manawphyulayJanuary 8, 20111min1526
ဘဝဆိုတာ ပျော်ရာမှာ မနေရ တော်ရာမှာနေရ ဘဝနဲ့ အလှ ဘာကို ရွေးချယ်မလဲလို့မေးရင် လူတိုင်းလူတိုင်း အလှကိုဘဲ ရွေးချယ်ချင်ကြတာပေါ့။ သဘာဝတရားကြီးက လူတွေကို သူ့နေရာနဲ့သူ နေရာမှန်ကို ပို့ဆောင်ပေးမြဲ နေတတ်ဖို့ အရေးကြီးသလို လမ်းမှန်ဖို့လည်း လိုတာပါပဲ။ လမ်းမှန်မှသာ ကိုယ့်လျှောက်မယ့်လမ်းဟာ ဖြောင့်ဖြူးမှာပေါ့။ ကိုယ်လျှောက့်မဲ့လမ်းကို အဆုံးထိ လျှောက်မှ လမ်းဆုံးကို ရောက်မှာပေါ့…..


manawphyulayJanuary 8, 20111min39814
အဖြူရောင် ပန်းတွေဟာ များသောအားဖြင့် မွှေးကြတယ်။ ပန်းတွေဟာ အရောင်အသွေး စုံလေလေ ရနံ့ကင်းမဲ့လေ ဖြစ်တယ်။ လူ့ဘဝဟာလည်း ဒီလိုပါပဲ.. ရိုးရိုးရှင်းရှင်းနဲ့ ရိုးသားလေလေ သူ့ရဲ့ စိတ်ဟာ ဖြူစင်လေဖြစ်တယ်။ ပန်းတစ်ပွင့်က ပြောပါတယ်…. ညမွှေးပန်းဟာ ညမှမွှေးတာ မဟုတ်ပါဘူး။ နေ့လည်း မွှေးပါတယ်။ ဒါပေမဲ့ လူအနည်းငယ်ကသာ နေ့အခါမှာ ရှုရှိုက်မိကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ နေ့အခါမှာ လူတွေရဲ့ စိတ်ဟာ ပျံ့လွှင့်နေလို့ပါ။ တကယ်လို့ လူတွေရဲ့ စိတ်ဟာ နေ့အခါမှာလည်း တည်ငြိမ်နေမယ်ဆိုရင် ညမွှေးပန်းဟာ အရမ်းပူပြင်းတဲ့ နေ့ခင်းမှာတောင် မွှေးပါတယ်။ ပန်းတစ်ပွင့်က ပြောပါတယ်…. မနက်စောစောမှာ ကြာပန်းဝယ်ရင် ပွင့်နေတဲ့အပွင့်ကို ဝယ်ပါ။ နံနက်ခင်းဟာ ကြာပန်းပွင့်တဲ့ အကောင်းဆုံး အချိန်ဖြစ်တယ်။ တကယ်လို့ နံနက်ခင်းမှာ မပွင့်တဲ့ ကြာပန်းက […]


manawphyulayJanuary 8, 20111min36515
မိန်းမတစ်ယောက်ရဲ့ အသိဉာဏ်ဟာ တီထွင်ဖန်တီးဖို့ မဟုတ်ဘူး။ ချိုသာစွာ အမိန့်ပေးတတ်ဖို့ ဖြစ်တယ်။ စနစ်တကျဖြစ်အောင် စီမံတတ်ဖို့နှင့် အရည်အသွေးကို နားလည်တတ်ရမယ်။ ပြီးတော့ အသုံးကျမှုကိုသိဖို့နဲ့ ဘေးအန္တရာယ်နဲ့ ဖျားယောင်းမှုက လွတ်ကင်းနေရမယ်။ မိန်းမကောင်း မိန်းမမြတ်ဟာ အမှားကင်းပြီး သွေဖည်ခြင်းကင်းရမယ်။ အင်းနောက်တော့ ဉာဏ်အမြော်အမြင်နဲ့ ပြည့်စုံနေရမယ်။ ဘဝင်မြင့်ပြီး အကြင်နာကင်းတဲ့မာနက ကင်းရမယ်။ မိမိကိုယ်ကို ယုံကြည်မှုရှိရမယ်။အေးချမ်းတည်ငြိမ်တဲ့ စိတ်နှင့်ပြည့်စုံပြီး မေတ္တာစိတ် ဆင်ခြင်စိတ်ရှိအောင် အတွေးအခေါ်နဲ့ ပညာ ပြီးတော့ လောကဓံတရားကို ကောင်းကောင်းသဘောပေါက်သူ၊ သမိုင်းကို ထက်မြက်တဲ့စိတ်ကူးဉာဏ်နဲ့ ဖတ်နိုင်စွမ်း၊ နားလည်နိုင်စွမ်း နှင့် ဘေးဒုက္ခတွေကို နှလုံးသွင်းတတ်တဲ့ ရင့်ကျက်စိတ်ရှိရမယ်။ မိန်းမတွေမှာ ပင်ကိုရှိနေတဲ့ နဂိုဗီဇစိတ်၊ ပါရမီစိတ်၊ သတိ၊ မေတ္တာ၊ သစ္စာတရားတွေဟာ ဘဝရဲ့ မဏ္ဍိုင်တွေ ဖြစ်တယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် […]


manawphyulayJanuary 8, 20111min2047
လူ့ဘဝသက်တမ်းဆိုတာ သံသရာသက်တမ်းနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် အရမ်းကို တိုတောင်းတဲ့ဘဝပါ။ ဒီလိုတိုတောင်းတဲ့ လူ့ဘဝမှာ ကျွန်မတို့တစ်တွေဟာ ရေစက်ရှိလို့ ကံဆုံကြတာလို့ သတ်မှတ်လို့ရပါတယ်။ ဒီလိုဘဝရတဲ့အချိန်ခဏလေးမှာ လူတိုင်း စိတ်နှလုံးချမ်းမြေ့ကပျော်ရွှင်စွာ နေထိုင်သွားကြမယ်ဆိုရင် အလွန်တန်ဖိုးရှိတဲ့လူ့ဘဝမှာ အဓိပ္ပာယ်တွေနဲ့ ပြည့်စုံနေမယ်လို့ ကျွန်မ ယူဆမိပါတယ်။ လူတိုင်းပေါ့လေ ကျွန်မ စဉ်းစားကြည့်မိတာပါ။ ပျော်ပျော်ရွှင်ရွှင်နဲ့ ဘဝကို ဖြတ်သန်းကြမယ်ဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲနော်။ ပညာရှင်တစ်ဦးပြောတဲ့ စကားကိုလည်း ကျွန်မ လေးလေးနက်နက်ျခံစားကြိုက်နှစ်သက်မိပါတယ်။ ဘဝဟာ သိပ်တိုတောင်းလွန်းလို့ သေးသိမ်ဖို့ အချိန်မရှိပါဘူးတဲ့။ ဘယ်လောက်ကောင်းတဲ့ စကားလေးလဲ။ နောက်ပြီး ကျွန်မရဲ့ ဆရာက ပြောဖူးတယ်။ လူတိုင်းအပေါ် မေတ္တာထားပါတဲ့။ မိုးလင်းလို့ အိပ်ရာက နိုးတာနဲ့ စိတ်ကို ကြည်လင်အောင် ထားရမယ်တဲ့။ အမှန်တော့ လူတွေဟာ လောကရဲ့ ဧည့်သည်တွေဖြစ်ပါတယ်။ လောကရဲ့ဧည့်သည်အဖြစ် အချင်းချင်း […]


manawphyulayJanuary 8, 20111min2013
တစ်နှစ်မှာ တစ်ခါ တစ်ပတ် ရ ရက် ဆွမ်းဆန်စိမ်းလှည့် မေတ္တာဝါဒီပရဟိတကျောင်း လှိုင်မြို့နယ်မှ သံဃာတော်များကို ၂ ရက်နေ့ ရ ရက်နောက်ဆုံးအလှည့် ဆွမ်းခံမှာ သံဃာတော် မိဘမဲ့ကလေးများ အပါး ၉ဝ ကျော်အတွက် ကြက်သားဆန်ပြုတ် အလှူလေးတစ်ခုကို ကုသိုလ်ယူမိပါတယ်ရှင်။ နှစ်ကူးတဲ့ အချိန်သမယမှာ ငါ ဘာတွေလုပ်မလဲ ကောင်းမှုနဲ့စတဲ့ ကုသိုလ်ကို ပြုမှ ဒီဘဝကော နောင်သံသရာမှာ ဝဋ်ဒုက္ခက လွတ်ဖို့ မေတ္တာ ရှေ့ထားမိပါတော့တယ်။


manawphyulayJanuary 8, 20111min1170
ဒီကဗျာလေးကတော့ မေမေတစ်ယောက်ထဲမဟုတ်ပဲ သားသမီးတိုင်းအတွက် မိဘဆိုတာ အမေနဲ့ အဖေ ပံ့ပိုးမှုကြောင့် လူလားမြောက်ခဲ့ရတဲ့ သားသမီးတိုင်းအတွက် မနော ရေးစပ်ခဲ့တာပါ။ မွေးမိခင်က အဦးစ၍ ကြီးစွာ မှောင်သော ငါ့ခရီးတွက် မီးအိမ်တစ်လုံး ပေးလိုက်တယ် မိခင်ဆွဲပေး မီးအိမ်လေးကို ဝေးစွာကြာရှည် ထွန်းလင်းစေဖို့ ဆီဖြည့်ပြောင်းတပ် မီးစာမှန်မှန် ထပ်ထပ်ပြင်ကာ လမ်းမှန်မြင်ဖို့ ဖခင်က ပြင်ဆင်ပေးလိုက်တယ် သည်မီးအိမ်မှ အလင်းရအောင် လမ်းမှကြိုကာ မြတ်ဆရာက စောင့်ကြည့် သွန်သင်ပေးလိုက်တယ် သည်အလင်းများ ကွယ်မသွားအောင် ငါ့အား ငါ့အင် လုံ့လယှဉ်၍ အစဉ်စောင့်ကြည့် ဉာဏ်သတိနှင့် ငါ့ရဲ့ဘေးမှာ မြဲမကွာဖို့ ငါလေ မြဲမြံစေခဲ့တယ် ဪ ရှေ့ခရီးမှာ ဒုက္ခသုက္ခ ကြုံဆုံရလည်း ငါလေမမှု နှိုင်းတုမရ မွေးမိဘနှင့် မြတ်ဆရာ့ကျေးဇူး အထူးထူးကြောင့် ဦးတည်လျှောက်လှမ်း […]


manawphyulayJanuary 8, 20111min1973
ဂျိမ်းလှကျော်သည် “ဂျိမ်း“ဟူသော ခရစ်ယာန်တို့၏ မျိုးရိုးစဉ်လာအမည်ကို ခံယူထားစေကာမူ ဗုဒ္ဓဘာသာ မိဘများဖြစ်သော ဦးစွပ်၊ ဒေါ်ဆိုင်းတို့၏ သားဖြစ်သည်။ အမည်ရင်း မောင်လှကျော်ဖြစ်၏။ ဇာတိမှာ ရွှေကျင်မြို့ဖြစ်လေသည်။ ငယ်စဉ်တွင် အမိအဖများ ဆုံးသဖြင့် အဒေါ်ဖြစ်သူ ဒေါ်မျှင်က မွေးစားခဲ့သည်။ မွေးစားမိဘများဖြစ်သော ဦးညိုနှင့် ဒေါ်မျှင်တို့သည်လည်း မူလက ဗုဒ္ဓဘာသာများဖြစ်၏။ နောက် ခရစ်ယာန်ဘာသာသို့ ကူးပြောင်းခဲ့ရာ ဦးလှကျော်သည် “ဂျိမ်းလှကျော်”ဖြစ်ခဲ့၏။ (နောင်တွင်ကား ဗုဒ္ဓဘာသာသို့ ပြန်လည်ကူးပြောင်းသည်။) ရွှေကျင်အင်္ဂလိပ်မြန်မာ အစိုးရကျောင်း၊ ရန်ကုန်မြို့ ဆရာမှတ်ကျောင်း၊ ရန်ကုန်ဟိုက်စကူးကျောင်းတို့တွင် ပညာသင်သည်။ ယခုခေတ် ဥပစာကောလိပ် ပညာအဆင့်ကို သင်ယူအောင်မြင်သည်။ အင်္ဂလိပ်စစ်တပ်တွင် စကားပြန်လုပ်သည်။ နောက် စာတော်ပြန်ဌာန၌ အမှုထမ်းသည်။ မြို့အုပ်စာမေးပွဲ၊ ရှေ့နေစာမေးပွဲများလည်း ဖြေဆိုအောင်မြင်သည်။ မြို့အုပ်၊ ငွေတိုက်ဝန်ထောက်၊ နယ်ပိုင်ဝန်ထောက် အလုပ်များလည်း […]


manawphyulayJanuary 7, 20111min30212
ခုတစ်လော ဘာမှ မလုပ်ချင် မကိုင်ချင်၊ အလုပ်မှာလည်း မပျော်…. စိတ်ညစ်တယ်ဆိုတာ ဘာကို ဘယ်လို ခေါ်လည်းဆိုတာတောင် ပြန်စဉ်းစားရပြီ။ စိတ်ညစ်တယ်ဆိုတာတောင် မညည်းတွားချင်တော့ဘူး။ ကိုယ့်ကြောင့်လည်း သူများတွေ စိတ်မညစ်စေချင်ဘူး။ ပျော်နေတယ်လို့ ထင်နေတာလား။ စိတ်ညစ်တယ်ဆိုတဲ့စကား မပြောချင်ပါဘူး။ အပြုံးရဲ့ နောက်ကွယ်မှာ စိတ်မချမ်းသာမှုတွေ အများကြီး ရောက်ရှိနေတယ်ဆိုတာ မြင်မှမမြင်ကြတာကိုး……. ပြောကြတယ်။ ခုတစ်လော ပြုံးပြုံးနေပါလားတဲ့။ ဟုတ်ပါတယ်။ ကျွန်မက သူများတွေမတူတာတစ်ချက်က အရမ်းစိတ်ညစ်ရင်ပဲ ဖြစ်ဖြစ် နည်းနည်းစိတ်ညစ်ရင်ပဲ ပြုံးနေတတ်တာ ကျွန်မအကျင့်ပါ။ ဒါကြောင့် ကျွန်မ အကြောင်းသိတဲ့သူတွေက သူ ပြုံးနေပြီ သတိထားတဲ့။ တချို့ကလည်း ပြုံးတော့ ပြုံးတဲ့ ပြုံးဖြဲဖြဲ မလုပ်နဲ့တဲ့။ ကျွန်မ ဘဝကို အရှုံးပေးတဲ့သူ မဖြစ်ချင်ဘူး။ လောကဓံကို အပြုံးနဲ့ ကြံ့ကြံ့ခံမယ်လို့ […]


manawphyulayJanuary 7, 20111min1250
ဆိုက်ကို ပိုစ့်တင်တဲ့အခါ အယ်တာပြတာနဲ့ ပိုစ့်တင်ဖို့ မတက်တာနဲ့ဖြစ်နေပါတယ်ရှင်။ ကွန်နက်ရှင်ကြောင့်လား ဆိုက်အယ်တာကြောင့်လား ဆိုတာ ဘယ်လိုလုပ်ရမလဲဆိုတာ သိချင်ပါတယ်ရှင့်။


manawphyulayJanuary 7, 20111min2506
ဆိုက်ကို ပိုစ့်တင်တဲ့အခါ အယ်တာပြတာနဲ့ ပိုစ့်တင်ဖို့ မတက်တာနဲ့ဖြစ်နေပါတယ်ရှင်။ ကွန်နက်ရှင်ကြောင့်လား ဆိုက်အယ်တာကြောင့်လား ဆိုတာ ဘယ်လိုလုပ်ရမလဲဆိုတာ သိချင်ပါတယ်ရှင့်။


manawphyulayDecember 29, 20101min35915
Manaw Phyu Manaw Phyu 6:05am Dec 11 ပူလျှင်အရိပ် ပန်းဖြေသိပ်ပါ နေနားပါလှည့်…. မေ့မေတ္တာ ဒီအရိပ် ရိပ်ထီးကာခဲ့… မိုးရွာလျှင်လည်း ဝင်ပါ နားပါ မိုးခိုပါလှည့်… မေ့မေတ္တာ ဗိမာန်တော်ကြီး အေးမြနေခဲ့… ဆောင်းရောက်လျှင်လည်း ထွေးပါ နွေးပါ ခြုံလွှမ်းပါလှည့်… မေ့မေတ္တာလွှာရုံနွေး နွေးထွေးနေမြဲ… လေတိုးလျှင် မပူပင်နဲ့ မေ့မေတ္တာနံရံချပ် မတ်တတ်ကာ ကာကွယ်ခဲ့… ရေဆာငတ်မူ ရင်ပူပြေရေး အမေပေး ရေကြည်တပေါက် စမ်းချောင်းတမြ စီးဆင်းနေမြဲ… မေ့ရဲ့မေတ္တာ စေတနာက နေပူ မိုးရွာ ဆောင်းတွင်းပါ အရိပ်ဖြစ်စမြဲ… နှိုင်းတုမရ မေ့မေတ္တာ လိုရာကိုသုံး စဉ်မြဲပြုံးလို့ သမီးထင်တယ် ဒီကမ္ဘာမှာ မေမေသာ အလှဆုံး….


manawphyulayDecember 29, 20101min164
တစ်ထောင်ကျပ်တန်နှင့် ငါး ထောင်ကျပ်တန် ငွေစက္ကူအတုများ ကိုလက်ခံရရှိခဲ့ပါက သက်ဆိုင်ရာသို့ အချိန်မီသတင်းပေးပို့ကြပါဟု ဗဟို ဘဏ်မှ တာဝန်ရှိသူ တစ်ဦး က ပြော သည်။ငွေကျပ် ၁ဝဝဝ ကျပ် တန်နှင့် ၅ဝဝဝ ကျပ်တန် ငွေစက္ကူအတု များအား ပြည်သူများအနေဖြင့် ရောင်းဝယ်ဖောက်ကားရာမှ တွေ့ရှိ ၍သော်လည်း ကောင်း၊ ဘဏ်ထုတ် ငွေများတွင်ပါဝင်၍သော်လည်းကောင်း လက်ခံရရှိခဲ့ပါကထို ငွေ စက္ကူအတုများ ပြန့်ပွားခြင်းမရှိ စေရန်နှင့် ငွေစက္ကူအတုပြုလုပ်၍ သုံးစွဲ သူ များအား ဖမ်းဆီး ထိန်း သိမ်း နိုင်ရန်အတွက် သက်ဆိုင်ရာသို့ အချိန်မီ သတင်းပေးပို့ရန် လိုအပ် ကြောင်း မြန်မာနိုင်င ံတော် ဗဟို ဘဏ်မှ တာဝန်ရှိသူတစ်ဦးကပြော သည်။ငွေစက္ကူအတု ပြုလုပ်သည့် ကိစ္စမှာ ရှေးယခင် […]


manawphyulayDecember 27, 20101min1180
သတင်းအချက်အလက် နှင့် ဆက်သွယ်ရေးနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး အတွက် မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင် အသင်းမှ ကြီးမှူး၍ ICT နည်းပညာ ပြန့်ပွားရန်၊ ခေတ်မီ နည်းပညာရပ်များ လေ့လာမှု အခွင့်အလမ်းများ ဖော်ဆောင်ရန် ရည်ရွယ်၍ Yahoo! Mail System ၏ တည်ဆောက်ပုံ သဘောတရားများ နှင့် အခြေခံ နည်းပညာ သဘောတရားများ၊ Infrastructure, Deployment နှင့် Monitoring အကြောင်းများကို ဗဟုသုတ ရရှိ သိကြားစေရန် ဒီဇင်ဘာလ (၃၀)ရက် (ကြာသပတေးနေ့) နေ့လည် (၂းဝ၀)နာရီ မှ (၄းဝ၀)နာရီအထိ ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ မြန်မာအင်ဖိုတက်ခ်၊ ပင်မဆောင်ရှိ အခန်း(၂၀၅)တွင် YAHOO! Internet Industry (San Francisco Bay […]