပေါ်ရှိ ရယ်စရာအဖြစ်အပျက်များနှင့် ပတ်သက်လျှင် ကျွန်တော်ချစ်သူသည် ကျွမ်းကျင်နှံ့စပ်သူတစ်ယောက်လည်း ဖြစ်သည်။ ကျွန်တော့်အား ရယ်စရာအဖြစ်အပျက်ပေါင်းများစွာကို သူမက ပြောပြခဲ့၏။ ရယ်စရာအကြောင်းတွေ ပြောပြပြီး ရယ်ရလွန်း၍ မောလာလျှင် သူမက ကျွန်တော့်လက်မောင်းပေါ်တွင်မှီ၍ ငြိမ်ငြိမ်ကလေး ရင်ခုန်နေတတ်သည်။ ညနေခင်း ဆည်းဆာကို ကျွန်တော်တို့ မှီ၍ ငြိမ်ငြိမ်လေး မြစ်ကူးတံတားကြီးပေါ်မှနေ၍ အတူတကွ ငေးကြည့်ခဲ့စဉ်ကများ ငှက်ကလေးများသည် ရယ်စရာများဖြစ်ခဲ့ကြသည်။ တိမ်ရောင်စုံတို့မှာ ရယ်စရာဖြစ်ခဲ့ကြသည်။ သူမနှုတ်ခမ်းများမှာ ရယ်စရာ ဖြစ်ခဲ့သည်။ ကျွန်တော့်မျက်လုံးတို့မှာ ရယ်စရာဖြစ်ခဲ့ကြသည်။ မမြင်ရသော အိပ်မက်ဆန်သည့် ကိစ္စများသည် ကျွန်တော်တို့ နှစ်ယောက်ကြားတွင် အမြဲ ရယ်မောဖွယ်ကောင်းခဲ့ကြသည်။ တန်ဖိုးတချို့သည် ဝယ်ယူ၍မရပေ။ တန်ဖိုးတချို့သည် ဝယ်ယူ၍ရပါသည်။ လျင်မြန်သော […]


koyin sithuNovember 19, 20113min32616
ကျွန်တော်တို့ ရွာထဲမှာ ဓါတ်ပုံ ဆရာကြီးတွေ တော်တော်များရှိကြတယ်။ အားလုံးကတော့ ပရိုတွေချည်းပါပဲ။ တော်တော်ကြီးကို လေ့လာလိုက်စားပြီး ဝါသနာပါလို့ ရိုက်နေကြတဲ့ လူတွေပေါ့။ ကျွန်တော်သိသလောက်ကတော့ အဘဖော (FR)၊ ကိုစိန်သော့၊ ပရော်ကျစ်ကိုပေါက်၊ အန်ကယ်ချော၊ ကိုအင်ကြီး (အရှေ့ကျွန်း)၊ နောင်တော် အီးတီ၊ ကိုပေ တော်တော်များများ ရိုက်ကွက်ဆန်းဆန်း တွေနဲ့ လက်စွမ်းပြတတ်ကြပါတယ်။ ဒါတောင် သူတို့က ကျွန်တော် သိသလောက် ပါ။ တခြားရွက်ပုန်းသီး ဓါတ်ပုံ ဆရာလေးတွေလည်း ရှိအုန်းမှာပါ။ ကျွန်တော်လည်း ဓါတ်ပုံရိုက် ဝါသနာပါပါတယ်။ ဒါပေမဲ့ ဝါသနာပါတာတွေများတော့ အားလုံးနဲ့ချိန်ပြီး အဲ့ဘက်ကို. သိပ်မလေ့လာမလိုက်စားမိပါဘူး။ ..။ ဒါပေမဲ့ ကြုံရင် ကြုံသလိုတော့ ကျွန်တော့် တရုတ်ကလာတဲ့  2 MP သာရှိတဲ့ ဟာဝိုင်အီဖုန်းစုတ်လေးနဲ့ ဟိုရိုက်ဒီရိုက်နဲ့ […]


koyin sithuNovember 18, 20111min1452
ကချင်ပြည်နယ် – မှတ်ပုံတင်ထောက်ခံ၊ ကြားဖြတ်ရွေးကောက်ပွဲကို မထောက်ခံ ကရင်ပြည်နယ် – အများသဘောအတိုင်းလက်ခံမည်ဟုပြော ချင်းပြည်နယ် – မှတ်ပုံတင်ထောက်ခံ၊ စစ်ကိုင်းတိုင်းဒေသကြီး – မှတ်ပုံတင်ထောက်ခံ၊ တနင်္သာရီတိုင်းဒေသကြီး – မှတ်ပုံတင်တင်သင့်ကြောင်းပြောကြား ပဲခူးတိုင်းဒေသကြီး – မှတ်ပုံတင်ထောက်ခံ၊ ကြားဖြတ်ရွေးကောက်ပွဲ ဝင်သင့်ကြောင်း ထောက်ခံဆွေးနွေး မကွေးတိုင်းဒေသကြီး – မှတ်ပုံတင်ထောက်ခံ၊ ကြားဖြတ်ရွေးကောက်ပွဲ ဝင်သင့်ကြောင်း ထောက်ခံဆွေးနွေး မွန်ပြည်နယ် – မှတ်ပုံတင်သဘောတူ မန္တလေးတိုင်းဒေသကြီး – မှတ်ပုံတင်ခြင်း ရွေးကောက်ပွဲဝင်ခြင်းကို အဖွဲ့ချုပ်သဘောထားအတိုင်း အတူရှိမည် ရခိုင်ပြည်နယ် – ခေါင်းဆောင်၏ဆုံဖြတ်ချက်ကို ထောက်ခံမည်။ မှတ်ပုံတင်ရေး ရွေးကောက်ပွဲဝင်ရေးထက် အကျဉ်းကျနေသည့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးကို ဦးစားပေးစဉ်းစားသင့်ကြောင်းပြော ရှမ်းပြည်နယ်၊ ကယားပြည်နယ် – မှတ်ပုံတင်ထောက်ခံ၊ရွေးကောက်ပွဲဝင်ရန် ထောက်ခံ ဧရာဝတီတိုင်းဒေသကြီး – […]


koyin sithuNovember 17, 20111min31120
ပင်လယ်ပြာဟာ အပြာရောင်ရှိတဲ့ ပြင်သစ်သူတစ်ယောက်လို ပန်းနုရောင် ဟာလီဒစ်ဗစ်ဆင် ဆိုင်ကယ်နောက်တွင် တင်၍ ဘုရင့်နောင် တံတားကို ဖြတ်ကူးချင်သူသည် သတ်သတ်လွတ်စားသူဖြစ်သည်။ ဘဝသံသရာဆိုတဲ့ စကားသည် ရာစုနှစ်သုံးစုအတွင်း မရိုးနိုင်အောင် ပေါ်ပြူလာ ဖြစ်နေတုန်းပင်။ ဖြစ်ချင်တာထက် ဖြစ်သင့်တာတွေ ပိုပြီး များနေတဲ့အခါ လမ်းမှားတွေကို သွားလက်စနဲ့ ဆက်သွားနေမိတဲ့အခါ စိတ်ဓါတ်တွေဆောက်တည်ရာမရခင်ဘဲ ရိုက်ချိုး ခံလိုက်ရသောအခါ (အစသဖြင့်….) ကျွန်တော့်မှာ ပြုံးရယ်ခြင်း၊ မဲ့ငိုခြင်းတွေကို ခါးသက်လာပါတော့သည်။ သိပ်မကြာလှပါ။   အနာဂတ်မှာ နံပါတ်မရှိတဲ့အခန်းလွတ်တွေကို မြည်းစမ်းကြည့်လိုက်ဦးမည်။ ကျွန်တော် သမုဒ္ဒရာထဲကို မြစ်ကြီး စီးဝင်လာခဲ့ပေမယ့် မင်းကိုတော့ ဗီတိုအာဏာနဲ့ တားဆီးရမှာပဲ။ လက်မှတ်တွေ၊ ဘွဲ့တွေ၊ အသိအမှတ်ပြု ကတ်ပြားတွေ အတွက်နဲ့ ဦးနှောက်အခွံထဲကို ဝေါဟာရများ ရိုက်သွင်းနေကြသူများကို ပညာတတ်ဟု ကျွန်တော်က အဓိပ္ပါယ် […]


koyin sithuNovember 17, 20111min109
ပင်လယ်ပြာဟာ အပြာရောင်ရှိတဲ့ ပြင်သစ်သူတစ်ယောက်လို ပန်းနုရောင် ဟာလီဒစ်ဗစ်ဆင် ဆိုင်ကယ်နောက်တွင် တင်၍ ဘုရင့်နောင် တံတားကို ဖြတ်ကူးချင်သူသည် သတ်သတ်လွတ်စားသူဖြစ်သည်။ ဘဝသံသရာဆိုတဲ့ စကားသည် ရာစုနှစ်သုံးစုအတွင်း မရိုးနိုင်အောင် ပေါ်ပြူလာ ဖြစ်နေတုန်းပင်။ ဖြစ်ချင်တာထက် ဖြစ်သင့်တာတွေ ပိုပြီး များနေတဲ့အခါ လမ်းမှားတွေကို သွားလက်စနဲ့ ဆက်သွားနေမိတဲ့အခါ စိတ်ဓါတ်တွေဆောက်တည်ရာမရခင်ဘဲ ရိုက်ချိုး ခံလိုက်ရသောအခါ (အစသဖြင့်….) ကျွန်တော့်မှာ ပြုံးရယ်ခြင်း၊ မဲ့ငိုခြင်းတွေကို ခါးသက်လာပါတော့သည်။ သိပ်မကြာလှပါ။   အနာဂတ်မှာ နံပါတ်မရှိတဲ့အခန်းလွတ်တွေကို မြည်းစမ်းကြည့်လိုက်ဦးမည်။ ကျွန်တော် သမုဒ္ဒရာထဲကို မြစ်ကြီး စီးဝင်လာခဲ့ပေမယ့် မင်းကိုတော့ ဗီတိုအာဏာနဲ့ တားဆီးရမှာပဲ။ လက်မှတ်တွေ၊ ဘွဲ့တွေ၊ အသိအမှတ်ပြု ကတ်ပြားတွေ အတွက်နဲ့ ဦးနှောက်အခွံထဲကို ဝေါဟာရများ ရိုက်သွင်းနေကြသူများကို ပညာတတ်ဟု ကျွန်တော်က အဓိပ္ပါယ် […]


koyin sithuNovember 16, 20111min6159
ကျွန်တော်တို့ ဒီနေရာလေးကနေ ဒီပို့လေးကို မရေးချင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အခု ကျွန်တော် ပြောမှာက ဘုရားထုလုပ် ကိုးကွယ်ဖို့အကြောင်းကို တင်ပြပေးချင်တာ။ တစ်ချို့သူတွေက ဒါကို နားလည်မှု့ မလွဲစေချင်ဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့က ကျွန်တော့်ကို ပြောဆိုလာရင် ကျွန်တော်က ပြန်ပြောစရာ အကြောင်းပြချက် မရှိလို့ပါ။ နောက်တစ်ခုက ဒီနေရာမှာ ဘာသာရေး အကြောင်းကိုလည်း မဆွေးနွေးချင်ပါဘူး။ ဘာသာရေး အကြောင်းကို ဆွေးနွေးဖို့အတွက်လည်း ကျွန်တော့်မှာ ဘာသာရေးနဲ့ ပါတ်သက်တဲ့ အကြားအမြင် ဗဟုသုတလည်း မပြည့်စုံပါဘူး။ နောက်တစ်ခုက ကျွန်တော်အတွေးက ဘာသာရေးဆိုတာလဲ ငြင်းခုန်ဖို့ အတွက် မဟုတ်ဘူး။ အမှန်တရားကို လေ့လာကျင့်ကြံပြီး လက်ခံနှလုံးသွင်းဖို့လိုပဲ မြင်ပါတယ်။ ဘုရားကို ကိုးကွယ်တာပဲကွာ။ ဘာသားနဲ့ ဖြစ်ဖြစ် ကိုးကွယ်လို့ မရဘူးလား။ ကျောက်ဆင်းတု ဘုရားကို […]


koyin sithuNovember 15, 20111min42114
ဒီကျင့်စဉ်ကိုပေါက်မြောက်အောင်မြင်အောင် လေ့ကျင့်မယ်ဆိုရင်တော့ အဲဒီလူဟာဗေဒင်တွေ ဘာတွေ ဘာမှ တတ်ဆရာမလိုဘူး။ ဘာတွက်နည်းညာတွက်နည်းတွေ ဘာမှ တွက်တတ် ချက်တတ်ဖို့ မလိုတော့ဘူ။ မျက်လုံးကလေးမှိတ်လိုက်တာနဲ့ အလိုလိုနေရင်းအာရုံထဲမှာလူတွေရဲ့ အနာဂါတ်ကို ရုပ်ရှင်ကြည့်နေရသလိုပေါ်လာမယ်။ လူတစ်ယောက်ကတစ်စုံတစ်ရာလာမေးမယ်ဆိုရင် မျက်လုံးကလေးမှိတ်လိုက် အာရုံပြုလိုက်တာနဲ့ အကုန်လုံးသိပြီးပြောပြနိုင်မယ်။ လူတစ်ယောက်ကရာထူးတက်မတက် လာမေးမယ်ဆိုပါတော့။ အဲဒီလူကိုကိုယ့်ရှေ့မှာထိုင်ခိုင်းပြီးမျက်လုံးလေးမှိတ်လိုက်။ ပြီးရင် ရာထူးတက်မလား၊ မတက်ဘူးလား။ အာရုံပြုလိုက်တာနဲ့ ကိုယ့်ရဲ့ အာရုံထဲမှာပေါ်လာတယ်။ ကိုယ်ကတန်းပြောလိုက်ရုံပဲ။ နောက်တစ်ခုတစ်စုံတစ်ယောက်ကကိစ္စတစ်ခုအတွက် ယတြာလာတောင်းတယ် ဆိုကြပါစို့။ ကိုယ်ကသူ့ရဲ့ ကိစ္စအတွက် ယတြာပေးပါလို့ အာရုံပြုပြီး ကြည့်လိုက်တာနဲ့ သူ့ရဲ့ကိစ္စ အတွက် ဘာယတြာဆောင်ရွက်ရမယ် ဆိုတာပေါ်လာမယ်။ ကိုယ်ကလုပ်ခိုင်းလိုက်ရုံပဲ။ သူကလည်းယုံယုံကြည်ကြည်နဲ့ လိုက်လုပ်မယ်ဆိုရင် သေချာပေါက် အောင်မြင်မယ်။ ကျွန်တော်တို့ရဲ့ အဘဒေါက်တာမင်းသိင်္ခဟာဆိုရင် ဒီပညာရပ်နဲ့ ဒီကျင့်စဉ်ရဲ့ ထူးခြားမှု့တွေကိုကောင်းကောင်းသိနားလည်ခဲ့တယ်။ ပြီးတော့ အဘမင်းသိင်္ခရဲ့ ဘဝမှာ ဒီပညာရပ်နဲ့ […]