manawphyulayDecember 25, 20101min1190
(မောလျ မာန်ချသံနဲ့အတူ) လူသားအားလုံး ကိုယ့်ဦးနှောက်ကို ဖွင့်ဖောက် စစ်ဆေးကြ ကိုယ့်အရေပြားကို ပါးလွှာ သန့်ရှင်းကြ ရိုးသား ပွင့်လင်းကြ တန်ဖိုးထား လေးစားကြ အရှေ့ အနောက် တောင် မြောက် ဝဲယာ စကြဝဠာတစ်ခွင်လုံး လူ့အဖွဲ့အစည်းကြီးတစ်ခုလုံး အပြုသဘောဆောင် ချစ်ခြင်း အနှောင်အဖွဲ့တွေနဲ့ အဆွေခင်ပွန်းကောင်းဖြစ်စေ ရန်ဘက်တွေ ငြိမ်းအေးစေ ဆန့်ကျင်ဘက်တွေ ပေါင်းစည်းစေ ဝေးစေ အမုန်း အငြိုး အတေး အမှတ် သံသယ ကြက်ခြေခတ်တွေ ကန့်သတ် ဘောင်ခတ် အတိတ်ဆိုးတွေ လုံးဝ မရှိစေရ ဥပဒေတစ်ရပ် (မေတ္တာရပ်ခံ ပန်ကြားချက်တစ်ရပ်) သတ်မှတ် ပြဋ္ဌာန်းလိုက်သည် ဒီဇင်ဘာ ၃၁ ည ၁၂ နာရီသို့ တည်စေသော်။


manawphyulayDecember 25, 20101min1902
မြန်မာနိုင်ငံအတွင်း လာမဲ့သီတင်းပတ် ဇန်နဝါရီလဆန်းပိုင်းမှာ အင်အားအတန်အသင့် ပြင်းထန်တဲ့ အအေးလှိုင်းတခု ဖြတ်သန်း ဝင်ရောက်ဖို့ ရှိတယ်လို့ မိုးလေဝသပညာရှင် ဦးထွန်းလွင်က RFA ကို ဒီကနေ့ ဒီဇင်ဘာ ၂၃ ရက်မှာ ပြောကြားပါတယ်။ “တွက်ကြည့်တော့ ခရစ်စမတ်အပြီး ဆိုတော့ ဒီဇင်ဘာအကုန် ဇန်နဝါရီ လဆန်းလောက်မှာတော့ ဖြစ်နိုင်တယ် ထင်ပါတယ်။ သိသိသာသာတော့ အေးလိမ့်မယ်ထင်တယ်။ ဘာကြောင့်လဲဆိုတော့ ဒီနှစ် ဆောင်းတွေက လွန်ကဲနေတယ်ဗျ။ ကမ႓ာ့ မြောက်ဖက်ခြမ်းမှာလေ ဥရောပမှာလည်း တော်တော်ကြီးကို အခြေအနေ ဆိုးနေတယ်။ ဆိုတော့ ကျွန်တော်တို့ဖက်လည်း အထိုက်အလျောက်တော့ အေးလိမ့်မယ်လို့ ထင်ပါတယ်ခင်ဗျ။” အခုလို အအေးလှိုင်းဝင်ရောက်မှုကြောင့် ဆောင်းသီးနှံအထွက်နှုန်း ထိခိုက်မှု ရှိနိုင်ကြောင်း၊ မြန်မာနိုင်ငံတဝန်း မနက်ခင်းတွေမှာ မြူနှင်းတွေ အထူအထပ် ဖုံးအုပ်ကျဆင်းနိုင်တဲ့အတွက် အမြင်အာရုံ မသဲကွဲမှုကြောင့် […]


manawphyulayDecember 25, 20101min2408
Website တစ်ခု ဘာလို့ ကျရှုံးရသလဲဆိုတော့ အဓိကအကြောင်းအရာကတော့ တစ်ခုပဲရှိတယ်။ သတင်း အချက်အလက်တွေကို တိတိကျကျ မရယူနိုင် တဲ့အတွက်ပဲဖြစ်ပါတယ်။ ဘာကြောင့် အဲသည်လိုဖြစ်ရသလဲ ဆိုတော့ Website ရဲ့ ပိုင်ရှင်တွေကိုယ်တိုင်က Website တစ်ခုကို သူတို့ရဲ့ အခြား Show Room၊ ဆိုင်ခန်း၊ ရုံးခန်းတစ်ခု အဖြစ် အမှန်တကယ် မရှုမြင်ထားလို့ပဲဖြစ်ပါတယ်။ တစ်ခါလုပ်ပြီး ပစ်ထားတဲ့ Website နဲ့ အမြဲ တမ်းဆန်းသစ်နေတဲ့ Website ဘယ်ဟာက Customer တွေကို အထောက်အကူ ဖြစ်စေမလဲ? အခြားကျရှုံး ရတဲ့အကြောင်းကတော့ Customer တွေ နားလည်ရလွယ်ကူအောင် မလုပ်ထားတာ၊ Use-to မဖြစ်တာပါပဲ။


manawphyulayDecember 24, 20101min1290
ခါတစ်လှဲ့ လာခဲ့ပေါ့ ရွှေမြန်မာ ဝေးမကွာ ပြေးလာလျှင် တာမထောက်ပါဘူး connection ကောင်းစဉ်ခါ ဖွင့်တဲ့ချိန် ကိုးနက်ရှင် နောက်သမို့ ခဏတော့ ချော့မြူရရှာ စိတ်ရှည်ကာ သည်းခံစောင့်ပါလို့ တစ်ခေါက်ကယ် အလည်မရောက်ရင်ဖြင့် ကြုံခဲ့လျှင် နောက်တစ်ကြိမ်ပေါ့ ကြောက်မက်ဖွယ် ကိုးနက်ရှင်ကို ကျော်လွှားခါ အရောက်လှမ်းခဲ့ပေါ့….. ဖိတ်ခေါ်တဲ့ ဒီဘလောဂ့်မှာဖြင့် ရေးကူကို တွေးပူရတာကြောင့် ဆွေးပူရရှာ…… www.hlayamin.com


manawphyulayDecember 24, 20101min1170
ဒီဇင်ဘာ ဆောင်းဦးအဝင် မြူတွေဆိုင်းစ ကာလမှာ ပွင့်ကာစ ဆောင်တော်ကူးတွေရဲ့ ပန်းချီကားချပ်နှင့်အတူ မြက်ပင်ရှည်ရှည်တွေ လေယူရာယိမ်း ဖွေးလှုပ်နေတာ ငေးကြည့်ရင်း ကျွန်မ ပျော်မိတယ်… မမြင်နိုင်တဲ့ တစ်နေရာဆီက သခင့်ရဲ့သတင်းကို ဆောင်ယူလာခဲ့ လေပြည်တွေဟာ ကျွန်မကို နှုတ်ဆက်ပြီး ကျောခိုင်းသွားကြတယ်လေ… ကျွန်မရင်ထဲက လှုပ်ရှားပျော်မွေ့ရင်း ငှက်ကလေးတွေရဲ့ တေးဆိုသံဟာလည်း နားထဲမှာ ချိုမြနေတယ်… အရုဏ်ဦးကနေ ကြယ်ကလေးတွေ မြင်ရသည်အထိ သဘာဝရဲ့ အလှတရားတွေကို ကျွန်မ ခံစားနေမိတယ်…. ကျွန်မ သိခွင့်မရှိတဲ့ တစ်ချိန်ချိန်မှာ ကျွန်မအတွက် တောက်ပတဲ့နေ့ရက်တွေ ရောက်လာတော့မယ်ဆိုတာ ကျွန်မ သိနေခဲ့ပါတယ်… သည်အခါမှာ ကျွန်မတစ်ယောက်ထဲပဲ ကျေနပ်စွာ ပြုံးနေလိုက်တယ်… သည်အချိန်မှာ နှင်းငွေ့တွေဟာ ချစ်ခြင်းရနံ့တွေနှင့် သင်းပျံ့စွာ လှလို့ နေပါတော့တယ် သခင်ရယ်…


manawphyulayDecember 24, 20101min1680
Myanmar Orphans Support Network မှ လာမည့် ခရစ်စမတ်နေ့တွင် သုခကာမီ သီလရှင်သင် ပညာရေးကျောင်းရှိ ကလေးများအား ပျော်ပွဲရွှင်ပွဲတစ်ခု ပြုလုပ်ပေးရန် ရည်ရွယ်ထားပါသည်။ ထိုနေ့တွင် ကလေးများနှင့်အတူ ခရစ်စမတ် သီချင်းများ သီဆိုခြင်း၊ ကစားပွဲများ ပြုလုပ်ခြင်း၊ မျက်နှာတွင် အရုပ်ရေးခြယ်ခြင်း အစရှိသည့် Activity များ ပြုလုပ်မည့်အပြင် ကလေးများအား မုန့်ကျွေးခြင်း၊ အအေးတိုက်ခြင်း အလှူတို့ကိုပါ ပူးတွဲ ပြုလုပ်မည် ဖြစ်ပါသဖြင့် စိတ်ဝင်စားသော Member များနှင့် Member မဟုတ်သော သူငယ်ချင်းများ အားလုံး ပါဝင်နိုင်ကြောင်း အကြောင်းကြားလိုပါသည်။ လိုက်ပါလိုသူများအနေဖြင့် အောက်ပါစုရပ်သို့ လာရောက် ပေးပါရန် အကြောင်းကြားအပ်ပါသည်။ နေ့ရက် – ၂၅.၁၂.၂၀၁၀ အချိန် – မနက် (၈) […]


manawphyulayDecember 22, 20101min1170
တာဝတိ ံ သေ ဧကာ ဒါဌာ၊ ဧကာ ဘုဇဂပူရကေ၊ ဂန္ဓာရေ ဒန္တပူရမှိ၊ တာပိဝန္ဒာမိ ဓာတုယော။ ဧကာဒါဌာ၊ အထက်လက်ယာ စွယ်တော် ဓာတ်တော်တစ်ဆူသည်၊ တာဝတိ ံသေ၊ တာဝတိ ံ သာနတ်ပြည်၌၊ တိဌတိ၊ တည်နေကိန်းဝပ်တော်မူ၏။ ဧကာဒါဌာ၊ အောက်လက်ယာ စွယ်တော်ဓာတ်တစ်ဆူသည်၊ ဘုဇဂပူရကေ၊ နဂါးပြည်၌၊ တိဌတိ၊ တည်နေကိန်းဝပ်တော်မူ၏။ ဧကာဒါဌာ၊ အထက်လက်ဝဲ စွယ်တော်ဓာတ်တစ်ဆူသည်၊ ဂန္ဓာရေ၊ ဂန္ဓရတိုင်း(တရုတ်)၌၊ တိဌတိ၊ တည်နေကိန်းဝပ်တော်မူ၏။ ဧကာဒါဌာ၊ အောက်လက်ဝဲ စွယ်တော်ဓာတ်တစ်ဆူသည်၊ ဒန္တပူရမှိ၊ ကလိင်္ဂတိုင်း ဒန္တပူရပြည်(သီရိလင်္ကာ)၌၊ တိဌတိ၊ တည်နေကိန်းဝပ်တော်မူ၏။ တာပိဓာတုယော၊ ထိုတိုင်းပြည်နိုင်ငံဒေသဌာ နတို ့၌ တည်နေကိန်းဝပ်တော်မူသော မြတ်စွယ်တော်လေးဆူတို ့ကို၊ အဟံ၊ အကျွန်ုပ်သည်၊ ဝန္ဒာမိ၊ ဦး […]


manawphyulayDecember 21, 20101min1141
နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ၁။ လေးဆူဓါတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီးသည် မြတ်စွာဘုရားသက်တော်ထင်ရှားရှိစဉ်ကပင် တည်ထားကိုးကွယ်ခဲ့သော စေတီတော်မြတ်ကြီးဖြစ်ပါသည်။ `လေးဆူဓါတ်ပျော်´ ဟု ခေါ်ဆိုရခြင်းမှာ (၁) ကကုသန်မြတ်စွာဘုရား၏ ဒုကုဋ်သင်္ကန်းတော်၊ (၂) ကောဏဂုံမြတ်စွာဘုရား၏ အံ့သကိုဋ်တော်၊ (၃) ကဿပမြတ်စွာဘုရား၏ ခါးပန်းတော်နှင့် (၄) ဂေါတမမြတ်စွာဘုရား၏ ဆံတော်မြတ်လေးဆူ၊ မွေရှင်တော်မြတ်ရှစ်ဆူ၊ နိသီဒိုင်တော်တို့ကို ဌာပနာ၍ တည်ထားသောကြောင့် ခေါ်ဆိုရခြင်းဖြစ်ပါသည်။ လေးဆူဓါတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး တည်ထားသောတောင်တော်ကို `သုဒဿန´ တောင်တော်ဟု ခေါ်ပါသည်။ မြတ်စွာဘုရားနုစဉ်အခါ ဟင်္သာမင်း၊ ကြက်မင်း၊ ဖွတ်မင်း၊ ယုန်မင်း၊ ဖြစ်စဉ်က နေထိုင်ခဲ့သော တောင်တော်ဖြစ်ပါသည်။ ၂။ လေးဆူဓါတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး၏ ဒါယကာများမှာ အဇ္ဇိကနှင့် ဘလ္လိကကုန်သည်ညီနောင်၊ ဧရာပထနဂါးမင်း၊ သိကြားမင်း၊ ဗြဟ္မာမင်းတို့ဖြစ်ကြသည်။ မဟာသက္ကရာဇ် ၁၀၃-ခုနှစ်၊ တပေါင်းလဆန်း ၁၃ရက်နေ့တွင် စတင်တည်ထားရာ၊ […]


manawphyulayDecember 21, 20101min1882
ပြည်မြို့ဘက်ကမ်း နဝဒေးတံတားထိပ်မှ လှမ်းမျှော်ကြည့်လိုက်လျှင် ဆင်တဲဘက်ကမ်း၊ ဧရာဝတီမြစ်ကမ်းနဖူး၌ ရွှေရောင်တဝင်းဝင်းတောက်ပလျှက်ရှိသော စေတီတော်တစ်ဆူကို ဖူးမြင်ရပါသည်။ ဉာဏ်တော်အမြင့် ၁၅၆ပေရှိ ရွှေဘုံသာမုနိရှေးဟောင်းသမိုင်းဝင် စေတီတော်မြတ်ကြီးဖြစ်ပါ၏။ သက္ကရာဇ်(၁၂၃)ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် ဗုဒ္ဓဘုရားရှင်သည် ရခိုင်ဘုရင် စန္ဒသူရီယမင်း၏ အဓိဌာန်ပြုပင့်ဆောင်ချက်အရ နောက်ပါ ရဟန္တာ(၅၀၀)ခြံရံကာ ဓညဝတီရခိုင်ပြည်သို့ ကြွချီတော်မူပြီး ကျော်တော်မြို့အရှေ့ဘက်ကမ်းရှိ သေလာဂီရိတောင်ထိပ်၌သီတင်းသုံးစံပယ်တော်မူခဲ့သည်။ စန္ဒသူရိယမင်းနှင့်တကွ မှူးကြီးမတ်ရာ သေနာပတိများ၊ ပြည်သူပြည်သားများတို့သည် မြတ်စွာဘုရားနှင့် ရဟန္တာ(၅၀၀)တို့အား ဆွမ်း၊ ရေချမ်း၊ ဆီမီး၊ အမွေးနံ့သာတိုင်တို့ဖြင့် (၃)လတိုင်တိုင် မပြတ်မလပ် ပူဇော်အလုပ်အကျွေးပြုကြပြီး မြတ်ဗုဒ္ဓ၏ တရားတော်ကို နာယူကြသည်။ မုနိ (၄)ဆူ သွန်းလုပ်ခြင်း (၃)လ ပြည့်မြောက်၍ ဓညဝတီရခိုင်ပြည်မှ ဘုရားရှင်ပြန်လည်ကြွချီတော်မူမည်ပြုသောအခါ စန္ဒသူရိယမင်း၏ လျှောက်ထားတောင်းပန်ချက်အရ ဘုရားရှင်၏ကိုယ်စားကိုးကွယ်ဆည်းကပ်နိုင်ရန်အတွက် ကိုယ်ပွားရုပ်ရှင်တော်မြတ်တစ်ဆူ သွန်းလုပ်ရန် ဘုရားရှင်က ခွင့်ပြုတော်မူခဲ့သည်။ ထို့ကြောင့် […]


manawphyulayDecember 21, 20101min1781
၁၉ ရက်နေ့ ညနေ ၆ နာရီခွဲတွင် ထောက်ကြံ – ဆူးလေ သွား ပါရမီယာဉ်လိုင်းမှ ၂၃၁ ကားသည် စော်ဘွားကြီးကုန်းအဝင်တွင် ကားနောက်တန်းခုံမှ မီးပွားများနှင့်အတူ မီးခိုးလုံးများ အလိပ်လိုက်ထွက်ရှိလာပြီး ကားပေါ်ပါ ခရီးသည်များ ကားအတင်းရပ်ခိုင်းပြီး မနည်းဆင်းပြေးခဲ့ရကြောင်း သတင်းရရှိပါတယ်။


manawphyulayDecember 17, 20101min44721
ဂျီတော့ခ်ချည်း သုံးနေမယ့်အစား ဘလော့ဂ်တင်ပါလား (ကျွန်မဘဝတစ်စိတ်တစ်ပိုင်း) ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ တစ်ခါတလေ ပြောသင့်တယ်လို့ ထင်ထားပေမယ့် ဆရာလုပ်တယ်လို့ မြင်ကြတာ ခုနောက်ပိုင်း လူငယ်တော်တော်များများရဲ့စိတ်လို့ ပြောရမလားပါပဲ။ နောက်တစ်ချက်က ကျွန်မအနေနဲ့ သိတာ မြင်တာကို ဖြန့်ဝေသလို အချိန်ကို အလဟဿ မသုံးမိကြစေဖို့ နီးစပ်ရာကို ဆရာလုပ်လေ့ရှိပါတယ်။ ဒါပေမယ့် တော်တော်များများက ချက်တင်ပိုင်းကို အားသန်နေတာ တွေ့ကြရပါတယ်။ ကျွန်မ မေးကြည့်တယ်။ အင်တာနက်သုံးရင် ဘာတွေသုံးလည်းလို့ မေးကြည့်တော့ ချက်တာပေါ့တဲ့။ မချက်ပဲ တခြားလေ့လာစရာရှိတာတွေ အများကြီးပဲ အင်တာနက်ရွာကြီးထဲမှာ ရှိနေတယ်ဆိုတာ သိကော သိကြရဲ့လား။ ကျွန်မက တတ်နိုင်သမျှ အချိန်၊ ငွေ မဖြုန်းတီးဖို့ အကျိုးရှိတာကို လုပ်ဖို့ ပြောပြတော့ ကျွန်မကို အန်းတိတ်တဲ့။ အပျိုကြီးတွေများ ဇီဇာကြောင်တာတဲ့၊ ဒါကြောင့် […]


manawphyulayDecember 16, 20101min27211
သင်ယူထားတဲ့အသိတရားက လူကိုဘောင်ပြန်ခတ်တယ်….. စုဆောင်းထားတဲ့ ချစ်ခြင်းတရားက ရင်ဘတ်ကို ပြန်ဖောက်ခွဲတယ်….. ကော်ပီကူးချထားသမျှ ဗိုင်းရပ်တွေဖြစ်နေတော့ ဟတ်ဒစ်ကိုပိုးထိတာ မဆန်းပါဘူး…… ကဗျာဆရာတွေပြောပြောနေတဲ့ လွတ်လပ်မှုမျိုးကိုရချင်တယ်ဆိုရင် သိတတ်တဲ့ မင်းအသိတရားတွေကို ူမြို့ပြစွန့်ပစ် ရေဆိုးမြောင်းထဲသွန်ပစ်လိုက်ပါ…… ငါ်ပြောသားပဲ “သိတတ်လေလေ လွတ်လပ်မှု ဆုံးရှုံးလေလေ”ဆိုတာကိုပေါ့။ ရှာရာဗိုဗာရေ… အဲဒီ ရှေးဟောင်းတင်းနစ်ဘောလုံးကြီးကို ခပ်ဝေးဝေးရောက်အောင် ရိုက်ထုတ်ပစ်လိုက်စမ်းပါ ငါ အေးအေးဆေးဆေး အိပ်စက်ပါရစေ…။


manawphyulayDecember 14, 20101min2055
ငါသိ ငါတတ်၊ ငါသာ မြတ်၏ သည်ဇမ္ဗူပေါ်၊ ငါလူတော်ဟု မော်ကြွားဝင့်ဝါ၊ ငါမှ ငါလေ…။ မျက်လုံးစုံမှတ်၊ မသိစိတ်က ဟစ်လို့ ကြွေးကြော်၊ ငါလူတော်တတ် ငါလူနပ်ကြီး၊ အယူသည်းလို့ ထီးထီးကြီးကျန်၊ အတ္တဆန်လည်း ဟန်ရပ်ကိုယ့်ဖို့ မဟုတ်လား…။ အနိစ္စ၊ ဒုက္ခ၊ အနတ္တ၊ သင်္ခါရတရားတွေ အပြုံးမပေးတတ်၊ အရှုံးမပေးတတ်ရင် `မင်း` နှလုံးသွေးရပ်သွားမယ် သတိထား….။