manawphyulayAugust 20, 20121min35913
စီးပွားရေးလုပ်ငန်း လုပ်ဆောင်ရခြင်း၏ ပဓာနကျသော ရည်ရွယ်ချက်မှာ လုပ်ငန်းရှင်များရဲ့ အခြေခံ လိုအပ်ချက်များ ပြည့်မှီရေးပင် ဖြစ်ပါတယ်။ ခုနောက်ပိုင်း ဝန်ထမ်းများသည် ကုမ္ပဏီတစ်ခုတွင် အချိန် အတော်ကြာ ဝင်ရောက် လုပ်ဆောင်ခြင်းမျိုးကို လုပ်ဆောင်ကြခြင်း မရှိပဲ တစ်နေရာမှ နောက်တစ်နေရာ သို့ ကူးပြောင်းမှုများ ဖြစ်ပေါ်နေလျှက်ရှိတာကို တွေ့ရှိရခြင်းကြောင့် ဘာတွေကြောင့် ေြ ပာင်းလဲမှုတွေ လုပ်နေသလဲဆိုတာ ဆန်းစစ်ကြည့်မိပါတယ်။ အမှန်တော့ ဝန်ထမ်းဆိုတာကလည်း တစ်နေရာမှ တစ်နေရာသို့ ကူးပြောင်းချင်ကြမှာ မဟုတ်ပါဘူး။ အဖွဲ့အစည်းတွေ၊ ကုမ္ပဏီတွေရဲ့ ဖွဲ့စည်းပုံကြောင့်လား ဒါမှမဟုတ် လုပ်ခ လစာငွေကြောင့်လား၊ နောက်တစ်နည်း စဉ်းစားကြည့်မိပြန်တော့ အလုပ်ရှင်တွေနဲ့ သဟဇာတ မဖြစ်ကြလို့လား။ ပြောရရင်တော့ ကုမ္ပဏီအတော်များများရဲ့ ဖွဲ့စည်း အုပ်ချုပ်ပုံတွေကတော့ မြန်မာနိုင်ငံမှာ Management အတော် လိုသေးတယ်လို့ မြင်မိပါတယ်။ […]


manawphyulayAugust 15, 20121min38318
ကျွန်မ ခုတစ်လော ငယ်ငယ်ကအကြောင်းလေးတွေ ပြန်စဉ်းစားနေမိတယ်။ အပြစ်ကင်းစင်တဲ့ ကလေးဘဝကို ပြန်ရောက်ချင်တယ်လည်း မဟုတ်ပါဘူး။ ကျွန်မရဲ့ဝါသနာက ငယ်ငယ်ကတော့ နေ့စဉ် မှတ်တမ်းလေးတွေ ရေးတတ်တယ်။ ဒိုင်ယာရီရေးတယ်လို့တော့ မသိခဲ့ပါဘူး။ ဗလာစာအုပ်ထဲ ဒီနေ့မနက်ဘယ်အချိန်တို့၊ ဘာတို့ စပြီး နေဝင်မိုးချုပ်အိပ်တဲ့အထိဆိုပါတော့။ တစ်နေ့တာ အဖြစ်အပျက်တွေ နောက်မြင်တာ တွေ့တာတွေ စိတ်ထဲခံစားမိတာတွေ ချရေးတော့တာပဲ။ နောက်တော့လည်း ခုကြီးလာချိန်ကြတော့ ဒီစာအုပ်တွေဘယ်ရောက်သွားမှန်း မသိတော့ပါဘူး။ ငယ်ငယ်တုန်းကတော့ ဘယ်နေ့က ဘယ်သူက ငါ့ကို ဘာပြောတယ် ဘယ်သူက စကားမပြောဘူး။ ပြုံးမပြဘူး စသည့်ဖင့်ပေါ့လေ ပြီးရင် နောက်ရက်တွေကျရင်ပြန်ပြန်ဖတ်ကြည့်တတ်တဲ့ အကျင့်က ရှိပြန်သေးတယ်။ ခုချိန်တော့ ရေးပါဆိုတာတောင် ရေးချင်စိတ်က ဘယ်လိုမှ မကြီးစိုးတော့တာ အရွယ်ကြောင့်လားတော့ မပြောတတ်တော့ဘူး။ ဒါပေမယ့် ခုချိန်ထိ မပြောင်းလဲတဲ့ စိတ်တစ်ခုကတော့ ရှိသေးတယ်။ […]


manawphyulayAugust 11, 20121min1766
ကျန်းမာရေးအတွက် နည်းလမ်းကောင်းများ (1) Eat moderately and chew your food well. မျှမျှတတစား၊ အစားအသောက် ကြေညက်အောင်ဝါးပါ။ (2) Take deep brealth of fresh air. လေကောင်းလေသန့် တစ်ဝကြီးရှူပါ။ (3) Sleep eight hours with a window open. ပြတင်းပေါက်ဖွင့်ပြီး ၈ နာရီလောက် အိပ်ပါ။ (4) When walking upstairs, go slowly. အပေါ်ထပ်တက်လျှင် ဖြည်းဖြည်းတက်ပါ။ (5) Cleanes the bowels daily. နေ့စဉ် ဝမ်းမှန်ပါစေ။ (6) Avoid the use of drugs. […]


manawphyulayAugust 9, 20121min59221
ဘုရင့်နောင်တံတားတွင် တည်ဆောက်မှုမလုပ်သေးခင် အမြဲလိုလို နေ့ကော ညကော ယာဉ်ကြောပိတ်ဆို့ဖြစ်နေတာတွေ အတော့်ကို လွန်လာပြီလို့ မြင်မိပါတယ်။ ဘယ်လောက်ပဲ စောစောအိမ်က ထွက်ထွက်… အလုပ်က အရင်ထက် နောက်ကျနေလာတဲ့အခါ အလုပ်ပါ ထိခိုက်မှာကို စိုးရိမ်လာမိပါတယ်။ ဘာတွေလုပ်နေကြလဲဆိုတာ နားမလည်နိုင်အောင်ပါပဲ။ ကြည့်ဦးလေ မြင်တဲ့အတိုင်းပဲ ဒါတောင် လူတိုင်း ကားဝယ်စီးနိုင်သေးတာမဟုတ်ဘူး။ အရစ်ကျသာ ဝယ်စီးကြတော့မယ်ဆိုရင်တော့….


manawphyulayAugust 8, 20121min32018
မနက်က လမ်းကြောင်းတွေပိတ်နေလို့ အလုပ်နောက်ကျရတဲ့ကြားထဲ ကိုယ်စီးလာတဲ့ကားက မှတ်တိုင်မှာ လူဆင်းလူတက်လုပ်နေတုန်းရှိသေးတယ် ဘေးက မှန်ထဲကို ကားဘေးမှန်ကြီးဝင်လာတယ်။ ကြည့်လိုက်တော့ စစ်ကားတီအီးကားကြီးဖြစ်နေတယ်။ ဘယ်လိုမှ ခွာထုတ်လို့မရဘူး။ ကားဘီးချင်းက ငြိနေတာ ဘယ်လိုမှ လုပ်လို့မရဘူး။ ရုံးနောက်ကျနေလို့ စိတ်တိုနေရတဲ့ကြားထဲ ဒီလိုဖြစ်တော့ ကားသမားအပြောမစောင့်တော့ပဲ ကားပေါ်ကနေထွက်တဲ့အပေါက်မှာ ကိုယ်ခန္ဓာစောင်းထွက်ပြီး နောက်ကားပြောင်းစီးရတဲ့အဖြစ်အပျက်ပါပဲ။ ဘယ်လိုတွေဆက်လုပ်ကြလဲတော့မသိ။ မြင်တဲ့အတိုင်းပါပဲ။


manawphyulayAugust 8, 20121min29513
မြန်မာတစ်နိုင်ငံလုံးတွင် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းအား ကျယ်ကျယ်ပြန့်ပြန့် လုပ်ငန်းခွဲအသီးသီးဖြင့် လုပ်ဆောင်နိုင်သော Masters Plan အလိုရှိသည်။ တင်ပြလာသော Master Plan အား သက်ဆိုင်ရာ ပညာရှင်အသီးသီးဖြင့် စိစစ်ပြီး ဆုငွေ (၁၀) သိန်းကျပ် ချီးမြှင့်ပါမည်။ ဆုရရှိသူကိုယ်တိုင်သော်လည်းကောင်း၊ ယင်း Plan အား လက်တွေ့အကောင်အထည်ဖော်ဆောင်နိုင်သောသူနှင့်လည်းကောင်း ညှိနှိုင်းဆွေးနွေးပါမည်။ ယခုမှစ၍ Master Plan တင်သွင်းနိုင်ပါသည်။ Closing Date : 30. 9.2012 Contact Address No.260, Bargayar Road, Sanchaung Township, Yangon, Myanmar Tel: 527701, 526821, 0973142080 သတင်းကောင်းပေးလိုက်ပါတယ်။