manawphyulayDecember 11, 20101min2714
အပိုင်း ၁ မှာ ဈေးကွက်ဖွင့်ခြင်းနဲ့ သုတေသန အကြောင်းကိုတော့ သင်တို့ သိရှိပြီး ဖြစ်ပါလိမ့်မယ်။ အခု ဆက်လက်ပြီး ဈေးကွက်မှာ အောင်မြင်အောင် လုပ်ဆောင်ဖို့ အပိုင်း ၄ ပိုင်းမှ နောက်ထပ်တစ်ချက်ကို ကျွန်မ ပြောချင်ပါတယ်။ ဒါကတော့ ဗျူဟာ အခင်းအကျင်းပဲ ဖြစ်ပါတယ်။ ဈေးကွက်ဖွင့် အခင်းအကျင်းဆိုတာ စီးပွားရေးလုပ်ငန်းရဲ့ ရည်မှန်းချက်ပန်းတိုင်နဲ့ ဦးတည်ရည်ရွယ်တဲ့ အကြောင်းအရာတွေကို ချမှတ်တာ ဖြစ်ပါတယ်။ ဒီတော့ ဘာအကြောင်းအရာတွေ စဉ်းစားသင့်လဲဆိုတာ ကြည့်ရအောင်။ – အခုကိုယ့်လုပ်ငန်းက ဘယ်နေရာ ဘယ်အဆင့်ရောက်နေသလဲ? – ကိုယ်တို့ ဘယ်နေရာ ဘယ်အဆင့်ကို ရောက်ချင်တာလဲ? – ဘာကြောင့် အဲဒီနေရာ အဲဒီအဆင့်ကို ရောက်ချင်ရတာလဲ? – ဒါဆိုရင် ကိုယ် ဘာတွေပြီးစီးအောင် လုပ်ရမှာလဲ […]


manawphyulayDecember 11, 20101min1010
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ အောက်ဝါးနက်ချောင်းကျေးရွာ၊ ဓမ္မဒူတ ဇေတဝန်တောရ ဆေကိန္ဒာရာမကျောင်း တိုက်ကြီး၌ ကျောင်းသူကျောင်းသားများအတွက် ယဉ်ကျေးလိမ္မာတရားစခန်းကို ဖွင့်လှစ်မည်ဖြစ်ရာ Grade 10 ကျောင်းသူကျောင်းသားများအတွက် ဒီဇင်ဘာ ၂၁ မှ ၂၃ ရက်အထိ၊ -တက္ကသိုလ်၊ ကောလိပ် တက်ရောက်နေသူများအတွက် ဒီဇင်ဘာ ၂၄ မှ ၂၆ရက်အထိ၊ -Grade 8,9 ကျောင်းသူကျောင်းသားများအတွက် ဒီဇင်ဘာ ၂ရ မှ ၂၉ရက်အထိ၊ -Grade 6,7 ကျောင်းသူကျောင်းသားများအတွက် ဒီဇင်ဘာ ၃ဝ မှ ဇန်နဝါရီ ၁ရက်အထိ၊ -Grade 4,5 ကျောင်းသူကျောင်းသားများအတွက် ဇန်နဝါရီ ၂ မှ ၄ရက်အထိ ဖွင့်လှစ်မည်ဖြစ်ပြီး တရားစခန်းသို့ မွန်းလွဲတစ်နာရီအရောက် လာကြရမည်ဖြစ်သည်။ တရားစခန်းသို့ ဝင်ရောက်လိုသူများသည် ဖော်ပြပါ email […]


manawphyulayDecember 11, 20101min2055
ဒီနေ့….. တစ်နေ့လုံး အုံ့ဆိုင်း မိုးထုံ့ပိုင်း ထုံ့ပိုင်းရွာ မီးကမလာ တစ်ခါတစ်ရံ လေပြင်းပါ နေခြည်ကို မမြင်ရ ရာသီဥတုကိုက မိုးတွင်းရောက်နေသလား ထင်မှတ်ရ…. ဒီမိုးရွာတော့မည် ရွာမည် ဧကံမုချ ဇလဗေဒဂြိုလ်တု ပေးပို့မှု သတင်းအရ လှိုင်းကြီးခြင်း မိုးသက်လေပြင်းတစ်ခါတစ်ရံ ဟော…. ဒီမိုးရွာချေပြီ လေရော မိုးပါဒုန်းစိုင်း ရိုင်းတော့လေမလား……


manawphyulayDecember 9, 20101min2408
ကားခတွေ ဈေးတက်လာတဲ့အချိန်ကျမှ လူတိုင်းလူတိုင်း မမကို သတိရလာကြတယ်နော်။ အင်းတစ်မျိုးတော့ မထင်လိုက်နဲ့ဦး။ မမဆိုတာ ဘယ်သူကိုပြောပါလိမ့်ဆိုပြီးတော့ မမလို့ အများခေါ်နေကြတဲ့ မြန်မာ့မီးရထားကို ခေါ်ခြင်း ဖြစ်ပါတယ်။ လူတိုင်း ပါးစပ်ဖျားမှာ မမ မှီအောင် သွားရမယ်။ မမတော့ လွတ်ပါပြီတို့ ပြောဆိုနေကြတာကို ဒီ့နောက်ပိုင်း နေရာတော်တော်များများမှာ ကြားလာရပါတယ်။ ဟုတ်တော့လည်း ဟုတ်ပါတယ်။ ကားခက ၂၀ဝ ကျပ် ဖြစ်လာတော့ လူအများစုက လက်လုပ်လက်စားတွေဆိုတော့လည်း ကြာတော့လည်း ဒဏ်ဘယ်ခံနိုင်ကြပါ့မလဲ။ အရင်တုန်းက ကားခက ဘယ်စီးစီး ၂ဝ ကျပ်ကိုး။ မိတ်ဆွေကော မယုံဘူးလား။ ခုထိ ကားတော်တော်များများမှာ အမှတ်တရအနေနဲ့ဘဲ ထားတာလား။ ဒါမှမဟုတ် မဖျက်ချင်လို့လားတော့ မသိဘူး။ ၂ဝ ကျပ်ဆိုတဲ့ ဈေးနှုန်းစာတန်းက ခုထက်ထိ တွေ့ရှိနေတုန်းလေ။ နောင်အနာဂတ်ကလေးတွေ […]


manawphyulayDecember 8, 20101min910
တွေ့ဆုံခဲ့ကြ မန်းဂေဇက်တွင် ခင်မင်မှုနဲ့ ရှေ့ဆက်ရေးကြ စာပေ မောင်နှမများ တစ်နယ်တစ်ကျေး အနေဝေးလည်း စာပေအရာ တွေ့ဆုံလာတာ နေရာစုံက ဝေဖန် ထောက်ရှု အစဉ်ရှုလျက် ဦးပေါက်နဲ့ ဦးဖတ်လည်း ရှေ့ဆုံးကပါ ဆူးကလည်း မနေပါ အမီလိုက်နာတာ အောင်ပုလည်း မခေသေး ဝင်ကာ ရေးလို့နေ etone လည်း လက်မနှေး အမြန်ရေးလို့ပေး Kai လည်း ဦးဆောင်ကာ အားလုံးကို တွဲခေါ်တာ နှစ်သစ်မှာ ပျော်စရာ ရှေ့ဆက်သွားကြမှာ စာပေလောက တိုးတက်ဖို့ အားလုံး ကြိုးစားစို့…………. မနော ခုပဲ စိတ်ကူးရလို့ စပ်လိုက်မိတဲ့ ကဗျာလိုလို စကားပြေလိုလို စာတွေဆိုလည်း မမှားပါဘူး ကျန်တဲ့သူတွေကိုလည်း နောက်ထပ် ရေးပေးပါဦးမယ်……….. ရင်တွင်းဖြစ် ဖွဲ့တည်ချက် ကဗျာလေးပါ။


manawphyulayDecember 8, 20101min930
တွေ့ဆုံခဲ့ကြ မန်းဂေဇက်တွင် ခင်မင်မှုနဲ့ ရှေ့ဆက်ရေးကြ စာပေ မောင်နှမများ တစ်နယ်တစ်ကျေး အနေဝေးလည်း စာပေအရာ တွေ့ဆုံလာတာ နေရာစုံက ဝေဖန် ထောက်ရှု အစဉ်ရှုလျက် ဦးပေါက်နဲ့ ဦးဖတ်လည်း ရှေ့ဆုံးကပါ ဆူးကလည်း မနေပါ အမီလိုက်နာတာ အောင်ပုလည်း မခေသေး ဝင်ကာ ရေးလို့နေ etone လည်း လက်မနှေး အမြန်ရေးလို့ပေး Kai လည်း ဦးဆောင်ကာ အားလုံးကို တွဲခေါ်ကာ နှစ်သစ်မှာ ပျော်စရာ ရှေ့ဆက်သွားကြမှာ စာပေလောက တိုးတက်ဖို့ အားလုံး ကြိုးစားစို့…………. မနော ခုပဲ စိတ်ကူးရလို့ စပ်လိုက်မိတဲ့ ကဗျာလိုလို စကားပြေလိုလို စာတွေဆိုလည်း မမှားပါဘူး ကျန်တဲ့သူတွေကိုလည်း နောက်ထပ် ရေးပေးပါဦးမယ်………..


manawphyulayDecember 4, 20101min1242
မနော ပုံပြင်လေးတစ်ပုဒ်ပြောပါရစေ………. ဒီပုံပြင်မှာ ရည်ရွယ်ချက် ရှိပါသည်။ လူဆိုတာ တစ်ယောက်ထည်း နေလို့ မရဘူး။ အသိုင်းအဝိုင်း၊ အပေါင်းအသင်းနဲ့ နေရတယ်။ အနည်းဆုံး ကိုယ့်မိသားစုနဲ့ ပေါင်းရတယ်။ သင်းရတယ်။ အမြဲတမ်း ထိတွေ့ဆက်ဆံနေရတော့ စိတ်ထဲမှာ အဆင်မပြေမှုတွေ၊ ပြဿနာတွေ၊ အားမလိုအားမရဖြစ်မှုတွေ ရှိနိုင်ပါတယ်။ ဒီပုံပြင်လေးဟာ အဖွဲ့အစည်းတစ်ခုနဲ့ တစ်ခုအကြား၊ မိဘနဲ့ သားသမီးအကြား၊ ဆရာနဲ့ တပည့်အကြား၊ လင်မယား နှစ်ယောက်အကြား၊ သူငယ်ချင်း နှစ်ယောက်အကြားမှာ ထားသင့်ထားအပ်တဲ့ အတွေးတစ်ခုကို ပေးပါလိမ့်မယ်။ ********* တစ်ခါတုန်းက………. အလင်းမရှိဘဲ မှောင်နေတဲ့ အခန်းတစ်ခန်းထဲမှာ ဖယောင်းတိုင်ကလေး (၅)တိုင် ရှိတယ်။ အဲဒီ ဖယောင်းတိုင်တွေမှာ အလင်းကိုယ်စီနဲ့ပေါ့။ ဖယောင်းတိုင် (၅)တိုင်ရဲ့ အလင်းအားကြောင့် မှောင်မည်းနေတဲ့အခန်းဟာ လင်းထိန်နေတော့တယ်။ ဒီအခန်းထဲကို လေပြေပျော့လေး […]


manawphyulayDecember 4, 20101min2629
လာတုန်းကလည်း တစ်ယောက်ထဲနော် လက်တွဲခေါ်ကာ ဖော်မပါဘူး ဥစ္စာချည်းနှီး ကိုယ်ထီးတည်း ပြန်သွားတော့လည်း တစ်ယောက်ထဲနော် လက်တွဲခေါ်ကာ ဖော်မပါဘူး ဥစ္စာချည်းနှီး ကိုယ်ထီးတည်း လာပြီးတော့နား မသွားသေးခင် ချိန်လေးတွင်းမှ ဝန်းကျင်ယှက်နွယ် နှောင်ကြိုးတွယ်ကြ ပြုံးရယ်မဲ့ငို ချစ်မုန်းပိုကြ မလိုဒေါသ လိုလောဘနှင့် ဘဝရိပ်မြုံ ကကြိုးစုံခဲ့ ကံကုန်မိုးချုပ် လက်တွဲဖြုတ်ကာ သုတ်သုတ်ဆောလျှင် ခရီးနှင်သည် တို့လည်း ဧည့်သည်ပါတကား ဒီကဗျာလေးကို အရမ်းသဘောကျ နှစ်ခြိုက်မိလို့ နာရေးယပ်တောင်ကနေ ပြန်လည်ကူးယူဖော်ပြလိုက်ရခြင်း ဖြစ်ပါတယ်။ ကဗျာရေးစပ်သူကတော့ ဆရာ ဗန်းမော်ညိုနွဲ့ ဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။


manawphyulayDecember 4, 20101min1522
တရားအားထုတ်တဲ့အလုပ်ကို ဆရာဝန်က လူနာကို ပေးတဲ့ ဆေးပုလင်းနဲ့ နှိုင်းလို့ရပါတယ်။ ဆေးပုလင်းမှာ ဘယ်လိုသောက်ရမယ်ဆိုတဲ့ အသေးစိတ် ညွှန်ကြားချက်တွေပါပါတယ်။ ဒါပေမယ့် လူနာက ဘယ်လောက်ပဲ ညွှန်ကြားချက်ကို ရာချီပြီး ဖတ်ဖတ်၊ ဒါပဲလုပ်မယ်ဆိုရင်တော့ သူ သေဖို့ သေချာပါ့။ ဆေးရဲ့ အာနိသင်ကို သူ ဘာမှခံစားရမှာ မဟုတ်ဘူး။ သူက မသေခင်မှာ ဆရာဝန် မကောင်းကြောင်း၊ ဆေးက သူ့ကို မပျောက်စေနိုင်ကြောင်း ပြောချင်ပြောမယ်။ ဆရာဝန်ကို အတုလို့ထင်၊ ဒါမှမဟုတ် ဆေးကို တန်ဖိုးမရှိလို့ထင်၊ သူ့အနေနဲ့ကတော့ ပုလင်းကို ကြည့်ပြီး ဆေးစာကို ဖတ်ရုံကလွဲပြီး ဘာမှမလုပ်ဘူး။ ဆရာဝန်ရဲ့ ညွှန်ကြားချက်ကို မလိုက်နာ၊ ဆေးကိုလည်း မသောက်။ တကယ်လို့သာ သူဟာ ဆရာဝန်ရဲ့ ညွှန်ကြားချက်ကို လိုက်နာပြီး ဆေးကို […]


manawphyulayDecember 3, 20101min1121
Myanmar Golden Crown Construction & General Trading Co., Ltd မှ HR Assistant (မ) ၂ ဦး အမြန်လိုရှိသည်။ အတွေ့အကြုံ လုပ်သက် အနည်းဆုံး ၃ နှစ်ရှိရမည်။ အခြေခံလစာ ၁၅၀,၀၀ဝ ကျပ်။ စိတ်ဝင်စားသူများ အောက်ပါလိပ်စာသို့ တိုက်ရိုက် စုံစမ်းမေးမြန်းနိုင်ပါသည်။ Myanmar Golden Crown Construction & General Trading Co., Ltd Office: No. (1) , Yoe Gyi Chaung Street, (Back of Bayintnaung Market) No. (1) Quarter, Mayangone Township, Yangon. […]


manawphyulayDecember 3, 20101min24211
ဒီညဟာ ကျွန်မ အိပ်မပျော်တဲ့ ညတစ်ည ဒီညဟာ လမင်းအနားယူနေတဲ့ ညတစ်ည ဒါပေမဲ့ မကြာမီ လပြည့်တော့မယ် ပြတင်းပေါက်ပေါ် လရောင်က ဖြာအကျ ဟော လမင်း ထွက်လာပြီ ကျွန်မပြောပြရင် ပြေးကြည့်ပြီးမှ ယုံပါ တစ်စိတ်မဟုတ် တစ်ခြမ်းမဟုတ် ပြည့်ပြည့်ဝဝ တစ်ကိုယ်တည်းလည်း မဟုတ် လမင်းတစ်ရာ သာနေသည်သာ… ကမ္ဘာပေါ်မှာ ငြိမ်းချမ်းခြင်း ရှိစေချင်ပါတယ်။ ငြိမ်းချမ်းရေးရှိသော အရပ်မှာ လရောင်လည်း ရှိပေလိမ့်မယ်။ လရောင်ထွန်းလင်းတဲ့ အရပ်၌ လူတိုင်းနေချင်ကြမှာ အမှန်ပါ။ လရောင် အောက်မှာဆိုရင် ဘာမဆို လှပငြိမ်းချမ်းနေမှာပေါ့။ အမှောင်ထဲမှာနေရတာထက် စာရင်တော့ လရောင်အောက်မှာ အသက်ရှင်ရတာ ပိုကောင်းမယ်လို့ ထင်မိပါတယ်။ ကျွန်မသည် တစ်ခဏတာ သာသော လရဲ့အရိပ်ကို တပ်မက်မိတယ်။ လရောင်ကို မြင်ရင် ကျွန်မ […]