Ko out of...March 17, 20121min32215
ဗေဒင်ဆရာ တစ်ဦးထံသို့ အသက် ၃၅နှစ် အပျိုကြီးတစ်ဦးရောက်လာ၏. . . အပျိုကြီး ။ ဖူးစာဖက် ရှိနိုင်ပါ့မလား ဆရာ ဗေဒင်ဆရာ ။ ရှိတာပေါ့ အပျိုကြီး ။ ဘယ်တော့လောက်များ ဖူးစာဖက်နဲ့ ဆုံနိုင်မလဲ ဆရာ ဗေဒင်ဆရာ ။ သီတင်းသုံးပတ်လောက်ပဲ သီးခံရမှာပါ အပျိုကြီး ။ ဝမ်းသာလိုက်တာဆရာရယ် ဗေဒင်ဆရာ ။ ဒီစာရွှက်လိပ်လေးကိုတော့ သေချာဆောင်ထား တစ်ပတ်ပြည့်မှ ဖွင့်ကြည့်ပြီးဒီစာရွှက်အတိုင်း ဆောင်ရွှက်ပေးပါနော်။ တစ်ပတ်ပြည့်ပြီးနောက် စာလိပ်လေးကို ဖွင့်ကြည့် လိုက်ရာ . . ကျွန်တော်ကိုယ်တိုင်လည်း ဖူးစာဖက် ရှာနေသူမို့ စောင့်မျှော်နေပါတယ်။ အပျိုကြီး ။ ရှင် . . . ီ


Ko out of...March 15, 20121min89110
(၁) တခါက အကောင်းမြင်ဝါဒ သမားတစ်ဦးက… သူ့အတွက်ထမင်းဟင်း ချက်ပြုပ်ပေးသော လူငယ်တစ်ဦးက ဆရာ ဒီမနက်တော့ ထမင်းနည်းနည်းပြဲသွားတယ်။ နောက်နေ့မှကောင်းအောင်ကြိုးစားပြီးချက်ပေးပါ့မယ်ဆရာ။ ထိုအခါ အကောင်းမြင်သမား ဆရာကြီးက ရပါတယ် ထမင်းပြဲတော့ ဝါးစား စရာမလိုတော့ဘူးပေါ့ကွာ လို့ပြောလိုက်တယ်။ နောက်တနေ့ကျတော့လည်း ထမင်းက မနူးတနူးခပ်မာမာဖြစ်ပြန်ရော။ ထိုအခါ အကောင်းမြင်သမားဆရာကြီးက ရပါတယ် ထမင်းမာတော့ ကျွတ်ကျွတ် ဝါးစားရတာပေါ့ကွာ လို့ပြန်ပြောသတဲ့။ ဒီလိုဘဲ အကောင်းမြင်သမားဟာ သူတို့စိတ်ကိုဖြေဖျောက်နေကြရင်းနဲ့ ထမင်းကောင်းကိုမစားရဘူးဖြစ်နေတယ်။ ပြောချင်တာ အကောင်းမြင်နဲ့ အဆိုးမြင်တွေဟာ အစွန်းတရားတွေဘဲ… (၂) နောက်ဥပမာ တခုကတော့ . . . တခါက ဆရာပညာရှိတစ်ဦးနှင့် တပည့်နောက်လိုက် များသည် လေယာဉ်ပျံခရီးစဉ်ဖြင့် ခရီးသွားကြရာ . . ပေသောင်းကျော်အထက်ကောင်းကင်ပေါ်သို့ ရောက်သာအခါ လေယာဉ်သည်ဟန်ချက်မညီဘဲ ဘယ်ဘက် […]


Ko out of...March 14, 20121min1232
လူတစ်ယောက်ဟာသူရဲ့ အတိတ်ဘဝကို ဘဝပေါင်းမြောက်များစွာ မှတ်မိတယ်ဆိုတာ တကယ်ဟုတ်မဟုတ် စဉ်းစားလို့ရအောင်.. – ကျွန်တော်တို့… ဒီဘဝရဲ့ အတိတ်ငယ်ငယ်တုံးက ဘာလုပ်ခဲ့တယ်၊ ဘယ်သွားခဲ့တယ်၊ ဘာဟင်းစားခဲ့တယ်ဆိုတာ မှတ်မိလား။ မှတ်မိတာရှိရင်တောင်မှ အပုံထောင်သောင်းသိန်းရဲ့ တပုံနှစ်ပုံ လောက်ဘဲမှတ်မိမှာပါ ဒါရိုးရိုးလေးဖြေကြည့်တာပါ… ဒါအခုလက်ရှိ ဒီဘဝရဲ့ ငယ်ငယ်တုံးကအတိတ် ဘဲနော်…မမြင်ရတဲ့ အရင်ဘဝက အတိတ်မဟုတ်ဘူး… လူတစ်ဦးတစ်ယောက်က ဘဝကိုထောင်းသောင်းမကမှတ်မိတယ်၊ ဘဝအင်္သချေ အင်္သချာ မှတ်မိတယ်ဆိုတာ ယုံဖို့တော်တော်ခက်တယ်ဗျာ… ဘုရားလက်ထက်တောင်မှ ဘုရားကို သိပ်မယုံကြည်တဲ့ ရဟန်းတစ်ပါးကို ဘုရားကိုယ်တိုင် ချီးကျူးတာဖတ်ရဖူးတယ်… – နောက်မြတ်စွာ ဘုရားကိုယ်တိုင်ဘဲ သူ့ကို လူတွေဘယ်ကလာလည်းလို့မေးရင် မမြင်ရတဲ့ အတိတ်က ကုသိုလ်ကံကြောင့်ပေါ့ကွာ ဆိုပြီးဘုရားမဖြေဘူး… မင်းတို့ လူဖြစ်လာတာ ဥတုနီ၊ ကန္တဗ၊သံဝါသ လို့ဘဲ ဘုရားဖြေတယ်။ ဥတုနီ(မမျိုးဥ)၊ ကန္တဗ(အဖိုမျိုးသုတ်ပိုး)၊သံဝါသ မိဘအတူနေရမယ်လို့ […]


Ko out of...March 12, 20121min1272
ပြောင်းလဲမှုကိုလူတွေ တော်တော်များများကြိုက်ကြပါတယ်။ ကျွန်တော်လည်းပြောင်းလဲတာကို လိုလားတဲ့ လူတစ်ယောက်ပါ…ပြောင်းလဲမှုနဲ့ပတ်သက်ပြီးတစ်ခါက . . . တောဘုန်းကြီးကျောင်းတစ်ကျောင်းမှာ . . ဘုန်းကြီးက မျောက်တစ်ကောင်မွေးထားတယ်. မျောက်ဆိုတော့ အငြိမ်ဘယ်မလဲပေါ့. အထူးသဖြင့်ညအိပ်တဲ့ အချိန်မှာ ဘုန်းကြီးက အဲဒီမျောက်ကို ခေါင်းတစ်ချက်ခေါက်ပြီးမှ မျောက်က အိပ်လေ့ရှိတယ်။ မျောက်လည်းကြာလာတော့ ခေါင်းအမြဲ အခေါက်ခံရတော့ ဒီဘုန်းကြီးမြန်မြန် ပျံလွန်တော်မူပါစေလို့ ဆုတောင်းသတဲ့… ဒီလိုဆုတောင်းပြီးမကြာခင် တိုက်တိုက်ဆိုင်ဆိုင် ဘုန်းကြီးလည်း တကယ်ပျံလွန်တော်မူသွားတယ်… ဒီလိုနဲ့ နောက်ဘုန်းကြီးတပါး ပြန်ဆက်ခံပေါ့။ နောက်တစ်ပါး ကျတော့ အရင်တပါးလိုမဟုတ်ဘူးဗျာ.. အရင်တပါးက ခေါင်းကိုတချက်ခေါက်ပေမဲ့ ဒုတိယတပါးကျတော့ ဒီမျောက်တော်တော်ဆော့တယ် နှစ်ချက်ခေါက်မှ ဖြစ်မယ်ဆိုပြီး နှစ်ချက်နှစ်ချက် ခေါက်ပြီးမှ ပေးအိပ်တယ်တဲ့.. ဒီလိုနဲ့ မျောက်လည်း ခေါင်းနာလာတော့ အရင်တပါးလို မြန်မြန် ပြန်လွန်တော်မူပါစေလို့ ဒီတခါတော့ မဆုတောင်းတော့ဘူး။ […]


Ko out of...March 11, 20121min24510
အခုနေ ကျွန်တော်တို့ကို လူတစ်ယောက်က ငွေတစ်သောင်း ချေးဌားဖို့ တောင်းဆိုမယ် ဆိုပါတော့… ခင်ဗျာရဲ့ငွေ တစ်သောင်းကိုနောက်ဘဝကျမှ ပြန်ဆပ်မယ်ဆိုရင် ကျွန်တော်တို့ ပေးချေးမလား?.. ပေးမချေးဘူးဆိုရင် ဘဝပြတ်တယ်လို့ ယူဆတဲ့ အတွက် ဥစ္စေဒ ဒိဌိလို့ခေါ်တယ်… ပေးချေးမယ်ဆိုရင် ဆက်နေတဲ့အတွက် သဿတ ဒိဌိလို့ခေါ်တယ်…ဒါဆိုရင်နား မလည်နိုင်စရာဘဲနော်… ဘုရားက ဒီဒိဌိတွေက လွတ်ဖို့ ဟောခဲ့တယ်…ကျွန်တော်တို့ ကတော့ ရှေ့နောက်၊ အပေါ်အောက် အတွက်နဲ့ ပင်ပန်းနေကြတယ်.. ပစ္စည်းဥစ္စာတွေ ထားခဲ့ရင် သားသမီးတွေရန်ဖြစ်ရုံဘဲ… သံသရာအတွက် ရိက္ခာ အထုပ်ပါအောင်၊ ငါ့အတွက်ပါအောင်၊ နောက်ဘဝ ကောင်းကောင်းနေရအောင်ဆိုးပြီး ပုံအောပြီး လှူနေကြတာ ….ဘာဒိဌိနဲ့လှူတယ်ထင်လဲ?…. ဒီဘဝမှာ ရှိနေတဲ့ ကိုယ့်ရဲ့အမျိုးသမီး တစ်ယောက်ကို ခွဲခွါဖို့တောင်မှ ခပ်ခက်ခက်ဖြစ်နေတာ… နောက်ဘဝအတွက် တဖက်လျျှင် နတ်သမီး ငါးရာဆိုတာ..စဉ်းစားစရာဘဲ… ကိုယ်လှူတာ […]


Ko out of...March 8, 20121min38714
တခါက သူငယ်ချင်းနှစ်ယောက် အကြောင်းအကျိုးနှင့်ပတ်သက်ပြီး ဆွေနွေးကြရာ… ပထမလူ ။ အကြောင်းအကျိုးဆိုတာမင်းသိလား… ဒုတိယလူ ။ သိတာပေါ့… ပထမလူ ။ ပြောပါဦး… ဒုတိယလူ ။ မင်းငါ့ကိုထိုးတာ အကြောင်း၊မင်းကို ငါပြန်ထိုးလို့ မင်းပါးရောင်တာ အကျိုးပေါ့ကွ… ပထမလူ ။ မင်းရော ဘယ်လိုနားလည်လဲ… ဒုတိယလူ ။ ဒီလိုကွ နွားက ပိုင်ရှင်ကို ခဏခဏကန်တော့ ပိုင်ရှင်က တုတ်နဲ့ ရိုက်တယ်။ ဒီလိုတုတ်နဲ့ခဏခဏ ရိုက်တော့ နွားကမှတ်မိသွားတယ်။ နောက်ပိုင်း ပိုင်ရှင်က အနားဖြတ်လာရင် ခြေထောက်နဲ့ မကန်ရဲတော့ဘူး။ ခြေထောက်နဲ့ ကန်တာက အကြောင်း ပိုင်ရှင်တုတ်နဲ့ အရိုက်ခံ လိုက်ရတာအကျိုးပေါ့ကွ လို့ဆိုလိုက်တယ်. . ပြောချင်တာ ဒီအကြောင်းအကျိုးလောက်တော့ လူတိုင်းသိတယ်..တိရိစာ္ဆန်တွေကျွဲနွား တွေတောင်သိတယ် လို့ဆိုလိုချင်တာပါ။ ဘုရားပြောတဲ့ […]


Ko out of...March 7, 20121min1010
လူတိုင်းဟာ နေ့စဉ်ဆုံးဖြတ်ချက် အမျိုးမျိုးချရပါတယ်.အထူးသဖြင့် အရေးကြီးတဲ့ ဆုံးဖြတ်ချက်မျိုးဆိုရင် အတိမ်းအစောင်း မခံဖို့လိုအပ်တယ်… ဆရာသမားတွေဆီက နာယူမှတ်သားဖူးခဲ့ရတဲ့ သင်ခန်းစာလေးတခုကို မျှဝေပေးပါရစေ.. တခါက မြွေသားအမိ နှစ်ကောင်ရှိတယ်.. သူ့ရဲ့မိခင်က သူ့သားလေးမြွေကို ယခုလိုဆုံးမလိုက်တယ်… သားရေ အပြင်ကိုသွားရင် မေမေကို ပြောပြရမယ်နော်။ နောက်တခု ဘာဘဲစားစား ချက်ချင်းမစားရဘူးနော် ဆိုတဲ့ ဆုံးမစကား နှစ်ခွန်းကို သူ့သားဖြစ်တဲ့ မြွေကလေးကို အဆုံးအမ ပေးလိုက်တယ်… တနေ့တော့ သူ့သားမြွေလေးက .. သတိမရဘဲ ရုတ်တရက် အပြင်ကိုထွက်လည် လိုက်တယ်။ ထိုအချိန်မှာဘဲ… မြွေအလပါယ်ဆရာနဲ့ တွေ့ပြီး အဖမ်းခံလိုက်ရတယ်။ သူကိုဖမ်းပြီး ထောင်ချောက်ထဲ ထဲ့ထားလိုက်တယ်။ ထိုသို့ထဲ့ထားပြီး နှစ်ရက်သုံးရက်လောက် အစားမကျွေးဘဲ လွတ်ထားလိုက်တယ်။ မြွေကလေးကတော့ အပြင်လည်းထွက်လို့မရ၊ အစာလည်းဆာဆိုတော့ စိတ်ဓါတ်ကျပြီးငိုင်နေသတဲ့.. ဒီလိုနဲ့ သုံးရက်ပြီးတော့ […]


Ko out of...March 6, 20121min2377
တခါက သူဋ္ဌေးဖြစ်နည်းစာအုပ်မျိုးပေါင်း (၁၀၀)ကျော်ကိုရေးသည့် စာရေးဆရာ တစ်ယောက်ရှိလေသည်။ တနေ့သောအခါ သူ့စာဖတ်ပရိတ်သတ်တစ်ဦးက ခွက်ကလေးတစ်လုံးနှင့် လမ်းဘေးတွင် တောင်းစားနေသော ထိုစာရေးဆရာအား တွေ့လိုက်လေသည်။ သူက တအံ့တဩ ဖြင့် ထိုစာရေးဆရာအား မေးမြန်းရာ . . . ဆရာ ဆရာကိုယ်တိုင် သူဋ္ဌေးဖြစ်နည်းစာအုပ်ကိုရေးသားပြီး ဘာဖြစ်လို့ ဆရာကိုယ်တိုင် ဒီလိုခွက်လေးတစ်လုံးနဲ့ လမ်းဘေးမှာ ဘာဖြစ်လို့ တောင်းစားနေရလဲဆရာ.. . အေး…ငါရေးတဲ့သူဋ္ဌေးဖြစ်နည်း ပေါင်းတစ်ရာကျော်မှာ ဒီတောင်းစားတဲ့ နည်းက အလွယ်ကူဆုံးလေကွာ ဆိုပြီးပြော လိုက်သတဲ့… ပြောချင်တာ ယနေ့ ဒို့နိုင်ငံမှာ ကိုယ့်ကိုယ်ကို အားကိုးပြီး အလုပ်လုပ်ချင်တဲ့လူတွေ သိပ်နည်းနေပြီ သူများပေးတဲ့ အကူအညီကို စောင့်မျှော်နေတာတို့၊ ကိုယ်ကိုယ်တိုင်မသိမမြင်ရတဲ့ အရာကို သိတယောင်ယောင် ဟန်ဆောင်ပြီး လူတွေကို လိမ်နေတဲ့လူတန်းစားတွေကို အကြွင်းမဲ့ယုံကြည်တာတို့၊ လက်တွေ့မကျတဲ့ […]


Ko out of...March 6, 20121min2516
ပရိတ်၊ကာထာမန္တန်တွေရွှတ်ဆိုပြီး အန္တရာယ်ကင်းတယ်၊ အဆိပ်ပြယ်တယ် လို့ ပြောပြောနေကြတယ်… ဒါမခက်ခဲပါဘူး.. အဲဒီဆေးဆရာကို အဆိပ်ခွက်ပေးပြီး ကာထာမာန္တန်ရွှတ် မှန်းမှုတ်ခိုင်းပြီး ဆေးတကယ် စွမ်းမစွမ်း သူ့ကိုအရင် သောက်ပြခိုင်းပါ။ သူသောက်ပြလိုက်လို့ ဘာမှမဖြစ်ဘူးဆိုရင် ကျွန်တော်ယုံတယ်။ ဒါလည်းကိုယ်ကိုယ်တိုင် အဆိပ်ရေဖြစ်ကြောင်း အရင်စစ်ဆေးဖို့လိုမယ်နော သို့မဟုတ်ရင် အလိမ်ခံနေရမှာစိုးလိုု့ … ပရိတ်ကထာမန္တန်တွေတောင်မှ အဆိပ်ကို ရေဖြစ်အောင်လုပ်နိုင်ရင် လူဆိုးကို လူကောင်းဖြစ်အောင် ကထာမန္တန်ရွှတ်ပြီး အရင်လုပ် ပြခိုင်းပါလား။ နောက်တခု ယနေ့တရားအားထုတ်တဲ့လူတွေ ပြောတာကြားဖူးတယ်…သတိအမှတ်နဲ့စားရင် ဥပမာ -စားရင် စားတယ်စားတယ် ဝါးတယ်ဝါးတယ် လို့မှတ်ရင် ဘာဘဲစားစား ဘာမှ မဖြစ်ဘူးတဲ့ ဒါဆို သွေးတိုးဆီးချိုးရှိတဲ့ လူတွေကို သူမတည့်တဲ့ အစားအစာ စားခိုင်းကြည့်ပါလား ဘာဖြစ်မယ်ထင်လဲ? ကားစီးတဲ့ အခါအမှတ်နဲ့ မှတ်မလား? ရှုခင်းကြည့်မလား ? ကားစီးရင်းနဲ့ […]


Ko out of...March 1, 20121min2554
– ငါးပါးသီလဆိုတာ အင်မတန်မှအရေးကြီးတယ်ဆိုတာ လူတိုင်း အထူးပြောနေဖို့ မလိုဘူးထင်တယ်.. ဘာသာတရားတိုင်းမှာလည်း လူတွေယဉ်ကျေးအောင် ဒီအခြေခံလူ့သီလတွေဆိုတာ အသီးသီးရှိကြပါတယ်…သူ့အဆုံးအမနဲ့ သူရှိကြပါတယ်… ပြောချင်တာက ဒီငါးပါးသီလမှာ…. ပထမအချက်ဖြစ်တဲ့ သူ့အသက်သတ်မှုမှ ရှောင်ကြည်ဖို့နဲ့ နောက်ဆုံး မူးယစ်သေစာ မှရှောင်ကြည်ဖို့ ဆိုတဲ့ အချက်နှစ်ချက်ကိုတော့ မဆွေးနွေး လိုတော့ပါဘူး….. – ဒုတိယ တချက်ဖြစ်တဲ့…. သူတပါးပစ္စည်းဥစ္စာ ခိုးယူတာ လူတွေရဲ့ ပစ္စည်းပဲ ဖြစ်ရမယ်ထင်တယ်… ဘာဖြစ်လဲဆိုတော့ တိရိစ္ဆာန်အကောင်ပလောင်တွေမှာ ပစ္စည်းဥစ္စာ မရှိလို့ဘဲ..ဒါကြောင့် တိရိစာ္ဆန်တွေရဲ့ ပစ္စည်းခိုးတာတော့ မဖြစ်တန်ရာဘူးထင်တယ်.. – တတိယတချက်ဖြစ်တဲ့ … လိမ်လည်ပြောဆိုတာလည်း လူတွေအချင်းချင်း လိမ်တာကိုဘဲပြောမယ်ထင်တယ်… ဘာဖြစ်လဲ ဆိုတော့… တိရိစ္ဆာန်တွေ တခြားအကောင်တွေက လူစကား ကို မပြောတတ်လို့ဘဲ… – နောက် လေးအချက်ကတော့…. သူတစ်ပါး […]


Ko out of...February 29, 20121min31610
မိန်းမနှင့် ယောင်္ကျားခွဲခြားဆက်ဆံတဲ့ အထဲမှာ ကျွန်တော်တို့မြန်မာနိုင်ငံလည်း နေရာတော်တော်များများ အမျိုးသမီးကို နေရာသိပ်မပေးတာ တွေ့နေရတယ်။ ဒါကြောင့်မြတ်တယ်ဆိုတာ ဘာကိုပြောတာလည်း .. . ဥပမာ- ယောင်္ကျားတစ်ဦးမှာ – ချောမောလှပတဲ့ ရူပ ကာယရှိတယ်၊ ပစ္စည်းဥစ္စာဓန ပေါကြွယ်တယ် သို့သော် အကျင့်စာရိတ္တ မကောင်းဘူး။ အမျိုးသမီးမှာ ကျတော့ ချောမောလှပမှု၊ ပစ္စည်းဥစ္စာဓန ပေါကြွယ်မရှိဘူး ဆိုပါတော့။ သို့သော် အကျင့်စာရိတ္တ ကောင်းတယ်ဆိုရင် ဘယ်သူ ပိုမြတ်သလဲ . . မြတ်တယ်ဆိုတာကို ကိုယ်ကျင့်တရား နဲ့ဘဲ တိုင်းထွာမလား။ မတူညီတဲ့ ရူပ ကာယရုပ် သဘောတရားနဲ့ တိုင်းထွာမလား? မြတ်တယ်ဆိုတာ ရုပ်ထဲမှာလား? နာမ်ထဲမှာလား? လူတွေရဲ့လုပ်ရပ်ထဲမှာလား? ယောင်္ကျားတွေမြတ်တယ်လို့ ပြောရလောက်အောင် ကျွန်တော်တို့ဟာ ဘယ်သူရဲ့ အကူအညီမပါဘဲ အလိုလို […]


Ko out of...February 29, 20121min1181
တခါကလူငယ်နှစ်ဦး ထီလောင်းကစားထိုးပြီး ထီထွက်ခါနှီး ပထမလူငယ်တစ်ဦးက သူ့သူငယ်ချင်းကို မေးရာ… မင်းထီပေါက်ခဲ့ရင် မင်းဘာလုပ်မယ်လို့ စိတ်ကူးသလဲ… ထိုအခါ ဒုတိယလူငယ်က ခြံကြီးကြီးတစ်ခြံဝယ်မယ်ပေါ့။ ဒါနဲ့ မင်းကျတော့ရော- ငါကတော့ နွားဝယ်မယ်လို့ပြောလိုက်သတဲ့… ထိုအခါခြံဝယ်မည့် လူငယ်က မင်းနွားဝယ်ရင် ငါ့ခြံက စိုက်ခင်းတွေ ဝင်ပြီးစားကုန်မှာပေါ့ လို့ပြောပြီးရန်ဖြစ်ကြသတဲ့.. ကျွန်တော်တို့ လူငယ်လေးတွေကို ပြောချင်တာ အရှိတရားပေါ်အခြေမခံတဲ့ အတွေးစိတ်ကူးဆိုတာ အကျိုးမရှိဘူး… ဘာကိုတွေးရမှာလဲဆိုတော့ . . ဥပမာ အရင်းအနှီးတခုခု(ပညာ၊လုပ်အား၊ ငွေအားစသည့်)အရှိတရား အပေါ်အခြေခံတယ် ဆိုပါတော့ . ကိုယ်ကသရက်ပင်စိုက်မယ်ဆိုရင် အရင်စိတ်ကူးရတာပေါ့ ကိုယ်ဘယ်နှစ်ပင်စိုက်မယ်. အရင်းဘယ်လောက် ကုန်မယ်၊ ဘယ်လောက်ကြာရင်သီးမယ်၊ ဘယ်လောက်ဈေးနှုန်းနဲ့ရောင်းရင် အမြတ်ဘယ်လောက်ရမယ်စသည့် အတွေးတွေဆိုတာ ရှိရတယ်… ဒါကအရှိတရားပေါ် အခြေခံတဲ့ အတွေး ဒီလောက် အရှိတရားပေါ်လက်တွေ့ကျတဲ့ အတွေးတွေတောင်မှဘဲ အမြတ်ရဖိုတောင်မသေချာဘူး။ […]


Ko out of...February 28, 20121min1571
– တရားဆိုတာ လူတွေနဲ့စပ်တဲ့ ပြသနာတွေကို ဖြေရှင်းပေးနိုင်မှ တရားလို့ခေါ်တယ်။ ကိုယ့်အိမ်က မိသားစုရဲ့ ပြသနာကို ကိုယ်သိတဲ့တရားနဲ့ အသုံးချဖြေရှင်း ကြည့်ပါ ပြသနာကို အမျှော် အကြောက်မပါဘဲ ဘယ်လောက်အထိ ဖြေရှင်းပေးနိုင်လည်းပေါ့… – အနေကြပ်မှ အသေချောင်တယ်ဆိုတာ အသက်ရှင်စဉ်တောင်မှ မလွတ်လပ်ဘဲ သေမှ လွတ်လပ်တယ်ဆိုတာ သေတဲ့လူဘယ်လိုလုပ်သိမလဲ…လူဆိုတာ မသေခင်က လွတ်လပ်နေမှ သေတဲ့ အခါလွတ်လွတ်လပ်လပ် ဖြစ်မှာပေါ့… – ခံစားချက် အဆိုးကြောင့်မျက်နှာထား လည်းဆိုးရမှာပါ..နာကျင်နေရဲ့သား ပြုံးနေရတယ်ဆိုတာ တကယ့်အပြုံးမဟုတ်ပါဘူး..ဟန်ဆောင်အပြုံးပါ..ဒါကြောင့် ပြုံးသေမဲ့သေဆိုတာ ခံစားချက်ဝေဒနာ အကောင်းအဆိုးပါ… – ငြိမ်းချမ်းမှုကို ခံစားမှုပေတံနဲ့ မတိုင်းတာပါနဲ့။ ခံစားမှုဝေဒနာ မပါတဲ့ အကောင်းဟာ ငြိမ်းချမ်းမှုပါဘဲ… – ဘီလူးမှန်ရင် မျက်တောင်မခတ်ဘူးလို့ကြားဖူးတယ်..ကိုယ်ဒေါသထွက်ရင် မျက်တောင် မခတ်ဘူး ဒါကိုယ်ဘီလူးဖြစ်နေတာဘဲ… – နာမည်ဂုဏ်သတင်းရဖို့ […]